အာဏာရှင်ဆိုရင် စစ်အ...
 
Notifications
Clear all

အာဏာရှင်ဆိုရင် စစ်အာဏာရှင်စနစ်တခုပဲရှိတာလား။ တခြားသော အာဏာရှင်စနစ် သို့မဟုတ် အာဏာရှင်စနစ်ကို အထောက်အကူဖြစ်စေတဲ့ အပြုအမှု၊ အတွေးအခေါ်တွေကို မြန်မာ့လူ့အဖွဲ့အစည်းမှာ တွေ့မြင်ရသလဲ။

3 Posts
3 Users
1 Reactions
494 Views
ရဲထက်
Posts: 3
Topic starter
(@yehtet)
Joined: 3 years ago

နွေဦးတော်လှန်ရေးမှာ အပြောများတဲ့စကားကတော့ တိုင်းပြည်မှာရှိသမျှ ပြဿနာတွေရဲ့ အရင်းခံက စစ်အာဏာရှင်စနစ်ဖြစ်ပြီး စစ်အာဏာာရှင်စနစ်ပြိုကျသွားတာနဲ့ ကောင်းမွန်တဲ့လူအဖွဲ့အစည်းကို တည်ဆောက်နိုင်မယ်လို့ လူအများက လက်ခံထားကြပါတယ်။ 

ဒီနေရာမှာ ထပ်ဖြည့်စဉ်းစားရတာက စစ်အာဏာရှင်စနစ်က သူ့ချည်းသက်သက်ပဲ စစ်တပ်အတွင်းမှာသာရှိသလားလို့ပါ။ ဘာသာရေးမှာဆိုရင် ဘုန်းတော်ကြီးအာဏာရှင်စနစ်၊ ပညာရေးဆိုရင် အလွတ်ကျက်အသေမှတ် စစ်ကျွန်ပညာရေး၊ စီးပွားရေးဆိုရင် ဂုတ်သွေးစုတ် ခရိုနီစီးပွားရေးစနစ်နဲ့ တခြားသော အာဏာရှင်စနစ်နဲ့ အာဏာရှင်စရိုက်တွေကို လူ့အဖွဲ့အစည်းတွေမှာ တခုနဲ့တခု အပြန်အလှန်အမှီသဟဲပြုနေကြတာကို မြင်နိုင်ပါတယ်။

ဒါကြောင့် မိမိတို့ရဲ့ ပါတ်ဝန်းကျင်မှာ အာဏာရှင်စနစ်တခုနဲ့တခုချိတ်ဆက်ပုံကို လေ့လာပြီးတော့ ဘယ်လိုမျိုး အားပြုနေကြလဲ၊ ဒါတွေကို ဘယ်လိုမျိုး လျော့နည်းသက်သာအောင် လုပ်ကြမလဲဆိုတာကို ဆွေးနွေးပေပါဦး

2 Replies
Posts: 2
(@mee-nge)
Joined: 2 years ago

အာဏာရှင်ဆိုတာ အောက်ခြေလူတန်းစားမှ အထက်ထိ အဆင့်ဆင့်ရှိနေတာပါ အဲဒါတွေကို အဆင့်ဆင့်ပြောင်းလဲဖို့လိုပါတယ်၊ ဥပမာအနေတဲ့ အောက်ခြေဆိုတာ ရပ်ကွက် ၁ခုကနေ ပြောရရင် တိုက်မှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး စသဖြင့်ရှိပါတယ် တချို့ တိုက်မှူး (ရန်ကုန်မြို့ကြီးနေရာ) က တာဝန်ယူမှု၊ တာဝန်ခံမှူ ရှိပြီး ကူညီစိတ်ရှိသော်လည်း အချို့တွေက အာဏာ ပါဝါပြချင်ကြပါတယ် လူ့အသိုင်းအဝန်းမှာ အောက်ခြေကနေ အဆင့်ဆင့် တာဝန်ပေးလိုက်ရင် တာဝန်ယူမှုဆိုတာထက် လုပ်ပိုင်ခွင့်ကို အကျိုးရှိရှိ အသုံးပြုဖို့ထက် အလွဲသုံးစား ပိုလုပ်ကြတာများလာပါတယ်

ဒါကို လူ့အသိုင်းအဝန်းက အစက လက်မခံကြသော်လည်း ကြာလာတော့ လက်ခံလာကြပါတယ် ရပ်ကွက်ရုံးမှာ ထောက်ခံစာ ယူဖို့၊ ရဲစခန်းထောက်ခံစာယူဖို့ဆို ပိုက်ဆံပေးမှ လုပ်ပေးတာမျိုးကိုလည်း ဆိုလိုချင်တာပါ ဒီလို အောက်ခြေမှာကအစ တာဝန်ယူပြီး လုပ်ပေးဖို့ထက် ပိုက်ဆံပေးမှ အလွယ်တကူလုပ်ပေးတာမျိုး များလာပါတယ် အဲဒါကနေ အစပြုပြီး လူ့အသိုင်းအဝိုင်းမှာ စေတနာနဲ့ အချင်းချင်း ရိုင်းပင်း ကူညီတာတွေ ပပျောက်လာပါတယ် တခုခုဆို အကျိုးမျှော်ကိုးပြီး လုပ်ပေးကြတာဟာ ယဉ်ကျေးမှု တခုလို ဖြစ်လာတယ် အဓိက ကိုယ်လိုအပ်တာ ရဖို့အတွက် ပိုက်ဆံပေးမှ ရတယ်ဆိုတဲ့အသိတွေ ဝင်လာကြတာပါ

တခါတလေ ပိုက်ဆံမပေးပဲ လုပ်ပေးလိုက်ရရင် မကြည်ဖြူတော့ဘူး ပါဝါပြချင်တယ် ဟိန်းဟောက်တာမျိုး လုပ်တာတွေ ရှိလာပါတယ်၊ ရင်းနှီးသူအသိုင်းအဝိုင်းမှာလည်း ပိုက်ဆံချမ်းသာသူနှင့် ပိုက်ဆံမရှိသူကြားမှာလည်း အာဏာပြချင်တာလည်း ရှိပါတယ် ပိုက်ဆံချမ်းသာတဲ့သူတွေ အများစုမှာ ကိုယ့်ထက် နိမ့်ကျတဲ့သူတွေကို နိမ့်ချအနိုင်ကျင့်တာ လူ့သဘာဝပဲဆိုပြီး လက်ခံကြတယ် အဓိကက ဗြမ္မာစိုရ်တရား လေးပါး ခေါင်းပါးလာကြတယ် အကြောင်းပြချက်ကတော့ ငွေကြေးကြောင့်လို့ ပြောကြပါတယ် 

ဘူတန်နိုင်ငံကို မရောက်ဖူးပေမဲ့ အာဏာရှင်စနစ် မရှိဘူးလို့ ပြောတာကြားဖူးပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တန်းတူညီမျှ အခွင့်အရေး ရကြတယ်၊ လူတန်းစားကွာဟချက် မရှိဘူး မြန်မာပြည်မှာ လူတန်းစား ၂ရပ်ပဲ ရှိတယ်လို့ ပြောလို့ရပါတယ် ချမ်းသားတာနဲ့ ဆင်းရဲတာပါ လူလတ်တန်းစား မရှိတော့ဘူး တိုင်းပြည်အခြေအနေကြောင့် စီးပွားရေး ပိုမိုကြပ်တည်းလာတာကြောင့်ပါ။ 

အာဏာရှင်စနစ် ပပျောက်ဖို့ထက် လျော့နည်းလာအောင် တန်းတူညီမျှ အခွင့်အရေး ပေးရမယ်၊ ကဏ္ဏာပေါင်းစုံမှာပြောတာပါ လူအသိုင်းအဝိုင်းမှာလည်း အခွင့်အရေးရတာကို အခွင့်အထူးခံ လူတန်းစားလိုမျိုး အခွင့်အရေးပို မယူရဘူး၊ မြန်မာပြည်မှာ လူတန်းစားညီမျှဖို့ လိုပါတယ်၊ မြန်မာပြည်မှာ မူဝါဒ အရင်ကတည်းကကောင်းတယ် လူတွေက မကောင်းတာပါလို့ ပြောနေကြတာပါ ရှိပြီးသားမူဝါဒတွေကို ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ဖို့ လိုအပ်ရင် ပြင်ကြပါ နောက်ဆုံးအနေနဲ့ ဥပဒေအထက်မှာ ဘယ်သူမှ မရှိမှ ဖြစ်မှာပါ (အရင်တုန်းက ဥပဒေကို ဆိုလိုတာပါ)

 

Reply
Posts: 2
(@dom-kat-dk)
Joined: 2 years ago

ခေတ်အဆက်ဆက် ချေးတက်နေတဲ့ဝါဒမှိုင်းတွေရယ် ၊ ကျောင်းတော်ဝါဒတွေနဲ့ ၊ ဘာသာရေးအခြေခံတဲ့ယဉ်ကျေးမှုတည်ဆောက်ပုံတွေကတော့ အာဏာရှင်စနစ်ကို ထောက်ပံ့ပေးတဲ့ ထောက်တိုင်တွေလို့ ဆိုရပါမယ်။  

ပြောချင်တာကတော့ အာဏာရှင်တွေရဲ့ပုံစံတွေက သီးခြားပုံနဲ့မဟုတ်ပဲ သူတို့လက်ကိုင်ထားတဲ့ အခင်းအကျင်းတွေဟာ တူညီနေတယ်လို့ပြောရမှာပါ ။ 

တိုင်းပြည်အာဏာယူထားသူဖြစ်ဖြစ် ၊ ဘာသာရေးမှာအာဏာသက်ရောက်သူဖြစ်စေ ၊ အိမ်ထောင်တစ်ခုမှာ ဦးစီးဆောင်ရွက်နေသူဖြစ်စေ ၎င်းတို့ရဲ့နေရာဟာ အခြားသူနဲ့မထိုက်တန်၊ အခြားလူနဲ့ အဆင်မပြေ ၊မိမိသာလျှင် အဆင်ပြေတယ် ။ မိမိလက်ခံထားသူကသာလျှင် အရိုက်အရာဆက်ခံခွင့်ရှိသလို ၊အရိုက်အရာဆက်ခံသူဟာ မိမိချထားတဲ့မူဘောင်အတိုင်းသာ တစ်သွေမတိမ်းလိုက်နာရမယ်ဆိုတဲ့ အတွေးရှိသူတွေဟာ အာဏာရှင်စိတ်ကို ၎င်းတို့အတင်းအကြပ်ရယူထားရတဲ့ ဝတ္တရားလို့ မြင်တတ်တာကို လေ့လာမိပါတယ် ။ နောက်ဆက်တွဲကတော့ ဖိနှပ်မှုပါ။ မိမိနဲ့ပုလဲနံပသင့်သူမဟုတ်ရင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာတွေမှာပါ ဖိနှပ်တတ်တဲ့အကျင့်ကို စတင်မွေးမြူလာတော့တာပါပဲ ။ ဒီလိုအာဏာရှင်‌ေတွကို နိုင်ငံရေးနယ်ပယ်မှာပါမဟုတ်ပဲ ၊ အိမ်ထောင်စုလယ်ဗယ်နဲ့ နောက်ဆုံး ပရဟိတအဖွဲ့အစည်းတွေမှာပါတွေ့ရတတ်ပါတယ်။  

အာဏာရှင်ဟာ သူတို့ချည်းပဲရပ်တည်နိုင်တာမဟုတ်ပါ ။ သူတို့နဲ့ အကျိုးတူဖြစ်မယ်၊ သူတို့ဆီက အကျိုးစီးပွားကိုရမယ်ဆိုတဲ့သူတွေရဲ့ အားပေးအားမြှောက်ပြုမှုတွေက အာဏာရှင်ကို ရပ်တည်စေနိုင်တာပါ။ တကယ်တမ်းတော့ အာဏာရှင်ဟာ အကျိုးစီးပွားမျှော်ကိုးပြီး တစ်ပါးသူကို မတိုးတက်စေချင်တဲ့ ဝိသမလောဘသားတို့ရဲ့ ရုပ်သေးရုပ်ဖြစ်နေတတ်တာကို ထဲထဲဝင်ဝင်လေ့လာကြည့်ရင်တွေ့နိုင်ပါတယ် ။ 

အာဏာရှင်ပြုတ်ကျဖို့ကတော့ အာဏာရှင်တွေရဲ့ ထောက်တိုင်တွေဖြစ်သူတွေကို အရင်ဖြိုလှဲရမှာပါ။ သူတို့ဟာ အာဏာရှင်လောက် မိုက်ရူးရဲမဆန်တာ ၊ မိမိအကျိုးစီးပွားထိခိုက်မှာကြောက်တာကြောင့် ဘက်ပြောင်းဖို့ဝန်မလေးတတ်သူတွေပါ ။ သူတို့ယိုင်နဲ့လာတာနဲ့အမျှ အာဏာရှင်နဲ့၎င်းတို့ကြား သံသယကြီးထွားလာပြီး အချင်းချင်းတိုက်ခိုက်လာကြမှာပါ။ ဒါဆို အာဏာရှင်ဟာ တစ်ဦးတည်းရပ်တည်လာရတော့မှာမို့ ကျဆုံးခန်းရောက်သွားမှာပါ ။ 

အထူးဂရုစိုက်ရမှာကတော့ အာဏာရှင်ကျဆုံးသွားပြီဆို စောနကပြောတဲ့ ဝိသမလောဘသမားတွေက သူတို့ရဲ့ရုပ်သေးရုပ်အာဏာရှင်အသစ်ကို မွေးမြူဖို့ကြိုးစားလာဦးမှာပါ။ ဒီမှာ အာဏာကိုအသစ်ပြန်လည်ရယူထားတဲ့သူတွေဟာ အာဏာရှင်မဖြစ်လာဖို့ ကိုယ်တိုင်ကပဲ ထိန်းကျောင်းရမှာပါ။  

အခုလိုဆွေးနွေးခွင့်ရတာ ကျေးဇူးတင်ပါတယ် ။

 

DK

(springmmdomkat)

Reply