ကြိုဆိုပါတယ်
 
Notifications
Clear all

[Sticky] ကြိုဆိုပါတယ်

1 Posts
1 Users
0 Reactions
885 Views
Nemo
Posts: 14
 Nemo
Admin
Topic starter
(@nemo)
Joined: 3 years ago

Freedom Fighter ကွန်မြူနတီဖိုရမ်ကနေ ကြိုဆိုပါတယ်။

 

ဒီဖိုရမ်မှာ ဒီမိုကရေစီရေး၊ အာဏာရှင်အမြစ်ဖြတ်ရေး၊ လွတ်လပ်ရေးနဲ့ တရားမျှတရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ တက်ကြွလှုပ်ရှားသူများအားလုံး မိမိတို့စိတ်ကူး၊ အယူအဆတွေကို လွတ်လပ်စွာဆွေးနွေးနိုင်ပါတယ်။

ပါဝင်ဆွေးနွေးသူအားလုံးအတွက် ကောင်းမွန်တဲ့ရပ်ဝန်းတခုဖြစ်စေဖို့ အခြေခံစည်းမျဉ်းတွေကို ဖိုရမ်မော်ဒရိတ်တာတွေကနေ ချမှတ်ထားပါတယ်။

 

ရှိပြီးသားခေါင်းစဉ်အောက်မှာ reply ပြန်နိုင်သလို မရှိသေးတဲ့ခေါင်းစဉ်အသစ်လည်း ထပ်ဖွင့်နိုင်ပါတယ်။

ခေါင်းစဉ်အသစ်ဖွင့်ရန်လမ်းညွှန်ကို ဒီ post မှာဖတ်ပါ။ (မှတ်ချက်- Forum စနစ်ကို automated attack များမှ ကာကွယ်နိုင်ရန် အကောင့်သစ်တခုမှ ပထမဆုံးခေါင်းစဉ်ကို moderator တယောက်ယောက်မှ approve လုပ်ပေးရမည်ဖြစ်သည်။  နောင်အကြိမ်များတွင် approve ရရှိရန်မလိုအပ်တော့ပါ။)

ဆွေးနွေးတဲ့အခါ ရှုပ်ထွေးမှုများမဖြစ်ပေါ်စေရန်အတွက် မူလခေါင်းစဉ်နဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကိုသာ ဆွေးနွေးဖို့မေတ္တာရပ်ခံလိုပါတယ်။

တော်လှန်ရေးကာလအတွင်း ကိုယ့်နာမည်၊ email၊ လိပ်စာ စတဲ့ ကိုယ်ရေးအချက်အလက်လုံခြုံရေးအတွက် အထူးဂရုပြုဖို့မှာလိုပါတယ်။

ဒီဖိုရမ်မှာပါဝင်ဆွေးနွေးကြသူ(အများစု)က နွေဦးတော်လှန်ရေးကို အောင်မြင်စေလိုတဲ့ဆန္ဒတူညီကြပြီးဖြစ်တဲ့အတွက် သဘောထားကွဲလွဲမှုများရှိရင်လည်း နားလည်လက်ခံပေးကြဖို့ ကြိုတင်မေတ္တာရပ်ခံလိုပါတယ်။ အမြင်မတူသူများ စုပေါင်းလုပ်ဆောင်ခြင်းကသာ ဒီမိုကရေစီဖြစ်ပါတယ်။ 

 

ဖိုရမ် အကောင့်အမျိုးအစားများ (Usergroups)

ဖိုရမ်မှာပါဝင်ဆွေးနွေးဖို့ အကောင့်တခုလိုအပ်မှာဖြစ်ပါတယ်။ ဖိုရမ်အကောင့်အမျိုးအစားတွေကို အောက်မှာအတိုခြုံးရှင်းပြထားပါတယ်။

Guest : ဒါက အကောင့်မဖွင့်ရသေးတဲ့သူတွေကို ဆိုလိုပါတယ်။ အကောင့်မရှိသူတွေက public ဖိုရမ်တွေကို ဝင်ကြည့်နိုင်ပေမယ့် ဝင်ဆွေးနွေးလို့တော့မရပါဘူး။ 

Participant : ဒါက အကောင့်ဖွင့်ပြီးသွားရင် ရလာမယ့် member အမျိုးအစားဖြစ်ပြီး ဒီအကောင့်နဲ့ public ဖိုရမ်တွေမှာ ဝင်ပြောလို့ရပါတယ်။ အကောင့်ဖွင့်ဖို့ email တခုသာလိုအပ်ပြီး ဒီမှာ Registerလုပ်ပါ။

FFM Member : ဒါက Freedom Fighter MM member တွေရဲ့ အကောင့်အမျိုးအစားဖြစ်ပြီး Freedom Fighter ရဲ့ အကြမ်းမဖက်တော်လှန်ရေးနည်းလမ်းတွေကို လေ့ကျင့်သင်ကြားထားသူများဖြစ်ပါတယ်။

Admin/Moderator : ဖိုရမ်လွတ်လပ်မှုနဲ့ မျှတမှုအတွက် ထိန်းသိမ်းပေးမယ့် ကြီးကြပ်သူများဖြစ်ပါတယ်။ 

 

ဖိုရမ်အသုံးပြုပုံနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက Freedom Fighter Facebook page (သို့) Telegram (သို့) contact@freedomfightermm.org သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။