Photos/Infographics

PDF/Documents

“လူထုတော်လှန်ရေးသမိုင်းဖြစ်ရပ်များ” စာအုပ်ဟာ ကမ္ဘာတစ်ဝှမ်းမှ အကြမ်းမဖက် လူထု တော်လှန်ရေး ဖြစ်ရပ်များထဲမှ မြန်မာ့နွေဦးတော်လှန်ရေးအတွက် သင်ခန်းစာယူ လေ့လာသင့်တဲ့ ဖြစ်ရပ်များကို သက်ဆိုင်ရာစာအုပ်၊ စာတမ်း၊ ဆောင်းပါးများမှ စုစည်း ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ 

ဘာသာပြန်ဆိုဖြစ်ပုံမှာ အပြည်ပြည်ဆိုင်ရာ အကြမ်းမဖက်ပဋိပက္ခစင်တာ International Center on Nonviolent Conflict (ICNC) နှင့် Freedom Fighter အဖွဲတိုပူးပေါင်းကာ မြန်မာနိုင်ငံ၏ တော်လှန်ရေးသမားများအတွက် ပြည်သူ့အာဏာ-အကြမ်းမဖက်လူထုတော်လှန်ရေးသင်တန်းတစ်ခုကို ၂၀၂၂ နှစ်ကုန်ပိုင်း၌ သင်တန်းပိုချရာတွင် မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများမှ လူထုတော်လှန်ရေးဖြစ်ရပ်များကို သင်တန်းသားများ လေ့လာဖတ်ရှုဖို လွယ်ကူစေရန် ဘာသာပြန်ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ထိုမူကြမ်းများကို တည်းဖြတ်အချောသပ်စုစည်းပြီး ယခုစာအုပ်ထုတ်ဝေခြင်းဖြစ်ပါတယ်။

ဤစာအုပ်တွင် အခန်းခြောက်ခု တနည်းအားဖြင့် ကမ္ဘာတစ်ဝှမ်းမှ လူထုတော်လှန်ရေး ဖြစ်ရပ် ခြောက်ခုပါဝင်ပါတယ်။

မာတိကာခေါင်းစဉ်
၁။ မြန်မာနိုင်ငံ- ကိုလိုနီဆန့်ကျင်ရေးလူထုတော်လှန်ရေးတိုက်ပွဲ
၂။ ဆူဒန်နိုင်ငံ – ၂၀၁၉ လူထုတော်လှန်ရေး
၃။ တောင်အာဖရိကနိုင်ငံ – အပါသိုက်စနစ်အား ဆန့်ကျင်တော်လှန်ရေး
၄။ အာဂျင်တီးနား – သားပျောက်ရှာအမေအိုများ
၅။ ဆားဘီးယား – OTPOR အဖွဲနှင့် ဒီမိုကရေစီခရီးကြမ်း
၆။ ယူကရိန်း – ၂၀၁၄ မေဒန်တော်လှန်ရေး

ရေးသားသူ – Yeshua Moser Puangsuwan, Stephen Zunes, Dr. Lester R. Kurtz, Lester Kurtz, George Mason, Maciej Bartkowski and Maria J. Stephan

ဘာသာပြန်သူ – ဖလိုကီ၊ ခင်ညီညီသွေး၊ လစ်ဇီ၊ ကိုရန်

တည်းဖြတ် – သော်ဒီအိမ်၊ ရဲထက်၊ နီမို

ထုတ်ဝေသည့် ခုနှစ် – ၂၀၂၃ ဖေဖော်ဝါရီ

သုတေသနနှင့် သင်ကြားရေးအဖွဲ့, FFM

May 2021

သုတေသနနှင့် သင်ကြားရေးအဖွဲ့, FFM

May 2021

Srdja Popovic, Slobodan Djinovic, Andrej Milivojevic, Hardy Merriman and Ivan Marovic, 2007