FFM လက်ရှိအဖွဲ့ဝင်များ
ရဲထက်
ရဲထက်သည် Freedom Fighter Myanmar အဖွဲ့၏ ဦးစီးတည်ထောင်သူဖြစ်ပြီး လက်ရှိတွင် ဥက္ကဌရာထူး တာဝန်ယူထားသည်။ ရေကြောင်းပညာတက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး ၂၀၂၁ မတိုင်ခင်က ပညာရေး၊လူငယ်ဖွံ့ဖြိုးရေးနှင့် အကြံပေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခဲ့သည်။
၂၀၂၁ FFM အဖွဲ့တည်ထောင်ချိန်မှစ၍ အကြမ်းမဖက်စည်းရုံးရေးမှူးသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ပို့ချခဲ့သည်။ အကြမ်းမဖက်လှုပ်ရှားမှု၊ နိုင်ငံရေးအယူအဆ၊ လူမှုအဖွဲ့အစည်း ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အခန်းကဏ္ဍများကို စိတ်ဝင်စားလေ့လာပြီး နိုင်ငံရေးနှင့် လူမှုယဉ်ကျေးမှုဆိုင်ရာ ဝေဖန်သုံးသပ်စာများကို ရေးသားလျက်ရှိသည်။
၂၀၂၃ တွင် Australia Awards ပညာသင်ဆုဖြင့် Austalian National University တွင် နိုင်ငံရေးသိပ္ပံမဟာဘွဲ့ ကို လေ့လာခဲ့သည်။ Freedom Fighter အဖွဲ့၏ အကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာ သင်တန်းများ ၊ဒီမိုကရေစီကို နားလည်ခြင်းသင်တန်း ၊ သမိုင်းကိုကုစားခြင်းသင်တန်းများတွင်လည်းကောင်း ၊ လေးမျက်နှာစကားဝိုင်း၏ Host အဖြစ်လည်းကောင်း၊ အလင်းခေတ်မဂ္ဂဇင်း၏ အယ်ဒီတာအဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင်လုပ်ဆောင်လျက်ရှိသည်။ လက်ရှိတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အခြေစိုက်ကာ အကြမ်းမဖက်လူထုလှုပ်ရှားမှုဆိုင်ရာ သင်တန်း ဆွေးနွေးပွဲများကို ပြုလုပ်လျက်ရှိသည်။
သော်ဒီ
သော်ဒီသည် ၂၀၂၂ ခုနှစ်မှစ၍ Freedom Fighter Myanmar ၏ ကေဒါသင်တန်းမှတဆင့် အဖွဲ့ဝင်တယောက်ဖြစ်လာခဲ့ပြီး ဘာသာပြန်နှင့် စာတည်းကဏ္ဍများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
လက်ရှိတွင် Freedom Fighter ၏ ပြန်ကြားရေးတာဝန်ခံအဖြစ်လည်းကောင်း ၊ အလင်းခေတ်မဂ္ဂဇင်း၏ အယ်ဒီတာချုပ်အဖြစ်လည်းကောင်း တာဝန်ယူလုပ်ဆောင်လျက်ရှိသည်။ FFM ၏ဘာသာပြန်အဖွဲ့နှင့်အတူ ဘာသာပြန်စာအုပ်များပြန်ဆိုထုတ်ဝေခြင်း၊ ဘာသာပြန်အလုပ်ရုံဆွေးနွေးပွဲများစီစဉ်ခြင်း စသဖြင့် ဘာသာပြန်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် သုတ/ရသစာပေများလည်း အလင်းခေတ်မဂ္ဂဇင်းအပါအဝင် တခြားသောပလပ်ဖောင်းများတွင် ရေးသားလျက်ရှိသည်။
မြင့်ထွန်း
မြင့်ထွန်းသည် ၂၀၂၃ မှစတင်ကာ Freedom Fighter Myanmar ၏ သင်ကြားရေးတာဝန်ခံအဖြစ် တာဝန်ယူလုပ်ဆောင်လျက်ရှိသည်။
၂၀၂၁ မတိုင်မီက သင်ကြားရေးနယ်ပယ်တွင် လုပ်ကိုင်ခဲ့ပြီး လက်ရှိတွင်လည်း သင်ကြားရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက်ရှိကာ ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံရေးအတွေးအခေါ်၊ ဘာသာရေးနှင့် သမိုင်းနယ်ပယ်ရပ်များအပေါ် စိတ်ဝင်စားပြီး လေ့လာလျက်ရှိသည်။
FFM အဖွဲ့ကို ကေဒါသင်တန်းမှတဆင့် ၂၀၂၂ ခုနှစ်တွင် စတင်ပါဝင်ခဲ့ပြီး အကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာသင်တန်း၊ ဒီဘိတ်သင်တန်း၊ Mental Resilience For Students Workshop စသော အစီအစဉ်များတွင် သင်ကြားရေးတာဝန်များကို ဆောင်ရွက်ခဲ့ပြီး လေးမျက်နှာစကားဝိုင်းအချို့တွင် Host အဖြစ် လုပ်ဆောင်လျက်ရှိသည်။ ပညာရေး၊ ဘာသာရေး၊ သမိုင်းနှင့် ပတ်သတ်သော ဆောင်းပါးများကိုလည်း ရေးသားလျက်ရှိပါသည်။
Nemo
Nemo သည် Freedom Fighter Myanmar ၏ ဘဏ္ဏာရေးနှင့် နည်းပညာတာဝန်ခံအဖြစ် တာဝန်ယူလုပ်ဆောင်လျက်ရှိသည်။ ၂၀၂၁ မတိုင်မီက ဂျပန်နိုင်ငံတွင် အင်ဂျင်နီယာဘာသာရပ်ဖြင့် ပညာသင်ကြားလျက်ရှိပြီး လက်ရှိတွင် နည်းပညာကုမ္ပဏီတစ်ခု၌ အလုပ်လုပ်ကိုင်လျက်ရှိသည်။ သိပ္ပံ၊ နည်းပညာ၊ အတွေးအခေါ်နှင့် တီထွင်ဖန်တီးမှုကို စိတ်ဝင်စားပြီး ၂၀၂၀ ရှေ့ပိုင်းနှစ်များတွင် မဂ္ဂဇင်း၊ ဘလော့များတွင် ဆောင်းပါးများရေးသားခဲ့သည်။
Freedom Fighter စတင်တည်ထောင်ချိန်မှ အကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာများကို လေ့လာခြင်း၊ စာအုပ်များဘာသာပြန်ခြင်း၊ သုတေသနအပိုင်းများတွင် ပါဝင်ခဲ့သည်။ အလင်းခေတ်မဂ္ဂဇင်းတွင် ဆောင်းပါးရေးသားခြင်း၊ လေးမျက်နှာစကားဝိုင်းအချို့တွင် host ပြုလုပ်ခြင်း၊ သင်တန်းနှင့်အဖွဲ့ဝင်သစ်များခေါ်ယူခြင်း အပိုင်းများတွင် လုပ်ဆောင်လျက်ရှိသည်။
စိုးဝင်းခဏ်
စိုးဝင်းခဏ်သည် Freedom Fighter Myanmar ဘာသာပြန်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် FFM အဖွဲ့သို့ ဝင်ရောက်လာပြီး ဘာသာပြန်အဖွဲ့နှင့်အတူ လူထုလှုပ်ရှားမှုအဖွင့်ဋီကာ၊ အကြမ်းမဖက်တိုက်ပွဲလက်စွဲ၊ လူထုတော်လှန်ရေးသမိုင်းဖြစ်ရပ်များ စသည့်စာအုပ်များ လက်တွဲပြန်ဆိုခဲ့သည်။
လက်ရှိတွင် စာစစ်၊ တည်းဖြတ် တာဝန်ယူထားကာ ဘာသာပြန်လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသည်။ ထို့အပြင် အလင်းခေတ် မဂ္ဂဇင်း၌လည်း အယ်ဒီတာအဖွဲ့ဝင်ဖြစ်ပြီး ကဗျာများ၊ ဝတ္ထုတိုများ ရေးသားလျက်ရှိသည်။