ကျွန်ုပ်တို့ဆောင်းပါးများကိုဖတ်ရှုပြီး လွတ်လပ်စွာ ဝေဖန်၊ ဆွေးနွေး၊ အကြံပေးရန် ဖိတ်ခေါ်ပါသည်

အားလုံး၏ နာကျင်မှုများကို မျှဝေခံစားနိုင်မှ ငြိမ်းချမ်းမှုရရှိမည်
နာကျင်မှုများကို မျှဝေခံစားခြင်းဟူသည် ကိုယ်ကျင့်တရားစံနှုန်းတခုအဖြစ်သာမဟုတ်ဘဲ မတူညီသည့်အုပ်စုများအကြား ပဋိပက္ခများကို ဖြေရှင်းရန်နှင့် အားလုံးပါဝင်နိုင်သည့် အနာဂတ်လမ်းကြောင်းတရပ် ရှာဖွေရန်အတွက် ပကတိလိုအပ်ချက်လည်းဖြစ်သည်။ သို့ဖြစ်ရာ ဤကဲ့သို့ လူမှုစံနှုန်းပြောင်းလဲမှုမပါဘဲ မိတ်ဖက်အချင်းချင်း ဆွေးနွေးအဖြေရှာကြပါဆိုသည့် ကြေညာချက်များသည် နာတာရှည်ရောဂါကို ပရုတ်ဆီလိမ်းခြင်းသာ

မွေခံထိုက်စေ
အမွေကို ဘယ်လိုဆက်ခံရယူမလဲဆိုတာက အရေးကြီးလှပါတယ်။ ဒေါ်စုရဲ့ ကောင်းမွေတွေကို ဆက်ခံထိန်းသိမ်းပြီး သူရဲ့ စံနှုန်း၊ အိပ်မက်၊ စိတ်ဆန္ဒတွေကို ဆက်လက်လုပ်ဆောင်သွားမှာလား။ ဒေါ်စုရဲ့ ဆိုးမွေတွေကို ဆက်ခံသူတွေအနေနဲ့ တာဝန်ခံ ပြောင်းလဲပြင်ဆင်ဖို့ လုပ်မှာလားဆိုတာပါ။ ဒါမှမဟုတ် ဒေါ်စုရဲ့ အရှိန်အဝါကြီးလှတဲ့ နိုင်ငံရေးသြဇာကို လက်ထဲရောက်ရင်ပြီးရောဆိုပြီး ဆက်ခံသူတွေကြားထဲ အမွေလုကြမလား

ပေါ်ပြူလစ်ဇင်ထောင်ချောက်ထဲကနေ ရုန်းထွက်ဖို့လိုပြီ
လူကြိုက်များတိုင်း ပေါ်ပြူလစ်ဇင် မဟုတ်ပါ။ အမှန်တော့ လူကြိုက်များခြင်း (သို့) လူများစုထောက်ခံခြင်းဆိုသည်မှာ ပေါ်ပြူလစ်ဇင်၏ အပေါ်ယံအလွှာပါးတခုသာဖြစ်ပြီး ထိုအလွှာပါးအောက်တွင် ပေါ်ပြူလစ်ဇင်အား အဓိကမောင်းနှင်နေသည့် တခြားသောဝိသေသလက္ခဏာများစွာရှိနေပါသည်။ ယခု တော်လှန်ရေးကာလ နိုင်ငံရေးခေါင်းဆောင်များသည် လူအုပ်ကြီးအကြိုက်လိုက်၍ ပေါ်ပြူလစ်ဇင်လမ်းကြောင်းပေါ်သာ တစိုက်မက်မက် လျှောက်လှမ်းနေကြသည်ကို စိတ်မချမ်းသာစရာ တွေ့မြင်နေရသည်။

စစ်ကိုင်းငလျင်ကြီးမှ အချက်ပေးခေါင်းလောင်းထိုးသံ
တော်လှန်ရေးအင်အားစုတွေအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးအောင်မြင်ဖို့က ပထမဦးစားပေးဖြစ်ပြီး သဘာဝဘေးအန္တရာယ်က နောက်တချိန်မှဖြေရှင်းရမယ့် ပြဿနာအဖြစ် ရှုမြင်နေတတ်ကြပါတယ်။ ဒါပေမယ့် အခုစစ်ကိုင်းငလျင်ကြီးကတော့ အဲဒီရှုမြင်မှုကို လှုပ်ခါချေဖျက်နေပါပြီ။ သဘာဝတရားကြီးက မြန်မာ့လူ့အဖွဲ့အစည်းတခုလုံးရဲ့ အနာဂတ်ရှင်သန်တည်ရှိမှုတစုံလုံးအပေါ် မေးခွန်းထုတ်နေပါပြီ။ ကျွန်တော်တို့အနေနဲ့ ဘယ်တော့မှ ပြီးမယ်ဆိုတာကို မမှန်းဆနိုင်တဲ့ ပြည်တွင်းစစ်ကို ရပ်တန့်ပြီး လူ့အဖွဲ့အစည်းရဲ့ နာကျင်မှုတွေကို ဖေးမကုစားဖို့၊ ပြန်လည်ထူထောင်ဖို့ ဒီငလျင်ကြီးက ခေါင်းလောင်းထိုးနေပါပြီ။

ဗုဒ္ဓဘာသာနှင့် Social Punishment
(အလင်းခေတ်မဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၁ တွင် ဖော်ပြခဲ့သောဆောင်းပါးဖြစ်ပါသည်)

ပုဂ္ဂိုလ်ရေးကိုးကွယ်မှု
(အလင်းခေတ်မဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၁ တွင် ဖော်ပြခဲ့သောဆောင်းပါးဖြစ်ပါသည်)

‘အလင်းခေတ်’ လာပြီ (အလင်းခေတ်မဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၁ မှအယ်ဒီတာ့အာဘော်)
လူသားများသည် ပုံပြင်ဇာတ်လမ်းများကို နှစ်သက်ခုံမင်ကြသည်။ ပုံပြင်များသည် အတိတ်၏လွှမ်းမိုးမှုကို ဖော်ပြသည်။ ပစ္စုပ္ပန်တွင် မိမိတို့၏ တည်ရှိမှုသရုပ်လက္ခဏာကို ယုတ္တိတန်စေသည်။ တချိန်တည်းမှာပင် ရှေ့ဆက်အနာဂတ်အတွက် လှုပ်ရှားပြုကျင့်မှု၊ တွေးခေါ်စဉ်းစားမှုများကိုလည်း ကိုယ်စီလက်ခံထားသော ပုံပြင်များက ထိန်းကျောင်းပဲ့ကိုင်ထားကြသည်။ ၂၀၂၁ မှ အစပြုလာသည့် နွေဦးတော်လှန်ရေးတွင် အဖွဲ့အစည်းအမျိုးမျိုး၊ ရပ်တည်ချက်အထွေထွေရှိ ကြသော်လည်း အခြေခံအားဖြင့်

Insight Myanmar နှင့် Freedom Fighter မှ ကိုရဲထက် အင်တာဗျူး (ကောက်နှုတ်ချက်)
မူရင်းအင်တာဗျူး (Beyond The Barricades podcast) (English ဘာသာ) “အစကတော့ ကျနော်လည်း အကြမ်းမဖက်လမ်းစဉ်ကို ယုံကြည်တာမဟုတ်ဘူး။ လက်နက်ကိုင်လမ်းစဉ်က ပိုကောင်းလောက်တယ်လို့ ထင်ခဲ့တာ။ အပြောင်းအလဲတခု ဖော်ဆောင်ဖို့ဆို အဲဒါက နည်းလမ်းကောင်းတခုဆိုတာ ရှင်းနေတာပဲလေ။ အဲဒီနည်းလမ်းက အလားအလာလည်းအတော်ကောင်းတယ်၊ ရလဒ်တွေလည်းဖြစ်လာနိုင်တယ်။ ပြီးတော့ ကိုယ့်ရဲ့နယ်နမိတ်ကိုလည်း ချဲ့ထွင်နိုင်တယ်။”
တော်လှန်ရေးရဲ့ အခြားတဖက် (ဝေဖန်ရေးဆောင်းပါး)
(ဒီဆောင်းပါးကတော့ မသီတာ(စမ်းချောင်း) ရဲ့ “စစ်လား တော်လှန်ရေးလား” ဆောင်းပါးအပေါ် ဝေဖန်ပြီး ပြန်လည်ဆွေးနွေးထားတာဖြစ်ပါတယ်။ မသီတာ(စမ်းချောင်း)က “စစ်လား တော်လှန်ရေးလား” ဆောင်းပါးကို ပြီးခဲ့တဲ့ ဇန်နဝါရီလက ရေးသားခဲ့ပါတယ်။ ဆောင်းပါးကို ဖတ်ရှုလိုက်ရတဲ့အချိန်မှာ ပြန်ပြီးဆွေးနွေးချင်ခဲ့တာတွေရှိပေမယ့် စာရေးဖို့ အချိန်မရတာရယ်၊ နောက်ပြီး စိတ်လိုက်မာန်ပါ ဖြစ်နေမှာ စိုးတာရယ်ကြောင့် မရေးသားဖြစ်ခဲ့ပါဘူး။

၂၀၂၃ ကိုပြန်လည်အောက်မေ့ခြင်း
မကြာခင်မှာ ၂၀၂၃ ကုန်ကာ ၂၀၂၄ ရောက်ရှိတော့မှာဖြစ်ပါတယ်။ ဒီလိုနှစ်သစ်ကူးကာလမှာ Freedom Fighter Myanmar ရဲ့ ၂၀၂၃ အတွင်းလုပ်ဆောင်ခဲ့တာတွေအပေါ် ပြန်လည်ဆန်းစစ်ချက်တွေနဲ့ ရှေ့ဆက်လုပ်ဆောင်ဖို့ စီစဉ်ထားတဲ့အရာတွေကို FFM ရဲ့စာဖတ်ပရိသတ်တွေကို ဆွေးနွေးတင်ပြချင်ပါတယ်။ ၂၀၂၃ အတွက် FFM ရဲ့ အဓိကဦးတည်ချက်ကတော့ ဒိုင်ယာလောခ့်နှင့်ဒီဘိတ် ယဉ်ကျေးမှုထွန်းကားရေး

Manels ဒီဘိတ်
ဒီရက်ပိုင်းမှာ အငြင်းပွားနေတဲ့ Manels အကြောင်းနဲ့ပတ်သက်ပြီး အမြင်တချို့ကို ဆွေးနွေးချင်ပါတယ်။ အမျိုးသားတွေ သီးသန့်ပါတဲ့ စကားဝိုင်းဟောပြောပွဲ – Manels တွေက မြန်မာ့လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ ဖိုဝါဒကြီးစိုးမှုရဲ့ ပြရုပ်တခုဖြစ်ပြီး ဒါတွေကို သတိပြုမိအောင် လှုပ်ရှားမှုတွေလုပ်လာတာက ကြိုဆိုအားပေးရမယ့်ကိစ္စပဲဖြစ်ပါတယ်။ ဒါကို လူအုပ်ကြီးအင်အားနဲ့ ဆဲဆိုတာ၊ တော်လှန်ရေးပြီးမှပဲ ဆွေးနွေးကြဖို့ပြောတာ၊

CDM လှုပ်ရှားမှုကို ပြန်လည်ပုံဖော်ဖို့ စဉ်းစားချိန်တန်ပြီ
မကြာသေးခင်က Frontier Myanmar မှာ “It’s time to re-think the CDM” ဆိုတဲ့ဆောင်းပါးကိုရေးဖြစ်ပါတယ်။ ထိုဆောင်းပါးကို မြန်မာလိုဖတ်ရှုရ ဆီလျော်အောင် ပြန်ဆိုရေးသားလိုက်ပါတယ်။