• Resources

    Freedom Fighter Handbook

    ဒီလက်စွဲစာအုပ်မှာ Freedom Fighter ရဲ့ အတွေးအခေါ်အယူအဆတွေနဲ့ အနာဂတ်တော်လှန်ရေးကို လျှောက်လှမ်းဖို့အတွက် မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေကို ရှင်းရှင်းလင်းလင်းတိတိကျကျ ရေးသားတင်ပြထားပါတယ်။ 

  • Freedom Fighter အဖွဲ့၏ ပြီးခဲ့သောလှုပ်ရှားမှုများကို ကဏ္ဍအလိုက် ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

  • အလင်းခေတ်မဂ္ဂဇင်းအား တော်လှန်ရေးမဂ္ဂဇင်း ဖြစ်သည်နှင့်အညီ အာဏာရှင်အားဆန့်ကျင်တော်လှန်ရေးအပြင် မြန်မာ့လူ့အဖွဲ့အစည်းတွင် ကျပ်ခိုးစွဲသလို စွဲကပ်နေသော အယူအဆဆိုးများနှင့် စနစ်ဆိုးများကိုလည်း တော်လှန်ချေဖျက်ပစ်ရန်အတွက်ရည်ရွယ်ကာ ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ 

  • Freedom Fighter အဖွဲ့၏လမ်းစဉ်နှင့် ဗျူဟာတို့ကို နှစ်သက်ပါက ကိုယ်တိုင်ပါဝင်လုပ်ဆောင်ခြင်း၊ အခြားသူများအား မျှဝေခြင်း၊ လှုပ်ရှားမှုများတွင်ပါဝင်ထောက်ပံ့ခြင်း စသဖြင့် သင့်တော်ရာပုံစံအမျိုးမျိုးဖြင့် ပါဝင်နိုင်သည်။

    မိတ်ဆက်

    Freedom Fighter အနေဖြင့် မြန်မာ့လူ့အဖွဲ့အစည်း၏ အရင်းခံပြဿနာမှာ စစ်ဝါဒ (ဝါ)​ အကြမ်းဖက်ခြင်းကို စွဲလမ်းမှုဟု ရှုမြင်သည်။ တဖန် အကြမ်းဖက်ခြင်းဖြင့် စုပေါင်းအမှတ်သရုပ်ကို အတင်းအကြပ်ဖန်တီးရန် ကြိုးပမ်းမှုသည်လည်း အောင်မြင်မှုမရသကဲ့သို့ လူမျိုးစုများအကြား ကွဲဟမှုနှင့် မုန်းတီးမှုများကိုသာ ဖြစ်စေကာ လူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသည့် လူမျိုးစွဲဝါဒများကို ပို၍အားကောင်းစေခဲ့သည်။ ယင်းကဲ့သို့သော စစ်ဝါဒနှင့် လူမျိုးရေးပဋိပက္ခများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အရှည်ဆုံး ပြည်တွင်းစစ်ဝဲကယက်အတွင်း နစ်မွန်းနေခဲ့သည်။

    ဤအရင်းခံအကြောင်းတရားများကို ကုစားပြောင်းလဲဖို့ Freedom Fighter အနေဖြင့် အလင်းခေတ်တော်လှန်ရေးကို အပိုင်းနှစ်ပိုင်းဖြင့် ဖော်ဆောင်သွားရန် ချမှတ်ထားသည်။ တပိုင်းမှာ စစ်ဝါဒကို အလယ်အလတ် အကြမ်းမဖက်လမ်းစဉ်ဖြင့် အခြေမှအထက်သို့ ပြောင်းလဲကုစားသွားရန် ဖြစ်သည်။ တဆက်တည်းတွင် ကျဉ်းမြောင်းသည့် အမှတ်သရုပ်များအကြား ပဋိပက္ခအကွဲအဟများကို ကုစားဖြေရှင်းပေးနိုင်ဖို့ တိုးတက်သောအမျိုးသားရေးဝါဒဖြင့် အားလုံးပါဝင်နိုင်သည့် အမှတ်သရုပ်အသစ်ကို အကြမ်းမဖက်ဘဲ ဖန်တီးသွားရန် ဖြစ်သည်။ ဤကဲ့သို့ လူမှုယဉ်ကျေးမှုတော်လှန်ရေးနှင့် နိုင်ငံရေးအယူအဆတော်လှန်ရေးနှစ်ခုကို ဟန်ချက်ညီညီ ယှဉ်တွဲအသုံးချကာ မြန်မာပြည်သူတရပ်လုံး လိုလားတောင့်တနေသော ငြိမ်းချမ်းရေးနှင့် လူ့ဂုဏ်သိက္ခာကို ရရှိသည်အထိ ရေရှည်အစီအစဉ်ဖြင့် တစိုက်မတ်မတ်လုပ်ဆောင်သွားရန် သန္နိဋ္ဌာန်ချထားပါသည်။

    လမ်းစဉ်

    Freedom Fighter အဖွဲ့၏ အကြမ်းမဖက်လမ်းစဉ်သည် လူပုဂ္ဂိုလ်၊ အစုအဖွဲ့များကို ရည်ရွယ်ထိခိုက်စေခြင်းမဟုတ်ဘဲ စနစ်နှင့် အတွေးအမြင်များကို ပြောင်းလဲစေသည့်နည်းလမ်းဖြစ်သည်။ အကြမ်းမဖက်လမ်းစဉ်ကို ရွေးချယ်ရခြင်းမှာ ပြည်သူများစွာပါဝင်နိုင်ခြင်း၊ အသေအကြေ အထိအခိုက်နည်းခြင်း၊ လူ့အဖွဲ့အစည်းအတွင်း စိတ်ဒဏ်ရာများကို ကုစားပေးနိုင်ခြင်း၊ ရေရှည်တည်တံ့သော အပြောင်းအလဲဖြစ်စေခြင်း စသောအားသာချက်များအပြင် မြန်မာနိုင်ငံအခြေအနေအတွက်လည်း လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်သည့် တော်လှန်ရေးလမ်းစဉ် ဖြစ်သောကြောင့်ဖြစ်သည်။

    ကျွန်ုပ်တို့၏ အကြမ်းမဖက်တော်လှန်ရေးလမ်းစဉ်သည် အောက်ပါအခြေခံမူသုံးရပ်ကို အခြေုပြုသည်။

    1. အခြေမှ အထက်သို့ ပြောင်းလဲခြင်း (Bottom Up Change)
    2. အလယ်အလတ်လမ်းစဉ် (Middle Way)
    3. သတ္တိဖြင့်ရှင်သန်ခြင်း (Courage as a way of life)

    မဟာဗျူဟာ

    Freedom Fighter သည် အကြမ်းမဖက်လမ်းစဉ်ဖြင့် အပြောင်းအလဲကိုဖော်ဆောင်နိုင်ရန် အောက်ပါမဟာဗျူဟာသုံးရပ်ကို ချမှတ်ထားသည်။

    (၁) ကွန်မြူနတီ လုပ်ဆောင်မှု (Community Action) များသည် အပြောင်းအလဲ၏ ဗဟိုချက်

    အပြောင်းအလဲ၏ ဗဟိုချက်သည် ပြည်သူများတွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ကိုယ်ထူကိုယ်ထ ဖြေရှင်းကြမည့် အရပ်ဘက်စုဖွဲ့လှုပ်ရှားမှုများတွင်သာ ဖြစ်ပေလိမ့်မည်။ အရပ်ဘက်စုဖွဲ့မှုများကို ကြံ့ခိုင်သန်စွမ်းအောင် အခြေတည်ပြီးမှ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တိုးတက်မှုကို တည်ဆောက်သည့် အခြေမှအထက်သို့ ပြောင်းလဲတည်ဆောက်သည့် နည်းလမ်းဖြစ်သည်။

    (၂) ဒိုင်ယာလောခ့်ဖြင့် ပြန်လည်သင့်မြတ်စေခြင်း

    ဒိုင်ယာလောခ့် ယဉ်ကျေးမှုဟုသည်မှာ စကားပြောဆိုရုံသက်သက်မဟုတ် အပြန်အလှန်အကြား နားထောင်မှု ၊ အသိအမှတ်ပြုမှု ၊ ​သင်ယူမှု၊ စာနာနားလည်နိုင်ရန် ကြိုးစားအားထုတ်မှုများကို ဆိုလိုသည်။ အပြန်အလှန် ဆွေးနွေးထောက်ပြနိုင်သည့် ဒိုင်ယာလောခ့်ယဉ်ကျေးမှုအားကောင်းမှသာ  ပိုမိုနက်နဲသည့် အမှန်တရားနှင့် လူ့အဖွဲ့အစည်းအတွင်း သင်ယူမှုကို ဖြစ်စေနိုင်မည်။

    (၃) ခုခံစစ်မှသည် နိုင်ငံရေးအဖြေဆီသို့

    Freedom Fighter သည် လက်နက်ကိုင်လမ်းစဉ်မှသည် ဒီမိုကရေစီ၊ ဖက်ဒရယ်​၊​ ငြိမ်းချမ်းရေးနှင့် တိုးတက်မှုရယူနိုင်မည်ဟု မယုံကြည်ပါ။ သို့သော် လက်နက်ကိုင်အစုအဖွဲ့များကို ပစ်ပယ်ဖယ်ထုတ်ခြင်းမဟုတ်ဘဲငြိမ်းချမ်းရေးနှင့် တိုးတက်မှုတည်ဆောက်နိုင်ရန် လက်တွဲလုပ်ကိုင်သွားရန် မူဝါဒထားရှိသည်။ ယင်းသို့လုပ်ဆောင်ရန် ခုခံစစ် မဟာဗျူဟာကို ချမှတ်ထားသည်။ ခုခံစစ် မဟာဗျူဟာဆိုသည်မှာ လက်ရှိအစုအဖွဲ့များအကြား တဖက်နှင့်တဖက် အနိုင်ယူ အပြုတ်တိုက်သည့် စစ်ဝါဒကို လျော့ချကာ နိုင်ငံရေးနည်းလမ်းသို့ကူးပြောင်းစေရန် လိုအပ်သည့် စနစ်တည်ဆောက်မှုနှင့် အယူအဆကူးပြောင်းမှုများကို ဖော်ဆောင်ခြင်းဖြစ်သည်။ 

    လက်စွဲစာအုပ်

    Freedom Fighter အယူအဆ၊ လမ်းစဉ်နှင့် ဗျူဟာများအကြောင်းကို လက်စွဲစာအုပ်တွင် အသေးစိတ်ဖတ်ရှုပါ

    Handbook

    Read Freedom Fighter's philosophy, strategy and methods in our handbook.

    What We Do

    • အကြမ်းမဖက်တော်လှန်ရေးဆိုင်ရာ အရင်းအမြစ်များ၊ ဆောင်းပါး၊ စာအုပ်၊ ဗွီဒီယိုများ ဖန်တီးခြင်း
    • ရက်တို၊ ရက်ရှည် သင်တန်းနှင့် workshop များ ဖွင့်လှစ်သင်ကြားခြင်း
    • လွတ်လပ်သော လူထုဆွေးနွေးပွဲများဖန်တီးခြင်း (လေးမျက်နှာစကားဝိုင်း)
    • အလင်းခေတ်မဂ္ဂဇင်း စီစဉ်ထုတ်လုပ်ဖြန့်ဖြူးခြင်း

    Get Involved

    Freedom Fighter အဖွဲ့၏လမ်းစဉ်နှင့် ဗျူဟာတို့ကို နှစ်သက်ပါက ကိုယ်တိုင်ပါဝင်လုပ်ဆောင်ခြင်း၊ အခြားသူများအား မျှဝေခြင်း၊ လှုပ်ရှားမှုများတွင်ပါဝင်ထောက်ပံ့ခြင်း စသဖြင့် သင့်တော်ရာပုံစံအမျိုးမျိုးဖြင့် ပါဝင်နိုင်သည်။

    Stay in Touch

    Follow us on Facebook

    Freedom Fighter Facebook page တွင် နောက်ဆုံး update များကို ကြည့်ရှုနိုင်သည်

    Subscribe to our YouTube Channel

    ကျွန်ုပ်တို့၏ အကြမ်းမဖက်လမ်းစဉ်အကြောင်း ဗွီဒီယိုများကို ကြည့်ရှုနိုင်သည်

    Follow us on Telegram

    သင်တန်း၊ workshop နှင့် update များကို Telegram channel တွင်လည်း ရယူနိုင်သည်

    Email Updates Subscription

    Freedom Fighter ရဲ့ update တွေကို သိရှိနိုင်ဖို့ email subscribe လုပ်ထားပါ