လော်ဘီတွေ ဘာလုပ်ကြသလဲ

လူထုတော်လှန်ရေးနဲ့ လော်ဘီတွေရဲ့သက်ရောက်မှု
what lobbies do

လော်ဘီတွေ ဘာလုပ်ကြသလဲ။ ရှင်းပါတယ်ခင်ဗျာ။ လော်ဘီတွေ လော်ကြပါတယ်။ လော်ပုံ လော်နည်း အမျိုးမျိူးရှိပါတယ်။ ဖက်ဆစ်တပ်ရဲ့ လော်ဘီတွေကတော့ မြဝတီ ရုပ်မြင်သံကြားကနေ လော်ပါတယ်။ facebookမှာ လော်ကြတာ အနည်းအကျဥ်းတော့ ရှိပါတယ်။တော်လှန်ရေး လော်ဘီတွေကတော့ အများအားဖြင့် facebookမှာ လော်ကြပါတယ်။ liveလွှင့်ပြီး လော်ပါတယ်။ ဆောင်းပါးရေးပြီး လော်ပါတယ်။ လော်ဘီတွေကတော့ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ဆိုတဲ့ စကားရပ်ကို အကြောင်းပြပြီး လော်ချင်သလို လော်ပါတယ်။ လူတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်ရှိပါတယ်။ လော်ဘီတွေလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိပါတယ်။ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံသားဥပဒေပညာရှင်တစ်ယောက်ကတော့

“ မိမိ၏လက်သီးတစ်ဆုံးကို မိမိအခွင့်အရေးအရ ဆန့်ထုတ်ပိုင်ခွင့်ရှိသည်။ သိုသော် ထိုဆန့်ထုတ်ပိုင်ခွင့်နေရာတွင် တခြားသူ၏ နှာသီးဖျားရှိနေသည်ကို သတိပြုရမည်”

ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။

ဆိုလိုတာက မိမိလွတ်လပ်ခွင့်အရ မိမိဘာသာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုနိုင်ပေမယ့် တစ်ပါးသူအပေါ် ထိခိုက်နစ်နာမှု ရှိလာရင်တော့ အဲဒီလို ပြောဆိုသူအနေနဲ့ တာဝန်ခံရမှာဖြစ်သလို တာဝန်ယူရမှာလည်း ဖြစ်ပါတယ်။ အဲဒီတော့ လော်ဘီတွေ လော်ချင်သလို လော်လို ရပါတယ်။သို့သော် လော်ဘီတွေအနေနဲ့ မသိနားမလည်ဘဲ ၊ နိုင်ငံရေး ရေချိန်မမှီဘဲ လော်လိုက်တဲ့အတွက်ကြောင့် ပြည်သူရဲ့ အတွေးအခေါ်ကို အဆိပ်ခက်သလို ဖြစ်သွားရင်တော့ လော်ဘီတွေအနေနဲ့ တာဝန်ယူရပါမယ်။ တာဝန်လည်း ခံရပါမယ်။

လော်ဘီတွေရဲ့ နောက်ထပ် အကြောင်းပြချက်တခုကတော့ စစ်တပ်ကို နာအောင်ရေးနိုင်တယ်လိုပြောပြီး လော်ပြန်ပါတယ်။ အဲဒီလို ပြောတဲ့သူတွေက်ု ပြန်မေးချင်တာက စစ်တပ်ဘက်က အဲဒီလို အပြောခံရလို နာလွန်လို့ CDMဝင်လာကြတာမျိုးရှိသလား။ အဆဲခံရလို CDMလုပ်ပါတယ်ဆိုတဲ့ ရဲနဲ့ စစ်သားဘယ်နှယောက် ရှိပါသလဲ။ ဒီလိုစစ်တပ်တခုလုံးကို နာကျင်အောင်ပြောဆိုဆူဆဲလို့ တော်လှန်ရေးကို ဘယ်လောက်အထိအကျိုးဖြစ်စေလဲ သုံးသပ်စေချင်ပါတယ်။

လော်ဘီတွေ ရေးတဲ့ ဆောင်းပါးတွေကို ဖတ်ကြည့်ပါတယ်။ သူတို့ပြောတဲ့ ပြောဆိုချက်တွေကို နားထောင်ဖူးပါတယ်။ ယေဘုယျအားဖြင့်တော့ သူတို ဘာပြောပြော ဘာရေးရေး အနှစ်ချုပ်လိုက်ရင် အောက်က အချက်တွေပဲ ထွက်လာပါတယ်။

(၁) စစ်ကောင်စီဟာ သောက်ပေါအဖွဲ ။ သွေးရူးသွေးတန်းနဲ့ လုပ်နေတဲ့အဖွဲသောက်ပေါတွေပဲ စုနေတဲ့အဖွဲ

(၂) အဲ့ဒီသောက်ပေါအဖွဲကို လှောင်မယ် ၊ ဟားတိုက်မယ်၊ ဆဲမယ် ဆိုမယ်

(၃) NUGက စလို တော်လှန်ရေး အင်အားစုအသီးသီးရဲ့ လုပ်ဆောင်ချက်တွေက မှန်တယ်။ ဘာလုပ်လုပ် မှန်တယ်။

လော်ဘီတွေ ဘာရေးရေး၊ အများစုကတော့ ဒီသုံးချက်မှာ အနှစ်ချုပ်ပါတယ်။ ဒါပေမယ့် ဒီသုံးချက်ကို ပြန်စဥ်းစားကြည့်ရင်လည်း မြေပြင်အနေအထားနဲ့ လုံးဝ ကင်းကွာနေပြန်တယ်။ စစ်အုပ်စုဟာ အတွင်းမှာဖရိုဖရဲဖြစ်တာတွေ၊ လူထုတခုလုံးရဲ့ စက်ဆုပ်ရွှံရှာမှုကို ခံနေရတာမှန်ပေမယ် လျော့မတွက်သင့်တဲ့ အကြောင်းအရာတွေအများရှိပါတယ်။ ဒါကိုလျစ်လျူရှုပြီး နိုင်နေပြီ၊ နိုင်တော့မှာ၊ နာကျင်အချိန်ပို တွေအော်နေတာတာထက် လက်တွေ့ကျတဲ့ အစီအစဉ်တွေ၊ စုပေါင်းလုပ်ဆောင်ချက်တွေ လိုအပ်နေတာပါ။ လော်ဘီတွေရဲ့ ဘာဖြစ်ဖြစ်နိုင်နေပြီဆိုတဲ့ အာသာဖြေလှုံဆော်မှုတွေက ပြည်သူလူထုအနေနဲ့ တော်လှန်ရေးမှာ အစီအစဉ်တကျပါဝင်လုပ်ဆောင်မှုတွေကို လျော့နည်းစေပါတယ်။

နောက်တစ်ချက်က NUGက စလို တော်လှန်ရေး အင်အားစု အသီးသီးက ဘာလုပ်လုပ်မှန်တယ်ဆိုတဲ့ အတွေးအခေါ်ပါ။ လက်နက်ကိုင် တော်လှန်ရေး ဖြစ်စေ အကြမ်းမဖက်လူထုတော်လှန်ရေး ဖြစ်စေ အရေးကြီးဆုံးနဲ့ အခြေခံ အကျဆုံး လုပ်ရမယ့်အချက်က အတွေးအခေါ် တော်လှန်ရေးပဲ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ရေသေအိုင်လို ဖြစ်နေတဲ့ အတွေးအခေါ်တွေကို အရင်သန့်ရှင်းရမှာပါ။အာဏာရှင်အလိုကျ အတွေးအခေါ်တွေကို ရှင်းထုတ်ရမှာပါ။ ကယ်တင်ရှင်ဝါဒကို ရှင်းထုတ်ပစ်ရမှာပါ။ NUG၊ PDFက စလို တော်လှန်ရေးအင်အားစုတွေကို ကယ်တင်ရှင်လို မြင်အောင် လော်တာမျိုးတွေကို ရှင်းထုတ်ရမှာပါ။

ကျူးဘားတော်လှန်ရေးခေါင်းဆောင် ချေဂွေဗားရားကတော့ တော်လှန်ရေးသမားတစ်ယောက်ရဲ့ ပထမဆုံး တာဝန်က ပညာတက်ရပါမယ်တဲ့။ တော်လှန်ရေးလုပ်ရင်း လေ့လာနေဖို မှာခဲ့တယ်လို ကျနော့အနေနဲ့ ယူဆပါတယ်။ အခုတော့ အတွေးအခေါ်တော်လှန်ရေး လုပ်ဖို နေနေသာသာ အတွေးအခေါ်တော်လှန်ရေး လုပ်ဖို ဦးဆောင်နေသူတွေကိုပါ ဒလန်လို့ စွပ်စွဲနေကြပြန်ပါတယ်။ အာသာဖြေတော်လှန်ရေးလုပ်ပြီး ပြည်သူ့အတွေးအခေါ်ကို မှိင်းတိုက်ပြီး ဖွံဖြိုးမှု နှေးကွေးအောင် လုပ်နေတာကတော့ လော်ဘီတွေပဲ ဖြစ်ပါတာ်။ အတွေးအခေါ်တော်လှန်ရေးဟာ ခရီးရောက်တန်သလောက်မရောက်ခြင်းရဲ့ အဓိက တရားခံဟာ လော်ဘီတွေ ကြောင့်ပါလို ရှုပ်ချပါတယ်။

အနှစ်ချုပ်ပြောချင်တာကတော့ ပြည်သူတွေ ဒီတော်လှန်ရေးမှာ ပါဝင်နေကြခြင်းဟာ နိုင်ရာစားစနစ်ကို လက်မခံလိုသာ တော်လှန်နေကြတာဖြစ်ပါတယ်။ ကျနော်တိုရဲ့ တော်လှန်ရေးဟာ လူကို တော်လှန်တာမျိုး မဟုတ်သလို လူကို ကိုးကွယ်တာမျိုးလည်း မဖြစ်သင့်ပါဘူး။ အဖွဲ့ကို ကိုးကွယ်တာမျိုးမဖြစ်သင့်သလို အဖွဲ့ကို တော်လှန်တာမျိုးလည်း မဖြစ်သင့်ပါတယ်။ အဲဒီလို ဖြစ်အောင်လုပ်တာဟာ ကြီးကျယ်တဲ့တော်လှန်ရေးကို သေးသိမ်အောင်လုပ်တာလို့ မြင်ပါတယ်။ ကျနော်တို့ စနစ်ကို ဦးတည်တော်လှန်ရပါမယ်။ နိုင်ရာစား စနစ်၊ ဖိနှိပ်သူ အလိုကျစနစ်ကို တော်လှန်ရပါလိမ့်မယ်။ တစ်ဆက်ထဲမှာပဲ ပြည်သူကို အဆိပ်ခက်နေတဲ့ လော်ဘီတွေကိုပါ တော်လှန်ကြရပါလိမ့်မယ်။

Share on facebook
Share on twitter
Share on email

ဒီဆောင်းပါးကို သဘောကျပါသလား

တော်လှန်ရေးဆိုင်ရာ အသိပညာဖြန့်ဖြူးရေးနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် ပါဝင်ထောက်ပံ့နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်