ဖွတ်မထွက်ခင် တောင်ပို့မှန်းသိကြဖို့
လမ်းမဘေး ခပ်အေးအေးလမ်းလျှောက်နေစဉ် နံပတ်ပြားအဝါနှင့်ကားတစ်စီး အနားမှကပ်၍ ဝေါခနဲအပြင်းမောင်နှင်သွား၏။ လမ်းတစ်ဖက်တွင် စာသင်ကျောင်းလည်းရှိသည်ဖြစ်ရာ အခုလိုအရမ်းကာရောမောင်းရပါ့မလားဆိုပြီး ဒေါသထွက်နေစဉ်မှာပင် မျက်နှာချင်းဆိုင်မှ နောက်ထပ်ကားတစ်စီး ဝေါခနဲမောင်းလာပြန်သည်။ ကားမှာနောက်ဆုံးပေါ် တန်ဖိုးကြီးဇိမ်ခံကားဖြစ်ပြီး ကားရှေ့မှန်တွင် “ …ကျောင်းတိုက်” ဟုရေးထားသည်။ ကားမောင်းနေသူမှာ အနီရောင်ဝတ်ရုံကိုရုံးထားပြီး မျက်မှန်အမည်းကိုတပ်ထားကာ ဦးပြည်းခေါင်းတုံးကိုပြောင်နေအောင်တုံးထားသူဖြစ်သည်။ ယနေ့ခေတ် မြန်မာနိုင်ငံရှိပြည်သူများသည်