အလင်းခေတ် မဂ္ဂဇင်း – အတွဲ (၁) အမှတ် (၂)
ပိန်းပိတ်မဲမှောင်နေသော အကာလညဉ့်ယံဆိုးကြီး၏ဟိုမှာဘက်တွင် လင်းချင်းတောက်ပသော ရွှေအိုရောင် မနက်ခင်းတခု ငဲ့လင့်နေသည်မှန်သော်ငြား ကျွန်ုပ်တို့ကား အမှောင်ထုဝင်္ကပါထဲတွင်သာ တဝဲဝဲလည်လည်နှင့် လမ်းလျှောက်ရင်းလမ်းပျောက်နေရသည်။ သို့ဖြစ်ရာ လမ်းပြမြေပုံအမှားကြီးကိုင်ကာ တယောက်နှင့်တယောက် ခြေထိုးညစ်ပတ် ရုန်းရင်းဆန်ခတ်နှင့်တော့ ထိုဝင်္ကပါထဲမှရုန်းထွက်ဖို့ စွမ်းနိုင်မည်မဟုတ်ချေ။ တိကျသေချာသောမဟာဗျူဟာ၊ မြဲမြံခိုင်မာသောပေါင်းစည်းမှု၊ လွတ်လပ်မျှတသောအတွေးအခေါ်များဖြင့်သာ မိမိတို့အလိုရှိရာပန်းတိုင်အရောက် ခရီးထိုထိုကြီးပေါက်နိုင်မည်ဖြစ်သည်။ အလင်းခေတ်သည် ကျွန်ုပ်တို့ခရီးအတွက် အလုံးစုံပြီးပြည့်စုံသော လမ်းပြမြေပုံမဟုတ်သည့်တိုင် ခရီးလမ်းတလျှောက် ဆူးငြောင့်ခလုတ်များကို ကူညီရှင်းလင်းပေးနိုင်မည့် အဖော်မွန်ကရိယာတလတ်ဖြစ်သည်။ အလင်းခေတ်တွင် လွပ်လပ်မျှတသော အနာဂတ်သစ်ကို ပုံဖော်ထားသလို မှားယွင်းညစ်ထေးသော အတိတ်ဖြစ်ရပ်ဆိုးများကို သင်ခန်းစာယူစရာ ချဉ်းကပ်ပြထားသည်။ လူငယ်ထုအပါအဝင် ပြည်သူအများ၏ စိတ်ဒဏ်ရာဝေဒနာများကို ခံစားထုတ်ဖော်ထားသလို ပြန်လည်ကုစားရေးနှင့် သင့်မြတ်ငြိမ်းချမ်းရေးကို အဆိုပြုထားသည်။ သမိုင်း၏ဆိုးမွေများကို ချေဖျက်ထားသလို ဉာဏ်ပညာနှင့် ချစ်ခြင်းတရား ဦးဆောင်သော လူ့အဖွဲ့အစည်းသစ်ကို ညွှန်ပြထားသည်။
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed