ဖိုရမ်စည်းကမ်းများ
 
Notifications
Clear all

[Sticky] ဖိုရမ်စည်းကမ်းများ

1 Posts
1 Users
0 Reactions
888 Views
Nemo
Posts: 14
 Nemo
Admin
Topic starter
(@nemo)
Joined: 3 years ago

၁။ ဆွေးနွေးသူအချင်းချင်း လေးစားမှုရှိပါ။ (ပုဂ္ဂိုလ်အကြောင်းဆွေးနွေးခြင်းမှလွဲ၍) ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုမပြုရ။

၂။ ဆဲဆိုခြင်း၊ ရိုင်းစိုင်းသော အရေးအသားများ သုံးစွဲခြင်း မပြုရ။ ဆဲဆိုရိုင်းပြမှုများအား moderator များမှ နှစ်ကြိမ်တိုင်သတိပေးပြီးနောက် ဖိုရမ်မှထုတ်ပယ်နိုင်သည်။

၃။ ဖိုရမ်အသုံးပြုသူ မည်သူကိုမျှ ခြိမ်းခြောက်ခြင်း၊ အနှောင့်အယှက်ပေးခြင်း၊ လှောင်ပြောင်ခြင်း မပြုလုပ်ရ။ ခြိမ်းခြောက်မှုအား တွေ့ရှိပါက ဖိုရမ်မှထုတ်ပယ်နိုင်သည်။

၄။ ဖိုရမ်အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များ၊ ကိုယ်ရေးကိုယ်တာကိစ္စရပ်များကို ကာယကံရှင်သဘောတူညီချက်မပါပဲ မဖော်ထုတ်ရ။

၅။ အခြားသူ၏ဆိုလိုရင်း (သို့) ရပ်တည်ချက်အား မရှင်းလင်းပါက ပြန်လည်မေးမြန်းပါ။ မိမိသဘောဖြင့်ကောက်ချက်ချစွပ်စွဲခြင်းမပြုပါနှင့်။

၆။ ပြည်သူများကို အကြမ်းဖက်ရန်အားပေးသော လှုံ့ဆော်မှုများ၊ စည်းရုံးမှုများကို စိစစ်သတိပေးသွားမည်ဖြစ်သည်။

၇။ ဤဖိုရမ်၏ရည်ရွယ်ချက်မှာ ဆွေးနွေးသူများအကြား အပြန်အလှန်အတွေးအခေါ်ဖလှယ်၍ လူမှုအသိုင်းအဝိုင်းတည်ဆောက်ခြင်းဖြစ်သည်။ ဖိုရမ်အား တလွဲအသုံးချခြင်းကိုတွေ့ရှိပါက သတိပေးခြင်း၊ ထုတ်ပယ်ခြင်းပြုလုပ်နိုင်သည်။

Topic Tags