Contribution to FFM
Freedom Fighter Myanmar (FFM) ကတော့ နွေဦးတော်လှန်ရေးက စတင်ပေါက်ဖွားခဲ့ပြီး ပြီးခဲ့တဲ့လေးနှစ်တလျှောက် အကြမ်းမဖက်လမ်းစဉ်နဲ့ပတ်သက်တဲ့ အယူအဆဆိုင်ရာ သင်တန်း၊ ဆွေးနွေးပွဲ၊ စကားဝိုင်း၊ စာအုပ်၊ မဂ္ဂဇင်းနှင့် သုံးသပ်ချက်များကို ထုတ်ဝေဖြန့်ဝေခဲ့ပါသည်။
အကြမ်းမဖက်လမ်းစဉ်သည် ပြည်သူများ ကိုယ်တိုင်ပါဝင်နိုင်ခြင်း၊ အသေအကြေ အထိအခိုက်နည်းခြင်း၊ ရေရှည်တည်တံ့သော အပြောင်းအလဲဖြစ်စေခြင်း၊ ဘေးထွက်ဆိုးကျိုးနည်းခြင်း၊ အာဏာရှင်အဖြစ် ဖောက်ပြန်နိုင်ခြေနည်းခြင်း ၊ ဒီမိုကရေစီဖြစ်ထွန်းစေခြင်း၊ ပြည်ပအင်အားကြီးနိုင်ငံများကို မှီခိုရမှုနည်းခြင်း စသည့် အားသာချက်များစွာရှိပြီး အချိန်ယူလုပ်ဆောင်ပါက လူ့အဖွဲ့အစည်းတိုးတက်မှုနဲ့ ငြိမ်းချမ်းမှုကို ဆောင်ချည်းပေးနိုင်မည်ဟု အာမခံနိုင်ပါသည်။
ထိုအားသာချက်များကို ပြည်သူများသိရှိနားလည်ပြီး လူထုလှုပ်ရှားမှုအရွေ့များ ဖော်ဆောင်နိုင်ရန် Freedom Fighter အနေဖြင့် ရှိရင်းစွဲလုပ်ဆောင်ချက်များကို တိုးချဲ့လုပ်ဆောင်ရန်နှင့် ခိုင်မာသော စုဖွဲ့မှုတည်ဆောက်ရန် ကြိုးပမ်းလျက်ရှိပါသည်။
ထိုကဲ့သို့ Freedom Fighter ၏ အယူအဆလမ်းစဉ်များကို ထောက်ခံပြီး ရှေ့ဆက်လုပ်ဆောင်ချက်များ အားကောင်းစွာလုပ်ဆောင်နိုင်ရန် ပံ့ပိုးလိုသူများကို ဖိတ်ခေါ်ကြိုဆိုပါသည်။ အောက်ပါဖောင်ကိုဖြည့်ထားပေးပါက ပြန်လည်ဆက်သွယ်ပေးပါမည်။
FFM အနေဖြင့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုကို အလေးအနက်တန်ဖိုးထားပြီး ရန်ပုံငွေရရှိမှုများနှင့် သုံးစွဲမှုများကို အများပြည်သူသိရှိစေရန် ထုတ်ပြန်ပါသည်။