Freedom Fighter အဖွဲ့သို့ ဆွေးနွေးလိုသည်များ၊ အကြံပြုချက်များရှိပါက အောက်ပါ Form ကိုဖြည့်ပြီး ဆက်သွယ်နိုင်ပါသည်။

We always welcome feedback and potential collaboration with anyone who shares the same vision with us.
If you have any question or comment, or if you just want to talk to us, please contact us using the form below.

Freedom Fighter အဖွဲ့ တော်လှန်ရေးလမ်းစဉ်မိတ်ဆက်

တော်လှန်ရေးလက်စွဲစာအုပ်ကို ဖတ်ရှုရန်

Freedom Fighter တော်လှန်ရေးလက်စွဲစာအုပ်တွင် အခန်း(၄)ခန်းပါရှိသည်။

ပထမအခန်းတွင် နွေဦးတော်လှန်ရေးအောင်ပွဲခံရန် မရှိမဖြစ်လိုအပ်သည့် လိုအပ်ချက်သုံးခုကို ဦးတည်ရေးသားထားသည်။ အတွေးအခေါ်အယူအဆတော်လှန်ရေး၊ အတိုက်အခံအင်အားစုများပေါင်းစည်းရေး၊ လက်နက်ကိုင်အဖွဲ့အစည်းများ ပြည်သူ့ထိန်းချုပ်မှုအောက်တွင်ရှိရေး (Civilian Control of the military) တို့ဖြစ်သည်။ ထို့အချက်များရရှိရန် မလွဲမသွေဖြတ်သန်းရမည့်အဆင့်မှာ ပြည်သူများ၏ အတွေးအခေါ်၊ ယဉ်ကျေးမှုပြောင်းလဲရန်ဖြစ်သည်။ ဤသည်မှာလည်း Freedom Fighter အဖွဲ့၏ ပင်မတော်လှန်ရေးရပ်တည်ချက်လည်းဖြစ်သည်။

ဒုတိယအခန်းတွင် Freedom Fighter ၏ တော်လှန်ရေးလမ်းစဉ်ကို ချပြထားသည်။ ဒီမိုကရေစီ၊ ဖက်ဒရယ်၊ ဘာသာရေးနှင့် တပ်မတော် ကဏ္ဍလေးရပ်လုံးကို ပြောင်းလဲပြုပြင်တည်ဆောက်ရန် ဖြစ်သည်။ တော်လှန်ရေး၏ အန္တမပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင်တပ်မတော်မှ ပြည့်သူတပ်မတော်သို့ပြောင်းလဲရာတွင် တခြားကဏ္ဍသုံးခုမှ ပါဝင်အားဖြည့်ရန် လိုအပ်သည့်အကြောင်းကို ရှင်းလင်းထားသည်။ အကြမ်းမဖက်တော်လှန်ရေး အောင်ပွဲခံရန် အစီအစဉ် ၊ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းနှင့် စည်းကမ်းလိုက်နာမှု ဤသုံးချက်တွင်မူတည်ကြောင်းလည်း အဆုံးသတ်တွင်ဖော်ပြထားသည်။

တတိယအခန်းတွင်မူ Freedom Fighter ၏ ကတိသစ္စာပြုချက် ကိုးချက်ကို ဖော်ပြထားသည်။ Freedom Fighter ကတိသစ္စာပြုချက်များသည် မည်သူမဆို ၊ မည်သည့်နေရာရောက်ရှိနေသည်ဖြစ်စေ ပါဝင်လုပ်ဆောင်နိုင်သည့် အချက်များဖြစ်သည်။ 

နောက်ဆုံးစတုတ္ထအခန်းတွင်မူ Freedom Fighter အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့်ပုံစံများကို ရှင်းလင်းထားသည်။ လူပုဂ္ဂိုလ်များအနေဖြင့် ပထမဆုံး Freedom Fighter ၏ ကတိသစ္စာပြုချက်ကို သဘောတူတိုင်တည်ပြီး စောင့်ကြည့်လေ့လာသူ -ယာယီအဖွဲ့ဝင်အဖြစ်ဝင်ရောက်ကာ Freedom Fighter ၏ အကြမ်းမဖက်တော်လှန်ရေးလမ်းစဉ်ကို လေ့လာနိုင်သည်။ထို့နောက် နိုင်ငံရေးရပ်တည်ချက်၊ ယုံကြည်ချက်၊ ပါဝင်လုပ်ဆောင်နိုင်စွမ်းပေါ်မူတည်၍ အရန်အဖွဲ့ဝင် ထို့မှတစ်ဆင့် အမာခံအဖွဲ့ဝင် (ကေဒါ)အဖြစ် အဆင့်ဆင့် ဝင်ရောက်နိုင်သည်။ အဖွဲ့အစည်းများအနေနှင့်လည်း Freedom Fighter နှင့်တပေါင်းတည်းဖြစ်စေ၊ မိတ်ဖက်ဖြစ်စေ အတူတကွလုပ်ကိုင်ရန် ကြိုဆိုသည့်အကြောင်းအရာများကို ရှင်းလင်းထားသည်။

တော်လှန်ရေးလက်စွဲစာအုပ်ကို ဖတ်ရှုရန်

တော်လှန်ရေးလက်စွဲစာအုပ်ကို ဖတ်ရှုပြီး Freedom Fighter လမ်းစဉ်များကို ပူးပေါင်းပါဝင်ရန် စိတ်ဝင်စားပါက ယာယီအဖွဲ့ဝင်(Observer) အဖြစ် အောက်ပါဖောင်တွင် ဝင်ရောက် လျှောက်ထားရန် ဖိတ်ခေါ်ပါသည်။