ပြည်သူ့အာဏာ ဘယ်မှာရှိလဲ
နိုင်ငံရေးအာဏာဆိုတာ လူတွေရဲ့လက်ခံယုံကြည်မှုတွေ ပေါင်းစည်းခြင်းကဖြစ်ပေါ်လာတာပါ။ လူအများစုက ဘယ်အယူအဆပေါ်မှာ ယုံကြည်သလဲ။
“ငါတို့က ကျေးကျွန်သဖွယ်သာဖြစ်တယ်။ အပေါ်က ခေါင်းဆောင်ကောင်းဖို့သာ ဆုတောင်းမျှော်လင့်ရုံပဲတတ်နိုင်တယ်။” “ငါတို့သည်သာ အာဏာရဲ့အရင်းအမြစ်လို့ယုံကြည်ကြတယ်။ ခေါင်းဆောင်ကငါတို့ကို တာဝန်ခံဖို့လိုတယ်” လက်ရှိမြန်မာနိုင်ငံရေးမှာ ဘယ်အယူအဆ အားကောင်းနေသလဲ။