အကြမ်းမဖက်တော်လှန်ရေး လှုပ်ရှားမှုဆိုင်ရာ "သိလိုရာမေး"

Freedom Fighter Myanmar အဖွဲ့သည် အကြမ်းမဖက်လမ်းစဉ်နှင့် အာဏာရှင်စနစ်ကိုတော်လှန်နေခြင်းဖြစ်သည့်အားလျှော်စွာ အာဏာရှင်စနစ်ဆိုးကိုဆန့်ကျင်လိုသူတိုင်း တော်လှန်သူများဖြစ်လာစေရန်အတွက် အကြမ်းမဖက်အယူအဆများ၊ နည်းနာနိဿယများစွာကို လူထုအကြားဖြန့်ဝေပေးလျှက်ရှိပါသည်။ ယခုလည်းအကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာအယူအဆများ အားကောင်းလာစေရန်အလို့ငှာ ယင်းနှင့်ပတ်သတ်၍ ဝိဝါဒကွဲပြားနေမှုများ၊ ချိတုံချတုံဖြစ်နေမှုများ၊ အဖြေရှာလိုသည်များကို ကောင်းစွာသိရှိနားလည်စေရန်အတွက် သိလိုရာမေးကဏ္ဍကို စတင်ခဲ့ပါသည်။

မေတ္တာဖြင့်သာ စည်းရုံးပါ။

ယနေ့ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားကျောင်းကန်သွားသူများ အလှူအတန်းပြုလုပ်သူများဖြင့် စည်ကားကြသည်။  ချစ်ခင်သူများ မိသားစုများ သူငယ်ချင်းများစုကာ ခရီးထွက်သူများ ၊ လည်ပတ်သွားလာကြသည်များကိုလည်း တသီတတန်း တွေ့မြင်ကြရမည်။ ဤအခြေအနေများကို တော်လှန်ရေးတွင်ထဲထဲဝင်ဝင် ပါဝင်နေကြသူများက စိတ်မကောင်းဖြစ်ကြသည်မှာ သဘာဝကျလှသည်။ တောထဲမှာ အသက်စွန့်တော်လှန်နေကြသော လူငယ်များ၊ အိုးမဲ့အိမ်မဲ့ဖြစ်နေသော ပြည်သူများ၊ တိုက်ပွဲများကြောင့် ခြေပျက်လက်ပျက်ဖြစ်နေသူများ၊

Read More »

တော်လှန်ရေးသမား တယောက်ဖြစ်ဖို့

ဒီကနေ့ စစ်ကောင်စီရဲ့ တစ်ဖက်သတ် တရားစီရင်မှုနဲ့ သတင်းအမှောင်ချပြီး သေဒါဏ်ပေးတဲ့ သတင်းကို ကြားသိရတဲ့အပေါ် အားလုံးနည်းတူ စိတ်မကောင်းများစွာဖြစ်ရပါတယ်။ ပြန်ပြီးသုံးသပ်ကြည့်ရင် ပြီးခဲ့တဲ့ တစ်နှစ်ခွဲကာလထဲက နေ့စဉ်ရက်ဆက် ဖမ်းဆီးမှု၊ သတ်ဖြတ်မှုစတဲ့ အနိဌာရုံတွေနဲ့ တွေ့မြင်နေရတာ ဖြစ်တဲ့အတွက် စစ်ကောင်စီအနေနဲ့ အခုမှ ရက်စက်ကြမ်းကြုတ်တယ်လို့ ထူးထူးခြားခြား ရှုမြင်စရာတော့မရှိပါဘူး။ ဒီလိုမျိုး

Read More »

ဒေါ်စုကို လုပ်ကြံကြသူများ

(ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်ဆောင်းပါး) ဒေါ်စုကို လုပ်ကြံသူများလို့ပြောလိုက်ရင် လူအများစုကတော့ စစ်တပ်ကိုပဲ ပြေးမြင်ကြပါလိမ့်မယ်။ ဒါပေမယ့် စစ်တပ်ကတော့ ဒေါ်စုကို လုပ်ကြံဖို့ မအောင်မြင်ခဲ့ပါဘူး။ ဒေါ်စုကို လှောင်အိမ်ထဲထည့်ဖို့ ကြိုးစားတိုင်း ပြည်သူတွေရဲ့ ရင်ထဲမှာ ဒေါ်စုကပိုပြီးရှင်သန်အားကောင်းလာလို့ပါပဲ။ ဒါပေမယ့် ဒေါ်စုကို အောင်အောင်မြင်မြင်လုပ်ကြံခဲ့သူများကတော့ ရှိပါတယ်။

Read More »

“ကျောင်းသား CDM ID ကဒ်”အပေါ် ဆင်ခြင်သုံးသပ်ချက်

ဇန်နဝါရီလ ၁၉ရက်နေ့မှာ အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ချုပ် (အ.က.ရ) ကနေပြီးတော့ Student CDM ID ပြုလုပ်ပေးမယ်ဆိုတဲ့ ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ကို ထောက်ခံချက်တွေ များခဲ့သလို ဝေဖန်သံတွေလည်း ညံခဲ့ပါတယ်။ လက်ရှိအချိန်ထိလည်း အငြင်းပွားနေဆဲ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ Student CDM ID ကဒ်ကို ဆင်ခြင်သုံးသပ်ရတဲ့အပေါ်မှာ အဓိကအားဖြင့်

Read More »

ပြည်သူလူထုအပေါ် သဘောထား

ဒီစာကတော့ လက်ရှိ Freedom Fighter အဖွဲ့သားတွေနဲ့ ရှေ့ဆက်ပြီး Freedom Fighter နှင့်အတူပါဝင်လုပ်ဆောင်ကြမယ့် အဖွဲ့သားသစ်တွေအတွက် အဓိကထားရည်ရွယ်ပါတယ်။ Freedom Fighter အဖွဲ့အနေနဲ့ အကြမ်းမဖက်လူထုတော်လှန်ရေးလမ်းစဉ်ကို ရပ်တည်ဖော်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ တနည်းအားဖြင့် အီလစ်တစု (သို့မဟုတ်) လက်နက်ကိုင်သူတချို့ကသာ တိုင်းပြည်အပြောင်းအလဲကို ဖော်ဆောင်နိုင်တာမဟုတ်ဘဲ ပြည်သူလူထုအားလုံး ပါဝင်ဖော်ဆောင်တဲ့

Read More »

လူများတိုင်းမှန်သလား

ဒီမိုကရေစီကို လူအများရဲ့ ဆန္ဒအတိုင်းလုပ်ဆောင်ရတဲ့ စနစ်လို့ပြောကြပါတယ်။ ဒါဆိုရင် လူ ၁၀၀ ရှိတဲ့ တိုင်းပြည်မှာ လူ ၈၀ က သဘောတူရင် ကျန်တဲ့ လူ ၂၀ ကို ဖိနှိပ်ခွင့် ၊ အနိုင်ကျင့်ခွင့် ရှိပါသလား။ တွေးခေါ်ပညာရှင်ဆိုကရေးတီးကို အေသင်မြို့ကလူအများရဲ့ မဲပေးမှုနဲ့ အဆိပ်ပေးသတ်ခဲ့ပါတယ်။

Read More »

ဝေဖန်ရေးကို ဝေဖန်ခြင်း

ဒီစာမှာ မကြာသေးခင်က လူမှုကွန်ရက်မှာတွေ့ရတဲ့ “ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့ဝေဖန်ရသလဲ” ဆိုတဲ့ဝေဖန်ချက်ကို သုံးသပ်ဝေဖန်သွားမှာ ဖြစ်ပါတယ်။ မူရင်းဝေဖန်ချက်ကို ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦးရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ကိုကျော်ကိုကိုက ဧပြီ ၂၈ မှာ ရေးသားတင်ပြခဲ့ပါတယ်။ မူရင်းစာမှာတော့ ဒေါ်စုကို ဘာလို့ဝေဖန်ရသလဲဆိုတာကို အချက်သုံးခုနဲ့ တင်ပြထားပါတယ်။ တစ်ချက်ချင်းစီကို ဆန်းစစ်ကြည့်ပါမယ်။ ၁။

Read More »

တော်လှန်ရေးနှင့်အတူ စွန့်ပယ်ရမယ့် စစ်ဝါဒ

ဒီစာကတော့ ကိုမင်းသေ့ရဲ့ ဧပြီ ၁၅ ရက်နေ့ကတင်ထားတဲ့ “အမျိုးသားလွတ်မြောက်ရေး”ဆောင်းပါးကို ပြန်လည်တုံ့ပြန်ဆွေးနွေးချက်ဖြစ်ပါတယ်။ မူရင်းဆောင်းပါးကို အကျဉ်းချုပ်ရရင် “လက်ရုံးမရှိရင် ဘုန်းမရှိဘူး” လို့ယူဆကြတဲ့ မြန်မာ့လူမှုဓလေ့အရ လူမျိုးစုတွေအနေနဲ့ လက်နက်အင်အား၊ လူအင်အားတည်ဆောက်မှပဲ တန်းတူရေးရမယ်၊ အမျိုးသားလွတ်မြောက်မှုရမယ်ဆိုတဲ့ ဆိုလိုရင်းလို့ သုံးသပ်ရပါတယ်။ ဒီနေရာမှာ နှစ်ပိုင်းခွဲပြီးဆန်းစစ်ကြည့်ပါမယ်။ ပထမတခုကတော့ မြန်မာ့လူမှုဓလေ့စရိုက်နဲ့ နောက်တခုကတော့

Read More »

“သံဃာတော်များ နိုင်ငံရေးတွင် ပါဝင်သင့်သလော”

ဤကိစ္စကိုဆွေးနွေးမည်ဆိုက လောကကြောင်း၊ ရာဇကြောင်း၊ ဓမ္မကြောင်း ဘက်သုံးဘက်က ရှုမြင်သုံးသပ်ရန် လိုပါမည်။ အကြောင်းသုံးမျိုးတွင် ဓမ္မကြောင်းသည် အားအကောင်းဆုံး၊ အခိုင်မာဆုံး ဖြစ်သည်ကိုလည်း သတိချပ်ထားရန် လိုပါသည်။ သမိုင်းကြောင်းသည် အဆိုပါအကြောင်းသုံးမျိုးတွင် အကျုံးဝင်ပြီး ဖြစ်သည်။ လောကကြောင်းအရ ရဟန်းတော်များ နိုင်ငံရေးတွင် ပါဝင်သင့်သည်ဆိုပါက သမိုင်းကို ကျေညက်ရန် ပြန်လည်သုံးသပ်ရန်

Read More »
Justice, Peace

တရားမျှတမှု ကိုယ့်ဘက် သူ့ဘက်ရှိသလား

ဖြစ်စဉ်- ၁ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နော်လင်းဟေဇာ အာဏာသိမ်းမှုတစ်နှစ်ပြည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က Channel News Asia Interview တွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် အထူးကိုယ်စားလှယ် ဒေါက်တာနော်လင်းဟေဇာက စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်မှုကို အချိန်ကာလတခုအထိ လက်ခံရန်၊ ပါဝင်ပက်သက်သူအားလုံး စကားခုံပေါ်တွင် တက်ရောက်ရန်

Read More »

မေးခွန်းမေးရန်

Email Updates Subscription

Freedom Fighter ရဲ့ update တွေကို သိရှိနိုင်ဖို့ email subscribe လုပ်ထားပါ