အကြမ်းမဖက်တော်လှန်ရေး လှုပ်ရှားမှုဆိုင်ရာ "သိလိုရာမေး"

Freedom Fighter Myanmar အဖွဲ့သည် အကြမ်းမဖက်လမ်းစဉ်နှင့် အာဏာရှင်စနစ်ကိုတော်လှန်နေခြင်းဖြစ်သည့်အားလျှော်စွာ အာဏာရှင်စနစ်ဆိုးကိုဆန့်ကျင်လိုသူတိုင်း တော်လှန်သူများဖြစ်လာစေရန်အတွက် အကြမ်းမဖက်အယူအဆများ၊ နည်းနာနိဿယများစွာကို လူထုအကြားဖြန့်ဝေပေးလျှက်ရှိပါသည်။ ယခုလည်းအကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာအယူအဆများ အားကောင်းလာစေရန်အလို့ငှာ ယင်းနှင့်ပတ်သတ်၍ ဝိဝါဒကွဲပြားနေမှုများ၊ ချိတုံချတုံဖြစ်နေမှုများ၊ အဖြေရှာလိုသည်များကို ကောင်းစွာသိရှိနားလည်စေရန်အတွက် သိလိုရာမေးကဏ္ဍကို စတင်ခဲ့ပါသည်။

ဒေါ်စုလိုလားတဲ့ မွေးနေ့လက်ဆောင် 

         ဒီကနေ့ကတော့ ပြည်သူတရပ်လုံး ချစ်ခင်မြတ်နိုးကြတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။  ဒေါ်စုရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် “ပန်းသပိတ်” ၊ “သီချင်းဆိုကမ်ပိန်း” လှုပ်ရှားမှုတွေလုပ်ဖို့ နှိုးဆော်နေကြပါတယ်။ ဆိုရှယ်မီဒီယာထက်မှာလည်း ဒေါ်စုကို တမ်းတလွမ်းဆွတ်မှုတွေကို ဝေဝေဆာဆာ တွေ့မြင်နေရပါတယ်။ ဒီလိုမျိုး ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားအားလုံးရဲ့ ချစ်ခြင်းတရားတွေက နေပြည်တော်အကျဉ်းထောင်မှာရောက်နေတဲ့

Read More »

ပညာရေးအကျပ်အတည်း ၊ လူ့အဖွဲ့အစည်းကွဲအက်မှုနှင့် အမုန်းတရားများပျံ့နှံ့လာမှု

မကြာသေးခင်က ဆယ်တန်းအောင်စာရင်းထွက်သည့်အပေါ် အမြင်အမျိုးမျိုးနှင့်ပြောဆိုသုံးသပ်မှုများရှိနေကြသည်။ ပညာရေးသည် အခြေခံလူ့အခွင့်အရေးဖြစ်၍ ခွဲခြားဆက်ဆံခြင်းများ မပြုသင့်ဟု ထောက်ပြမှုများရှိနေစဉ်မှာပင် အခြားတစ်ဖက်၌ ကျောင်းပြန်တက်သူများကို ကဲ့ရဲ့ရှုတ်ချသည့် အမြင်များ၊ ဟားတိုက်လှောင်ပြောင်သည့် အပြုအမူများ၊ အမုန်းစကားအဖြစ် အငြင်းပွားဖွယ် အသုံးအနှုန်းများကို ဆိုရှယ်မီဒီယာထက်တွင် တွင်တွင်ကျယ်ကျယ်တွေ့မြင်နေရသည်။ ဤနေရာတွင် လူအများသည် ဆိုရှယ်မီဒီယာ၏ သဘောသဘာဝအတိုင်း တာဝန်ခံစရာမလိုဘဲ ”လွယ်လွယ်ပြော၊

Read More »

ပဇီကြီးဖြစ်ရပ်မှ ဆင်ခြင်မိသမျှ

ပဇီကြီးကျေးရွာမှာ တွေ့ကြုံရတဲ့ သေကြေပျက်စီးမှု အနိဌာရုံတွေက အွန်လိုင်းပေါ်က ကြည့်ရှုသူပင် တုန်လှုပ်ခြောက်ခြားဖို့ ကောင်းပါတယ်။ မြေပြင်မှာတွေ့ကြုံခံစားရသူတွေအတွက် ဒီဖြစ်ရပ်ဆိုးက နှစ်ပေါင်းများစွာတိုင်အောင် ခြောက်လန့်နှိပ်စက်နေမှာဖြစ်ပါတယ်။ ပြန်ပြီးဆန်းစစ်ကြည့်ရင်တော့ ဒါမျိုး အဖြစ်ဆိုးတွေက ပဇီကြီးကျေးရွာမှာမှ မဟုတ်ဘဲ မြန်မာပြည်အနှံမှာရှိနေတဲ့ ပြည်သူတွေအနေနဲ့ မလုံခြုံမှုကို နေ့စဉ်နဲ့အမျှ ထိခိုက်ခံစားနေရတာဖြစ်ပါတယ်။ ဒီလိုမျိုး  အရပ်သားထိခိုက်မှုတွေ၊ ကလေးသူငယ်ထိခိုက်မှုတွေ

Read More »

ဖက်ဒရယ်ခရီးနီးသလား

(နွေဦးတော်လှန်ရေး နှစ်နှစ်ပြည့် အထိမ်းအမှတ် ဆောင်းပါးရှည်) ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် “ဖက်ဒရယ်ခရီး နီးသလား” ခေါင်းစဉ်ဖြင့် Freedom Fighter လေးမျက်နှာစကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်။ ထိုစကားဝိုင်းတွင် ဆွေးနွေးချက်များကို သုံးသပ်ဆင်ခြင်ကာ ပြီးခဲ့သည့် ဖက်ဒရယ်ခရီးအပေါ် ဆန်းစစ်ချက်နှင့် ရှေ့ဆက်လုပ်ဆောင်ရန် အကြုံပြုချက်တချို့ကို မျှဝေလိုပါသည်။ နွေဦးတော်လှန်ရေးတွင်

Read More »

ငြိမ်းချမ်းရေးသစ်၏ နိဂုံး

ဗလာဒီမီယာပူတင်ကတော့ လူ့လောကကို ကျွန်တော်တို့ယခင်ကမြင်ခဲ့ဖူးတဲ့ စစ်ပွဲခေတ်တွေမှန်သမျှထက် ပိုဆိုးနိုင်တဲ့စစ်ပွဲခေတ်တစ်ခုဆီသို့ တွန်းပို့နေတယ်။ ၎င်းခေတ်က ကျွန်တော်တို့လူသားမျိုးနွယ်  ဆက်လက်ရှင်သန်နိုင်ရေးကို ခြိမ်းခြောက်လာနိုင်တယ်။ ယူဗယ်နိုအာဟာရာရီ ရေးသည်။ Maxim Dondyuk လွန်ခဲ့သောနှစ်အနည်းငယ်က ၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု ဆိုတဲ့စာအုပ်ကို ကျွန်တော်ရေးခဲ့တယ်။ စာအုပ်ထဲမှာ စစ်ပွဲရဲ့အနာဂတ်နဲ့အတွက်ရည်ရွယ်ပြီး သင်ခန်းစာတစ်ခု

Read More »

CRPH/NUG ခေါင်းဆောင်များ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ကိုင်စွဲထားသင့်လား

လေးမျက်နှာစကားဝိုင်းကောက်နုက်ချက် ယခုဆိုလျှင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပခဲ့သည်မှာ နှစ်နှစ်ကျော်ပင် ရှိပြီဖြစ်သည်။ သို့သော် စစ်တပ်သည် ယင်း‌ရွေးကောက်ပွဲတွင် အနိုင်ရပါတီ NLD က မဲလိမ်မဲခိုးခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် အာဏာသိမ်းခဲ့သောကြောင့် စစ်အာဏာရှင်တော်လှန်ရေးတစ်ရပ်ပေါ်ပေါက်လာရာ ရွေးကောက်ပွဲအနိုင်ရပါတီ ကိုယ်စားလှယ်များက စင်ပြိုင်အစိုးရတစ်ရပ်တည်ထောင်ခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေကိုဖျက်သိမ်းကြောင်း ကြေငြာခဲ့သည်။ ထို့ကြောင့် ၂၀၀၈

Read More »

ကျောင်းမတက်သပိတ်တိုက်ပွဲ ဘယ်လိုရှေ့ဆက်ကြမလဲ

လေးမျက်နှာစကားဝိုင်း ကောက်နုက်ချက် ၂၀၂၁ အာဏာသိမ်းစက စစ်ကောင်စီကိုဆန့်ကျင့်သည့်အနေဖြင့် လုပ်ဆောင်ခဲ့ကြသော ကျောင်းသားလူငယ်တို့၏ကျောင်းမတက်သပိတ်သည်  ယခုအခါတော်လှန်ရေးကာလ အချိန်ကြာမြင့်လာသည်နှင့်အမျှ တဖြည်းဖြည်းအင်အား ယုတ်လျော့လာခဲ့ပြီဖြစ်သည်။ ကိုဗစ်ကာလပညာရေးဆုံးရှုံးထားမှု၊ အလုပ်အကိုင်ရရှိရေးအတွက် ဘွဲ့လက်မှတ်၏အရေးပါမှု၊ မိသားစုအသိုင်းအဝိုင်းတို့၏ ဖိအားများ များပြားလာမှု အစရှိသည့်အကြောင်းအရင်းများသည် သပိတ်မှောက်ကျောင်းသားများကို စာသင်ခန်းများဆီသို့ ပြန်လည်ဝင်ရောက်ရန် တိုက်တွန်းဆွဲခေါ်နေကြသည်။ ထို့ကြောင့် ဤမလွှဲသာမရှောင်သာအခြေအနေများကိုငဲ့လင့်၍ ကျောင်းနှင့်တက္ကသိုလ်

Read More »

မီးပိတ်ရုံနဲ့ အပြောင်းအလဲဖြစ်နိုင်မလား

ဒီကနေ့ (အောက်တိုဘာ ၂၈ရက်) ည ၈နာရီခွဲ မှာ တော်လှန်ရေးအင်အားစုအသီးသီးက လှုံ့ဆော်စည်းရုံးနေကြတဲ့ မီးပိတ်သပိတ်ရှိပါတယ်။ ကချင်ပြည်နယ်၊ အနန့်ပါဒေသကို စစ်တပ်က ဗုံးကျဲသတ်ဖြတ်မှုကို ကန့်ကွက်ရှုပ်ချပြီး ပြည်သူတွေအားလုံး သွေးစည်းညီညွတ်မှုကို ပြသတဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။ ဒီနေရာမှာ တချို့ကလည်း လက်နက်ကိုင်တော်လှန်ရေးအားကောင်းနေချိန်မှာ ဒါမျိုး အပြလုပ်ရပ်တွေက လိုရဲ့လား။ ဒါတွေက

Read More »

မေတ္တာဖြင့်သာ စည်းရုံးပါ။

ယနေ့ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားကျောင်းကန်သွားသူများ အလှူအတန်းပြုလုပ်သူများဖြင့် စည်ကားကြသည်။  ချစ်ခင်သူများ မိသားစုများ သူငယ်ချင်းများစုကာ ခရီးထွက်သူများ ၊ လည်ပတ်သွားလာကြသည်များကိုလည်း တသီတတန်း တွေ့မြင်ကြရမည်။ ဤအခြေအနေများကို တော်လှန်ရေးတွင်ထဲထဲဝင်ဝင် ပါဝင်နေကြသူများက စိတ်မကောင်းဖြစ်ကြသည်မှာ သဘာဝကျလှသည်။ တောထဲမှာ အသက်စွန့်တော်လှန်နေကြသော လူငယ်များ၊ အိုးမဲ့အိမ်မဲ့ဖြစ်နေသော ပြည်သူများ၊ တိုက်ပွဲများကြောင့် ခြေပျက်လက်ပျက်ဖြစ်နေသူများ၊

Read More »

တော်လှန်ရေးသမား တယောက်ဖြစ်ဖို့

ဒီကနေ့ စစ်ကောင်စီရဲ့ တစ်ဖက်သတ် တရားစီရင်မှုနဲ့ သတင်းအမှောင်ချပြီး သေဒါဏ်ပေးတဲ့ သတင်းကို ကြားသိရတဲ့အပေါ် အားလုံးနည်းတူ စိတ်မကောင်းများစွာဖြစ်ရပါတယ်။ ပြန်ပြီးသုံးသပ်ကြည့်ရင် ပြီးခဲ့တဲ့ တစ်နှစ်ခွဲကာလထဲက နေ့စဉ်ရက်ဆက် ဖမ်းဆီးမှု၊ သတ်ဖြတ်မှုစတဲ့ အနိဌာရုံတွေနဲ့ တွေ့မြင်နေရတာ ဖြစ်တဲ့အတွက် စစ်ကောင်စီအနေနဲ့ အခုမှ ရက်စက်ကြမ်းကြုတ်တယ်လို့ ထူးထူးခြားခြား ရှုမြင်စရာတော့မရှိပါဘူး။ ဒီလိုမျိုး

Read More »

မေးခွန်းမေးရန်