ကျောင်းမတက်သပိတ်တိုက်ပွဲ ဘယ်လိုရှေ့ဆက်ကြမလဲ
လေးမျက်နှာစကားဝိုင်း ကောက်နုက်ချက် ၂၀၂၁ အာဏာသိမ်းစက စစ်ကောင်စီကိုဆန့်ကျင့်သည့်အနေဖြင့် လုပ်ဆောင်ခဲ့ကြသော ကျောင်းသားလူငယ်တို့၏ကျောင်းမတက်သပိတ်သည် ယခုအခါတော်လှန်ရေးကာလ အချိန်ကြာမြင့်လာသည်နှင့်အမျှ တဖြည်းဖြည်းအင်အား ယုတ်လျော့လာခဲ့ပြီဖြစ်သည်။ ကိုဗစ်ကာလပညာရေးဆုံးရှုံးထားမှု၊ အလုပ်အကိုင်ရရှိရေးအတွက် ဘွဲ့လက်မှတ်၏အရေးပါမှု၊ မိသားစုအသိုင်းအဝိုင်းတို့၏ ဖိအားများ များပြားလာမှု အစရှိသည့်အကြောင်းအရင်းများသည် သပိတ်မှောက်ကျောင်းသားများကို စာသင်ခန်းများဆီသို့ ပြန်လည်ဝင်ရောက်ရန် တိုက်တွန်းဆွဲခေါ်နေကြသည်။ ထို့ကြောင့် ဤမလွှဲသာမရှောင်သာအခြေအနေများကိုငဲ့လင့်၍ ကျောင်းနှင့်တက္ကသိုလ်