အလင်းခေတ်မဂ္ဂဇင်း – အတွဲ (၂) အမှတ် (၁)
တော်လှန်ရေးကား ရှည်ကြာလာလေပြီ။ သိုသော် အောင်မြင်မှုဟူ၍ လေလှိုင်းပေါ်က လော်ဘီဆယ်လီများ၏ နှုတ်ဖျားတွင်သာ တွေ့ရပြီး လက်တွေ့မြေပြင်မှာမူ ပြိုလဲပျက်ဆီးမှုများနှင့်သာ တင်းကျမ်းပြည့်နှက်နေလေသည်။ စစ်တပ်က စစ်တပ်ပီသနေဆဲဖြစ်သည့်တိုင် တော်လှန်ရေးအစုအဖွဲ့များမှာမူ တော်လှန်ရေး၏ အနှစ်သာရထက် ကိုယ်ကျိုးစီးပွားဘက်ကို ဦးညွတ်လာကြသည်။ တချို့ဆို စစ်တပ်နှင့်ထူးမခြားနား လက်နက်ကိုင်အနိုင်ကျင့်ခြင်းကို ခံတွင်းတွေ့လာကြသည်။ ကြားထဲက တိုင်းပြည်နှင့် ပြည်သူလူထုသာ ဒုက္ခသုက္ခပေါင်းများစွားကို မလူးသာမလွန့်သာ မချိမဆန့်ခံစားနေရရှာလေသည်။ အလင်းခေတ်သည် ထိုမျက်မှောက်အခြေအနေများပေါ်တွင် အထိုင်ပြုကာ အနာဂတ်ကို ပုံဖော်ထုဆစ်ထားသည် ဖြစ်ရာ မဂ္ဂဇင်းထဲတွင် ပကတိအမှန်တရားများကိုမျက်ကွယ်ပြု၍ မျှော်လင့်ချက်အမှားများနှင့် လုံးထွေးရစ်ပတ်နေသော စိတ်ကူးယဉ်ဆန်ဆန် အရေးအသားများ ပါဝင်ခြင်းအလျဉ်းမရှိပေ။ အလင်းခေတ်တွင် ပြည်သူလူထုနေ့စဉ်ထိတွေ့နေရသော မြေပြင်အခြေအနေမှန်များကို ပကတိအရှိတရားအတိုင်းဖော်ပြထားပြီး ထိုအခြေအနေများကိုဗဟိုပြု၍ တိုင်းပြည်ဒုက္ခနွံအတွင်းမှလွတ်မြောက်ရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်သော နည်းလမ်းများနှင့် ဖြစ်နိုင်ခြေရှိသောနည်းလမ်းများကို ချင့်ချိန်တွက်ဆထားသည်။ ထိုနည်းလမ်းများသည် မျက်မှောက်တွင် လူကြိုက်နည်းသော (တနည်းအားဖြင့်) … Continue reading အလင်းခေတ်မဂ္ဂဇင်း – အတွဲ (၂) အမှတ် (၁)
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed