မေတ္တာဖြင့်သာ စည်းရုံးပါ။
ယနေ့ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားကျောင်းကန်သွားသူများ အလှူအတန်းပြုလုပ်သူများဖြင့် စည်ကားကြသည်။ ချစ်ခင်သူများ မိသားစုများ သူငယ်ချင်းများစုကာ ခရီးထွက်သူများ ၊ လည်ပတ်သွားလာကြသည်များကိုလည်း တသီတတန်း တွေ့မြင်ကြရမည်။ ဤအခြေအနေများကို တော်လှန်ရေးတွင်ထဲထဲဝင်ဝင် ပါဝင်နေကြသူများက စိတ်မကောင်းဖြစ်ကြသည်မှာ သဘာဝကျလှသည်။ တောထဲမှာ အသက်စွန့်တော်လှန်နေကြသော လူငယ်များ၊ အိုးမဲ့အိမ်မဲ့ဖြစ်နေသော ပြည်သူများ၊ တိုက်ပွဲများကြောင့် ခြေပျက်လက်ပျက်ဖြစ်နေသူများ၊