အကြမ်းမဖက်တော်လှန်ရေး လှုပ်ရှားမှုဆိုင်ရာ "သိလိုရာမေး"

Freedom Fighter Myanmar အဖွဲ့သည် အကြမ်းမဖက်လမ်းစဉ်နှင့် အာဏာရှင်စနစ်ကိုတော်လှန်နေခြင်းဖြစ်သည့်အားလျှော်စွာ အာဏာရှင်စနစ်ဆိုးကိုဆန့်ကျင်လိုသူတိုင်း တော်လှန်သူများဖြစ်လာစေရန်အတွက် အကြမ်းမဖက်အယူအဆများ၊ နည်းနာနိဿယများစွာကို လူထုအကြားဖြန့်ဝေပေးလျှက်ရှိပါသည်။ ယခုလည်းအကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာအယူအဆများ အားကောင်းလာစေရန်အလို့ငှာ ယင်းနှင့်ပတ်သတ်၍ ဝိဝါဒကွဲပြားနေမှုများ၊ ချိတုံချတုံဖြစ်နေမှုများ၊ အဖြေရှာလိုသည်များကို ကောင်းစွာသိရှိနားလည်စေရန်အတွက် သိလိုရာမေးကဏ္ဍကို စတင်ခဲ့ပါသည်။

Ko Aung Aung: A Single Spark

ကိုအောင်အောင် သို့မဟုတ် မီးပွားတစ်စ

ဒီကနေ့ အာဏာသိမ်းတစ်နှစ်ပြည့် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ကျောက်ပန်းတောင်းမြို့မှ ကိုအောင်အောင်က မိမိကိုယ်ကို မီးရှို့ ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြရတဲ့ အကြောင်းရင်းကတော့ ၂၄ နာရီလုံး အများပြည်သူပြည်သားများ မီးအလင်းရရှိဖို့ နဲ့၂၀၀၁၊ ၂၀၀၂ ပြန်မသွားဖို့ ဆိုပြီး ပါပါတယ်။ ဒီနေရာမှာ ပြည်သူအများက ဒီအပြုအမူကို မလုပ်သင့်တဲ့အရာ၊ မထိုက်တန်တဲ့အရာအဖြစ်

Read More »

တာဝန်ယူမှု တာဝန်ခံမှု ပျောက်ဆုံးနေသော CDM လှုပ်ရှားမှု ဦးဆောင်စည်းရုံးသူများ

ပြီးခဲ့တဲ့နှစ်အခုလိုအချိန်မျိုးမှာ နိုင်ငံတစ်ဝှမ်းလုံးရဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု အင်အားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ ဒီလို CDM လှုပ်ရှားမှုက အခုချိန်မှာတော့ ခေါင်းဆောင်တွေနဲ့ ပြည်သူအများကြားထဲ မေ့ထားချင်တဲ့ စကားလုံးဖြစ်သွားခဲ့ပါပြီ။ CDM လှုပ်ရှားမှုက အဆုံးတိုင်အောင်မြင်မှုကို မရောက်သည့်တိုင်အောင် လက်ရှိတော်လှန်ရေးအခြေအနေကို အဓိကဖော်ဆောင်ပေးခဲ့တာဖြစ်ပါသည်။ သို့ရာတွင် CDM လှုပ်ရှားမှုတွင် ပါဝင်သူများ၏ ပေးဆပ်မှုနှင့် ထိုက်တန်သည့် ရလဒ်

Read More »
Justice, Peace

တရားမျှတမှု ကိုယ့်ဘက် သူ့ဘက်ရှိသလား

ဖြစ်စဉ်- ၁ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နော်လင်းဟေဇာ အာဏာသိမ်းမှုတစ်နှစ်ပြည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က Channel News Asia Interview တွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် အထူးကိုယ်စားလှယ် ဒေါက်တာနော်လင်းဟေဇာက စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်မှုကို အချိန်ကာလတခုအထိ လက်ခံရန်၊ ပါဝင်ပက်သက်သူအားလုံး စကားခုံပေါ်တွင် တက်ရောက်ရန်

Read More »

ပြည်သူတဦးချင်းစီ ပါဝင်တည်ဆောက်ယူရမည့် ပြည်ထောင်စု

(၇၅ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အထိမ်းအမှတ် ဆောင်းပါး) နွေဦးတော်လှန်ရေး၏ ထင်ရှားသော အရွေ့တခုမှာ ပြည်ထောင်စုသည် အတုအယောင်သာဖြစ်သည် ဆိုသောအချက်ကို တော်လှန်ရေးခေါင်းဆောင်လူငယ်ကျောင်းသားများမှ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးထောက်ပြလာကြခြင်းဖြစ်တယ်။ ပြည်သူအများထောက်ခံသည့် ပြည်သူ့အစိုးရ NUG ကိုယ်တိုင်က ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အဖြစ်သာ သတ်မှတ်ပြီး ပြည်ထောင်စုသည် တကယ်မရှိကြောင်း လက်ခံခြင်းက အပြုသဘောဆောင်တဲ့

Read More »

မေးခွန်းမေးရန်

Email Updates Subscription

Freedom Fighter ရဲ့ update တွေကို သိရှိနိုင်ဖို့ email subscribe လုပ်ထားပါ