“ ပေါ့ပျက်ပျက်” နိုင်ငံရေးယဉ်ကျေးမှုကို တော်လှန်ကြ
ကတိတည်မှု၊ တာဝန်ယူမှုတွေ ပပျောက်နေတဲ့ နိုင်ငံရေးယဉ်ကျေးမှုကို ကန့်ကွက်ကြ
Freedom Fighter Myanmar အဖွဲ့သည် အကြမ်းမဖက်လမ်းစဉ်နှင့် အာဏာရှင်စနစ်ကိုတော်လှန်နေခြင်းဖြစ်သည့်အားလျှော်စွာ အာဏာရှင်စနစ်ဆိုးကိုဆန့်ကျင်လိုသူတိုင်း တော်လှန်သူများဖြစ်လာစေရန်အတွက် အကြမ်းမဖက်အယူအဆများ၊ နည်းနာနိဿယများစွာကို လူထုအကြားဖြန့်ဝေပေးလျှက်ရှိပါသည်။ ယခုလည်းအကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာအယူအဆများ အားကောင်းလာစေရန်အလို့ငှာ ယင်းနှင့်ပတ်သတ်၍ ဝိဝါဒကွဲပြားနေမှုများ၊ ချိတုံချတုံဖြစ်နေမှုများ၊ အဖြေရှာလိုသည်များကို ကောင်းစွာသိရှိနားလည်စေရန်အတွက် သိလိုရာမေးကဏ္ဍကို စတင်ခဲ့ပါသည်။
ကတိတည်မှု၊ တာဝန်ယူမှုတွေ ပပျောက်နေတဲ့ နိုင်ငံရေးယဉ်ကျေးမှုကို ကန့်ကွက်ကြ
Non-CDM တွေမှာ မတူညီတဲ့အကြောင်းတရားတွေရှိတာကြောင့် သူတို့ကို အမျိုးအစားခွဲကြည့်ရပါမယ်။ အကြောင်းအမျိုးမျိုးကြောင့် CDM မလုပ်နိုင်သေးတဲ့ ဝန်ထမ်းတွေ တော်လှန်ရေးမှာ အတွင်းထဲကနေ ဘယ်လိုပါဝင်နိုင်မလဲဆိုတာ စဉ်းစားကြည့်ကြရအောင်။