ဤစာအုပ်သည် ဂျင်းရှပ်၏ အာဏာရှင်ဆန့်ကျင်ရေးဆိုင်ရာစာအုပ်များထဲတွင် တအုပ်အပါအဝင် ဖြစ်သည်။ “အာဏာသိမ်းဆန့်ကျင်ရေးလက်စွဲ” ဆိုသည့်ခေါင်းစဉ်အတိုင်း ဂျင်းရှပ်သည် ဤစာအုပ်တွင် အာဏာသိမ်းခြင်းနှင့်ပက်သက်သမျှကို သမိုင်းအထောက်အထားများကိုးကားကာ ခြေခြေမြစ်မြစ်ရေးသားထား သည်။ ထို့အပြင် အာဏာသိမ်းမှုများဖြစ်လာသည့်အခါ ပြည်သူလူထုအနေနှင့် မည်သို့ခုခံတွန်းလှန်သင့်ကြောင်း ကိုလည်း စနစ်တကျပြုစုတင်ပြထားသည်။