အကြမ်းမဖက်တော်လှန်ရေး လှုပ်ရှားမှုဆိုင်ရာ "သိလိုရာမေး"

Freedom Fighter Myanmar အဖွဲ့သည် အကြမ်းမဖက်လမ်းစဉ်နှင့် အာဏာရှင်စနစ်ကိုတော်လှန်နေခြင်းဖြစ်သည့်အားလျှော်စွာ အာဏာရှင်စနစ်ဆိုးကိုဆန့်ကျင်လိုသူတိုင်း တော်လှန်သူများဖြစ်လာစေရန်အတွက် အကြမ်းမဖက်အယူအဆများ၊ နည်းနာနိဿယများစွာကို လူထုအကြားဖြန့်ဝေပေးလျှက်ရှိပါသည်။ ယခုလည်းအကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာအယူအဆများ အားကောင်းလာစေရန်အလို့ငှာ ယင်းနှင့်ပတ်သတ်၍ ဝိဝါဒကွဲပြားနေမှုများ၊ ချိတုံချတုံဖြစ်နေမှုများ၊ အဖြေရှာလိုသည်များကို ကောင်းစွာသိရှိနားလည်စေရန်အတွက် သိလိုရာမေးကဏ္ဍကို စတင်ခဲ့ပါသည်။

ပညာရေးအကျပ်အတည်း ၊ လူ့အဖွဲ့အစည်းကွဲအက်မှုနှင့် အမုန်းတရားများပျံ့နှံ့လာမှု

မကြာသေးခင်က ဆယ်တန်းအောင်စာရင်းထွက်သည့်အပေါ် အမြင်အမျိုးမျိုးနှင့်ပြောဆိုသုံးသပ်မှုများရှိနေကြသည်။ ပညာရေးသည် အခြေခံလူ့အခွင့်အရေးဖြစ်၍ ခွဲခြားဆက်ဆံခြင်းများ မပြုသင့်ဟု ထောက်ပြမှုများရှိနေစဉ်မှာပင် အခြားတစ်ဖက်၌ ကျောင်းပြန်တက်သူများကို ကဲ့ရဲ့ရှုတ်ချသည့် အမြင်များ၊ ဟားတိုက်လှောင်ပြောင်သည့် အပြုအမူများ၊ အမုန်းစကားအဖြစ် အငြင်းပွားဖွယ် အသုံးအနှုန်းများကို ဆိုရှယ်မီဒီယာထက်တွင် တွင်တွင်ကျယ်ကျယ်တွေ့မြင်နေရသည်။ ဤနေရာတွင် လူအများသည် ဆိုရှယ်မီဒီယာ၏ သဘောသဘာဝအတိုင်း တာဝန်ခံစရာမလိုဘဲ ”လွယ်လွယ်ပြော၊

Read More »

မေးခွန်းမေးရန်