ကုစားမှုဖြင့် လျှောက်သောလမ်း

฿250.00

စာရေးသူ − Kazu Haga
စာမျက်နှာ –  ၄၁၇

Description

စာအုပ်အမည် – ကုစားမှုဖြင့်လျှောက်သောက်လမ်း
ပြန်ဆိုသူ – Freedom Fighter ဘာသာပြန်အဖွဲ့
ထုတ်ဝေသည့်ခုနှစ် – ၂၀၂၆ ခုနှစ် ဇန်နဝါရီ
အကြိမ်ရေ – ပထမအကြိမ်
စာမျက်နှာ –  ၄၁၇

Freedom Fighter ဘာသာပြန်အဖွဲ့အနေနဲ့ မြန့်မာ့လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းနိုင်မယ့် စာအုပ်စာပေတွေကို အစဉ်အဆက်မပြတ် ပုံမှန်ပြန်ဆိုထုတ်ဝေခဲ့တဲ့အတိုင်း ယခုအခါမှာလည်း “ကုစားမှုဖြင့်လျှောက်သောလမ်း” ဆိုတဲ့ ဘာသာပြန်စာအုပ်တအုပ်ကို ပြန်ဆိုထုတ်ဝေလိုက်ပြီဖြစ်ပါတယ်။ ဒီစာအုပ်ဟာ လူ့အဖွဲ့အစည်းအတွင်း တနေ့တခြားတိုးများလာတဲ့ အကွဲအဟတွေ၊ အမုန်းတရားတွေ၊ အာဃာတတွေနဲ့ အကြမ်းဖက်မှုတွေရဲ့ အကြောင်းတရားတွေကို အောက်ခြေထိ နက်နက်ရှိုင်းရှိုင်းတူးဆွ လေ့လာပြီး အကြမ်းမဖက်နည်းလမ်းတွေနဲ့ ပြန်လည်ကုစားဖို့အကြောင်း ရေးသားထားတဲ့ Kazu Haga ရဲ့ Healing Resistance: A radically different response to harm စာအုပ်ကို ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။ ကာဇူးဟာဂါ (Kazu Haga)ဆိုတာ မာတင်လူသာကင်းဂျူနီယာရဲ့ အကြမ်းမဖက်အယူအဆတွေကို သင်ကြားပို့ချနေသူတယောက်ဖြစ်တဲ့အပြင် အကြမ်းမဖက်တိုက်ပွဲများစွာကိုလည်း ကိုယ်တိုင်ပါဝင်ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ သူဟာ ဒီစာအုပ်ထဲမှာ ဖိနှိပ်သူနဲ့ဖိနှိပ်ခံကြား (သို့) ကျူးလွန်သူနဲ့နစ်နာသူကြား အရှုံးအနိုင်ဆုံးဖြတ်တဲ့ တရားမျှတမှုအစား နှစ်ဦးနှစ်ဖက်စလုံးအတွက် ရေရှည်တည့်တံ့ငြိမ်းချမ်းနေစေမယ့် ကုစားသင့်မြတ်ရေးတရားမျှတမှုကိုရှာဖွေဖို့လည်း မီးမောင်းထိုးပြထားပါတယ်။

ယခုအခါ မြန်မာနိုင်ငံမှာလည်း နိုင်ငံရေးဆိုင်ရာ၊ လူမျိုးရေးဆိုင်ရာ၊ ဘာသာရေးဆိုင်ရာအကွဲအဟတွေကြောင့် ပဋိပက္ခအမျိုးမျိုးကို နေ့စဉ်ကြုံတွေ့ရင်ဆိုင်နေရပါတယ်။ အဲဒီပဋိပက္ခတွေကို ဖြေရှင်းကြရာမှာ ဆက်လက်ပြီး တဖက်နှင့် တဖက် သူနိုင်ကိုယ်နိုင်ယှဉ်ပြိုင်တိုက်ခိုက်ကြတဲ့ နည်းလမ်းဟောင်းကိုပဲ စွဲကိုင်ထားဦးမယ်ဆိုရင် ပဋိပက္ခတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘဲ အကွဲကွဲအပြဲပြဲလူ့အဖွဲ့အစည်းဆီကိုသာ ဦးတည်နေဦးမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့လူ့အဖွဲ့အစည်းကို သပ်လျှိုသွေးခွဲနေတဲ့ အမုန်းတရားအာဃာတများအပါအဝင် အကြောင်းအရင်းမျိုးစုံကို ခြေခြေမြစ်မြစ်တူးဆွလေ့လာပြီး တဦးချင်းစီတိုင်းအတွက် အကျိုးဖြစ်ထွန်းနိုင်မယ့် တရားမျှတမှုမျိုးရရှိနိုင်ဖို့ကြိုးပမ်းရာမှာ ဒီစာအုပ်က အထောက်အကူပြုနိုင်လိမ့်မယ်လို့ယုံကြည်တဲ့အတွက် ဘာသာပြန်ဆိုထုတ်ဝေလိုက်ခြင်းဖြစ်ပါတယ်။

 

Reviews

There are no reviews yet.

Be the first to review “ကုစားမှုဖြင့် လျှောက်သောလမ်း”

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်