ဒီအလုပ်ရုံဆွေးနွေးပွဲမှာတော့ ဗုဒ္ဓဟောကြားတဲ့ သစ္စာလေးပါးတရားကို အခြေခံပြီး
ပဋိပက္ခရဲ့ အရင်းခံအကြောင်းတရားတွေကို လူမှုဝန်းကျင်ရှုထောင့်ကနေ ဆင်ခြင်သွားပါမယ်။
ပဋိပက္ခအတွင်း အစုအဖွဲ့တွေရဲ့ အကြောက်တရား၊ လိုအပ်ချက်တွေကို ဘယ်လိုနားလည်နိုင်မလဲ။
အပြန်အလှန် နားလည်မှုကို ဘယ်လိုတည်ဆောက်နိုင်မလဲ။ ယုံကြည်မှုတွေကို ဘယ်လိုတည်ဆောက်နိုင်မလဲ။ ဒီအကြောင်းအရာတွေကို ဆွေးနွေးဆန်းစစ်သွားပါမယ်။
ပြုလုပ်မည့်သူ
Jill Jameson သည် အရပ်ဘက်အဖွဲ့အစည်းများနှင့် လက်တွဲကာ မြန်မာပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ပဋိပက္ခအသွင်ကူးပြောင်းရေးကဏ္ဍရပ်များတွင် အနှစ် ၃၀ ကျော် သင်တန်းပို့ချခဲ့သည့် အတွေ့အကြုံများရှိခဲ့သည်။
သူမသည် ဇင်ဗုဒ္ဓဘာသာကို ကျင့်သုံးသူတဦးဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူမှုအသုံးချဗုဒ္ဓဘာသာ ကွန်ရက် (International Network of Engaged Buddhist) တွင် အကြံပေးကော်မတီအဖွဲ့ဝင်ဖြစ်သည်။ ပြန်လည်ချိတ်ဆက်ရေးလုပ်ဆောင်ချက် (Work that Reconnects) များတွင်လည်း မကြာခင်က ကွယ်လွန်ခဲ့သည့် ဆရာမကြီး Joanna Macyနှင့်အတူ သင်တန်းများ ပေးခဲ့သည်။