ဒလန်ရှင်းလင်းရေး ဘာတွေဆင်ခြင်သင့်သလဲ

Contents

ဦးမင်းနောင်ခိုင် ( 0:04:23 to 0:08:00 )

ကျွန်တော်တို့က ဒလန်ရှင်းတဲ့အခါမှာ ဒီလူဟာ ဒလန်ဖြစ်တယ်လို့ ဘယ်လိုမျိုးအတည်ပြုမလဲ။ မှတ်တမ်းမှတ်ရာနှင့် တကွ စနစ်တကျ အတည်ပြုထားဖို့လိုတယ်။ ဒီလူက ဘယ်အကြောင်းအရာတွေလုပ်လို့ ပြည်သူတွေကို ထိခိုက်နစ်နာစေခဲ့သလဲ၊ ပြီးတော့ တော်လှန်ရေးလုပ်နေတဲ့ တော်လှန်ရေးပုဂ္ဂိုလ်တွေကို ဘယ်လိုထိခိုက်စေခဲ့သလဲ၊ ဒီလိုအကြောင်းအရာတွေကို တိတိပပ မှတ်တမ်းမှတ်ရာနဲ့ထိန်းသိမ်းထားပြီးမှ သင့်တော်သလို အရေးယူတာက ပိုကောင်းတယ်။ ဒလန်အရေးယူတာမှာ အခုဖြစ်နေတာတွေကတော့ ကိုယ့်စိတ်အထင်နဲ့ အရေးယူလိုက်ကြတာတွေ များတယ်ပေါ့။ ဒီလိုမျိုးတော့ မဖြစ်စေချင်ဘူး။ ခုနက ကျွန်တော် ပြောခဲ့သလိုပါပဲ၊ အနှစ်ချုပ်ရရင် ဒလန်အရေးယူတဲ့အခါမှာ မှတ်တမ်းမှတ်ရာနဲ့တကွ သေသေချာချာ စုံစမ်းစစ်ဆေး ပြီးတော့မှသာလျှင် အတည်ပြုပြီးတော့ သင့်တော်သလို အရေးယူတာက ကောင်းတယ်လို့ ကျွန်တော့်အနေနဲ့ ပထမဦးစွာ ဆွေးနွေးလိုပါတယ်ဗျ။ 

ဆက်လက်ပြီး တော်လှန်ရေးကို သုံးသပ်ရမယ်ဆိုရင် မြန်မာနိုင်ငံမှာကလည်း ပညာတတ်အရမ်းအများကြီးရှိတဲ့ နိုင်ငံမျိုးမဟုတ်ဘူးပေါ့။ အဲ့တော့ ဆင်ခြင်တုံတရားတွေမှာလည်း အနည်းငယ်ပြဿနာရှိနေနိုင်တယ်။ ဆိုတော့ ဒီအချက်တွေကို ကျွန်တော်တို့ ထည့်သွင်းစဥ်းစားရမယ်။ ဖြစ်လာတဲ့ တော်လှန်ရေးလက်နက်ကိုင်အချင်းချင်း၊ ဒါမှမဟုတ် တော်လှန်ရေးလက်နက်ကိုင်တွေက ပြည်သူတွေအပေါ်ကျူးလွန်လာရင် သေသေချာချာလေး NUG အစိုးရကနေပြီးတော့ ဖြေရှင်းဖို့အတွက် တရားရေးကဥပဒေပညာရှင်တွေအနေနဲ့ ပြင်ဆင်ထားတာမျိုးတွေရှိတယ်။ တိကျသေချာတဲ့ ဖြေရှင်းမှုမျိုးပေါ့လေ။ သို့သော် ကျွန်တော်တို့မှာလည်း အချို့ သောအခက်အခဲလေးတွေတော့ ရှိနေဆဲ ဖြစ်ပါတယ်။ အခုတိုင်ကြားနိုင်တဲ့ဟာက MOD ကထုတ်ထားတဲ့ဟာရှိတယ်။ ဒီမှာဆိုလို့ရှိရင် ရှိသမျှ၊ ဖြစ်သမျှ အကြောင်းအရာလေးတွေကို တိုင်ကြားပြီးတော့ ကျွန်တော်တို့အစိုးရကလည်း အကောင်းမွန်ဆုံး ဖြေရှင်းပေးဖို့အတွက် ပြင်ဆင်ထားတာတော့ ရှိပါတယ်ခင်ဗျ။

သခင်ဖြူဖွေး ( 0:08:30 to 0:11:24 )

ကျွန်တော်ကတော့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ကနေ CDM လုပ်လာတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ပါ။ ကျွန်တော့်တော်လှန်ရေး ကလောင်နာမည်ကတော့ သခင်ဖြူဖွေးဖြစ်ပါတယ်။ ဒလန်ရှင်းလင်းရေးနဲ့ပက်သက်ပြီး ဘာတွေဆင်ခြင်သင့်လဲဆိုလို့ရှိရင် ကျွန်တော်တို့ ဒလန်ရှင်းတဲ့နေရာမှာ သေနတ်နဲ့ရှင်းမှ ဒလန်ရှင်းတာ မဟုတ်ဘူးပေါ့နော်၊ ဥပမာ လုံခြုံရေးအရ သေနတ်နဲ့ရှင်းလို့မရတဲ့နေရာတွေမှာ တုတ်နဲ့ရိုက်တာမျိုးတွေ ဖြစ်စေ၊ ဓားနဲ့ထိုးတာမျိုးတွေဖြစ်စေ၊ အဲ့လိုမျိုးလည်း လုပ်သင့်တယ်လို့ထင်တယ်။ များသောအားဖြင့် လူငယ်တွေ တော်တော်များများက သေနတ်ကိုင်ပြီးဒလန်ရှင်းမှ အဆင်ပြေတယ်လို့ ထင်ကြတယ်။ ပြီးတော့ အချိုဒ့လန်ရှင်းတဲ့ နေရာတွေမှာ သေနတ်နဲ့မဟုတ်ဘဲနဲ့ ဓာနဲ့ထိုးမှအဆင်ပြေတာကို ဓားနဲ့ထိုးသွားတာမျိုး၊ အဲ့တာမျိုးလည်း လုပ်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဒလန်တစ်ယောက်ရှင်းတော့မယ်ဆိုရင် အရင်ဆုံး သူ့ရဲ့အချက်အလက်ကို အသေအချာစုစည်းပြီးတော့ သူသွားတတ်လာတဲ့နေရာတွေ၊ ဒါမျိုးတွေလဲ အကျုံးဝင်သင့်တယ်ပေါ့နော်။ နောက် ဒလန်ရှင်းတဲ့နေရာမှာ အရေးအကြီးဆုံးအချက်ကတော့ ထွက်ပေါက်ရှာထားဖို့ဘဲ။ ဒလန်ကိုရှင်းပြီးသွားပြီ၊ အားလုံးကပိတ်ဆို့ထားတယ်၊ ဒီနေရာမှာ ငါထွက်သင့်လား၊ ဒါမှမဟုတ် ဥလိုရရင် ဥနေသင့်လား၊ အဲ့လိုမျိုး ထွက်ပေါက်ကို သေသေချာချာစဥ်းစားပြီးမှ လုပ်သင့်တယ်။ မစဥ်းစားဘဲ လုပ်လိုက်တဲ့အခါမှာ UG တွေပါသွားတာမျိုးရှိတတ်တဲ့အတွက် အဝင်အထွက်ကို သေချာစီစစ်ပြီးမှ လုပ်သင့်တယ်လို့ ကျွန်တော် အကြံပေးပါတယ်။ ပြီးရင် အတွင်းထဲမှာဥတဲ့အခါမျိုးတွေမှာ UG တွေမှာ များသောအားဖြင့် သုံးကြတဲ့ လုံလေးလုံ ဖြစ်တဲ့ ခြေသံလုံ၊ အသံလုံ၊ အနံ့လုံ၊ အရောင်အဆင်းလုံပေါ့။ အဲဒီ လုံလေးလုံနဲ့ပက်သက်ပြီးတော့လည်း သိထားသင့်တယ်။ ဥပမာ သူငယ်ချင်းအချင်းချင်းပေါ့၊ ဒလန်တစ်ယောက်ကိုရှင်းပြီးပြီ၊ ဟာသူငယ်ချင်းရေ ငါကတော့ဘယ်သူ့ကို ဘာလုပ်လိုက်တာ၊ ဘယ်လိုမျိုးကြီးဖြစ်သွားတာ၊ ဘယ်လိုလဲ မိုက်လား စသဖြင့် အဲ့တာမျိုးတွေကအစ ဆင်ခြင်သင့်တယ်လို့တော့ထင်တယ်။ ပြီးရင်  တချို့ Page တွေမှာတင်တာတွေ၊ သတင်းဌာနတွေမှာ တင်တဲ့ဟာတွေက တကယ်ဒလန်သွားရှင်းတဲ့လူ လွတ်လွတ်မြောက်မြောက် ဖြစ်သွားပြီဆိုမှ Page တွေက ပြည်သူအားရအောင်တင်တာမျိုး၊ အဲ့လိုမျိုး ဆင်ခြင်သင့်တယ်လိုတော့ထင်ပါတယ်ဗျ။ ဒီလောက်ပါပဲ။

ကိုမရတ်ကျော်သူ ( 0:11:40 to 0:21:00 )

 ကျွန်တော်ကတော့ ဒလန်ရှင်းတဲ့အပေါ်မှာ အမြင်ဆိုတာမျိုးတော့ မပြောချင်ဘူး ပေါ့နော်။ တော်လှန်ရေးထဲမှာ အလုပ်တစ်ခုအနေနဲ့ပါနေတယ်ဆိုတော့ ဒီအပေါ်မှာ ကောင်းတယ်ဆိုးတယ်၊ အကျိုးအပြစ် စသဖြင့် မပြောချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်က မီဒီယာဘက်ရယ် တချိုနေရာတွေမှာ မြင်တဲ့အခြေအနေလေးတွေ ကျွန်တော်ပြောချင်တယ်။ ပထမဆုံးတစ်ချက်ကတော့ ဒလန်ရှင်းတယ်လို့ အကုန်လုံးစပြောကြရင် ဘာကိုမြင်ကြလဲ ဆိုတော့ ဒလန်ဆိုတဲ့အချက်အလက်ကို ဘယ်ကနေရလဲ၊ ကျွန်တော်ဆိုရင် တောက်လျှောက် ကျွန်တော့်ဆီကို သတင်းတွေပို့ကြတဲ့လူတွေထဲမှာ ဘယ်ရပ်ကွက်က၊ ဘယ်သူကတော့ ဒလန်ပါပေါ့နော်၊ သူ့ကို PDF အဖွဲ့တစ်ဖွဲ့ ဒါမှမဟုတ် ဒေသခံ UG အဖွဲ့တစ်ဖွဲ့ဆီကို ဆက်သွယ်ပြီးပို့ပေးပါဆိုပြီး ပြောကြတယ်။ ဆိုတော့ ကျွန်တော်က ဘာပြန်မေးရလဲဆိုတော့ ဒါကိုဒလန်လို့ဘယ်လိုသိတာလဲ၊ မဟုတ်ဘူး သူက ရဲတွေနဲ့ပေါင်းနေတာ တွေ့တယ်၊ အုပ်ချုပ်ရေးမှူးနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တာမျိုး ပြောကြတယ်ပေါ့။ ကျွန်တော်တို့က အုပ်ချုပ်ရေးမှူးနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တာနဲ့ ဒါမှမဟုတ် ရဲနဲ့စကားပြောတာနဲ့ ဒလန်လို့သတ်မှတ်မလား။ ဆိုတော့ သာမန်လူတွေကတော့ စိတ်ခံစားမှုနဲ့ သူတို့ကြည့်မရတဲ့လူ၊ နောက်တခုက စစ်ကောင်စီနဲ့ လက်တွေ့မှာ ပြောနေဆိုနေတဲ့သူတွေကို ဒလန်လို့ အလွယ်တကူသတ်မှတ်လိုက်ကြတာမျိုးပေါ့နော်။ တချို့အခြေအနေတွေမှာ စားဝတ်နေရေးအတွက်၊ နေ့စဥ်လူမှုဘဝ၊ နဂိုကတည်းကရှိနေခဲ့တဲ့ လူမှုဆက်ဆံရေးကြောင့် ပြောဆိုဆက်ဆံ နေကြရတဲ့လူတွေ အများကြီးရှိတာကိုး။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာတင် ကြည့်လိုက်ရင် တကယ့်ကို တော်လှန်ရေးကို ထဲထဲဝင်ဝင်လုပ်နေတယ်လို့ ထင်ရပေမဲ့ Online ပေါ်မှာရော၊ မြေပြင်မှာရော စစ်ကောင်စီနဲ့ ပက်သက်နေတဲ့လူတွေကို ဆက်ဆံနေဆဲလူတွေ အများကြီးပဲတွေ့နေရတယ်။ သူတို့တွေကို အလွယ်တကူပဲ ဒလန်လို့သတ်မှတ်မလား၊ သတ်မှတ်လိုမ့ရပါဘူး။ ဒါပေမဲ့ လက်ရှိအခြေအနေဖြစ်ပျက်နေတာကတော့ အဲ့လိုမျိုး အလွယ်တကူသတ်မှတ်လိုက်ပြီးတော့ လူတစ်ယောက်ဆီကို ဒါမှမဟုတ် သက်ဆိုင်ရာနာမည်ကြီးပုဂ္ဂိုလ်ဆီကို လှမ်းပို့ပေးလိုက်တာပေါ့။ အဲ့လိုပို့ပေးလိုက်တော့ အဲ့လူတွေကနေတဆင့် Online ပေါ်တင်လိုက်တယ်ဆိုရင် ပြဿနာ မရှိသေးဘူး။ ဘာလို့လဲဆိုတော့ သူတို့က နာမည်ကြီးတယ်၊ Online ပေါ်မှာ Influence တခုခုရှိတဲ့အတွက် သူတို့က ဒါကျွန်တော့်ကို သတင်းပေးလာတဲ့အတွက်ဆိုပြီး Online ပေါ်တင်လိုက်တယ်။ ပြီးသွားတာဘဲ။ ဒါပေမဲ့ အဲဒီသတင်းကို အခုနကပြောသလို Online ပေါ်ကလူကိုပေးတာမဟုတ်ဘဲနဲ့ UG တစ်ဖွဲ့ဖွဲ့ ဒါမှမဟုတ် တချိုသောအဖွဲ့တွေကို ပေးလိုက်လို့ရှိရင် သူတို့တွေက အခုနက ကျွန်တော်မေးသလို မမေးတော့ဘူး၊ မေးခွန်းတွေမလာတော့ဘူး။ ဒီလူက ဒလန်လို့ပြောတယ်၊ ငါတို့ရှင်းပစ်ရမယ်ဆိုပြီး သွားရှင်းလိုက်တာမျိုးဆိုရင် ကျွန်တော်တို့က သတင်းအချက်အလက်ပေါ့နော်။ ဆိုတော့ ဘာတွေလုပ်ဖို့လိုတယ်လို့ ကျွန်တော်က မြင်လဲဆိုတော့ ပထမဦးဆုံးတစ်ချက်အနေနဲ့ ဥပမာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ပြဿနာအများစု ဖြစ်သွားတဲ့ မန္တလေးတိုင်းလိုနေရာမျိုးပေါ့။ မန္တလေးတိုင်းလိုနေရာမျိုးတခုလုံးကို သတင်းအချက်အလက်အားဖြင့် ချိတ်ဆက်ပေးနိုင်တဲ့ Body တခုခု၊ အဖွဲ့တစ်ဖွဲ့ဖွဲ့၊ မန္တလေးမှာရှိတဲ့ UG တွေကနေ ယုံကြည်ရတဲ့အဖွဲ့တစ်ဖွဲ့ ပေါ်လာစေချင်တယ်။ ဒါမှမဟုတ်ရင်လည်း ဒလန်ရှင်းလင်းရေးလိုမဟုတ်ဘဲနဲ့   NUG ကဖြစ်ဖြစ် ဒေသတခုလုံးမှာ ယုံကြည်ရတဲ့ သတင်းအချက်အလက်ဖြန့်ဝေရာ Channel တခုခု လုပ်စေချင်တာပေါ့နော်။ Channel မှာကို နှစ်ခုရှိတာပေါ့နော်၊ Officially ဒီလူနဲ့တော့ မပက်သက်ကြပါနဲ့ ဒါမှမဟုတ် ဒီလူကတော့၊ ဒီ Company ကတော့ ဥပမာဆိုပါစို့ မန္တလေးမှာဆိုရင် ဆိုင်သေးသေးလေးတွေရှိမယ်၊ ဈေးချိုထဲမှာ ဈေးရောင်းတဲ့သူတွေရှိမယ်၊ မတ္တရာဘက်မှာဆိုရင် နာမည်ကြီးတဲ့ ဈေးဆိုင်တွေရှိမယ်။ ဒီလူကတော့ စစ်ကောင်စီနဲ့ တရားဝင်ဆက်သွယ်နေတဲ့ အတွက် သူ့ကိုတော့မပက်သက်ပါနဲ့ဆိုတာကို တရားဝင်ကြေညာပေးတာမျိုး၊ ဒါမျိုးဆိုလို့ရှိရင် ဒီလူက ဒလန်ဖြစ်တဲ့အတွက် မပက်သက်ရဘူးဆိုတာ သိသွားတယ်ပေါ့နော်။ ဒါပေမဲ့ အခုကကျတော့ အဖွဲသေးသေးလေးတွေကို ဒေသခံတစ်ယောက်ယောက်က ဒီလူက ဒလန်ဖြစ်ပါတယ်ဆိုပြီး ပို့လိုက်ပြီး အဲ့တာကို ဘယ်သူကမှ မစစ်ဆေးဘဲနဲ့ သွားလုပ်လိုက်ကြတာပေါ့နော်။ ဆိုတော့ ဖြစ်လာတဲ့အခြေအနေတွေက တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်သွားတယ်။ အဲ့တော့ ကျွန်တော် ပထမဦးဆုံးမြင်တာကတော့ သတင်းအချက်အလက် ကိစ္စလို့မြင်ပါတယ်၊ အဲ့ဒါကိုစိစစ်ပေးရမယ့်အဖွဲ့ပေါ့။ နောက်ဆုံး တစ်ဖွဲ့ဖွဲ့ ကနေပြီးတော့ သတင်းအချက်အလက် တခုရရှိတယ်၊ ဥပမာ ပုသိမ်ကြီးလိုနေရာမျိုးက လူတစ်ယောက်ကနေပြီးတော့ UGအဖွဲ့တစ်ဖွဲ့ကို သတင်းပေးလာတယ်၊ ဒီလူကတော့ ဒလန်ဖြစ်တယ် ခင်ဗျားတို့ရှင်းပေးပါ၊ အဲ့လိုဆိုရင် တချို့ UG လုပ်တဲ့အဖွဲတွေ ဒါမှမဟုတ် PDF တွေမှာ စိစစ်ဖို့ အချိန်မရကြပါဘူး။ သူတို့မှာ ပြေးရတယ်၊ လွှားရတယ်၊ ပုန်းရတယ်၊ မြေအောက်လုပ်ငန်းတွေလုပ်ရတယ်ဆိုတော့ အချိန်မရှိကြဘူး။ အဲ့တော့ ဘာလုပ်သင့်လဲဆိုတော့ ခုနကကျွန်တော်ပြောတဲ့ ယုံကြည်ရတဲ့အဖွဲ့တစ်ဖွဲ့ကို အချက်အလက်တွေပေးပြီး စစ်ဆေးခိုင်းတာမျိုးပေါ့၊ ကျွန်တော်တို့ကတော့ ဒီအချက်အလက်တွေရထားတယ်၊ ခင်ဗျားတို့မှာရှိတဲ့လူတွေနဲ့ ဒါမှမဟုတ် နည်းပညာနဲ့ သူဟာ တကယ်ဒလန်ဟုတ်၊မဟုတ် စစ်ပေးပါ။ အဲ့လိုဆိုရင် အဲဒီအဖွဲ့ကလဲ သူ့မှာရှိတဲ့ လက်တံတွေအရ ဒလန်ဟုတ်၊ မဟုတ် စစ်ဆေးပြီး အတည်တကျသိပြီဆိုမှ UG တွေအနေနဲ့ သတိပေးတာမျိုး၊ Online ပေါ်ကနေစာထုတ်တာမျိုး စသဖြင့် တဆင့်ချင်းလုပ်သင့်တယ်။ အဲ့တာမျိုးဆိုရင်တော့ ဆိုးကျိုးပိုနည်းမယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ ဒါကတခုပေါ့နော်။ နောက်တခုက မီဒီယာတွေပေါ့နော်။ ကျွန်တော်က မီဒီယာသမားဆိုတော့ မီဒီယာအထိုင်က ပြောချင်ပါတယ်။ ဒလန်လို့ပြောပြီး ရှင်းပြီးသွားပြီပေါ့နော်။ သေသွားတယ်ဆိုတဲ့သတင်းကို ခုနက ကိုသခင်ဖြူဖွေးပြောတဲ့အထဲမှာ ကျွန်တော်စကားလုံးတစ်လုံး သတိထားမိတယ်၊ ပြည်သူအားရအောင် ဆိုတဲ့စကားလုံးပေါ့နော်၊ တခါတလေမှာတော့ ဒီစကားလုံးက ကောင်းပါတယ်။ ဒါပေမဲ့ အမြဲတမ်းမှာ ပြည်သူအားရအောင်ဆိုတဲ့စကားလုံးက နည်းနည်းတော့ အန္တရာယ်များတယ်။ ဆိုတော့ သတင်းမီဒီယာအများစုက အခုနောက်ပိုင်းဘယ်လိုဖြစ်လာလဲဆိုတော့ ပြည်သူအားရအောင်ဆိုပြီးတော့ပဲ သတင်းတင်ကြတာများတယ်။ ဒီသတင်းတင်လိုက်ရင်တော့ လူတွေပျော်ကြ တော့မှာဘဲ၊ လူတွေ Share ကြတော့မှာဘဲ၊ ဟိုနားမှာ စစ်ခွေးတွေ ဘယ်နှစ်ကောင်သေတယ် စသဖြင့်တင်ကြတယ်။ နောက်ကွယ်ကမှန်မမှန်ကို မတွေးတော့ဘဲ လူတွေပျော်အောင်ဆိုပြီး သတင်းတင် လာကြတာ များတယ်လို့ ကျွန်တော်ကတော့ ယူဆတယ်။ ဆိုတော့ ဒလန်ကိစ္စကိုပြန်သွားရအောင်။ ဒလန်ရှင်းပြီးပြီ ဆိုပြီးတော့ UG တစ်ဖွဲ့ဖွဲ့ကနေပြီး သတင်းမီဒီယာတခုကို ပို့လိုက်တယ်ပေါ့နော်။ အဲဒီသတင်းမီဒီယာက ဒီဒလန်ဟာ ဒလန်ဟုတ်သည်၊ မဟုတ်သည်ဆိုတာစစ်ရမယ့်တာဝန်ကို ကျော်ပြီးတော့ နောက်တဆင့် ဘယ်ရောက်သွားလဲ ဆိုတော့ သူတို့တောင်မှ ဒလန်ရှင်းပြီးပြီဆိုပြီးတော့ ပို့တာပဲ၊ငါတို့က ဘာလို့မရေးနိုင်စရာအကြောင်းရှိမလဲဆိုပြီး ကောက်ရေးလိုက်တယ်။ ဆိုတော့ မီဒီယာက ဘာဖြစ်နေလဲဆိုတော့ ငါတို့ကိုပို့လာသမျှကို မစစ်ဆေးဘဲ ရေးမယ်ဆိုတဲ့အထာဖြစ်တယ်။ ပြီးခဲ့တဲ့ရက်ကဖြစ်ခဲ့တဲ့ ဥပမာ သိန်းနီမှာဖြစ်ခဲ့တဲ့ကိစ္စ၊ သိန်းနီမှာဆိုရင် ဘာတိုက်ပွဲမှမရှိဘူး၊ ဒါပေမဲ့ အဲဒီက PDF လို့အမည်ခံထားတဲ့ အဖွဲ့တဖွဲ့ကနေပြီးတော့ တိုက်ပွဲဖြစ်တယ်၊ စစ်သား၊ စစ်ခွေးသုံးဆယ်ကျဆိုပြီး ပြောတယ်။ အခုနကစကားကို ပြန်ကောက်ရရင် ပြည်သူအားရအောင်ဆိုတဲ့ စကားလုံးနဲ့ဘဲ မီဒီယာတွေက ဝုန်းဆိုပြီးရေးလိုက်ကြတယ်။ တချို့မီဒီယာအသေးလေးတွေထက် Irrawady လို မီဒီယာအကြီးကြီးတောင်မှ အဲ့လိုသတင်းမျိုးကို အလွယ်တကူ ကောက်ရေးလိုက်ကြတာရှိတယ်။ တကယ်ဖြစ်လားဆိုတော့ မဖြစ်ဘူး၊ ဒါပေမဲ့ ပြည်သူအားရအောင်၊ ပြည်သူပျော်အောင်ဆိုတဲ့ စကားလုံးနဲ့ပဲ လုပ်ကြတော့ တလွဲတွေဖြစ်ကုန်တယ်။  ဆိုတော့ ပထမဦးဆုံးအဆင့် အနေနဲ့ မီဒီယာတွေအနေနဲ့ ဒီထဲမှာ မီဒီယာသမားတွေပါလားတော့ မပြောတတ်ဘူး၊ ဒါပေမဲ့ စာဖတ်သူတွေပါတယ် ဆိုလို့ရှိရင်တော့ စာဖတ်သူတွေအနေနဲ့ မီဒီယာတွေကနေ ဒလန်ကိုရှင်းလိုက်တယ်၊ ဘယ်အဖွဲ့ကထုတ်ပြန်တယ်လို့ ပြောလိုက်တိုင်းလည်း အဲ့တာကို ဒလန်လို့  ကောက်ချက်ချတာထက် နောက်တဆင့်အနေနဲ့ ဟုတ်သည်၊ မဟုတ်သည်ကို ခဏလေးစောင့်ပြီးတော့ ဒါဟုတ်သလား၊ မဟုတ်ဘူးလား လုပ်သင့်တယ်လို့ထင်တယ်။ မီဒီယာအချင်းချင်းလဲ ကျွန်တော်နီးစပ်ရာတွေကို ကျွန်တော်ကပြောပါတယ်။ ဒလန်လို့တက်လာတိုင်းမှာ မတင်ကြဖို့၊ မလုပ်ကြဖို့ပေါ့။ မီဒီယာတွေကတော့ပြောတယ်၊ ငါတို့မှာအချိန်မရှိဘူး၊ သတင်းပေးလာရင် ငါတို့ကတင်ရမှာပဲဆိုပြီး ပြန်ပြောတယ်။ အခြေအနေကတော့ အတော်ရှုပ်ထွေးတယ်။ အကုန်လုံးကိုခြုံပြီး ကျွန်တော်ပြောရရင်တော့ ဒလန်ရှင်းလင်းရေးကိစ္စမှာ သတင်းအချက်အလက်ကို စိစစ်ဖို့လိုမယ်၊ အဲ့ဒါက တကယ်တော်လှန်ရေးလုပ်နေတဲ့အဖွဲ့တွေက စိစစ်ဖိုမဟုတ်ဘဲနဲ့ သတင်းအချက်အလက်စိစစ်ရေးအဖွဲဆိုတာ သီးသန့်ထားပြီး အဲဒီအဖွဲ့ကနေစီစစ်တာမျိုးက ပိုကောင်းတယ်။ ဒုတိယတချက်ကတော့ မီဒီယာတွေမှာပါတဲ့ ဒလန်ရှင်းလင်းရေးသတင်းကို လူတွေက အပျော်လွန်ပြီးတော့ ရှောက် Share ကြ၊ ဝိုင်းပြောကြတာမျိုးက ကောင်းကျိုးထက် ဆိုးကျိုးဘက်ကို ပိုပြီးတော့များနိုင်တယ်။ ဆိုတော့ မီဒီယာမှာတက်လာတဲ့ သတင်းတွေကိုလည်း သတိထားပြီးတော့ Share ကြ၊ ပြုကြပေါ့။ လောလောဆယ်တော့ ကျွန်တော် ဒီလောက်ပဲ ရှိပါတယ်။

ဦးမင်းနောင်ခိုင် ( 0:21:10 to 0:23:00 )

 ကိုမရတ်ကျော်သူတင်ပြသွားတဲ့အထဲမှာ တချို့အချက်တွေကို ကျွန်တော်ထောက်ခံပါတယ်။ ကျွန်တော်တို့က ဒလန်ဆိုတာကို သေသေချာချာ အတည်မပြုနိုင်ဘဲနဲ့ မီဒီယာက တင်လိုက်တာပဲဖြစ်ဖြစ် တခြားမသေချာတဲ့ အချက်အလက်တွေကို ဥပမာ စစ်ကောင်စီလက်ဝေခံစစ်တပ်တို့ တခြားသောသူတို့နဲ့အတူတူ ပေါင်းသင်းဆက်ဆံ တာနဲ့ပဲ ဒလန်လို့အလွယ်တကူသတ်မှတ်လိုက်မှာလား၊ ဒါကတော့ မဖြစ်သင့်ဘူး။ ဆိုတော့ ကျွန်တော်စောစောက တင်ပြထားခဲ့တဲ့အတိုင်းပဲ ဒလန်ဆိုတာကို သေသေချာချာ မှတ်တမ်းမှတ်ရာနှင့်တကွ စီစစ်ပြီးမှလုပ်သင့်တယ်။ ပြည်သူလူထုမှာ ဒီအသိဉာဏ်တွေလိုအပ်တယ်ပေါ့။ ဆိုလိုတာက ဘယ်ရပ်ကွက်က ဘယ်သူကတော့ ဒလန်ပေါ့၊ ဒီသတင်းထွက်လာပြီ၊ ဒီအချိန်မှာ ဒီရပ်ကွက်မှာရှိတဲ့သူတွေကပဲ ဒီလူက ဘာတွေကိုလုပ်လို့ ပြည်သူတွေကို နစ်နာစေတာလဲ၊ တော်လှန်ရေးလုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို နစ်နာစေတာလဲ၊ သူ့ကြောင့် လူဘယ်နှစ်ယောက် အဖမ်းခံလိုက်ရလို့လဲ၊ ဒါမှမဟုတ် သူ့ကြောင့် PDF ဘယ်နှစ်ယောက် ကျဆုံးသွားလဲ၊ ကျဆုံးမဲ့အခြေအနေ ရှိနေသလဲပေါ့။ ဒီဟာတွေကို မှတ်တမ်းမှတ်ရာနှင့်တကွ ခြေခြေမြစ်မြစ် စုံစမ်းစစ်ဆေးပြီးတော့မှ လုပ်သင့်တယ်။ ဒီလိုစုံစမ်းစစ်ဆေးတဲ့အခါမှာ သတင်းအချက်အလက်စစ်ဆေးတဲ့အဖွဲ့က သီးသန့်စစ်ဆေးတာမျိုးထက် ဒီဒလန်ကို အရေးယူမယ့် ဒီဒေသမှာရှိတဲ့ သက်ဆိုင်သူတွေက အသိရှိနိုင်ဆုံးဖြစ်တယ်။ သူတို့ကပဲ သေသေချာချာ ဒီအချက်အလက်တွေကို စီစစ်ပြီးမှ အရေးယူတာ ပိုပြီးကောင်းနိုင်တယ်။ အဓိကက ပြည်သူတွေမှာ စောစောက ကျွန်တော်ပြောခဲ့တဲ့ ဒလန်ဖြစ်ကြောင်းကို မှတ်တမ်းမှတ်ရာနဲ့၊ အချက်အလက်ခိုင်ခိုင်လုံလုံနဲ့ စီစစ်ပြီးမှ  အရေးယူသင့်တယ်ဆိုတဲ့အချက်ကို ပြည်သူတွေအားလုံး လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင် ဒလန်ရှင်းလင်းတဲ့ကိစ္စမှာ အများကြီးဖြေရှင်းလို့ရသွားနိုင်တဲ့ အနေအထားတခု ရှိတယ်။ ဒါကိုတင်ပြလိုတာပါ။ ကျေးဇူးတင်ပါတယ်ဗျ။

Mr. Black ( 0:23:16 to 0:30:30 )

ကျွန်တော်ကတော့ လက်ရှိ ကျွန်တော့်အဖြစ်အပျက်လေးကိုဘဲ အရင်ဆုံးရှင်းပြပါရစေ။ ကျွန်တော့်အနေနဲ့ ကတော့ တော်လှန်ရေးဆိုတာကြီးစကတည်းက သက်ဝင်ယုံကြည်ပြီး လုပ်လာတာပေါ့နော်။ ခုထိလဲ တော်လှန်ရေးနဲ့ပက်သက်လို့ တစိုးတစိမှ သံသယမရှိခဲ့ဘူး။ ဒါပေမဲ့ ဒီရက်ပိုင်းအတွင်း ကျွန်တော့်မှာ ဖြစ်သွားတဲ့ကိစ္စနဲ့ ပက်သက်ပြီးတော့ တော်တော်လေး ကျွန်တော့်မှာ စိတ်မကောင်းဖြစ်ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့အဖေ ဒီမန္တလေးတိုင်းထဲက သူ့ရဲ့ရွာမှာပဲ သေနတ်နဲ့ပစ်ခံရတယ် ပေါ့နော်။ ကျွန်တော့်အဖေ အခုလက်ရှိလုပ်တာကတော့ ရွာရဲ့လူမှုရေးအသင်း ဥက္ကဌအနေနဲ့ ဆောင်ရွက်တယ်။ လူမှုရေးအသင်းဥက္ကဌဆိုတာ အကိုတို့နားလည်အောင်ရှင်းပြရရင် ရပ်ရေးရွာရေးနဲ့ပက်သက်တဲ့ကိစ္စတွေကို ဆောင်ရွက်တာမျိုးပေါ့နော်။ ဘုရားအရေး၊ သာရေး၊နာရေး၊လူမှုရေးကိစ္စတွေကို ဆောင်ရွက်ပေးတဲ့ကိစ္စပေါ့။ ပြီးတော့ နောက်တခုက သူက ယခင်ကတည်းက ရဲတပ်ဖွဲ့တွေဘာတွေနဲ့ အဆက်အသွယ်က နဂိုကတည်းက ရှိခဲ့တာပါ။ ဘာလို့လဲဆိုတော့ ရပ်ရေးရွာရေးပေါ့၊ ရွာမှာဖမ်းခံရတာတွေ၊ ကိစ္စကြီးငယ် တရားရုံးတွေ သွားရတာရှိတယ်။ အခုအခြေအနေမှမဟုတ်ဘူး၊ ယခင်ကတည်းက ဒီလိုမျိုးတွေမှာ နစ်နာသူဘက်ကနေ လိုက်ပြီးတော့ကူညီဆောင်ရွက်ပေးတာတွေ ရှိခဲ့တယ်။ ဒီအတောအတွင်းဖြစ်သွားတဲ့ပြဿနာမှာ အခြေခံက အကြောင်းအရာနှစ်ခုရှိတယ်ပေါ့နော်။ ပထမတစ်ချက်ကတော့ ရွာကို ရဲတပ်ဖွဲ့တွေဝင်ပြီးတော့ လောင်းကစားဝိုင်းကိုဖမ်းတယ်၊ ဖမ်းတဲ့အချိန်မှာ ရွာထဲကလူတစ်ယောက် ဖမ်းတဲ့ထဲမှာပါသွားတဲ့အချိန်မှာ အဲဒီမိသားစုဝင်ရဲ့ အိမ်ကလူတွေကပဲ လာပြီးတော့ အကူအညီတောင်းတာမျိုးတွေ ကြုံရတယ်ပေါ့နော်။ ကြုံရတဲ့အခါမှာ ဘာဖြစ်လဲဆိုတော့ ဒီလိုအခြေအနေမှာ ဘယ်လိုအဆင်ပြေသွားလဲဆိုတော့ ငွေပေးပြီးတော့ လွတ်လာတဲ့ပုံစံမျိုးနဲ့ အဆင်ပြေသွားတယ်။ အဲ့မှာ ရွာမှာသတင်းထွက်သွားတာက ကျွန်တော့်အဖေကနေပြီးတော့ ရဲတွေကိုခေါ်ပြီး လောင်းကစားဝိုင်းကိုဝင်ဖမ်းတယ်၊ ဖမ်းပြီးတော့ ငွေညှစ်တယ်ဆိုပြီး သတင်းထွက်သွားတယ်။ နောက်တခု ပြဿနာက ကိုဗစ်ကာကွယ်ဆေးတွေနဲ့ ပက်သက်ပြီးတော့ ဆေးထိုးဖို့ ကိစ္စတွေရှိတယ်ပေါ့နော်။ ဒီအတွက်သူက ဆော်ဩပေးတာမျိုး ဆောင်ရွက်ပေးရတယ်။ နောက်တခုကကျတော့ ရွာမှာမီးဖြတ်ခံ ရတယ်ပေါ့နော်။ လွန်ခဲ့တဲ့ ရက်တွေအတောအတွင်းမှာ ဖြတ်ခံရတယ်။ ဖြတ်ခံရတော့ မီးဖြတ်တဲ့ကိစ္စနဲ့ ပက်သက်ပြီးတော့ ရွာကလူတွေ ၇၀ ရာခိုင်နှုန်းလောက်က မီတာဆောင်ချင်ကြတယ်။ ဆောင်ချင်ကြတော့ ဒီကိစ္စတွေနဲ့ပက်သက်ပြီးတော့ မီးကော်မတီနဲ့ ညှိနှိုင်းပေးဖို့အတွက် အကူအညီ တောင်းကြတယ်ပေါ့နော်။ အဲဒီမှာ လိုက်ပြီးတော့ဆောင်ရွက်ပေးတာရှိတယ်။ ဒီအချက်တွေအပေါ်မှာအခြေခံပြီး ဒီလိုဖြစ်သွားတယ်လို့ ကျွန်တော်ထင်တယ်။ သူ့အနေနဲ့ ၂၈ ရက်နေ့ နေ့လည်ခင်းပိုင်း လေးနာရီလောက်မှာ Gun shot ဖြစ်ပြီး ဆေးရုံကြီးကိုရောက်တယ်။ လုပ်တာတော့အသေပါဘဲ၊ အသေကိုအလုပ်ခံလိုက်ရတာ။ ကံကောင်းတာက သူသည် ရှောင်လိုက်နိုင်တဲ့ အနေအထားကြောင့် ။ ရှောင်လိုက်နိုင်တာကလည်း ( သူ့ကိုလုပ်ကြံတယ်လို့တော့ ကျွန်တော်မသုံးချင်ဘူး) သူ့ကို သေနတ်နဲ့ပစ်ဖိုအတွက် ပစ်ကွာဆိုပြီး သေနတ်ဆွဲထုတ်လိုက်တာကို သူကောင်းကောင်းမြင်လိုက်ရတယ်။ ဒါကြောင့် သူရှောင်လိုက်နိုင်ပြီး ခါးအောက်ပိုင်းတွေ၊ ပေါင်တွေမှာပဲ ထိသွားတာပေါ့နော်။ လောလောဆယ်တော့ ကျည်ဆံဒဏ်ရာနဲ့ တော်တော်လေး ခံစားနေရတယ်။ ကျည်ဆံဒဏ်ရာကလဲ ဘယ်လိုဖြစ်နေလဲဆိုတော့ အခက်အခဲက ခါးအရိုးဆုံလောက်မှာ ကျည်ဆံဝင်သွားတယ်။ အဲ့ဒါကိုထုတ်ဖိုအတွက် အတော်တိုင်ပတ်တယ်။ မန္တလေးဆေးရုံကြီးက ထုတ်မပေးနိုင်ဘူးဖြစ်နေတယ်။ ပြီးတော့ မန္တလေးဆေးရုံကြီးကထုတ်မပေးနိုင်ဘူး၊ အပြင်ဆေးရုံသွားမယ်ဆိုတော့လဲ ရှုပ်ရှုပ်ရှက်ရှက်နဲ့ ကျွန်တော်တို့က အဆင်မပြေပြန်ဘူး။ အဲ့တော့ ကျွန်တော်တို့မှာ ဘယ်လိုဖြစ်နေလဲဆိုတော့ စစ်ဆေးရုံဘဲသွားပြီး ထုတ်ပေးရမလား၊ အဲ့လိုမျိုးပေါ့ဗျာ ဖြစ်နေတဲ့ပြဿနာတွေက။ အဲ့တော့ခါကျ ဒလန်ရှင်းလင်းရေးနဲ့ပက်သက်ပြီး ဆရာတို့ ဆွေးနွေးတာတွေပေါ်မူတည်ပြီး ဆွေးနွေးချင်ပါတယ်။ လူ့အသက်အန္တရယ်တစ်ခုလုံးကို သတ်ရတော့မယ့် ဟာဖြစ်တဲ့အတွက် Confirm တယ်ဆိုတာ ဘယ်လိုဟာမျိုးကို Confirm ပြီးတော့ ကျွန်တော်တို့က ဆောင်ရွက်တာလဲ။ ဒီလိုမေးခွန်းတွေက တော်တော်များများ လိုလာတယ်။ ကျွန်တော်ကိုယ်တိုင်လဲ UG တွေနဲ့ ပက်သက်ပြီးတော့သော်လည်းကောင်း၊ PDF တွေနဲ့ ပက်သက်ပြီးတော့သော်လည်းကောင်း အများကြီး ဆက်သွယ်ကူအညီအထောက်အပံ့လုပ်ပေးတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ ဘယ်အဖွဲ့ကလုပ်သွားတယ်ဆိုတာ ကျွန်တော်အခုထိ စုံစမ်းလိုမရသေးဘူး။ ကျွန်တော် Mandalay Defence Force လိုမျိုး၊ မတ္တရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လိုမျိုးမှာလဲ လစဉ်အလှူငွေလေးတွေပို့ပေးတာမျိုး၊ သူတိုနဲ့ အဆက်အသွယ်လုပ်ပြီး သူတို့လိုအပ်တဲ့ပစ္စည်းလေးတွေ အမြဲတမ်း ထောက်ပံ့ပေးနေတာ။ ဒီကိစ္စတွေနဲ့ ပက်သက်ပြီးတော့လည်း ကျွန်တော့်အနေနဲ့ကတော့ လုပ်ပေးရလို့ဆိုတာမျိုးထက် ဒီလိုလုပ်ပေးနေတဲ့လူရဲ့ မိသားစုကိုမှ လုပ်တယ်ဆိုတာမျိုးကို ကျွန်တော်တော်တော်ခံပြင်းတယ်။ ပြီးတော့ ကျွန်တော့်အဖေဒလန်ဆိုတာက ( ဒီစကားကိုတော့ ကျွန်တော် ပြတ်ပြတ်သားသား  ပြောချင်တယ်) ကျွန်တော့်အဖေဒလန်ဆိုတာမှန်ရင် ကျွန်တော့်လက်နဲ့ကိုယ်တိုင် ကျွန်တော်လုပ်မယ်၊ ကျွန်တော့်ရဲ့ တော်လှန်ရေးယုံကြည်ချက်က အဲ့လိုမျိုးစိတ် မွေးထားတယ်။ အဲ့လိုမလုပ်လိုလဲမရဘူးဗျ။ ဘာလိုလဲဆိုတော့ တော်လှန်ရေးတစ်ခု လုပ်နေတယ်ဆိုတာ မိသားစုတစ်ခုကောင်းစားဖိုအတွက် လုပ်တာမဟုတ်ဘူး။ တတိုင်းပြည်လုံးကောင်းစားဖို့ လုပ်နေတာဖြစ်တဲ့အတွက် ကျွန်တော် အဲဒီစိတ်ကိုမွေးထားတယ်။ အခုလဲအဲဒီစိတ်ကိုမွေးထားတယ်။ ဒါပေမဲ့ ဒီအတောအတွင်းမှာ ကျွန်တော့်စိတ်ဆုံးဖြတ်ချက်အရ UG တွေကိုတော့ ပံ့ပိုးမှုတွေမလုပ်ပေးနိုင်တော့ဘူး။ ခုနလိုမျိုး စစ်ဘေးဒုက္ခတွေနဲ့ အမှန်တကယ် ကြုံတွေ့နေရတဲ့ ဒေသတွေကိုပဲ ကျွန်တော် Supporting လုပ်ပေးနိုင် တော့မယ်။ အဲ့လိုပုံစံမျိုးတွေနဲ့ ကျွန်တော့်မှာ ခံစားချက်တွေပါ ပေါင်းသွားတာပေါ့နော်။ နောက်တချက် ထပ်ပြီးပြောချင်တာက ကျွန်တော့်အဖေ ဒလန်ဆိုတိုင်း ကျွန်တော့်မိသားစုကိုပါ ဒလန်လိုတော့ မသတ်မှတ်စေချင်ဘူး။ ကျွန်တော့်အဖေက ဒလန်လို့ပြောတာ မဟုတ်ဘူးနော် ဒါက။ အဲဒီမိသားစုက တယောက်က ဒလန်ဆိုတာနဲ့ တစ်မိသားစုလုံးကို ဒလန်လို မသတ်မှတ်စေချင်ဘူး။ အဲ့တော့ခါကျတော့ ဒလန်ရှင်းမယ်ဆိုရင် အတတ်နိုင်ဆုံး သူ့မိသားစုကို ချဥ်းကပ်ပြီးတော့ နည်းလမ်းပြောင်းသွားအောင် သော်လည်းကောင်း၊ ရပ်တန့်သွားအောင်သော်လည်းကောင်း လုပ်လို့မရဘူးလား ဆိုတဲ့ မေးခွန်းကလည်း ပေါ်လာတယ်။ 

ပြီးတော့ ခုဆိုသာမန် UG တွေ၊ ကျွန်တော်နဲ့သိတဲ့ UG တွေပေါ့ဗျာ။ ကိုယ့်ဟာကိုယ် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ အပေါင်းအသင်းတွေနဲ့ပက်သက်ပြီးတော့  ငွေကြေးအထောက်အပံ့ကိုယူတယ်၊ ပြီးတော့ အတိုလေးတစ်လက် လောက်တော့ ဝယ်ထားတာပေါ့ဗျာ။ UG ဆိုပြီးလုပ်ကြတယ်။ ပြီးတော့  လက်လုပ် မိုင်းလေးတွေကို ဖုန်းလေးတွေ၊ Keypad လေးတွေနဲ့ လုပ်ကြတယ်။ ဒီအပေါ်မှာ အခုထိကို အထက်ကလူတွေအနေနဲ့ ( ဆရာတို့ကိုတော့ အပြစ်ပြောချင်တာမဟုတ်ဘူးပေါ့နော်)  NUG ကသော်လည်းကောင်း၊ အခြားအဖွဲအစည်းကသော်လည်းကောင်း အခုထိအချိတ်အဆက်မမိဘဲနဲ့၊ Control မလုပ်နိုင်သေးရင်တော့ ခုနကလိုကိစ္စတွေက ကြုံနေဦးမှာပဲလို့ ကျွန်တော်ကတော့ ပြောချင်တယ်။ ကျွန်တော် ဆွေးနွေးချင်တာကတော့ ဒီလောက်ပါပဲခင်ဗျ။

Mr. Y ( 0:30:40 to 0:33:33 )

ဟုတ်ကဲ့ ကျွန်တော် ဆွေးနွေးချင်တာကတော့ ကျွန်တော်နေတဲ့ပတ်ဝန်းကျင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်သွားတဲ့ကိစ္စပေါ့။ ဒလန်ဆိုပြီးတော့ အဲဒီလူကို ဓားနဲ့ထိုးသွားတယ်။ ရှစ်ချက်လား၊ ခုနှစ်ချက်လားတော့မသိဘူး၊ ဒါပေမဲ့ အဲဒီလူကတော့ သေသွားတယ်။ ပြဿနာကဘာလဲဆိုတော့ သူကလည်း ဒလန်ဟုတ်လား၊ မဟုတ်လားဆိုတာ မသေချာဘူး၊ ဒါပေမဲ့ တရားခံလဲ မပေါ်သွားဘူး။ ဒါပေမဲ့ နာမည်ထွက်သွားတာကကျတော့ ဒီလူသည် ဒလန်မို့လို့ရှင်းလိုက်တယ်လို့ပဲ နာမည်ထွက်တယ်။ အဲ့တော့ နောက်ဆက်တွဲ ပြဿနာက ဘာဖြစ်လာလဲဆိုတော့ လိုင်းပေါ်မှာ တင်လိုက်လို့ရှိရင် ဒါဒလန်ရှင်းတာပဲဆိုပြီး လူတွေက လက်ခံကြပေမဲ့ မြေပြင်မှာကျတော့ တော်လှန်ရေးရဲ့ imageကို ထိခိုက်မယ်လိုထင်တယ်။ နောက်တစ်ချက် ကျွန်တော်ပြောချင်တာက တချို့သော မြေပြင်မှာဆိုရင် Supporter တွေရှိတယ်၊ လစဥ်ထောက်ပံ့နေသူတွေ ရှိတယ်၊ PDF တွေကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေရှိတယ်။ အဲဒီတော့ ကျွန်တော်တခုစိုးရိမ်တာက အခုတော့ပြဿနာမရှိပေမဲ့ အဲဒီအဖွဲ့အစည်းတွေက နောင်တချိန် သူတို့အဖွဲအစည်းနဲ့ Conflict ဖြစ်တဲ့လူ တစ်ယောက်ကို ဒီလူကဒလန်ပါဆိုပြီး သတင်းပေးပြီးတော့ ရှင်းခိုင်းတဲ့အခါမျိုးကြရင် Fund ထောက်ပံ့ပေးတဲ့ အဖွဲအစည်းတွေရဲ့ လက်ကိုင်တုတ်ဖြစ်သွားမှာကိုတော့ ကျွန်တော်စိုးရိမ်တယ်။ နောက်တချက် ကျွန်တော်ပြောချင်တာသည် ဒလန်ကိုရှင်းတယ်ဆိုတဲ့ကိစ္စမှာ ကျွန်တော်တို့ရည်ရွယ်ချက်က ဒလန်ကို ဘာလို့ရှင်းတာလဲ၊ မြေပြင်မှာ လှုပ်ရှားနေသူတစ်ယောက်ယောက်က ဒလန်ကြောင့် အဖမ်းခံရတယ်၊ အပစ်ခံရတယ်၊ သတင်းပေးတာမျိုးတွေဆိုရင် ဒလန်ရှင်းတာက ကောင်းလားဆိုရင် အဲဒီရှုထောင့်က ကြည့်မယ်ဆိုရင် လက်သင့်ခံစရာရှိပေမဲ့ ဒီလူသည် ဒလန်ဟုတ်၊ မဟုတ်ဆိုတာတော့ ပြန် check ဖို့လိုမယ်။ နောက်တချက်က ဒီလူသည် ဒလန်ဟုတ်ခဲ့ရင်တောင်မှ သူ့မှာဘာကြောင့်ဒီလိုလုပ်တယ်ဆိုတာကို ဖြေရှင်းချက်၊ သူ့ရဲ့ Complain ကိုလဲ ကျွန်တော်တို့က တောင်းသင့်တယ်။ ဘာမှန်းညာမှန်းမသိဘဲ ဒလန်ခေါင်းစဥ်တပ်ပြီး ရှင်းလိုက်တာကတော့ အဆင်မပြေဘူးလို့တော့ ကျွန်တော်ထင်တယ်။  နောက်ဆုံးတချက်ကတော့ ကျွန်တော်တို့ ဒလန်လို့စွတ်စွဲပြီးမတရားခံလိုက်ရတယ်၊ ရှင်းပစ်ခံရတယ်။ ပြီးသွားမှ ဒီလူကဒလန်မဟုတ်ဘူးဆိုပြီး ပြဿနာတက်တဲ့ခါကျတော့ ဘယ်အဖွဲ့က ဝင်ပစ်သွားမှန်းလဲမသိဘူး။ ဒါပေမဲ့ တဖက်လူက သေသွားပြီ၊ ပြန်လည်းမရနိုင်ဘူး။ အဲဒီလိုဟာမျိုးမှာ တရားမျှတမှုကို ဘယ်လိုရှာကြမလဲ။ အဲ့တာကိုပဲ ကျွန်တော်က ဆွေးနွေးချင်တာပါဗျ။ ကျေးဇူးပါ။

ကိုသစ္စာ ( 0:33:55 to 0:35:20 )

 ဟုတ်ကဲ့ ရဲဘော်တွေအားလုံး မင်္ဂလာပါဗျ။ ကျွန်တော်က မေးခွန်းသုံးခုရှိပါတယ်ဗျ။ ကျွန်တော် ဆရာမင်းနောင်ခိုင်ကို မေးချင်ပါတယ်။ ကျွန်တော်မေးမယ့်မေးခွန်းတွေက ဆရာ Mr. Black မေးသွားတာနဲ့တူပါတယ်။ 

ပထမဆုံး ဒလန်ကို ဘယ်အချက်တွေနဲ့ပြည့်စုံရင် ဒလန်လိုသတ်မှတ်မလဲ၊ ဘယ်လိုဝိသေသလက္ခဏာတွေနဲ့ ပြည့်စုံရင် ဒလန်လို့သတ်မှတ်မလဲပေါ့၊ အဲ့တာလေးကို ဖြေစေချင်ပါတယ်။ 

နောက်ထပ်မေးခွန်းတခုက ဒလန်ဆိုတဲ့အသုံးအနှုန်းပေါ့၊ ဒလန်ဆိုတဲ့အသုံးအနှုန်းက ရှိသင့်လား၊ ကျွန်တော်တို့ ပြည်တွင်း Law ရော၊ International Law အရပါ ဒလန်ဆိုတာ မရှိဘူးပေါ့နော်။ တစ်ယောက်ယောက်ကို ရှင်းချင်တယ်ဆိုရင်တောင်မှ ရန်သူ့ရဲ့သတင်းပေး ဒါမှမဟုတ်ရင် ရန်သူ့ရဲ့သူလျှိုပေါ့နော်၊ အဲဒီလိုပုံစံမျိုးနဲ့ဆို ရင်တော့ အဲဒီတစ်ယောက်က အပြစ်ရှိတယ်။ ဒါပေမဲ့ ဒလန်ဆိုတဲ့ခေါင်းစဥ်အောက်မှာ အပြစ်ရှိလား၊ မရှိလားပေါ့နော်။ အဲဒီအသုံးအနှုန်းကို သုံးသင့်လားဆိုတာ ပြောစေချင်ပါတယ်။ 

တတိယမေးခွန်းကတော့ မှားသတ်ခံရတဲ့သူတွေပေါ့နော်၊ မှားသတ်ခံရတဲ့သူတွေအတွက်ကို ကျွန်တော်တိုအနေနဲ့ ပြန်တောင်းပန်သင့်တယ်၊ လုပ်တဲ့အဖွဲ့ကလည်း ပြန်တောင်းပန်သင့်တယ်၊ ပြီးရင် တော်လှန်ရေးအင်အားစုတွေ အားလုံးကလည်း မှားသတ်ခံရတာသိပြီဆိုရင် ပြန်တောင်းပန်သင့်တယ်ပေါ့နော်။ အဲဒီဟာလေးတွေကို အကောင်အထည် ဘယ်လိုဖော်သင့်သလဲ၊ အဲဒီအချက်လေးတွေကို ဆွေးနွေးဖြေကြားပေးပါဗျ။

Mr. Rev Park ( 0:36:10 to 0:41:35 )

ဟုတ်ကဲ့ပါခင်ဗျ။ တက်ရောက်လာသူအားလုံး မဂ်လာပါ။ ကျွန်တော်က ကျွန်တော့်ကိုကျွန်တော် အရင်မိတ်ဆက်ပါရစေ။ ကျွန်တော်က တပ်က CDM လုပ်လာတဲ့ ဗိုလ်ကြီးအဆင့် CDM တစ်ယောက်ပါ။ တပ်မတော်ထဲမှာ ကျွန်တော် ၁၈ နှစ် တာဝန်ထမ်းဆောင်ခဲ့တယ်ပေါ့နော်။ ဒီနေ့ခေါင်းစဥ်လေးနဲ့ပက်သက်ပြီး ကျွန်တော်ဆွေးနွေးချင်တာကတော့ ဒလန်ရှင်းလင်းရေးပေါ့နော်၊ ဒလန်ရှင်းလင်းရေးကနေ မှားယွင်းသွားတာတွေ ကို ဘယ်လိုတာဝန်ယူမလဲဆိုတဲ့ ခေါင်းစဥ်လေးနဲ့ပက်သက်ပြီးတော့ ကျွန်တော် ဆွေးနွေးလိုတာပါ။ ဒလန်ရှင်းလင်းရေး ဘာကြောင့်ဖြစ်ပေါ်လာရလဲပေါ့နော်၊ ဘာကြောင့်ဖြစ်ပေါ်လာလဲဆိုတော့ ကျွန်တော်ဆွေးနွေး လိုတာက ဒလန်ရှင်းလင်းရေးဆိုတာ ကျွန်တော်တို့က စကစနဲ့စစ်ပွဲတိုက်နေတာပေါ့နော်၊ စစ်ပွဲတိုက်နေတာ ဖြစ်တဲ့အတွက် စစ်ပွဲနိုင်ဖို့တိုက်ရတယ်၊ စစ်ပွဲနိုင်ချင်လိုတိုက်တာမှာ စစ်ပွဲအောင်ဖို့အကြောင်းနဲ့ အကြောင်းအချက် တွေရှိကြတယ်ပေါ့။ အဲဒီအထဲမှာ သတင်းရရှိဖို့က အရမ်းအရေးကြီးတယ်။ အဲ့လို အရမ်းအရေးကြီးတဲ့အတွက် သူ့ရဲ့သတင်းရရှိမှုကို ကျွန်တော်တို့က ဖြတ်တောက်ဖို့အတွက် သတ်တယ်ပေါ့ဗျာ။ အဲ့ထဲမှာမှ ကျွန်တော်တို့က ထောက်လှမ်းရေးရဲ့ လုပ်ငန်းစဥ်တရပ်မှာ ဒလန်ဆိုတာ ပါနေတယ်။ အဲ့ဒလန်ဆိုတဲ့ Defination က အစောက အကိုတယောက်ပြောသွားတာနော်၊ ဒလန်ဆိုတာကို ဘယ်လိုအဓိပ္ပာယ်သတ်မှတ်မလဲဆိုတာက ပြဿနာရှုပ် နေတယ်။ ရှုပ်နေတယ်ဆိုတာက တော်လှန်ရေးစကတည်းက ကျွန်တော်တို့ က ဒလန်၊ ဒလန်ဆိုပြီး Trending ဖြစ်နေတယ်။ ဒါပေမဲ့ Trending က အဓိကစစ်နိုင်ရင်တော့လုပ်တယ်၊ ဒါပေမဲ့ ဒလန်သတ်ရုံနဲ့ စစ်နိုင်မှာလားဆိုတဲ့ စဥ်းစားချက်ကဖြစ်တယ်ပေါ့နော်။ ဒလန်တွေသတ်ရင်းနဲ့ ကျွန်တော်တို့က ရေလိုက်လွဲ ပြီး တကယ်အဓိက လုပ်ရမယ့်ဟာတွေကို ဒလန်ရဲ့ခေါင်းစဥ်အောက်မှာ အများကြီးရှိတယ်လေ၊ စပိုင်ရှိတယ်၊ Informer ရှိတယ်၊ Two-act စပိုင်ရှိတယ်စသဖြင့် အများကြီးပေါ့နော်။ ထောက်လှမ်းရေးဆိုတဲ့ခေါင်းစဥ်အောက်မှာ တကယ်တမ်း ဒလန်ထက် အရေးကြီးတာတွေ အများကြီးရှိတယ်ဗျာ။ သတင်းနဲ့ပက်သက်ပြီး ထောက်လှမ်းရေးမှာ ဖြတ်တောက်ရမဲ့ လုပ်ငန်းစဥ်တွေပေါ့။ ဒါပေမဲ့ ဒလန်ကဘဲ Trending ဖြစ်နေတာကိုက လွဲမှားနေတဲ့အတွက် အခုအချိန်မှာ မှားယွင်းမှုတွေကြောင့် Hot Issues တွေဖြစ်လာတယ်။ အဲဒီ Hot Issues ဖြစ်ရ ခြင်းကလည်း ကျွန်တော့်အမြင် Missed management နဲ့ Corruption (အကျင့်ပျက်ချစားမှု) ကြောင့်ဖြစ်ရတာ။ ခုနတုန်းကပြောတယ် Corruption (ချစားမှု) တွေရှိလာတယ်၊ ငွေကြောင့်သတ်တာတို့ ဘာတို့ နောက်ပိုင်းဖြစ်လာကြတယ်ပေါ့နော် အခုက တော်လှန်ရေးအချိန် ကြာလာပြီဖြစ်တဲ့အတွက်။ အဲ့ဒါ Missed management ကြောင့်ဖြစ်ရတာ။ ……

ကျွမ်းကျင်တဲ့သူတွေ ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ ဥပမာဗျာ ကျွန်တော်တို့ဆိုရင်လဲ CDM ဝင်လာတာ တော်လှန်ရေးတပ်သားတွေအတွက် ကျွန်တော်တို့က စစ်ကောင်စီတပ်ထဲမှာ ဒလန်လုပ်ပေးတဲ့သူတွေပါ။ ကျွန်တော်တို့က သတင်းပေးတွေပါ။ ကျွန်တော်တို့တော်လှန်ရေးဘက်မှာ အဲ့လိုအားကောင်းတယ်ပေါ့နော်။ အဲဒီအားကောင်းတဲ့ဟာတွေကိုလဲ ကျွန်တော်တို့က အသုံးချနိုင်မှုအားနည်းတယ်။ သူတို့ဘက်ကသတင်းတွေ ရတယ်ဗျာ၊ ကျွန်တော်တို့ဘက်ကသတင်းတွေ မရောက်အောင် ဘယ်လိုဖြတ်တောက်မလဲဆိုတဲ့ စဥ်းစားချက်တွေ ကျွန်တော်ခုနပြောတဲ့ Tools တွေကို အသေးစိတ်ပြောရင် အရမ်းကြီးရှည်သွားမှာစိုးလိုပေါ့နော်။ ထောက်လှမ်းရေး နဲ့ပက်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက တာဝန်ယူပြီးတော့ ပြည်သူတွေကို educate လုပ်တာမျိုး၊ တော်လှန်ရေးအဖွဲ့အစည်းတွေကို educate လုပ်တာမျိုး လိုပါတယ်။ ပြီးတော့ ဒလန်တွေကို ဘယ်လိုရှင်းလင်းမလဲ၊ ဘာကြောင့်ဖြစ်ရတာလဲ၊ ဒလန်တွေကို ဘယ်လိုအပြစ်ပေးမလဲ စသဖြင့် အဲ့လိုဟာတွေက SOP (Standard Operating Procedure) တွေရှိဖို့လိုပါတယ်။ ခုနတုန်းကပြောတဲ့ ပညာရှင်တွေကနေပြီးတော့ တိုင်ပင်ဆွေးနွေးပြီး သူတိုဆီက အကြံဉာဏ်တွေကိုယူပြီး တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူတွေကို ကျွန်တော်တို့က အသိပညာပေးဖို့ တော်လှန်ရေးတပ်ဦး NUG အနေနဲ့ လုပ်ဆောင်ဖို့လိုပါတယ်လို့ ကျွန်တော်က ပထမပိုင်းအနေနဲ့ အကြံပြုဆွေးနွေးလိုပါတယ်။

Brown NY ( 0:41:40 to 0:47:35 )

ဟုတ်ကဲ့၊ ကနေ့ဆွေးနွေးပွဲကို တက်ရောက်လာသူအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော့်ရဲ့ဆွေးနွေးချက်လေးနဲ့ မေးခွန်းလေးမစခင်မှာ အစောပိုင်းကဆွေးနွေးပေးသွားတဲ့ ကိုမရတ်ကျော်သူရဲ့ ဆွေးနွေးချက်ကိုလဲ ကျေးဇူးတင်ပါတယ်။ လက်လည်းလက်ခံပါတယ်။ အဲဒီအတွက်လဲ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ နောက်တခုက Mr. Black ရဲ့မိသားစုကိစ္စအတွက်လဲ များစွာစိတ်မကောင်းဖြစ်ရပါတယ်။ Mr. Black တိုလိုပဲအလားတူ မှားယွင်းစွာသတ်ဖြတ်ခံရတဲ့ဟာလေးတွေလဲ ပိုပိုပြီးတော့ တွေ့လာနေရတယ်၊ ကြားသိနေရတယ်ပေါ့နော်။ ဒါတွေက သိပ်ကိုဆိုးရွားပါတယ်၊ ဘာလို့လဲဆိုတော့ သေဆုံးသွားသူရဲ့နစ်နာမှုသာမက မှားယွင်းစွာ တံဆိပ်ကပ်သတ်ဖြတ်ခံလိုက်ရတယ်ဆိုရင် သူတိုရဲ့ကျန်ရစ်သူမိသားစုတွေပါ အများကြီး ထိခိုက်နစ်နာရပါတယ်။ သူတိုရဲ့ ဂုဏ်သိက္ခာတွေ၊ နာမည်တွေပေါ့နော်။ ဒီကာလမှာ ဘယ်လိုဖြစ်နေလဲဆိုတော့ ဒလန်လို့သတင်းတွေထဲမှာ စွပ်စွဲလိုက်ရင်ကို ဘယ်လိုမှဖြေရှင်းချက်မရဘဲ ခံပေါ့ကွာ စသဖြင့် ဒါမျိုးတွေ တုန့်ပြန်နေကြတဲ့အတွက် သူတိုရဲ့ကျန်ရစ်သူမိသားစုတွေမှာ အများကြီး၊ အများကြီး နစ်နာရပါတယ်။ သူတို့အတွက် တရားမျှတမှု ရှိကိုရှိရမယ်။ လူတိုင်းလူတိုင်းဟာ တရားမှုမျှတမှု ရကိုရရမယ်၊ ရသင့်တယ်ဆိုတာကို ကျွန်တော်လည်းယုံကြည်ပါတယ်။ ဒါကြောင့်မလို့ ဒါမျိုးတွေက မောင်ဖြူ မောင်မဲ၊ ကျား / မ မရွေး ရကိုရရမယ်။ မည်သူမဆို တာဝန်ယူမှု ရှိကိုရှိရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ လူတယောက်ရဲ့ အသက်ကိုနှုတ်ယူဖို့ လုပ်ဆောင်တယ်ဆိုကတည်းက ခိုင်မာသောအချက်အလက်အတွက် တာဝန်ယူမှု ရှိကိုရှိရမယ်။ ဒါ(ကို)ကျွန်တော်တို့ယုံကြည်ပါတယ်။ သို့သော်လည်း တော်လှန်ရေးကာလဖြစ်တဲ့အတွက် မှားယွင်းမှုတွေ၊ နစ်နာမှုတွေက ဇီးရိုးဆိုတာတော့မဖြစ်နိုင်ပါဘူး။ ကြုံတွေ့ရစမြဲတော့ ဖြစ်လာပါလိမ့်မယ်။ တော်လှန်ရေးကာလမှာတော့ နစ်နာသူတွေရှိမှာဘဲ၊ နောင်တချိန်မှာ သူတို့ကို နိုင်ငံတော်အဆင့်ကနေပြီး အသိအမှတ်ပြုတောင်းပန်တာမျိုး၊ ဝန်ချတောင်းပန်တာမျိုး လုပ်သင့်တယ်။ နစ်နာသူတွေကို ထောက်ပံ့တာ တွေတော့ လုပ်ကိုလုပ်ရမယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ ဒါက ရှေ့ကဟာလေးနဲ့ပက်သက်ပြီး ဆွေးနွေးလိုတာပါ။ ကျွန်တော်တို့ဘာကိုပြောချင်လဲဆိုတော့ တော်လှန်ရေးရဲ့အကျိုးဆက်အနေနဲ့ ရန်သူကိုသတင်းပေးပြီးကူညီနေတဲ့ ဒလန်တွေကို ရှင်းလင်းရေးနဲ့ပက်သက်ပြီး ခိုင်မာတဲ့အချက်အလက်ရှိရင်တော့ ဘာမှမပြောလိုဘူး။ တော်လှန်ရေးကာလ တရားစီရင်ရေးနဲ့သွားတာကို ကျွန်တော်တိုနားလည်တယ်။ သို့သော် တရားလက်လွတ် သတ်ဖြတ်မှုတွေမဖြစ်လာဖို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ ကျွန်တော်တို့သည် မင်းအောင်လှိုင် မတရားကျူးလွန်လို့ ပြန်လည်တော်လှန်ခဲ့ရတာဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် ဒီကောင်တွေ လုပ်တာဘဲဆိုပြီး မတရားမှုပြုကျင့်လို့မရပါဘူး။ ဒါတွေအားကောင်းလာလို့မရပါဘူး။ ဒါတွေလွယ်လွယ်လေး အားကောင်းလာရင် ဘာဖြစ်လာမလဲဆိုတော့ တံဆိပ်ကပ်သတ်ဖြတ်မှုတွေ၊ လက်နက်အားကိုးသတ်ဖြတ်မှုတွေ၊ မလိုလားမှုကြောင့် တွန်းပို့သတ်ဖြတ်မှုတွေ ဖြစ်လာပါလိမ့်မယ်။ အဲဒီတံခါးခေါက်သံတွေက ကျွန်တော်တိုကိုယ်တိုင် နောက်ဆုံးသားကောင်တွေ ဖြစ်လာနိုင်တယ်ဆိုတာကို အားလုံးသတိထား ဖို့ပြောလိုပါတယ်။ နောက်တချက်က အခုလတ်တလောမှာ ဘာတွေပိုပိုတွေ့လာရလဲဆိုတော့ တံဆိပ်ကပ်လိုက်ပြီဆိုရင် ဥပမာ လူတစ်ယောက်က သတင်းတခုဖြန့်လိုက်ပြီဆိုရင် အရပ်သားတစ်ယောက်က စစ်မှုထမ်းဟောင်းတစ်ယောက်၊ ကြံ့ခိုင်ရေးတစ်ယောက်၊ ပျူစောထီးတစ်ယောက်နဲ့ ပေါင်းနေတယ်ဆိုရင်… ဟာ ဟုတ်တယ်၊ သတင်းအမှားတခုလက်ခံရမိတဲ့အချိန်နဲ့ ဒီတံဆိပ်ကိုပါ မြင်လိုက်ပြီဆိုရင် ဖြစ်နိုင်ဖို့ ၉၀ ရာခိုင်နှုန်းသေချာပြီကွဆိုတဲ့ဟာမျိုးတွေကြောင့်လဲ  ဆိုးကျိုးတွေပေါ့နော်၊ ကျွန်တော်တို့က ဒီဟာကို ပေါ့ပေါ့လေးတွက်လိုမရပါဘူး။ သူ့ရဲ့အခြားဘေးထွက်ဆိုးကျိုးတွေ က တော်လှန်ရေးကိုထိခိုက်လာနိုင်တယ်၊ ဘေးထွက်ဆိုးကျိုးတွေ၊ အခြားမလိုလားအပ်တဲ့ပြဿနာတွေ အများကြီးရှိနိုင်တဲ့အတွက် ကျွန်တော်တို့ ဒါတွေကိုပြောခြင်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပြန်ကောက်ရရင်တော့ဗျာ လူတိုင်းလူတိုင်းဟာ မည်သူဘဲ ဖြစ်ဖြစ် တရားမျှတမှုကိုလိုအပ်တယ်။ တရားမျှတမှုဟာ မည်သူမဆို ရရှိဖို့လိုအပ်တယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုဟာ ရှိကိုရှိရမယ်လို့ ယုံကြည်ပါတယ်။ ဒါလေးကို ဆွေးနွေးချင်ပါတယ်။ ဒါကတော့ ကျွန်တော်ကြားမိတာအပေါ်မှာ ဆွေးနွေးတာပါ။ ကျွန်တော်ရဲ့မေးခွန်းလေးကတော့ အခုဟာတော့ ဘယ်လိုဘဲဖြစ်ဖြစ် တော်လှန်ရေးကာလဖြစ်တဲ့အတွက် အမှားအယွင်းတွေ၊ လွဲမှားမှုတွေ၊ တံဆိပ်ကပ် သတ်ဖြတ်ခံရသူတွေ ရှိပါတယ်။ ဒါပေမဲ့ နစ်နာသူတွေ နည်းနိုင်သမျှနည်းအောင်၊ မှားယွင်းမှုတွေ လျော့နည်းလာအောင် ဘယ်လိုလုပ်ဆောင်ဖို့ရှိလဲ၊ နစ်နာသူတွေအတွက် ဘယ်လိုတာဝန်ယူပေးမှုတွေရှိမလဲ၊ ဒီနှစ်ချက်နဲ့ပက်သက်ပြီး တော်လှန်ရေးတပ်ဦး NUG အစိုးရအနေနဲ့ မှားယွင်းမှုတွေ လျော့နည်းလာအောင်၊ နစ်နာသူတွေအတွက် ဘယ်လိုမျိုးတာဝန်ယူပေးမှုရှိမလဲ၊ ဒါလေးကျွန်တော်တို့ သိလိုပါတယ်ဆရာ။ ဒီမေးခွန်းလေးကိုလဲ ဖြေပေးပါ။ ဟုတ်ကဲ့ပါခင်ဗျ ဒီလောက်ပါဘဲ။

ကိုမရတ်ကျော်သူ ( 0:47:40 to 1:00:16 )

 ရှေ့ကပြောသွားတာတွေကို ကျွန်တော်နည်းနည်းလေး ပြန်ကောက်ချင်တာပေါ့နော်။ တခုရှိတာပေါ့နော် သက်ဆိုင်သူပြည်သူလူထုသတင်းပေးတဲ့လူတွေအနေနဲ့ အချက်အလက်တွေကို စစ်မှန်အောင်လုပ်ပြီးပေးဖို့၊ နောက်ပြည်သူလူထုကနေပြီးတော့ ဒလန်ဟုတ်/မဟုတ် ဆိုတာစစ်ဆေးပြီးတော့မှ ပေးဖို့ဆိုပြီးတော့ ခုနက ကိုမင်းနောင်ခိုင်ပြောသွားတဲ့ထဲမှာလည်း ပါတယ်ပေါ့နော်။ နောက်တခုက ခုနကပြောသွားတဲ့ Mr. Rev Park ပေါ့နော် CDM ဗိုလ်ကြီးလို့သိရပါတယ်။ သူပြောသွားတဲ့ထဲမှာလဲ သတင်းနည်းပညာ Tools တွေသုံးဖို့ပြောသွားတာ ကျွန်တော် သတိထားမိလိုက်တယ်။ နောက်တခုကတော့ ထောက်ပြသွားတဲ့အထဲမှာ အရမ်းကောင်းတဲ့ တချက်တွေ့ပါတယ်။ ဒါကတော့ ကျွန်တော်သတင်းထောက်အနေနဲ့ ပြောတာမျိုးမဟုတ်ဘဲနဲ့ မြင်တာကို ပြောချင်တာပေါ့နော်။ ဒလန်ရှင်းတဲ့အဆင့်မှာပဲ ရှိသေးတယ်ဆိုတဲ့အချက်ပါ။ ဒီအချက်ကတော့ တော်လှန်ရေး သွားနေတဲ့ လမ်းကြောင်းတခုလုံးကို ထောက်ပြလိုက်တဲ့အချက်လို့ ကျွန်တော်မြင်တယ်။ ဒလန်ဆိုရင် ရပ်ကွက်ထဲက အုပ်ကြီးလောက်ပဲသွားမြင်နေတဲ့အချက်ပေါ့နော်။ နောက်တဆင့်သွားဖို့လိုနေတယ်ဆိုတဲ့ ကိစ္စမျိုးပေါ့။ ဆိုတော့ အခုချိန်ထိ ပြီးပြီးသမျှကိစ္စတွေထဲမှာဆိုရင် နည်းနည်းကြီးတယ်လို့ပြောလို့ရတာ Mytel က Financial Director ပေါ့နော်၊ သူ့တုန်းက ကြီးတယ်လို့ပြောလို့ရတယ်။ နောက် ဗိုလ်မှူးကြီးတစ်ယောက် ရှိမယ်ထင်တယ်။ ဒါမျိုးတွေလောက်ပဲရှိတယ်။ တကယ့်တကယ် ဒါတွေကြောင့် တော်လှန်ရေးကို ပိုပြီးအရှိန်ရသွားစေသလား၊ ပိုပြီးတော့ ရှေ့ကိုပိုရောက်သွားစေသလားလို့မေးရင်တော့ မရောက်ပါဘူး။ ပထမ ကိုမင်းနောင်ခိုင်ပြောသွားတဲ့အချက်လေးကို ကျွန်တော်ရတဲ့သတင်းတွေနဲ့ ပြန်တိုက်ကြည့်ချင်ပါတယ်။ အဲ့ဒါက ပြည်သူလူထုအနေနဲ့ အချက်အလက်အမှန်တွေကို ပေးပို့ဖို့ဆိုတဲ့အချက်ပါ။ ကျွန်တော် ပထမဦးဆုံး ပြောချင်တာကတော့ မဖြစ်နိုင်ဘူး ဒီအချက်က။ ပြည်သူလူထုကို educate လုပ်ဖို့လည်း မဖြစ်နိုင်ဘူး။ တော်တော်ခက်ပါတယ်၊ ဘာလိုလဲဆိုတော့ အခုအချိန်က ပြည်သူကို educate လုပ်တဲ့အချိန်၊ ပြည်သူကိုပြန်ပြီးတော့ သတင်းတွေဝေမျှပေးတဲ့အချိန်၊ ဘယ်လိုလုပ်သင့်တယ်လို့ပြောတဲ့အချိန်မျိုးတော့ မဟုတ်သေးဘူးဗျ။ ဘာလို့အဲ့လိုမျိုးပြောလို့ရလဲဆိုတော့ လူတိုင်းက ကျွန်တော်အပါအဝင် ဒီထဲမှာရှိနေတဲ့ အကုန်လုံးက ဘာဖြစ်နေကြလဲဆိုတော့ ကျွန်တော်တို့က စိတ်ခံစားမှုနဲ့သွားနေကြတယ်။ ဆိုတော့ အဲဒီမှာ ဘာဖြစ်လာလဲဆိုတော့ ကျွန်တော်ခုနကပြောသလို သူတို့စိတ်ထဲနည်းနည်းအချိုးမကျဘူးဆိုရင် ဒလန်လို့ သတ်မှတ်လိုက်တယ်။ တစ်ယောက်ယောက်နဲ့ ခုနကပြောသလို အုပ်ကြီးနဲ့စကားပြောနေတဲ့သူကို ဒလန်လို့ သတ်မှတ်လိုက်တယ်၊ စစ်တပ်က တစ်ယောက်ယောက်နဲ့ဆက်သွယ်နေရင် ဒလန်လို့သတ်မှတ်လိုက်တယ်။ နောက်ဆုံး အစိုးရဌာနမှာ အလုပ်ဝင်နေရင်တောင် ဒလန်လို့သတ်မှတ်လိုက်တယ်ဆိုတာမျိုးပေါ့။ အဲ့ဒါတွေကို အချက်အလက်စစ်ဆေးပြီးမှ ကျွန်တော်တို့ UG တွေကိုလာပေးပါလို့ သွားပြောလို့မရဘူး။ အဲ့ဒါတခုပေါ့နော်။

 နောက်တခုကဘာလဲဆိုတော့ မနာလိုတဲ့ကိစ္စ၊ ဥပမာ သူက Facebook အကောင့်အတုတခုခုနဲ့ ဒါမှမဟုတ် Telegram အကောင့်အတုတခုခုနဲ့ ဟန်ငြိမ်းဦးလိုလူမျိုးကို သွားပေးမယ်ဆိုရင် သူကစစ်ကောင်စီထဲက လူလည်းဖြစ်နိုင်တယ်၊ ဒါမှမဟုတ် မဘသထဲကလည်းဖြစ်နိုင်တယ်၊ သူကနေပြီးတော့ ဒီဘက်ကဒီမိုကရေစီ ထောက်ခံတဲ့သူကို ဒီလူက ဒလန်ပါလို့သွားပြီးတော့ပေးတာမျိုး၊ အဲ့လိုပေးတာမျိုးဆိုရင်လဲ မစစ်ဆေးလို့ရှိရင် ဒုက္ခရောက်တယ်။ ဆိုတော့ အကုန်လုံးကိုပြန်ခြုံကြည့်လိုက်လို့ရှိရင် စစ်ဆေးတဲ့နေရာက အရမ်းအဓိကကျတယ်။  ပြည်သူကတော့ သူတို့စိတ်ထဲမှာအဆင်မပြေတဲ့သူ၊ တခါတလေကျတော့ တကယ့်ကိုဒလန်ဖြစ်နေတယ် ဒါပေမဲ့ သူတိုနဲ့လုံးဝမတည့်ဘူး၊ အဲ့လိုလူမျိုးကိုပေးတာမျိုးလည်း ဖြစ်နိုင်တယ်။ ဆိုတော့ ဘယ်နေရာမှာသွားပြီးတော့ လုပ်လို့ရလဲဆိုတော့ ကျွန်တော်တို့က ပြဿနာတွေချည်းပဲပြောတာမဟုတ်ဘဲ အဖြေရှာလို့ရတဲ့နေရာ ကျွန်တော်စဥ်းစားမိတာ၊ အဲ့တာကကျတော့ စစ်ဆေးတဲ့နေရာပေါ့။ ဆိုတော့ စစ်ဆေးတာက Operation တခုခုလုပ်မယ်ဆိုရင် ဒီ Operation လုပ်တဲ့သူက စစ်ဆေးတာမဟုတ်ဘဲနဲ့ စစ်ဆေးတဲ့အဖွဲ့က သပ်သပ်ရှိပါတယ်။ အဲ့လိုစစ်ဆေးတဲ့အဖွဲ့သပ်သပ်ရှိရအောင်လဲ အဲဒီအဖွဲက ယုံကြည်ရတဲ့အဖွဲ့လားဆိုတာ လိုတာပေါ့နော်။ NUG က တဖက်မှာကျတော့ ဘာပြဿနာသွားတက်လဲဆိုတော့ စစ်ဆေးတဲ့အဖွဲ့ကို ဒီ NUG ကနေပြီးတော့ Mandate ပေးလိုက်လိုရှိရင် NUG ရဲ့ Rules and Regulations နဲ့ ဒီအဖွဲ့က စစ်ဆေးနေပါတယ်လို့ ပြောလိုက်လို့ရှိရင် ဒီအဖွဲ့က စစ်ဆေးလိုက်တယ်၊ ဟုတ်တယ် ဒီလူက ဒလန်ပါလိုပြောလိုက်လို့ရှိရင် တကယ်လို့အဲဒီဒလန်ရှင်းလင်းရေးကို အဖွဲ့တဖွဲ့ဖွဲ့က လုပ်သွားတာမျိုး၊ အဲ့ဒါကိုတာဝန်ခံရမှာက NUG သွားဖြစ်နေတယ်။ ဆိုတော့ NUG ကလဲ အဲ့တာကိုမလုပ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ဒလန်ရှင်းလင်းရေးလုပ်နေတာသည် ဥပမာ NUG ကလုပ်နေတယ် ဆိုတဲ့သဘောမျိုး သက်ရောက်သွားမှာဖြစ်တဲ့အတွက် သူကအဲ့တာကို နာမည်ခံလိုမရဘူး ဆိုတာ တွေ့ရတယ်ပေါ့နော်။ ဆိုတော့ ဒလန်ရှင်းတာကို NUG ကဘာလုပ်နေလဲလို့သွားပြောလို့ရှိရင် NUG ကတော့ အမြဲတမ်း ခေါင်းရှောင်ပါလိမ့်မယ်။ နောက်တခုကကျတော့ သူ့အနေနဲ့ တာဝန်ခံဖို့ကကြလည်း မဖြစ်နိုင်ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ နိုင်ငံတကာနဲ့စကားပြောနေရတယ်။ ဥပမာ UN တို့ဘာတို့က အစပိုင်းတုန်းကဆို ဘာတွေတောင်ဖြစ်လဲဆိုတော့ ကျောင်းတွေ၊ စာသင်ကျောင်းတွေကို မင်းအောင်လှိုင်တို့က NUG ရဲ့လက်အောက်ခံ PDF အဖွဲ့တွေကနေပြီးတော့ ဗုံးဖောက်ခွဲတယ်၊ တိုက်ခိုက်တာတွေ လုပ်နေတယ်ဆိုပြီးပြောတာပေါ့၊ ပညာရေးဝန်ထမ်းတွေကို သတ်ဖြတ်မှုတွေလုပ်တယ်ဆိုပြီးပြောတယ်။ အဲ့ဒါတွေက UN အထိရောက်ပြီး UN ကပါပြန်ပြောတာမျိုးပေါ့၊ NUG အနေနဲ့ ဒီဟာတွေကို တာဝန်ခံရမယ်၊ ဒီလိုမျိုးလုပ်တာမကောင်းပါဘူးဆိုပြီး ပြန်ပြောတာမျိုးထိဖြစ်လာတယ်။ ကျွန်တော်မြင်တာတော့ NUG က ဒလန်ရှင်းလင်းရေးကိစ္စမှာ ခပ်ဝေးဝေးနေမယ်လို့ထင်တယ်။ ဒါပေမဲ့ လုပ်လို့ရတာတခုပေါ့နော်၊ အဲ့ဒါက NUG မှာ အခုလောလောဆယ် MOD အောက်မှာ တိုင်းတွေဖွဲ့ထားတာရှိတယ်၊ အဲ့တိုင်းတွေဖွဲ့ထားတာတွေရဲ့အောက်ကမှ ခုနကပြောသလို သတင်းအတွက်စိစစ်ပေးတဲ့ ဌာနတခုတော့ဖြစ်စေချင်တယ်။ ကျွန်တော်တို့ဆိုသိနေတယ်၊ တကယ်လုပ်တဲ့သူတွေက တကယ်တော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင်ပါနေတဲ့သူက သိနေတယ်၊ ဥပမာ NUG အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲမှာ ဘယ်သူတွေလုပ်နေတယ်ဆိုတာ လူတိုင်းသိနေတာပဲ။ တောင်ပိုင်းတိုင်းထဲမှာ ဘယ်သူတွေလုပ်နေတယ်ဆိုတာ လူတိုင်းသိနေတာပဲ၊ ဒါပေမဲ့ အဲ့လူတွေထဲမှာ အလုပ်မဖြစ်ကြတာ၊ သတင်းစိစစ်ရေးကို အလုပ်မဖြစ်ကြတာ။ ဆိုတော့ ကျွန်တော်မြင်တာကတော့ အဖွဲ့တဖွဲ့ ဒါမှမဟုတ် ဌာနတခုခုကို လူ၂ယောက်၊ ၃ယောက် ဒါမှမဟုတ်ရင်လည်း ၅ယောက်လောက်နဲ့ဖွဲသင့်တယ်။

 အဲ့ဒီအဖွဲ့က ထောက်လှမ်းရေးသတင်းတွေကိုတင် ကိုင်တာမဟုတ်ဘဲနဲ့ ခုနကပြောတဲ့ ဒလန်သတင်းတွေရော ကိုင်သင့်တယ်ပေါ့နော်။ ဆိုပါစို့ NUG ရဲ့ အားအနည်းဆုံးအချက်ကိုပြောပါဆိုရင် ထောက်လှမ်းရေးကိစ္စပဲ။ ဘာလို့လဲဆိုရင် နဂိုတုန်းကတည်းက ထောက်လှမ်းရေးကွန်ယက်ကလည်း မရှိခဲ့ဘူး၊ ဥပမာ NLD လက်ထက်ကတည်းကိုက ဒေါ်အောင်ဆန်းစုကြည် အာဏာရခဲ့တဲ့အချိန်အထိ ဒေါ်အောင်ဆန်းစုကြည်မှာ ယုံကြည်ရတဲ့ ထောက်လှမ်းရေးစနစ်မရှိခဲ့ဘူး။ ဆိုတော့ ကျွန်တော့်ကို တချိုက ဟိုးအရင်တုန်းကဟာတွေပြောပြီး ဟာ မင်း ချီးခြောက်ရေနူးပြောတယ်လို့ ပြောကောင်းပြောနိုင်တယ်ပေါ့နော်၊ ကျွန်တော်က ဘာသွားတွေ့လဲ ဆိုတော့ အဲ့ဒီကာလမှာ ဒေါ်အောင်ဆန်းစုကြည်က ဥပမာ ရခိုင်ကိစ္စလိုမျိုးပြဿနာတွေမှာ တောက်လျှောက် ယုံကြည်ပြီးတော့ သုံးသပ်ရတဲ့သတင်းတွေတော်တော်များများက ဒေါ်အောင်ဆန်းစုကြည် ယုံကြည်ရတဲ့လူတွေ ဘက်ကလာတဲ့ အချက်အလက်မဟုတ်ဘဲနဲ့ ဇော်ဌေးတို့လိုမျိုး၊ ကျော်ဆွေတို့လိုမျိုး၊ အဲ့လိုပုဂ္ဂိုလ်တွေရဲ့ အောက်ခြေကလာတဲ့ ထောက်လှမ်းရေးသတင်းတွေကို မူတည်ပြီးတော့ ဆုံးဖြတ်ချက်ချခဲ့ရတာ။ ဆိုတော့ အာဏာသိမ်းပြီးတဲ့နောက်မှာ ဘာကျန်ခဲ့လဲဆိုတော့ NLD မှာ ၁၉၈၈ ကာလက ဘာတွေရှိခဲ့လဲဆိုရင် သူတိုယုံကြည်ရတဲ့ ဆဲလ်တွေရှိတယ်။ ဘယ်သတင်းမျိုးကို ဘယ်သူနဲ့ Confirm လုပ်မယ်ဆိုတာမျိုးပေါ့။ နောက်ပိုင်းမှာ အဲဒီဆဲလ်တွေအကုန်လုံးက ပျောက်သွားတယ်။ ဆိုတော့ တခုခုဖြစ်တယ်ဆို ဒေါ်အောင်ဆန်းစုကြည်မှာ ယုံကြည်ရတဲ့သတင်းပေးသူမရှိခဲ့ဘူး။ အဲ့ဒါကြောင့် သူတိုအာဏာသိမ်းခံရတဲ့အချိန်မှာ ဒုက္ခရောက်တာပေါ့။ နောက်တခု NUG ကို ကျွန်တော်မြင်တာကတော့ အခုအချိန်မှာ ထောက်လှမ်းရေး သတင်းရရှိမှုက အင်မတန်အားနည်းပါတယ်။ ဆိုတော့ ဘာဖြစ်ကုန်လဲဆိုတော့ ဒေသဆိုင်ရာ သတင်းဌာနတွေ ကတင်တဲ့ သတင်းတွေကိုပဲယူပြီးတော့ အဲဒီသတင်းကို ထောက်လှမ်းရေးသတင်းအဖြစ် အသုံးချရတယ်။ ဆိုတော့ အခုဆိုရင် ဒီထဲမှာပါတဲ့သူတွေ သတိထားမိမှာပါ၊ အဲ့တာက MOD ကနေထုတ်ပြန်တဲ့ သတင်းတွေရှိတယ်၊ ဘယ်နားမှာတော့ ဒလန်အရှင်းခံရတယ်၊ ဘယ်နားမှာတော့ ပေါက်ကွဲ၊ ဘယ်နားမှာတော့ စစ်ခွေးဘယ်နှစ်ယောက် သေဆိုတဲ့သတင်းတွေ ထုတ်ပြန်နေတာတွေ့ရပါလိမ့်မယ်။ အဲဒီသတင်း ထုတ်ပြန်နေတာတွေဟာ NUG ရဲ့ MOD က ကိုယ်တိုင် ကိုယ့်ရဲ့ထောက်လှမ်းရေးနဲ့ ရတဲ့သတင်းတွေမဟုတ်ပါဘူး။ ဘာတွေကရလဲဆိုတော့ သတင်းဌာနတွေက ရတဲ့သတင်းအချက်အလက်တွေကို စုပြီးထုတ်ပြန်တဲ့ သတင်းအဆင့်ဘဲရှိတယ်။ ဆိုတော့ အဲ့တာက နောက်တချက်က ဘာကိုသွားပြနေလဲဆိုတော့ သတင်းဌာနတွေ ကသာမှားခဲ့လိုရှိရင် အခုန ကျွန်တော်အစပိုင်းမှာ ပြောခဲ့သလို သတင်းဌာနတွေက ပြည်သူကြိုက်အောင်၊ လူကြိုက်များအောင်ဆိုပြီး ရေးတဲ့သတင်းတွေက မှားမှားမှန်မှန် အကုန်လုံး လိုင်းပေါ်ရောက်လာတယ်။ စဥ်းစားကြည့်ပေါ့နော်၊ မှားသွားတယ်ဆိုတဲ့သတင်းတပုဒ်ကို NUG ရဲ့ MOD ကနေ ယူပြီးတော့ ထုတ်ပြန်လိုက်တယ်ဆိုရင် အဲ့တာကအတည်ကြီးဖြစ်သွားမှာကိုး။ ဆိုတော့ ခုနကပြောတဲ့ ခံရတဲ့ပြည်သူတွေရော၊ ဒုက္ခရောက်တဲ့သူတွေရော…..ကျွန်တော်ကတော့ မီဒီယာသမားဆိုတော့ မီဒီယာကိုပဲ ဦးစားပေးပြောချင်တာပါ။ မီဒီယာကနေ ဒလန်ရှင်းလင်းရေးကိစ္စတွေ၊ ဗုံးပေါက်ကွဲတဲ့ကိစ္စတွေ၊ စစ်ခွေးတွေသေတဲ့ကိစ္စတွေ သွားပြီးတော့ အတည်ယူတာ အတော်အန္တရယ်များပါတယ်။ ဆိုတော့ အကုန်လုံးကို ပြန်ချုပ်ရရင် ဒေသဆိုင်ရာဌာနအလိုက်၊ သက်ဆိုင်ရာတိုင်းအလိုက် NUG အနေနဲ့ ထောက်လှမ်းရေးစနစ်၊ သတင်းစုဆောင်းမှုစနစ်တခုကို အခုချိန်ကစပြီး အကောင်အထည်ဖော်သင့်နေပြီလို့ ယူဆတယ်။ နောက်တောင်နောက်ကျနေပြီ။ ဒါပေမဲ့ ဒီစကားကို ကျွန်တော်က ဒီဆွေးနွေးပွဲမှာတင် ပြောတာမဟုတ်ဘူး။ ကျွန်တော်နဲ့သိတဲ့သူတွေ၊ အပြင်မှာသိတဲ့သူတွေ၊ NUG ထဲမှာ ကျွန်တော်နဲ့ ဟိုးအရင်ကတည်းကသိတဲ့ ပုဂ္ဂိုလ်ချင်းရင်းနှီးတဲ့သူတွေကိုလည်း ပြောပြပါတယ်။ အဲ့ဒါက သတင်းတည်ဆောက်မှုစနစ်တခုကို ကောင်းကောင်းလုပ်ဖို့၊ အခုဆို People’s Reporter လိုမျိုးလုပ်နေတာတွေ့ရတယ်။ သိပ်ပြီးတော့ လူတွေကြားမှာမပြန့်တာတွေမျိုးလည်း ကျွန်တော် အများကြီးတွေ့ မြင်ရပါတယ်။ ဆိုတော့ သတင်း ထောက်လှမ်းရေးကို NUG အနေနဲ့ ကောင်းကောင်း အကောင်အထည်ဖော်ဖို့လိုနေပြီ။ အဲ့တခုကောင်းသွားရင်တော့ အဆင်ပြေလိမ့်မယ်။ နောက်တခုက ထောက်လှမ်းရေးတို့ Spy တို့ကို မရှင်းနိုင်သေးဘူးလို့ ရှေ့မှာပြောသွားတာ တွေ့ရတယ်။ တော်တော်ကောင်းတယ်၊ အဲဒီအချက်ကို ကျွန်တော် တော်တော်သဘောကျတယ်။ နောက်တဆင့်တက်ဖို့လိုတယ်။ အဲ့ဒါကလည်း ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ သတင်းအချက်အလက်များများရပြီး လုပ်ရမဲ့လမ်းကြောင်းတွေ ရှင်းရှင်းလင်းလင်း ဖြစ်လာရင်တော့ အုပ်ကြီးအဆင့်လောက်တင်မဖြစ်တော့ဘဲ ထပ်ပြီးတော့ ပိုကောင်းတဲ့၊ တော်လှန်ရေးကို ပိုပြီးတော့အားရစေတဲ့၊ ရှေ့ကိုပိုရောက်စေနိုင်မယ့် လုပ်ဆောင်မှုမျိုးတွေ အများကြီးဖြစ်လာနိုင်တာပေါ့နော်။ နောက်တခုက အရေးကြီးတဲ့သူတွေဆိုရင် အများကြီး အခုလုပ်နေတယ်။ တကယ်လုပ်နိုင်လားဆိုတော့ မလုပ်နိုင်ဘူး။ နောက်ဆုံးတချက် ကျွန်တော် ဖြည့်ပြောချင်ပါတယ်။ အဲ့တာကဘာလဲဆိုတော့ ဒလန်ရှင်းလင်းရေး ဆိုပြီး သတင်းတက်လာလို့ရှိရင်.. ဥပမာ နာမည်ကြီးတဲ့သူတွေ သတ်ဖြတ်ခံရလို့ရှိရင် အများစုထောက်ခံကြတာက Blue Mark ရထားတဲ့ NLD အမတ်တွေပါတယ်၊ NLD ကိုထောက်ခံတဲ့ Social Media ပေါ်က နာမည်ကြီးတွေပါတယ်။ သူတို့က အများကြီး ထောက်ခံကြတယ်။ ဘယ်ဒလန်ကတော့ သေသွားပြီ၊ ဘယ်သူကတော့ ဘယ်မှာသတ်ဖြတ်ခံလိုက်ရတယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့။ ဒါပေမဲ့ လူမှားသတ်ခံရရင် အဲဒီလူတွေအကုန်လုံး ပျောက်ကုန်ကြတယ်။ အမတ်တွေလဲ ဝင်မပြောကြတော့ဘူး၊ NLD ထောက်ခံတဲ့သူတွေ လည်း ဝင်မပြောကြတော့ဘူး။ အဲ့တာက ဘာကိုသွားပြသလဲဆိုတော့ မှားသွားလို့ရှိရင် ဒီဟာကိုတာဝန်မခံဘဲနဲ့ တကယ်ပျော်ရမယ့်ကိစ္စမျိုးကိုပဲ ပွဲခံကြတဲ့ကိစ္စပေါ့နော်။ အဲ့တာက ရှေ့လျှောက်ပြီးတော့ ခုနက တကယ်ခံရတဲ့ မိသားစုဝင်တွေကိုယ်တိုင်က မှားသွားလို့ရှိရင် တကယ်မှားသွားပါတယ်ဆိုတာကို NUG ကမဟုတ်ဘဲနဲ့ အဲဒီဒေသဆိုင်ရာအဖွဲ့… ဥပမာ ပြီးခဲ့တဲ့ရက်ကဖြစ်ခဲ့တဲ့ ချောင်းဦးမှာ မြိုင်ကအဖွဲ့ကလာပြီးတော့ ဖမ်းသွားတယ်၊ သတ်ပစ်လိုက်တယ်၊ အဲ့တာကို ချောင်းဦး PDF က ပြန်ရှင်းတယ်၊ ဒါမျိုးပေါ့။ ဆိုလို့ရှိရင် မန္တလေးမှာဖြစ်တယ်၊ မန္တလေးရဲ့ဘယ်မြို့မှာဖြစ်တယ် ဆိုရင် အဲ့မြို့မှာ NUG ကအသိအမှတ်ပြုထားတဲ့ PDF အဖွဲ့တွေရှိတယ်၊ လူတွေယုံကြည်ရတဲ့ အကြီးဆုံးလို့ပြောလို့ရတဲ့ PDF အဖွဲ့တွေ၊ အဲဒီအဖွဲတွေက ပြန်ရှင်းဖို့။ အဲ့ဒါကိုမှ လူတွေက အိုခေ သတ်တော့သတ်ခံလိုက်ရပြီ၊ ဒီလူကဒလန်မဟုတ်ဘူး/ဟုတ်တယ်ဆိုတာကို ဒီဒေသမှာအခြေစိုက်တဲ့ PDF အဖွဲ့က အတည်ပြုမထားပါဘူးဆိုလို့ရှိရင် သူ့ရဲ့အကျိုးဆက်ကဘာဖြစ်သွားလဲဆိုတော့ အဲဒီသတ်ဖြတ်ခံရတဲ့သူရဲ့ ကျန်ခဲ့တဲ့မိသားစုမှာ အရမ်းအကျိုးများတယ်။ ဘာလိုလဲဆိုတော့ ငါ့အဖေကတော့ မှားယွင်းသတ်ဖြတ်ခံရတယ်၊ ငါတို့လည်းဒလန်မဟုတ်ဘူး။ ဒါပေမဲ့ အခုက အဲ့လိုမျိုးမဟုတ်ဘူး၊ မှားယွင်းသတ်ဖြတ်ခံရတယ်ဆိုတာကို Mandate လည်းမလုပ်တော့ မိသားစုတွေမှာ သူ့အဖေ၊ သူ့အမေကိုယ်တိုင်က ဒလန်မဟုတ်ဘဲနဲ့ သတ်ဖြတ်ခံရတဲ့အပြင် သူတို့ကိုယ်တိုင်လည်းပဲ ဒလန်မိသားစုလို့ သတ်မှတ်ခံရတာတွေဖြစ်ကုန်တယ်။ ဆိုတော့ မှားယွင်းတာကို မှားတဲ့အကြောင်း ထုတ်ပြောဖို့လိုသလို ရှေ့မှာပြောခဲ့သလို ကိုယ်အားရစရာကောင်းတာကို ပွဲခံခဲ့ကြသလိုမျိုးပဲ NLD အပါအဝင်၊ NLD ကိုထောက်ခံတဲ့ Online Cele တွေ အပါအဝင်ပေါ့နော်၊ ပျော်စရာကောင်းတုန်းက အောင်ပွဲခံကြသလို မှားတာတွေကိုလည်း တာဝန်ယူမှုရှိပြီးတော့ မှားတဲ့အကြောင်းပြောဖို့လိုတယ်။ အဲ့ဒါလေးပြောချင်တာပါ။ နည်းနည်းများသွားရင် Sorry ပါဗျ။

DDMSC (1:02:05 – 1:06:15)

ခုနspeakerတွေဆွေးနွေးတဲ့အထဲမှာသိပ်မပါတဲ့အချက်တချို့ဆွေးနွေးဖို့ရှိပါတယ်။ ဒလန်ဆိုပြီးသတ်မှတ်ခံရပြီးရင် အဲ့ဒီ့မိသားစု၀င်တွေအသတ်ခံရတဲ့ကိစ္စပေါ့ ကျွန်တော့်အနေနဲ့ဆို သူတို့မိသားစုထဲကတစ်ယောက်ယောက် ဒလန်လုပ်လို့ဆိုပြီး မိသားစု၀င်တွေ အသတ်ခံရတဲ့ကိစ္စဆိုရင် ကျွန်တော့်အနေနဲ့လုံး၀ လက်သင့်ခံလို့မရဘူးဗျ။  ကျွန်တော်တို့ရဲ့ တော်လှန်ရေးကို အကျိုးကျေးဇူးမဖြစ်နိုင်တဲ့အပြင် တော်လှန်ရေးကိုဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့ အခြေနေတခုပေါ့။ ကိုမရတ်ကျော်သူပြောထားတဲ့ထဲမှာလည်းရှိတယ်ဗျာ NUG ကိုတခြားကနေပြီး ပြန်ပြောလာတာမျိုးတရားလက်လွတ်လုပ်တာမျိုး ဒီလိုမျိုးဆို နိုင်ငံတကာ ကနေNUGကို အသိအမှတ်ပြုဖို့ဟာနဲ့ ပတ်သက်ပြီး ထိခိုက်မယ်လို့ယုံကြည်တယ်။ ဒီလိုမျိုးဖြစ်တာ ထား၀ယ်မှာဆို ကြိုသိရတာတွေ ရှိတယ်၊ အရင်လေးငါးလလောက်ခန့်က ကျေးရွာတစ်ရွာမှာ သူ့အဖေကဒလန်လုပ်လို့ဆိုပြီးတော့ ကလေးမလေး တစ်‌ယောက် ပစ်သတ်ခံလိုက်ရတာရှိတယ်၊ အဲ့ကလေးမဆိုရင် သူကိုယ်တိုင်တောင် သပိတ်စစ်ကြောင်းတွေမှာ လိုက်ပါပြီးတော့ ပါ၀င်နေတာမျိုးရှိတာပေါ့.

ဒီထဲမှာ ဆရာမျိုးရန်နောင်သိန်းက ဒီဟာကိုဝိုင်းကြီးချုပ်တရားစီရင်‌ရေးဆိုပြီးတော့ ပြောခဲ့တာရှိတာပေါ့၊ ဖေ့စ်ဘုတ်ပေါ်ကတွေ့ရတယ်၊ ဒီလိုတွေဖြစ်လာပြီးတော့ သူ့အဖေကိုယ်တိုင်ကသူ့သမီးအသတ်ခံလိုက်ရတော့ သူကအရင်ကဒလန်လုပ်တာလည်းဖြစ်ချင်ဖြစ်မယ်၊ အသတ်ခံရပြီးနောက်ပိုင်းကျ သူလုပ်/မလုပ်တော့မသိဘူး အဲ့ကျေးရွာထဲမှာ ဆိုးဆိုးရွားရွားဖြစ်လာတာတွေရှိတယ်၊ သူကဒလန်လုပ်တာနဲ့ သူသမီးကို ပစ်သတ်လိုက်တဲ့ အကျိုးဆက်ပေါ့ ဘာမှမဆိုင်တဲ့ပြည်သူတွေလည်း ဒီဟာတွေရဲ့ဆိုးကျိုးတွေကိုခံရမယ်၊ တော်လှန်ရေးရဲ့ ပုံရိပ်ကိုလည်း ထိခိုက်နိုင်တဲ့အနေထားတခုပေါ့။ဒလန်ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ပြောရမယ့် တချက်ပေါ့ သူကဒလန်ဖြစ်တာနဲ့ သူ့မိသားစု၀င်တွေကိုဒီဘက်ကသတ်ဖြတ်တာက ရှောင်ကြဉ်ရမယ့် ကိစ္စတခုလို့ မြင်မိပါတယ်။

သက္ကမိုးညို (1:06:40 – 1:13:47)

ဒလန်ကိစ္စနဲ့ပတ်သက်ပြီးတော့ ဒါက ကျွန်တော်စဥ်းစားမိတာ ကျွန်တော်တို့အရင်ဆုံးပြန်စဥ်းစားရမှာက ဒလန်ကိုဘာကြောင့်ရှင်းသလဲဆိုတာပေါ့၊ အရင်ဆုံးအဲ့လိုတွေးထားမှ ဒလန်နဲ့ပတ်သက်ပြီးစဥ်းစားလို့ရမယ်၊ မြို့ပြနဲ့ကျေးလက်နှစ်ခုရှိမယ်၊ ရန်ကုန်မြို့ကြီးမှာဆိုရင်ဒလန်တွေကနေပြီး ဘယ်သူတွေက လှုပ်ရှားတက်ကြွသူတွေ အဖြစ်  ခေါ်လာတယ်၊ တပ်ကစစ်ခွေးတွေကိုခေါ်လာတယ်၊ အိမ်တွေကို လက်ညှိုးထိုးပြတယ်၊ အဲ့လိုတွေကြောင့် ဒလန်တွေကိုရှင်းရတယ်၊ ကျေးလက်ဒေသကျရင်လဲ၊ အဲ့လိုခေါ်တော့ ခေါ်လာတယ် သူခေါ်လာတယ် ခေါ်မလာဘူးဆိုတာလည်း ဝေဝါးစရာကိစ္စဖြစ်နေတာ၊ ဒလန်ကိုရှင်းတဲ့နေရာမှာ ဟိုတုန်းက စစ်ခွေးတွေကို ခေါ်ပြလို့ ခုကျေးလက်ဒေသတွေမှာကျတော့ စစ်ခွေးခေါ်စရာမလိုပဲနဲ့ကို ရွာအလိုက်ကို သတ်တာတွေရှိတယ်။ အဲ့အခါကျွန်တော်တို့က ဒလန်လို့ပြောမယ့်အစား ဒလန်လို့ပြောဖို့အချိန်အခုရှိသေးလားပေါ့၊ ဒလန်လို့ ပြောတယ်ဆိုတာ ကိုမရတ်လဲပြောသွားပါတယ်၊ ဒလန်အဖြစ် သတ်မှတ်တဲ့နေရာမှာ‌ဝေဝါးတဲ့ကိစ္စတွေရှိတယ်၊ လူတစ်ယောက်က မကျေနပ်လို့ UGကိုလက်ညှိုးထိုးပြလိုက်လို့ ဒလန်ဆိုရင်လည်း စစ်ဆေးမေးမြန်းဖို့ ခက်ခဲတယ်။ ဒါUG လဲအပြစ်ပြောလို့မရဘူး။ ကျွန်တော်တို့စစ်ဆေးဖို့ ဆိုတာလည်း ဘယ်သူမှငါဒလန်ဆိုပြီး နှဖူးစာတန်းထိုးထားတာမပါဘူး။ ကျွန်တော်တို့က ဒလန်ကို သတ်မှတ်ရတာခက်ရတဲ့အထဲမှာ  ခုနပြောတဲ့ မှားယွင်းသတ်ဖြတ်မှုတွေ ကလဲ ပါလာတယ်။ ပါလာတဲ့အပြင် တဖက်မှာ NUG ကဒလန်ရှင်းလင်းမှုကိစ္စမှာ လက်ရှောင်နေမယ်ဆိုရင် မှားယွင်းသတ်ဖြတ်မှုတွေ အတွက်ဘယ်သူတာ၀န်ယူမှာလဲ၊ တာ၀န်မယူဘဲ သတ်ကွာဆိုရင်လည်း အစိုးရတရပ်အနေနဲ့အဆင်မပြေဘူး။  ပြန်စဥ်းစားရမှာဒလန်ကိစ္စသည် စစ်ပွဲဖြစ်တယ်။ တိုက်ချင်သည်ဖြစ်စေ မတိုက်ချင်သည်ဖြစ်စေ၊ မင်းအောင်လှိုင်တို့ အုပ်စုသည် စစ်ပွဲတပွဲအနေနဲ့ ကျွန်တော်တို့ကိုသတ်ဖြတ်နေတာဖြစ်တယ်။ စစ်ပွဲကာလမှာဆိုရင် ပုံမှန်ဥပဒေအုပ်ချုပ်မှုနဲ့ တောင်မတူဘူး၊ မာရှယ်လောထုတ်သလိုပဲ NUG ဘက်ကလည်းဒါသည်… စစ်ပွဲကာလမှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ဒီဒလန်ရှင်းလင်းရေးနဲ့ ပတ်သက်ပြီးတာ၀န်ခံမှုတာ၀န်ယူမှုကတော့ရှိရမယ့်နေရာမှာ လူတိုင်းသည်  သူတို့ဒလန် မဟုတ်ဘူးပဲပြောမှာပဲ။ ဒလန်ကိုယ်တိုင်ကလည်းသေသွားတယ်၊ ငါတို့ဒလန် မဟုတ်ဘူးပြောမှာပဲ၊ ဒါကိုကျွန်တော်တို့ဘယ်လိုစီစစ်မလဲ၊ အဲ့ဒါပြသနာရှိတယ်။ ဒလန်ရှင်းလင်းတဲ့အဖွဲ့ သည် ဘယ်UG ဘယ်အဖွဲ့ပါလို့ ကြေငြာတဲ့အဖွဲ့ မကြေငြာတဲ့အဖွဲ့ရှိတယ်။ တခါတလေကျ အဖွဲ့တောင် ဟုတ်ချင်မှဟုတ်လိမ့်မယ် ဒလန်ရှင်းသလိုနဲ့ ပုဂ္ဂိုလ်ရေးမကျေနပ်တာရှင်းသွားတာမျိုးရှိတယ်။

အဲ့တော့်ပုံမှန်အားဖြင့် ကြေငြာတဲ့အဖွဲ့ဆို သူ့ကိုတာ၀န်ယူမှုတောင်းခံလို့ရတာပေါ့၊ မကြေငြာပဲဟိုဘက်ကနေ ဒီဘက်လိုလို လာသတ်တာတွေအများကြီးရှိတယ်။ NLD  ပါတီ၀င်တွေအသတ်ခံရတာလည်းရှိတယ်။ သူတို့ကလည်း ၀န်ခံမှာမဟုတ်ဘူး။ ဒီစစ်ပွဲကာလသည် အင်မတန် conflict ဖြစ်တဲ့ကာလမှာ ကျွန်တော်တို့ကNUGကလည်း ဘေးရှောင်နေမယ်၊ သတ်တဲ့အဖွဲ့ကလဲသတ်သွားမယ်၊ မဟုတ်ဘဲနဲ့ ခံလိုက်ရတဲ့လူတွေအတွက်က တော်တော်ပြဿနာရှိတယ်။ အဲ့ဒါသူတို့အတွက်တရားမျှတမှုလိုတယ်၊ ခုနကလည်း ဆရာတယောက်ဆို သူ့အဖေ အသတ်ခံလိုက်ရတယ်၊ ဒါပေမယ့် တာ၀န်ယူမှုတာ၀န်ခံမှုအပိုင်းကျတော့ ငါတို့ကဒလန်ထင်လို့ရှင်းလိုက်တာဆိုပေမယ့်၊ သူ့အသက်လေ အဲ့ဒါနဲ့ပတ်သက်ပြီး ကြိုပြီးမျှော်မှန်းထားမယ့် ဆုံးဖြတ်ချက်တွေ ရှိမယ်ထင်ပါတယ်။ NUG ကတာ၀န်မခံဘူးလို့တော့ပြောလို့မရဘူး၊ ကိုမျိုးရန်‌နောင်သိမ်း ပြောတဲ့ ဝိုင်းကြီးချုပ်ကိစ္စဆိုလည်း ကျွန်တော်တို့ကသဘောမတူဘူး။ ဒါကြီးက အဓိပ္ပါယ်မရှိဘူးလို့ ကျွန်တော်တို့ခံစားရတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ သူ့သဘောထားကိုတော့ သေချာ ရှင်းရှင်းလင်းလင်းတော့မသိရဘူး။ ဒါပေမယ့် ခုနောက်ပိုင်းမှာဒလန်ရှင်းတယ်ဆိုတာက ပြည်ခိုင်ဖြိုးပါတီ၀င်တွေ ကိုလည်း ဒလန်ဆိုပြီးတော့ရှင်းတာ၊ တဆင့်ပြီးတဆင့်စစ်ထုတ်လိုက်တဲ့အခါမှာ ဒလန်ရှင်းတာသည် စစ်တပ်နှင့်နွယ်သောသူ၊ စစ်တပ်ကထွက်လာတဲ့ ပြည်ခိုင်ဖြိုးပါတီ၀င်တွေနဲ့ နှီးနွယ်သောသူဆိုရင် ဒလန်ဖြစ်ဖို့များတယ်ဆိုတာမျိုးပဲရှိတာကိုး၊ ဒါပေမယ့် သူ့ ဟာသူ ရိုးရိုးသားသား ယုံကြည်ထောက်ခံနေတာကို သူကတော့အစိမ်းဆိုပြီး လက်တို့လိုက်ရင်လည်း  သူကတော့ဒလန်ဆိုပြီး အားလုံးက ထောက်ခံသွားတာ ဖြစ်နိုင်တယ်။ သေတဲ့လူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့က ဘာစစ်တမ်းကောက်ထားတာမှ မရှိဘူးဖြစ်နေတယ်။ အဲ့ဒါတွေကပြန်ရှင်းဖို့လိုတဲ့ကိစ္စတွေလို့မြင်တယ်။ မရှင်းဘဲ ဒီတိုင်းကြီးလွှတ်ပေးထားလိုက်လို့ရှိရင် တရားမျှတမှု မရှိဘူး။ ဘယ်ကာလမဆို တရားမျှတမှုလိုတယ်၊  သူသတ်ရင် justice လိုတယ် ကိုယ်သတ်ရင်မလိုဘူးဆိုတာတော့ မဟုတ်ဘူး၊တာ၀န်ခံမှုတခုအတွက်ကတော့ NUG သည် ဘေးခပ်ကင်းကင်းနေလို့မရဘူး၊ စစ်ပွဲကာလ ဖြစ်တဲ့အတွက်ကြောင့်၊ မှားယွင်းသတ်မိလို့ ၀န်ခံလို့ရှိရင် ဘာလုပ်ပေးမယ် ဆိုတာမျိုး ဆုံးဖြတ်ချက်တခုကတော့ ဖြစ်သင့်တယ်။ ဒါမှမဟုတ်ရင် စစ်ဘက်ဆိုင်ရာ ဥပဒေတရပ်ရပ် NUG က ထုတ်ပေးထားရင် ကျွန်တော်တို့က လုပ်တဲ့သူက ဘာပဲပြောပြော လုပ်လို့အဆင်ပြေတယ်ပေါ့၊ နောက်တခုကဒလန်လို့ခုချိန်မှာရှင်းဖို့လိုသေးလား၊ ဒလန်လို့ နာမည်တပ်မယ့်အစား အခြားသော နာမည်တခုခုပေါ့ဥပမာ  military target၊ စစ်ဘက်ဆိုင်ရာ targetတခု အဖြစ်ထားလိုက်ရင်ပိုအဆင်ပြေတယ်၊ ဥပမာပျူစောထီးဆို ဒလန်လို့ပြောစရာမလိုဘူး၊ ဒါစစ်တပ်ကိုကူညီတဲ့သူပဲ၊ ဒီလိုမျိုးdefinition ပြောင်းသတ်မှတ်လိုက် လို့ရှိရင်ကျွန်တော်တို့ရှင်းလင်းလို့ ပိုလွယ်တယ်။ ဒလန်အနေနဲ့ အခုချိန်မှာရှင်းနေဦးမှာလား ဒလန်လို့မပြောဘဲ အရပ်သားမဟုတ်ဘူး၊ စစ်ဘက်ဆိုင်ရာကို EROတွေလို အချိန်တခုပေးပြီး ဒီမှာမနေနဲ့တော့ဆိုပြီး သတိပေးပြီးကာမှ ဒါမျိုးဆက်လုပ်မယ်ဆို ပိုအဆင်ပြေမလားပေါ့။

Mr.Black (1:14:00 – 1:15:13) 

ကျွန်တော်လည်း အခုချိန်ထိတော်လှန်ရေးရဲ့ အစိတ်ပိုင်းတခုအနေနဲ့ပဲရပ်တည်နေတာပေါ့၊ ကျွန်တော့်သိက္ခာနဲ့ လည်း ဆိုင်နေတာဖြစ်တဲ့အတွက် ခုထိ စုံစမ်းနေတာစုံစမ်းလို့မရတဲ့ပြဿနာတွေ ဖြစ်နေတယ်။ တိုင်ကြားလာတဲ့ ဟာတွေကိုNUG အနေနဲ့ဘယ်လိုစိစစ်ပြီးတော့ ဘယ်လိုတာ၀န်ခံပေးမလဲဆိုတာတော့လိုတာပေါ့။ မဟုတ်ရင် ဒီတိုင်းပြီးသွားမယ့်ကိစ္စတွေနဲ့ပဲ တော်လှန်ရေးကဒီနားမှာတင်တန့်နေတာမျိုး၊ ကိုယ့်လူတောင်သူ့ဘက်သား ဖြစ်သွားတာမျိုးတွေ ဖြစ်နိုင်တယ်ပေါ့။ ဒီအပေါ်တွေမှာ NUGအနေနဲ့ဘယ်လိုတာ၀န်ယူ‌ပေးမလဲ၊ လုပ်လိုက်တာတော့ အခြားအဖွဲ့အစည်းတခုက ဒါပေမယ့် အထောက်အထားခိုင်ခိုင်မာမာနဲ့ကိုယ့်ဆီကိုလာပြီးတော့ တင်ပြတဲ့ဟာမျိုးတွေကျ ဘယ်လိုတာ၀န်ယူပေးမလဲဆိုတာလိုကိုလိုပါတယ်။ အဲ့မေးခွန်းကိုတိတိကျကျသိရမှ ကျွန်တော့်အတွက်အဆင်ပြေမှာပါ။ သေချာဖြေပေးဖို့တောင်းဆိုပါတယ်၊ မေးခွန်းမေးတာပါ။

Sansa (1:15:35 – 1:18:23)

 လူသတ်တာကိုမဆွေးနွေးချင်ဘူး။ လူသတ်တာကိုမကြိုက်ဘူး၊ လူတိုင်းကဒလန်ဒလန်ဖြစ်နေတယ်။ ဒလန်ရှင်းလင်းရေး ရည်ရွယ်ချက်ပေါ့ သူတို့ကိုဘာကြောင့်သတ်ရတာလဲ။ သူတို့က ကိုယ်တွေကို သတင်းပေးလို့သတ်ရတာလား။ သတင်းပေးရုံနဲ့သတ်တာလား။ စုံစမ်းပြီးရင် အဆင့်ခွဲထားလို့်ရမလား၊ ဘယ်လောက်အဆင့်ဆို အကြီးစား၊ ဘယ်လိုမျိုးရန်မူနိုင်တယ် အဲ့လိုချထားလိုက်မယ်။ နောက်ပြီး သတ်တာထက်စာရင် ဥပမာအချင်းချင်းမသတ်စေချင်တာ၊ ကိုယ်တွေကစစ်တပ်ကိုဆန့်ကျင်ရင်း ကိုယ်တွေပါ စစ်တပ်ဖြစ်သွားမှာ၊ သူတို့ကNLD ပါတီ၀င်တွေကိုလိုက်သတ်တာနဲ့ ကိုယ်တွေကပျူစောထီးအိမ်တွေ၊ ကြံ့ဖွတ်ပါတီ၀င်တွေကိုလိုက်သတ်စရာလား၊ ဒါပြန်စဉ်းစားရမယ်။ အဲ့လိုသတ်မယ့်အစား ထောင်လိုမျိုးတခုခု အခိုင်အမာဆောက်ပြီး ဖမ်းထားချုပ်ထားလိုက်မယ်၊ ကိုယ်ကလူသတ်သမားမဟုတ်တော့ဘူး၊ သူတို့ကို ထောင်ထဲထည့်ထားလိုက်မယ်၊ ကောင်းမွန်တဲ့ တရားစီရင်ရေး system တခုထွက်လာခဲ့တယ်ဆိုရင် သူတို့ကို တရားရုံးမှာထိုင်၊ ဘယ်နှနှစ်ချ၊ အဲ့လိုမျိုးကပိုပြီးမမှန်ကန်ဘူးလားပေါ့။ ဒလန်ရှင်းတယ်၊လူသတ်တယ်ဆိုတဲ့ကိစ္စကို မှန်ကန်တယ်လို့မထင်မိဘူး။ ထောင်လိုအဆောက်ဦးတခု မတည်ဆောက်သင့်ဘူးလား။ အဲ့ဒါဆို လူမှားသတ်မိတာလဲ မရှိတော့ဘူး။ အခုအဆင့်ကတော့ မှားသတ်မိရင်လည်း တောင်းပန်ရတာပေါ့။ ရှေ့မှာလည်းပြောသွားတဲ့ မှားသတ်တဲ့လူတွေအတွက်ဘာလုပ်ပေးမှာလဲ။၊ အကြံပြုချင်တာ နယ်မြေစိုးမိုးမှု ရလာရင်ထောင်လိုမျိုး အဆောက်ဦးတခုလုပ်လို့မရဘူးလားပေါ့။ သူတို့ကိုဖမ်းထားချုပ်ထားတာဆို ပိုအဆင်ပြေမယ် ထင်တယ်။ ဘာလို့လဲဆို လူမသတ်စေချင်ဘူး။ မှန်တာနဲ့ကြင်နာမှုနဲ့ဆို ကြင်နာမှုကို‌ရွေးပါ။ လူ့အသက်ကို ကြက်လေးငှက်လေးလို သတ်နေတာကြီးကမကောင်းဘူးပေါ့။ လူ့အသက်က လွယ်လွယ်ရတာ မဟုတ်ဘူး၊ လက်နက်ကလွယ်လွယ်ရတာမဟုတ်ဘူး။ ဒါလေး၀င်ရောက်ဆွေးနွေးပါတယ်။

သခင်ဖြူဖွေး (1:18:35 – 1:21:00)

ကျွန်တော်တို့လူသတ်တယ်ဆိုတာက… ဒလန်ဆိုရင်ဒလန်စာရင်း၀င်လားပေါ့။ တော်လှန်ရေးမှာ အဟန့်အတားဖြစ်စေတဲ့လူတွေ၊  ပြည်သူ့အသက်ကို စိုးရိမ်ကြောင့်ကြဖြစ်စေတဲ့လူ တွေကိုရှင်းသင့်ရင် ရှင်းထုတ်ရမှာပဲ။ သူတို့ကြောင့် ကျွန်တော်တို့ UGတွေအဖမ်းခံရတာတွေ တော်လှန်ရေးရဲဘော်တွေ ကျဆုံးခဲ့ရတာတွေ အများကြီးရှိတယ်။ ပေးဆပ်မှုတွေမတန်ဘူးပေါ့ဗျာ။ အဲ့လိုမျိုးတွေလည်းရှိတယ်။ လူကတော့မသတ်ချင်ဘူး၊ မသတ်မဖြစ်တဲ့အခြေနေမျိုးမှာသတ်ရတယ်။ လူသတ်တာကျွန်တော်တို့ဗုဒ္ဓဘာသာမှာ ပါဏာတိပါတာကျူးလွန်ရာရောက်ပါတယ်။ ဒါပေမယ့်လက်ရှိအချိန်မှာ ကျွန်တော်တို့ ဖက်ဒရယ်ဒီမိုကရေစီကို သွားချင်တာဖြစ်တဲ့အတွက် တော်လှန်ရေးရဲ့ဆူးညှောင့်ခလုတ်တွေ အားလုံးကိုတော့ နှုတ်ရမယ့် အနေထားရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လက်ရှိမှာ CDMတပ်ဖွဲ့၀င်တစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော်တို့ meeting တိုင်းမှာလည်းပြောဖူးပါတယ်။ Non-CDM တွေကိုပြန်ခန့်မယ်ဆိုတဲ့ပုံစံမျိုးတွေ အစက အကုန်ရှင်းပစ်မှာ.. ဖက်ဒရယ်ဒီမိုကရေစီကို လူသန့်သန့်နဲ့ ပြည်သူအပေါ်ကို တကယ်အလုပ်လုပ် ပေးနိုင်တဲ့ လူတွေနဲ့ပဲသွားမှာ ဒလန်ဆိုတာလည်း လက်ရှိမှာအုပ်ချုပ်ရေးမှုးတွေ၊ ပြည်ခိုင်ဖြိုးပါတီ၀င်တွေက ဒလန်လုပ်နေကြတာ များတာပေါ့။ အဲ့ပေါ်မှာကျွန်တော်တို့က တချို့ဒလန်တွေဆို သတိပေးရုံနဲ့ တခါသတိပေးတယ် နှစ်ခါသတိပေးတယ် အဆင်မပြေဘူး၊ အဲ့ဒါမှ ထပ်ပြီးကျူးလွန်လာတယ်၊ ပြည်သူ့အပေါ် ရက်ရက်စက်စက်လုပ်တာ လူတွေကိုဒုက္ခပေးတာ ပါတီ၀င်တွေကို ဒုက္ခပေးတာ နွေဦးတော်လှန်‌ရေးမှာ ပါ၀င်တဲ့လူတွေကိုဒုက္ခပေးတာ၊အဲ့ဒါမျိုးတွေအများကြီးရှိလာတဲ့အခါမှာ သတိပေးရုံနဲ့မရဘဲ၊ ရှင်းထုတ်ရမယ့် အနေအထားဖြစ်လာတယ်။ ဒါထက်ပိုပြီးဆိုးလာမယ့် အနေထားမျိုးမှာပဲ ရှိတော့တယ်၊ အဲ့ပေါ်မှာဆွေးနွေးတာပါ။

Mr. Rev Park (1:21:11 – 1:25:37)

ဟုတ်ကဲ့ပါ။ ညီမတယောက် နဲ့ ညီတယောက်ပြောသွားတာပေါ့နော်။ တယောက်ကတော့ အကြင်နာတရား အကြောင်းပြောပြီးတော့ တစ်ယောက်ကတော့တော်လှန်ရေးမှာလိုအပ်ရင်သတ်ရမယ်ပေါ့။ ကျွန်တော်ကတော့ ကြားကျတဲ့အမြင်ကိုပဲ ဖြည့်စွက်ဆွေးနွေးချင်ပါတယ်။ 5 wh (questions)ပေါ့။  ဒလန်ကဘာလဲ၊ ဘယ်သူတွေလဲ၊ ဒလန်ကဘယ်လိုနေရာမျိုးမှာရှိတာလဲ၊ ဘယ်လိုလုပ်မှာလဲ၊ ဒလန်ကိုဘယ်လိုအခြေနေမျိုးမှာရှင်းလင်းမလဲပေါ့။ brain storming လုပ်ပြီးတော့ အများကြီး ..ပြည်သူကို educate  လုပ်ဖို့ပြောတာမဟုတ်ဘူး။ ရှင်းလင်းလွယ်ကူတဲ့ definitionလေးတွေနဲ့ပြည်သူကိုeducate လုပ်ထားမယ်ဆိုရင် အထိုက်အလျောက်အဆင်ပြေမယ်ထင်တယ်။ ကျွန်တော်တို့လူသတ်ချင်လို့မဟုတ်ဘူး၊ စစ်ပွဲမှာ လူတစ်ယောက်မှမသတ်ရဘဲ အောင်မြင်တဲ့ တော်လှန်ရေးတော့ဖြစ်ချင်တာပေါ့။ ဒါပေမယ့်ကျွန်တော်တို့က ဒါမျိုးမဖြစ်နိုင်တဲ့အခြေအနေဖြစ်နေတဲ့အတွက် သတ်ရတယ် ဆိုတာလက်ခံတယ်။ သတ်ရတဲ့လုပ်ငန်းစဉ်သည် နောက်ဆုံးအဆင့်ပဲဖြစ်ရမယ်။ သတ်ရတဲ့ လုပ်ငန်းစဥ်ဆိုတာကို ဒလန်တွေကိုဘယ်လိုရှာဖွေဖော်ထုတ်မလဲ။ ဘယ်လိုထိန်းသိမ်းမလဲ။ သူတို့က ကိုယ်တွေကို ရှာဖွေဖော်ထုတ်နိုင်တာက ကိုယ်တွေဘက်ကသတင်းလုံခြုံမှုမရှိလို့။ အဲ့တွက်ကြောင့် ကိုယ်တွေ အရင်ပြင်ဆင်ဖို့လိုတယ်။ သူတို့ဆီကို သတင်းတွေမရောက်အောင် blockလုပ်တဲ့ နည်းလမ်းမျိုးတွေရှိမယ်။ လမ်းလွဲပြီးတော့ပြောတဲ့ဟာတွေရှိမယ်။ သူတို့ကိုသတင်းအမှားတွေပေးပြီး သူတို့အချင်းချင်းပဲ ပြန်ပြီးတော့ ဒုက္ခရောက်အောင် လုပ်တာတွေရှိမယ်။ ပြီးတော့ ဒလန်ဖြစ်ရခြင်း အကြောင်းရင်း တွေက ခံယူချက်ကြောင့် ဖြစ်တာလား၊ အာဏာမက်မောလို့လား၊ ငွေ‌ကြောင့်လား၊ ခြိမ်းခြောက်ခံရလို့ ဖြစ်တာလား၊ အဲ့လိုရှာဖွေပြီး ဒီလူတစ်‌ယောက်ကို သတ်ရုံနဲ့ပြီးသွားတာမဟုတ်ဘူး။ သူနဲ့ဆက်စပ်တဲ့ နောက်လူက ကျွန်တော်တို့က သတင်းပေးမှာပဲ။ အဲ့အတွက်ကြောင့်ပြဿနာရဲ့ အရင်းမြစ်ကို သိဖို့လိုတယ်။  ဘာကြောင့် ဒလန်ဖြစ်တယ်၊  ဒလန်ဖြစ်တယ်ဆိုတာက သူ့ရဲ့အကြောက်တရားပဲ၊ အဲ့အကြောက်တရားကို ကိုင်ပြီးတော့ ဖြေရှင်းဖို့လိုတယ်။ အဓိကပြဿနာက ကျွန်တော်တို့ရဲ့ တော်လှန်ရေးသတင်း တွေသည် သူတို့ဆီ မပေါက်ကြားသွားဖို့က သတ်လိုက်ရုံနဲ့ ကျွန်တော်တို့ ရှင်းလို့ ပြီးမှာမဟုတ်ဘူး။ စစ်တိုက်တယ်ဆိုတာ လက်နက်ကိုင်ပြီးတော့ ဥာဏ်နဲ့ကစားရတဲ့တိုက်ပွဲပေါ့။ ဉာဏ်ပညာကို ဦးစားပေးတဲ့လုပ်ငန်းစဥ်ပေါ့။ လူတိုင်းကမဖြစ်ဘူးဆိုရင်တောင် တော်လှန်ရေးတပ်ဦးရော အောက်က တော်လှန်ရေးတပ်ဖွဲ့တွေ ရောက ခေါင်းဆောင်တွေက အကြမ်းဖျဉ်းအခြေခံလောက်သိရင်ကို ဒီဥစ္စာပြေလည်မယ် လို့ထင်ပါတယ်။

Sansa (1:25:48 – 1:28:22)

စောစောက တယောက်ပြောတာ ဒလန်ဘာကြောင့်ရှင်းရတယ်ပေါ့။ သူတို့တွေကြောင့်မို့ ကိုယ်တွေရဲ့နွေဦးတော်လှန်ရေးမှာ ဆုံးရှုံး တာတွေရှိတယ်။ အသက်တွေပေးလိုက်ရတယ်။ ဒါနဲ့တန်အောင် အတွက်ကိုသတ်ရတယ်။ အရေးတော်ပုံကြီးအောင်တဲ့အခါ ဖက်ဒရယ်ဒီမိုကရေစီ လူသန့်သန့်လေးနဲ့ ပဲနေချင်တယ်ဆိုတဲ့အခါ တခုသွားသတိရမိတာပေါ့။ ဖက်ဒရယ်ဒီမိုကရေစီရဲ့အနှစ်သာရကိုက diverse ဖြစ်တယ်လေ… diverse value , Diverse community, skin color ဖြစ်ဖြစ်၊ religionဖြစ်ဖြစ်၊ diverseဖြစ်တယ်.. အဲ့ဒီဟာကိုကbeautifulလို့ပြောတာ။ အဲ့ခါကျ ကိုယ်နဲ့အမြင်မတူတာ၊ လူသန့်သန့်လိုချင်တာနဲ့ကို သတ်စရာမလိုဘူးပေါ့။ ဒီလိုဆွေးနွေးတဲ့အတွက်ဒလန်ဖြစ်ချင်ဖြစ်မယ်။ တရားမျှတမှုအတွက် တိုက်ပွဲ၀င်နေတဲ့လူတိုင်းကို လူသတ်သမားမဖြစ်စေချင်တာ။ လူသတ်တယ်ဆိုတာနဲ့ အဲ့သတ်လိုက်တဲ့ လူကမကောင်းတဲ့လူဖြစ်ဖြစ် ကောင်းတဲ့လူဖြစ်ဖြစ် သတ်တဲ့လူက လူသတ်သမားပဲ။ အဲ့လိုလူသတ်လိုက်တယ် ဆိုတာနဲ့ သူတို့စိတ်ထဲမှာတခြားသူနဲ့မတူတော့ဘူး။        ဒါဏ်ရာတခုတော့ရှိမှာပဲ။ လူတစ်ယောက်ကို သတ်လိုက်မိတာဆိုတော့ အဲ့အတွက်ကိုပိုပြီး ကောင်းတာဘာရှိလဲပေါ့။ mechanism တွေ အများကြီးရှိရမယ် ဆိုတာလက်ခံတယ်။ စစ်ကိုတောင် တရားမျှတစွာနဲ့စစ်တိုက်ရတာလေ။ ဒလန်ဆိုတာစစ်သားလည်းမဟုတ်၊ စစ်မြေပြင်မှာ တိုက်နေတာလည်းမဟုတ်၊ ကိုယ်တိုင်ဒီလူနာမည်ထွက်တာနဲ့ ကိုယ့်ရဲဘော်တွေကိုသတင်းပေးတာနဲ့ သွားတိုက်တယ်ဆိုရင် အထောက်ထားလည်းခိုင်လုံမှုမရှိဘူး၊ ကိုယ့်လုပ်ရပ်က responsible သိပ်မရှိဘူး ဖြစ်တာပေါ့။ထောင်ရှိစေချင်တယ်ပေါ့။  ထောင်ထဲကိုသူတို့ကိုထည့်ထားလိုက်.. အဲ့ဟာမျိုးကို ပိုပြီးတော့ဖြစ်စေချင်တယ်။ အကြမ်းဖက်မှုကအကြမ်းဖက်မှုနဲ့ရှင်းလို့မရဘူး။ လက်နက်နဲ့ ရှင်းလို့မရဘူး။ စကားတွေနားထောင်ရမယ်။ သူတို့ရဲ့ခံယူချက်တွေ သူတို့ကကြံ့ဖွတ်ကိုအားပေးတာနဲ့ NLD ကိုအားမပေးတာနဲ့ သတ်တယ်ဆိုလို့ရှိရင် ဖက်ဒရယ်ဒီမိုကရေစီမဟုတ်ဘူးပေါ့။ USA မှာတောင်ရှိတယ်၊ ရီပါဘလစ်ကန်နဲ့ ဒီမိုကရက်တစ်ပါတီဆိုပြီး ကမ္ဘာကြီးမှာပါတီတွေကွဲနေတယ်။ အကြိုက်မတူဘူး၊ အမြင်မတူဘူး ဆိုတာကိုကအလှတရားလေ။ အဲ့ဒါကိုပြောချင်တာပါ။

ဦးမင်းနောင်ခိုင် (1:28:37 – 1:29:33)

အမြင်မတူတာကရတယ်။ ပြစ်မှုတော့ကျူးလွန်လို့မရဘူး။ အပြစ်မဲ့တဲ့ပြည်သူတွေဖမ်းဆီးခံရအောင်တော့ လုပ်ခွင့်မရှိဘူး။ တော်လှန်ရေးတပ်သားတွေ အသက်သေအောင်ကူညီထောက်ပံ့ပေးတာပဲဖြစ်ဖြစ်။ ဒါမျိုးတော့လုပ်လို့မရဘူး။ ဒါသည်ပြစ်မှုကျူးလွန်တာ၊ ဒါသည်လူသတ်တာကိုအားပေးကူညီတာ၊ သူကိုယ်တိုင် လူမသတ်ရုံတမယ်ပဲ။ ဒါသည်နိုင်ငံတော်ကို သစ္စာ‌ဖောက်ဖျက်ပုန်ကန်တာ။ အမြင်မတူတာ အားလုံးကဘယ်ပါတီပဲ ဖြစ်ဖြစ်လက်ခံပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေကို ဖမ်းဆီးခံရအောင်လို့်၊ အပြစ်မဲ့တဲ့ပြည်သူတွေကို သတ်ဖြတ်ခံရအောင်လို့၊ သတင်းပေးပြီး ပြစ်မှုကျူးလွန်လို့တော့ မရဘူးလို့ဆွေးနွေးလိုတာပါ။ ကျေးဇူးတင်ပါတယ်။

ကိုသစ္စာ ( 1:29:40 – 1:38:03)

ညီမ Sansa လို အကြမ်းမဖက်ပဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ပါနိုင်လားပေါ့။  ပါနိုင်တယ် ဆိုလို့ရှိရင်တော့နည်းလမ်းကအောင်မြင်မယ်ပေါ့။ ခုလက်ရှိကဆိုရင်တော့ တော်လှန်ရေး‌ရေချိန်အရရော ခံစားချက်တွေအရရော တဖက်ရန်သူရဲ့ယုတ်မာရက်စက်မှုတွေအရရောက ဒီငြိမ်းချမ်းစွာနဲ့သွားဖို့လမ်းကြောင်းက တော်လှန်ရေးနဲ့နဲနဲ‌ဝေးကွာတယ်မြင်မိပါတယ်။ အစပိုင်းဆွေးနွေးတာတွေနားထောင်ပြီးသိလိုက်တာ ဒလန်ပေါ့။ ဒလန်ကိုဘယ်လိုစိစစ်မလဲဆိုပြီးစဥ်းစားကြတယ်။  ဗဟိုတခုကိုသွားပြီး စစ်ဆေးခိုင်းဖို့ဆိုတာလဲမဖြစ်နိုင်ဘူး။ အဲ့ဒါကြောင့် မြေပြင်မှာရှိတဲ့လူတွေကပဲ စိစစ်လို့အရနိုင်ဆုံးလို့နားလည်လိုက်တယ်။ NUGအနေနဲ့ ဒလန်ကိစ္စကို သွားကိုင်ဖို့ကမလွယ်ဘူး။ သူကိုင်လိုက်မယ်ဆိုရင် နိုင်ငံတကာမှာလည်းပုံရိပ်ကျနိုင်တယ်။ အဲ့အပြင် NUGလက်အောက်ကMODတို့ MOJတို့ အနေနဲ့လည်း အသိပညာပေးလေးတွေလုပ်လို့ရတယ်။ ဒလန်ဆိုတာ ဘယ်လို ဝိသေသနလက္ခဏာရှိတယ် ဆိုတာလေး ရှင်းပြလို့ရတယ်။ MOD ကနေCode Of Conductတွေ၊ pageတွေ၊ websiteတွေကနေ ရဲဘော်တွေသိအောင်ပညာပေးနေတာတွေရှိတယ်။ ဒါပေမယ့်ရဲဘော်တွေလည်း အစောပိုင်းမှာတော့ကြည့်ကြတယ်။ လိုက်နာကြတယ်။ ဒါပေမယ့် လက်တွေ့မြေပြင်လဲဆင်းသွားရော လက်နက်ရှားတဲ့ကိစ္စတွေ၊ အလှူခံကိစ္စတွေ၊ ပစ္စည်း၀ယ်ရသွင်းရထုတ်ရတွေ၊ စိတ်ခံစားချက်တွေနဲ့ Code Of Conduct တွေကို‌မေ့သွားတာလည်းရှိတယ်ပေါ့။ ကျွန်တော်တို့ အွန်လိုင်းပေါ်ကနေ အသိပညာပေးကိစ္စတွေ လက်တွေ့တကယ်ကိုမြေပြင်မှာ အလုပ်လုပ်တဲ့UGတွေ၊ PDFတွေနဲ့ လက်ပွန်းတတီး ဒီလိုဆွေးနွေးပွဲတွေ ကနေတွေ့ပြီး လုပ်‌ပေးရင်တော့ကောင်းမယ်။ MODအနေနဲ့ဖြစ်ဖြစ် တတိယအဖွဲ့စည်းအနေနဲ့ဖြစ်ဖြစ် တော်လှန်ရေး အသိပညာပေးတဲ့ အလုပ်လေးတွေ လုပ်ပေးနိုင်ရင်ကောင်းတယ်ပေါ့။ သူတို့တွေ Code Of Conduct တွေကိုနားလည်မယ်၊ ပြီးရင်ဒလန်ရဲ့definition ဒလန်ရဲ့လက္ခဏာတွေကိုလည်း ကိုယ်ပိုင်ဆုံးဖြတ်နိုင်မယ်ပေါ့။ ဌာနတခုအနေနဲ့ ထားပြီးတော့ဆုံးဖြတ်မယ်ဆို ခက်ခဲပြီးတော့ တကယ့်မြေပြင်မှာလုပ်တဲ့လူတွေအနေနဲ့ ကိုယ်တိုင်ဆုံးဖြတ်နိုင်ရင်ပိုပြီးတော့ကောင်းတယ်ပေါ့။ တော်လှန်ရေးသမားတွေကို အသိပညာပေး လုပ်တာလေးတွေ၊ MOD ကနေလုပ်ပေးနေတာလည်း ရှိတယ်ကြားတယ်။ တကယ်လို့ ချိတ်ဆက်ပေးလို့ရမယ်ဆိုရင် အဲ့ဟာလေးတွေကိုချိတ်ဆက်ချင်ပါတယ်။ ဆွေးနွေးပွဲတွေလည်းတက်ချင်ပါတယ်။ ကျွန်တော်သိထားတဲ့အဖွဲ့ လည်းရှိပါတယ်။ တော်လှန်ရေး UGတွေ မြို့ပြပျောက်ကြားတွေ၊ တောတွင်းပျောက်ကြားတွေရယ်ကို အသိပညာတွေ‌ ဝေမျှ‌ပေးနေတဲ့အဖွဲ့ကို စိတ်၀င်စားရင်လည်း ကိုရဲထက်ကနေ ဆက်သွယ်လို့ရပါတယ်။ ဒလန်ကို ဘယ်လိုသတ်မှတ်မလဲဆိုတာ နည်းလမ်းအရတော့စဥ်းစားပေမယ့် အကျပ်အတည်းအရ တော့မလွယ်ဘူးပေါ့။ အသိပညာပေးလောက်ပဲ ရမယ်ပေါ့။ ကိုယ့်အနေနဲ့ သွားတားလို့လည်းမရဘူး။ ရဲဘော်တွေ လက်ထဲမှာ သေနတ်ရှိတယ်။ ရဲဘော်တွေကိုယ်တိုင်ပဲလုပ်ရမှာ။ ကိုယ်ကဘေးကနေဆရာကြီးလုပ်ပြီး ဟိုကောင့်မသတ်နဲ့ ဒီကောင့်သတ်ဆိုပြီး သွားလုပ်လို့မရတော့ သူတို့ကိုအသိပညာပေးလို့ပဲရမယ်။ 

ရှင်းတော့မယ်ဆိုရင် ဒီလူကရန်သူ့သတင်းပေးသူလျှိုဟုတ်မဟုတ် သေသေချာချာစိစစ်မယ်၊ သေချာမှတ်ပုံတင် ထားမယ်၊ သေချာမှတ်တမ်းထားမယ်၊ အဲ့ဒါတွေပြီးမှပဲ သေချာပြီဆိုမှလုပ်မယ်။ တကယ်လို့ ကိုယ်က မှားယွင်းလုပ်မိပြီဆိုရင်လည်း တောင်းပန်သင့်တယ်။ အပြစ်မရှိတဲ့လူကိုလုပ်မိရင် မတောင်းပန်တာ စစ်တပ်ပဲရှိတယ်။ စစ်တပ်ကကောင်တွေလုပ်သလိုကျွန်တော်တို့ကလိုက်လုပ်လို့မရဘူး။ ဒီချိန်မှာ တော်လှန်ရေး လုပ်နေတာ ဒီကိစ္စတွေမပြောသင့်ဘူး၊ တော်လှန်ရေးသိက္ခာကျလိမ့်မယ်၊ မှားရင်တောင် ကြိတ်ခံလိုက်မယ်၊ ဘာမှမဖြစ်ဘူး၊ မပြောသင့်ဘူး၊ တော်လှန်ရေးသမားတွေကိုအပြစ်ရှာမပြောသင့်ဘူး ဆိုရင် အခုလက်နက်ကိုင် နေတဲ့လူတွေက စစ်ဘုရင်တွေလိုဖြစ်လာလိမ့်မယ်။ သူတို့လုပ်သမျှကိုအပြစ်မခံရဘူး၊ ကိုယ်အမှားလုပ်လည်း အပြစ်မခံရဘူး၊ ဆိုလို့ရှိရင် ဒီကောင်တွေက လက်နက်ကိုင်တဲ့စစ်ဘုရင်တွေလိုမျိုး ဖြစ်လာလို့ရှိရင် နိုင်ငံအတွက်လည်းမကောင်းဘူး။ အဲ့ဒါကြောင့်ကျွန်တော်တို့အနေနဲ့တောင်းပန်သင့်တယ်။ ဒလန်ဆိုတဲ့ အသုံးအနှုန်းက သူ့အနေနဲ့သေဒဏ်ထိုက်တဲ့လူလို့တော့ အဓိပ္ပါယ်မရောက်ဘူး။ ရန်သူ့သတင်းပေး ရန်သူ့သူလျှိုလို့ ခေါ်‌ဝေါ်သုံးစွဲမယ်ဆိုရင်တော့ ဒီလူကအပြစ်ရှိတဲ့လူပေါ့။ တော်လှန်ရေးသမားတွေ သုံးတဲ့အသုံးနှုန်း တော့မသိဘူး၊မှောင်ခိုသမားတွေကတော့ ဒီဒလန်ဆိုတဲ့အသုံးနှုန်းကိုသုံးကြတယ်ပေါ့။ တော်လှန်ရေးသမားတွေက ဒလန်ဆိုတဲ့အသုံးနှုန်း ခုတော့သုံးကြတယ်ပေါ့။ 

တခြားအနေနဲ့ ကျွန်တော်လေ့လာထားတာတော့ မရှိဘူး။ အဲ့ဒါကြောင့် ဥပဒေနဲ့လည်းညီအောင် ပြီးရင် ကိုယ့်လူတွေပြန်ပြီးတော့ တော်လှန်ရေးပြီးတဲ့ကာလမှာ ကိုယ့်အပြစ်တွေအတွက် ပေးဆပ်ခဲ့ရတဲ့သူတွေ ပြစ်ဒဏ်တွေမခံရအောင် ကြိုပြီးတော့ အသုံးအနှုန်းလေးကအစ ဆင်ခြင်ထားမယ်ဆိုလိုရှိရင် ကောင်းပါတယ်။ ပြီးတော့ ညီမ Sansa ပြောသွားတဲ့ ထောင်လိုမျိုးလုပ်ပြီးတော့ ဒလန်တွေထားမယ်ဆိုတဲ့ကိစ္စက အခုဖြစ်နေတယ်ပေါ့နော်။ အဓိက စစ်ကိုင်းဘက်မှာဆို ဒလန်တွေ၊ စစ်သားတွေကို ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာက တကယ်ခက်ခဲတဲ့ကိစ္စပေါ့နော်။ မြို့ပေါ်ကိစ္စမဟုတ်ဘူး၊ ကိုယ်ပိုင်နယ်မြေ ရပြီးသားမှာတောင်မှ ဒီလိုကိစ္စတွေက ဖြေရှင်းရတာ ခက်ခဲတဲ့အလုပ်တခုဖြစ်နေတယ်။ ရဲဘော်တွေဆိုတာလည်း ပြောက်ကျားရဲဘော် တွေ၊ စခန်းတွေဆိုတာလည်း ခဏခဏရွှေ့ရတယ်၊ ရွှေ့တဲ့အချိန်မှာ ဒလန်တွေ၊ ဖမ်းမိထားတဲ့သူတွေကို ဟိုရွှေ့ဒီရွှေ့လုပ်ရတာ လူအင်အားလဲကုန်တယ်၊ ငွေအင်အားလဲကုန်တယ်၊ ပြီးရင် အလုပ်ပိုရှုပ်တယ်၊ သူတိုထွက်ပြေးမှာလဲ ကြောက်ရတယ်ပေါ့နော်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ဒလန်တွေကို ထိန်းသိမ်းနိုင်မဲ့ ERO လို တကယ်တောင့်တင်းတဲ့သူတွေ၊ ဥပမာ သုံ့ပန်းလို့သုံးမယ်ပေါ့နော်။ ရန်သူကို ကိုယ်ကဖမ်းမိတယ်ဆိုရင် သူကသုံ့ပန်းပေါ့နော်။ သုံ့ပန်းကို ဘယ်လိုထိန်းသိမ်းမလဲ ဆိုတဲ့အပိုင်းမှာဆိုလို့ရှိရင် တာဝန်ယူနိုင်မှုအနေနဲ့ ကျွန်တော်တို့ပျောက်ကြားရဲဘော်တွေအနေနဲ့ တာဝန်ယူရတာ ခက်ခဲတယ်။ အဲဒီကိစ္စကို MOD ကလဲ စီစဥ်နေတယ်လိုတော့ကြားရတယ်၊ MOD ကလဲ သုံပန်းကိစ္စကို ဘယ်လိုထိန်းသိမ်းမလဲဆိုပြီးတော့ စီစဥ်နေတယ် လိုတော့ကြားရပါတယ်။ ဒါပေမဲ့ နောက်ပိုင်း လွတ်မြောက်နယ်မြေတွေများလာမယ်၊ ရဲဘော်တွေကိုယ်တိုင် တကယ်ကိုအုပ်ချုပ်လာနိုင်မယ်ဆိုရင် ညီမ Sansa ပြောတဲ့ ဒလန်တွေကို ထောင်သဘောမျိုးနဲ့ ထိန်းသိမ်းတာမျိုး လုပ်လာနိုင်တယ်လို့ယုံကြည်ပါတယ်။ ဟုတ်ကဲ့ ကျွန်တော့်အနေနဲ့ ဒီလောက်ပါဘဲခင်ဗျ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

သက္ကမိုးညို ( 1:38:14 to 1:41:20 )

 ဟုတ် စောစောကဟာလေးဘဲ နည်းနည်းလေး ဝင်ပြောချင်တာပါ။ ဘာလို့လဲဆိုတော့ ခုနတုန်းက ကျနော်ပြောခဲ့သလိုပဲ ဒလန်သည် Grey Area ဖြစ်တော့ Definition ကိုတော့ သေသေချာချာ သတ်မှတ်မှရမယ်ပေါ့နော်။ ဥပမာ စစ်တပ်ကစစ်သားဆိုလိုရှိရင်ကတော့  သေချာပေါက် ရှင်းလင်းရမဲ့ကိစ္စပေါ့နော်၊ ဒလန်ဆိုတာကျတော့ သတ်မှတ်ချက် ကောင်းကောင်းမရှိလို့ရှိရင် ကြိုကြေညာထားဖို့လိုတာလေးတွေ ရှိမယ်ပေါ့နော်။ စောစောကညီမပြောသလိုဘဲ အလကားနေရင်း လူသတ်နေတာကျတော့လည်း မဟုတ်ဘူး။ နောက်တခုက ပြစ်မှုနဲ့ပြစ်ဒဏ်ဆိုတာလည်း ရှိသေးတယ်။ သူက ရပ်ကွက်အုပ်ချုပ်ရေးလုပ်သွားတယ်၊ မြိုနယ်အုပ်ချုပ်ရေးမှူးလုပ်တယ်။ တကယ်ဆို သူက ဒလန်တော့မဟုတ်ဘူး၊ တာဝန်ပေးလို့လုပ်ရတယ်ဆိုတာမျိုး ရှိသွားတယ်။ ဒါပေမဲ့ သူက တကယ်ဒလန်မဟုတ်ဘူး၊ ကြိုးကြိုးစားစားနဲ့လုပ်တယ်၊ တခုရှိတာက စစ်တပ်ကခန့်တဲ့အတွက်ကြောင့် သူငြင်းမကောင်းတာ၊ ဘာညာရှိလို့ဆိုရင် သူ့ကိုကျဒလန်လို့ သတ်မှတ်ပြီး သတ်လိုက်လိုရှိရင် ပြစ်မှုနဲ့ပြစ်ဒဏ်မမျှတတာမျိုး ဖြစ်သွားတယ်။ ပြဿနာရှိတာက ကျွန်တော်တို့သည် လောလောဆယ်မှာ ခုနကပြောသလို စစ်ကာလဖြစ်နေတဲ့အတွက် ခုနက ညီမ Sansa ပြောသလို ထောင်သဘောမျိုးသတ်မှတ်ပြီး ထားမယ်ဆိုရင် လွတ်မြောက်နယ်မြေမှာက ကိစ္စမရှိဘူး၊ လွတ်မြောက်နယ်မြေ မရသေးဘူး။ ကိုယ်ကိုယ်တိုင်က ပြေးလွှားပုန်းအောင်းနေရတဲ့အချိန်မှာ ရန်သူကို ပြန်လည်ခြောက်လှန့်ဖို ဒါမှမဟုတ် ရန်သူကိုပြန်ပြီးတိုက်ခိုက်ဖို့ကျတော့ ဒလန်ဆိုတာက ထောင်နဲ့ထည့်ထားလိုက်လည်း အဆင်မပြေဘူး။ အဲ့တော့ ဒလန်နဲ့ပက်သက်ပြီး ကျွန်တော်တို့က ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ကြိုကြေညာထားသင့်တာတွေလည်းရှိတယ်။ ဥပမာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမလုပ်ရဘူး၊ လုပ်နေလို့ရှိရင် စစ်ကောင်စီကို အားပေးကူညီသူအဖြစ် ကျွန်တော်တို့က ရှင်းလင်းရပါမယ်ဆိုတဲ့ ကြိုတင်ကြေညာချက် ထုတ်ထားလို့ရှိရင် ဘာပဲဖြစ်ဖြစ် ရှင်းတဲ့အချိန်မှာ ပိုပြီးတော့အပြစ်လွတ်တယ်ပေါ့နော်။ နောက်တခုက ဘာလဲဆိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှုးမဟုတ်ပေမဲ့လည်း ဒလန်လုပ်နေတာကျတော့ ကျွန်တော်တို့က Check လုပ်ဖို့ တော်တော်ကိုခက်ခဲတယ်။ အနည်းဆုံးတော့ Counter Check သုံးလေးခါလောက်လုပ်ပြီးခါမှ ရှင်းပါဆိုတာမျိုး၊ ဒီလိုမျိုး အချင်းချင်းနားလည်တဲ့ ရှင်းလင်းချက်လေးထုတ် ပေးထားလို့ရှိရင်လည်း အဆင်ပြေနိုင်တယ်ပေါ့နော်။ တကယ်ဆိုလို့ရှိရင် ကျွန်တော်တို့က ဒလန်နဲ့ပက်သက်ပြီး ပြစ်မှုနဲ့ပြစ်ဒဏ် မျှတော့မျှစေချင်တယ်။ ခက်တာက စစ်ပွဲကာလ ဖြစ်နေတဲ့အခါကျတော့ ရည်ရွယ်ချက်ကိုကလည်း ရန်သူကို ခြောက်ခြားအောင်လုပ်တဲ့ ရည်ရွယ်ချက်လည်း ပါတဲ့အတွက်ကြောင့် ရှင်းတဲ့အဆင့်ထိ ဖြစ်သွားတာ။ နောက်တခုက မြို့ပြမှာဆိုလို့ရှိရင် UG တွေရဲ့သဘောတရားကလည်း ပြောက်ကျားသဘောတရားဖြစ်တော့ Military Target အနေနဲ့မဟုတ်ဘဲနဲ့ ဒလန်ကိုလည်း လွယ်ကူတဲ့ပစ်မှတ်အနေနဲ့ထားပြီး ရှင်းမှာလည်းစိတ်ပူတယ် ၊ ဥပမာအားဖြင့် စစ်တပ်ကိုသွားပြီး သေနတ်နဲ့ပစ်တာထက် ဒလန်ကိုသွားပစ်တာက ပိုလွယ်တာကိုး။ ဒါပေမဲ့ အဲဒီမှာ ပြည်သူဖြစ်နေလို့ရှိရင် ပြည်ခိုင်ဖြိုးကို ထောက်ခံရုံပဲထောက်ခံတာ၊ ဒလန်အစစ်မဟုတ်ဘူးဆိုလိုရှိရင် ပြဿနာရှိတယ်။ နောက်တခုက ဒီကိစ္စတွေက ပြန်ရှင်းရမဲ့ကိစ္စတွေ ဖြစ်တဲ့အတွက်ကြောင့် တချိန်ချိန်မှာ ဒါတွေက ပြန်ပြီးပေါ်လာဦးမှာ။ ပေါ်လာလို့ရှိရင် တာဝန်ယူမှု၊ တာဝန်ခံမှုအရ ဘာပြောမလဲဆိုတော့ ဘယ်အဖွဲ့ကနေ  ရှင်းလင်းခဲ့ပါတယ်ဆိုတဲ့ ကြောညာချက် ထုတ်ပေးထားတာဆိုလို့ရှိရင် ဘာပဲပြောပြော နောင်တချိန်မှာ တာဝန်ခံလို့ရတာပေါ့လေ။ အဲ့လိုမျိုးလေး ကျွန်တော်က စဥ်းစားမိတာပါ။ ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်ခင်ဗျ။

ကိုရဲထက် ( 1:41:22 to 1:46:15 )

 ဟုတ်ကဲ့၊ အခု ကျွန်တော်လည်း နည်းနည်းဝင်ဆွေးနွေးလိုက်မယ်ပေါ့နော်။ ပြီးတော့ နည်းနည်းလည်း ဆက်ဆွေးနွေးရမယ့် လမ်းကြောင်းတွေပေါ်သွားအောင်လို့ ကျွန်တော်တို့ ဒီနားမှာရောက်နေတာကြာပြီပေါ့နော်။ ဒီဒလန်တွေအကြောင်း၊ တရားမျှတမှုကို ဘယ်လိုရှာမလဲ ဆိုတဲ့အပိုင်းတွေရယ်၊ ပြီးတော့ အချက်အလက်တွေအကြောင်းပေါ့နော်။ ဆိုတော့ အရင်ဆုံး ကျွန်တော်တို့အဖွဲနဲ့ ပက်သက်ပြီးပြောရရင် ဒီပွဲကိုစီစဥ်တဲ့ ကျွန်တော်တို့အဖွဲ့က တကယ်တော့ အကြမ်းမဖက်လူထုတော်လှန်ရေးကို ရပ်တည်တဲ့အဖွဲပေါ့နော်။ အဲ့လိုပြောလို့ လက်နက်ကိုင်တော်လှန်ရေးကို ဆန့်ကျင်တာလဲမဟုတ်ဘူး၊ ဒါပေမဲ့ ဒလန်နဲ့ပက်သက်တဲ့ နေရာမှာလည်း ကျွန်တော်တို့ ကန့်ကွက်တယ်တော့ မဟုတ်ဘူး၊ စစ်ရေးရဲ့ လှုပ်ရှားမှုတခုလို့ ကျွန်တော်တို့ မြင်လိုရပါတယ်။ ဒါပေမဲ့ ဒလန်လို့သတ်မှတ်တဲ့အထဲမှာ Non-CDM လိုဟာမျိုးတွေ၊ ပြီးတော့ နိုင်ငံရေးသမားတွေ၊ လက်နက်မကိုင်တဲ့ဟာမျိုးတွေ၊ ပြီးတော့ စစ်ရေးယန္တရားနဲ့ မဆိုင်တဲ့ဟာမျိုးတွေကို တိုက်ခိုက်တာက အင်မတန်အန္တရာယ်များတဲ့ကိစ္စလို့မြင်တယ်။ ဒါက နှစ်ပိုင်းပေါ့နော်။ တခုက တရားမျှတမှုရှုထောင့်ကိုလည်း ထိခိုက်တယ်၊ နောက်တခုက လက်နက်ကိုင်တော်လှန်ရေး ရှုထောင့်အတွက်လဲ အများကြီး အကျိုးသက်ရောက်မှုရှိတယ်။ ဒါအင်မတန်ဆင်ခြင်သင့်တဲ့အချိန်လို့လည်းမြင်လို့ ကျွန်တော်တို့ ဒီနေ့ပွဲကို ကျင်းပရတာဖြစ်တယ်။ တရားမျှတမှု ရှုထောင့်ကတော့ရှင်းတယ်။ အာဏာရှင်စနစ်မှာ အာဏာရှင်တွေဖက်က စဥ်းစားချက်က ကျွန်တော်ဖတ်ဖူးတာပြောရရင် သူတို့က လူဆယ်ယောက် မှားသတ်တာထက် မှားသတ်ပြီးတော့ လူတစ်ယောက်ကိုဖမ်းမိဖို့က အရေးကြီးတယ်ပေါ့နော်။ သူတို့ဖိနှိပ်ချင်တဲ့သူကို ဖမ်းမိဖို့ပေါ့နော်၊ လူဆယ်ယောက် မှားတာက မှားလို့ရတယ်။ ဒါပေမဲ့ ဒီဖက်က တရားမျှတမှုရှုထောင့်က လူတစ်ယောက်ကိုဆုံးရှုံးတာက ရန်သူဆယ်ယောက်ကို ချေမှုန်းတာထက် တန်ဖိုးအများကြီး ထိခိုက်တယ်ပေါ့နော်။ ဒီဟာကဘာကြောင့် အရေးကြီးလဲဆိုတော့ ကျွန်တော်တို့ လက်ရှိမှာ စစ်တပ်ကို ပြည်သူတွေက အနိုင်ရတယ်လို့ပြောတယ်ပေါ့နော်။ အနိုင်ရတယ်ဆိုတာ လက်နက်အင်အားကြောင့် အနိုင်ရတာမဟုတ်ဘူး၊ စိတ်ဓာတ်အင်အား၊ တော်လှန်ရေး ရပ်တည်ချက်၊ တော်လှန်ရေး သစ္စာ၊ တော်လှန်ရေး ယုံကြည်ချက်၊ ဒီခံယူချက်တွေကြောင့် ကျွန်တော်တို့က အနိုင်ရနေတာ။ အနိုင်ရဖို့ လမ်းစရှိတာပေါ့နော်။ အဲ့ဒါသာမရှိရင် စစ်တပ်ကို ဘယ်လိုနည်းနဲ့မှ အနိုင်ရနိုင်စရာမရှိဘူး။ ကျွန်တော်တို့က အဲဒီရှုထောင့်ကို သွားပြီးတော့ ဖျက်ချလိုက်မယ်ဆိုရင် အန္တရာယ်များတယ် ပေါ့နော်။ ဒါကတော့ ဒီ လူ့အခွင့်အရေးတို့၊ တရားမျှတမှုရှုထောင့်ကနေပြောတာ။ ဒါ တပိုင်းပေါ့နော်။ အရေးကြီးတာက လက်နက်ကိုင် တော်လှန်ရေးကစပြီးပြီ။ ဒလန်ရှင်းလင်းရေးဆိုရင်လည်း လက်နက်ကိုင်တော်လှန်ရေးရဲ့ အဆက်တခုပဲပေါ့နော်၊ လက်စားချေတဲ့ လှုပ်ရှားမှုတော့မဟုတ်ဘူး။ ကျနော်မြင်တာတော့၊ ကိုယ့်ပတ်ဝန်းကျင်မှာ လူတစ်ယောက်ကိုလုပ်ခဲ့လို ပြန်လုပ်မယ်ဆိုတဲ့ ရှုထောင့်က သွားတာမဟုတ်ဘူး။ ဒါက စစ်ရေးလှုပ်ရှားမှုတခုပဲ။ ဒါလက်နက်ကိုင်တော်လှန်ရေးရဲ့ အစိတ်အပိုင်းတခု အနေနဲ့လုပ်တာပဲ။ ဆိုတော့ လက်နက်ကိုင်တော်လှန်ရေးက လက်ရှိမှာ ခေါင်းဆောင်မှုမထွက်သေးဘူးဘဲ ပြောရမလား ဒါမှမဟုတ် ဗျူဟာမကျသေးဘူးပဲပြောရမလားပေါ့။ ဘာလို့လဲဆိုတော့ စစချင်း လက်နက်ကိုင်တော်လှန်ရေးကိုစတဲ့ MOD ကပြောတဲ့အထဲမှာလည်း မရှင်းဘူးပေါ့နော်။ စစချင်း ဒုဝန်ကြီးတို့ပြောတဲ့အထဲမှာ အဖွဲ့တွေက ကိုယ့်ပုံစံနဲ့ကိုယ် တွန်းလှန်ကြမယ်၊ ပြီးရင် ဖက်ဒရယ်တပ်ကြီးပေါ်လာမယ်၊ စစ်တပ်ကြီးက ပြိုပျက်သွားမယ်၊ ဒီလိုမျိုးပြောတယ်။ ပြီးတော့ နောက်ပိုင်းမှာလဲ ခုခံတွန်းလှန်စစ် ဆိုပြီးပြောတယ်။ ဒါပေမဲ့ အခုချိန်အထိ လက်နက်ကိုင်တော်လှန်ရေးကို ဘယ်သူကဦးဆောင်မှာလဲ ဆိုတဲ့အဖြေက မထွက်သေးဘူး။ မထွက်သေးတော့ လက်နက်ကိုင်တော်လှန်ရေးရဲ့ အဆက်ပေါ့နော်၊ လက်နက်ကိုင်တော်လှန်ရေးအောက်မှာရှိရမယ့် ထောက်လှမ်းရေး၊ ထောက်လှမ်းရေးအောက်မှာရှိရမယ့် အခုဒလန်ရှင်းလင်းရေးပေါ့နော်၊ ဒလန်ဆိုတာ Informer ပေါ့နော်၊ သတင်းပေးရှင်းလင်းရေးဟာ မပီပြင်သေးဘူး ပေါ့နော်။ ဒါ ကျွန်တော်တို့ လက်ရှိဖြစ်နေတာတွေလို့ ကျွန်တော်တော့ မြင်တယ်ပေါ့နော်။ ဆိုတော့ ဒီဟာတွေကို ( မေးခွန်းတွေကတော့ အများကြီးရှိနေပြီပေါ့နော် ) ဘယ်လိုမျိုး အဖြေရှာကြမလဲပေါ့နော်။ ကျွန်တော်တို့ လူထုတော်လှန်ရေးပြောရမလား၊ ဒီရှုထောင့်ကကြည့်မယ်ဆိုလိုရှိရင် ဘက်ပေါင်းစုံက စဥ်းစားလို့ရတယ်ပေါ့နော်။ ဒလန်ရှင်းလင်းရေးမှာ ခေါင်းဆောင်ကလည်းလိုတယ်။ လက်နက်ကိုင်တပ်တွေကလည်းလိုတယ်။ တချိန်တည်းမှာ ပြည်သူတွေလည်းလိုတာပဲပေါ့နော်။ ပြည်သူတွေက ငွေကြေးထောက်ပံ့တဲ့သူတွေပဲ။ ပြီးတော့ ထောက်ခံတဲ့သူတွေပဲ။ ဒီပြည်သူတွေဖက်ကရော ဘယ်လိုမျိုးစည်းရုံးလို့ ရမလဲပေါ့နော်။ တရားရေးရှုထောင့်ဖက် ကရော ဘယ်လိုမျိုး အသိပေးလို့ရမလဲပေါ့နော်။ တရားရေးမှာလည်း NUG မှာ အဖွဲ့တွေအများကြီး ရှိပါတယ်။ တရားရေးရှိတယ်၊ လူ့အခွင့်အရေးရှိတယ်၊ အများကြီး ရှိကြတယ်။ ကျွန်တော်တို့က စစ်တပ်လုပ်သလို လိုက်လုပ်လို မရဘူး။ သူတို့ဖိနှိပ်ချင်သလို ဖိနှိပ်မယ်၊ သူတိုပြောချင်သလို ပြောမယ်ပေါ့နော်။ ဒါပေမဲ့ ဒီဖက်ကလဲ စစ်တပ်လုပ်တာတွေ တော့ပြောမယ်၊ ကိုယ့်ဖက်ကလုပ်တာတွေကို သိုသိုသိပ်သိပ်နဲ့ ဖွက်ထားမယ်ဆိုတာက တချိန်ချိန်မှာ လူထုက၊ လူထုဆို တကယ်ခံရတဲ့လူထုကိုပြောတာ၊ အွန်လိုင်းပေါ်ကလူထုကိုပြောတာမဟုတ်ဘူး၊ တကယ်ခံရတဲ့လူထုက ပေါက်ကွဲထွက်လာလိမ့်မယ်။ ပြီးခဲ့တဲ့ကာလတွေမှာလဲ ဖြစ်ခဲ့တာပဲ။ မြန်မာနိုင်ငံမှာ တောက်လျှောက်လက်နက်ကိုင်တော်လှန်ရေးသမိုင်းမှာ ရောင်စုံသူပုန်ခေတ်တို့ဘာတို့ အမျိုးမျိုး ရှိခဲ့တယ်ပေါ့နော်။ ပြီးတော့ အနီးစပ်ဆုံး လက်နက်ကိုင်တော်လှန်ရေးကို နှစ်ပေါင်းများစွာလုပ်ခဲ့တဲ့ တိုင်းရင်းသားတွေကိုလည်း ကြည့်လို့ရတယ်။ သူတို့မှာ ယန္တရားအဆင့်ဆင့် ရှိတယ်ပေါ့နော်၊ ဒါကြီးကို အဆင့်လိုက်လုပ်ရတာပေါ့နော်။ လက်နက်ကိုင်တော်လှန်ရေးက ဒီလိုမျိုးစိတ်ခံစားမှုနဲ့ တွေ့တဲ့လူကို လိုက်ချလို့တော့မရဘူး။ ဒီအပိုင်းမှာ ကျွန်တော်တို့ သက်ဆိုင်ရာ သက်ဆိုင်ရာ ကိုယ်စီအစုအဖွဲ့တွေက ဘာဆက်လုပ်လို့ရမလဲပေါ့နော်။ ပြဿနာတွေကတော့ အခုအများကြီးထွက်လာပြီ၊ သတင်း အချက်အလက်လိုတယ်၊ ဘယ်လိုဖြေရှင်းဖို့ လိုတယ်ပေါ့နော်။ ဆိုတော့ အခုဆက်ဆွေးနွေးတဲ့ အပိုင်းမှာတော့ ဘာလုပ်လိုရမလဲပေါ့နော်၊ ကိုယ်နဲ့ပက်သက်တဲ့ အပိုင်းကနေ ဘာတွေဆက်လုပ်သင့်သလဲ၊ ဒီဟာလေးကို Highlight လုပ်ပြီးတော့ ဆွေးနွေးးစေချင်တယ်။ တချို့ကျန်တဲ့မေးခွန်းလေးတွေလည်း ဆက်ပြီးတော့ဖြေစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ဗျ။

သခင်ဖြူဖွေး ( 1:46:20 to 1:49:55 )

 ဟုတ်ကဲ့၊ စောစောတုန်းက ညီမပြောသလို ထောင်ပုံစံမျိုးဆိုတာက ကျွန်တော်တို့က လက်ရှိမှာ တော်လှန်ရေးကာလပေါ့နော်။ တော်လှန်ရေးကာလ ဖြစ်တဲ့အတွက် လွတ်မြောက်နယ်မြေမှာတောင်မှ ပြောရမယ်ဆိုရင် EAO တွေရဲ့မျက်နှာ ကြည့်နေရတာပေါ့နော်။ ကြည့်နေရတယ်ဆိုတာ သူတို့က ဖိနှိပ်ချုပ်ချယ်တာမဟုတ်ပါဘူး။ စည်းကမ်းတကျနဲ့နေဖို့ အဲ့တာမျိုးတွေရှိတာကြောင့် ထောင်ပုံစံမျိုးကတော့ လက်ရှိတော်လှန်ရေးကာလမှာ မဖြစ်နိုင်သေးဘူးလို့ ကျွန်တော်တော့ ယူဆပါတယ်ဗျ။ NUG က ဒါမျိုးလုပ်မယ်ဆိုရင်လည်း တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာ ခိုလှုံနေတဲ့လူအင်အား၊ စစ် ဘေးရှောင်တွေရော၊ PDF အင်အားတွေရော၊ နောက် UG တွေရောရှိတဲ့အတွက်ကြောင့် နောက်ဆုံးစားဝတ်နေရေးကအစ အကုန်ခက်ခဲလာမှာပါ။ အဲဒီအတွက်ကြောင့် ထောင်ပုံစံမျိုးကတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်တော့ ယူဆတယ်ဗျ။ ပြီးရင် ဒလန်တစ်ယောက်ကို ရှင်းတဲ့နေရာမှာ ကျွန်တော်တို့ကို ဒီလူကဒလန်ပါလို့ သတင်းလာပေးရင် ချက်ချင်းအရေးမယူပါဘူး။ သူ့ရဲ့အသေးစိတ်အချက်အလက်ကို ကျွန်တော်တို့ ကြည့်ပါတယ်။ ကြည့်ပြီးလို့ရှိရင် ကျွန်တော်တို့ ပထမတစ်ကြိမ် သတိပေးတယ်၊ နောက်တကြိမ် သတိပေးတယ်၊ နောက်ဆုံးအကြိမ်မှာမှ သတိပေးလိုမရဘူးဆိုလို့ရှိရင် အဲ့ချိန်ကျမှ ကျွန်တော်တို့က ရှင်းတာပါ။ ရှင်းတယ်ဆိုတဲ့နေရာမှာလဲ ပြည်သူလူထုကို တအားဒုက္ခပေးလာမှ ကျွန်တော်တို့က လုပ်တာပါ။ နောက်ဆုံး ဒလန်ရှင်းတဲ့နေရာမှာ ဥပမာပြောရရင် ဒလန်ဆိုတာ စစ်ကောင်စီကသုံးတဲ့ တိုက်လေယာဥ်တစ်စီးနဲ့ညီမျှတယ်။ စစ်ကောင်စီယန္တရားလည်ပတ်နေတာဟာ ဒီဒလန်တွေသတင်းပေးမှုကြောင့်ပဲလို့ ယူဆတယ်။ ပြီးတော့ ဒီဒလန်သတင်းပေးမှုကြောင့် ကျွန်တော်တိုဆုံးရှုးခဲ့ရတဲ့ ပြည်သူတွေ၊ ထောင်ထဲမှာ လက်ရှိရှိနေတဲ့ ပြည်သူတွေ၊ နောက် EAO တွေထဲမှာ လာပြီးလက်နက်ကိုင်နေကြတဲ့သူတွေကြောင့် အိမ်တွေချိတ်ပိတ်ခံရတာတို့ဘာတို့က ဒီဒလန်တွေကြောင့် ဒီလိုလည်ပတ်လို့ရတာပေါ့နော်။ ဒလန်ဆိုတာတော့ မဖြစ်မနေရှင်းရမှာပဲ၊ ဒါပေမဲ့ ရှင်းတယ်ဆိုတဲ့နေရာမှာလည်း ခုနက ကျွန်တော်ပြောခဲ့သလို ပထမအကြိမ် သတိပေးတယ်၊ ဒုတိယအကြိမ် သတိပေးတယ်၊ တတိယအကြိမ် သတိပေးတယ်၊ အဲ့တာမျိုးပေါ့။ တတိယအကြိမ်မှ သတိပေးလိုမရတော့ဘူးဆိုရင် ကျွန်တော်တို့ အဲဒီဒလန်ကို ရှင်းရပါတယ်။ ကျွန်တော်ကတော့ ပြည်သူထဲကနေ ရဲ ဖြစ်ခဲ့တယ်၊ ရဲအဖြစ်ကနေ CDM လုပ်ပြီး ပြည်သူဖက်ကနေ ရပ်တည်ခဲ့တယ်။ ပြည်သူ့အာဏာကိုပြန်ပေးဖို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြည်သူလူထုက တောင်းဆိုပြီးသွားပြီ၊ မရဘူး။ သူတို့ လက်နက်အားကိုးနဲ့ ပြည်သူကိုသတ်တယ်၊ ဖမ်းဆီးတယ်၊ နှိပ်စက်တယ်၊ ဒီလိုဖြစ်လာတဲ့အခြေအနေမှာ ကျွန်တော်တို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့မရတော့လို့ ကျွန်တော်တို့က လက်နက်ကိုင်ရတယ်။ လက်နက် လက်နက်ချင်း ယှဥ်ရတဲ့အတွက် အသေအကြေကတော့ရှိတာပေါ့။ အဲဒီအချိန်မှာ သူတိုရဲ့အဓိကထောက်တိုင်ဖြစ်တဲ့ ဒလန်သတင်းပေးလို့ ကျွန်တော်တို့ မြို့ပြက UG တွေ တစ်ယောက်ပြီး တစ်ယောက် ပါတာတွေ၊ တချိုအနုပညာသမားတွေ ဖမ်းဆီးခံရတာတွေ၊ တချိုလွှတ်တော် ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေ ဖမ်းဆီးခံရတာတွေရှိတယ်။ တချို့CDM တွေ အဖမ်းခံရတာတွေပါရှိတယ်။ ဒါတွေအားလုံးက ပြန်ခြုံငုံကြည့်လိုက်လို့ရှိရင် ဒလန်သတင်း ပေးတာကြောင့်လို့ ဒီလိုဖြစ်လာတာ။ အဲ့တာကြောင့် ဒလန်ကတော့ မဖြစ်မနေရှင်းရမှာပဲ၊ ရှင်းတဲ့အခါမှာ စောနကပြောသလို အချက်လေးတွေရှိပါတယ်။ စောနက ထောင်ပုံစံမျိုးဆိုတာကလည်း အခုကတော်လှန်ရေးကာလဖြစ်တဲ့အတွက်ကြောင့် မဖြစ်နိုင်သေးဘူးလို့ ယူဆပါတယ်။ ဟုတ်ကဲ့ ကျွန်တော် ဒီလောက်ပဲဆွေးနွေးပါမယ်။ ကျေးဇူးပါဗျ။

ကိုရဲထက် ( 1:50:00 to 1:53:00 )

  ဆွေးနွေးမယ့်သူတွေတော့ ကုန်သလောက်ရှိပြီ ထင်ပါတယ်။ ကျွန်တော် နည်းနည်းထပ်ဖြည့်ပြီး စဥ်းစားကြည့်ရမယ်ဆိုရင် လက်ရှိမှာ ဒလန်ရှင်းရမယ်ဆိုတာ ကျွန်တော်တို့အများစုက လက်ခံတယ်။ ကျွန်တော်တို့ အကြမ်းမဖက်လှုပ်ရှားမှုကလူတွေတောင် လက်ခံတယ်ပေါ့နော်။ လူ့အခွင့်အရေးလှုပ်ရှားတဲ့သူတွေရော တော်တော်များများ လက်ခံတယ်။ ဒလန်ရှင်းရမယ်ဆိုတာ လက်နက်ကိုင်တော်လှန်ရေးပဲလို့ လက်ခံထားတာဆိုတော့လေ.. အခုလက်ရှိရောက်နေတဲ့မေးခွန်းကတော့ ဒလန်ရှင်းတဲ့ကိစ္စကို ဘယ်လိုမျိုး စနစ်တကျလုပ်မှာလဲ၊ ပြီးတော့ ဘယ်လိုမျိုး တာဝန်ယူမလဲ၊ ဘယ်လိုမျိုး တာဝန်ခံစေမလဲပေါ့နော်။ ဒီမှာ အပိုင်း ၂ ပိုင်း ခွဲစဉ်းစားလို့ရမလား မသိဘူးနော်။ ပထမတပိုင်းကတော့ မကျူးလွန်ခင်မှာ လုပ်တဲ့အပိုင်းပေါ့။ မကျူးလွန်ခင်မှာလုပ်တဲ့အပိုင်းကတော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ အဓိကဆိုင်တယ်။ လက်နက်ကိုင် တော်လှန်ရေးမှာ ခုနက ကျွန်တော်တို့ဆွေးနွေးခဲ့သလို အချက်အလက်နဲ့ ဘယ်သူက စစ်ဆေးမှာလဲဆိုတဲ့ Body ပေါ့နော်။ ဒါကိုကျွန်တော်တို့ ဘယ်လိုတည်ဆောက်မလဲဆိုတာက ဆက်စဥ်းစားသင့်တဲ့အပိုင်း ရောက်နေတယ်လို့ မြင်တယ်။ ဘယ်သူက ဒီဟာကို ဘယ်သူက တာဝန်ခံမှာလဲ၊ ပြီးတော့ ဘယ်သူကတာဝန်ယူပြီး ဒလန်ရှင်းလင်းဖို့ ဆုံးဖြတ်ချက်ပေးမှာလဲပေါ့နော်။ ဘာလို့ဆို ဒလန်ဆိုတာက ခုနကပြောသလို အမျိုးမျိုးဖြစ်နိုင်သလို လက်ရှိမှာ နောက်တခုအန္တရာယ်ရှိတာက အကြောင်းကြားတယ်လို့ပြောရမယ်၊ ဒီလူက ပြန်ပြီးချေပခွင့်မရှိဘူးလေ။ ပုံမှန်တရားရေးမှာဆိုရင် ချေပခွင့်ရှိပြီး အပြန်အလှန်ဆွေးနွေးပြီးမှ နောက်ဆုံးကျမှ ဆုံးဖြတ်ချက်ချရတာပေါ့နော်။ အခုက ချေပခွင့်ရတဲ့အခြေအနေ မဟုတ်ဘူးဖြစ်နေတော့ အင်မတန်သတိထားရတယ်။ ပြီးတော့ အမှားအယွင်းတခုဖြစ်ခြင်းဟာ ကျွန်တော်တို့ တော်လှန်ရေးကို အများကြီးဆိုးကျိုးဖြစ်စေတဲ့ အခြေအနေရှိနေတယ်။ ဆိုတော့ ဒီဟာကို လက်ရှိလက်နက်ကိုင်အင်အားစုတွေဖက်က စဉ်းစားသင့်တဲ့ အခြေအနေလို့ မြင်တယ်ပေါ့နော်။ မြင်တယ်ဆိုတာက NUG အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်မလား၊ မဦးဆောင်ဘူးလားဆိုတာကလည်း ကျွန်တော်တို့ မရှင်းလင်းတဲ့အခြေအနေဖြစ်တယ်။ ခုနက ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ထဲမှာလည်း မြင်ရတာတခုက NUG အနေနဲ့ နိုင်ငံတကာထောက်ခံမှုရဖိုဆိုရင် လက်နက်ကိုင်တော်လှန်ရေးမှာ ဘယ်အတိုင်းအတာအထိ ဦးဆောင်မလဲဆိုတာက ကျွန်တော်တို့ မမြင်ရဘူး ပေါ့နော်။ ဘယ်လိုဦးဆောင်မှာလဲ၊ ခုလိုမျိုး ခုခံတွန်းလှန်စစ် Self Defence ပုံစံနဲ့သွားမှာလား၊ တကယ့်ကို အားလုံးရည်မှန်းနေတဲ့ ဖက်ဒရယ်တပ်ပေါ်တဲ့အထိသွားမလားဆိုတာ ကျွန်တော်တို့မသိသေးဘူး။ မသိသေးတဲ့အချိန်မှာ လက်နက်ကိုင်တော်လှန်ရေးဖက်က စဥ်းစားသင့်တယ်ပေါ့နော်၊ ဘယ်လိုမျိုး အချက်အလက်တွေကို စီစစ်မလဲ၊ ဘယ်လိုမျိုးလုပ်မလဲပေါ့၊ ဒါတပိုင်းဖြစ်မယ်ထင်တယ်ပေါ့နော်။ နောက်တခုက အခုဆရာမင်းနောင်ခိုင်လည်းရှိတော့ တရားရေးဖက်ကလည်း ကျူးလွန်ခဲ့တဲ့အပိုင်းတွေမှာ ဘယ်လိုမျိုး ပြန်ပြီးတော့ အဖြေရှာပေးလို့ရမလဲ၊ ဒါကြားကာလတရားမျှတမှုဖြစ်တယ်။ ဆိုတော့ ဒီအပိုင်းတွေမှာလည်း NUG အနေနဲ့ပေါ့နော်၊ လက်ရှိအခြေအနေမှာ လက်နက်ကိုင်တော်လှန်ရေးနဲ့ ဒလန်ရှင်းလင်းရေးကို Command ပေးလိုမရဘူး ဒါလက်ခံတယ်။  ဒါပေမဲ့ ဒလန်ရှင်းလင်းပြီး နောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ဟာတွေကိုတော့ ရှင်းလင်းဖို့ လုပ်နေမယ်လို့ ကျွန်တော်တို့ထင်တယ်။ လက်ရှိ MOD ဆိုလည်း ဒါမျိုးလုပ်ဖို့ပြင်နေတယ်လို့ ယူဆပါတယ်။ ဆိုတော့ ဒါတွေက လက်ရှိရောက်နေတဲ့ အခြေအနေပေါ့နော်။ ဒီဟာက ဆွေးနွေးရတာလည်း နည်းနည်းခက်တယ်ဆိုတော့ ဒီတော်လှန်ရေးက ဆက်လည်း ဖြစ်ဦးမယ်။ ဒလန်နဲ့ပက်သက်တဲ့ဟာတွေကလည်း လက်နက်ကိုင်တော်လှန်ရေးမှာ ဒီလိုမျိုး ဘေးထွက်ဆိုးကျိုးကတော့ ဆက်ရှိမယ့်အခြေအနေ ရှိနေတာဆိုတော့ ကျွန်တော်လည်း ဒီလိုပဲ မှန်းလို့ရတယ်ပေါ့လေ။

ဆရာမင်းနောင်ခိုင် (1:53:28 to 2:01:40 )

 ဟုတ်ကဲ့ပါ၊ ကျွန်တော်က ဖြေစရာမေးခွန်းတော့ နည်းနည်းများသွားတယ်ပေါ့။ ပထမဆုံးဖြေချင်တာသည် ကျွန်တော်တို့ ဒလန်ကို ဘယ်လိုအရေးယူသလဲဆိုတဲ့အပိုင်းကို ကျွန်တော့်အနေနဲ့က မှတ်ချက်မပြုလိုဘူး။ သို့သော် ဒလန်လို့ခေါ်ခေါ်၊ သူလျှိလို့ပဲခေါ်ခါ်၊ ထောက်တိုင်လို့ပဲခေါ်ခေါ်ပေါ့၊ သူတို့ကို ဘယ်လိုသတ်မှတ်မလဲ၊ ဒလန်ဖြစ်ခြင်း မဖြစ်ခြင်းကို ဘယ်လိုသတ်မှတ်မလဲပေါ့။ လောလောဆယ်မှာ အဓိပ္ပါယ်ဖွင့်ဆိုချက်လေးတခု ကျွန်တော်တင်ပြချင်ပါတယ်။ ဒလန်ဆိုတာက သုံးပိုင်းရှိမယ်။ ဒလန်ဆိုတာက တိုင်းရင်းသားပြည်သူတွေကို ဥပဒေမဲ့ဖမ်းဆီးခံရစေဖို့အတွက် အကြမ်းဖက်အုပ်စုကို သတင်းပေးတဲ့သူ၊ ပြောရမယ်ဆိုရင် အကြမ်းဖက်အုပ်စုကို သတင်းပေးတဲ့သူ။ နောက်တခုက ရွေးကောက်ခံပြည်သူ့အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ စစ်ရေးဆောင်ရွက်ချက်တွေအပါအဝင် ဆောင်ရွက်ချက်တရပ်ရပ်ကို တနည်းနည်းဖြင့် နှောက်ယှက်ဖျက်ဆီးရန် စုံစမ်းထောက်လှမ်းသတင်းပေးသူ၊ အဲ့ဒါဘာလဲဆိုတော့ ဒီကောင်ကျတော့ ဘယ်လိုအရေးယူရမလဲဆိုတဲ့ အရေးယူမှုပြင်းထန်တဲ့အပိုင်းရောက်သွားပြီ။ ဘာကြောင့်လဲဆိုတော့ စစ်ရေးဆောင်ရွက်ချက်တွေကို တဖက်က စကစကို ပြန်ပြီးစုံစမ်းထောက်လှမ်း သတင်းပေးတဲ့သူဖြစ်နေလို့။ နောက်တခုက အကြမ်းဖက်အုပ်စုနဲ့ သူ့ရဲ့လက်အောက်ခံအဖွဲ့အစည်းတခုခုရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို တနည်းနည်းဖြင့် ကူညီဆောင်ရွက် ပေးသူ၊ ဒီဟာကတော့ အပျော့ဆုံးအစိတ်အပိုင်းပေါ့လေ။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်တာနဲ့တင် ကျွန်တော်တို့က ဒလန်လို့ သတ်မှတ်ရမှာလား၊ အဲ့လိုတော့လည်း မဟုတ်ပြန်ဘူး။ ဒလန်လို့ဘယ်လိုသတ်မှတ်မလဲ၊ ပြည်သူကို ထိခိုက်နစ်နာစေပြီ၊ လက်နက်ကိုင်တော်လှန်ရေးကို ထိခိုက်နစ်နာစေပြီဆိုလို့ရှိရင်တော့ အကြမ်းဖျင်းအားဖြင့် ကျွန်တော်တို့က ဒလန်လို့သတ်မှတ်ရမှာဖြစ်တယ်။ ပြီးတော့ စစ်ရေးလိုအပ်ချက်အရသာ ပြင်းထန်တဲ့အရေးယူမှု ပြုလုပ်လိုက်ရတာပဲ ဖြစ်သင့်တယ်။ နောက်တခုသည် လိုအပ်သလောက်ပဲလုပ်ဖို့ အကြံပြုတယ်၊ ဆိုလိုတာက ပထဆုံး သတိပေးလို့ရလား၊ သတိပေးလို့ရရင် သတိပေး၊ ဘာတွေလုပ်ခဲ့တဲ့ အတွက်ကြောင့် ရှေ့ဆက်ပြီးတော့မလုပ်ဖို့ပေါ့၊ ဒီလိုမျိုး သတိပေး။ ပြီးတော့ ကျွန်တော်တို့က လူသားဆန်ရမှာဖြစ်တယ်။ ဆိုလိုတာက စကစဖက်က လူသားမဆန်ဘဲနဲ့ တောက်လျှောက်ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်တယ်။ ဒီလိုမျိုး စကစလုပ်သလို ကျွန်တော်တို့က လုပ်ရမှာမဟုတ်ဘူး။ ကျွန်တော်တို့ကကြတော့ တရားမျှတမှုကိုရှာဖွေ နေတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့် လက်နက်ကိုင်တော်လှန်ရေးကာလမှာ အတတ်နိုင်ဆုံး တရားမျှတအောင် လုပ်ဖို့လိုတယ်လို့ ကျွန်တော့်အနေနဲ့ထင်တယ်။ ပြီးတော့ ဒီလိုကာလမှာက တရားဥပဒေစိုးမိုး နေတဲ့ကာလလိုမျိုး တရားရုံးကိုတင်ပြီးတော့ အပြစ်ရှိ၊မရှိ နှစ်ဖက်မေးပြီးတော့မှ အယူခံပိုင်ခွင့်တွေ၊ ခုခံချေပပိုင်ခွင့်တွေ၊ ဒါတွေအားလုံးကိုပေးပြီးမှ အရေးယူလို့ရလောက်တဲ့ အနေအထားမျိုးလည်း လောလောဆယ်မှာ မရှိဘူး။ ဆိုတော့ ဒါတွေကိုကိုင်တွယ်ဖို့က အင်မတန်ခက်ခဲတဲ့ ပုံစံမျိုးတော့ရှိတယ်။ ပြီးတော့ ဒလန်ဆိုတဲ့အသုံးအနှုန်း ရှိသင့်လားပေါ့။ တကယ်က ဒလန်ဆိုတဲ့ အသုံးအနှုန်းဆိုတာထက် စောနကအဓိပ္ပါယ်ဖွင့်ထားသလိုပဲ ပြည်သူလူထုကို ထိခိုက်နစ်နာစေအောင် လုပ်တဲ့သူဆိုရင် ပြည်သူတွေက ဒလန်လို့သတ်မှတ်ရင်တော့ ဒလန်ပေါ့လေ။ စကားရပ်တခုကလဲ အသုံးပြုတဲ့ လူသားတွေကနေ သတ်မှတ်လိုက်တဲ့အခါမှာ စကားရပ်တွေအဖြစ် ကျွန်တော်တို့က အသုံးပြုကြရတယ်။ ဆိုတော့ ကျွန်တော်တို့က ရေလို့သတ်မှတ်ရင် ဒါကရေပေါ့လေ၊ ဒီလိုမျိုးတော့ ရှိတာပေါ့။ နောက်တခုက မှားယွင်းတဲ့ ဒလန်ရှင်းလင်းမှုတွေအတွက် ကျွန်တော်တို့ ဘယ်လို ပြန်ကုစားမလဲ။ သေချာတယ်၊ တာဝန်ယူမှု တာဝန်ခံမှုကတော့ NUG မှာရှိသင့်တယ်။ တဖက်ကလဲပြန်တွေးရင် သဘောရိုးနဲ့ စီစစ်ပြီးတော့ အရေးယူလိုက်တယ်။ သို့သော် မှားယွင်းတာတွေဖြစ်ရင် တဖက်ကိုလည်း ကျွန်တော်တို့တွေ ပြန်ပြီးတော့ ကာကွယ်ပေးဖို့လိုအပ်တယ်။ ဒီဟာကတော့ နှစ်ဖက်မျှတဲ့အပိုင်းပေါ့လေ။ တဖက်က ကိုယ်မှားသွားရင် နိုင်ငံတော်အဆင့် ဝန်ချတောင်းပန်တာတွေ၊ တာဝန်ယူမှုတာဝန်ခံမှုတွေ အပြည့်ရှိရမှာဖြစ်တယ်။ တဖက်ကလဲ တော်လှန်ရေးတပ်သားတွေ၊ တော်လှန်ရေးရဲဘော်တွေအတွက် ကျွန်တော်တို့က သူတို့ကိုပြန်ပြီး ကာကွယ်ပေးရမယ့် အစီအစဥ်တွေ လုပ်ရမယ်ပေါ့လေ။ နောက်တခုက အသိပညာပေးတဲ့ကိစ္စရပ်ပါ။ ကျွန်တော်တို့ ဒီအချိန်မှာ အလုပ်သင့်ဆုံးသည် အသိပညာပေးဖို့အတွက် ဘက်ပေါင်းစုံကနေလုပ်သင့်တယ်။ ယန္တရားတခု ကောင်းကောင်းမွန်မွန်လည်ပတ်ပြီးတော့ စီစစ်ထောက်လှမ်းရေးပေါ့လေ။ ဆိုကြပါစို့ စစ်ထောက်လှမ်းရေးတခု ကောင်းကောင်းမွန်မွန်လည်ပတ်ပြီး ကျွန်တော်တို့တွေ ဒါကြီးကိုစုံစမ်းစစ်ဆေးတယ်ဆိုတာက အနည်းငယ် အလှမ်းဝေးနေသေးတယ်။ ဒါကြောင့်မို့ အထိရောက်ဆုံးသည် လောလောဆယ်မှာ အသိပညာပေးမယ့် အစီအမံတွေက အကောင်းဆုံးဖြစ်တယ်။ ဘယ်လိုလူတွေကို ဒလန်လို့သတ်မှတ်မယ်၊ အဲ့ထဲမှာမှ ဘယ်လိုမျိုးလုပ်တဲ့သူတွေကိုတော့ လိုအပ်သလိုအရေးယူနိုင်တယ် စသဖြင့်ပေါ့လေ။ ဒီလိုအစီအမံမျိုးတော့ ရှိသင့်တယ်။ မှန်ပါတယ်။ ဒလန်အပါအဝင် လူတိုင်းက တရားမျှတမှုရှိရမယ်၊ ဘယ်လိုကာလမျိုးမှာမဆို သူ့အတွက် တရားမျှတမှုကတော့ ရှိရမယ်။ သို့သော် ကျွန်တော်တို့တွေက ကြားကာလတော်လှန်ရေးကာလမှာ

ရောက်နေတဲ့အတွက်ကြောင့်မလို့ ချွင်းချက်ထားပြီးတော့ စဉ်းစားရမယ့်အနေအထားဖြစ်တယ်။ အနီမြင်ရင်သတ်၊ အစိမ်းမြင်ရင်သတ်ဆိုတဲ့ လူသတ်ပွဲကြီးတော့ ကျွန်တော်တို့က မဖြစ်စေချင်ဘူး။ အခုကာလမှာလည်း ဒလန်မှားယွင်းပြီး ရှင်းလင်းတဲ့ကိစ္စရပ်တွေက ဖြစ်နေပြီ။ ဒါတွေကို ကျွန်တော်တို့ သတင်းမီဒီယာပညာရှင်တွေ အပါအဝင် နယ်ပယ်အရပ်ရပ်က ပြည်သူ၊ ပြည်သားတိုင်းအားလုံးက ပါဝင်ဆောင်ရွက်ဖို့အတွက် ကျွန်တော့အနေနဲ့ အကြံပြုလိုတယ်။ ကျွန်တော်တို့ဟာ စောနကပြောတဲ့ ပညာရေးဆိုတာ တကယ်က ကျွန်တော်တိုနိုင်ငံမှာ ပညာမတတ်တဲ့သူတွေကို အရင်ဆုံးထိုးပြရမယ်ဆိုရင် Non-CDM တွေကို ထိုးပြရမှာပေါ့။ သူ့ဘာသူ ဒေါက်တာဘွဲ့ပဲရရ၊ ဘာပဲရရ ဒါသည် တကယ်ပညာမတတ်ခဲ့လို့သာ သူတို့ဟာ CDM မဝင်ခဲ့တာပေါ့။ အဲ့တော့ ပညာမတတ်ဘူး၊ တတ်တယ်ဆိုတာ ကျွန်တော်တို့ ဒီဟာနဲ့တိုင်းတာပေါ့လေ။ ဆိုတော့ လူသတ်ပွဲကြီးတော့ မဖြစ်စေလိုဘူး။ ဒါကြောင့်မလို့ စောနကပြောတဲ့ အသိပညာပေးကိစ္စရပ်တွေကို အားလုံးဝိုင်းပြီးကူညီဖို့အတွက် လိုအပ်လိမ့်မယ်။ နောက်တခုသည် ကျွန်တော်တို့က ပြည်သူတွေရဲ့အသံ၊ ပညာရှင်တွေရဲ့ အကြံပေးချက်တွေကို တော်တော်များများကို မျှော်လင့်ပါတယ်။ ကြိုလည်းကြိုဆိုပါတယ်။ ကျွန်တော်တို့ NUG မှာလဲ လူ့စွမ်းအားအရင်းအမြစ်ကိစ္စရပ်က ရင်ဆိုင်နေရဆဲ ပြဿနာတခုဖြစ်ပါတယ်။ လူ့စွမ်းအား အရင်းအမြစ်မရှိတဲ့ အခါကျရင် အစိုးရတရပ်ရဲ့ယန္တရားအကောင်အထည် ဖော်ဖို့ဆိုတာ အင်မတန်ခက်ခဲတယ်။ ဥပမာ ထားပါစို့ အသိပညာပေးတဲ့ အစီအမံညွှန်ကြားချက်စာလေး ထုတ်ဖို့တောင်မှပဲ ပညာရှင် လုံလုံလောက်လောက်ကြီးရှိမှသာ ဘက်ပေါင်းစုံကနေပြီး ဘက်ပေါင်းစုံအမြင်တွေနဲ့ ထုတ်ရမှာ ဖြစ်တဲ့အတွက်ကြောင့် ပညာရှင်လုံလောက်မှုကလည်း ကျွန်တော်တို့မှာ လိုအပ်ချက်တွေ ရှိနေတာဖြစ်တယ်ပေါ့။ ပြီးတော့ ဒလန်ကို အတည်ပြုတဲ့ကိစ္စရပ်ကို သတ်မှတ်ဖို့အတွက် ဆက်လတ်ပြီး ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းပြီးတော့ ဆက်လက်ဆောင်ရွက်သွားပါ့မယ်။ နောက်တခုက ပြစ်ဒဏ်ပေးရေးမူဝါဒပါ။ ဒီအချိန်မှာက ထောင်ချလို့လည်းမရဘူး၊ ကြိမ်ဒဏ်ကျတော့လည်း လူ့အခွင့်အရေးနဲ့ မညီပြန်ဘူး။ အဲ့တော့ ဒီကာလမှာ အပြစ်ပေးဖို့ကိစ္စရပ်က တော်တော်ခဲယဥ်းတယ်။ ဒါကိုလည်း ကျွန်တော်တို့က အခုစဥ်းစားနေဆဲဖြစ်ပါတယ်။ နောက်ဆုံးတပိုင်း ကျွန်တော်အထူးပြုပြောလိုတာက အမြင်မတူတာကတော့ မတူပိုင်ခွင့်ရှိတယ်။ ဒါသည် ဒီမိုကရေစီစနစ်ဖြစ်တယ်။ အမြင်မတူလို့ရတယ်။ သို့သော် ခုနကကျွန်တော်ဆွေးနွေးသွားတဲ့အတိုင်းပါပဲ အပြစ်မဲ့တဲ့ပြည်သူတွေကို ထိခိုက်နစ်နာအောင်လုပ်မဲ့သူ၊ ပြီးတော့ တော်လှန်ရေးကို အနှောင့်အယှက် ဖြစ်စေတဲ့သူတွေကတော့ အမြင်မတူသူတွေမဟုတ်ပါဘူး။ ဒါကပြစ်မှုကျူးလွန်သူတွေ၊ တော်လှန်ရေးကို အနှောင့်အယှက်ပေးတဲ့သူတွေပဲဖြစ်တယ်လို့ ကျွန်တော် ဖြေကြားလိုပါတယ်။ ကျွန်တော်ဖြေကြားသွားတဲ့အထဲမှာ မေးခွန်းတွေကျန်ကောင်းကျန်ခဲ့နိုင်ပါတယ်၊ ဒီဟာတွေအတွက် ကျွန်တော့်ကို Remind လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျ။

Mr. Rev Park ( 2:02:20 to 2:06:25 )

 ဟုတ်ကဲ့၊ တခုလောက်ဖြည့်စွက်ဆွေးနွှေးရင်းနဲ့ ကျွန်တော်မေးချင်တာပေါ့နော်။ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးအပိုင်းက ကျွန်တော် သိပ်ကျွမ်းကျင်ပြီးတော့ သိပ်သိတဲ့အပိုင်းတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်က တပ်ကလာတာဆိုတော့လေ၊ ကျွန်တော်တို့တပ်မှာ Rule of Engagement ပေါ့နော်၊ အခုဒီဖက်တော်လှန်ရေးမှာတော့ Code of Conduct ပေါ့၊ နိုင်ငံတကာက Code of Conduct လိုခေါ်တယ်။ Code of Conduct ဆိုတာတွေက ရှိလာပြီပေါ့နော်။ ကျွန်တော် လွတ်မြောက်နယ်မြေ စရောက်ကတည်းက တော်လှန်ရေးနဲ့နီးစပ်တဲ့ Party side ကလူတွေ၊ အစိုးရဖက်ကလူတွေ၊ လွှတ်တော်အမတ်တွေကို အဲဒီဟာတွေထွက်ဖို့အတွက် ကျွန်တော်တို့ များစွာပြောဆိုခဲ့တယ်၊ တွန်းခဲ့တယ်။ ဒါပေမဲ့ အချိန်တော့ တော်တော်ယူလိုက်ရတယ်။ Code of Conduct တွေတော့ ထွက်လာတယ်။ ဒါပေမဲ့ အဲဲဒီဟာနဲ့တဆက်တည်း အဲ့ချိန်တုန်းကလဲ ကျွန်တော်တို့ ပြောဆိုဆွေးနွေးခဲ့ပါတယ်။ အကြံဉာဏ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့က PDF ဆိုပြီး ဖြစ်လာတယ်။ PDF ဆိုတာ Armed Forces ပေါ့နော်၊ Armed Forces ရယ်လို့ဖြစ်လာပြီဆိုရင် သူတို့နဲ့ပက်သက်တဲ့ ဆက်စပ်တဲ့ဥပဒေတွေ၊ လက်နက်ကိုင်ထားပြီဆိုတဲ့အတွက် သူတိုနဲ့ပက်သက်ပြီးတော့ စစ်ဥပဒေကိုတော့ အနည်းဆုံးထုတ်ပြန်ရလိမ့်မယ်လို့ ကျွန်တော်ကတော့မြင်တယ်။ အဲ့လိုလည်း ကျွန်တော်တို့ အကြံဉာဏ်ပြုခဲ့တယ်။ အစအဆုံးရေးနေဖို့ ကျွန်တော်ဆိုလိုတာမဟုတ်ဘူး။ နိုင်ငံတခုရဲ့ အရင်ရှိပြီးသား စကစ Frame  ဖြစ်ဖြစ် ဒီမိုကရေစီနိုင်ငံတခုခုရဲ့ Frame ပဲဖြစ်ဖြစ်ယူပြီးတော့ ကိုယ်မကြိုက်တဲ့ဟာတွေကို ပြင်ဆင်ဖြည့်စွက်ပြီးလည်း လုပ်လို့ရပါတယ်။ အဲ့လိုလုပ်ဖို့ အစီအစဥ်ရှိ၊ မရှိတော့ သိချင်ပါတယ်။ အဲ့လိုရှိမယ်ဆိုရင် ခုနတုန်းက ကျွန်တော်တို့ တာဝန်ယူမှု၊ တာဝန်ခံမှုကိစ္စတွေက တော်တော်များများ ပြေလည်သွားလိမ့်မယ်လို့လည်း ကျွန်တော်ထင်ပါတယ်။ ပြီးတော့ ဒါကတော့ မေးခွန်းပေါ့နော်။ နောက် ကျွန်တော်ဖြည့်စွက်ပြီးတော့ ဆွေးနွေးချင်တာက ခုနတုန်းက ဒလန်ပေါ့နော်၊ ဒလန်လို့ပဲဆိုဆို ခုနတုန်းက ဆရာပြောသွားတဲ့ အချက်သုံးချက်နဲ့ ကိုက်ညီတဲ့လူတွေကို ဘယ်လိုစီစစ်ရွေးချယ်ရမလဲဆိုတဲ့ Mechanism ကိစ္စပေါ့နော်။ ကျွန်တော် ခုနကပြောသလို ထောက်လှမ်းရေးအဖွဲ့ ဘာညာ MOD အောက်မှာ ရှိတယ်လို့ဆိုပေမဲ့ ကျွန်တော်ဆွေးနွှေးသွားတဲ့အထဲမှာ Proper မဖြစ်ဘူးပေါ့နော်။ ဘယ်လိုဖွဲစ့ည်းထားလဲ ကျွန်တော်တော့ တိတိကျကျမသိဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ပြောသာပြောနေတာ ပြောတာကတော့လွယ်ပါတယ်၊ တကယ်လုပ်ဆောင်ရတဲ့လူတွေကတော့ ခက်ပါတယ်။ ဒါပေမဲ့ သတိလက်လွတ် လေးများဖြစ်နေမလားလို့ ကျွန်တော် NUG ၊ MOD နဲ့ပက်သက်ပြီးတော့ MOD နဲ့ပက်သက်တဲ့သူတော့ မရှိပါဘူး။ NUG နဲ့ပက်သက်ပြီးတော့ တာဝန်ရှိတဲ့သူတွေပါလာတော့ ဌာနချင်းချိတ်ဆက်ပြီး အကြံဉာဏ်ပေးလို့ရမလားဆိုပြီး ကျွန်တော်က ဆွေးနွေးချင်တာပါ။ ကျွန်တော်တို့ NLD ပါတီဝင်တွေပေါ့နော်၊ ပါတီဝင်တွေထဲကနေပြီး ပကဖ၊ ပအဆဆိုပြီးတော့ တစ်နိုင်ငံလုံးဆိုင်ရာဖွဲ့ထားတဲ့ အဖွဲ့တွေရှိပါတယ်။ တချို့လူတွေကတော့ ပြေးနေရတယ်၊ တချိုလူတွေကတော့ အဲဒီနယ်တွေအလိုက်မှာ ရှိနေပါတယ်။ အဲ့လူတွေကနေပြီးတော့ တဆင့် ခုနတုန်းက Identify လုပ်တဲ့ယန္တရားကို NUG အနေနဲ့မဟုတ်ဘဲ သီးခြားအဖွဲ့အစည်းတခု ကနေလုပ်မယ်ဆိုရင် ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။ အဲ့ဒီဟာလေးက ဖြည့်စွက်အကြံဉာဏ် ပေးလိုတာပါ။ ကျွန်တော့်ရဲ့ ပြောဆိုဆွေးနွေးချက်ထဲမှာ အမှားပါသွားရင်လဲ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။

ဦးမင်းနောင်ခိုင် ( 2:06:25 to 2:08:55 )

 ဟုတ်ကဲ့၊ ကျွန်တော်တဆက်တည်း ဖြေကြားလိုက်ပါမယ်။ ကျွန်တော်တို့က အာဏာမသိမ်းခင် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ရှိခဲ့တဲ့ဥပဒေတွေက လက်ခံကျင့်သုံးရမယ့် မူတခုတော့ရှိတယ်။ ဆိုတော့ အာဏာသိမ်းပြီး နောက်ပိုင်းမှာ စကစပြဌာန်းတာကလွဲပြီး တခြားဥပဒေတွေပေါ့။ ဆိုတော့ အဖွဲ့အစည်းတော်တော်များများသည် အရင်ရှိခဲ့တဲ့ဥပဒေတွေကို လောလောဆယ်မှာ လိုက်နာနေရပြီးတော့ ကြားကာလနဲ့ကိုက်ညီတယ်၊ ပြီးတော့ ဖက်ဒရယ်ဥပဒေတွေ၊ နည်းဥပဒေတွေ၊ Code of Conduct တွေကို ပြန်ပြီးတော့ ရေးဆွဲသွားဖို့အတွက် လုပ်ဆောင်နေပါတယ်။ ပထမအဖြေကတော့ ကျွန်တော်က လုပ်ဆောင်နေပါတယ်လို့ပဲ ဖြေချင်ပါတယ်။ ဒုတိယအဖြေက ဒလန်ကိုအတည်ပြုခြင်းပါ။ အဲဒီပြဿနာသည် ကျွန်တော်တို့ ရှေ့ပိုင်းမှာဆွေးနွေးခဲ့သလိုပါပဲ၊ ဒီဒလန်ရဲ့ အနီးစပ်ဆုံးမှာရှိတဲ့သူတွေကပဲ ဒလန်ဟုတ်၊ မဟုတ်ဆိုတဲ့အချက်အလက်ကို သေသေချာချာ မှတ်တမ်းမှတ်ရာနဲ့ပြုစုထားပြီးတော့ အတည်ပြုတာသည် အကောင်းဆုံးနည်းလမ်းလို့ ကျွန်တော့်အနေနဲ့ အကြံပြုလိုပါတယ်။ နောက်တခုသည် စစ်ဖက်ထောက်လှမ်းရေးပေါ့လေ။ ကျွန်တော်တို့သည် တစ်နှစ်အတွင်းမှာ စစ်တပ်အပါအဝင် အခြားသော အစိုးရယန္တရားတခုလုံးကို တည်ဆောက်ဖို့ဆိုတာက အခက်အခဲတွေ တော်တော်များများရှိနိုင်တယ်။ တစ်နှစ်အတွင်းမှာ ယန္တရားတခုလုံးကို တည်ဆောက်ဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ နောက်တခုသည် NUG မဟုတ်တဲ့ သီးခြားယန္တရားတခုနဲ့ ဒလန်ကိုအတည်ပြုဖို့ ကိစ္စရပ်အပါအဝင် အခြားကိစ္စရပ်တွေလုပ်ဖို့ဆိုတာကလည်း ကျွန်တော့်အနေနဲ့ကတော့ ဒီမေးခွန်းဟာ သိပ်ဖြေကြားလို့ မကောင်းဘူးပေါ့လေ။ တခြားသော Mechanism တခုခုပေါ့၊ ဥပမာ မီဒီယာတွေကပဲလုပ်မလား၊ ဒါမှမဟုတ် တခြားသောပုဂ္ဂိုလ်တွေကပဲလုပ်မလားပေါ့၊ ဒီဟာကတော့ သီးခြားသပ်သပ်စဥ်းစားရမှာဖြစ်တယ်။ ကျွန်တော့်အနေနဲ့ အကြံပေးလိုတာကတော့ စောနကပြောတဲ့အတိုင်းပဲ ဒလန်နဲ့အနီးဆုံးမှာရှိတဲ့ပြည်သူတွေကပဲ အတည်ပြုတာအကောင်းဆုံးပဲလို့ အကြံပေးလိုပါတယ်ခင်မျ။ ဒါပေမဲ့ တခုတော့ရှိတာပေါ့၊ ဘယ်လို အတည်ပြုရမယ်၊ ဒလန်ဆိုတာကတော့ဘာ၊ ဘယ်လိုမျိုးလုပ်ရင်တော့ ဘယ်လောက်ထိ ဘယ်လိုမျိုး အရေးယူသင့်တယ် ဆိုတာတွေကိုတော့ ကျွန်တော်တို့အနေနဲ့ ဗဟုသုတတွေ၊ အသိပညာပေးတာတွေ၊ ဒါတွေမျှဝေ ပေးသွားဖို့အတွက်ကတော့ ကျွန်တော်တို့မှာ တာဝန်ရှိနေတာ အမှန်ပဲ ဖြစ်ပါတယ်ဗျ။

Share on facebook
Share on twitter
Share on telegram

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်