အကြမ်းမဖက်တော်လှန်ရေး လှုပ်ရှားမှုဆိုင်ရာ "သိလိုရာမေး"

Freedom Fighter Myanmar အဖွဲ့သည် အကြမ်းမဖက်လမ်းစဉ်နှင့် အာဏာရှင်စနစ်ကိုတော်လှန်နေခြင်းဖြစ်သည့်အားလျှော်စွာ အာဏာရှင်စနစ်ဆိုးကိုဆန့်ကျင်လိုသူတိုင်း တော်လှန်သူများဖြစ်လာစေရန်အတွက် အကြမ်းမဖက်အယူအဆများ၊ နည်းနာနိဿယများစွာကို လူထုအကြားဖြန့်ဝေပေးလျှက်ရှိပါသည်။ ယခုလည်းအကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာအယူအဆများ အားကောင်းလာစေရန်အလို့ငှာ ယင်းနှင့်ပတ်သတ်၍ ဝိဝါဒကွဲပြားနေမှုများ၊ ချိတုံချတုံဖြစ်နေမှုများ၊ အဖြေရှာလိုသည်များကို ကောင်းစွာသိရှိနားလည်စေရန်အတွက် သိလိုရာမေးကဏ္ဍကို စတင်ခဲ့ပါသည်။

‘အလင်းခေတ်’ လာပြီ (အလင်းခေတ်မဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၁ မှအယ်ဒီတာ့အာဘော်)

လူသားများသည် ပုံပြင်ဇာတ်လမ်းများကို နှစ်သက်ခုံမင်ကြသည်။ ပုံပြင်များသည် အတိတ်၏လွှမ်းမိုးမှုကို ဖော်ပြသည်။ ပစ္စုပ္ပန်တွင် မိမိတို့၏ တည်ရှိမှုသရုပ်လက္ခဏာကို ယုတ္တိတန်စေသည်။ တချိန်တည်းမှာပင် ရှေ့ဆက်အနာဂတ်အတွက် လှုပ်ရှားပြုကျင့်မှု၊ တွေးခေါ်စဉ်းစားမှုများကိုလည်း ကိုယ်စီလက်ခံထားသော ပုံပြင်များက ထိန်းကျောင်းပဲ့ကိုင်ထားကြသည်။  ၂၀၂၁ မှ အစပြုလာသည့် နွေဦးတော်လှန်ရေးတွင် အဖွဲ့အစည်းအမျိုးမျိုး၊ ရပ်တည်ချက်အထွေထွေရှိ ကြသော်လည်း အခြေခံအားဖြင့်

Read More »

မေးခွန်းမေးရန်

Email Updates Subscription

Freedom Fighter ရဲ့ update တွေကို သိရှိနိုင်ဖို့ email subscribe လုပ်ထားပါ