အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်ဆီသို့

From Dictatorship To Democracy

အကြမ်းမဖက်လူထုတော်လှန်ရေးကိုလေ့လာလျှင် ဂျင်းရှပ်၏ အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်ဆီသို့ ဟူသော စာအုပ်ကိုချန်လှပ်ထားခဲ့၍မရပေ။ ဂျင်းရှပ်သည် နိုင်ငံအမျိုးမျိုး၏ အာဏာရှင်ပုံစံ အမျိုးမျိုးကို စာတွေ့သာမက၊ ကိုယ်တိုင်သွားရောက်၍ လက်တွေ့ပါလေ့လာကာ ဤစာအုပ်ကိုရေးသားခဲ့ခြင်း ဖြစ်သည်။ ဤစာအုပ်တွင် အာဏာရှင်ကိုဖြိုချနိုင်ရန်နှင့် အာဏာရှင်အသစ် ထပ်မံ၍ပေါ်ထွန်းမလာစေရန်အတွက် မဟာဗျူဟာများနှင့် နည်းဗျူဟာများကို စနစ်တကျလေ့လာတင်ပြထားသည်။