Freedom Fighter မှ ဖွင့်လှစ်ရန် လျာထားသည့် သင်တန်းများ၊ ​အလုပ်ရုံဆွေးနွေးပွဲများ

February

ဒီမိုကရေစီဆိုတာ ဘာလဲ။ ဒီမိုကရေစီမှာ ဘယ်လိုအားသာချက်တွေ၊ ဘယ်လိုအားနည်းချက်တွေ ရှိသလဲ စသည့် မေးခွန်းများဆန်းစစ်ကာ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ ကိုက်ညီသည့် ဒီမိုကရေစီဖြစ်ထွန်းမှုလမ်းကြောင်းတရပ် ပေါ်ထွက်လာစေရန် ရည်ရွယ်ပါသည်။ ဒီမိုကရေစီကို နိုင်ငံရေးသိပ္ပံလေ့လာချက်များဖြင့် ထဲထဲဝင််ဝင် လေ့လာလိုသည့် သင်တန်းဖြစ်သည်။  နိုင်ငံရေးသမား၊ နိုင်ငံရေးလေ့လာသူ၊​နိုင်ငံရေးသင်တန်းပို့ချသူများအဖြစ် လုပ်ဆောင်လိုသူများ အထူးတက်ရောက်သင့်ပါတယ်။ 

April

မိမိပါတ်ဝန်းကျင်ရှိ ပြဿနာများကို ကွန်မြူနတီ၏ ပူးပေါင်းပါဝင်မှုဖြင့် ပြောင်းလဲဖြေရှင်းမည့် ကွန်မြူနတီခေါင်းဆောင်များ ထွက်ပေါ်လာရန် ရည်ရွယ်ပါသည်။  ကွန်မြူနတီနှင့် ပူးပေါင်းလုပ်ဆောင်မှု စွမ်းအားကို နားလည်အသုံးပြုခြင်း​ ၊ စည်းရုံးဆက်သွယ်ခြင်း၊ စုဖွဲ့လှုပ်ရှားသည့် အရည်အချင်းများကို ပြုစုလေ့ကျင့်နိုင်ရန် ရည်ရွယ်ပါသည်။

March

အကြမ်းမဖက်လမ်းစဉ် အခြေခံမူများကို နားလည်ကျင့်သုံးနိုင်ရန်နှင့် မဟာဗျူဟာတကျ လူထုလှုပ်ရှားမှုများလုပ်ဆောင်နိုင်ရန် ရည်ရွယ်သည့် သင်တန်းဖြစ်ပါသည်။ အကြမ်းမဖက်လမ်းစဉ်ကို စတင်လေ့လာမည့်သူများ၊  Freedom Fighter အဖွဲ့၏ အယူအဆများကို စိတ်ဝင်စား ပူးပေါင်းလိုသူများ၊​ ပြည်သူ့အာဏာ အရွေ့များတွင် ပါဝင်လုပ်လိုသူများ တက်ရောက်ရန် အထူးသင့်တော်ပါသည်။