သွေးကြွေးမှာ ဆွေးနွ...
 
Notifications
Clear all

သွေးကြွေးမှာ ဆွေးနွေးစရာရှိသလား

2 Posts
2 Users
3 Reactions
1,017 Views
Nemo
Posts: 14
 Nemo
Admin
Topic starter
(@nemo)
Joined: 3 years ago

တော်လှန်ရေးသမားတွေအနေနဲ့ စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ဖြစ်နိုင်မလား၊ ဆွေးနွေးခြင်း၊ မဆွေးနွေးခြင်းရဲ့နောက်ကွယ်က ကောင်းကျိုး၊ ဆိုးကျိုးနဲ့ သတိထားရမယ့်အချက်တွေကို "သွေးကြွေးမှာ ဆွေးနွေးစရာမရှိ ကြွေးကြော်သံကို ကန့်ကွက်ပါသည်" ဆိုတဲ့ခေါင်းစဉ်နဲ့ သြဂုတ်လအတွင်းက Facebook page မှာတင်ခဲ့ပါတယ်။ ဝိုင်းဝန်းဆွေးနွေးဝေဖန်ကြသူတွေလည်း အများကြီးရှိခဲ့ပါတယ်။

အဲ့ဒီ့ဆောင်းပါးကို ဒီမှာဖတ်နိုင်ပါတယ်။

https://freedomfightermm.org/my/2021/08/negotiations-or-not/

Facebook post link

 

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။ စဉ်းစားဖို့ကောင်းတဲ့အချက်တချို့ကို အောက်မှာဥပမာပေးထားပါတယ်။

  • တော်လှန်ရေးက ဆွေးနွေးပွဲနဲ့ အဆုံးသတ်နိုင်မလား။
  • ဆွေးနွေးတာက အပေးအယူလုပ်တာနဲ့တူသလား။
  • ဆွေးနွေးနိုင်တဲ့အနေအထားရောက်ဖို့ ဘာတွေလိုအပ်သလဲ၊ ဘာတွေပြင်ဆင်ရမလဲ၊ ဘာတွေသတိထားရမလဲ။

1 Reply
Posts: 1
(@athame)
Joined: 1 year ago

ကျတော့် အနေနဲ့ ကြွေးကြော်သံက လက်တွေ့ကျစရာ လိုမလို၊ ကြွေးကြော်သံတိုင်းက ဦးတည်ချက် ပန်းတိုင်ဖြစ်သင့် မဖြစ်သင့်ဆိုတာကိုတော့ မဆွေးနွေးတော့ပါဘူး။ ရှည်သွားမှာ မို့ပါ။ 

ကျတော့် အနေနဲ့ ‌"သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ" ဆိုတဲ့ ကြွေးကြော်သံဟာ လူတွေစိတ်ကို တက်ကြွစေတဲ့ ကြွေးကြော်သံ၊ နောက် တော်လှန်လိုစိတ် ဖြစ်ပေါ်စေအောင် လှုံ့ဆော်ပေးတဲ့ ကြွေးကြော်သံမို့ ကန့်ကွက်စရာ မရှိဘူး လို့ ထင်ပါတယ်။ 

ဒါပေမယ့် ဒီကြွေးကြာ် သံထဲကလို ကျတော်တို့ဟာ စေ့စပ် ဆွေးနွေးရေး၊ ညှိနှိုင်းရေး၊ အားလုံးအဆင် ပြေနိူင်မယ့်အ ခြေအနေတခုကို ဝိုင်းဝန်းအဖြေရှာခြင်း မလုပ်ကြဘူးဆိုရင် တော့ တော်လှန်ရေးဟာ ဘယ်တော့မှ ပြီးမှာ မဟုတ်ပါဘူး။ 

ကျတော်တို့ တော်လှန်ရေးထဲမှာ ဆုံးရှုံးမှု တွေကို မ ‌‌‌ကျေနပ်တဲ့ စိတ်တွေ၊လက်စား ချေလိုတဲ့ စိတ်တွေကို ပဒါနထားပြီး ပါဝင် နေသူတွေ ရှိကောင်းရှိနိုင်ပမယ့် အများစုကတော့ ကျတော်တို့ နိုင်ငံနဲ့ လူ့အသိုင်းအဝိုင်းကို ရုပ်ဝတ္ထုအရကော အတွေးအခေါ်

အရပါ ခေတ်မှီ တိုးတက်ပြီး၊ နိုင်ငံသားတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မျှမျှတတ ရရှိစေမယ့် နိုင်ငံ လူ့အဖွဲ့အစည်းဖြစ်လာစေဖို့ လို့ယုံကြည်ပါတယ်။  တော်လှန်ရေး ရဲ့ အဓိက ရည်ရွယ်ချက်ကိုက တိုးတက်တဲ့ အပြောင်းအလဲ ဖြစ်လာ စေဖို့ ဖြစ်ပါတယ်။

အင်အားသုံး ဖြေရှင်းခြင်း မပြုတာ (အားကြီးသူ၊ ငွေရှိသူ၊ ခွန်အားကြီးသူ တွေကို ခွန်အား၊ ငွေကြေးတွေနဲ့ ဖြေရှင်းခွင့်မပေးတာ) ဟာ ဒီမိုက ရေစီ စနစ်ရဲ့ အနှစ်သာရ တခု (ဒါမှမဟုတ်) ဒီမိုက ရေစီ စနစ်ကို ကျင့်သုံးရတဲ့ အကြောင်းရင်း တခုလဲ ဖြစ်ပါတယ်။ အခြားသူ တွေရဲ့ သဘော ဆန္ဒတွေ မပါဝင်ဘဲ တဖတ်သတ် ဆုံးဖြတ်ချက်ချလို့မရအောင် ၊ အစုအဖွဲ့ တခုရဲ့ ဆုံးဖြတ်ချက် တွေက အခြားအစု ဒါမှမဟုတ် လူတဦးတယာက်ရဲ့ အခွင့်အရေး တွေကို ဖိနှိပ်ချိုးဖျက် ခြင်း မရှိအောင် တိုးတက်တဲ့ ဒီမိုက ရေစီ စနစ်တွေမှာ ယန္တရား လုပ်နည်းလုပ်ဟန်တွေ အဆင့်ဆင့် ချမှတ်ထားကြပါတယ်။ 

ဒီထဲမှာအခြခံ အကျဆုံး ပဋိပက္ခဖြေရှင်းခြင်း ယန္တယားကတော့ တွေ့ဆုံဆွးနွေး အဖြေရှာခြင်းဘဲ ဖြစိပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး၊ အဖွဲ့ တဖွဲ့နဲ့ တဖွဲ့ ပြသနာတွရှိလာခဲ့ရင် အင်အားမသုံးဘဲ အကောင်းဆုံး အဖြေရှာနိုင်တဲ့ နည်းဟာ ရိုးရိုးသားသား လူအများရှ့မှာ တွေ့ဆုံ ဆွေးနွေး အဖြေရှာကြခြင်းသာ ဖြစ်ပါတယ်။ 

လက်နက်ဟာ တချိန်တနေရာမှာ အသုံးဝင်ကောင်း ဝင်ပါလိမ့်မယ်။ အင်အားကြီးပြီး ဉာဏ်ရည်နိမ့်တဲ့ ရန်သူဟာ တွေ့ဆုံဆွးနွေးရေးကို စိတ်မဝင်စားတာ၊ ဒါမှမဟုတ် စားပွဲဝိုင်းပါ်မှာ အသာစီးရချင်တာကြာင့် လက်နက်နဲ့ အင်အားကို အသုံးပြု ခြိမ်းခြောက်တိုက်ခိုက်တာတွေ၊ ဆွေးနွေးပွဲ ကတိကဝတ်တွ စာချုပ်သဘာတူညီချက်တွေကို အင်အားသုံး ဖောက်ဖျက်တာတွ ကျူးလွန်နိုင်ပါတယ်။ 

ကျတော်တို့ ခုတော်လှန်ရေးပါ်ပေါက် လာရတာဟာလဲ ရန်သူ စစ်တပ် ကာချုပ်မင်းအာင်လှိုင်ဟာ အခြေခံဥပဒေအရ ကော၊ ပြည်သူတွေရဲ့ ရွေးချယ်မှု ပဋိဉာိဉ်ကိုပါ ဖောက်ဖျက်ပြီး နိုင်ငံခါင်းဆောင်တွကို ဖမ်းဆီး အကျဉ်းချ၊ စစ်ကောင်စီကို ဖွဲ့စည်းပြီး နိုင်ငံကို မတရားအုပ်ချုပ်ဖို့ ကြိုးပမ်း လာတဲ့ အတွက် ပြည်သူတွေရဲ့ ဆန္ဒပြတာင်းဆိုမှုတွ ဖြစ်လာပြီး၊ ဒီလို ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို လစ်လျူရှုခဲ့တဲ့ အပြင် ငြိမ်းချမ်းစွာ ဆန္ဒပြတာင်းဆိုတာတွေကို သေနတ်နဲ့ ပစ်၊ ရိုက်နှက်ဖမ်းဆီး အကြမ်းဖက်ခဲ့လို့ ၊ စစ်အာဏာသိမ်းအစိုးရကို အကူအညီမပေးချင်လို့ သပိတ်မှာက် ဆန္ဒပြခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ဖမ်းဆီးအရေးယူ အပြစ်ပးဖို့ ကြိုးစားလာခဲ့လို့ ၊ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ အခွင့်အလန်းအများကြီးရှိနေ ပါလျက်နဲ့ ငါတို့က စစ်တပ် ဆိုတဲ့မာန်၊ လက်နက်အားကိုးမာန်နဲ့ လက်နက်မဲ့ ပြည်သူတွေကို မတရား လုပ်ချင်လုပ်လို့ရတယ်ဆိုတဲ့ စိတ်နဲ့ အကြမ်းဖက်ခဲ့လို့ ကျတော်တို့ နိုင်ငံက လူထုလူတန်းစား အသီးသီးဟာ ကိူယ့်ကိူယ်ကို ခုခံကာကွယ်ဖို့အတွက် အကြမ်းဖက် စစ်ကောင်စီရန်က ကာကွယ်ဖို့ အတွက် လက်နက်ကိုင်ခဲ့ရတယ်။ 

ဒီလို တနိုင်ငံလုံး မြို့တိုင်း မြို့တိုင်းမှာ လက်နက်မဲ့ ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်၊ ညှမ်းပမ်းနှိပ်စက် စစ်ဆေးပြီး သတ်ဖြတ်ချင်တိုင်း သတ်ဖြတ် အာဏာရှင်စစ်တပ်ဟာ လက်နက်အားကိုးနဲ့ ထင်ရာစိုင်းနေတဲ့ အချိန်မှာ "သွေးကြွေးမှာ ဆွေးနွေးစရာ မရှိဘူး" ဆိုတဲ့ ကြွေးကြော်သံတွေ ထွက်လာတာဟာ အချိန်အခါ အခြေအနေနဲ့သင့်တင့်မှု ရှိတယ်လို့ ဲဲထင်ပါတယ်။  စစ်အာဏာရှင် ဖက်မှာ ရိုးသားစွာ စေ့စပ်ဆွးနွေး လိုစိတ် လုံးဝမရှိဘဲ အင်အားအပေါ် ယုံကြည်မှု လွန်ကဲပြီး ထင်တိုင်းကြဲလို့ရတယ်လို့ ယုံကြည်နတဲ့ အချိန်၊ သူနဲ့ ဆန့်ကျင်သူမှန် သမျှကို သုတ်သင်ရှင်းလင်း နှုတ်ပိတ်နတဲ့ အချိန် ဆွေးနွေးမယ်လို့ ကြွေးကြော်ခြင်းဟာ အဓိပ္ပါယ်မဲ့ခြင်း ၊ ဒါမှမဟုတ်ရင် အာဏာရှင်အလိုကျ လိုက်ကခြင်းသာ ဖြစ်နိုင်ပါတယ်။ ယခု အချိန်ထိလဲ စစ်အာဏာရှင်ဟာ ဆွေးနွေးဖို့ လမ်းဖွင့်ထားခြင်း မရှိသေးပါဘူး။

ဒီလို လက်နက်အင်အားနဲ့ စစ်အာဏာကိုသာ ယုံကြည်ရူးသွပ် နေသူ စစ်အာဏာရှင်ကို ညှိနှိုင်းဆွေးနွေးဖို့ လမ်းကြောင်းရှာ နေခြင်းက "‌‌‌ဆွေးနွေးရန် မရှိ" ဟူသော လမ်းစဉ်ကဲ့သို့ ဝေဝါး အဓိပ္ပါယ်မဲ့ပါတယ်။ ကျတော်တို့ ယုံကြည်တဲ့ ညှိနှိုင်းဆွေးနွေးမှု ဟူသည်မှာ နှစ်ဖက်သော ဆွေးနွေးဖက်များ လွတ်လပ်၍ အကာအကွယ်နှင့် လုံခြုံမှု တန်းတူရသော အခြေအနေမျိုး၊ နှစ်ဖက်ယုံကြည်စိတ်ချရသာ ကြားနအဖွဲ့အစည်းများ ပါဝင်၍ ဆွေးနွေးပွဲရလဒ်များကို ပြည်သူကို အသိပေးနိုင်သာ၊ ဆွေးနွေးပွဲတွင် ညှိနှိုင်းဆွေးနွေးပြီးနောက် သဘောတူလက်ခံမှုများကို အာမခံနိုင်မည့် ယန္တယား လုပ်ထုံးလုပ်နည်းရှိမည့် ဆွေးနွေးပွဲများ ဖြစ်သည်။ ကျတော်တို့ ယခု အခြေအနေဖြင့် ၎င်းဆွေးနွေးပွဲများကား အလွန်ဝးကွာ လှသောအခြအန တွေ ရှိအုံးမည် ဖြစ်သည်။ 

ကျတော်တို့သည် စစ်‌‌အာဏာရှင်၏ လက်နက်နှင့် အင်အားကို မလျော့ချနိုင်သ၍ ကျတော်တို့ လက်နက်နှင့် အင်အားကို တိုးချဲ့ နေရမည် ဖြစ်သည်။ စစ်အာဏာရှင်ကို နိုင်ငံတကာက ဝိုင်းပါယ်ခြင်းမခံရ မခြင်း ကျတော်တို့၏ နိုင်ငံတကာ ဆက်ဆံရးကို တိုးတက်တည်ဆာက်ရမည်။ 

စစ်ကောင်စီကို ထိပ်တိုက်ရင်ဆိုင် မဖြုတ်ချနိုင်သေးပါက တိုင်းရင်းသားတို့၏ လွတ်မြောက်ရေးကို ကူညီပေးရမည်။ ကျတော်တို့ နှင့် ကျတော်တို့၏ မိတ်ဆွေများ၏ အင်အားသည် စစ်အာဏာရှင်ကို ခြိမ်းခြောက်နိုင်စွမ်းရှိသည့် အခါ ကျတော်တို့သည် စားပွဲဝိုင်းနှင့် ညှိနှိုင်းရေးများကို စဉ်းစားနိုင်မည် ဖြစ်သည်။ စားပွဲဝိုင်းနှင့် ကတိကဝတ်များကို မယုံကြည်သူ၊ ဂရုမစိုက်သူများ၏ အင်အားကို ချိုးနှိမ်ပြီးမှသာ ကျတော်တို့သည် ညှိနှိုင်းဆွေးနွေးရေးများ ဆီသို့ ပြန်ဦးတည်နိုင်မည်ဖြစ်သည်။ ကတိကဝတ် ဖောက်ဖျက်တတ်သူများ၏ အင်အားထက် ဒိုင်လုပ်သူများ၊ ကတိကဝတ် သဘောတူညီချက်ကို ယုံကြည်မြတ်နိုးသူများ၏ အားက သာလွန်မှသာလျင် ၊ စာချုပ်နှင့်၊ သဘောတူညီချက်များ အလုပ်ဖြစ်မည်ဖြစ်သည်။ 

အခိုက်အတန့်အားဖြင့် ‌"သွေးကြွေးတွင် ဆွေးနွေးရန် မရှိ" ဟူသော ကြွးကြော်သံများကား တော်လှန်သော ပြည်သူတို့ကို စိတ်အားထက်သန် နေစေလိမ့်မည် ဖြစ်သည်။ မတရားမှု ဖိနှိပ်မှုများကို စိတ်ကုန်နေသော ၄င်း ပြည်သူအများစုမှာကား ကတိကဝတ်များကို ဂရုမစိုက်သာ စစ်အာဏာရှင် လက်ပါးစေများကို ခြေမှုန်း‌၍  သေနတ်‌ေပြာငိးကိုသာ အထင်ကြီးသော အာဏာရှင်များကို စားပွဲဝိုင်း အကြောင်း စဉ်းစားစေမည့်သူများ ဖြစ်သည်။ ၎င်း ပြည်သူများသည်ပင် စစ်သွေးကြွ အစွန်းရောက်များကို ဖယ်ရှားကြလိမ့်မည်။ 

 

မည်သို့ပင် ဖြစ်စေကာမူ တော်လှန်ရေးသည်ကား ညှိုနှိုင်းဆွေးနွေးမှုများ ဖြင့်သာ အဆုံးသတ်ရမည်ပင် ဖြစ်သည်။ 

Reply