
Insight Myanmar နှင့် Freedom Fighter မှ ကိုရဲထက် အင်တာဗျူး (ကောက်နှုတ်ချက်)
မူရင်းအင်တာဗျူး (Beyond The Barricades podcast) (English ဘာသာ) “အစကတော့ ကျနော်လည်း အကြမ်းမဖက်လမ်းစဉ်ကို ယုံကြည်တာမဟုတ်ဘူး။ လက်နက်ကိုင်လမ်းစဉ်က ပိုကောင်းလောက်တယ်လို့ ထင်ခဲ့တာ။ အပြောင်းအလဲတခု ဖော်ဆောင်ဖို့ဆို အဲဒါက နည်းလမ်းကောင်းတခုဆိုတာ ရှင်းနေတာပဲလေ။ အဲဒီနည်းလမ်းက အလားအလာလည်းအတော်ကောင်းတယ်၊ ရလဒ်တွေလည်းဖြစ်လာနိုင်တယ်။ ပြီးတော့ ကိုယ့်ရဲ့နယ်နမိတ်ကိုလည်း ချဲ့ထွင်နိုင်တယ်။”