ကျောင်းတက်တာ အပြစ်ရှိသလား

Contents

Min Han Htet ( 0:07:10 to 0:11:55 )

ဟုတ်ကဲ့ပါ၊ ဒီထဲမှာတက်ရောက်လာကြတဲ့ ဆရာတွေ ဆရာမတွေရော၊ ရဲဘော်တွေရော၊ ပြီးတော့ ကျောင်းသား၊  ေကျာင်းသူတွေရော အားလုံးတွေ့ရတာဝမ်းသာပါတယ်။ ဒီဆွေးနွှေးပွဲမှာ ကျွန်တော် ပထမဆုံးပြောရတဲ့အတွက်၊ နောက်ပြီးတော့ အမှာစကားပြောရတဲ့အတွက် ဂုဏ်ယူပါတယ်။ ကျွန်တော် မင်းဟန်ထက်ပါ၊ ကျွန်တော် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌပါ။ ကျွန်တော်တိုတွေ တော်လှန်ရေးက တစ်နှစ်ကျော်ကြာလာတဲ့အခါမှာ လူထုလှုပ်ရှားမှုတွေ နောက်ပြီးတော့ နောက်တနည်းကတော့ CDM တွေ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေ၊ အဲဒီထဲမှာဆိုရင်တော့ ကျောင်းသားသပိတ်တွေပေါ့။ ကျောင်းသားသပိတ်ဆိုတဲ့နေရာမှာ ပညာရေးစနစ်ကြီးကို ကျွန်တော်တို သပိတ်မှောက်တယ်။ ကျောင်းမတက်ဘူးဆိုတဲ့ဟာတွေလဲအပါအဝင်ပေါ့။ အဲ့တာတွေကို ကျွန်တော်တိုက မဟာဗျူဟာကျကျဆောင်ရွက်ရမဲ့အခြေအနေတွေ နောက်ပြီးတော့ မဟာဗျူဟာကျကျတွေးတောရမဲ့အခြေအနေတွေ၊ အချက်နဲ့အလက်နဲ့စဥ်းစားရမဲ့အခြေအနေကိုရောက်လာပြီလို ကျွန်တော်ကတော့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တော်လှန်ရေးက တစ်နှစ်ကိုကျော်လာတဲ့အတွက်ပေါ့လေ။ ကျွန်တော်တိုက တော်လှန်ရေးတခုကို စတင်ဖို မီပွားတွေကနေပေါက်ကွဲလာဖိုအတွက် ခံစားချက်တွေ ကျွန်တော်တိုမှာလိုပါတယ်။ ဒါပေမဲ့လို တော်လှန်ရေးခရီးကြောင်းကို အဆုံးထိလျှောက်ဖိုအတွက် နောက်တချက်က အောင်ပွဲအထိရောက်ဖိုအတွက်က ခရီးရှည်ကြီးကို အပြီးထိလျှောက်ဖိုဆိုရင်တော့ ကျွန်တော်တိုမှာ မဟာဗျူဟာကျတဲ့ စဥ်းစားချက်တွေလိုတယ်၊ ဉာဏ်ပညာတွေလိုတယ်၊ ပကတိအချက်အလက်တွေလိုတယ်။ အဲ့တာတွေကို ကျွန်တော်က ဒီနေ့မှာအဖြေရှာနိုင်လိမ့်မယ်၊ အဖြေရှာနိုင်သည်အထိ မဟုတ်ဘူးဆိုရင်တောင်မှ အများကြီးနှီးနှောတိုင်ပင်နိုင်လိမ့်မယ်လို ကျွန်တော်ထင်တယ်ပေါ့။ နောက်တချက်ကတော့ လက်နက်ကိုင်တော်လှန်ရေးနည်းတူပဲ လူထုလှုပ်ရှားမှုနိုင်ငံရေးနည်းနာတွေက အခုထိ အရေးပါနေဆဲပဲ။ ဒါကို Freedom Fighter လိုမျိုးအစုအဖွဲတွေကနေပြီးတော့ တွေးတောစဥ်းစားတာတွေ၊ ဆွေးနွှေးတာတွေ၊ တိုင်ပင်တာတွေ ပြီးတော့ ကျွန်တော်တို လက်ရှိသွားနေကြတဲ့ဟာတွေ၊ ကျွန်တော်တို လက်ရှိလုပ်ကိုင်နေကြတဲ့ လှုပ်ရှားမှုတွေဟာ မဟာဗျူဟာကျနေရဲ့လား၊ မှန်ကန်နေရဲ့လားဆိုတဲ့ကိစ္စတွေကို ကျွန်တော်တိုက အမြဲမပြတ်ပြန်ပြီးတော့ သုံးသပ်နေဖိုလိုတယ်။ အဲ့ဒီအတွက် ဒီလိုဆွေးနွှေးမှုမျိုးက ကျွန်တော်တိုတော်လှန်ရေးအတွက် လိုအပ်တဲ့အခင်းအကျင်းမျိုးလို ကျွန်တော်ထင်ပါတယ်။ ဒါကလဲ တပိုင်းပါ။ နောက်တချက်ပြောရရင်တော့ ကျွန်တော်က CDM ဝန်ထမ်းတွေ နောက်ပြီးတော့ CDM ကျောင်းသားတွေ တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ ပညာရေးစနစ်ကိုသပိတ်မှောက်ထားတဲ့ ကျောင်းသားတွေရဲ့အခန်းကဏ္ဍက နိုင်ငံရေးအရ ဘယ်လောက်ထိအကျိုးသက်ရောက်သလဲဆိုတဲ့ကိစ္စကို ကျွန်တော်တိုဟာ အခုအချိန်အထိ အချက်နဲ့အလက်နဲ့ ဓမ္မဓိဠာန်ကျကျ ပြောဆိုမှုမျိုး၊ စဥ်းစားမှုမျိုးနည်းပါတယ်။ တော်လှန်ရေးအစမှာဆိုရင်လဲ CDM ဝန်ထမ်းတွေကို ကျွန်တော်တိုက လက်တွေ့နဲ့ကင်းကွာတဲ့ လှုဆော်စည်းရုံးမှုမျိုးတွေလုပ်ခဲ့မိတယ်။ အဲ့တာက ကျွန်တော်တိုကိုယ်တိုင် ေနာက်တချက်ကတော့ ကျောင်းသားသမဂ္ဂတွေ ေပါ့လေ၊ ကျွန်တော့်အနေနဲ့ပြောရရင် ကျောင်းသားတွေပေါ့။ ကျောင်းသားတွေလဲအပါအဝင်ပဲ။ ကျွန်တော်တိုက လက်တွေ့နဲ့ကင်းကွာတဲ့ စည်းရုံးလှုဆော်မှုမျိုးကို လုပ်ခဲ့မိတာတွေရှိတယ်။ လက်ရှိအချိန်မှာဆိုရင်လဲ CDM သပိတ်တွေ၊ CDM တွေက တကယ့်ကိုခက်ခဲနေတဲ့ အခြေအနေမျိုးတွေကို လက်ရှိမှာကြုံနေရတယ်။ ဒါပေမဲ့ အဲ့လိုမျိုးကြုံတဲ့အတွက်လဲ ကျွန်တော်တိုက ဘယ်သူ့ကိုမှတော့ အပြစ်မဆိုသာဘူးပေါ့ ေလ။ ဒါက တပိုင်းပါ။ အဲ့တော့ ခုနကပြောတဲ့ CDM ကျောင်းသားတွေ၊ ပညာရေးစနစ်ကိုသပိတ်မှောက်ထားတဲ့ ကျောင်းသားတွေရဲ့ အရေးပါတဲ့အခန်းကဏ္ဍတွေကို သူတိုက ဘယ်လိုနေရာမှာ အရေးပါနေလဲဆိုတာတွေကိုလဲ ကျွန်တော်တိုက အချက်နဲ့အလက်နဲ့ ပကတိအမြင်မြင်ပြီးတော့ ချဥ်းကပ်ဖိုလိုတယ်။ ကျွန်တော့်အနေနဲ့တော့ လောလောဆယ်မှာ အများကြီးမဆွေးနွှေးလိုသေးဘူးပေါ့ ေလ။ ဘာကြောင့်လဲဆိုတော့ ပြီးတဲ့ခါမှာ ရဲဘော်တွေ၊ ဒီထဲမှာရှိနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့အမြင်နဲ့လဲ ကျွန် ေတာ်ဆက်ပြီးတော့ အများကြီးဖလှယ်လိုပါတယ်၊ ဆွေးနွှေးလိုပါတယ်၊ နောက်တချက်က နားထောင်လိုပါတယ်။ ဆိုတော့ ကျွန်တော့်အနေနဲ့ မြင်ရတဲ့အချက်ကတော့ CDM ကျောင်းသားတွေကို ကျွန်တော်တိုဟာ လက်ရှိအချိန်အထိ စိတ်ခံစားချက်ပေါ့နော်၊ နောက်တချက်က ဒါကို ငါတိုကသပိတ်မှောက်ကိုမှောက်ရမယ်ဆိုတဲ့ အချက်ပေါ်မှာမူတည်ပြီးပဲစဥ်းစားနေတဲ့အပိုင်းရှိပြီးတော့ နောက်တခုပြောတဲ့ ကျွန်တော်တိုဟာ နည်းနာအရ၊ မဟာဗျူဟာအရ၊ သူတိုရဲ့အရေးပါမှုအရ သူတိုဟာ စနစ်တခုကို ဒီလိုသပိတ်မှောက်ခြင်းဖြင့် ဘယ်လောက်ထိပြောင်းလဲလိုက်နိုင်သလဲဆိုတဲ့အခြေအနေမျိုးတွေကို ကျွန်တော်တိုဟာ အခုအချိန်ထိ မစဥ်းစားကြသေးဘူးလိုပဲဆိုရမယ်ထင်တယ်။ အဲ့တာက ဘယ်အင်အားစုမဆို နောက်တချက်က NUG ပဲထားထား၊ ပြီးရင် တခြားသောအစုအဖွဲတွေမှာ ပြောဆိုမှု၊ ဆွေးနွှေးမှု အင်မတန်နည်းတယ်။ ဆိုတော့ အဲဒီအချက်အလက်တွေကို ကျွန်တော်တိုက ဒီလိုနေရာမှာ စဥ်းစားထားဖိုလိုလိမ့်မယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်ကိုယ်တိုင် အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်တိုကိုယ်တိုင် စဥ်းစားမှုနည်းခဲ့တယ်။ မစဥ်းစားခဲ့မိဘူးပေါ့နော်။ ဆိုတော့ ကျွန်တော့အနေနဲ့ကတော့ ဒီလောက်ပါပဲ။ ဒီမှာရှိတဲ့ရဲဘော်တွေနဲ့အတူ အများကြီးထပ်ပြီးတော့ ဝင်ရောက်ဆွေးနွှေးချင်ပါတယ်။ အမြင်တွေနားထောင်ပြီးတော့လဲ အများကြီးဖလှယ်ချင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်ဗျ။

သူရိယ xxx ( 0:12:10 to 0:15:00 )

 ဟုတ်ကဲ့၊ အားလုံးပဲမဂ်လာပါဗျ။ အခုလိုဆွေးနွှေးပွဲမှာ အားလုံးကိုတွေ့ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ ဆွေးနွှေးပွဲကလဲ ဒီအဖွဲကနေဖိတ်ကြားတဲ့ ကျွန်တော်တိုရဲ့ ပထမဆုံးဆွေးနွှေးပွဲလိုပြောလိုလဲရပါတယ်။ အခုလိုတွေ့ဆုံရတဲ့အတွက် ဝမ်းသာရပါတယ်။ ကျွန်တော်ကတော့ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးရဲ့ ဒုဥက္ကဌနေရာမှာတာဝန်ယူနေတဲ့ သူရိယ xxx ဖြစ်ပါတယ်။ ကျွန်တော် အဖွင့်အမှာစကားပြောချင်တာက အခု တော်လှန်ရေးက တစ်နှစ်ကျော်ကြာလာတဲ့အချိန်မှာ ကျွန်တော်တိုဖက်ကနေပြီးတော့ ခုနက ကိုမင်းဟန်ထက်ပြောသွားသလိုမျိုး မဟာဗျူဟာမြောက်စဥ်းစားမှုတွေ အများကြီးမလုပ်ခဲ့ပေမဲ့ စစ်ကောင်စီဖက်ကတော့ တော်တော်များများကို စဥ်းစားခဲ့တာတွေတွေ့ရတယ်။ သေသေချာချာ သတိထားပြီးကြည့်မယ်ဆိုလိုရှိရင် စစ်ကောင်စီဖက်က ကျွန်တော်တိုကို စိတ်ဓာတ်စစ်ဆင်ရေး အများကြီးလုပ်ခဲ့တာကိုတွေ့ရတယ်။ အဲ့ဒီစိတ်ဓာတ်စစ်ဆင်ရေးတွေထဲမှာ ကျွန်တော်တိုရဲ့ကျောင်းတွေကို အောင်အောင်မြင်မြင်ဖွင့်နိုင်ခဲ့တာကလဲ တခုအပါအဝင်ဖြစ်တယ်။ ကျွန်တော်တိုတွေက အရင်တုန်းက CDM လှုပ်ရှားမှုတွေအများကြီးအားကောင်းခဲ့ပေမဲ့လို အခုအချိန်မှာ တော်လှန်ရေး တစ်နှစ်ကျော်ကြာပြီးတဲ့အချိန် ကျောင်းတွေကလဲ တစ်နှစ်တက်သွားတဲ့အချိန်မှာ မိဘတွေက ပိုပြီးတော့ ကိုယ့်ရဲ့သား၊သ္မီးးတွေကို စိုးရိမ်လာကြတယ်၊ CDM တွေလုပ်ကြတဲ့အတွက် သူတိုရဲ့သား၊သ္မီးတွေ ပညာရေးနှောင့်နှေးမှုတွေ ဖြစ်ပေါ်လာမှာလား စသဖြင့် စိုးရိမ်လာကြတာရှိတယ်။ သူတိုစိုးရိမ်တာလဲ မှားတော့မမှားပါဘူး။ ပြီးတော့ ကျွန်တော်တိုကျောင်းသားတွေအတွက်ဆိုလိုရှိရင် စဥ်ဆက်မပြတ်ပညာရေးဆိုတာကလဲ အနည်းအကျင်းအမျှတော့ လိုအပ်တာတွေရှိပါတယ်။ ကျွန်တော်တိုတွေက Covid-19 ကနေ ၂၀၂၀၊ ၂၀၂၁၊ ၂၀၂၂ အထိ ဆက်တိုက်ကျောင်းမတက်ပဲနဲ့ဖြစ်လာတဲ့အချိန်မှာ အများကြီး ကျွန်တော်တိုအတွက် အကျိုးသက်ရောက်မှုတွေဖြစ်လာခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်တိုကျောင်းသားတွေအတွက် CDM လုပ်သင့်လား၊ Non-CDM လုပ်သင့်လားဆိုပြီး ဆွေးနွှေးမှုတွေရှိလာတယ်။ အခုအချိန်အထိတော့ အဖြေကို တိတိကျကျရှင်းရှင်းလင်းလင်း ထွက်ထားတာမျိုး ကျွန်တော်မတွေ့ရသေးဘူးပေါ့။ မတွေ့ရသေးတဲ့အခြေအနေမှာ အခုဒီဆွေးနွှေးပွဲလေးလုပ်ပြီး ကျွန်တော်တိုကိုဖိတ်ကြားတယ်၊ အရမ်းကောင်းပါတယ်။ ကျွန်တော်တိုအနေနဲ့ဆိုလိုရှိရင်တော့ ဂုဏ်ယူရမှာပေါ့ဗျာ။ ဒီလိုမျိုးဆွေးနွှေးပွဲတရပ်ကို ကျွန်တော်တိုကိုဖိတ်ကြားတဲ့အတွက် အရမ်းဂုဏ်ယူပါတယ်။ ပြီးတော့ စစ်ကောင်စီကနေပြီးတော့ စိတ်ဓာတ်စစ်ဆင်ရေးတွေ အများကြီးလုပ်လာတယ်။ သူတိုက ကျောင်းတွေဖွင့်လိုက်တဲ့အပေါ်မှာလဲ အများကြီးလုပ်လာတဲ့အခါမှာ ကျွန်တော်တိုအနေနဲ့က ဘာတွေလုပ်သင့်လဲဆိုတာ ဒီဆွေးနွှေးပွဲ လေးမှာ အများကြီးတွေ့ရမယ်လို ကျွန်တော်မျှော်လင့်ပါတယ်။ လောလောဆယ်တော့ ဒီလောက်ပဲဆွေးနွှေးချင်ပါတယ်။

သက္ကမိုးညို ( 0:16:32 to 0:26:44 ) 

 အစကတော့ ကျွန်တော် အားလုံးပြောတာတွေနားထောင်ပြီးမှ ပြန်ပြီးတော့ ခွဲခြမ်းစိတ်ဖြာစဥ်းစားကြည့်မလိုပေါ့နော်။ စဥ်းစားကြည့်မယ်ဆိုတာ ဒီကိစ္စနဲ့ပက်သက်လို ကျွန်တော်ကလဲ လောလောဆယ်မှာ တော်တော် လေးကို အဆဲခံနေရတဲ့လူတစ်ယောက်ပေါ့နော်။ ဒီဟာက ကျွန်တော်ရေးခဲ့တဲ့ Post တခုပေါ်မှာမူတည်ပြီး ကျွန်တော့်ကို ဝိုင်းပြီးတော့ဆဲကြတာပေါ့နော်။ အရင်ဆုံး အဲ့တာတွေခဏထားလိုက်ပါတော့၊ ကျွန်တော် အစကနေပြီးတော့ ခြေခြေမြစ်မြစ် ပြန်ပြောမှဖြစ်လိမ့်မယ်။ ဘာဖြစ်လိုလဲဆိုတော့ အခုပေးထားတဲ့ခေါင်းစဥ်ကိုက ကျောင်းတက်တာအပြစ်ရှိသလားဆိုတော့ ကျွန်တော်တိုက ဘယ်ကျောင်းကိုမေးတာလဲ။ ဒါကလဲ စဥ်းစားစရာအကြောင်းရှိတယ်။ ဘာလိုလဲဆိုတော့ သူတိုထင်ကြတာက ဒီစစ်ကောင်စီဖွင့်တဲ့ကျောင်းကိုတက်ရင် အပြစ်ရှိတယ်၊ NUG ကဖွင့်တဲ့ကျောင်းကိုတက်ရင် အပြစ်မရှိဘူးဆိုတာမျိုး ခံစားကြတာလူတိုင်းပဲ။ ဒါပေမဲ့ ကျောင်းတက်တာအပြစ်ရှိတယ်၊ မရှိဘူးဆိုလိုရှိရင်တော့ ကျွန်တော်တိုက စိတ်ခံစားချက်ကိုအရင်ဆုံးဖယ်စဥ်းစားရမယ်။ မဟုတ်ရင် ဘယ်ကျောင်းတက်တက်အပြစ်မရှိဘူးလား၊ ဒါမှမဟုတ်ရင် ဘယ်ကျောင်းတက်တက်အပြစ်ရှိသလား။ ဒါကလဲ နည်းနည်းစဥ်းစားရမဲ့ကိစ္စပဲ။ ဘာဖြစ်လိုလဲဆိုတော့ စစ်ကောင်စီသည် သပိတ်မှောက်ရမဲ့ကိစ္စ၊ လုံးဝကိုဆန့်ကျင်ရမဲ့ကိစ္စဆိုတာတော့မှန်တယ်။ သိုသော်လဲ တဖက်မှာကျတော့ ပညာရေးဖြစ်နေတယ်။ ပညာရေးနဲ့ပက်သက်ပြီး ကျွန်တော်တိုက CDM နဲ့တွဲပြီးစဥ်းစားလိုမရဘူးဆိုတာမျိုး နည်းနည်းရှိတယ်။ အဲ့တော့ ဒါကိုပြန်ပြီးတော့ချည်မယ်ဆိုလိုရှိရင် နဂိုကြိုပြီးတော့ ရှင်းထားရမဲ့အချက်တွေကရှိတယ်။ နဂိုကြိုပြီးတော့ရှင်းထားရမှာ ေတွကဘာလဲဆိုတော့ ကျွန်တော်တိုကိုယ်တိုင်က Issue တွေကိုမပြတ်ဘူး၊ Level တွေကိုမပြတ်ဘူး။ Issue တွေမပြတ်ဘူးဆိုတာ ကျွန်တော်တိုက ဥပမာ CDM တွေလုပ်ခိုင်းပြီးကာမှ ကျောင်းကျဘာလိုတက်စေချင်တာလဲ၊ CDM ကျလုပ်ခိုင်းတယ်ဆိုတာမျိုး။ အဲ့တော့ CDM နဲ့ ပညာရေးနဲ့ တူလားဆိုတာမျိုး ကျွန်တော်တိုပြန်စဥ်းစားစရာလိုလာတယ်။ တချိုကကျတော့ မင်းတိုရုံးမတက်နဲ့ရုံးထွက်လိုပြောပြီးကာမှ   ေကျာင်းကျဘာလိုတက်ကြတာလဲဆိုတာရှိတယ်။ အဲ့တော့ ကျွန်တော်တိုက အရင်ဆုံးစဥ်းစားရမှာက အခုဘာလိုတိုက်နေတာလဲ၊ ဒီမိုကရေစီကိုလိုချင်လိုတိုက်နေကြတာမလား။ ဒီမိုကရေစီကိုလိုချင်လိုတိုက်နေတာဆိုလိုရှိရင် ကွျန်တော်တိုက ဒီမိုကရေစီရဲ့အခြေခံသဘောတရားဖြစ်တဲ့ Human Right ကိုတော့ ယုံကြည်ရလိမ့်မယ်။ ယုံကြည်လိုရှိရင် အဲ့တာကိုပါ တခါထဲလက်ခံရလိမ့်မယ်။ ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုလိုရှိရင် ကျွန်တော်တိုက CDM သည် Right မဟုတ်ဘူး Choice ၊ ဘာလိုလဲဆိုတော့ သူကအလုပ်လုပ်မှုကိစ္စ။ အလုပ်လုပ်တယ်၊ အလုပ်မလုပ်ဘူး။ ဒါပေမဲ့ ပညာရေးကကျတော့ Human Right ထဲမှာပါတယ်။ Right to Education ၊ လူတိုင်းဟာ ပညာရှာဖွေသင်ယူခွင့်ရှိတယ်။ အဲ့တော့ ကျွန်တော်တိုက ဒီဟာကို ဆုပ်ကိုင်ထားတယ်ဆိုလိုရှိရင် တဖက်မှာ ကျွန်တော်တိုက ဘာကိုပြန်စဥ်းစားလဲဆိုတော့ ခံစားချက်ပေါ်မူတည်ပြီးတော့ အခြေခံစဥ်းစားနေတာလဲရှိတယ်ပေါ့နော်။ ဥပမာအားဖြင့် ကျွန်တော်တိုရဲ့ကလေးတွေဖြစ်တဲ့ ခန့်ညားဟိန်းဆိုတဲ့ကျောင်းသားလေးတွေ၊ သူတိုဟာ ဆေးကျောင်းတက်ရင်းနဲ့ သေသွားရတာပေါ့နော်။ စစ်ကောင်စီကိုဆန့်ကျင်ရင်းေသသွားတော့ သူတိုကိုအားမနာဘူးလားဆိုတဲ့မေးခွန်းတွေက တခါတခါမေးလာကြတယ်။ ဒါကလဲ ကျွန်တော်တို ပြန်စဥ်းစားရမဲ့ကိစ္စ ြဖစ်သွားပြီ။ အဲ့တော့ ဒီနေရာမှာကျွန်တော်ပြောချင်တာက ကျွန်တော်ကိုယ်တိုင်လဲ ပညာရေးနဲ့အလှမ်းမဝေးတဲ့ဌာနတခုကပါ။ ပညာရေးနဲ့အလှမ်းမဝေးတဲ့ဌာနဆိုတာ ဆေးတက္ကသိုလ်တွေနဲ့ပက်သက်တဲ့ဦးစီးဌာနမှာ ကျွန်တော်အလုပ်လုပ်ခဲ့တယ်။ ဆေးကျောင်းသားတွေနဲ့ပက်သက်တဲ့ဌာနမှာ အလုပ်လုပ်ခဲ့ဖူးတယ်ပေါ့နော်။ အလုပ်လုပ်ခဲ့ဖူးတော့ ပညာရေးနဲ့ပက်သက်ပြီး ကျွန်တော်တိုက တားမြစ်ကောင်းလား၊ တားမြစ်သင့်လားဆိုတာကို ကျွန်တော်တိုနည်းနည်းစဥ်းစားရလိမ့်မယ်။ ဒါပေမဲ့ တခုရှိတာပေါ့လေ၊ ဘာပြန်စဥ်းစားလဲဆိုတော့ လူတွေက Issue တွေကို ရောထွေးစဥ်းစားတယ်။ စောစောကပြောခဲ့တဲ့အတိုင်းပဲ စစ်ကောင်စီကပေးတဲ့ပညာရေးဟာ ဘာတတ်မှာမိုလိုလဲကွာဆိုတာမျိုးရှိလာတယ်။ ဘာတတ်မှာမိုလိုလဲဆိုတော့ မတတ်တဲ့အတွက်ကြောင့် ငါတိုတက်စရာမလိုဘူးဆိုတဲ့ Idea မျိုးကတခါပြန်ဝင်လာတယ်။ ဟုတ်ပြီ မတတ်တဲ့အတွက်ကြောင့် မတက်ဘူးဆိုလိုရှိရင် ကျွန်တော်တိုကိုယ်တိုင်ကလဲ အဲဒီစစ်အာဏာရှင်ကစတင်လာခဲ့သောပညာရေးနဲ့ ဘွဲရလာခဲ့ကြတာ။ တတ်တာ၊ မတတ်တာအပထား ပြီးမှ ကိုယ့်ဘာသာကိုရှာဖွေပြီးကာမှ ပညာရေးကို တိုးတက်အောင်လုပ်ခဲ့တာတွေလဲရှိတယ်ပေါ့နော်။ ဘာပဲပြောပြော အခြေခံတခုတော့ ကျွန်တော်တိုရခဲ့တာကို လက်ခံရလိမ့်မယ်ပေါ့နော်။ အဲ့တော့ ဘာကိုပြန်စဥ်းစားလဲဆိုတော့ Issue တွေကို ရောထွေးစဥ်းစားတာကို ကျွန်တော်တို ပြန်ပြောမယ်ဆိုလိုရှိရင်  စစ်ကောင်စီကပေးသောပညာရေးကိုမသင်ချင်ဘူး၊ ဒါပေမဲ့ NUG ကိုယ်တိုင်ကရော ဘာပညာတွေပေးနိုင်ပြီလဲဆိုတာရှိလာတယ်။ မပေးနိုင်သေးဘူး ငါတိုအားလုံးလက်ခံရလိမ့်မယ်၊ ဒါဆိုလဲ စဥ်းစားရမယ်။ ဘာလိုလဲဆိုတော့ ငါတိုအားလုံးသည် တော်လှန်နေကြတာ၊ ဒီအချိန်မှာ တော်လှန်ရေးကလဲွပြီး သူတိုအနေနဲ့ ဘာမှဂရုမစိုက်နိုင်ဘူးဆိုရင်လဲ ဒါမှန်တယ်။ ဒါပေမဲ့ အဲ့တော်လှန်းသည် ဘယ်လောက်ကြာရမလဲဆိုတာတော့  ကျွန်တော်တို ဖြတ်ချရလိမ့်မယ်။ ဖြတ်ချရမယ်ဆိုတော့ တချိုက ဒါကိုပြန်ပြီးတော့မှ Issue တခုက ဝင်လာပြန်ရော။ တော်လှန်ရေးဘယ်လောက်ကြာမလဲ ငါတိုကဘယ်လိုလုပ်ပြောနိုင်မလဲဆိုတဲ့ ဂျစ်ကန်ကန်သဘောတရားကဝင်လာတယ်။ ဒါပေမဲ့ ကျွန်တော်တိုကဖြတ်မချပေမဲ့ Issue တွေကိုစဥ်းစားတဲ့အခါ Level အလိုက်ဖြတ်ချရလိမ့်မယ်။ Level အလိုက်ဖြတ်ချရမယ်ဆိုတာ ဥပမာ NUG အစိုးရကိုယ်တိုင်ကကျတော့ ပြန်စဥ်းစားရလိမ့်မယ်။ ငါတိုသည် အနည်းဆုံးတော့ နှစ်နှစ်ကြာမှာလား၊ ဒါမှမဟုတ်ရင် သုံးနှစ်ကြာမှာလား။ အဲ့တော့ သုံးနှစ်ကြာမယ်ဆိုလိုရှိရင် သုံးနှစ်ဒီပညာရေးကိုရပ်ထားဖို ငါတိုကြော်ညာရဲသလား။ ဒါဟာ အစိုးရလုပ်ချင်တဲ့သူရဲ့ တာဝန်ယူမှုနဲ့ဆိုင်တယ်။ တာဝန်မယူပဲနဲ့ ငါတိုဘယ်ချိန်မှန်းတော့မသိဘူး၊ ဒါပေမဲ့ မင်းတိုကျောင်းမတက်ကြနဲ့ကွာဆိုလိုရှိရင်တော့ ဒါကအဓိပ္ပါယ်မရှိလှဘူး။ ဆိုလိုတာက ကျောင်းမတက်ကြနဲ့ဆိုတာ စစ်ကျောင်းကိုပဲ သူတိုမတက်ခိုင်းတာလေ။ အဲ့တော့ သူတိုကျောင်းမတက်နဲ့ကွလိုပြောရင် ဒီကျောင်းတက်ဖိုအတွက် ငါတိုကစီမံပေးနိုင်ရမယ်ဆိုတာမျိုး။ ငါတိုမစီမံနိုင်ရင်တောင်မှ တခြားသောစီမံမှုတွေကို ဖျာခင်းပေးရမယ်ဆိုတာမျိုး ဒီတာဝန်ယူမှုကတော့ ကျွန်တော်တိုက အစိုးရလုပ်ချင်ရင် အစိုးရတာဝန်ကတော့ ယူရမယ်လေ။ တာဝန်မယူနိုင်ဘူးကွာဆိုလိုရှိရင်လဲ ဘယ်လောက်အထိမယူနိုင်ဘူးလဲ၊ ငါတိုသည် တော်လှန်ရေးအစိုးရဖြစ်နေတဲ့အတွက်ကြောင့် ပညာရေးနဲ့ပက်သက်ပြီး လောလောဆယ်တာဝန်မယူနိုင်ဘူးဆိုရင်လဲရတယ်။ ဘယ်နှစ်နှစ်တုန်း ပြောရလိမ့်မယ်။ ဥပမာအားဖြင့် အနည်းဆုံးသုံးနှစ်တော့ ကျောင်းမတက်ကြနဲ့၊ လေးနှစ်တော့ကျောင်းမတက်ကြနဲ့ လက်ခံတယ်။ ငါးနှစ်ဆိုရင်တော့ တိုင်းပြည်အတွက် တော်တော်စိတ်ပူစရာကောင်းသွားပြီပေါ့နော်။ အဲ့တော့ ဒါဖြင့်ရင် တခါပြန်စဥ်းစားတော့ စစ်ကျွန်ပညာရေးကို မသင်စေချင်ဘူးဆိုလိုရှိရင် ပညာရေးအခွင့်အလမ်းတွေကို ဖွင့်ပေးရလိမ့်မယ်။ ဖွင့်ပေးတဲ့နေရာမှာ ငါတိုဖွင့်ထားသားပဲဆိုတာမျိုးလုပ်လိုမရဘူး။ ဘာဖြစ်လိုလဲဆိုတော့ တစ်နိုင်ငံလုံးမှာရှိသော ကျောင်းသားအရွယ်လူငယ်တွေရဲ့ ဘယ်လောက်ရာခိုင်နှုန်းတက်နိုင်သလဲဆိုတာ ကျွန်တော်တိုပြန်စဥ်းစားရမယ်။ စစ်ကောင်စီကဖွင့်တဲ့ပညာရေးကို ငါတိုမတက်စေချင်ဘူး၊ အဲ့အတွက်ကြောင့် ပညာရေးတွေဖွင့်ပေးတယ်။ ဘာနဲ့ဖွင့်ပေးလဲဆိုတော့ Online ကနေဖွင့်ပေးမယ်ဆိုရင် Online ကိုသုံးနိုင်သော တိုင်းပြည်ရဲ့ကျောင်းသားလူငယ် Cambridge ကဘယ်လောက်လဲ၊ 3% လား၊ 5% လား၊ 10% လား၊ 12% လား၊ ဒါစဥ်းစားရမယ်။ မစဥ်းစားပဲနဲ့ ငါတိုဖွင့်ထားသားပဲဆိုတာမျိုးက အဓိပ္ပါယ်မရှိလှဘူး။ ဒါလဲ တခါပြန်ပြီးပြောရမယ်။ အဲ့တော့ ပြောချင်တာကဘာလဲဆိုတော့ Right to Education ကို ကျွန်တော်တိုလေးစားရမယ်။ Right to Education ကိုလေးစားတယ်ဆိုတာ အချိန်ကြာလာတဲ့အတွက်လေးစားရမှာ။ ဘာလိုလဲဆိုတော့ ကျောင်းမတက်နဲ့ဆိုတာမျိုး ကျွန်တော်တိုလဲပြောခဲ့ဖူးပါတယ်။ ဘာလိုပြောခဲ့လဲဆိုတော့ ေတာ်လှန်ရေးမြန်မယ်ထင်ခဲ့လို။ မမြန်တော့ဘူးဆိုလိုရှိရင် ကျွန်တော်တိုက တိုင်းပြည်ရဲ့အနာဂါတ်အတွက်ပါ ထည့်စဥ်းစားရမယ်။ ဟိုကောင်တွေကတော့ မစဥ်းစားဘူး၊ စစ်ကောင်စီကတော့ မစဥ်းစားဘူး သေချာတယ်။ သူတိုကျောင်းဖွင့်တာသည် စေတနာနဲ့ဖွင့်တာမဟုတ်ဘူး။ သူတိုသည်အပြလုပ်နေတာ။ အပြလုပ်နေတဲ့အတွက်ကြောင့် တတ်တယ်၊ မတတ်ဘူးဆိုတာတပိုင်း Issue တခု။ အဲ့တော့ ကျွန်တော်ပြောချင်တာက Issue ေတွကိုရောထွေးစဥ်းစားတဲ့ခါ ခုနကပြောတဲ့ ခံစားချက်တွေဝင်လာတယ်၊ နောက်တခုက ဘာတွေလဲဝင်လာလဲဆိုတော့ Emotion ကိုလှုဆော်ပြီးကာမှ အတွေးနဲ့စဥ်းစားတာမျိုးတွေလဲဖြစ်လာတယ်။ အဲ့တာမျိုးမစဥ်းစားပဲနဲ့လုပ်မယ်ဆိုလိုရှိရင် ကျွန်တော်ပြောတာက ဒီစစ်ကောင်စီကဖွင့်တဲ့ပညာရေးကို တက်တာ၊ မတက်တာကတပိုင်းမဟုတ်ဘူး၊ ပညာရှာဖွေတဲ့သူတွေအတွက်ကတော့ အပြစ်မရှိဘူးဆိုတာမြင်ရလိမ့်မယ်။ ဒါကိုအပြစ်ရှိပါတယ်ဇွတ်လုပ်ချင်လိုရှိရင် ဘယ်ဟာကအပြစ်ရှိလဲပြောလိုရှိရင် စစ်ကောင်စီကဖွင့်သောပညာရေးကိုသင်ရင်သာ အပြစ်ရှိတယ်လုပ်ကြတာ။ ပိုက်ဆံတတ်နိုင်လို ကိုယ်ပိုင်ကျောင်းတက်နေတဲ့သူတွေအများကြီး၊ သူတိုကိုကျ ဘယ်သူမှအ ပြစ်မပြောကြဘူး။ အဲ့တော့ သူတိုကကျတော့ ခုနကပြောသလို ခန့်ညားဟိန်းကို ကိုယ်ချင်းမစာလိုလား။ မဟုတ်ဘူး သူတိုတက်နိုင်လို တက်နေကြတာ။ ဒါပွင့်ပွင့်လင်းလင်းပြောတာ။ တက်နေသူတွေကို ကျွန်တော်တိုက အပြစ်မပြောဘူးဆိုလိုရှိရင် မတက်နိုင်လို စစ်ကျွန်ပညာရေးကိုသွားတက်သူတွေကိုကျ ကျွန်တော်တိုက အပြစ်မပြောသင့်ဘူး။ ဘာလိုလဲဆိုတော့ မြန်မာတစ်နိုင်ငံလုံးရဲ့ Cambridge က အပြင်ပညာရေးကျောင်းကို ဘယ်သူကတက်နိုင်လိုလဲ။ မတက်နိုင်တဲ့ကလေးတွေကျ ကျွန်တော်တို ဘယ်လိုလုပ် ပေးနိုင်မလဲစဥ်းစားပေးရမယ်။ ဟုတ်ပြီ၊ အဲ့လိုဆိုလိုရှိရင် အကုန်လုံးကြီး စစ်ကျွန်ပညာရေးကိုသွားတက်ကြဆိုတာ ကျွန်တော်ဆိုရင် ဒီဟာကိုဆန့်ကျင်တယ်၊ မတက်စေချင်ဘူး။ သိုသော်လဲ သူတိုတက်ပြီဆိုလိုရှိရင် သူတိုရဲ့ Right ၊ သူတိုရဲ့ Choice ၊ ဒါကိုလေးစားရမယ်ဆိုတာမျိုး ကျွန်တော်ပြော။ သွားတက်ကြလိုမပြောဘူး၊ ဒါပေမဲ့ တက်တဲ့သူမှာ အပြစ်မရှိဘူးဆိုတာ ကျွန်တော်ပြောချင်တယ်။ ဘာလိုလဲဆိုတော့ Right to Education။ ကျွန်တော်တို ဒ ီမိုကရေစီကိုယုံကြည်လိုရှိရင် ဒီမိုကရေစီအတိုင်းပဲ လိုက်နာရမယ်၊ ဒီမိုကရေစီအတိုင်းပဲ ကျင့်သုံးရလိမ့်မယ်။ မတက်စေချင်သော်လဲ သူတိုတက်ပြီဆိုလိုရှိရင် အပြစ်မပြောသင့်ဘူးလို ကျွန်တော်မြင်တယ်။ နောက်တချက်က NUG ကိုယ်တိုင်ကရော မတက်နဲ့ဆိုလိုရှိရင် ရတယ်၊ ဘယ်ချိန်ထိမတက်ရမှာလဲဆိုတာမျိုးတော့ ပြောရလိမ့်မယ်။ ဘာလိုလဲဆိုတော့ ကျွန်တော်တို နှစ်နှစ် Plan ထားတယ်လို ကိုတင်ထွန်းနိုင်တို၊ ဦးမန်းဝင်းခိုင်သန်းတိုပြောတယ်။ အဲ့တာဆို နှစ်နှစ်ပြီးလိုရှိရင် ဖွင့်ပေးနိုင်မလား Cambridge များများနဲ့။ အခုဖွင့်ထားတာမှန်တယ်၊ ဒါပေမဲ့ Cambridge ဘယ်လောက်မှမရှိဘူး။ Cambridge များများနဲ့ သူတိုဖွင့်ပေးနိုင်မယ်ဆိုလိုရှိရင် ကျွန်တော်ကိုယ်တိုင်လိုက်ပြီးကာမှ မင်းတိုစစ်ကျွန်ပညာရေးကို မတက်ကြနဲ့လိုပြောပေးမယ်။ Right to Education ဆိုပေမဲ့ အောင့်ထားရမဲ့ကာလကို ကျွန်တော်တိုအောင့်ထားရမယ်။ ဒါပေမဲ့ အောင့်ထားရမဲ့ကာလဘယ်လောက်တုန်းဆိုတာ မပြောနိုင်ဘူးရင်တော့ ဒါအဓိပ္ပါယ်မရှိဘူး။ ဒါကျွန်တော်တွေးတဲ့အတွေးသည် ဒီဟာပဲ။ မင်းကကျောင်းတက်ဖိုအတွက်ပြောနေတယ်၊ မင်းကအလကားကောင်ပါဆိုပြီး လာပြီးတော့ပြောကြတယ်။ ပြောပလေ့စေပါ ကျွန်တော်ပြဿနာမရှိဘူး။ ဒါပေမဲ့ ကျွန်တော်စဥ်းစားတာသည် Right to Education ။ ဒီမိုကရေစီကိုယုံကြည်လိုရှိရင် ဒီမိုကရေစီအရ ကျောင်းတက်ခွင့်ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တိုကတော့ စစ်ကောင်စီကဖွင့်တဲ့ပညာရေးကို မတက်စေချင်ဘူး။ သည့်အတွင်ကြောင့် Platform တွေဖွင့်ပေးကြဖို လူတွေကိုလှုဆော်ဖိုလိုတယ်။ Platform တွေဆိုတာ ခုနကပြောသလို NUG ကဖွင့်မပေးနိုရင် ကျွန်တော်တိုကိုယ်တိုင်က သက်မွေးပညာတွေ ဖွင့်ပေးမလား၊ ဒါမှမဟုတ်ရင် ပညာရပ်ဆိုင်ရာခွေတွေ ရှာပြီးတော့ ဖြန့်ဖြူးမလား။ ဒါမျိုး Platform အသစ်တွေကို စဥ်းစားပေးဖိုအတွက် တပြည်လုံးမှာတာဝန်ရှိတယ်။ ခုနကပြောသလို NUG ကိုပဲအပြစ်ပြောတာမဟုတ်ဘူး၊ ဒါပေမဲ့ NUG သည် တာဝန်ယူမှုအပိုင်းလေးတွေသပ်သပ်တော့ရှိတယ်၊ ရှိကိုရှိရလိမ့်မယ်။ အစိုးရလုပ်ချင်ရင် အစိုးရတာဝန်ယူရမယ်။ အဲ့တော့ တော်လှန်ရေးအစိုးရဖြစ်တဲ့အတွက်ကြောင့် တော်လှန်ရေးအတွက်ပဲတာဝန်ယူမယ်ဆိုရင်တော့ အချိန်ကာလသတ်မှတ်ပေးရလိမ့်မယ်။ ကျွန်တော်ပြောလိုခြင်းသည် ဒါပဲ။ ဒါလေးကိုပဲ ကျွန်တော်ပြောချင်တာပါ။ ကျေးဇူးတင်ပါတယ်။

သူရိယ xxx ( 0:27:03 to 0:29:28 )

 ဟုတ်ကဲ့၊ ဆရာသက္ကမိုးညိုပြောသွားတာ အရမ်းသဘာဝကျတယ်။ ကျွန်တော်တိုအနေနဲ့ NUG မဟုတ်လိုရှိရင်တောင်မှ အဖွဲအစည်းတခုခုသော်လည်းကောင်း ကျွန်တော်တိုရဲ့ပညာရေးအတွက် အာမခံပေးနိုင်မဲ့ဟာတခုခုတော့ လိုနေတာတော့အမှန်။ ဒါပေမဲ့ အဲဒီအတွက်ကို ကျွန်တော်တိုအနေနဲ့က ဘယ်လိုဖြေရှင်းသင့်လဲဆိုတာကို စဥ်းစားဖိုတော့လိုတယ်။ အခုနက ဆရာသက္ကမိုးညိုပြောသွားတဲ့အတိုင်း Online Learning ၊ ဒါမှမဟုတ် သက်မွေးပညာတခုခုကို Online Learning ကဖြစ်စေသင်ပေးတာမျိုး၊ Online Learning ကဆိုရင်တောင်မှပဲ တောထဲက ကလေးတွေအတွက်ကရော ဘယ်လိုလုပ်မလဲ စသဖြင့်ပြောတာတွေရှိတယ်။ ဒါပေမဲ့ ကျွန်တော်တိုအနေနဲ့ စဥ်းစားဖိုတခုက ဟိုးအရင်ကိုလိုနီခေတ်တုန်းကအကြောင်းပေါ့နော်။ အဲ့ကိုလိုနီခေတ်တုန်းက အကြောင်းတခုကို ဒီမှာဖြည့်စွက်ပြီးပြောချင်တာပေါ့။ အဲ့တုန်းက အဂ်လိပ်အစိုးရကို ကျောင်းသားသမဂ္ဂတွေက သပိတ်ဆက်မှောက်မလား၊ ဒါမှမဟုတ် အဂ်လိပ်အစိုးရကနေ သင်ပေးတဲ့ပညာနဲ့ပဲ ကျောင်းသားသမဂ္ဂတွေအနေနဲ့ ဆက်ပြီးတော့သွားမလား။ သင်ပေးတဲ့ပညာနဲ့သွားပြီးတော့ နောက်မှ သူတိုသင်တဲ့ပညာနဲ့ သူတိုကိုပြန်တော်လှန်မလား၊ ဒါမှမဟုတ် ကျွန်တော်တိုလိုပဲ CDM လုပ်ပြီးတော့ တော်လှန်မလားဆိုပြီး အရင်တုန်းကလဲ အဲ့လိုအခက်အခဲတွေရှိခဲ့တယ်။ ရှိခဲ့တဲ့အချိန်မှာ ဘာတွေပေါ်ပေါက်လာလဲဆိုရင် အမျိုးသားကျောင်းတွေ အများကြီးပေါ်ပေါက်လာတယ်။ အဲ့လိုမျိုးဟာတွေပေါ်ပေါက်လာတဲ့အတွက် ပညာရေးအတွက်ကို အများကြီးအထောက်အကူပြုခဲ့တာတွေရှိတယ်။ ကျွန်တော်တိုအနေနဲ့ကရော အဲ့လိုမျိုး မပေါ်ပေါက်နိုင်ဘူးလားဆိုတဲ့နေရာမှာ အခုနယ်ဘက်တချိုနေရာတွေ၊ စစ်ကိုင်းဘက်တွေမှာတော့ NUG ကဖွင့်တဲ့ကျောင်းတွေဘာတွေ အများကြီးပေါ်ပေါက်လာတာကိုတွေ့ရတယ်။ အဲ့လိုမျိုး ပေါ်ပေါက်လာတာက အမျိုးသားကျောင်းတွေနဲ့ရော ခပ်ဆင်ဆင်ဖြစ်မလား။ အဲ့လိုမျိုးဟာတွေကို ကျွန်တော်တိုအနေနဲ့ စဥ်းစားဖိုလိုတယ်။ တကယ်လိုများ အဲ့လိုအမျိုးသားကျောင်းတွေ ပေါ်ပေါက်လာခဲ့လိုရှိရင် လူတွေရဲ့အတွေးထဲမှာ တမျိုးတဖုံဖြစ်သွားနိုင်တယ်။ ဥပမာ ငါတိုရဲ့မြိုကို PDF တွေသိမ်းနိုင်ခဲ့လိုရှိရင်၊ ငါတိုရဲ့နယ်ဘက်တွေကို ထိန်းချုပ်မှုရလာခဲ့လိုရှိရင် ငါတိုရဲ့အနားမှာလဲ ကျောင်းတွေပေါ်ပေါက်လာမှာပဲ။ အဲ့ကျလိုရှိရင် ငါတိုကလေးတွေကျောင်းတက်ရမှာပဲ။ အဲ့ကျလိုရှိရင် ငါတိုတွေ ဒီမြိုတွေကိုသိမ်းနိုင်အောင် အများကြီးကြိုးစားကြမယ်ဆိုတာမျိုး တွေးပုံတွေးနည်းမျိုး ပေါ်ပေါက်လာမယ်လို ကျွန်တော့်အနေနဲ့တော့ ယူဆလိုရတယ်။ အဲ့ဒီအတွက်ကို ကျွန်တော်တိုအနေနဲ့ နယ်ဘက်တွေဘာတွေမှာရှိတဲ့ ကျောင်းတွေကို ပိုပြီးတော့ အားစိုက်ပေးဖိုရောလိုမလား စတဲ့အတွေးအမြင်တွေ ကျွန်တော်ထပ်ဖြည့်ပြီးတော့ စဥ်းစားကြည့်တာပါ။ ဒါပါပဲ။

ကိုရဲထက်(00.30.00  –  00.33.55)

       ဟုတ်ကဲ့ဗျ ကျေးဇူးတင်ပါတယ်။ နဂိုမေးခွန်းရှိတယ်ပေါ့ ဒီစကားဝိုင်းရဲ့ခေါင်းစဉ်သည် ‘ကျောင်းတက်တာ အပြစ်ရှိသလား’ ဆိုတဲ့ စကားဝိုင်းရှိတယ်။ ဒီပေါ်မှာတော့ အမြင် ဟိုလိုမျိုး ကွဲလွဲတာပဲပြောပြော ဒီလိုမျိုးတော့ သိပ်မတွေ့ရသေးဘူးပေါ့လေ။ ဒီမှာတော့ နောက်ထပ်မေးခွန်းတွေ ထပ်ရှိလာတယ်ပေါ့နော်။ အမျိုးသားကျောင်းလိုမျိုး ပေါ်လာနိုင်ခြေရှိလားပေါ့နော် ဒါလည်း အခုတခါတည်း ဆွေးနွေးလို့ရပါတယ် ကိုယ့်မှာအမြင်တွေရှိတယ်ဆိုရင်။ ဆိုတော့ ဆွေးနွေးပေးဖို့ ဖိတ်ပါတယ်။ ဆွေးနွေးချင်တဲ့လူများ ရှိလားဗျ။ ဟုတ် ကျွန်တော် နည်းနည်းလောက် ပြောထားကြည့်မယ်ပေါ့လေ။ ဆွေးနွေးချင်တာရှိရင် လက်ထောင်လိုက်ပါနော်။ ကျွန်တော် ဒီအတိုင်းပဲ ကြားထဲမှာ အချိန် ကျွန်တော် အမြင်လေးနည်းနည်း ပြောထားကြည့်လိုက်မယ်။ ဟို.. လူစောင့်ရင်းနဲ့။ ဒီစကားဝိုင်းက ကျွန်တော်တို့ ခေါင်းစဉ်ကိုက ကျွန်တော်တို့ သေချာပြင်ရတာပေါ့နော်။ ပြင်ရတယ်ဆိုတာ ဒါက အရင်ဆုံး ဒီ.. ကျောင်းတက်တဲ့သူတွေ အပြစ်ရှိလားဆိုတာ။ အပြစ်တင်တဲ့ကိစ္စပေါ့နော်။ ဒီ.. အပြစ်တင်တဲ့ကိစ္စကို ကျွန်တော်တို့ အဓိက ဆွေးနွေးချင်တာပေါ့လေ။ ကျောင်းတက်တာကောင်းလားလို့ ဒါမှမဟုတ်လည်း ကျောင်းတက်သင့်လားတို့ ဒါမှမဟုတ် စစ်ကျွန်ပညာရေးစနစ်ကို ထောက်ခံလားလို့ အဲ့လိုမျိုးဆိုရင်တော့ ကျောင်းကတော့ ဖြစ်နိုင်ရင် မတတ်တာကောင်းတာပေါ့နော်။ ဒီစစ်ကျွန်ပညာရေးစနစ်က ဟိုပုံ ဆရာသက္က ပြောသွားတာရှိတယ် အပြလုပ်တာပေါ့နော် ဒီစစ်ကျွန်ပညာရေးကဆိုရင်။ ဒါမဲ့ ကျွန်တော်က အပြလုပ်တာထက်ပိုတယ်လို့မြင်တယ်ပေါ့နော်။ အပြဆိုတာက ဒီတိုင်းပဲ ကျောင်းတက်တာ Legitimacy ရအောင်လို့လေ။ ကျောင်းသားတွေ ကျောင်းတက်တယ် သူ့မှာ Legitimacy ရအောင်ပေါ့နော်။ ဒါကလည်း တပိုင်းတစ တခုပေါ့ မှန်မှာပေါ့လေ။ တကယ်တမ်းကျတော့ ဒီပညာရေးစနစ်က ပုံသွင်းတာလည်း ပါတယ်ပေါ့နော်။ ပုံသွင်းတာကို ခေတ်အဆက်ဆက် သူတို့လုပ်ကြတယ်ပေါ့နော်။ ဒီထဲမှာ မေးခွန်းပြန်ထုတ်လို့မရအောင်၊ တခုခုဆို အသေမှတ်အောင်၊ အကြောက်တရားပေါ့နော် ဟိုးအရင်ခေတ်ဆို အရင်ခေတ်ဆို ခင်ညွှန့်တို့ခေတ်မှာဆိုလည်း မေးခွန်း(၃၃)ခု ထုတ်ပြီးတော့ပေါ့နော် ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေအကုန်လုံး ဖြေရတယ်ပေါ့။ ဖြေပြီးတော့ သူတို့ Parch လုပ်တာပေါ့လေ။ သူတို့ကို ဖီဆန်မဲ့လူတွေ အကုန်ဖယ်ထုတ်ပြီးတော ဒီမှာ  ရိုကျိုးမဲ့လူတွေပဲ သူတို့ပုံသွင်း ချထားတာပေါ့လေ။ အဲ့ထဲမှာ ဒီ.. ယန္တရားတခုလုံးမှာ ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေအကုန်လုံး သူတို့ကို ရိုကျိုးမဲ့လူတွေ အခုတခေါက်ဆိုလည်း ဒီ CDM လုပ်တဲ့လူတွေ ထွက်သွားပြီဆိုတော့ သူတို့တွေ Parch လုပ်တာပဲပေါ့လေ။ CDM လုပ်တဲ့ ဆရာ၊ ဆရာမတွေ ကျောင်းသားတွေက ထွက်သွားပြီဆိုတော့ ဒီထဲမျာ ကျန်ခဲ့တဲ့လူတွေက ပုံသွင်းလို့ရမဲ့လူတွေပေါ့နော်။ စစ်ကောင်စီက အမြဲတမ်း ဗျူဟာနဲ့သွားတယ်ပေါ့နော်။ အဲ့တော့ ရေတိုမှာတော့ သူတို့ရဲ့ဗျူဟာက Legitimacy ရအောင်လုပ်တာ ဖြစ်ပါလိမ့်မယ်။ ဒါမဲ့ ရေရည်မှာလည်း သူတို့ဗျူဟာရှိပါလိမ့်မယ်။ နောက် (၁၀)နှစ်၊ (၁၅)နှစ်၊ အနှစ်(၂၀)အတွက် သူတို့ကိုဖိဆန်မဲ့သူတွေကို ကြိုပြီးတော့ ဒီပညာရေးစနစ်ကနေ ကြိတ်ပလိုက်တာပေါ့လေ။ အဲ.. ကြိတ်ချပလိုက်တာပေါ့။ ဆိုတော့ ပညာရေးစနစ်ဆိုတာကလည်း ဟို.. သေနတ်တိုတာ တယောက်ပဲသတ်လို့ရတယ်ပေါ့လေ ဒါမဲ့ ဒီပညာရေးစနစ်က ဒီပညာရေးစနစ်ထဲမှာဆို ဒီလူတွေရဲ့ အတွေးအခေါ် အယူအဆ အကုန်သတ်ပလိုက်လို့ ရတယ်ပေါ့လေ။ ဆိုတော့ အရမ်းကြောက်ဖို့လည်း ကောင်းပါတယ်။ ဒီလူကို ပညာမတတ်အောင် လုပ်လိုက်တာက ဒီလူတွေအကုန်လုံးကို စစ်ကျွန်လို့ပြောတာပေါ့လေ။ ဒီပညာရေးစနစ် မကောင်းတာက ဒီကျွန်တော်တို့ တော်တော်များများက လက်ခံကြတယ်ပေါ့လေ လက်ခံကြတယ်။ ဒါမဲ့ ခုမေးခွန်းက ဘာဆက်လုပ်ကြမလဲပေါ့နော်။ အဲ့တော့ ဒီကျာင်းတက်တဲ့သူတွေကို ကျွန်တော်တို့ ပြောကြတယ် တိုက်ခိုက်ကြတယ်။ ဆိုတော့ အဲ့နေရာမှာလည်း ကျွန်တော့အမြင်ကတော့ မတိုက်ခိုက်သင့်ဘူးလားဆိုတော့ တိုက်ခိုက်သင့်တယ်ပေါ့နော် တိုက်ခိုက်သင့်တယ်။ ဒါမဲ့ တိုက်ခိုက်တဲ့နေရာမှာလည်း စည်းရုံးရေးဆန်ဆန် ဖြစ်သင့်တယ်။ ဒီအထဲမှာရှိတဲ့ စနစ်ပေါ့လေ။ စနစ်ကဲ့ အားနည်းချက်တွေကို နားလည်အောင် ဘယ်လိုပြောရမလဲ ကြိုးစားပြီးတော့ ဆွဲခေါ်သင့်တယ်ပေါ့နော်။ ဆိုတော့ ဒီလိုပုံစံနဲ့ ကျွန်တော်တို့ စည်းရုံးရေးဆန်ဆန် တိုက်ခိုက်သင့်တယ်။ အထဲမှာဘာတွေ အားနည်းချက်ရှိတယ်၊ ဘယ်လိုမျိုးတွေ ပုံသွင်းတာမျိုးတွေရှိတယ်။ ဒါတွေကို ထောက်ပြပြီး ကျွန်တော်တို့ ကျောင်းတက်တာထက်ပေါ့နော် ဒီ.. ပညာရေးစနစ်ကဲ့ အားနည်းချက်တွေကို ထောက်ပြသင့်တယ်။ ပြီးတော့ ကျွန်တော်တို့ ဘယ်လိုမျိုး ကုစားမလဲဆိုတဲ့ အစီအစဉ်တွေကို စဉ်းစားသင့်တယ်။ ဒါကတော့ အင်မတန် ကျယ်ပြန့်တဲ့ကိစ္စဖြစ်မယ်လို့ထင်တယ်။ ဒီပညာရေးစနစ်အသစ်တခုကို ဘယ်လိုပုံဖော်ကြမလဲဆိုပြီး ဒါလည်း အချိန်ရမယ်ဆိုရင် ဆက်ပြီး ဆက်ဆွေးနွေးချင်ပါတယ်။ အခုတော့ ကိုမင်းယံထက်က လက်ထောင်ထားတာဆိုတော့ ကိုမင်းယံထက် ဆွေးနွေးပေးပါဗျ။

ကိုမင်းယံထက် (00.33.57 – 00.39.48)

           ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော်လည်း အဓိကအားဖြင့်တော့ အရင်ဆုံး ဆရာတွေဆွေးနွေးတာကို နားထောင်နေတာပေါ့လေ။ ဒါတော့ ခုဏက ကိုရဲထက် ဆွေးနွေးသွားရင်းနဲ့မှ ကျွန်တော့ခေါင်းထဲမှာ အတွေးတခုပေါ်လာလို့ပါ။ ဆိုတော့ စည်းရုံးရေးသဘောဆန်ဆန်နဲ့ ကျွန်တော်တို့က သူတို့ကို အပြစ်တင်ဖို့လို ထားပါတော့လေ ပြောဖို့လိုတယ်ဆိုတဲ့အခြေအနေမျိုးပေါ့။ ဆိုတော့ ကျွန်တော်တို့မှာ မှားခဲ့တဲ့ကိစ္စထဲမှာ ကျွန်တော်က ခုဏကလည်း ဒါ.. ကျွန်တော်ဆွေးနွေးသွားတဲ့အထဲမှာ CDM ဝန်ထမ်းတွေဆိုတဲ့ ကိစ္စပေါ့လေ။ CDM ဝန်ထမ်းတွေရဲ့ အခြေအနေကို ကျွန်တော်တို့ ပြောသွားတာရှိပါတယ်။ အခုလည်း ကျွန်တော် အဲ့တာလေးကို နည်းနည်းလေးထပ်ပြီး ပြောချင်ပါတယ်။ အဲ့တာ ကျွန်တော့ကို အချိန်လေးနည်းနည်း ပေးပါပေါ့လေ။ ဆိုတော့ ကျွန်တော်တို့တွေက ဟို.. လူထုကို စည်းရုံးတဲ့အခါမှာ နောက်တချက်ကကျတော့ ကိုယ့်ဘက်ပါလာအောင် စည်းရုံးတဲ့အခါမှာ ကျွန်တော်တို့တွေက တံခါးပိတ်ဝါဒကို သုံးလို့မရဘူး။ တံခါးပိတ်လို့မရဘူးဆိုတဲ့ အခြေအနေမျိုးပေါ့လေ ကျွန်တော်ကမြင်ပါတယ်။ ဆိုလိုချင်တာက ကျွန်တော်တို့က CDM နဲ့ပါတ်သတ်လို့ ဒါအရင်က  CDM တံခါးကြီးပိတ်ပါပြီ ဆိုတဲ့ အခြေအနေမျိုး ဒါက CDM နဲ့ Non-CDM နဲ့ကို တကယ့်ကိုစည်းကြီးတခုကို ခြားပြီးတော့ လုပ်လိုက်တဲ့ကိစ္စကြီးက ကျွန်တော့တဉီးတည်း အမြင်အရဆို အဲ့တာ အင်မတန်မှားတဲ့ ကိစ္စပေါ့။ ဘာကြောင့်လဲဆိုတော့ ဒါ ခုချိန်မှာ စစ်သားတွေပေါ့လေ လက်ရှိ အကြမ်းဖက်စစ်တပ်က  စစ်သားတွေကို ကျွန်တော်တို့က ပြည်သူ့သားကောင်းတွေအဖြစ်နဲ့ ပြန်ပြီးတော့ လက်ခံနေတဲ့ အချိန်မှာ ကျွန်တော်တို့က ခုဏကပြောခဲ့တဲ့ Non-CDM ဖြစ်နေခြင်းဆိုတဲ့ အခြေအနေက ကျွန်တော်တို့က ပြန်ပြီးတော့ လက်မခံနိုင်တော့ဘူး အတိအလင်းကြေညာတဲ့ အခြေအနေမျိုးပေါ့နော်။ ကျွန်တော်ကတော့ အဲ့တာကိုပဲမြင်တယ်။ အဲ့လိုမျိးမြင်တဲ့အတွက် Non-CDM ဖြစ်သွားတဲ့သူက ဒါမှမဟုတ် CDM မလုပ်တဲ့သူက သူရဲ့ဟာမှာသိပ်ပြီး မထူးတော့ဘူး။ ဘာလို့လဲဆိုတော့ သူ့ကို တံခါးပိတ်လိုက်ပြီ မင်းက Non-CDM ပဲ မင်းရဲ့တဘဝလုံးက Non-CDM ပဲ ငါတို့အနေနဲ့မင်းကို ပြည်သူနဲ့ဆန့်ကျင်ဘက်မှာလို့ သတ်မှတ်လိုက်ပြီ မင်းကို ပြည်သူ့သစ္စာဖောက်လို့ သတ်မှတ်လိုက်ပြီဆိုတဲ့ အခြေအနေမျိုးကို သတ်မှတ်လိုက်တဲ့အတွက် သူရဲ့ဘဝက မထူးတော့ဘူး။ အဲ့တော့ သူက ဒီဘက်လည်းပါလာမှာ မဟုတ်တော့ဘူး သိပ်မထူးတဲ့ဘဝမှာ သူကဆက်ပြီးတော့ပဲ မထူးသလို့ပဲ နေတော့မှာပေါ့လေ။ ဆိုတော့ အဲ့အခြေအနေမျိုး အဲ့တော့ ကျွန်တောတို့က စည်းရုံးတဲ့အခါမှာ ကိုယ့်ဘက်ပါလာအောင် စည်းရုံးတဲ့အခါမှာ အချိန်မလိုဘူးဗျ။ Time limit မလိုဘူးဗျ။ ကျွန်တော်တို့က ရသလောက် ရသလောက် ရသလောက်ကို ကျွန်တော်တို့က ဆွဲထုတ်ပြီး စည်းရုံးနေဖို့လိုတယ်။ ဆိုတော့ တံခါး CDM ကိစ္စပေါ့ ကျွန်တော်ဒါကို ပြန်ချုံ့ရရင်တော့ CDM ကိုခုဏကပြောတဲ့ အချိန်တခုသတ်မှတ်ပြီးတော့ တံခါးပိတ်လိုက်ပါပြီဆိုပြီး လုပ်လိုက်တဲ့ကိစ္စ အင်မတန်မှားတယ်လို့ ကျွန်တော့အနေနဲ့မြင်တယ်။ ဒါကတပိုင်း။ နောက်တခုကကျတော့ ကျောင်းသားကိစ္စပေါ့။ ကျောင်းသားကိစ္စမှာကျတော့ ခုဏက ဆရာသက္ကမိုးညို ဆွေးနွေးသွားတာ ရှိပါတယ်။ ဆိုတော့ ကျွန်တော်ကကျတော့ အဲ့ဒီကျောင်းကိစ္စလို့ ပြောလိုက်ရင် ကျွန်တော်က ဘယ်အမြင် ဘယ်ရှုထောင့်ကနေ ချည်းကပ်သလဲဆိုတော့ ကျွန်တော်က ကျောင်းမတက်လို့ စစ်အုပ်စုရဲ့ လက်ရှိမှာ ဒီအာဏာသိမ်းအုပ်စုရဲ့ ယန္တရားလည်ပတ်နေမှုကို ကျွန်တော်တို့က ဘယ်လောက်ထိ အနှောက်အယှက် ပြုနိုင်သလဲဆိုတဲ့ အခြေအနေပေါ်မှာ ကျွန်တော်က စဉ်းစားတယ်ပေါ့လေ။ ဒီအချိန်မှာ တခြားသော ဒါ.. ကျောင်းတက်ခြင်း၊ ကျောင်းမတက်ခြင်း နောက်ပြီးတော့ NUG ကကျောင်းတက်ခြင်း၊ NUG ကစီစဉ်တဲ့ကျောင်းကိုတက်ခြင်း၊ စစ်အုပ်စုက စီစဉ်တဲ့ကျောင်းကိုတက်ခြင်း အခြေအနေက ကျွန်တော်က ခွဲပြီးတော့ မပြောလိုဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဒီအချိန်မှာ ကျောင်းတက်တယ်ဆိုတဲ့ကိစ္စ ဒါမှမဟုတ်လည်း ပညာသင်တယ်ဆိုတဲ့နေရာမှာ ကျွန်တော်က တော်လှန်ရေးအတွက် လိုအပ်တဲ့ဟာတွေကို မဆိုလိုဘူး တခြားသောအတန်းပညာနဲ့ သင်ရိုးတွေကို သင်ကြားနေတဲ့ကိစ္စက ဒီအချိန်မှာ ကျွန်တော့်အတွက် တော်တော်လေး အဓိပ္ပါယ်မဲ့တယ်ဆိုတဲ့ အခြေအနေမျိုးကို ကျွန်တော်ကစဉ်းစားတယ်။ ဒါက ကျွန်တော်တဉီးတည်းရဲ့ ကိုယ့်ကိုယ်ကို ဗဟိုပြုပြီး စဉ်းစားထားတာမျိုး ဖြစ်တဲ့အတွက် တခြားသူနဲ့ကျွန်တော်က တူချင်မှတူပါလိမ့်မယ်။ အဲ့လိုမျိုး ကျွန်တော်က ကျောင်းတက်တယ် ဘယ်လိုမျိုး ညာလိုတက်တယ်ဆိုတဲ့ ကိစ္စမျိုးက ကျွန်တော့်အနေနဲ့ အကုန်လုံးက  ကျွန်တော့်အတွက် အဓိပ္ပါယ်နည်းနည်းလေးမဲ့တယ်။ ဒါပေမဲ့ အဲ့နေရမှာမှ ကျွန်တော်တို့က စစ်ကောင်စီရဲ့ကျောင်းမှာတော့ မတက်ဘူးဆိုရင် သူတို့ရဲ့ ယန္တရားကို ငါတို့က ဘယ်လောက်ထိ အနှောက်အယှက်ပြုနိုင်သလဲဆိုတဲ့ အချက်ပါ။ အဲ့အချက်လောက်ကို ကျွန်တော်တို့က အခုချိန်ထိ ရှင်းလင်းတိကျသေချာစွာနဲ့ ကျွန်တော်တို့က မပြောပြနိုင်ဘူး။ အဲ့တာတွေက ကျောင်းသားမိဘတွေကို မပြောပြနိုင်သလို ကျွန်တော်တို့ကျောင်းသားတွေ လက်ရှိအချိန်မှာ CDM လုပ်နေတဲ့ကျောင်းသားတွေရော၊ CDM မလုပ်နေတဲ့ကျောင်းသားတွေရော ကျွန်တော်တို့က မပြောပြနိုင်ဘူး။ အဲ့တာက ကျွန်တော်တို့ကိုယ်တိုင်လည်း မပြောပြနိုင်ဘူး၊ ဒီ NUG ကလည်း မပြောပြနိုင်ဘူး၊ ဒီပညာရေးဝန်ကြီးဌာနကလည်း မပြောပြနိုင်ဘူး။ အဲ့လိုမျိုး မပြောပြနိုင်တဲ့အတွက် သူတို့ဟာ တချို့အခြေအနေတွေမှာ ရွေးချယ်ရခက်တယ်။ သူတို့အတွက် ကျွန်တော်တို့က အခွင့်အလမ်းတွေပေးဖို့ ပြောတာ မဟုတ်ဘူး။ မင်းတို့အဲ့ကျောင်းမတက်နဲ့ အဲ့တာဆိုရင် ငါတို့က မင်းတို့ကို ဒီ NUG ကကျောင်းထားပေးမယ် NUG ကစီစဉ်ပေးမယ်။ အဲ့လိုမျိုးဆိုရင် မင်းတို့အတွက် ဘယ်လိုအခွင့်အလမ်းတွေ ရမယ်ဆိုတာ ဆိုလိုတာမျိုး ပြောချင်တာမျိုး မဟုတ်ဘူး။ အဲ့လိုမျိုးပြောဖို့လည်း မလိုဘူးလို့ ကျွန်တော်ကထင်တယ်။ ဆိုတော့ ဒါပေမဲ့လို့ မင်းတို့တွေ ကျောင်းမတက်လိုက်ခြင်းအားဖြင့် သူတို့ကို တဆင့်ချင်းစီ ကျွန်တော်တို့က ပြောပြဖို့လိုတယ်။ မင်းတို့ကျောင်းမတက်လိုက်ခြင်းအားဖြင့် ဘယ်လိုနေရာတွေမှာတော့ ငါတို့က ဒီအာဏာသိမ်းစစ်အုပ်စုရဲ့ ယန္တရားကို ပြင်းပြင်းထန်ထန်ထိခိုက်သွားမယ်၊ ဘယ်လို နောက်ထပ် ဘယ်လောက်ကြာရင် ကာလဘယ်လောက်ကြာရင် နှစ်လကြာရင်၊ သုံးလကြာရင် ပိုကြာလာတာ ပိုကြာလာတာနဲ့အမျှ သူရဲ့ဟာ ဘယ်လိုတွေပျက်ယွန်းလာမယ်၊ ဘာတွေဖြစ်လာမယ်ဆိုတဲ့ အခြေအနေမျိုး ကျွန်တော်တို့ဟာ ပြောပြနိုင်စွမ်း မရှိသေးဘူး။ အဲ့လိုမျိုး မရှိတဲ့အတွက် လောလောဆယ်မှာ ကျောင်းတက်ခြင်း၊ ကျောင်းမတက်ခြင်းဆိုတဲ့ ကိစ္စမှာ ကျွန်တော်တို့က အပြစ်ကို ကြီးကြီးမားမား တင်လို့မရနေတဲ့ ပြသာနာတွေ ဖြစ်နေတယ်။ ဆိုတော့ ကျွန်တော်တို့က ခုဏကပြောတဲ့ အပြစ်တင်မှာလား၊ မတင်ဘူးလားလို့ အရင်စဉ်းစားတဲ့အခါမှာ သူတို့ဟာ သူတို့ကို ကျွန်တော်တို့ကကော ဘာတွေကို သေသေချာချာနဲ့ ရေရေရာရာ ရှင်းပြပြီးပြီလဲ၊ ပြောပြပြီးပြီလဲဆိုတဲ့ အခြေအနေကို ကျွန်တော်တို့က စဉ်စားဖို့လိုတယ်။ အဲ့နေရာမှာ ခုဏက ကျွန်တော်တို့ အရှေ့မှာ ဉပမာပြုခဲ့တဲ့ CDM ကိစ္စနဲ့ပြန်ပြောရမယ်ဆိုရင် ကျွန်တော်က သူတို့ကို ကြားထဲမှာ စည်းတခုခြားလိုက်သလို မလုပ်လိုက်ဘဲနဲ့။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘက်ပါအောင် စည်းရုံးတဲ့အခါမှာ Time limit  တခုထားပြီး နောက်ဆုံး ကျွန်တော်တို့က ဒီ.. ကျောင်းသား CDM တံခါးကြီး ပိတ်ပါပြီဆိုပြီးတောင် လုပ်လိုက်ရင် အဲ့ဒီကစ္စက ပိုတောင်မှ ဆိုးသွားမှာ။ ဟိုဘက်ဒီဘက်ကို လုံးဝကို ခွဲခြားလိုက်တာ ကျွန်တော်တို့က အဲ့လိုမျိုး ခွဲခြားလို့မရဘူး ဆိုတဲ့အတွက် လက်ရှိအချိန်မှာတော့ ဟို.. ကျွန်တော့တဉီးတည်းရဲ့ အမြင်မရဆိုရင်တော့ ကျွန်တော့အနေနဲ့ ကျောင်းတက်တဲ့ ကျောင်းသားတွေကို ကျွန်တော့ရဲ့ စိတ်ခံစားမှုမှာတော့ ဟို.. မကြိုဘူးပေါ့ဗျာ။ ဒါကတော့ မကြိုက်ဘူးပေါ့ ကျွန်တော်ကိုယ်တိုင်လည်း ဒါ သပိတ်မှောကြဖို့ စာသင်ခန်းတွေကို စွန့်ခွာကြဖို့ ကျွန်တော်ကိုယ်တိုင်လည်း အမြဲတမ်းပြောနေတာပါပဲ။ ဆိုတော့ ကျွန်တော့်ကိုယ်တိုင်တော့ မကြိုက်ဘူး ဒါပေမဲ့ သူတို့ကို တကယ့်ကို ခုဏကလိုမျိုး စည်းတခုခြားပြီးတော့ ဟာ.. မင်းတို့ဟာက ပြည်သူနဲ့ ဒါမှမဟုတ် ငါတို့ကျောင်းသားတွေနဲ့ ဆန့်ကျင်ဘက်မှာ ဖြစ်သွားပြီ၊ မင်းတို့က စည်းတဖက်မှာ ဖြစ်သွားပြီ၊ ငါတို့ဘက်က မဟုတ်တော့ဘူးဆိုတဲ့အပိုင်းမျိုးဟာ ကျွန်တော်တို့က ခုချိန်မှာ လုပ်လို့မသင့်ဘူး။ ဘာကြောင့်လဲဆိုတော့ ခုဏကပြောတဲ့ နှစ်ပိုင်းကို ကျွန်တော်တို့က လုပ်ရမယ်။ တခုက ကျွန်တော်တို့က သူတို့ကို ကျွန်တော်တို့က သေသေချာချာ ရေရေရာရာနဲ့ ဘယ်လို ဘယ်လိုတွေ မင်းတို့ကျောင်းမတက်ခြင်းအားဖြင့် ဘာတွေဖြစ်လာမယ်၊ ဘယ်လောက်ထိ ငါတို့က ဒီလိုကျောင်းမတက်ခြင်းရဲ့ စွမ်းအားတွေပေါ့ဗျာ။ ဒီလိုကျောင်းမတက်ခြင်းရဲ့ လုပ်နိုင်စွမ်းတွေက ဘယ်လောက်ထိ ရှိသလဲဆိုတာကို သေချာပြောပြပြီး ကျွန်တော်တို့က စည်းရုံးရမယ်။ နောက်တပိုင်းမှာ အဲ့လိုစည်းရုံးပြီး စည်းရုံးပြီး ရလောက်အင်အားကို ကျွန်တော်တို့က ဒီဘက်အပိုင်းမှာ ဒီဘက်အပိုင်းဆိုတာဗျာ ကျွန်တော် ခုဏကပြောခဲ့တဲ့ ပညာရေးကို သပိတ်မှောက်ခြင်းပေါ့လေ။ နောက်ဆုံးမှာတော့ ပညာရေးစနစ်တစုံလုံးကို ဖြိုချခြင်းပေါ့ဗျာ။ ဆိုတဲ့စနစ် အခြေအနေကြီးကို ကျွန်တော်တို့က ရအောင်သွားဖို့ လိုတယ်လို့ ကျွန်တော်ကမြင်တယ်။ ဆိုတော့ ဒါက ကျွန်တော့ရဲ့အမြင်ကို ကျွန်တော် ယူပြီးတော့ ဆွေးနွေးတာပါ။ ကျေးဇူးပါဗျ။ ဟုတ်။

ကိုရဲထက် (00.39.51 – 00.41.38)

       ဟုတ်ကဲ့ ကိုဝေယံထက် ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်။ ဆိုတော့ ကို.. အောင်ဖြိုးကျော်ကို ဖိတ်ချင်ပါတယ်နော်။ ခဏလေးပေါ့ ကျွန်တော်ဒီမှာ Comment လေးတွေ ဖတ်ပြသွားချင်လို့ပေါ့ တချို့ Comment လေးတွေရှိလို့။ တယောက်ကတော့ ကျောင်းမတက်မိတာ နောင်တရတယ်ဆိုတော့ ဝင်ဆွေးနွေးလို့ ရပါတယ်။ ကိုယ်ဘယ်လိုမျိုး စဉ်းစားပြီးတော့ ခံစားချက် ရှိလဲဆိုတာကို။ နောက်တခုကကျ ဒီမှာတော့ ကျွန်မရဲ့အခက်အခဲကတော့ ကျောင်းမတက်သေးပါဘူး နိုင်သလောက် တော်လှန်ရင်း စောင့်မှာပါဆိုတာ ရှိနေတယ်။ ပြီးတော့ စကစ ကျောင်းတက်တဲ့သူတွေကို ကျောင်းမတက်တဲ့… ကျောင်းတက်တဲ့သူတွေက ကျောင်းမတက်တဲ့သူတွေကို ခွဲခြားဆက်ဆံလာတယ်။ အဲ့တော့ ကျောင်းမတက်ခဲ့တဲ့ကလေးတွေက အားငယ်လာတယ်ပေါ့နော်။ ဆိုတော့ ဒါက ခွဲခြားမှုက အပြန်အလှန်ရှိလာနိုင်တယ်။ နောက်တခုဆွေးနွေးထားတာကတော့ Omega DYT ကဆွေးနွေးတာ စစ်ကျွန်ပညာရေးကတော့ မတက်တာကောင်းတယ် တက်ရင်လည်း အပြစ်ရှိတယ်လို့ ပြောချင်ပါတယ်။ တနိုင်ငံလုံး ဒုက္ခရောက်နေတဲ့ အချိန်မှာ ကိုယ်က စစ်ကောင်စီဖွင့်တဲ့ကျောင်းမှာ သွားမတက်သင့်ဘူးလို့ ထင်ပါတယ်။ မိဘတွေက သူ့သားသမီးနစ်နာနေပြီလို့ ပြောကြပေမဲ့ တချို့ကလေးတွေကနေ ပြန်ကြားနေရတာတော့ ခုချိန်သူတို့က ကျောင်းတက်ပြီး ဆယ်တန်းအောင် ဘွဲ့လက်မှတ်ရရင်တောင်မှ သူတို့ရတာကို ထုတ်ဖော်ပြောရဲမှာ မဟုတ်သလို၊ ပညာလည်း တက်မှာမဟုတ်ဘူး။ သတို့သားသမီးတွေကနေ ပြန်ပြောတာကိုတော့ ကြားရပါတယ်။ မိဘ.. တချို့ဆို NUG ပညာရေးက ဘယ်တော့ဖြစ်လာမလဲ (၁)နှစ်လား၊ (၂)နှစ်လား အမေးခံရတာတွေ ရှိပါတယ်။ ခုဏက ဆွေးနွေးခဲ့သလို အရပ်ဘက်အဖွဲ့အစည်းကနေ ကြိုးစားပြီးတော့ ပညာရေးအတွက် ဖော်ဆောင်သင့်ပါတယ်။ မီးမရတဲ့ဒေသတွေ ဆိုလာမီးစီစဉ်ပေးတာမျိုး၊ Internet Bill ထည့်ပြီးတော့ စာသင်ပေးတာမျိုးကို အရပ်ဘက်အဖွဲ့အစည်းများက NUG နဲ့ပူးပေါင်းပြီးတော့ ဝိုင်းဝန်းဆောင်ရွက်ကြမယ်ဆိုရင် အထောက်အကူ ပြုနိုင်မလားပေါ့နော်။ ပြီးတော့ ဒီမှာဆိုလဲ လူ့စွမ်းအား အရင်းအမြစ်တွေ အများကြီး လိုမယ်လို့လည်း ထင်ပါတယ်တဲ့။ ဟုတ်ကဲ့ ကိုယ်တိုင်လည်း ဝင်ဆွေးနွေးလို့ ရပါတယ် လက်ထောင်ပြီး။ ဆိုတော့ အခု ကိုအောင်ဖြိုးကျော်ကို ဆွေးနွေးပေးဖို့ ဖိတ်ချင်ပါတယ်။

ကိုအောင်ဖြိုးကျော် (00.41.38 – 00.45.04)

       ဟုတ်ကဲ့ဗျ ဟုတ် ဟို .. ရှေ့က ပြောသွားတဲ့ဟာတွေပေါ့နော် ဒီ.. ကျွန်တော်တို့က စည်းရုံးရေးနဲ့အတူပေါ့နော် ကျောင်းတက်နေတဲ့သူတွေကို Social Punishment လုပ်တာက ဒါတပိုင်းပေါ့နော်။ ပြီးတော့ ကျွန်တော်တို့က သူတို့ကို ကိုယ့်ဘက်ကို ပြန်ပါလာအောင် ချက်ကျလက်ကျ စည်းရုံးနိုင်တဲ့ ဟာမျိုး လုပ်ရမယ်ဆိုတာကိုတော့ ကျွန်တော် လက်ခံကြောင်း ကျွန်တော် ပြောချင်တယ်ပေါ့နော်။ အဲ့တာလေး ကျွန်တော်စဉ်းစာမိလို့။ နော်တခုကတော့ ဒီစစ်ကျွန်ပညာရေးက သပိတ်မှောက်သင့်တဲ့ အချက်ပေါ့နော်။ ဘာလို့လဲဆိုတော့ ပထမပိုင်းမှာကျွန်တော် တွေ့ခဲ့ရတဲ့ဟာတွေကို ကျွန်တော့အမြင်ပြောပြရရင် ကျွန်တော်ကျောင်းမှာ ဆိုလို့ချင်ရင် ပထမပိုင်းမှာတော့ ကျွန်တော်တို့က ဟို .. ကျွန်တော်တို့ စာနာတယ်ပေါ့ဗျာ။ ဒီ xxxxxxx ယောင်တဲ့ဟာတွေကော၊ နောက်တခုက ဒီတိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကောပေါ့နော် စာနာတယ်။ ဒါအစောပိုင်း ပြောကြတယ်ပေါ့နော် ကျောင်းမဖွင့်ခင်က နောက်ပိုင်းကျ ကျောင်းဖွင့်တဲ့ အချိန်မှာကျ ဘယ်လိုဖြစ်လာလဲဆိုတော့ မိဘတွေ Pressure ကြောင့် ဒါ.. သွားတက်ကြတယ်ပေါ့ သွားတက်ကြတယ်။ ဒါပေမဲ့ သူတို့က ပြောတယ်ပေါ့နော် ပြောတယ်ဆိုတာက ဘယ်လိုပြောကြတာလဲဆိုတော့ ကျောင်းသားတွေက သူတို့ကတော့ ဒါ သူတို့မိဘတွေကြောင့် လုပ်ရတယ် ဒါမဲ့ မှားမှန်းသိတယ်ပေါ့နော် မှားမှန်းသိတယ်။ သိရက်နဲ့ သူတို့ကပေါ့နော် သူတို့တက်ရင်းနဲ့ပေါ့နော် ငွေကြေးထောက်ပံ့တာမျိုး လုပ်ပေးမယ်ပေါ့နော် ဒီအတိုင်းပေါ့နော် တော်လှန်မယ်ပေါ့နော် ကျောင်းတက်ရင်းနဲ့တော်လှန်မယ်လို့ ပြောကြတယ်။ ဒါပေမဲ့ သူတို့က ဒါပါးစပ်ကနေ သူတို့က ဒါမတက်ခင်ကတော့ ဒီတိုင်းပြောသွားတယ် တကယ်တက်သွားတဲ့အချိန်မှာ ကျောင်းသားတွေက ဝိုင်းပြီး Social Punishment လုပ်ကြတယ်။ လုပ်ကြတဲ့အချိန်မှာ ဘယ်လိုဖြစ်သွားလဲဆိုတော့ သူတို့က ဒီပေါ့နော် ကျွန်ကျောင်းမှာသွားတက်တော့ ကျွန်စိတ်ပေါက်သွားတဲ့သဘောဖြစ်သွားတယ်ပေါ့  ပထမပိုင်းမှာ ဒီအတိုင်းပေါ့ ကိုယ့်ကိုယ်ကို လိပ်ပြာမလုံတာ ဒီရှက်အားငယ်စိတ်တွေနဲ့ သူတို့ဒီတော်လှန်ရေးကို အကျိုးပြုပါမယ် ဘာညာနဲ့ Reason ပေးပေမဲ့ နောက်ပိုင်းကျတော့ သူတို့က ဘယ်လိုဖြစ်လာလဲဆိုတော့ အဲ့ဒီ  Social Punishment လုပ်တဲ့သူကို ပြန်ရွဲ့လာတယ် အယ်.. ပြန်ရွဲ့လာတယ်။ သူတို့ပုံတွေတင်တယ်ပေါ့ဗျာ ကျောင်းတက်တာ သူတို့မှန်တယ် လုံးဝကို Right ဖြစ်တယ်ပေါ့နော် ကျောင်းမတက်တဲ့ကောင်တွေ မှားတယ်ဆိုပြီးတော့ လုပ်လာတယ်။ လုပ်လာပြီးတော့ သူတို့ကပြန်ပြီးတော့ပေါ့နော် ကျောင်းမတက်တဲ့ လူတွေကို ပြန်ပြီးတော့ Social Punishment လုပ်တဲ့ပုံစံတွေ၊ နောက်ပြီး ပြန်ရွဲ့တဲ့ပုံစံတွေ လုပ်လာတယ်ပေါ့နော်။ နောက်ဆုံးကျရင် ဘယ်လောက်ထိ ဆိုးသွားလဲဆိုတော့ အာ့မျိုးပေါ့နော် သူတို့လုပ်တာက နောက်ဆုံးမှာ ပထမပိုင်းတုန်းကတော့ သူတို့မှားတယ်ဆိုပြီးတော့ ခံစားရပေမဲ့ နောက်ပိုင်းသွားတက်လိုက်တဲ့ အချိန်မှာ သူတို့မှန်တယ်ဆိုပြီး ဖြစ်လာတယ်။ ဖြစ်လာပြီးတော့ ဘယ်လောက်ထိ  ဖြစ်သွားနိုင်လဲဆိုတော့ နောက်ပိုင်းကျတော့ ကျွန်တော်စဉ်းစားကြည့်တယ်ပေါ့နော် ဘာလို့လဲဆိုတော့ သူအခုပေါ့နော် မတက်ခင်တုန်းကပေါ့ မတက်ခင်တုန်းက ကျောင်းမဖွင့်တာကို မတက်တုန်းကကျတော့ ကျွန်တော်တို့က ဒီသမဂ္ဂတွေ၊ IUC ထံကအလှူငွေကောက်ခံတာတွေ ဘာတွေရှိတယ်ပေါ့နော်။ အဲ့တော့ အနည်းနဲ့အများ သူတို့သည် ဒီကျောင်းထဲမှာရှိတဲ့ ဘယ်သူတွေက တက်ကြွလှုပ်ရှားကြတဲ့သူတွေလည်းဆိုတာကို အဲ့သွားတက်တဲ့ သူတွေက သိတယ်ပေါ့နော်။ နောက်ပိုင်းကျ ဘယ်လောက်ထိ ဖြစ်လာနိုင်လဲဆိုတော့ အဲ့ဒီတက်တဲ့လူတွေသည် သူတို့ကတဖြည်းဖြည်းနဲ့ ကျွန်စိတ်ဝင်လာပြီးတော့ လုံးဝဟိုဘက်ကို ပါသွားပြီးတော့ အဲ့ဒီလူတွေကို ဒီတက်ကြွလှုပ်ရှားသူတွေကို တိုင်နိုင်လာတဲ့အထိ ဖြစ်လာတယ်ဆိုတော့ အဲ့တော့ ကျွန်တော်ဆိုလိုချင်တဲ့အချက်က ကျွန်ကျောင်းမှာ သွားတက်လို့ချင်ရင် မည်သို့ပင်ပေါ့နော် ကိုယ်က ဒီ Strong ပဲဖြစ်နေပါစေပေါနော် အစောပိုင်းက အဆင်ပြေပေမဲ့ နောက်ပိုင်းကျရင် တဖြည်းဖြည်းနဲ့ ဒါ ပုံသွင်းခံရနိုင်ပြီးတော့ တဖြည်းဖြည်းနဲ့ ကျွန်စိတ်ပေါက်သွားမှာပေါ့နော် ကျွန်တော့အနေနဲ့ကတော့ သပိတ်မှောက်သင့်တယ်ပေါ့နော်။ အဲ့တာမျိုး ဖြစ်လာရတဲ့ အကြောင်းအရင်းက ဘာကြောင့်လဲဆိုတော့ ကျောင်းသားတွေရဲ့ Social Punishment ကြောင့်လည်း ပါတယ်ပေါ့နော်။ ဒီတိုင်းပဲ သူတို့ကို ခွဲခြားလိုက်တယ်ပေါ့နော် ကျွန်တော်တို့က ဒီတက်တဲ့သူနဲ့ မတက်တဲ့သူ ခွဲခြားလိုက်တယ် ကိုယ့်ဘက်ကိုပါလာအောင် လုပ်ရမဲ့ဟာကို ပိုပြီးတော့ ဝေးသွားအောင် လုပ်လိုက်တဲ့သဘော ဖြစ်သွားတယ်ပေါ့နော် ဒီခုဏလိုပဲ CDM တံခါးကြီး ပိတ်လိုက်ပါပြီ ဆိုတဲ့ သဘောလိုပုံစံတွေ ဖြစ်သွားတယ်ပေါ့နော်။ အဲ့တော့ ကျွန်တော်တို့က အဲ့လိုမျိုးလုပ်လိုက်တဲ့ ခွဲခြား ခွဲခြားနဲ့သိတယ်မလား ကိုယ့်ဘက်ကိုပါလာအောင် မစည်းရုံးတဲ့အပြင် ဘာလဲဆိုတော့ကွာ အဲ့လိုမျိုး လုပ်လိုက်တဲ့ အတွက်ကြောင့်မလို့ သူတို့ဒီ.. တဖြည်းဖြည်းနဲ့ အလှမ်းဝေးသွားတယ်လို့ ကျွန်တော်ထင်တယ်ပေါ့နော်။ ဒါကတော့ ပုံမှန်သူတို့စိတ်ကလည်း ရှိလို့ ရှိရင်လည်းရှိမှာပေါ့ အဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်တာပေါ့။ ကျွန်တော်တို့က ဘာလဲဆိုတော့ သူတို့ကို ကျွန်တော်တို့လည်း တော်လှန်ရေးလုပ်နေရင်းနဲ့ ဘာလဲဆိုတော့ ကိုယ့်ဘက်ကို ပြန်ပါလာအောင် သူတို့ကို စည်းရုံးရမယ်ပေါ့။ ချက်ကျလက်ကျ လုပ်ရမယ် အဲ့အတွက်ကြောင့်မို့ ဒီတော်လှန်ရေးနဲ့ ဒီစည်းရုံးရေးက ကျွန်တော့အထင်တော့ လိုတယ်ဆိုပြီးတော့ ကျွန်တော် တွေးမိတယ်ပေါ့။ ဟုတ် ဒါ.. ကျွန်တော့အမြင်လေးပါ။

ကိုရဲထက် (00.45.05 – 00.45.41)

       ဟုတ်ကဲ့ ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ် ကိုအောင်ဖြိုးကျော်။ ဒီအချက်ကလည်း အရေးကြီးတဲ့အချက်ပေါ့နော် ဒီဟာကြောင့်လည်း ဒီစကားဝိုင်း လုပ်ရတာဖြစ်တယ်။ ကျောင်းတက်တဲ့သူနဲ့ မတက်တဲ့သူနဲ့ ကြားထဲမှာ ဒီလိုမျိုး အပြန်အလှန် အမုန်းတွေပွားလာမယ်၊ အုပ်စုတွေ ကွဲလာမယ်ဆိုရင် ဒါက.. ကျွန်တော်တို့ ဖြစ်စေချင်တာနဲ့ ပြောင်းပြန်ပဲပေါ့နော်။ ဒါစစ်အာဏာရှင် ဖြစ်စေချင်တဲ့အတိုင်း ဖြစ်သွားတာမျိုးပေါ့နော်။ ဒါကို ကျွန်တော်တို့ ဘယ်လိုမျိုး ဆင်ခြင်ကြမလဲ ဘယ်လိုမျိုး ကျွန်တော်တို့ ကျော်ဖြတ်ကြမလဲနော်ပေါ့ အဖြေရှာကြမလဲ။ ဒါကိုလည်း ဆွေးနွေးချင်တာဖြစ်ပါတယ်။ ဟုတ် ကျွန်တော်တို့ အခု ကိုအောင်ဖြိုးကျော် ဖြည့်စွက်ပြောချင်တာ ရှိလား။

ကိုအောင်ဖြိုးကျော် (00.45.42 – 00.48.53)

       ဟုတ် ကျွန်တော် ကျန်သွားလို့ပေါ့နော်။ ပြသာနာတခုရှိတယ်ဗျ။ ရှိတယ်ဆိုတာက IUC တွေကလည်းပေါ့နော် သူတို့ကို တရားမဝင်ပါဘူးပေါ့နော်။ အပြစ်ပေးပါမယ် အဲ့လိုတွေ ကြေညာထားတဲ့ဟာ တခုရှိတယ်ပေါ့နော်။ ဒါတွေက လက်တွေ့ အခုချိန်မှာတော့ ကျွန်တော်တို့က ဒါ ဒီသဘောနဲ့ပေါ့နော်။ ဘာလို့လဲဆိုတော့ ဝန်ကြီးဌာနသည် သူသည် IUC တွေကို လက်တလောမှာ သူက သူလုပ်နေရတဲ့ တော်လှန်ရေးကြောင့်မို့လို့ ဒီကျောင်းတွေကို သိပ်မလှည့်နိုင်ဘူးပေါ့နော်။ သိပ်မလှည်နိုင်တော့ ဒီ.. IUC တွေနဲ့လွှဲထားတယ်ပေါ့ အဲ့ဒီပြသာနာရှိတယ်။ ဒီဝန်ကြီးဌာနတွေ ကိုယ်တိုင်က ကျွန်တော့်အထင်တော့ ကိုယ်ထိလက်ရောက် သူမလုပ်နိုင်သေးဘူးပေါ့နော်။ မလုပ်နိုင်သေးတဲ့အတွက်ကြောင့်မို့လို့ ကျောင်းတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုပြီးတော့ Autonomy သဘောနဲ့ပေါ့နော် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရလာအောင် ပေးထားတယ်ပေါ့။ ဒါ.. တော်လှန်ရေးကြီး ပြီးသွားတဲ့အခါမှာ သူတို့ပြန်သိမ်းချင် သိမ်းမှာပေါ့နော်။ ဒီ ပြန်သိမ်းမယ်ဆိုတာက သူတို့ဒီ.. Board ကိုအရင်အတိုင်းပဲ ပြန်ဖြစ်ချင် ဖြစ်သွားနိုင်ချေရှိတယ်ပေါ့နော်။ ဒါကတော့ ကျွန်တော်မသိဘူးပေါ့။ အဲ့တော့ ဒီတိုင်းလုပ်နေတဲ့အခါမှာ ကျောင်းသားတွေက ဘယ်လိုဖြစ်လဲဆိုတော့ IUC သည်ဘာမှမဟုတ်ဘူးပေါ့ ဘာလို့လဲဆိုတော့ IUC ဆိုတဲ့ဟာသည် ကျောင်းသားသမဂ္ဂတွေ ကနေပြီးတော့ဉီးဆောင်တယ် တော်တော်များများပေါ့နော် ကျောင်းသားသမဂ္ဂတွေပါတယ် ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေပါတယ်၊ ကျောင်းသားအဖွဲ့ဝင်တွေပါတယ်၊ ပြီးမှ ဆရာမတွေပေါ့နော် CDM ဆရာမတွေနဲ့ ပေါင်းထားတယ်ပေါ့။ တကယ်တမ်း အများဆုံး ထိန်းချုပ်နေတာသည် IUC ကို တော်တော်များများသည် ကျောင်းသားတွေကပဲ ထိန်းချုပ်နေရတဲ့သဘော ဖြစ်တယ်ပေါ့။ အဲ့တော့ ကျောင်းသားတွေ တက်တဲ့ကောင်တွေသည် မြင်တာက ဒါ.. ကျောင်းသား ကျောင်းသားချင်း ထိန်းချုပ်တာ သူတို့က အလိုမရှိကြဘူးပေါ့နော်။ အလိုမရှိကြတော့ ဘာလဲဆိုတော့ ဒီကောင်တွေက အာပလာတွေပါ ဒီဟာတွေသည် စာရွက်ပေါ်မှာပဲရှိတယ်ပေါ့ အဲ့တချက်ပေါ့ အဲ့လိုမြင်တာလည်း ပါတယ်ပေါ့နော်တကယ်က။ နောက်တစ်ခုက IUC တွေက သူတို့ သွားတက်ရင်တော့ ဘယ်လောက်အပြစ်ပေးမယ်၊ ဘယ်နှစ်နှစ်နားမယ် အဲ့တာတွေလုပ်တာတွေလည်း မှားတယ်ပေါ့နော်။ ဒီကြားထဲမှာ ကျွန်တော်တို့က ဖြည့်စွက်ပြီးတော့ IUC တွေလုပ်သင့်တာသည်ပေါ့နော် သွားတက်ကြပေါ့ သွားတက်တာတော့ မှားတယ်ပေါ့နော် ဒါမဲ့ အသိအမှန်မပြုဘူးဆိုတာတော့ တရားဝင်ကြေညာတာကတော့ ဖြစ်တယ်ပေါ့။ ဒါပေမဲ့ အပြစ်ပေးတဲ့ကိစ္စတွေ နောက်ပိုင်းမှာ ဒါ လုပ်လို့ရမလား မရမလားဆိုတာ နောက်ပိုင်း ဒီ.. လူ့အခွင့်အရေးပါတ်သတ်တာတွေလည်း ရှိသေးတာကိုး။ ဒီ Right to Educate တို့ဘာတို့ Free to Educate တို့ အဲ့တာတွေက ရှိနေတော့ကျတော့ ဒါတွေက (၂)နှစ်နားတွေ ဘာတွေက အဲ့ဒီအချက်နဲ့ သွားငြိလို့ချင်လို့ချင်ရင် ဒီပေါ့နော် မဖြစ်လာနိုင်တဲ့ ဟာမျိုးတွေ ဒါ.. သူတို့သွားတက်တဲ့ လူတွေကလည်း တွေးမှာပေါ့နော် ဒီဟာတွေကြောင့်မလို့ ဒီ IUC တွေသည် ဘာမှအသုံးမဝင်တဲ့ အတွက်ကြောင့် သူတို့သွားတက်တယ်ပေါ့နော်။ နောက်တခုက IUCရဲ့ ပညာရေးသည် အတန်းတင်မပေးနိုင်ဘူးပေါ့။ အဲ့ဒီအတွက်ကြောင့်မလို့ သူတို့အာမခံချက် မရှိလို့ သွားတက်တယ်ဆိုတဲ့ သဘောတွေလည်း Reason ရှိတယ်ပေါ့။ နောက်ပြီးတော့ IUC ကဒါမျိုးကြေညာထားတဲ့အတွက်ကြောင့် သူတို့သည် တက်ပြီးလို့ချင်ရင် မထူးတော့ပါဘူးကွာဆိုပြီး မထူးဇာတ်ခင်းလိုက်တာပါနော်။ ဘာလို့ဆို ဒီ IUC ကအပြစ်ပေးမှာပြပေါ့ အဲ့တော့ ဘာလဲဆိုတော့ မထူးတော့ မထူးဇာတ်ခင်းတယ်။ နောက်ပိုင်းကျ ဘယ်လိုဖြစ်လာလဲဆိုတော့ အပြစ်ပေးခံရမှာ ကြောက်တဲ့အတွက်ကြောင့် တော်လှန်ရေး မအောင်မြင်စေချင်တဲ့စိတ်တွေ ဖြစ်လာတယ်။ ခုဏက ဒီစကားပြတ်နေရာက ပြန်ဆက်ရရင် သူတို့သည် ကျွန်စိတ်ပေါက်သွားတယ်လို့ ပြောရမှာပေါ့။ ဒီတော်လှန်ရေးကို နောက်ပိုင်း ပုံဖျက်လာတယ်။ ဒါ စကစရဲ့ လိုချင်တဲ့အချက်ပဲ ပုံမှန်ကျောင်းဖွင့်လိုက်ကတည်းက မတက်တဲ့လူ တက်တဲ့လူနဲ့ တော်လှန်ရေးလုပ်နေတဲ့လူဆိုပြီး ကွဲသွားတယ်။ တဖြည်းဖြည်းနဲ့ ကွဲ ကွဲ ကွဲ ကွဲနဲ့ အကွဲကွဲ အပြဲပြဲဖြစ်သွားလို့ချင်ရင် ကျွန်တော်တို့ ကျောင်းသားထုရဲ့ ပါဝင်တဲ့ တော်လှန်ရေးက နောက်ဆုံးမှာ မှေးမှိန်သွားမယ်။ ဟိုလိုပေါ့နော် ဖြစ်နိုင်ရင်တော့ ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ် စည်းစည်းရုံးရုံး ဖြစ်စေချင်တယ်ပေါ့နော် အဲ့တာမျိုးပေါ့။ နောက်တခုကကျ IUC တွေကလည်း ဟိုဘက်မှာ သွားအပ်ထားပေမဲ့ ဒီမတက်ဘဲနဲ့ပေါ့နော် ပြောချင်တာသည် မိဘတွေက အပ်လိုက်တယ်ပေါ့နော်။ တချို့ဆို မိဘတွေက သွားအပ်တယ် မတက်ဘဲနဲ့ အဆောင်မှာပဲ အေးအေးဆေးဆေးပဲပေါ့ နေနေတဲ့သူတွေလည်း ရှိတယ်ပေါ့နော်။ အဲ့လိုမျိုးဆိုရင်လည်း အယူခံလာဝင်ပေါ့ဗျာ။ ဟို ပြောချင်တာသည် ကျွန်တော်သည် မတက်ပါဘူးပေါ့ အဲ့တာမျိုးပေါ့ လာပြောပေါ့။ အဲ့တာမျိုး ကျောင်းသားတွေကို Social Punishment မလုပ်ဖို့ရန်အတွက် IUC တွေကနေ Cover ပေးရမယ်။ အဲ့တာမျိုး မူဝါဒတွေနဲ့ IUC တွေက လုပ်သင့်တယ်ပေါ့။ ဒီတက်ခြင်း မတက်ခြင်း ပြသာနာချည်းပဲ ဒီကျောင်းကောင်စီတွေပေါ့ ကြားကာလကျောင်းကောင်စီတွေ အပေါ်မှာလည်း မူတည်တယ်ဆိုပြီး ကျွန်တော်က မြင်တယ်ပေါနော်။ ဟုတ်။

ကိုရဲထက် (00.48.56 –       00.49.04)

ဟုတ်ကဲ့ ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်ဗျ။ ကျွန်တော်လည်း ဒါဆက်စပ်ပြီးတော့ ထပ်ပြီးဆွေးနွေးချင်တာလေး ရှိတယ်ပေါ့နော်။ ဟုတ် ဆိုတော့ အခု ဖြူ ကို ဆွေးနွေးပေးဖို့ ဖိတ်ချင်ပါတယ်။

ဖြူ (00.49.17 – 00.52.36)

အော် ဟုတ်။ ညီမ နည်းနည်းလေး ဆူနေတဲ့အခါကျတော့ နည်းနည်း နားလည်ပေးပါနော်။ ညီမဆွေးနွေးချင်တာကကျတော့ နှစ်ခုရှိတယ်။ နှစ်ခုရှိတယ် ဆိုတာကျတော့ အဓိကအားဖြင့် ခေါင်းစဉ်က ‘ကျောင်းတက်တာအပြစ်ရှိလား’ ဆိုတဲ့ခါကျတော့ ဒါပြတ်ပြတ်သားသား စဉ်းစားရမဲ့ အရေးလို့တော့ မြင်တယ်။ ဒါပေမဲ့ တခုရှိတာသည် ဒီ.. တက္ကသိုလ် တက်နေတဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိနေတဲ့ သူတွေအတွက်ဆိုရင်တော့ ဒါက ခံယူချက်နဲ့လုပ်နေတာလေနော်။ ကျောင်းမတက်ရဘူးလား သိတယ် ကျောင်းတက်ရမလား သိတယ် သူတို့ ဘာကြောင့် ကျောင်းရောက်သွားရင်လည်းသိတယ်။ ပြောရမယ်ဆိုရင် သူတို့မှာ အပြည့်အဝ Knowledge  ကအပြည့်အဝရှိပြီးသား။ ဆိုတော့ နောက်ထပ်တခုကျတော့ ကိုယ့်ဘာကို ဆုံးဖြတ်နိုင်စွမ်းမရှိသေးတဲ့ ကလေးတွေပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဓိကအားဖြင့်လည်း ဒီကလေးတွေက ကျောင်းတက်ခြင်း၊ ကျောင်းမတက်ခြင်းဆိုတဲ့ နေရာမှာ အရမ်းကြီး သိသာတယ်ပေါ့။ ဆိုတော့ အစိုးရကျောင်းတွေ ဖွင့်နိုင်ခြင်း၊ မဖွင့်နိုင်ခြင်းကျတော့ ဒီကလေးတွေ ဘယ်လောက်တက်လဲ၊ မတက်လဲ။ ပြီးတဲ့ခါကျရင် ကျောင်းခန်းထဲမှာ စာက ဘယ်လိုမျိုး အခြေအနေ ရှိလဲဆိုတာကကျတော့ သူတို့အပေါ်လည်း အများကြီး မူတည်နေသေးတာကိုး။ ဆိုတော့ အဓိကအားဖြင့် ကျောင်းတက်တာ အပြစ်ရှိလားဆိုတာထက် အဓိက ဒီ လက်ရှိသင်နေတဲ့ အစိုးရကျောင်းကကျတော့ စာသင်တဲ့ဘက်ကို အဓိကသွားတာပဲနော်။ ဘာလို့ဆို သင်ရိုးတွေသည် (၃)လပြတ်တို့ (၅)လပြတ်တို့  အဲ့လိုမျိုးတွေ သိရတယ်ပေါ့နော်။ ညီမတို့က အဓိကတော့ ဆယ်ကျော်သက်အရေး လုပ်နေတာဖြစ်တဲ့အတွက်ကြောင့် ဆယ်ကျော်သက်တွေ ရေးလာတဲ့စာတွေရဲ့ အနေအထားအရ သိရတာပေါ့။ ဆိုတော့ စာသင်နေတာဖြစ်တယ် စာချည်းပဲ သင်တာပေါ့နော် ပညာသင်နေတဲ့ပုံစံမျိုး မဟုတ်ဘူး။ အရင်လို့ ကျောင်း.. စာသင်စနစ်ကြီးကလည်း အရမ်းကြီးကောင်းနေခဲ့တာမျိုး မဟုတ်ဘူးပေါ့လေ။ ညီမတို့လည်း ကြုံခဲ့ရတာဆိုတော့ ဒါပေမဲ့ တခုရှိတာက ခုဏက အရှေ့ကအကိုတယောက် ပြောသလိုပဲ Brain Wash အလုပ်ခံရတာ အလုပ်ခံရမယ့် အခြေအနေ အများကြီးရှိတယ်။ ပြီးတဲ့ခါကျရင် အခုမှစပြီးတော့ ဆုံးဖြတ်ရမဲ့ ကလေးတွေကို အတွေးမှားတွေ အများကြီးထည့်ပေးမဲ့ System ကြီးရှိနေတယ်ပေါ့နော် ပြောရရင် ကျောင်းပို့လိုက်ပြီဆိုတာနဲ့။ ဆိုတဲ့ခါကျတော့ ကလေးတွေကို စာသင်မှာလား ပညာသင်ပေးမှာလား ဆိုတဲ့ဟာကကျတော့ မိဘတွေပေါ်၊ ပြီးတဲ့ခါကျရင် ဒီကလေးတွေရဲ့ အကိုအမတွေပေါ် အများကြီး မူတည်သွားမယ်လို့ မြင်တယ်ပေါ့နော်။ ဆိုတော့ ဒီကလေးတွေကို ကျောင်းမပို့ဘူး ဟုတ်ပြီ ဆိုရင် ဒီကလေးတွေ အိမ်မှာ အချိန်တွေ အများကြီးကုန်တဲ့အပေါ်မှာ ဘယ်လိုမျိုးလုပ်မလဲ ဆိုတဲ့ဟာမျိုး မိဘတွေကရော သက်ဆိုင်တဲ့သူတွေကရော ထည့်ပြီးစဉ်းစား ဆုံးဖြတ်သင့်တယ်လို့ မြင်တယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ ကျောင်းတက်တာ အပြစ်ရှိလား ဆိုရင်တော့ ကျိန်းသေတာတော့ အပြစ်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ System တခုကို ညီမတို့က ချိုးဖြတ်နေတာဖြစ်တယ်။ ဒါမဲ့ အချိန်တွေ ပိုနေတဲ့ကလေးတွေ ဘာမှမလုပ်နေတဲ့ကလေးတွေ ဘယ်လိုမျိုးလုပ်ပေးမှာလဲဆိုတဲ့ ဘက်ကိုလည်း တဖက်တွေးသင့်တယ်ပေါ့လေ။ ဆိုတော့ ဒီတိုင်း English speaking တို့ဘာတို့ အဲ့လိုမျိုး သင်နေတာထက်စာရင် ပညာကို ဘယ်လိုမျိုးသင်ပေးမလဲဆိုတဲ့ ပုံစံမျိုးကိုလည်း သွားသင့်တယ်ပေါ့နော်။ ပြီးတော့ Home schooling ပေါ့ ဒီကလေးကို ဘယ်လိုမျိုး ကိုယ့်ရဲ့ကလေးကို အခုကျောင်းမှာ သင်သလို (၃)နာရီသင်မယ်ဆို အိမ်မှာရော ဘယ်လိုမျိုးထားမှာလဲ ဆိုတဲ့ဟာမျိုး အများကြီး တွေးသင့်တယ်လို့ မြင်တယ်။ ပြီးတော့ ဒီဘက်တဖက်မှာ ဆိုရင်လည်း ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရတဲ့သူတွေဆိုရင်လည်း အစိုးရကျောင်းမှာတော့ မတက်နေကြဘူး။ ဒါပေမဲ့ အပြင်မှာ Learning တွေလုပ်နေကြတဲ့ ဟာမျိုးတွေ ရှိတယ်ပေါ့။ ဆိုတဲ့ခါကျတော့ ကျောင်းတက်တာ အပြစ်ရှိလား ဆိုရင်တော့ ရှိတယ်။ ဒါမဲ့ ဟို.. ဘယ်လိုမျိုး သင်ပေးမှာလဲဆိုတဲ့ ပုံစံမျိုးကိုလည်း ထည့်ပြီးတွေးသင့်တယ်လို့ ညီမကတော့ မြင်တယ်ပေါ့နော်။ ဒါကတော့ ညီမရဲ့ သီးသန့်အမြင်ပါပေါ့ ဟုတ်။ ကျေးဇူးပါ။

ကိုရဲထက် (00.52.39 – 00.52.44)

       ဟုတ်ကဲ့ ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်။ ဆိုတော့ အခု ဆရာသက္ကမိုးညို ဆွေးနွေးပေးပါဗျ။

ဆရာသက္ကမိုးညို (00.52.46 – 00.56.44)

       အမ်.. စောစောက ပြောသွားတဲ့ နမူနာ ကျောင်းတက်တာ အပြစ်ရှိလား မရှိဘူးလားဆိုတာကို ကျွန်တော်ကတော့ မရှိဘူးလို့ဖြတ်ခဲ့တာပေါ့နော်။ မရှိဘူးလို့ ဖြတ်ခဲ့ပေမဲ့ ခုဏကဆွေးနွေးသွားတာ‌တွေကို နားထောင်ပြီးတော့ ဘာဆက်ဖြစ်လဲဆိုတော့ ဒီ စစ်ကောင်စီက တက်တဲ့ကျောင်းကိုတော့ မတက်တာတော့ ကောင်းတယ်ဆိုတာမျိုး ထွက်လာတယ်။ ကျွန်တော် စကားကို ရှေ့နောက် Conflict ဖြစ်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ပြန်စဉ်းစားမယ် ဆိုလို့ချင်ရင် သူတို့ရဲ့ Individual right ပေါ့နော် တဉီးချင်း တယောက်ချင်းရဲ့ စောစောကညီမပြောသွားတဲ့ တဉီးချင်းစီရဲ့ ရွေးချယ်မှုလည်း ပါတာပေါ့နော်။ နိုင်ငံတကာမှာ ကျွန်တော်တို့က ပြန်ပြီးတော့ ဖြန့်ရမယ့်ကိစ္စတွေ ရှိလာတယ်။ ပြန်ဖြန့်ရမယ့်ကိစ္စတွေဆိုတာ ဉပမာ စစ်ကောင်စီက တက်သော ဖွင့်သောကျောင်းကို မတက်ဘူးဆိုလို့ချင်ရင် ကျွန်တော်တို့က ကိုယ်တိုင်က ဘာဖန်တီးပေးနိုင်မလဲ ဆိုတာမျိုး ဖြစ်လာတယ်။ ကိုယ်က ဘာဖန်တီးပေးနိုင်မလဲဆိုတာ ဖြစ်လာတဲ့ခါကျတော့ ကျွန်တော်တို့က ကျောင်းနဲ့ပါတ်သတ်ပြီး ပြန်စဉ်းစားတာတွေက စောစောက ညီမပြောသလိုပဲ ဒီ.. ဘာကျောင်းတွေ ရှိလဲဆိုတော့ ကျွန်တော်တို့ အခြေခံပညာကျောင်းတွေ ရှိသလို သက်မွေးပညာ တက္ကသိုလ်တွေရှိတယ် ဒါဟို.. အဝေးသင်သိပ္ပံ တက္ကသိုလ်တွေရှိတယ်ပေါ့နော်။ ဒါ့အပြင် တဖက်က ကျွန်တော်တို့က ဘာရှိလဲဆိုတော့ ကျွန်တော်တို့ သက်မွေးပညာသင်တန်းတွေ ရှိတယ်။ ဒါက ကာလတိုသင်တန်းလေးတွေပေါ့နော် အဲ့လိုမျိုးလေးတွေ ရှိတယ်။ အဲ့လိုမျိုး Platform လေးတွေကို ကျွန်တော်တို့ လုပ်ပေးနိုင်မလားဆိုတာမျိုး ကျွန်တော်တို့က ပြန်စဉ်းစားလာရတယ်။ ဒါပေမဲ့ တဖက်မှာကျ ကျွန်တော်တို့က ဘာကို သွားအမှတ်ရလဲဆိုတော့ ဆရာရဲထက်တို့ လုပ်ခဲ့တဲ့ တဖက်က NUG သည် စင်ပြိုင်အစိုးရလား တော်လှန်ရေးအစိုးရလား ဆိုတဲ့မေးခွန်း ပြန်ဝင်လာတယ်ပေါ့နော်။ မေးခွန်းပြန်ဝင်လာတယ် ဘာကြောင့် ပြန်ဝင်လာလဲဆိုတော့ ဒီဟာက NUG ကဖြတ်ရမဲ့ကိစ္စ ဖြစ်နေတာကိုး။ တကယ်လို့သာ NUG ကနေပြီးတော့မှ ပညာရေးဝန်ကြီးဌာနတွေ ဘာတွေ မဖွဲ့ဘူး။ မဖွဲ့ဘဲနဲ့ တော်လှန်ရေးအစိုးရ ဆိုပြီးတော့ အင်မတန်ကျစ်ကျစ်လစ်လစ်နဲ့ တော်လှန်ရေးပဲ လုပ်မယ်ဆိုပြီးကာမှ (၂)နှစ်လောက်နဲ့ ဖြတ်ချသွားတယ်ဆိုလည်း ကျွန်တော်တို့က ဒါလက်ခံရမဲ့ ကိစ္စပဲ။ ဘာလို့လဲဆိုတော့ ပညာရေးတွေဘာတွေ စဉ်းစားစရာမလိုဘူး မြန်မြန်ကျက်ဖို့ပဲ အားထုတ်မယ် ဆိုပြီးတော့ ပညာရေးဝန်ကြီးဌာန ဖွဲ့ပြီးခါမှ ရေရှည်သွားမယ်ဆိုလို့ချင်ရင်လည်း ရေရှည်သွား။ ဒါမဲ့ တခုရှိတာက ပြည်သူလူထုဟာ Right to Information ပေါ့ ကျွန်တော်တို့က Information ရခွင့်တော့ရှိတယ်။ ဉပမာအားဖြင့် တော်လှန်ရေးသည် ဘယ်လောက်ကြာမှာလဲ ငါတို့တက်လို့မရဘူးကွာလို့တော့ ပြောလို့မရဘူးလေ။ ဘာလို့လဲဆိုတော့ ငါတို့တော်လှန်ရေး ဘယ်လောက်ကြာမှာလဲဆိုတာ ဘယ်သူမှ မဆုံးဖြတ်နိုင်ဘူးပေါ့ ဆိုတာမျိုးက အစိုးရကနေ ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ (၂)နှစ် Plan ထားတယ်ဆိုရင် ကျွန်တော်တို့က (၂)နှစ်အတွင်းမှာတော့ မတက်ကြနဲ့ xxxxxx ဒါက ရတယ်ပေါ့နော်။ ဒါက ကျွန်တော်တို့ ပြသာနာ မရှိဘူး။ တဖက်မှာကျတော့ ကျွန်တော်တို့က ဘာလဲဆိုတော့ ဒါတွေက ပြန်စဉ်းစားမယ်ဆိုရင် ခုဏကပြောသလို ဒီ.. Issues တွေက ရှုပ်ပြီးတော့မှလေ တခုနဲ့တခု xxxxxx ချည်ခင်လို့ပေါ့ တခုဆွဲလိုက်တာနဲ့ ကျန်တဲ့အစတွေက ထွက်ထွက်လာတာမျိုး ဖြစ်သွားတာပေါ့။ ကျွန်တော်တို့က ဒီဟာမျိုး တဘက်က Legitimacy ရဖို့အတွက် ဆိုလို့ချင်ရင် ကျွန်တော်တို့က ပညာရေးဝန်ကြီးဌာနကော၊ ကျန်းမာရေးဝန်ကြီးဌာနကော ဘာဌာနကော၊ ညာဌာနတွေကော ဖွဲ့ရမယ် ဆိုတာမျိုး ဘာဖြစ်သွားပြန်လဲဆိုတော့ တဘက်က တော်လှန်ရေးအစိုးရဘက်က အားနည်းသွားပြန်ရော။ ဒါပေမဲ့ ကျွန်တော်တို့က ကျွန်တော်ပြောနေတာကကျတော့ တခုပဲ ကျွန်တော်တို့က ဖြတ်မယ်ဆိုလို့ချင်ရင်တော့ Time plan တော့ရှိရမယ် ဆိုတာမျိုးလေ။ ဉပမာအားဖြင့် (၂)နှစ်နဲ့ ပြတ်မယ်လို့ ရည်မှန်းထားလို့ချင်ရင် (၂)နှစ်အတွင်း မတက်ကြနဲ့ပေါ့။ ဒါပြောပြီးခါမှ ကျွန်တော်တို့က အကုန်လုံးကို မတက်ကြနဲ့ ပြီးခါမှ (၂)နှစ်နဲ့ မပြတ်လို့ချင်ရင်လည်း ဒါတွေက ကျွန်တော်တို့က ရေရှည် Plan တခုတော့ ချပေးရတာပေါ့လေ။ ရေရှည် Plan ဆိုတာက အခုတော့ လုပ်နေတယ် ဘာတွေလုပ်နေလဲဆိုတော့ ပညာရေးဝန်ကြီးဌာန ဖွဲ့ထားတယ်။ ဖွဲ့ထားပြီးခါမှ ကျွန်တော်တို့ ဟိုနေ့က တက်လာပါတယ် ဘာလဲဆိုတော့ ပညာရေး Download  ဆွဲပြီးခါမှ သင်ဖို့ရာအတွက် သင်ခန်းစာတွေတော့ တက်လာတယ်ပေါ့နော်။ အဲ့သင်ခန်းစာတွေကို ကျွန်တော်တို့က အဲ့လောက်နဲ့တော့ မရဘူးဆိုတာမျိုး ကျွန်တော် တွေးမိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က စောစောကပြောခဲ့တဲ့ Coverage ပေါ်မူတည်သေးတာပေါ့နော်။ Coverage ကရှည်ရှည်ဝေးဝေး သွားရမှာကိုး။ တဖက်မှာ တခါပြန်စဉ်းစားစရာ ရှိတာက ဘာလဲဆိုတော့ ခုလောလောဆယ် စစ်ကိုင်းနယ်ထဲမှာ ပညာရေးကျောင်းတွေ ဖွင့်နေပြီဆိုလို့ချင်ရင် ကျွန်တော်တို့က လွတ်မြောက်နယ်မြေ ဖြစ်သွားလို့ချင်ရင် ပညာရေးကျောင်းတွေ ဖွင့်ပြမှာလား။ ဒါဆိုလို့ချင်ရင် လွတ်မြောက်နယ်မြေနောက်ကျ‌နေခဲ့လို့ ချင်ရင်ကော ဒီတယောက်နဲ့ တယောက် အတန်းပညာ ဟာတွေသည် ကွာသွားမှာလား။ ဉပမာအားဖြင့် ဒီနှစ်မှာ ကျွန်တော်တို့က လွတ်မြောက်နယ်မြေ စစ်ကိုင်းရတယ် နောက်နှစ်ကျလို့ချင်ရင် လွတ်မြောက်နယ်မြေက ဘယ်လောက်ရတုန်းဆိုတော့ လွတ်မြောက်နယ်မြေက ထားပါတော့ ကယားပြည်နယ်မှာရတယ် နောက်တနှစ်ကျလို့ချင်ရင် လွတ်မြောက်နယ်မြေ ဘယ်ကရတယ်။ အဲ့လိုမျိုးဆိုရင် တယောက်နဲ့တယောက် အတန်းတွေကွာသွားတာတွေလည်း ရှိကြအုံးမယ်။ ကျွန်တော်တို့က စဉ်စားစရာတွေ အများကြီးဖြစ်လာတယ် ဖြစ်လာတဲ့ခါဆိုလို့ချင်ရင် ဘာလုပ်မလဲဆိုရင် ကျွန်တော်တွေးတာကတော့ Plan တခုချမယ်ဆိုလို့ချင်ရင် ကျွန်တော်တို့က အတန်းပညာ Plan ကိုခဏဘေးဖယ်ပြီးခါမှ သက်မွေးပညာ Plan ကိုမြန်မြန်သွားရမလား၊ သက်မွေးပညာသင်တန်းတွေဆို (၃)လပြတ်သင်တန်းတို့ ဖြစ်ဖြစ်ရှိတယ်။ ဒါဆိုလို့ချင်ရင် ဟို.. ကျေးရွာဘက်က လူငယ်တွေ ဆိုလို့ချင်ရင် ဒါက သင်သွားပြီးတော့ သက်မွေးပညာလုပ်သွားလို့ ချင်ရင်လည်း အများကြီး အဆင်ပြေနိုင်တယ်ဆိုတဲ့ သဘောမျိုးလည်း တွေးရမှာပေါ့နော် ကျွန်တော်တို့က။ အဲ့လိုမျိုးတွေးမယ် ဆိုလို့ချင်ရင်တော့ ကျွန်တော်တို့က လက်ခံရမဲ့ကစ္စလို့ တွေးတာပေါ့။ အဲ့တော့ ခုဏကပြောတဲ့ စစ်ကောင်စီကျောင်းတက်တာ မကောင်းဘူးဆိုလို့ချင်ရင် ကျွန်တော်တို့ ဘက်က တခုခု Plan တခုခုနဲ့တော့ ဆက်ပြီးတော့ လုပ်ပေးဖို့ လိုမယ်လို့တော့ ကျွန်တော် အောင့်မေ့တယ်။ ဟုတ်ကဲ့ပါ ကျေးဇူးပါ။

ကိုရဲထက် (00.56.45 – 00.56.50)

       ဟုတ်ကဲ့ ဆရာသက္ကမိုးညို ဆွေနွေးပေးတာ ကျေးဇူးတင်ပါတယ်။ ဆိုတော့ ကိုအောင်ဖြိုးကျော် ဆွေးနွေးပါဗျ။

ကိုအောင်ဖြိုးကျော် (00.56.52 – 00.58.50)

       ဟုတ် ဟိုဟာပေါ့နော် ကျွန်တော် ဒီ.. အောက်ကအတန်းငယ်တွေ အတွက်ပေါ့နော်။ အတန်းငယ်တွေ ဆိုတာက ဒီ.. အတန်းကြီးတွေကတော့ တက္ကသိုလ်တန်းတွေကတော့ ကျွန်တော့အထင်တော့ ဒါကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ သူတို့ရပြီဆိုတော့ ဒါသူတို့ခံယူချက်နဲ့သူတို့ မိဘ Pressure ကြောင့်လည်း ပါရင်ပါမှာပေါ့နော်။ တချို့ကတော့ ဒီ.. အဲ့ဟာရပြီးမှ အဲ့ဘွဲ့လက်မှတ်နဲ့မှ ပြသာနာက ဘာလဲဆိုတော့ အဲ့ဒီဘွဲ့လက်မှတ်ကိစ္စမှာက အလုပ်ရှင်နဲ့ အလုပ်သမား.. အလုပ်ရှင်တွေပေါ့နော် အလုပ်ခန့်မဲ့သူတွေကလည်း ပြသာနာက သူတို့က ဘွဲ့လက်မှတ်ပါမှ လုပ်တာပေါ့နော် အလုပ်ခန့်မယ်  ဘာညာဖြစ်လာတော့ကျတော့ အဲ့တာကြောင့်မလို့ သွားတက်တာတွေလည်း ပါမှာပေါ့။ အဲ့တော့ ကျွန်တော်အခု ပြောချင်တာ ဒီ ဆယ်တန်းအောက်ကနေပေါ့။ အဲ့တာက ဘယ်လိုတော့ ပညာရေးလုပ်လို့ရမလဲဆိုတော့ အတန်းတင်ပညာရေးစနစ်ကျတော့ NUG အနေနဲ့ လက်ရှိမှာ တော်လှန်ရေး မအောင်မချင်း သူ့အနေနဲ့ လုပ်လို့ရမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒီ.. လက်ရှိမြေပြင်မရ မြေပြင်မှာ အာဏာရှိနေတာသည် စစ်ကောင်စီပဲပေါ့နော်။ စစ်ကောင်စီပဲ သူဒီ.. လုံးဝပေါ့နော် မြေပြင်မှာ အာဏာရနေတဲ့ အတွက်ကြောင့်မလို့ သူကြိုက်တာ သူလုပ်လို့ ရတယ်ပေါ့နော်။ လက်တလော အခြေအနေအရပေါ့ ဒါမဲ့ NUG ရသွားရင်တော့ NUG လုပ်လို့ရတယ်ပေါ့။ မြေပြင်မှာ ကျွန်တော်တို့က စဉ်ဆက်မပြတ်ပေါ့နော် ဒီ.. ပညာသင်ကြားရေးပေါ့ Continuous learning ရအောင်တော့ လုပ်လို့ရမယ်။ ဘယ်လိုလုပ်လို့ရလဲဆိုတော့ ကျေးရွာတင်မဟုတ်ဘူးပေါနော် မြို့တွေမှာ လုပ်လို့ရတယ်။ ပရဟိတပေါ့နော် ကျွန်တော်တို့ ဒီကျောင်းသားတွေပေါ့နော် ကျောင်းသားတွေ ဆိုတာက တက္ကသိုလ်ကျောင်းသားတွေထဲမှာ CDM ကျောင်းသားတွေ ရှိတယ်ပေါ့နော်။ အဲ့ကျောင်းသားတွေက အစုဖွဲ့လိုက်ပေါ့ အစုဖွဲ့ပြီးတော့ ကလေးတွေကို စာသင်ပေးတယ်ပေါ့နော်။ ဉပမာ ရပ်ကွက်တခုဆိုလို့ချင်ရင် တဝိုင်း ဟို.. စာကြည့်ဝိုင်းလေးပေါ့နော် ဒါမျိုးတွေ လုပ်ပေးတာမျိုးပေါ့၊၊ ဒါမဲ့ အဲ့တာကတော့ NUG နဲ့ဆက်စပ်မှု ရှိပါတယ်ဆိုတာကို သိလို့ချင်ရင်တော့ ဟိုကောင်တွေကတော့ စစ်တပ်က စစ်ကောင်စီတွေက လာတော့ဆွဲမှာပေါ့။ ဒါမဲ့ အဲ့တာကိုတော့ ကျွန်တော်တို့က တချက်ပေါ့နော် ပရဟိတ သဘောအနေနဲ့ လုပ်တာဘာညာ သဘောအနေနဲ့လုပ်ရမှာပေါ့။ အဲ့တာမျိုးပေါ့နော် စာကျက်ဝိုင်းလေးတွေ ဒီ.. စာကျက်ဝိုင်းလေးတွေ ဖန်တီးလာနိုင်မယ် ဆိုလို့ချင်ရင် ဒါ.. ဒီကလေးတွေ အတွက်ပေါ့နော် မိဘတွေကလည်း ကျွန်တော်တို့က အဲ့စာကျက်ဝိုင်းတွေကို ဖန်တီးတဲ့ အချိန်မှာ ကျွန်တော်တို့က ဒီစာပဲသင်တာ မဟုတ်ဘဲနဲ့ပေါ့နော် ဒီတော်လှန်ရေးနဲ့ဆိုင်တဲ့ အတွေးအခေါ်တွေလည်း မျှဝေလည်း မျှဝေပေးရမယ်ပေါ့နော်။ ဒီသားသမီးကို မျှဝေလို့ချင်ရင် အနည်းဆုံးတော့ မိဘကိုပြန်ပြောမှာပေါ့။ အဲ့လိုမျိုးဆိုလို့ချင်ရင် မိဘဆီရောက်လို့ချင်ရင် နည်းနည်းပေါ့နော် ဒါမျိုး ဒီတော်လှန်ရေးနဲ့ ပါတ်သတ်တဲ့ဟာတွေ ခေါင်းထဲအတွေးအခေါ်လေးဘာလေး ရောက်မယ်လို့ ကျွန်တော်က ထင်တယ်ပေါ့။ ကျွန်တော့အထင်က ဒီ.. စာကျက်ဝိုင်းလေးတွေ သေးသေးလေးတွေ ရပ်ကွက်လိုက် ဒါမှမဟုတ်လို့ချင်ရင် မြို့နယ်လိုက် အဲ့လိုမျိုးလေးတွေ ဖန်တီးသင့်တယ်လို့ ကျွန်တော်ကတော့ ယူဆတယ်ပေါ့နော်။

ကိုရဲထက် (00.58.53 – 00.59.32)

       ဟုတ်ကဲ့ ကိုအောင်ဖြိုးကျော် ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်။ ဆိုတော့ ဒီဟာကလည်း တကယ်စဉ်းစားရတဲ့ အချက်ပဲပေါ့နော်။ ခုဏက ဆွေးနွေးသွားတာ တကယ် စဉ်းစားဖို့ကောင်းတယ်ပေါ့နော် စဉ်းစားဖို့ကောင်းတယ်။ ကျွန်တော်တို့လည်း ဒီ.. စကားဝိုင်းလုပ်တယ်ဆိုတာ တခုကတော့ ကျွန်တော်တို့ အမြင်ချင်းဖလှယ်ဖို့ပေါနော် ပြီးတော့ ကျွန်တော်တို့ ဒီအပေါ်မှာ ကျွန်တော်တို့ Freedom Fighter လေ့လာနေတာ ရှိတယ်ပေါ့နော်။ ဒီကျောင်းတက်တဲ့ကိစ္စ၊ ကြားကာလပညာရေးကိစ္စ ပြီးတော့ ဒီပညာရေးနဲ့ တော်လှန်ရေး ဘယ်လိုချိတ်လဲပေါ့နော် ဒီကိစ္စတွေမှာ ဘယ်လိုအများကြီး အထောက်အကူဖြစ်မလဲ။ ဟုတ် တခြားဆွေးနွေးချင်တဲ့လူ ရှိရင် ဆွေးနွေးလို့ ရပါတယ်။ ဟုတ်ကဲ့ ဆရာ ဆွေးနွေးပေးပါဗျ။

Xxxxxxxx (00.59.33 –

       ဟုတ်ကဲ့ပါ အာလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ဆွေးနွေးချင်တာကတော့ ဒီ.. အဓိကက ကျောင်းသားတွေပေါ့လေ ကျောင်းသားတွေရဲ့ ကျောင်းတက်တာ မတက်တာ အပြစ်ရှိသလားဆိုတာက ဒီဆွေးနွေးခန်းရဲ့ မေးခွန်းပေါ့လေ။ နောက်ပြီးတော့ ဒီ.. စစ်ကျွန်ပညာရှင်တွေကို သပိတ်မှောက်သင့်သလားပေါ့လေ။ ကျွန်တော့အမြင်အရတော့ စစ်ကျွန်ပညာရေးကိုတော့ သပိတ်မှောက်သင့်တယ်ပေါ့လေ။

Share on facebook
Share on twitter
Share on telegram

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်