ပြည်သူတွေ သွေးအေးသွ...
 
Notifications
Clear all

ပြည်သူတွေ သွေးအေးသွားပြီလား။

3 Posts
3 Users
2 Reactions
321 Views
ရဲထက်
Posts: 3
Topic starter
(@yehtet)
Joined: 3 years ago

တော်လှန်ရေးနှစ်နှစ်တာကာလရှိတဲ့အချိန်မှာ  လမ်းပေါ်လူထုလှုပ်ရှားမှုတွေရဲ့ အရှိန်အဟုန်က နည်းပါးလာပါတယ်။ 

ဘုရားသွား ရုံးတက်သူ ၊  ဈေးဝယ်ထွက်သူ ၊ ကျောင်းတက်သူ စသဖြင့် နေ့စဉ်အလုပ်ကိစ္စတွေကို လည်ပတ်လာရတဲ့အခါ ပြည်သူတွေ တော်လှန်ရေးနဲ့ ကင်းကွာသွားပြီလားလို့ မေးခွန်းထုတ်လာပါတယ်။ 

ဒါကြောင့် မိမိတို့ပါတ်ဝန်းကျင်က ပြည်သူတွေရဲ့ စိတ်အခြေအနေက ဘာဖြစ်မလဲ။ ဘယ်လိုမျိုး အခက်အခဲဖိအားတွေကို ရင်ဆိုင်ရုန်းကန်နေရလဲ။ ဘယ်လိုမျိုး အပြောင်းအလဲတွေကို ဖြစ်လာဖို့ မျှော်မှန်းလဲဆိုတာကို ဆွေးနွေးပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 

2 Replies
Posts: 2
(@mee-nge)
Joined: 2 years ago
  1. အဖမ်းအဆီးများလို့ လမ်း​ပေါ်ထွက် ဆန္ဒပြတာနည်းလာတာလဲပါ ပါတယ် တချို့ကလည်း အများအမြင်မှာ ဘာမှ မဖြစ်သလို ဟန်​ဆောင်ပြီး ​နေ​နေကြတဲ့သူလည်းရှိနိုင်ပါတယ် ​နောက်ကွယ်က​နေ ​မည်သူမျှ မရိပ်မိ​အောင်အ​ပေါ်ယံ ဟန်​ဆောင်ပြီး ​နေပြမျှ ​နောက်ကွယ်က​နေ ​ကောင်း​ကောင်း ​ထောက်ပံ့နိုင်​အောင်လို့လဲဖြစ်နိုင်​ချေ ရှိပါတယ် ​အများစုက စကစ ကိုလုံးဝမကြိုက်ဘူး လူရယ်လို့ဖြစ်လာတယ် လူ့အခွင့်အ​ရေးဘာမှ မရှိတဲ့ တိုင်းပြည်မှာ အများစု မတတ်သာလို့ ​နေသာသလို ​နေ​နေကြရတာပါ ​ဦး​နေဝင်း လက်ထက်က ​မွေးဖွားလာတဲ့ အသက်အရွယ်ပိုင်းက လူအများစုဟာ ကြောက်ရွံ့စိတ်နဲ့ ​စိုးရိမ်စိတ်​တွေနဲ့ ​မျက်စိပိတ်နားပိတ် နေကြရတာပါ မဖွံ့ဖြိုးခဲ့ဘူး တိုင်းတပါးကို ပညာသင်ဖို့အတွက်လည်း အရာရာကို ခက်ခဲ​အောင် လုပ်ထားခဲ့ကြတယ် ပတ်စ်ပို့၊ မှတ်ပုံတင်ကအစ​ပေါ့  အခု​ခေတ် အသက်အရွယ်က က​လေး​တွေက မျက်စိပွင့်နားပွင့်နဲ့ social media ​တွေလဲ​ကောင်း​တော့ ​ပြောသမျှ မယုံကြ​တော့ဘူး လက်​တွေ့ကြမှ လက်ခံလာကြတယ် ဘာသာ​ရေးလဲ အယုံအကြည်နည်းလာကြတယ် 
  2. အခုအ​ခြေအ​နေအရ လူကြီးပိုင်းတချို့က​တော့ အသက်အရွယ်အရ တရားအားထုတ်တာ​တွေ ပိုများလာပြီး ​မေတ္တာပို့တာမျိုးပဲ လုပ်နိုင်ကြ​တော့တယ် စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုရှိပါတယ် စကစကို မကြိုက်ကြဘူး စစ်​ရှောင်ကြရတာလဲပါပါတယ် ကိုယ့်အိမ်နဲ့ကို ​ကောင်း​ကောင်းမ​နေကြရဘူး စစ်​ရှောင်ရင်း မကျန်းမာဖြစ် ​ဆေးခန်းပြဖို့ အဆင်မ​ပြေ ဖြစ်ပြီး ဆုံးပါးသွားကြတဲ့သူ​တွေ ​တော်​တော်များများရှိသလို ကိုယ်ကိုကိုယ် သတ်​သေသွားတာ​တွေလည်းရှိပါတယ်
  3. လူလတ်ပိုင်း​တွေမှကြ​တော့ ​စကစကို နောက်ကွယ်က​နေ နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်ကြသလို စကစနဲ့ အဆင်​ပြေကြတဲ့သူ့ တချို့ကလည်း စီးပွား​ရေးပို​ကောင်းပြီး ပိုချမ်းသာတဲ့သူ​တွေရှိကြပါတယ်
  4. လက်နက်ရှိမှ စကစကို အနိုင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်​နေတဲ့စိတ်ကို ​ဖျောက်ဖို့ အရင်ဦးဆုံး လုပ်ရမယ်ထင်ပါတယ် စစ်တပ် အုပ်ချုပ်မှုကလွတ်​အောင်အရင်ရုန်းထွက်နိုင်ဖို့ လုပ်မှ ရမယ်လို့ယူဆပါတယ် 
Reply
Posts: 2
(@dom-kat-dk)
Joined: 2 years ago

လက်နက်ကိုင်တော်လှန်ရေးတွေဟာ လူမျိုးစုလူမျိုးကြီးတို့ကြီးစိုးရာဒေသတွေမှာ အားကောင်းကောင်းနဲ့ စစ်ကောင်စီကို တိုက်ခတ်တွန်းလှန်နေကြတာတွေလည်း တွေ့ရမှာပါ။

လက်ရှိ multiculture လို့ခေါ်တဲ့ လူမျိုးစုံ၊ ဘာသာစုံ ‌နေထိုင်တဲ့ မြို့ပြတွေမှာတော့ အာဏာသိမ်းယူထားတဲ့စစ်တပ်ဟာ ခြေကုပ်ကောင်းကောင်ယူထားနိုင်သေးတယ်လို့ ဆိုရပါမယ် ။ မြို့ပြလှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအချို့နဲ့ အကြမ်းမဖက်တော်လှန်အံတုနေတဲ့ အဖွဲ့အစည်းအချို့ဟာ တော်လှန်ရေးစခ‌ဲ့တဲ့ တစ်နှစ်အတွင်းမှာတော့ အားကောင်းလာခဲ့ပေမယ့် စစ်တပ်ရဲ့ အသွင်ယူဖိနှိပ်မှုတွေ‌နဲ့ ယှဉ်ပြိုင်လှုပ်ရှားနေကြရပါတယ် ။

လက်နက်ကိုင်တော်လှန်ရေးကို ထိရောက်တဲ့တော်လှန်ရေးဖြစ်တယ်လို့ မြို့ပေါ်လူထု အမြင်ကပိုခိုင်လုံလာတာနဲ့တစ်ဆက်တည်း အချိန်တန်ရင် မြို့သိမ်းတိုက်ပွဲတွေဖြစ်လာမယ် ။ လက်ရှိတော့အဆင်ပြေနေစေဖို့ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားတွေအောက် ခဏတော့နေကြရမှာပဲဆိုတာမျိုးတွေဖြစ်လာတယ် ။ boycott လုပ်ထားတဲ့ပစ္စည်းတွေအမှတ်တံဆိပ်တွေကို မတတ်သာလို့ဝယ်ယူအားပေးကြတယ်ဆိုတာမျိုးတွေ ရှိလာတယ် ။ ဒီလိုရှိလာတာတွေဟာ လူထုအကြားတော်လှန်ရေးကို အားပျော့လာစေတဲ့အချက်တွေဖြစ်လာတယ် ။ 

ဒီအား‌ယုတ်လာမှုတွေကို ဖြေရှင်းဖို့ မြေပြင်လှုပ်ရှားသူတွေ၊ အကြမ်းမဖက်ဆန္ဒထုတ်ဖော်သူတွေ ၊ သတင်းစကား‌ပါးသူတွေဟာ ပိုမိုခိုင်မာတဲ့ချိတ်ဆက်မှုမျိုးလိုအပ်နေပြီး ။လူထုကြားထဲပျံ့နှံ့နေတဲ့ မျှော်လင့်ချက်အမှားတွေကို လျော့နည်းသထက်နည်းလာအောင် ၊ လူထုခံစားနေရတဲ့ဒုက္ခဟာ ဝဋ်ကြွေးတွေပါဆိုတဲ့အတွေးနည်းလာဖို့၊ စစ်ကောင်စီထောက်တိုင်တွေကို အားပေးနေတာတွေ နည်းလာဖို့ လှုံ့ဆော်မှုတွေ ၊ ပြစ်ဒဏ်ပေးမှုတွေ ပိုမိုလိုအပ်တယ်လို့မြင်ပါတယ် 

Reply