ဘာသာပြန်ခြင်းသည် ကလောင်စွမ်းဖြင့် လူ့အဖွဲ့အစည်းတွင် လိုအပ်နေသော အသိပညာ၊ အတွေးအခေါ်များကို ဖြည့်ဆည်းပေးနိုင်သည့် နည်းလမ်းတခုဖြစ်ပါသည်။ ဘာသာပြန်လုပ်ငန်းသည် Freedom Fighter ၏ပင်မလုပ်ဆောင်ချက်တခုဖြစ်သလို ဘာသာပြန်လုပ်ငန်းအားကောင်းရေးကိုလည်း ရေရှည်မဟာဗျူဟာတရပ်အဖြစ် ထားရှိပါသည်။ သို့ဖြစ်ရာ တက်သစ်စဘာသာပြန်ကလောင်သစ်များ ပေါ်ထွက်လာစေရန် ဘာသာပြန်အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်သွားမည်ဖြစ်သည်။

ဤ Workshop တွင် Freedom Fighter ၏ ဘာသာပြန်အဖွဲ့ တည်းဖြတ်သူများက ဘာသာပြန်လုပ်ငန်းနှင့်ပတ်သက်သည့် သမိုင်းကြောင်းများ၊ နည်းနိဿယျများ၊ စည်းမျဉ်းများနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ စိန်ခေါ်မှုများကိုစုံစုံလင်လင် ဆွေးနွေးဖလှယ်သွားကြမည်ဖြစ်သည်။ ထို့ပြင် ဘာသာပြန်စာရေးဆရာများ၏ ဘာသာပြန်လက်ရာများနှင့် မူရင်းလက်ရာများကို နှိုင်းယှဉ်လေ့လာခြင်း၊ ကိုယ်တိုင်ဘာသာပြန်ဆိုလေ့ကျင့်ခြင်းများလည်း လုပ်ဆောင်သွားမည်ဖြစ်သည်။

Workshop ပြီးဆုံးလျှင် ဘာသာပြန်ခြင်းအတွက် အခြေခံကောင်းများ ရရှိသွားမှာဖြစ်သလို ဆက်လက်လုပ်ဆောင်ဖို့ အဆက်အသွယ်နဲ့ ပံ့ပိုးမှုများလည်းရရှိသွားမည်ဖြစ်သည်။ ဆန္ဒရှိပါက Freedom Fighter ဘာသာပြန်အဖွဲ့သို့လည်း ဝင်ရောက်လုပ်ကိုင်နိုင်ပါသည်။