တော်လှန်ရေးမှာ အင်ဖ...
 
Notifications
Clear all

တော်လှန်ရေးမှာ အင်ဖလူရန်ဆာများက ဆေးလား၊ ဘေးလား

3 Posts
2 Users
2 Reactions
368 Views
Nemo
Posts: 14
 Nemo
Admin
Topic starter
(@nemo)
Joined: 3 years ago

၂၀၂၁ စစ်အာဏာသိမ်းမှုကို တော်လှန်ကြတဲ့ နွေဦးတော်လှန်ရေးဟာ တိုးတက်လာတဲ့ ခေတ်နဲ့အညီ ဆန့်ကျင်လှုပ်ရှားမှုများကို အများအားဖြင့် ဆိုရှယ်မီဒီယာကို အသုံးပြုပြီး ဖော်ဆောင်ကြပါတယ်။ တော်လှန်ရေးမှာ ငွေကြေးထောက်ပံ့မှုက လိုအပ်ချက် ဖြစ်လာတဲ့အခါ ဆိုရှယ်မီဒီယာကိုပဲ မှီတည်ပြီး ဆိုရှယ်အင်ဖလူရန်ဆာများဟာ ရံပုံငွေရှာဖွေပေးသူများအဖြစ် ကမ်ပိန်းတွေအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။

တစ်ဖက်မှာ တော်လှန်ရေးနဲ့ ဆက်စပ်တဲ့ သတင်းအချက်အလက် ပိုစ်များ လူထုကြား ပျံ့နှံမှု နည်းပါးလာကြတဲ့ အချိန်မှာ လူထုကြား ပေါက်ရောက်မှုများတဲ့ ဆိုရှယ်အင်ဖလူရန်ဆာများရဲ့ အားကိုပဲ အသုံးပြုနေကြရတာလည်း ရှိပါတယ်။ ဒီနေရာမှာ အတိတ်က ဖြစ်ရပ်များကြောင့် အင်ဖလူရန်ဆာတွေရဲ့ ရေးသားပြောဆိုချက်များနဲ့ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအတိုင်းအတာအပေါ်လည်း မေးခွန်းထုတ်လာတာတွေ ရှိသလို လူကြိုက်များ လွှမ်းမိုးနိုင်တဲ့ အင်ဖလူရန်ဆာနောက်က လူအုပ်ကြီးရဲ့ လူများတာက အမှန်ဖြစ်၊ ပေါ်ပြူလစ်ဝါဒ အားကောင်းလာပြီး တော်လှန်ရေးမျှော်ရည်ချက်ဖြစ်တဲ့ ဒီမိုကရေစီစံတန်ဖိုးတွေ လျော့နည်းလာမယ့် အန္တရာယ်ကို စိုးရိမ်ရတယ်လိုလည်း ထောက်ပြချက်တွေ ရှိနေပါတယ်။
ဒါ့အပြင် အင်ဖလူရန်ဆာတွေအပေါ် မှီခိုနေမှုထက် ဦးဆောင်သူတွေက လမ်းညွှန် ထိန်းကျောင်းပေးသင့်တယ်လို သုံးသပ်ကြတာတွေလည်း ရှိလာပါတယ်။

ဒါကြောင့် ဆိုရှယ်အင်ဖလူရန်ဆာများက တော်လှန်ရေးမှာ ဘယ်လို ပါဝင်သင့်လဲ? အင်ဖလူရန်ဆာများရဲ့ အားကို ဘယ်လို ပိုကောင်းအောင် အသုံးပြုသင့်လဲ? တော်လှန်ရေးကို အဓိက မောင်းနှင်သူ ပြည်သူတွေကလည်း ဦးဆောင်သူကိုရော အင်ဖလူရန်ဆာများကိုပါ ဘယ်လို ထိန်းကျောင်းကြမလဲ? စတာတွေကို ဆွေးနွေးပြောဆိုသွားကြမှာ ဖြစ်ပါတယ်။

 

2 Replies
Posts: 1
 Jeff
(@jeff)
Joined: 2 years ago

 

Social Media Influencer တွေနဲ့ တော်လှန်ရေးအတွင်းပါဝင်ပက်သက်ပုံတွေကိုလေ့လာကြည့်တဲ့အခါမှာ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံအသင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးရန်ပုံငွေ ရှာဖွေရေးလုပ်ငန်းစဉ်တွေမှာပါဝင်နေတာမျိုးရှိသလို အဲ့လိုပါဝင်နေသူတွေထဲမှာ အများစုက ဝါဒဖြန့်ချီရေးလုပ်ငန်းစဉ်အတွင်း ရည်ရွယ်ချက်ရှိရှိပါဝင်လုပ်ဆောင်ကြတဲ့သူတွေဖြစ်ပြီး ရံဖန်ရံခါမှာ ပင်ကိုဆန္ဒအလျောက်လည်းကို လုပ်လေ့ရှိကြတာကို တွေ့ရပါတယ်။ဒါကပကတိဘာဝအခင်းအကျင်းပါ။

▪️အကောင်းနဲ့အဆိုးလွန်ဆွဲနေမှု

ကနဦးတင်ပြချက်ရဲ့ အချက်တွေကတဆင့် ပြန်လည်ဆန်းစစ်ချက်တွေထုတ်ရမယ်ဆိုရင် အဆိုပါပုဂ္ဂိုလ်တွေပေါ်မှီခိုပြီးဝင်ငွေရှာရတယ်ဆိုတဲ့အခင်းအကျင်း မှာ ကောင်းခြင်း ၊ ဆိုးခြင်းနှစ်ဖက်ရှိပြီး ကောင်းခြင်းကတော့ ရန်ပုံငွေထည့်လိုသူနဲ့ ရန်ပုံငွေလက်ခံရရှိတဲ့တော်လှန်ရေးအဖွဲ့အစည်းတွေကြား commitment ရှိတဲ့ agent တစ်ဦးအနေနဲ့ရှ်ိနေပြီး ရဲဘော်တွေရဲ့ promotingထက် သာလွန်နေတာကြောင့် ရဲဘော်တွေအတွက်၁၀ရက်လောက်ကြာတဲ့ရန်ပုံငွေကမ်ပိန်းက social media influencerတွေ အတွက်တော့ ၂ရက်၃ရက်နဲ့တင်ပြီးသွားတဲ့ပုံစံရှိသလို အချိန်မလင့်မီအလျင်မှီဖြေရှင်းရမဲ့ ဆေးဝါးရိက္ခာပြသနာနဲ့ ခဲယမ်းတွေအတွက်ဘဏ္ဍာရေးလိုအပ်ချက်ရှိတဲ့အခါ Influencerတွေရဲ့အခန်းကဏ္ဍကအထောက်အကူကောင်းဖြစ်တယ်လို့ ရှုမြင်သုံးသပ်နိုင်ပါတယ်။

ဆိုးကျိုးဖြစ်ထွန်း စေမှူ ဆိုတဲ့ရှုထောင့်ကချဥ်းကပ်ရင် မြင်လာမဲ့အကြောင်းအရာတွေကိုပြောရရင်တော့ တော်လှန်ရေးရဲ့Day 1တည်းက Social Influencer တွေရဲ့ အတိမ်အနက်မရှိတဲ့ စကားတွေက လွှမ်းမိုးနိုင်စွမ်းအားကြီးနေခဲ့ပြီးတဲ့အခြေအနေမှာ အထက်မှာတင်ပြခဲ့သလိုပဲ အဆိုပါပုဂ္ဂိုလ်တွေရဲ့အရေးပါမှုကျယ်ပြန့်လာတာနဲ့အမျှ ၎င်းတို့ရဲ့လူထုအပေါ်လွှမ်းမိုးနိုင်စွမ်းက ပိုမိုကြီးမားလေ ဖြစ်လာခြင်းဟာ မလွဲမသေ ဖြေရှင်းဖို့ကို လိုလာတဲ့ ပြသနာလည်းဖြစ်ပါတယ်။

▪️ဘာကြောင့်ဖြေရှင်းဖို့လိုအပ်သလဲ                     

 လူထုမှာ နဂိုကတည်းက ရှိပြီးသားပြသနာတွေဖြစ်တဲ့တော်လှန်ရေးတစ်ရပ်ဆင်နွှဲဖို့ လုံလောက်တဲ့ အတွေးအခေါ်၊ အသိဓလေ့အသင့် ရှိမနေခြင်းနဲ့ popularism အဆိပ်သင့် societyဖြစ် နေခြင်းတို့ ဟာ Fire Triangle Theory နဲ့ချိန်ထိုးပြောရရင် အောက်စီဂျင်ရှိတဲ့လေထုအတွင်း လောင်စာကလည်းရှ်ိနေပြီးသား လို့ပြောနိုင်ပြီး social Influencer တွေရဲ့ မဆင်မခြင်အမှားတွေက တော့ မီးထလောင်စေဖိူ့ ကပ်ပေးလိုက်တဲ့မီးစပါပဲ။

သူတို့ကြောင့်လူထုတော်လှန်ရေးရေချိန်ငုပ်ဆင်းလာတယ်လို့အပြည့်အဝပြောလို့မရနိုင်ပါ။သို့သော်အထက်မှာပြောတဲ့ဆက်နွယ်မှု တွေရဲ့ အကျိုးနဲ့အကြောင်းဒွန်တွဲမှုတွေ ကြောင့် traingle ထဲက အောက်စီဂျင်ကိုဖြတ်တောကိမလား ၊ လောင်စာကို ဖြတ်တောက်မလား ၊ မီးကိုဖြတိတောက်မလား စဉ်းစားရရသင် မီးကိုအရင်ဖြတ်ရမဲ့ အခြေအနေမို့ social media influencerတွေ ရဲ့အရေးပါမှုတွေကို တစ်စစလျှော့ချပြီးပြတ်ပြတ်သားသားဖျက်ချနိုင်သည်ထိ လုပ်ငန်းစဉ်ချမှတ်ခြင်းနဲ့အကောင်အထည်ဖော်ဖို့စတင်သင့်နေပြီဖြစ်သလို တဖက်ကလည်း လူထုအသိပညာပေးလုပိငန်းတွေကို အားကောင်းကောင်းနဲ့ မောင်းနှင်သင့်တဲ့အချိန်လဲဖြစ်ပါတယ်။

 

▪️လုပ်ငန်းစဉ်ပိုင်းစဉ်းစားချက်

အထက်မှာတင်ပြခဲ့တဲ့social media influencerတွေ ရဲ့အရေးပါမှုတွေကို တစ်စစလျှော့ချပြီးပြတ်ပြတ်သားသားဖျက်ချနိုင်မှသာ ၎င်းတို့အပေါ် လူထုနဲ့ တောိလှန်ရေးအင်အားစုတွေက ပြန်လည်ထိန်းကျောင်းနိုင်စွမ်းရှိလာလိမ့်မယ်လို့မြင်မိပါတယ်။ ရန်ပုံငွေရှာဖွေခြင်းဆိုင်ရာလုပ်ငန်းရပ်တွေမှာ project အကြီးတွေရဲ့ တာဝန်ခံနေရာ(ထောက်ပံ့ငွေလက်ခံခြင်းနဲ့ထောက်ပံ့ငွေပို့ဆောင်ပေးခြင်းကြားခံလုပ်ကိုင်သူ) အစား promoterပုံစံနဲ့သာထားရှိသင့်ပြီး အဲ့ဒီကနေမှ အခြားလုပ်ငန်းစဉ်ပိုင်းတွေကိုထပ်တိုးဆောင်ရွက်ရင်း ဒီလိုလုပ်ငန်းစဉ်တွေအားကောင်းလာတာနဲ့အမျှsocial media influencer တွေအပေါ် ပြန်လည်ထိန်းကျောင်းလာနိုင်ပြီး လူထုအသိပညာပေးလုပ်ငန်းပိုင်း တွေမှာ influencer တွေရဲ့အားကိုမှန်ကန်စွာအသုံးချနိုင်မယ်ဆိုရင် တကာ်အကျိုးဖြစ်ထွန်းမှုတွေရှိနိုင်တယ်လို့မြင်မ်ိပါတယ်။

အဓိကကတော့ တော်လှန်ရေးအခင်းအကျင်း တခွင်တပြင်ကိုပါ တွဲမြင်‌ ပေါင်းစပ်ပြီး စဉ်းစားအဖြေရှာချမှတ်ရမဲ့လုပ်ငန်းဗျူဟာမျိုးချမှတ်သငိ့ပြီး အဖွဲ့လိုက်တပိုင်တနိုင်စမဲ့အခင်းအကျင်းမျိူးကနေချဉ်းကပ်သင့်တယ်လို့ယူဆမိပါတယ်။

 

Reply
1 Reply
Nemo
 Nemo
Admin
(@nemo)
Joined: 3 years ago

Posts: 14

@jeff သုံးသပ်သွားတာကောင်းပါတယ်။ Social influencer တိုင်းက အတိမ်အနက်မရှိတဲ့စကားတွေပြောနေတာလားဆိုတာတော့ ပြန်စဉ်းစားဖို့လိုပါမယ်။ ဒီလိုစကားတွေပြောနေတဲ့သူတွေကိုလည်း ဘာလို့ထောက်ခံသူတွေများပြီး နာမည်ကြီးနေတာလည်းဆိုတာလည်း စဉ်းစားစရာပါပဲ။ Popularism နဲ့ critical thinking အားနည်းတဲ့ လူ့အဖွဲ့အစည်းကြောင့်လို့ ကောက်ချက်ဆွဲနိုင်ပါတယ်။ ဒါဆိုရင် တကယ်နိုင်ငံရေးနားလည်ပြီး အမျှော်အမြင်ရှိတဲ့သူတွေရော social influencer တွေဖြစ်မလာနိုင်ဘူးလား? အမှန်တရားကိုပြပြီးစည်းရုံးဖို့က လူကြိုက်များအောင်ပြောတာထက် ပိုခက်နေတာလား? လက်ရှိ social influencer တွေကို နိုင်ငံရေး၊ တော်လှန်ရေးသဘောတရားတွေသင်ပေးဖို့ရော မဖြစ်နိုင်ဘူးလား။

Social influencer နဲ့ fundraiser နဲ့ရောနေတာကလည်း ပြဿနာရဲ့အစိတ်အပိုင်းဖြစ်နိုင်ပါတယ်။ Fundraiser တွေကအရေးပါတာမှန်ပေမယ့် တော်လှန်ရေးလမ်းကြောင်းကိုထိန်းကျောင်းနေတဲ့ ပဲ့ကိုင်ရှင်တွေတော့မဖြစ်သင့်ပါဘူး။ 

Reply