Contents

မအိသဉ္ဇာမောင်(07:06 to 08:32)

ဟုတ်ကဲ့ မင်္ဂလာပါရှင့်။ 

ကျွန်မက ပညာရေးဌာနက မဟုတ်တော့ အရမ်းတော့ ကျွမ်းကျွမ်းကျင်ကျင် ပြောတက်မှာ မဟုတ်ဘူး။ ဒါပေမယ့် Student ID မထုတ်ခင်တုန်းကလည်း အခြေခံပညာကျောင်းသားရေးရာအဖွဲ့ချုပ်နဲ့ ကျွန်မတို့ တိုင်ပင်ဆွေးနွေး ဖြစ်တာလေး တွေရှိတယ်။ ကျွန်မကတော့ သဘောကျပါတယ်။ 

ပြီးတော့ ဒီအိုင်ဒီယာကို ပြည်သူလူထုကို ကျွန်မတို့တင်ပြတဲ့အခါမှာလည်း တော်တော်များများက လက်ခံကြတယ်။ ကြိုဆိုကြတယ်။ စိတ်လည်းစိတ်၀င်စားတယ်။ စိတ်ပါ၀င်စားမှုနှုန်းလည်း မြင့်တယ်ပေါ့နော်။ တခြားကျောင်းသား သမဂ္ဂတွေ၊ အဖွဲ့အစည်းတွေ သူတို့သိပ်မလုပ်နိုင်သေးဘူး။ ဆိုတာက ဒီလိုအိုင်ဒီယာတွေ ထွက်မလာသေးဘူး။ ကျောင်းမတက်ဖို့ရယ်၊ Non-CDM တွေကို ဘယ်လိုအပြစ်ပေး အရေးယူမလဲဆိုတာတွေပဲ အဓိကထား စဥ်းစားနေကြတယ်ပေါ့။ 

ပြီးတော့ ဒီ CDM တွေကို card ပေးမယ်ဆိုတာကတော့ အခြေခံပညာကျောင်းသားရေးရာအဖွဲ့ချုပ်က ပထမဦးဆုံးပြောတဲ့ idea ဖြစ်မယ်တူတယ်။ ဒါကိုတိုင်ပင်ပြီးတော့ ပြည်သူတွေကိုပြောပြတဲ့အခါမှာလည်း တော်တော်များများက ကြိုဆိုကြပါတယ်။ အဓိကကတော့ ဘယ်အစီစဥ်ပဲလုပ်လုပ်ပေါ့နော်၊ တစ်ခြားသူတွေ အလွယ်တကူ လက်လှမ်းမှီနိုင်မယ့်၊ ပါ၀င်နိုင်မယ့် အစီစဥ်တွေဆိုရင်တော့ ကောင်းတာပေါ့။ တော်တော်များများ ပါ၀င်နိုင်လိမ့်မယ်လိုတော့ ကျွန်မထင်ပါတယ်။ 

ကိုဝေယံစိုး(08 : 54 to 13: 48)

ဟုတ် မင်္ဂလာပါခင်ဗျာ။ တက်ရောက်လာတဲ့ အမျိုးသမီးလူငယ်နဲ့ ကလေးရေးရာ၀န်ကြီးဋ္ဌာနက ဒေါ်အိသဉ္ဇာမောင်နဲ့ တကွ တစ်ခြားကျောင်းသားကျောင်းသူတွေ အားလုံးမင်္ဂလာပါခင်ဗျာ။ ကျွန်တော်ကတော့ ဝေယံစိုးပါ။ လက်ရှိ CDM လုပ်ထားတဲ့ မူလတန်းပြ ကျောင်းဆရာတစ်ဦးပါ။ ထား၀ယ်ခရိုင်အတွင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်နေတဲ့တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်ပါတယ်။ 

ဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးရမယ်ဆိုရင်တော့ ကျွန်တော့်အမြင်ကတော့ မထုတ်သင့်ဘူးပေါ့နော်။ ဘာကြောင့်မထုတ်သင့်တာလဲဆိုရင် ကျွန်တော့်မှာ အကြောင်းပြချက်တွေအများကြီး ရှိပါတယ်။ 

တကယ်တမ်း ကိုရဲထက်လာပြီး ဖိတ်တဲ့အချိန်မှာ အစတုံးကတော့ ဒီကိစ္စကိုသိပ်ပြီး လက်လှမ်းမမှီသေးဘူး။ အဲ့ဘက်ကိုသိပ်ပြီးမလေ့လာဖြစ်ဘူး။ မလေ့လာဖြစ်ဘူးဆိုတာက ကျွန်တော့်မှာလည်းဒီဘက်မှာ တခြားဆိုင်ရာ ဆိုင်ရာ ကိစ္စလေးတွေ ရှိတော့လေ။ ကိုရဲထက်လာဖိတ်တော့ အခြေခံပညာ ကျောင်းသားရေးရာ အဖွဲ့ချုပ်ရဲ့ Page ကို ကျွန်တော်၀င်ပြီး လေ့လာဖြစ်တယ်။ CDM ID ကိစ္စနဲ့ပတ်သက်ပြီး လေ့လာတယ်။ ကျွန်တော့်အနေနဲ့ပြောရရင် အစမှာပြောထားသလိုပဲ မထုတ်သင့်ဘူးပေါ့လေ။ 

ဘာလိုမထုတ်သင့်ဘူးလို့ ပြောတာလဲဆိုရင် အဓိကကတော့ အခြေခံပညာကျောင်းသားရေးရာအဖွဲ့ချုပ်က လုပ်နေတဲ့ ဒီ ID cardနဲ့ပတ်သက်ပြီး ပြည်သူတွေကိုချပြတဲ့ အပိုင်းတွေမှာ ကျွန်တော်ကတော့ process အရတော့ ထောက်ခံတယ်။ သို့ပေသော်ငြားလည်း ကျွန်တော်တို့ဟာ ရေရှည်ကိုပြန်ပြီးတော့တွေးတဲ့အခါမှာ နောင်တစ်ချိန်မှာ ဒီ CDM ကျောင်းသားတွေက Non-CDM ကျောင်းသားတွေထက် အခွင့်အရေးတွေပိုပြီးတော့ ရမယ်ဆိုတဲ့အပိုင်းကို သိပ်ပြီးတော့ သဘောမကျဘူး။ 

ကျွန်တော်တို့က ဒီလိုလုပ်တယ်ဆိုတာက ကျွန်တော်တို့ရဲ့ရည်ရွယ်ချက် ကျွန်တော့်အနေနဲ့ ပြောရရင်တော့ Code တွေကောက်ပြီး ကျောင်းသားရေးရာအဖွဲ့ချုပ်ကနေပြီးတော့ သိမ်းထားမယ်ဆိုရင်လည်း ရတယ်ပေါ့။ အဲ့လိုမျိုး ပညာရေး၀န်ကြီးဋ္ဌာနနဲ့ တရား၀င် လုပ်နေမယ့်အစား ကိုယ့်ဟာကိုယ်လုပ်ပြီး အဖွဲ့ချုပ်မှာ သိမ်းထားလို့ ရတယ် ပေါ့လေ။ ကျောင်းသားရေးရာအဖွဲ့ချုပ်ကပြောတယ်၊ ဘာလဲဆိုရင် လက်လှမ်းမမှီတဲ့ ကျောင်းသားတွေကို ဘယ်လိုမျိုးလုပ်ပြီး ကောက်မယ်ဆိုပြီး ပြောထားတာတွေလည်း ရှိတယ်။ 

ဒါဟာ process အရတော့ မှန်တယ်။ သို့ပေသော်ငြားလည်း ကျွန်တော်တို့ဟာ ရေရှည်မှာ ပြန်ပြီးတွေးတဲ့အခါမှာ CDM ကျောင်းသားတွေ၊ Non-CDM ကျောင်းသားတွေဆိုပြီး ခွဲခြားပြီး သွားနေမှာလားပေါ့။ တကယ်လို့ သွားမယ်ဆိုရင် ကြားကာလမှာ တခြားပြဿနာတွေ မဖြစ်လာနိုင်ဘူးလားပေါ့။ အဲ့ဒီ့ပြဿနာတွေရဲ့ စိန်ခေါ်မှုတွေကို ကျွန်တော်တို့ ဘယ်လိုမျိုး ဖြေရှင်းကြမလဲ။ နောက်တစ်ခုရှိတာက ကျွန်တော်မြင်တာကတော့ အဲ့လိုမျိုးခွဲခြားနေတာထက် ကျွန်တော်တို့ပညာရေး၀န်ကြီးဋ္ဌာနနဲ့ ကျောင်းသားရေးရာအဖွဲ့ချုပ်နဲ့ ပေါင်းပြီးတော့–

ဒါကကျွန်တော်မြင်တာကြတော့ CDM၊ Non-CDM ဆိုပြီး ကျောင်းသားတွေကိစ္စက ဘယ်လိုမျိုးဖြစ်လဲဆိုတော့ ဒါက ID ကိစ္စကတစ်ပိုင်း၊ နောက်တစ်ခုက Institution ပေါ့လေ။ ကျွန်တော်တို့က အခုစစ်အစိုးရနဲ့ ကျွန်တော်တို့အစိုးရကြားမှာ ပညာရေးအပိုင်းမှာ ပြန်ကြည့်ရင် စစ်အစိုးရက ပညာရေး Institution ရှိသလို ကျွန်တော်တို့အစိုးရမှာလည်း ပညာရေး Institution ရှိတယ်။ အဲဒီ့ institution ၂ခုရဲ့ အပြိုင်ပြဿနာကြားမှာ ကျွန်တော်တို့ကကျောင်းသားတွေကို ဘယ်လိုမျိုး ပြည်သူ့အစိုးရဘက် ပါလာအောင်၊ ပြည်သူ့အစိုးရရဲ့ ပညာရေး policy တွေကို ထောက်ခံလာအောင် ကျွန်တော်တို့ ဘယ်လိုမျိုး စည်းရုံးသိမ်းသွင်းကြမလဲဆိုတာကို လုပ်မယ်ဆိုရင်တော့ ပိုကောင်းမယ်လို့ ယူဆတယ်။ ပြီးတော့ CDM၊ Non-CDM ခွဲခြားတာမျိုးမလုပ်ပဲ ကြားကာလမှာ ရေရှည်သွားတဲ့အခါမှာရော Non-CDM ကျောင်းသားတွေကိုစည်းရုံးရမယ်။ လှုံဆော်ရမယ်။ ဘာလို့ဆိုရင် ကလေးတွေဟာ ကြားထဲမှာ နိုင်ငံရေးရဲ့အသုံးချခံ မဖြစ်သွားစေဖို့ ကျွန်တော်ကတော့ မျှော်မှန်းတယ်။ 

နောက်တစ်ခုက အမြဲစည်းရုံးနေရမယ်။ ကျောင်းသားအဖွဲ့အစည်း တွေကနေပြီး ကျောင်းသားတွေကို ဘယ်လောက် အတိုင်းအတာထိပဲ စည်းရုံးမယ်၊ ဘယ်လောက်အတိုင်းအတာထိပဲ လှုံဆော်ရမယ်ဆိုတဲ့ ဟာကိုတော့ ခေါင်းထဲမှာ မထည့်ထားစေချင်ဘူး။ ကျွန်တော်တို့ဟာ ကျောင်းသားတွေကို အမြဲစည်းရုံးနေရမယ်လို အကြံပေးချင်တယ်။ 

ဆွေးနွေးသွားတာကို ပြန်ပြီးချုပ်ရမယ်ဆိုရင်- ပထမတစ်ပိုင်းကတော့ မလုပ်သင့်ဘူးပေါ့။ နောက်တစ်ခုက လုပ်တဲ့အချိန်မှာ ရေရှည်မှာ အခွင့်အရေးပိုရမယ်ဆိုတဲ့ ပြဿနာတစ်ခုရယ်၊ နောက်တစ်ခုက Institution ပြဿနာတွေကြားထဲ၊ လွန်ဆွဲတဲ့ကြားထဲမှာ ကျောင်းသားတွေကို ဘယ်လိုမျိုး ကိုယ့်ဘက်ပါအောင် စည်းရုံးမလဲဆိုတဲ့အပိုင်းတွေ ဆွေးနွေးသွားတာပေါ့။ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ 

ကိုရာဇာမျိုး (14 :16 to 18:05)

ဟုတ်ကဲ့ မင်္ဂလာပါ။ ကျွန်တော်ကတော့ ကိုရာဇာမျိုးဖြစ်ပါတယ်။ အခြေခံပညာကျောင်းသားရေးရာအဖွဲ့ချုပ်ရဲ့  ဥက္ကဌလည်းဖြစ်ပါတယ်။ 

ကျွန်တော်တို့ ခုပြောသွားတဲ့ ပထမပိုင်းမှာဆိုရင် ကျောင်းသားထုရဲ့ CDM ကျောင်းသားနဲ့ Non-CDM ကျောင်းသား ကွဲပြားရေးဆိုပြီး ရည်ရွယ်ချက်မှာပါပြီး ဖြစ်ပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ ကျွန်တော်တို့တွေ အကြိမ်ကြိမ် Non-CDM ကျောင်းသားတွေကို စည်းရုံးခဲ့တယ်။ စည်းရုံးတဲ့အချိန်မှာ ကျွန်တော်တို့တွေ သူတို့နဲ့ အနီးစပ်ဆုံးဖြစ်အောင် ကျောင်းတွေအထိပါ ချဥ်းကပ်ခဲ့တယ်။ ကျောင်းတွေအထိ ချဥ်းကပ်ခဲ့တဲ့အတွက် ကျွန်တော်တို့ဘက်က အမှုဆောင်တွေကိုယ်တိုင်တောင် ဒုက္ခရောက်ခဲ့တဲ့အထိ အခြေနေတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီ့တော့ ကျွန်တော်တို့ ကလည်း အခုချိန် CDM ID ထုတ်လိုက်ခြင်းအားဖြင့် ကျောင်းသားတွေကို စည်းလုံးမှုကွဲပြားအောင် လုပ်တာလည်းမဟုတ်ဘူး။ အခုထိလည်း စည်းရုံးနေတယ်။ 

အခုချိန်မှာ ကျွန်တော်တို့က Non-CDM၊ CDM ကျောင်းသားတွေ ခွဲပြလိုက်ခြင်းအားဖြင့် CDM ကျောင်းသားတွေဟာ ရေနစ်နေတဲ့အချိန်မှာ ကောက်ရိုးတစ်မျှင်ဟာလည်း သူတို့အတွက် အားထားရာတစ်ခုပဲ။ ဒီလိုဖြစ်တဲ့အတွက် CDM လုပ်နေတဲ့ကျောင်းသားတွေကို အားပေးဖို့လိုတယ်။ ထောက်ခံဖို့လိုတယ်။ အခုချိန်မှာ စစ်ကောင်စီကျောင်းမှာ သွားတက်နေတဲ့သူတွေက မိဘဖိအားကြောင့်ပဲ တက်တက် ဘယ်လိုကြောင့်ပဲတက်တက် သူတို့နောက်မှာ ကာကွယ်ပေးမယ့်သူ အပြည့်အ၀ရှိတယ်။ ကျွန်တော်တို့ဘက်မှာတော့ လက်ရှိတော်လှန်ရေးကာလဖြစ်တဲ့အတွက် အစိုးရဘက်ကလည်း ထွေထွေထူးထူး မြေပြင်အထိ လိုက်ပြီးကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒီ့အတွက် ဒါဟာ သူတို့အနေနဲ့ မျှော်လင့်ချက်တစ်ခုဖြစ်တယ်။ CDM လုပ်နေတဲ့ ကျောင်းသားတွေအတွက်ပေါ့။ အဓိကကတော့ ဒါကိုပဲရည်ရွယ်တယ်။ 

ကျွန်တော်တို့ ဟိုဖက်တစ်ဖက်က Non-CDM တွေကို ဘာမှလည်းလုပ်မှာ မဟုတ်ဘူး။ အပြစ်လည်းပေးမှာ မဟုတ်ဘူး။ အရေးယူမှာလည်း မဟုတ်ဘူး။ ဒါ ကျွန်တော်တို့ရဲ့ မူမှာကတည်းက ချထားပြီးသားပေါ့။ အဓိကက ကွဲပြားအောင်ပဲလုပ်တာ။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ပညာရေးဌာနရဲ့ ပြည်ထောင်စု၀န်ကြီးနဲ့လည်း ညှိနှိင်းပြီးပြီ။ ပညာရေးဌာနက တာ၀န်ရှိသူတွေနဲ့လည်း ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးတယ်။ ကျွန်တော်တို့ကတော့ နိုင်ငံတော်အစိုးရ အနေနဲ့လုပ်တာ မဟုတ်ဘူးပေါ့။ ဒါကတော့ ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ NUG အစိုးရကတောင်းခံတဲ့ သဘောမျိုးမဟုတ်ဘူး။ ဒါပေမယ့် NUG ဘက်က မအိသဉ္ဇာမောင်တို့၊ ပညာရေး၀န်ကြီး ဒေါက်တာဇော်ဝေစိုးတို့ ကိုယ်တိုင်ကရော ဒါကိုထောက်ခံကြိုဆိုပါတယ်။ 

အဲ့တော့ ကျွန်တော်တို့ ဒါနဲ့ပတ်သက်ပြီး ID တွေကို စထုတ်ပြီဆိုရင် လက်လှမ်းမမှီတဲ့ ကလေးတွေ၊ ဒါပြီးပြီဆိုရင်လည်း အချို့အခုကျောင်းတက်နေသေးတယ်၊ ကျွန်တော်တို့ဘက်ကိုပါအောင် စည်းရုံးပါလားဆိုတာ– အဲ့ဒါကို အဖွဲ့အစည်းပေါင်းစုံက လုပ်ပါတယ်။ ကျွန်တော်တို့လည်း လက်ရှိလုပ်နေတယ်။ NUG လည်း လုပ်တယ်။ ကျောင်းသားအင်အားစု အသီးသီးကလည်း လုပ်တယ်။ 

ဒါပေမယ့် အောင်မြင်သင့်သလောက် အောင်မြင်လားဆိုတော့ အရမ်းကြီးအောင်မြင်တာတော့ မရှိဘူး။ ကျွန်တော်တို့ နာမည်ပျက်စာရင်း social punishment စာရင်း ကြေငြာလိုက်လည်း ဘာတွေထူးမှာလဲ။ ဘာမှမထူးပါဘူး။ ကျွန်တော်တို့လုပ်လာခဲ့တာပဲ တော်လှန်ရေးတစ်နှစ် ကျော်လာပြီ။ ကျောင်းသားတွေ အခုဆိုကျောင်းတွေတောင် ပြန်တက်လာကြတာတွေ များစွာတွေ့ရတယ်။ စည်းရုံးရေးဟာ အထိုက်အလျောက် ကောင်းနေပေမယ့် တစ်ခါတစ်လေကျရင် လူဆိုတာ ပေးကမ်းမှုတစ်ခုပြန်ပေးမှ တစ်ခုပြန်ရမယ်ဆိုတဲ့ သဘောမျိုးပဲ။ ကျွန်တော်တို့လက်ရှိမှာ “ လာခဲ့ကွာ၊ မင်းတို့ကို ဒီလိုစည်းရုံးမယ်၊ လိုက်ခဲ့” လို့ပြောတိုင်းလည်း ပါချင်မှပါမှာလေ။ 

ပြီးတော့ ကျွန်တော်တို့က အဓိကကတော့ ကျောင်းသား Non-CDM၊ CDM ကွဲပြားရေးကတော့ လုံး၀ဦးတည်တယ်။ ဘာဖြစ်လို့လဲဆိုရင် လက်ရှိ တော်လှန်ရေးကာလအပြီးမှာရော တော်လှန်ရေးကာလမှာရော အထူးသဖြင့် တော်လှန်ရေးအပြီး ကာလမှာပေါ့။ ဒါပေမယ့် ဒါတွေကိုပြန်ကြည့်ရင် လူ့အခွင့်အရေးတွေ၊ International Laws တွေနဲ့သွားကိုက်နေမယ်လို့ ယူဆတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အစိုးရအနေနဲ့ လုပ်လိုမရဘူး။ 

ဒါပေမယ့် ပြည်သူလုပ်လိုရတယ်။ ဥပမာပေးရရင် ဆိုင်တွေမှာဆိုရင် ပြည်သူကဖွင့်တဲ့ဆိုင်ပေါ့၊ ပြည်သူကြိုက်သလိုလုပ်လို့ရတဲ့ ဆိုင်တွေမှာ CDM ကျောင်းသားပဲရောင်းမယ်ဆိုပြီး စာကပ်ထားရင် ဘာတတ်နိုင်မလဲ၊ လူ့အခွင့်အရေးလည်း ဘာမှပြောလို့မရဘူး။ ဒါကတော့ ပြည်သူကနေပဲ ဆုံးဖြတ်သွားမှာပဲ ဖြစ်တယ်။  ဒီအပေါ်မှာ ကျွန်တော်တို့ အာမခံချက်တစ်ခုအနေနဲ့ CDM ID ကို ထုတ်ပေးခြင်း ဖြစ်ပါတယ်။

အဲ့ဒီ့တော့ ကျွန်တော်ပြောချင်တာက ခုနကဆရာပြောသွားသလိုပဲ ကျောင်းသားအခွင့်အရေးတွေကို မကွဲပြားစေဘူး။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ကွဲပြားမယ်။ ဘာလို့ဆို ကျွန်တော်တို့ CDM လုပ်နေတဲ့ ကျောင်းသားတွေ အားလုံးဟာ ဒီ IDမှာပါ၀င်ခွင့်ရှိတာပဲ။ မိဘဖိအားကြောင့် တက်နေတဲ့ သူတွေကိုလည်း တစ်မျိုးတစ်ဖုံ စဥ်းစားပါမယ်။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။  

Justin (18:21 to 20:47)

ကျွန်တော့်အမြင်ကတော့ ကျောင်းသားတွေကို Student ID ထုတ်သင့်မထုတ်သင့်နဲ့ ပတ်သက်ပြီး ကျွန်တော်ကတော့ ထုတ်သင့်တယ်လို့ မြင်တယ်။ ဘာလို့လဲဆိုရင် ဒါကလေ CDM လုပ်တဲ့ ကျောင်းသားတွေအတွက် အင်မတန်အရေးကြီးတယ်။ သူတို့အတွက် မျှော်လင့်ချက်ပေါ့။ CDM လုပ်တဲ့ တစ်ချို့တွေ အားငယ်နေတာတွေရှိတယ်။ “ သူတို့ကျ ကျောင်းတက်နေတယ်၊ ငါတို့ကမတက်ဘူး” အဲ့လိုမျိုး စိတ်ဓာတ်ကျတာမျိုးတွေလည်း ရှိတယ်။ ဆိုတော့ ဒါဟာ သူတို့အတွက် တစ်ခုထဲသော မျှော်လင့်ချက်ပါ။ 

ခုနကအစ်ကို ဆွေးနွေးသွားသလိုပဲ ဒါက NUG က ခိုင်းတာမဟုတ်ဘူးနော်။ ဒါက ကျွန်တော်တို့က အရင်ဆုံး လုပ်မယ်ဆိုရင် ပြည်သူ့ထောက်ခံမှုကို ကောက်တယ်။ ဇန်နဝါရီ  ၂၄ ရက်နေ့က စစ်တမ်းကောက်တယ်။ အဲ့တော့ တော်တော်များများက သဘောကျထောက်ခံတယ်ပေါ့။ 

ထောက်ခံတယ်၊ တော်တော်များများကလက်ခံပြီ ဆိုတော့ နောက်တစ်ဆင့်ကို ဆက်တက်တယ်။ ဒါကတော့ CDM လုပ်နေတဲ့ ကျောင်းသားတွေရဲ့ ထုတည်က တော်တော်လေးအရေးပါတယ်။ မျှော်လင့်ချက်တစ်ခုပေါ့။ ဒီခေတ်က တော်တော်များများက ဝေဖန်တာလည်း ရှိတယ်။ “ Card ကြီးကိုင်ပြီးသွားမှာလား။ ဒါမှမဟုတ် ဘယ်လိုကြီးလဲ။ လုံခြုံရေးအရကော။” တော်တော်များများကတော့ ဝေဖန်တာတွေလည်း ရှိတယ်။ ဒီလိုမျိုးဝေဖန်တာကလေ တော်တော်ကို အ.က.ရ ဘက်ကလည်း သေသေချာချာ ရှင်းလင်းထားတာတွေလည်း ရှိတယ်။ 

ပြီးတော့ card ကြီးကိုင်ပြီး သွားမှာလားဆိုတာ ဒီ card က အရေးကြီးတယ်ဆိုတာ ကျွန်တော့်အထင်ပေါ့။ ကျွန်တော်ကတော့ private က။ ဒါပေမယ့် အစိုးရဘက်ကနဲ့တော့ အဆက်စပ်မရှိဘူး။ ခုမှအဆက်ဆံရှိတာပေါ့။ ဒါပေမယ့်လည်း ဒီ ID cardပေါ်မှာ အားပေးတယ်ပေါ့။ CDM ကျောင်းသားတွေအတွက် ဒါဟာ တော်တော်ကိုပဲ အားတက်စေတယ်။ သူတို့အတွက်အားရှိစေတယ်။ CDM လုပ်ရကျိုးနပ်တယ်ပေါ့။ ဒီ card က ဥပမာ ကားလက်မှတ်တစ်စောင်လိုမျိုးပေါ့ဗျာ။ လက်မှတ်ရှိတဲ့သူက ကားစီးလို့ရတယ်။ မရှိတဲ့သူက စီးလိုမရဘူးပေါ့။ ဒီလိုမျိုးအခွင့်အရေးတွေ ရှိလာမယ်လိုလည်း ထင်တယ်။ 

ခြုံငုံပြောရရင်တော့ ဒီ Student CDM ID card က တော်တော်များများ ကျောင်းသားတွေကလည်း လက်ခံကြတာတွေ ရှိတယ်။ တစ်ချို့တွေကတော့ အမျိုးမျိုး ဝေဖန်နေကြတာတွေလည်း ရှိတယ်။ ကျွန်တော်တို့ ကတော့ ဒီ ID card ကို အဆင်ပြေအောင်လို့တော့ ထုတ်ရမယ်ပေါ့။ ကလေးတွေအတွက် ID card လေးရအောင်လို့၊ အောင်မြင်အောင်လို့တော့ ထုတ်ပေးဖိုအတွက် နောက်ကနေ Support ပေးမယ်လို့ ပြောချင်ပါတယ်။ ID cardနဲ့ပတ်သက်ပြီးတော့ပေါ့။ ကျေးဇူးပါပဲ။ 

ကိုမင်းရတု (21:31 to 25:50)

ဟုတ်ကဲ့ မင်္ဂလာပါ။

ခုနက အကိုဝေယံစိုး ပြောသွားတာလေး တစ်ချက်မေးချင်လိုပါ။ ကျွန်တော်တို့အရှေ့မှာလည်း ကျွန်တော်တို့ဥက္ကဌ ပြောပြီးသွားပါပြီ။ Non-CDM တွေကိုစည်းရုံးဖို့ဆိုတာ။ ကျွန်တော်တို့ Non-CDM တွေကို စည်းရုံးလာခဲ့တာဆိုရင် အရင်တုန်းကဆို SP List ထုတ်ရင်တောင် မိဘဖိအားပေးခံရတဲ့လူတွေကို black list ထဲက ထုတ်ပေးခဲ့ပါတယ်။ အဲ့လောက်ထိ လုပ်ခဲ့တယ်။ 

ဒါပေမယ့် ကျွန်တော်တို့ ဘယ်လိုမျိုးတွေပြန်ရခဲ့လဲဆိုတော့ ပြည်သူတွေကလဲဒီကလေးတွေကို ကောင်းကောင်း SP မလုပ်နိုင်ဘူး။ အဲ့ဒီ့လိုမလုပ်နိုင်တဲ့အပြင်ကို သူတို့ကလည်းအဲ့ဒါတွေကိုသိတယ်။ သူတို့ Non-CDM ကျောင်းသားတွေကိုလည်း အစိုးရကလည်းထိထိရောက်ရောက် အရေးမယူနိုင်ဘူး။ ပြည်သူတွေကလည်း သူတို့ကို SP ထိရောက်အောင် မလုပ်နိုင်ဘူးဆိုတာ သိတဲ့အတွက်ကြောင့် ကျွန်တော်တို့ကိုတောင် ပြန်ပြီး တစ်မျိုးတစ်ဖုံပေါ့နော်။ မင်းတို့က ငါတို့နာမည်စာရင်းတွေတင်တယ်ဆိုပြီး တရားတွဘာတွေပြန်ဆွဲမယ်၊ တိုင်မယ်တွေ ဘာတွေ။ ပြီးရင် SP List တင်တဲ့အောက်မှာဆိုရင်လည်း တော်တော်များများကတော့သိကြမှာပါ။ အဲ့လို Post အောက်တွေဆို ၀င်ဆဲထားကြတာတွေပေါ့။ ငါတို့က ဘာလုပ်ရမှာလဲတွေ၊ ဘာတွေ အဲ့လိုအခြေနေ ဖြစ်နေတာပေါ့ အများစုက။ ကိုယ့်ကိုကိုယ် Non-CDMကျောင်းသားပါဆိုပြီး အပြစ်ရှိသလို ခံစားနေရတဲ့ ကျောင်းသားဟာ ဆယ်ယောက်မှာ နှစ်ယောက်လောက်ပဲ ပါတယ်ပေါ့။ 

အခု ကျွန်တော်ထပ်ပြောချင်တာက တော်လှန်ရေးဟာ တစ်နှစ်ကျော်သွားပြီ။ ကျွန်တော်တို့စည်းရုံးလာခဲ့တာ၊ ထပ်လည်းစည်းရုံးသွားဦးမှာပါ။ တကယ်လို့ ကျွန်တော်တို့ဒီဟာကို မထုတ်ဘူးဆိုရင် CDM ကျောင်းသားတွေ အတွက်ကရော အခွင့်အရေးတွေက ဘယ်လိုလုပ်မလဲပေါ့နော်။ 

အခု ဒီကာလက ကြားကာလ၊ စကစကို မုန်းပေမယ့် ၀န်ခံရမှာပေါ့။ ဒါကတော့သူတို့ဆီမှာ Authority အပြည့်ရှိတယ်။ ဘာကြောင့် ကျောင်းတွေတက်နေလဲဆိုတော့ သူတို့ဆီက စာမေးပွဲကိုဖြေချင်လို့။ ဒီအတန်း တစ်တန်း ပြီးချင်လိုပေါ့။ အဲ့ဒါ အခုတောင် သူတို့သွားတက်နေကြပြီ။ ဒီတော်လှန်ရေးက တစ်နှစ်ကြာပြီ။ ဒါပေမယ့် ဘယ်လောက်ကြာဦးမလဲဆိုတာ ဒီထဲကလူတွေလည်း တစ်ယောက်မှ မခန့်မှန်းနိုင်ဘူး။ တကယ်လို့ ကြာလာလေလေ Non-CDM ဦးရေများလာမယ်ပေါ့။ ဘယ်လိုကိုင်တွယ်ဖို့ ဆုံးဖြတ်ထားလဲဗျ။ အဲ့ဒါတစ်ခု မေးချင်တယ်။ တကယ်လို့ အဲ့လို Non-CDM တွေများလာပြီ၊ CDM တွေ နည်းလာပြီဆို ရင်နည်းလာတဲ့ CDM တွေက အဖိနှိပ်ခံ ပြန်ဖြစ်သွားမှာပေါ့။ အခြေအနေကပြောင်းပြန်ဖြစ်သွားနိုင်တယ်။

အဲလိုမျိုး အခြေနေထိမရောက်အောင် ကျွန်တော်တို့က အခုချိန်ကစပြီးတော့– အခုတောင် နည်းနည်းသိသာလာပြီ Non-CDM စာရင်းတွေက အရင်က မတက်ဘူးပြောတဲ့သူတွေတောင် သွားတက်နေကြပြီ။ တစ်ချို့က မိဘဖိအားပေးလို့တက်တာမှန်ပေမယ့် အခုတော်တော်များများက တော်လှန်ရေးတစ်နှစ်ကြာပြီ၊ နောက် ဘယ်လောက်ကြာဦးမလဲ မသိဘူး။ ငါတို့ရဲ့ရှေ့ရေးက ဘယ်လိုလာမလဲမသိဘူး။ အဲ့ဆိုဆိုပြီး သူတို့ရဲ့ခံယူချက်နဲ့ ကိုယ်တိုင်သွားတက်ပြီး စာမေးပွဲဖြေဖို့ ပြင်ဆင်နေကြတဲ့သူတွေလည်း ရှိတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ရဲ့ မျက်မြင်ကိုယ်တွေ့ပေါ့နော်။ အဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့က CDM တွေကို ဒီတိုင်းပဲ ထားလိုက်ကြတော့ မှာလား။ အဲ့ဒါကြောင့်မို့လို့လည်း ကျွန်တော်က ဒီအစီစဥ်ကို လုပ်ရခြင်းဖြစ်ပါတယ်။ 

ပြီးတော့ နောက်တစ်ခုက ကျွန်တော်တို့ ဒီတော်လှန်ရေး ပြီးသွားတဲ့အချိန်မှာ Non-CDM နဲ့ CDM ကို ကွဲကွဲပြားပြားမလုပ်ဘူး၊ ဒီတိုင်းပဲထားမယ်ဆိုရင် ဒီတော်လှန်ရေးမှာ CDM လုပ်ခဲ့တဲ့ ကျောင်းသားတွေကို ဘယ်သူက အသိမှတ်ပြုမှာလဲ။ ဒါကတော့ အသိမှတ်ပြုစရာမလိုဘူး၊ ကျောင်းသားဟာနိုင်ငံရေးလုပ်မယ်ဆိုတာ နားလည်ပေမယ့် ဒါကတော့ သူတို့လုပ်ထားခဲ့တာကို အသိအမှတ်ပြုထိုက်ခံသင့်တယ်လို့ မထင်ဘူးလားပေါ့။ တကယ်လိုသာ အဲ့လိုမဟုတ်ခဲ့ဘူးဆိုရင် အချိန်တွေကြာလာတာနဲ့အမျှ ကျောင်းသားတွေအကုန်လုံး Non-CDM ပြန်ဖြစ်သွားပြီး စစ်ကောင်စီရဲ့ယန္တရားလည်း ကောင်းကောင်းလည်ပတ်သွားမယ်။ တော်လှန်ရေးတစ်ခုမှာ အဓိကကျတဲ့နေရာတစ်ခုမှာ ကျောင်းသားတွေလည်းပါတယ်။ အဲ့ဒါကြောင့်မို့လို့ ဒီယန္တရားကြီးကို ခုချိန်မှာ Non-CDM ဘက်မှာ ရာခိုင်နှုန်းက များသထက်များနေပြီပေါ့။ အဲ့လိုများသထက်မများလာအောင် ရတဲ့အချိန်မှာ လှမ်းထိန်းနေတာဖြစ်ပါတယ်။ 

အဲ့ဒါကြောင့်မို့လို့ တစ်ခုထပ်ပြီး မစိုးရိမ်ခိုင်းစေချင်တာက ကျွန်တော်တို့ ဒီ Non-CDM ကို ဖိနှိပ်တာလည်းမဟုတ်ဘူး။ အရေးယူမှာလည်းမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ဒီတော်လှန်ရေးမှာ တစ်ဖက်တစ်လမ်း က ပါ၀င်ပေးနေတဲ့ ဒီ CDM ကျောင်းသားတွေကို ကျွန်တော်တို့က အသိအမှတ်ပြုပေးပြီးတော့ နောင်တစ်ချိန်မှာ အခွင့်အရေးတွေပေးမယ်။ အခွင့်အရေးတွေ ပေးမယ်ဆိုတဲ့နေရာမှာလည်း ကျွန်တော်တို့က လုပ်ပေးလိုမရသလို အစိုးရကလည်းဖန်တီးပေးလို့မရဘူး။ ဒါကတော့ ပြည်သူတွေနဲ့ပဲဆိုင်တယ်။ ပြည်သူတွေက သူတို့ရဲ့ စားသောက်ဆိုင် ဒါမှမဟုတ်တစ်ခုခုမှာ CDM ကျောင်းသားများသာပေး၀င်သည်တို့ CDMကျောင်းသားများ သာ Discount ချပေးမည်တို့ လုပ်ထားရင် ကျွန်တော်တို့လည်းတားလိုမရဘူး။ အဲ့ဒါကျတော့ ပြည်သူနဲ့ပဲ ဆိုင်သွားပြီ။ အဲ့ဒါတွေ ဖြစ်လာအောင်လည်း ကျွန်တော်တို့က နောက်ပိုင်းကျရင် တိုက်တွန်းဖို့လည်း ရှိမယ်ပေါ့။

တကယ်လို့ အခုချိန်မှာ Non-CDM တွေကို စည်းရုံးပါလားလိုပြောရင်တော့ ဟုတ်ပါတယ် တော်လှန်ရေး ပြီးသွားရင်တော့ ဒီလိုမျိုးအခွင့်အရေးတွေလာမှာမို့လို့ အခုချက်ချင်းပဲ CDM ပြန်လုပ်ပါလို့ အဲ့လိုပဲတိုက်တွန်းမှ ရမယ်။ အဲ့ဒါက ပိုပြီးထိရောက်မယ်။ ဟိုလိုမျိုး ကျောင်းမတက်နဲ့ ကျောင်းထွက် ဘာညာက ကျွန်တော်တို့ အချိန်လွန်လာပြီပေါ့။ အခုချိန်မှာ အဲ့လောက်နဲ့တော့ မထိရောက်တော့ဘူးလို့ ထင်ပါတယ်။ အဲ့လိုမျိုးပြောတဲ့ Post အောက်မှာပါ ကျွန်တော်တို့ကို ၀င်ဆဲသွားမှာပေါ့နော်။ 

ဟုတ်ကဲ့ပါ အဲ့ဒါကြောင့်မို့လို့ ဒီ CDM ID ကတော့ ထုတ်သင့်တယ်လို့ ထင်ပါတယ်။ ဒီလောက်ပါပဲ။ ကျေးဇူးပါ။ 

ကိုစိုးမင်းထက် (26:06 to 29:33)

ဟယ်လို။ ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျာ။ ကျွန်တော်ကတော့ B.E.S.A.F Mon Division က တာ၀န်ခံတစ်ယောက်ပါ။ 

ဒါပေမယ့် ဒီနေ့ပြောမယ့် ID နဲ့ ပတ်သက်လိုကတော့ သာမာန်ကျောင်းသားအနေနဲ့ပဲ ပြောရမယ်ထင်ပါတယ်။ အဲ့တော့ခုပြောရရင် ခုနကပြောသွားတဲ့ ID ကအန္တရာယ်များတယ် မများဘူးဆိုတာ ID နေရာမှာ CDM ၀န်ထမ်းနဲ့ ကျောင်းသား မတူညီတာကို နည်းနည်းပြောချင်ပါတယ်။ ကျောင်းသားတွေ ကျောင်းမတက်ဖို့ဆိုတာ အင်မတန်မှ လွယ်ကူပါတယ်။ ကျန်းမာရေးအကြောင်းပြချက်အရဖြစ်စေ၊ ဒါမှမဟုတ် မိသားစုက နိုင်ငံခြားသွားဖိုတို့ ဒီလိုမျိုးဆင်ခြေတစ်ခုခုပြပြီး ထွက်လို့ရတယ်။ ဒါပေမယ့် ၀န်ထမ်းတွေမှာကျ မရဘူး။ အဲ့ဒါကို ပြန်ကြည့်ရင် ဒီလိုမျိုး ချက်ခြင်းကြီး တက်နေတာကို ရပ်ပြီးတော့ လုပ်လိုရတယ်။ ဒါပေမယ့် မလုပ်ဘူး။ 

အဲ့ဒါအပြင် ခုနက ကိုဝေယံစိုးလားမသိဘူး ပြောသွားတာက တက်တဲ့သူတွေကို စည်းရုံးပါလားဆိုပြီး–  တက်တဲ့လူတွေကိုစည်းရုံးတာကို နည်းမျိုးစုံလုပ်နေပါတယ်။ ဒါပေမယ့် သေချာပြန်ကြည့်ရင် စည်းရုံးတဲ့နေရာမှာ သူတို့အနေနဲ့လာပြောတဲ့သူတွေကို အန္တရာယ်ပေးဖို့ ပြန်ပြောတာတို့ နောက်ဘယ်လိုပဲဖြစ်နေပါစေ ဘယ်လိုအခြေအနေပဲဖြစ်နေပါစေ Personal Development အနေနဲ့ သင်ကိုသင်ရမယ်ဆိုတဲ့ဟာကို ခေါင်းထဲ စွဲပြီးတော့ ဆက်တက်နေကြတုန်းပါ။ 

ကျွန်တော်တို့ အခုဒီနေရာမှာတော့ ID က တစ်ခုကို role တင်ပြီး နောက်တစ်ခုကို role နှိမ့်လိုက်တဲ့ ပုံစံပေါ့။ ပြောရရင် Inequality ဖြစ်သွားနိုင်တယ်ပေါ့။ အကယ်၍ နောက်လမှာအတန်းတင်စာမေးပွဲကို သူတို့စစ်မယ်၊ ၀င်ဖြေလိုက်မယ်၊ ဂုဏ်ထူးတွေထွက်သွားမယ်၊ ပြီးရင် အတန်းတက်သွားမယ်။ အဲ့လိုဆိုရင် မတက်ပဲ နေကြတဲ့သူတွေရော ဘာဖြစ်သွားပြီလဲ။ မေးခွန်းတွေအများကြီး ထုတ်စရာတွေ ဖြစ်လာလိမ့်မယ်။ အခုလိုအချိန်မှာ မလုပ်ထားဘူးဆိုရင် သူတို့အနေနဲ့ ပြောရရင် အရှုံးမရှိပါဘူး။ အရှုံးမရှိဘူးဆိုတာ ၀င်ဖြေဖြေမဖြေဖြေ သူတို့အနေနဲ့သူတို့ဆက်သွားမှာပဲ။ ထွက်ထားတဲ့သူတွေကျတော့ ဘာ opportunity မှလည်း မရှိတော့ဘူး။ ကျောင်းကနေလည်း ထုတ်ပယ်ခံထားရတယ်။ နိုင်မှသာလျှင် ပြန်တက်ခွင့်ရမယ်။ ဒါပေမယ့် ဟိုဘက်ကကျ ရေလိုက်ငါးလိုက်ပေါ့။ အသာလေးပဲ ကပ်တိုးလေး ဆက်လိုက်သွားလိုရတယ်။ 

နောက်တစ်ခုက တက်တဲ့သူတွေဆီမှာ မိဘဖိအားပေးလိုတက်တဲ့သူရယ် ကိုယ့်ဟာကိုယ်တက်နေတဲ့သူဆိုပြီး နှစ်မျိုးရှိတယ်။ မိဘက တက်ဖို့ဖိအားပေးလို့ တက်နေကြတဲ့သူတွေထဲမှာ ကျွန်တော်တို့ရဲ့ အသိတွေတောင် ပါတယ်။ သူတို့အနေနဲ့ ဘယ်လိုတောင်လုပ်ဖိုကြံလဲဆိုရင် စာမေးပွဲဖြေတဲ့အခါမှာ ကျအောင်ဖြေခဲ့တဲ့သူတွေ အများကြီးရှိတယ်။ ဒါ သူ့တို့ရဲ့ ရင်ထဲကလာတဲ့ resistance စိတ်ဓါတ်ကို ပြတဲ့အနေနဲ့ ကျအောင်ဖြေခဲ့ပြီ။ 

ဒါပေမယ့် တစ်ဖက်မှာ ပြန်ကြည့်ပြန်တော့လည်း ကိုယ့်သဘောအရပြန်တက်နေတဲ့သူတွေက ၁၃မှတ်လောက်နဲ့ အအောင်ပေးတာရော၊ ၂၀ လောက်ထိ ရအောင်လုပ်တဲ့သူတွေ၊ စာသေချာကျက်တဲ့လူတွေ အဲ့လိုလူတွေကြရော ဘယ်လိုပြောကြမလဲ။ ဒါကကိုယ့်တစ်ဘို့ထဲ ကြည့်တဲ့သူတွေဖြစ်နေတာကြောင့်မို့ ဒီလိုမျိုးဖေဖော်ဝါရီ ၁ ရက်ထဲက လုပ်ခဲ့သမျှ အိမ်မက်တွေအကုန်လုံး ပျက်ဆီးသွားတာကြောင့်မို့လို့ နားနေရတဲ့ကျောင်းသားတွေက ဘာမှမလုပ်ဘဲနဲ့ ကျောင်းတွေမတက်ဘဲ နေနေတယ်။ သူတို့ကျတော့ Personal Development တွေလုပ်တယ်၊ အတန်းတင်စာမေးပွဲတွေဖြေတယ်၊ ပြီးရင် ဂုဏ်ထူးတွေထွက်ပြီး အသာလေး အောင်သွားမယ်ဆိုရင် ဘယ်လိုလုပ်တရားမျှတမှုရမလဲ အဲ့ဒီ့ဟာကို မေးခွန်းထုတ်ချင်တာရှိပါတယ်။ ကျွန်တော် ဒီလောက်ပဲပြောပါမယ်။ နောက်မှ ဒုတိယပိုင်းဆက်လက်ပြောပါ့မယ်။ ကျေးဇူးပါ။ 

ကိုကောင်းမင်းပြည့်စုံ (29:43 to 32:44)

ဟုတ်ကဲ့မင်္ဂလာပါ။ ကျွန်တော်ကတော့ ကောင်းမင်းပြည့်စုံပါ။ M.P.E.S ကပါ။ 

ကျွန်တော် ပထမဦးဆုံးပြောချင်တာ လက်ရှိအချိန်မှာ CDM Student ID card ကို ဝေဖန်ဖို့ စောပါသေးတယ်။ အရင်ဦးဆုံး ကျွန်တော်တို့ ပထမအဆင့် ဘယ်လိုလုပ်မလဲ။ ဘယ်လိုသွားမလဲ။ ကျွန်တော်တို့အနေနဲ့ရော ဘာတွေကူညီနိုင်မလဲဆိုတာ အရင်ကြည့်ရမယ်။ ပြီးရင်ဒီမှာ ဘာတွေအားနည်းချက်ရှိလာမလဲဆိုတာ ဆက်လက်ပြီး စောင့်ကြည့်ရမှာပါ။ ဘာမှ အကောင်အထည်မဖော်ရသေးခင်မှာတော့ ဘာမှမလုပ်နဲ့ဦး၊ မလုပ်သင့်ဘူးလို့ ပြောတာကတော့ စောသေးတယ်လို့ ကျွန်တော်ကတော့ထင်တယ်။ 

အခုချိန်မှာ ကျွန်တော့်အမြင်အရဆိုရင် CDM student card တွေ လုပ်ကိုလုပ်သင့်တယ်လို့ ထင်တယ်။ ဒါမှသာ အဖြူအမဲကွဲမှာ။ အရင်တုန်းကဆိုရင် ဆရာ၊ဆရာမတွေ CDMလုပ်ပါလုပ်ပါဆိုပြီး အတန်တန်တိုက်တွန်းခဲ့တယ်။ ဆရာ၊ ဆရာမတွေမှာ ဆိုရင်လည်း သူတို့နေထိုင်ရာ ၀န်ထမ်းအိမ်ယာတွေစွန့်တယ်။ ရာထူးတွေလည်း စွန့်တယ်။ လစာတွေလည်းစွန့်တယ်။ ဒါတွေအားလုံးကိုစွန့်ပြီးတော့ အခုချိန်ထိ CDM လုပ်နေကြဆဲဖြစ်ပါတယ်။ 

B.E.S.A.F မှာဆိုလည်း သူတို့ပြောထားတာတွေ ရှိပါတယ်။ သူတို့ဟာ card တွေကို လက်၀ယ်အရောက် ထုတ်မှာမဟုတ်ဘူး။ ID ပဲထုတ်မှာ ဖြစ်ပါတယ်။ အဲ့တော့ဒီ ID ထုတ်တဲ့အခါမှာတော့ ID ယူထားတဲ့ တစ်ယောက်ခြင်းစီတိုင်းနဲ့တော့ ဆိုင်တယ်။ ကိုယ့်လုံခြုံရေးကိုကိုယ် ဂရုစိုက်ဖိုတော့လိုတယ်။ Facebook Story ပေါ်တင်တာတို့ Public မှာတင်တာတို့ ဒါတွေကတော့ တစ်ယောက်ချင်းစီတိုင်းနဲ့ ပတ်သက်လိမ့်မယ် သက်ဆိုင်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ကတော့မြင်တယ်။ 

မိဘဖိအားကြောင့်တက်ရတယ်ဆိုတာကလည်း ဒီလူတွေရှိတယ်ဆိုတာ အရင်တုန်းကဆိုရင် ကျွန်တော်တို့ကို ကျောင်းသားတွေလာပြောတာတွေ ရှိပါတယ်။ ကျွန်တော်တို့က မိဘဖိအားကြောင့်တက်နေရတာပါ။ ကျွန်တော်တို့ကိုပြောပေးပါ SP postမှာထည့်ပြီး တင်ပေးပါ။ ဒါမှသာလျှင် အိမ်ကိုအကြောင်းပြပြီး ကျွန်တော်တို့လုပ်လိုရမှာဆိုပြီး ပြောခဲ့ကြတာတွေရှိပါတယ်။ အခုချိန်မှာ B.E.S.A.Fက အစလုပ်လိုက်မယ်ဆိုရင် သူတို့တွေအတွက် မိဘဖိအားပေးနေတဲ့ကြားက ရုန်းထွက်လိုရမယ့် တစ်နည်းမဟုတ်တစ်နည်း ဖြစ်သွားလိမ့်မယ် လို့ ကျွန်တော့်အနေနဲ့ ယူဆတယ်။ သူတို့အနေနဲ့ မိဘတွေကိုပြပြီးတော့ B.E.S.A.F ကတော့ card တွေထုတ်ပေးတော့မယ်။ ကျွန်တော်တို့အနေနဲ့က ကျောင်းတက်နေမယ်ဆိုရင် အခွင့်အရေးတွေ ဆုံးရှုံးလာနိုင်တယ်။ ဒါတွေကို မိဘတွေကို အကြောင်းပြချက်တွေအနေနဲ့ ပေးလို့ရလာမယ်လို့ ထင်ပါတယ်။ 

ဒါကဖိနှိပ်တယ်ဆိုတာထက် ဓမ္မဘက်တော်သားတွေရဲရဲ၀ံ့၀ံ့နဲ့ CDM လုပ်ပေးနေတဲ့ ကျောင်းသားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ထုတ်ပေးတဲ့ card လိုပဲမြင်တယ်။ ပြီးတာ့ Internet မရတဲ့နေရာတွေရှိတယ်လို့ပြောတယ်။ ပြီးရင် ဝေးလံခေါင်ဖျားတဲ့ဒေသတွေရှိမယ်။ ဒါတွေကလည်း တော်လှန်ရေးပြီးသွားတဲ့ကာလ မှာဆိုရင် အစိုးရယန္တရားနဲ့ ပေါင်းစပ်ပြီး အတူတူသွားကြမယ်ဆိုရင် အကုန်လုံးကွန်ယက်လွှမ်းခြုံနိုင်မယ်လို့ ထင်တယ်။ အကုန်လုံးလည်းဒီ student card တွေရနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ 

လက်ရှိအချိန် တော်လှန်ရေးကာလမပြီးသေးခင်အချိန်မှာ ထုတ်ဖော်ပြီး ကြေငြာလိုက်တယ်။ စလုပ်တယ် ဆိုတာကလည်း CDM တွေ မလျော့သွားအောင် CDM လုပ်ရကျိုးနပ်အောင် လုပ်ကြတယ်လို့ပဲ ကျွန်တော်ကတော့ ထင်တာပေါ့နော်။ ကျွန်တော်တို့လည်း အရင်နှစ်ဖေဖော်ဝါရီလကတည်း ကစပြီး CDM လုပ်ပါလုပ်ပါလို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့ပါတယ်။ အဲ့ဒီ့ကြားထဲမှာမှမလုပ် ပဲကိုယ်တိုင်ကျ ပျော်ပျော်ရွှင်ရွှင်နဲ့ အတန်းမက်ပြီး တက်နေကြတဲ့သူတွေလည်း ရှိပါတယ်။ အခုချိန် CDM လုပ်နေတဲ့ကျောင်းသားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ဒီ card တွေကိုထုတ်ပေးတာကို ကျွန်တော့်အနေနဲ့ အပြည့်အဝ ထောက်ခံတယ်။ ဒါပြီးရင်လည်း မိဘဖိအားကြောင့် တက်နေကြတဲ့ သူတွေအတွက်ကိုလည်း card ကို အဆင့်အဆင့်အလိုက် ခွဲခြားတာမျိုး လုပ်သင့်တယ်လို့ မြင်ပါတယ်။ လက်ရှိမှာတော့ ဝေဖန်ဖိုစောပါသေးတယ်။ အားလုံးကို ဒီလောက်ပဲပြောချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ကိုကျော်သန်း (33:07 to 36:28)

ဟုတ်ကဲ့ အားလုံးပဲမင်္ဂလာပါ။ ကျွန်တော်ကတော့ B.E.S.A.F အဖွဲ့ချုပ်ရဲ့ တာ၀န်ရှိသူတစ်ဦးပေါ့။ ဒါပေမယ့် အခုကျွန်တော်ပြောချင်တာကတော့ ဒီအဖွဲ့ကလူအနေနဲ့မဟုတ်ပဲ သာမာန်ကျောင်းသားအနေနဲ့ပဲပေါ့။ 

ကျွန်တော်တို့ ဒီကိစ္စကိုစပြီး ကြေငြာလိုက်တဲ့အချိန်ကစပြီး တောက်လျှောက်မှာပေါ့နော်၊ ကျွန်တော်မြင်ရတာပေါ့၊ ထောက်ခံတဲ့သူတွေလည်းထွက်လာတယ်။ Group တွေထဲမှာလည်း promote လုပ်ပေးကြတာပေါ့။ ဒီ CDM cards တွေထုတ်ပေးတော့မယ်ဆိုပြီး လူအများစုက ထောက်ခံကြတယ်။ 

အောက်မှာလည်း ပြောကြတာပေါ့။ ဒီ card ကြီးဆွဲပြီးတော့ အင်းစိန်ထောင်အလည်သွားကြမယ်ဆိုပြီးတော့ ဝေဖန်မှုတွေလည်း အများကြီးတွေ့ပါတယ်။ ကျွန်တော်ပြောချင်တာကတော့ ဒီလူတွေကပေါ့နော် စာကို သေချာဖတ်စေချင်တယ်။ ကျွန်တော်တို့ဘက်ကလည်း ထုတ်ပြန်ရှင်းလင်းချက်တွေကို သေချာရှင်းလင်းအောင် video နဲ့ရော စာနဲ့ရော statement တွေထုတ်ထားတယ်။ ဒီဟာကိုတောင်မှ အခုချိန်ထိ ဆန့်ကျင်တာတွေ ရှိနေတယ်ဆိုတာ ဟုတ်ပါတယ်။ မှန်ပါတယ်။ ကျွန်တော်ဒါနဲ့ပတ်သက်ပြီး ဆက်ပြောရမယ်ဆိုရင် ဒီဟာလုပ်လိုက်တဲ့ ဟာက နောက်ပိုင်းမှာကျောင်းတက်နေတဲ့ Non-CDM တွေကိုဖိနှိပ်သလို မရောက်ဘူးလား။ မညီမျှဘူးပေါ့။ ဒါက လုံး၀အဖိနှိပ်ခံတွေဖြစ်သွားမယ်ဆိုပြီးတော့ ပြောကြတယ်ပေါ့နော်။ 

ဒါကတော့ ကျွန်တော်တစ်ယောက်ထဲရဲ့ အမြင်အရကတော့ ဒါကိုတော့ ကန့်ကွတ်ပါတယ်။ ဒီလို အဖိနှိပ်ခံနေရတယ်ဆိုတာကို။ အခုဒီလိုကာလမှာ CDM အလုပ်သမားတွေ၊ ကျောင်းသားတွေ အခွင့်အရေးတွေ အများကြီးဆုံးရှုံးရတယ်။ အလုပ်သမားတွေဆိုရင် အလုပ်ထုတ်ခံရတာတွေ ရှိတယ်။ ဒါတောင်မှ အပေါ့ဆုံးနော်။ တစ်ချို့ဆိုအလုပ်မသွားလို့ လုံး၀အိုးအိမ်စည်းစိမ်တွေ ပျောက်သွားတာတွေရှိတယ်။ ကျွန်တော်တို့က ကျောင်းသားတွေပါ။ ဘယ်မိဘကမှတော့ ကျွန်တော်တို့ကျောင်းမတက်လို့ ဆိုပြီး ရိုက်မသတ်ဘူး။ သူတို့အနေနဲ့ ရွေးချယ်စရာတွေ အများကြီးရှိတယ်။ မိဘက အတင်းကျောင်းထားတယ်၊ ဟုတ်ပါပြီ၊ ကျွန်တော်တို့မှာ လုပ်စရာတွေအများကြီးရှိတယ်။ ကန်တော့ပါရဲ့၊ ကောင်မလေးနဲ့သွားတွေ့ဖိုဆိုရင်တောင် အိမ်ကိုလိမ်ပြီးတော့ ထွက်ကြတာပဲ။ ဒီလောက်ထိပါးနပ်ကြတဲ့ လူငယ်တွေပါ။ 

ဒီဟာမျိုးကျတော့ သူတို့ဆန္ဒအတိုင်း ဘာလိုသွားတက်ကြတာလဲ။ သူတို့မှာလုပ်ပိုင်ခွင့်တွေ အများကြီးရှိတယ်။ ရွေးချယ်စရာတွေ အများကြီးရှိတယ်။ မိဘကကျောင်းထားတယ်၊ ဟုတ်ပြီ ကျောင်းပြေးလိုက်ပေါ့။ ရှင်းရှင်းလေးပါ။ ဒီလိုမျိုး လုပ်ပိုင်ခွင့်တွေ ရှိနေကြတာတောင်မှ သူတို့ကိုယ်တိုင် ကျေကျေနပ်နပ်ကြီးနဲ့ ကျောင်းတက်တယ်။ 

ကျွန်တော်တို့ဘက်က စည်းရုံးတာတွေကိုတောင်မှ ပြန်လည်ပြီးတော့ ကန်တယ်ပေါ့ဗျာ။ မင်းတို့ကိုဘာလုပ်မယ် ညာလုပ်မယ်တွေ ရဲတိုင်မယ်တွေ ပြန်ပြီးတော့ ခြိမ်းခြောက်တာတွေရှိပါတယ်။ ဒီကာလမှာ ကျွန်တော်တို့ ဒီဘက်ကလူတွေတောင်မှ ဒီလိုအဖိနှိပ်ခံခဲ့ရတာပေါ့။ 

ဒီလိုမျိုးလုပ်ခံနေရတဲ့အချိန်မှာ ကျွန်တော်တို့အစိုးရပြန်တက်တဲ့အခါမှာရော ကျွန်တော်တို့က သူတို့ကို ပြန်ပြီးဖိနှိပ် တာတော့ မဟုတ်ဘူး။ နည်းနည်းလေး နှိမ့်ချလိုက်လိုမရဘူးလား။ ကျွန်တော်ပြောတဲ့ နှိမ့်ချမှုဆိုတာ လုံး၀ဖိနှိပ်တာမျိုးမဟုတ်ဘူးနော်။ အရှေ့က အကိုတစ်ယောက်ပြောသွားသလိုပဲ ဒီထိုက်တန်တဲ့သူရဲကောင်းတွေကို ချီးမြှောက်တဲ့ပုံစံမျိုးပဲ။ ဒုတိယကမ္ဘာစစ်မှာဆိုရင် အမေရိကန်က Veteran(စစ်မှုထမ်းဟောင်း) တွေအတွက် ဆိုပြီးတော့ Veteran day လုပ်ထားတယ်လေ။ အဲ့လိုပဲ Veteran day မှာ စစ်မှုထမ်းဟောင်းတွေက ထိုက်သင့်တဲ့ ခံစားမှုတွေအားလုံး ခံစားခွင့်ရတယ်။ အဲ့လိုပဲ ကျွန်တော်တို့ကလည်း ဒီကာလကြီးမှာ အများပြည်သူနဲ့ အတူတူရင်စီးခံပြီးတော့ ကိုယ့်အခွင့်အရေးတွေကို အဆုံးရှုံးခံပြီးတော့ ပြည်သူ့ဘက်ကနေရပ်တည်ပေးတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဂုဏ်ပြုချီးမြှောက်တဲ့အနေနဲ့ ဒီ card တွေကို ထုတ်ပေးဖို့ စီစဥ်ထားခြင်းဖြစ်တယ်။ 

ဒီ card မရတဲ့ Non-CDM တွေအတွက်ကျတော့ ဥပမာ မင်းဒီ card မရလိုထမင်းမစားရဘူး၊ ရေမသောက်ရဘူး၊ အပြင်မသွားရဘူးဆိုပြီး လုံး၀ချုပ်ခြယ်ထားတာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေကို role တင်ပေးထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ အထင်မလွဲစေချင်ပါဘူး။ ဟုတ်ကဲ့ ကျွန်တော်ပြောချင်တာ ဒီလောက်ပါပဲ။ 

မခင်မြတ်နိုး (36:53 to 39:14)

ကျွန်မကတော့ B.E.S.A.F က တာ၀န်ရှိသူတစ်ဦးပေါ့နော်။ ဟုတ်ကဲ့ ညီမဒီနေ့ ပထမဦးဆုံးအနေနဲ့ဆိုရင် ညီမတို့ အ.က.ရ ကနေ ပြီးတော့ဒီ ID card နဲ့ ပတ်သတ်ပြီးထုတ်ပြန်ချက်တွေ ထုတ်ပြန်တဲ့အချိန်မှာ ကျောင်းသား အဖွဲ့အစည်း အမျိုးမျိုးကနေ၊ အပြင်ကပြည်သူတွေကနေ အကောင်းသဘောနဲ့ဖြစ်စေ၊ အဆိုးသဘောမျိုးနဲ့ဖြစ်စေ ဝေဖန်တာတွေလည်း ရှိပါတယ်။ အဲ့ဒါတွေကို ညီမတို့ဘက်ကနေ သေသေချာချာ စေ့စေ့စပ်စပ် လုပ်ပါတယ်ပေါ့နော်။

ပြီးတော့ ပထမဆုံးမေးခွန်းအနေနဲ့ သူတို့ပြောကြတာက ဒီတော်လှန်ရေးကာလ အလွန်ကျမှ လုပ်ပါလား၊ အလုပ်မရှိ ကြောင်ရေချိုးနေတယ် စသဖြင့်ပေါ့။ အဲ့တော့ တော်လှန်ရေးကာလအလွန်မှလုပ်ရင် သူတို့သည် အခုဆိုရင် ဆယ်တန်းစာမေးပွဲတွေ ဆိုရင်လည်း March၊ April ဆိုဖြေတော့မယ်ပေါ့။ 

တကယ်လို့ အဲ့ဒီ့အခြေနေအထိ တော်လှန်ရေးကဏ္ဍ အရှိန်ကောင်းနေဆဲဆိုရင် သူတို့သည်တစ်တန်းရသွားမှာ။ အဲ့တော့ ညီမတို့တော်လှန်ရေးကာလအပြီး ငြိမ်းချမ်းတဲ့ကာလ ရောက်သွားတဲ့အခါကျရင် Internation Laws တွေအရ တစ်တန်းပြန်ဆင်းဆိုပြီး လုပ်လို့မရပါဘူး။ အဲ့ဒီတော့ ညီမတို့ထက် ငယ်တဲ့သူတွေ ဆိုရင်လည်း အတန်းတစ်တန်း မြင့်သွားမယ်။ ညီမတို့နဲ့ တန်းတူဆိုရင်လည်း အတန်းတစ်တန်း မြင့်သွားမယ်။ အဲ့အခါကျရင် ညီမတို့ CDM student တွေအတွက် ဖိနှိပ်ခံရသလို ဖြစ်သွားမှာပဲ။ 

အဲ့ဒီ့တော့ CDM ကျောင်းသားတွေထဲမှာ ဆိုရင်လည်း တစ်ချို့ ခံယူချက်ပြင်းပြလို့၊ ယုံကြည်ချက်ပြင်းပြလို့ အာဏာရှင်နဲ့ပတ်သက်ရင် မပူးပေါင်းဘူး၊ အဲ့လို စိတ်ဓာတ်တစ်ခုထဲနဲ့သာ လုပ်နေကြတဲ့သူတွေ ညီမသူငယ်ချင်းတွေ ထဲမှာတောင် ရှိတယ်။ အဲ့ဒီ့တော့ CDM ID သည် သူတို့လိုမျိုး ဒီကာလမှာ CDM လုပ်တဲ့အတွက်ကြောင့်မို့ အခွင့်အရေးပျောက်နေတဲ့ သူတွေအတွက်ဆိုရင်လည်း သူတို့အတွက် မျှော်လင့်ချက် ရောင်ခြည်တစ်ခုလို ဖြစ်သွားမယ်လို့ မြင်မိတယ်။ 

ပြီးတော့ CDM ID က ဘာလုပ်ရမှာလဲ၊ card ကြီးကိုင်ထားပြီး ဂုဏ်ဆာရမှာလား၊ ၀ါးစားရမှာလား ဆိုရင်တော့ မဟုတ်ပါဘူး။ အဲ့ဒီ့တော့ CDM ID ရဲ့ အခွင့်အရေးတွေ တွင်ကျယ်မှုသည် ပြည်သူလူထုရဲ့ Legitimacy range အပေါ် မူတည်ပြီးတော့ တဖြည်းဖြည်းနဲ့ ပိုပြီးတွင်ကျယ်လာမှာ ပေါ့နော်။ တစ်နိုင်ငံလုံးအနေနဲ့ ခြုံငုံလုပ်ဖို့ဆိုရင်လည်း အဖွဲ့အစည်းအားလုံးရဲ့ အကူညီကိုလိုအပ်ပါတယ်။ 

ကိုသူရိန်ထွဋ်ခေါင် (39:29 to 46:16)

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်က အခြေခံပညာကျောင်းသားများရေးရာ အဖွဲ့ချုပ်က သူရိန်ထွဋ်ခေါင် ဖြစ်ပါတယ်။ 

ကျွန်တော်ဒီမှာ ပြောချင်တဲ့အပိုင်းကတော့ ဒီ CDM ID ကိစ္စနဲ့ပတ်သက်ပြီးတော့ နည်းနည်းလေး ရှင်းပြချင်တယ်။ ပြီးတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ထောက်ခံတယ် ဆိုတာလေးကို တစ်ချက်ပြောချင်ပါတယ်။ ကျွန်တော်တို့ ဒီ CDM ကိစ္စ အဓိကလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဒီ CDM ကျောင်းသားတွေရဲ့တန်ဖိုးကို မြှင့်ပြီးတော့ လက်ရှိကာလနဲ့ ပြောရရင် CDMကျောင်းသားတွေရဲ့ တန်ဖိုးကို မြှင့်ရာလည်း ကျတယ်။ သူတို့ကို အားပေးဂုဏ်ပြုရာလည်း ကျတယ်။ 

နောက်တစ်ပိုင်းအနေနဲ့ ပြောမယ်ဆိုရင် လက်ရှိကာလအနေနဲ့ဆိုရင် CDM နဲ့ Non-CDM အရေအတွက်က Non-CDM က တစ်ဖြည်းဖြည်း ပိုပြီးများလာတာ ဖြစ်တဲ့အတွက် CDM rate ကို ပြန်ပြီးတက်လာအောင်လို့ လုပ်ပေးလိုက်တဲ့ သဘောပါဘဲ။ ဒါကတော့ ပထမအချက်ပေါ့နော်။ 

ဒုတိယအချက်အနေနဲ့ ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့တွေ ၃နှစ်လောက်နီးပါး COVID ကြောင့်တစ်မျိုး၊ ကိုကြင်စိုးကြောင့် တစ်မျိုး သုံးနှစ်လောက်နီးပါး ကျောင်းတွေနားခဲ့ရတယ်။ ဒီထဲမှာမှ ထပ်ပြီးတော့ ကိုယ့်အတွက်နစ်နာနိုင်မှန်းသိလျက်နဲ့ ဆက်ပြီး CDM လုပ်နေကြတဲ့ သူငယ်ချင်းတွေ၊ ကျောင်းတက်နေတာတောင် ဆက်မတက်တော့ဘဲနဲ့ ကိုယ်တိုင် CDM ဝင်ပြီး အနစ်နာခံ အသက်တွေကြီးလာပြီးတော့ လုပ်နေကြတဲ့ ကျောင်းသားတွေကို role တစ်ခု မြှင့်ပေးလိုက်တဲ့ သဘောပါဘဲ။ 

ပြီးတော့ ပထမဆုံး ကိုဝေယံလားမသိဘူး အဲ့မှာတစ်ခုလောက် မေးခွန်းထုတ်ချင်တာပေါ့။ အဲ့မှာဒီလိုမျိုးသာ ID တစ်ခုအနေနဲ့ ဂုဏ်ပြုနိုင်ခြင်းမရှိဘူးဆိုရင် ကျွန်တော်တို့ကျောင်းသားတွေအတွက် တန်ဖိုးတစ်ခုဆိုတာ ဘယ်အရာ ဖြစ်သွားနိုင်မလဲပေါ့နော်။ ဘယ်အရာက ကျွန်တော်တို့အတွက် သက်သေအထောက်အထားတစ်ခု ဖြစ်သွားနိုင်မလဲ နောက်မျိုးဆက်တွေအလှည့်ကျရင်။

ဒါကတစ်ခုပေါ့နော်။ နောက်တစ်ခုက ကျွန်တော်အပေါ်မှာပြောခဲ့သလိုပဲ CDM ကျောင်းသားတွေအတွက် ID ကဒ်ဆိုတာက တန်ဖိုးတစ်ခုကို မြှင့်ပေးတာပါ။ CDM နဲ့ Non-CDM ကို ခွဲခြားဆက်ဆံဖို့ လုပ်ပေးလိုက်တာ မဟုတ်ပါဘူး။ အဓိကကတော့ ရှိနေတဲ့ CDM ကျောင်းသားတွေရဲ့ တန်ဖိုးကိုမြှင့်ပြီးတော့ သားစဥ်မြေးဆက်တွေ အလှည့်ကျရင် မင်းတိုရဲ့အဖေ၊ မင်းတိုရဲ့အဘိုး၊ မင်းတိုရဲ့ ဦးလေးတွေကနေပြီးတော့ စစ်အာဏာရှင်တို့ကို ဘယ်လိုတော်လှန်ခဲ့တာ။ ဘယ်လောက် ရဲရဲဝံ့ဝံ့တိုက်ခိုက်ခဲ့တာဆိုတာ တစ်ချိန်ချိန်ကျရင် ဂုဏ်တစ်ခုပေါ့။ ဒါသူတို့ကို role တစ်ခု မြှင့်ပေးလိုက်တဲ့ သဘောပါဘဲ။ 

တော်လှန်ရေးအောင်သွားတဲ့အချိန်မှာ ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖဆိုတဲ့အတိုင်း ပြည်သူကသာ Legitimate အဖြစ်ဆုံးပါပဲ။ ဒါကြောင့်မို့ CDM ကျောင်းသားတွေ၊ Non-CDM ကျောင်းသားတွေရဲ့ တန်ဖိုးဆိုတာကို ပြည်သူကသာ ခွဲပြသွားမှာပါ။ 

ပြီးတော့ ကိုဝေယံလားမသိ ပထမဆုံးတစ်ယောက်ပြောသွားတဲ့ထဲမှာ ဆိုရင်စည်းရုံးသင့်တယ်ဆိုပြီး Non-CDM ဖြစ်နေတဲ့ ကျောင်းသားတွေကို CDM ဖြစ်အောင် လုပ်သင့်တယ်ဆိုပြီး အကြံပြုသွားတာရှိပါတယ်။ ဒါကို ကျွန်တော်တို့ လက်ခံပါတယ်။ လက်ခံလို့လည်း တစ်နှစ်ကျော်ကျော်လုပ်ခဲ့ပြီးပြီ။ လုပ်ခဲ့တဲ့အထဲမှာ ဘာထူးလာလဲ ဆိုရင် ဘာမှမထူးလာဘဲ နောက်ဆုံးကျွဲပါးဆောင်းတီး၊ နွား ပလာတာကျွေးပေါ့ဗျာ။ တစ်ချို့ကြတော့ မိဘကြောက်လို့၊ တစ်ချို့ကျတော့လည်း ကိုယ်တိုင်ကိုယ်ကျကို ဒီလိုမျိုး လောက်ဖြစ်နေတဲ့သူတွေ ရှိတာပေါ့။ လောက်ဆိုတာ ချီးကြိုက်တယ်ဆိုတဲ့အတိုင်း ဒီချီးတောကြီးထဲက မထွက်နိုင်ဘူးပေါ့ဗျာ။ 

တစ်ချို့ကျတော့ ကျောင်းသားအဖွဲ့အစည်းတွေ ကိုယ်တိုင်ကိုက Non-CDM တွေကို အမည်ပျက်စာရင်းတွေ ဘာတွေ လုပ်တယ်ပေါ့။ လုပ်တဲ့အခါမှာ တစ်ချို့ကျောင်းသားတွေဟာ ကိုယ်တိုင်ကိုယ်ကျကို မျက်နှာပြောင်တိုက် ပြီး သွားတက်နေကြတဲ့ ကျောင်းသားတွေရှိတယ်။ ထပ်ပြီးဘာတွေထိ လုပ်လာလည်းဆိုရင် မိဘတွေနဲ့ ပေါင်းပြီးတော့  ကျွန်တော်တို့ဆီမှာဆို တော်တော်များများ ကြုံခဲ့ရပါတယ်။ မင်းတို့ကိုတရားစွဲမယ်တို့၊ မင်းတို့ကိုသတ်မယ် တို့ ခြိမ်းခြောက်ပြောဆိုတာတွေ တော်တော်များများ ကြုံခဲ့ပါတယ်။ ဒါကတစ်ပိုင်းပေါ့။ 

နောက်တစ်ပိုင်းအနေနဲ့ CDM ID ကဒ်ထုတ်မယ်ဆိုပြီး ကြေငြာတဲ့အချိန်မှာ ဘာတစ်ခုဖြစ်လာလဲဆိုတော့ လက်ရှိ Non-CDM ဖြစ်နေတဲ့ ကျောင်းသားအရေအတွက် CDM ဖက်ကို ရာနှုန်းတစ်ခုအထိ ပြောင်းလာခဲ့တယ်ပေါ့နော်။ ဒါက အကောင်အထည်မဖေါ်ခင်မှာတောင်၊ ကြေငြာချက်ထုတ်ရုံအချိန်မှာတောင် ဒီလောက်ဖြစ်လာခဲ့တယ်ဆိုရင် အကောင်အထည်ဖေါ်ဖို့လျှောက်တဲ့ လမ်းတစ်လျှောက်မှာ သူတို့ဘယ်လောက်ထိ တုန်လှုပ်နေမလဲ၊ သူတို့ရဲ့အမှား ကို သူတို့ ဘယ်လောက်ထိ ပြန်သိနေမလဲဆိုတာကို ပြောပြလိုက်တာပဲလို့ မြင်တယ်။ 

တစ်ဖက်ကလည်း ကျွန်တော်တို့ကို ပြောထားတာတွေရှိတယ်။ လူ့အခွင့်အရေးနဲ့ ငြိတယ်တို့၊ နိုင်ငံတကာ ဥပဒေတွေနဲ့ ငြိတယ်လို့ပြောလို့ ဒါကတော့ ဥပမာတစ်ခုအနေနဲ့ပဲ ပြောမယ်ပေါ့နော်။ ဒါက အစိုးရကလုပ်တာမဟုတ်တဲ့အတွက် နိုင်ငံတော်အနေနဲ့ ဘာပြဿနာမှမရှိဘူး။ ကျွန်တော်တို့ ကျောင်းသားအဖွဲ့အစည်းတွေက လုပ်တာဖြစ်တယ်။ ပြည်သူကလုပ်တာဖြစ်တဲ့အတွက် ပြည်သူကသာ အဆုံးအဖြတ်ပေးသွားမှာပါ။ ဥပမာအနေနဲ့ပြောရရင် ကျွန်တော်တို့ ကျောင်းသားတွေမှာ ဆုရတယ်။ အပြေးပြိုင်ပွဲ တစ်ခုမှာ ပထမဆုရတဲ့သူနဲ့ နှစ်သိမ့်ဆုရတဲ့သူနဲ့ကို တန်းတူညှိပြီး ဆုပေးလို့မရသလိုမျိုးပေါ့။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ပထမရတဲ့သူကို ဒိုင်းဆုကြီးပေးပြီးတော့ နှစ်သိမ့်ဆုရတဲ့သူကို ထီးတစ်ချောင်း လောက် ပေးတာမျိုးပေါ့။ ထိုနည်းတူစွာ ပထမဆုရတဲ့သူကို ဒိုင်းဆုပေးသလိုဘဲနှစ်သိမ့်ဆုရတဲ့သူကို ဒိုင်းဆုသွားပေးရင် ပထမဆုရတဲ့သူရဲ့ တန်ဖိုးက ဘယ်ရောက်သွားမလဲ ပေါ့နော်။ ဒါလေးကိုကျွန်တော်တစ်ချက် ပြောပြချင်ပါတယ်။

ပြီးတော့ ဒီကိစ္စလုပ်တဲ့အခါမှာလည်း ကျောင်းသားအဖွဲ့အစည်းတွေအားလုံးရဲ့ အကူအညီတွေ၊ဆရာတွေ၊ မိဘတွေ၊ ပြည်သူတွေအားလုံးရဲ့ အကူအညီတွေအားလုံး လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့စည်းစည်းလုံးလုံးနဲ့ လက်ရှိရှိနေတဲ့ စည်းလုံးမှုအတိုင်းထက် ပိုပြီးစည်းလုံးပြီးတော့ စည်းစည်းလုံးလုံးနဲ့လုပ်ပေးကြပါလို့ ကျွန်တော်ကတော့ တိုက်တွန်းချင်ပါတယ်။

နောက်ဆုံးအချက်အနေနဲ့ကတော့ Non-CDM နဲ့ CDM ခွဲခြားထားတာမဟုတ်ပါဘူး။ ကျွန်တော်တို့ တော်လှန်ရေးကဏ္ဍပြီးသွားတဲ့ အတိုင်းအတာတစ်ခုမှာ Non-CDM တွေကလည်း ကျောင်းသားတွေရဲ့ ပုံမှန်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုရနေမှာဖြစ်ပြီးတော့ CDM တွေကျ ဘယ်လိုဖြစ်သွားမလဲဆိုရင် ကျွန်တော်တို့ ကြေငြာချက်ထဲမှာလည်း ပါပါတယ် ပြည်သူမှာ legimacy ရှိတာဖြစ်တဲ့အတွက် ပြည်သူကပဲ ခွဲပြပေးသွားမှာ ဖြစ်တယ်ပေါ့။ coffee ဆိုင်တစ်ဆိုင်ဆိုင်သွားလို့ Non-CDM ကျောင်းသားနဲ့ CDM ကျောင်းသားတွေ အတူတူသွား ဝယ်သောက်တယ် ဆိုရင်တောင်မှပဲ Non-CDM ကျောင်းသားကို ပုံမှန်ယူနေကျ စျေးအတိုင်းယူပြီး CDM ကျောင်းသားကို ID ပြလိုက်တာနဲ့ ၅၀ရာခိုင်နှုန်း လျော့ယူတာမျိုးတို့ ဒါမျိုးလေးတစ်ခုထိ အတိုင်းအတာ ဖြစ်သွားနိုင်ပါတယ်။ 

ဒါကြောင့်မို့လို့ နောက်ဆုံးအနေနဲ့ ပထမဆုံးပြောသွားတဲ့ အစ်ကို့ကို မေးခွန်းလေးထုတ်ချင်ပါတယ်။ အကယ်လို့သာ ကျွန်တော်တို့မလုပ်ဘူး ဒီအတိုင်းပဲ ဆက်သွားကြမယ်ဆိုရင် CDM ကျောင်းသားတွေရဲ့တန်ဖိုးဆိုတာ ဘယ်ဟာလဲ ဆိုတာ သိချင်ပါတယ်ဗျာ။ ဒါလေးပါပဲ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ 

ကိုနန်းလင်း (46:21 to 54:02)

ဟုတ်ကဲ့ မင်္ဂလာပါ။ ကျွန်တော်ရှေ့ကဆွေးနွေးသွားသမျှကို သေချာနားထောင်ပါတယ်။ ပြီးတော့ ဒီကကျောင်းသားရဲဘော် အသီးသီးကို လည်း လေးစားပါတယ်ခင်ဗျာ။ လက်ရှိကျောင်းသားခေါင်းဆောင်တွေလည်း ပါကြတာ ကျွန်တော်တွေ့ရပါတယ်။ 

ကျွန်တော့်အယူအဆတစ်ခုက ဘာလဲဆိုတော့ ကျွန်တော်တို့ လက်ရှိပညာသင်ကြားခွင့် ဆုံးရှုံးနေရတော့ ဒါကျွန်တော်တို့ ကျောင်းသားထက်၀က်ကျော်ကျော်ပါပဲ။ ဆုံးရှုံးတယ်ဆိုတဲ့နေရာမှာ ကိုယ်တိုင်ရွေးချယ်မှု ကြောင့်ရော၊ CDM ဆောင်ရွတ်မှုကြောင့်ရော၊ တစ်ခြား အကြောင်းအမျိုးမျိုးကြောင့်ရော၊ တိုင်းပြည်ရဲ့ တစ်၀က်လောက်ကလည်း စစ်ဧရိယာဖြစ်နေတာကြောင့်ရော ဒီလိုမျိုးတွေတော့ရှိတယ်။ နောက် စစ်ဘေးရှောင် တွေ ကိုယ်တိုင်တော်လှန် CDM ဆိုသလို CDM လည်းလုပ်တယ်၊ တောထဲတောင်ထဲမှာလည်း သွားပြီး တိုက်ပွဲ၀င်နေကြတဲ့ ကျောင်းသားတွေလည်း အများကြီးရှိတယ်ဆိုတာ ကျွန်တော်နားလည်ထားပါတယ်။ ကျွန်တော်လည်း ဒီပုဂ္ဂိုလ်များကို အင်မတန်လေးစားပါတယ်။ အားလုံးကျရာနေရာမှာ ကျရာတာ၀န် ထမ်းဆောင်နေပြီးတော့ ဒီတော်လှန်ရေးမှာ နိုင်တဲ့၀န်ထမ်းနေတယ် ဆိုတာနားလည်ပါတယ်။ 

ဆိုတော့ ကျွန်တော်ဒီမှာ တင်ပြချင်တာတစ်ခုက ကျွန်တော့်အတွက်ကတော့ စည်းရုံးရေးနဲ့ ချစ်ခြင်းတရားကသာ တော်လှန်ရေးရဲ့အနှစ်သာရဖြစ်တယ်လို့ နားလည်တယ်ပေါ့။ ကျွန်တော်ကတော့ ခုလို CDM card တွေထုတ်ပေးတယ်ဆိုတဲ့ ကိစ္စမှာ ကျွန်တော်မသိလိုက်မိတဲ့ အတွေးအမြင်တစ်ခုရှိပါတယ်။ CDM ကျောင်းသားတွေ ကို အသိမှတ်ပြုတယ်၊ စိတ်ခွန်အားပေးတယ်ဆိုတဲ့အယူအဆမျိုး ဒါကတော့ လက်ခံဖိုကောင်းပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ကျွန်တော်တို့တော်လှန်ရေးခရီးက ဘယ်ချိန်ထိလဲ၊ ဘယ်တော့ဆုံးခန်းတိုင်မလဲ။ အခုက ဆုံးခန်းမတိုင်သေးဘူး၊ တော်လှန်ရေးအောင်မြင်ရေးက အဓိကဖြစ်တယ်ပေါ့လေ။  ဆိုတော့စည်းရုံးရေး နည်းနာကို ပိုပြီးအားစိုက်သင့်တယ်လို့ မြင်ပါတယ်။ စည်းရုံးတယ်လို့ ဆိုတဲ့နေရာမှာလည်း ကျွန်တော်ပြောတာက အဓိကအားဖြင့် ပညာရေးနဲ့ပတ်သက်ရင် ကျွန်တော်တို့ကိုယ်တိုင်ရော NUG အခင်းအကျင်းကရော အားနည်းချက်တွေ အများကြီးရှိတယ်လို့ မြင်မိပါတယ်။ 

အဲ့ဒါဘာဖြစ်လိုလဲဆိုတော့ သမိုင်းကြောင်းတွေဘာတွေ နည်းနည်းထည့်ပြောရရင် ကျွန်တော်တို့ အမျိုးသားကျောင်းတွေပေါ်လာတဲ့ အခင်းအကျင်းမျိုးတွေ ရှိခဲ့တယ်ပေါ့။ အမျိုးသားကျောင်းတွေ ပေါ်လာတယ် ဆိုပြီး တက္ကသိုလ်ကျောင်းတွေကို သပိတ်စမှောက်တယ်။ တက္ကသိုလ်မတက်တော့ဘူး ထွက်တယ်။ ထွက်ပြီးတော့ အမျိုးသားကျောင်းတွေ ထောင်ကြတယ်။ အမျိုးသားကျောင်းကနေ ကျောင်းသားခေါင်းဆောင်တွေ ပေါ်လာတယ် ပေါ့လေ။ ကိုယ့်သင်ရိုး ကိုယ့်အနေထားနဲ့ပေါ့။ 

ဆိုလိုတာက ကျွန်တော်က ဘာကိုပြောချင်တာလဲဆိုရင် ခုချိန်မှာကျွန်တော်ထင်တယ် CDM လုပ်ထားတဲ့ ကျောင်းသားတွေလည်း သေချာပေါက် ပညာသင်ကြားချင်နေကြမှာပဲ။ ဒါပေမယ့် ဒီစစ်ပညာရှင်လက်အောက် မှာတော့ ဘာပညာမှလည်း တတ်မှာမဟုတ်ဘူး။ ဘာမှလည်း ရမှာမဟုတ်ဘူးဆိုတဲ့ အယူအဆကြောင့်ရော၊ နောက် တော်လှန်ရေး အခင်းအကျင်းတွေကြောင့်ရော CDM လမ်းကြောင်းကို ရွေးချယ်တယ်လို့ နားလည်တယ်။ နားလည်တဲ့အခါမှာ ကျွန်တော်တွေးတာကတော့ ဖြစ်သင့်တာက လက်ရှိကျောင်းသား ခေါင်းဆောင်များရော၊ NUG အခင်းအကျင်းရော၊ လက်ရှိ တော်လှန်ရေးမှာပါ၀င်နေတဲ့သူများကရော စဥ်းစားသင့်တာက ကျွန်တော်တို့ရဲ့ ပညာရေး ပလက်ဖောင်းကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့ အယူအဆကို ဦးစားပေးသင့်တယ်လို့ ထင်တယ်။ 

ဆိုလိုတာက ကိုယ်တွေဘက်ကသာ ခိုင်မာတဲ့အနေအထား၊ တော်လှန်ရေးကြားကာလမှာ ဘယ်လို ပညာရေးအနေအထားကို ဘယ်လိုဖော်ဆောင်မလဲ။ အဲ့မှာ အားလုံးပါ၀င်နိုင်တဲ့ အခင်းအကျင်းဖြစ်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်နိုင်မလဲ။ ပြီးတော့ တော်လှန်ရေး အလွန်ကာလမှာ ဘယ်လိုမျိုးကြားကာလပညာရေးနဲ့ ဖြစ်ပေါ်လာတဲ့ ဖက်ဒရယ်ပညာရေး စနစ်အသစ်ကို ဘယ်လိုပေါင်းစပ်မလဲဆိုတဲ့ဟာတွေ ခိုင်ခိုင်မာမာရှိမယ်ဆိုရင် ဒါဟာပိုပြီးတော့များ လက်တွေ့ကျမလားလို့ ဒီကရဲဘော်များကို အကြံပြုချင်ပါတယ်။ 

ဒါမှသာလျှင် ကျွန်တော်တို့တစ်ဖက်က Non-CDM ဆို သူများကို ဟုတ်ပြီ၊ ငါတို့မှာတော့ ဒီလိုပညာရေးဆိုင်ရာ အခင်းအကျင်းတွေ တွေးထား၊ ပြင်ထားတာတွေရှိတယ်။ ငါတိုက ဒီတိုင်းဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့က အခုလိုတောင် အများကြီး CDM card ထုတ်တာပြုတာတောင် အငြင်းပွားနေစရာတောင် မလိုဘူးထင်တယ်။ တစ်နှစ်ကျော်ကာလအတွင်းမှ ကျွန်တော်တို့ အဲ့ဒီ့အပိုင်းဖော်ဆောင်မှုမှာ အားနည်းခဲ့တယ်လို့ မြင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် CDM လုပ်ထားတဲ့ ကျောင်းသား တစ်ချို့တွေမှာဆိုရင် Internet ရတယ်၊ wifi ရနေတာတွေရှိတယ်။ သူတို့က ကျောင်းသာသွားမတက်နေတာ ကိုယ့်အိမ်ကိုယ့်ယာမှာတော့ ကိုယ့်မိဘ တက်နိုင်ရင် တက်နိုင်သလောက် အွန်လိုင်းပညာရေး သွားတာဘာညာ စသဖြင့် ရှိတယ်ပေါ့။ တကယ်မသွားနိုင်တဲ့ လူတွေကတော့ အခြေခံလူထုဖြစ်မယ် ထင်တယ်။ 

အဲ့တော့ ပြန်ပြီးချုပ်ရရင် CDM cardထုတ်ပေးတယ်ဆိုတဲ့ ကိစ္စကတော့ ကျွန်တော်ကတော့ သေချာစဥ်းစားဖို့ ကောင်းတယ်။ တစ်ဖက်ကလည်း ဂုဏ်ပြုတယ်ဆိုတဲ့အနေအထားဖြစ်သလို ဒါဟာမှန်ပါတယ်။ ဒါပေမယ့် ဂုဏ်ပြုရမှာက CDM ကျောင်းသားတွေကြီးပဲ မဟုတ်ဘူးခင်ဗျ။ ပွင့်ပွင့်လင်းလင်းပြောရရင် ခုနကရဲဘော်တို့ ဆွေးနွေးသွားကြတဲ့အတိုင်း ပြည်သူကဆုံးဖြတ်မှာဆိုတဲ့အတိုင်းပဲ တော်လှန်ရေးပြီးဆုံးသွားတဲ့အခါမှာ တော်လှန်ရေးမှာ ရွပ်ရွပ်ချွန်ချွန်ပါခဲ့တဲ့ လူတိုင်းလူတိုင်း၊ ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းက ဂုဏ်ပြုသင့် ဂုဏ်ပြုခံထိုက်တယ်။ ဒါကတော့ ကျိန်းသေတယ်။ ခုနကဒုတိယကမ္ဘာစစ်ကို ဥပမာအဖြစ်ဆွေးနွေးတယ်။ ဒုတိယကမ္ဘာစစ် စစ်ပြန်တွေ ရဲဘော်ဟောင်းတွေဆိုရင် လူထုကဘယ်လိုမျိုးအခွင့်အရေးတွေ ပေးတယ် ဆိုတာမှန်တယ်။ CDM ကျောင်းသားမှမဟုတ်ဘူး ဒီကာလမှာပါ၀င်ခဲ့ကြတဲ့ကျောင်းသားတိုင်း၊ ပြည်သူတိုင်း၊ ရဟန်းရှင်လူတိုင်းဟာ တစ်ချိန်မှာဂုဏ်ပြုခံထိုက်ဖို့ အင်မတန်ကိုထိုက်ခံတယ်။ တော်လှန်ရေးမှာ ပါ၀င်တယ်ဆိုတဲ့ ထဲမှာ ပုံသဏ္ဍာန်ပေါင်းစုံနဲ့ ရှိနိုင်ပါတယ်။ ကျွန်တော်ယူဆတာကတော့ တော်လှန်ရေးမှာ ရွပ်ရွပ်ချွန်ချွန်နဲ့ အနစ်နာခံပေးဆပ်ခဲ့တဲ့သူတွေကို အဓိကရည်ညွှန်းပါတယ်။ ဆိုတော့ အခုဆိုလည်း တော်လှန်ရေးမှာ ပါ၀င်ပါတယ်ဆိုတာ ဘယ်လိုပြောရမလဲဆိုတဲ့ ကိစ္စကတော့ အဓိပ္ပါယ် ခွဲရခက်ပါတယ်။ ကျွန်တော်ပြောတာ ကတော့ တော်လှန်ရေးမှာပါ၀င်ခဲ့ကြတဲ့ လူတိုင်းဟာ တစ်ချိန်မှာ ကျိန်းသေပေါက် ဂုဏ်ပြုခံထိုက်သူချည်းပါပဲ။ 

သို့သော် အဲ့ဒီ့ဟာထက် ရဲဘော်တို့ကို တိုက်တွန်းအကြံပြုချင်တာက ကိုယ့်ဘက်က ကျိန်းသေအာမခံနိုင်တယ်ဆိုတဲ့ အနေအထားကတော့ ခက်ပါတယ်။ ကျွန်တော်တို့ဘက်ကနေ တိကျတဲ့ပညာရေး ပလက်ဖောင်းတစ်ခု တည်ဆောက်ဖို့ ကောင်းတယ်။ အဲ့ဒီ့မှာ အားလုံးပါ၀င်နိုင်တဲ့ အခင်းအကျင်းဖြစ်ရင် တစ်ဖက်က Non-CDM တွေကိုပါ ဆွဲဆောင်စည်းရုံးပြီးသားလည်း ဖြစ်တယ်ဆိုတဲ့ အနေအထားကို အဓိကပြောချင်တာပါ။ အဲ့ဒီ့ဟာက ရဲဘော်တို့မှာပဲ တာ၀န်ရှိတာ မဟုတ်ဘူး။ ကျွန်တော်တို့မှာလည်း တာ၀န်ရှိတယ်။ NUG လက်ရှိအနေအထားမှာ လည်း တာ၀န်ရှိတယ်။ 

တစ်ဖက်က ပညာရေးအခင်းအကျင်းကို မဖော်ဆောင်နိုင်တာ ကြာလေလေ ဒီဖက်က CDM ကျောင်းသားတွေအတွက် နောက်ဆုံး card ထုတ်ပေးထားသည့်တိုင်အောင်မှ ဒီဖက်ကတိကျသေချာတဲ့ ပုံစံတွေ သူတို့အတွက် ပညာဆက်သင်ကြားနိုင်တဲ့ အခွင့်အလမ်းတွေ၊ နောက်ဆုံး ပညာမသင်ကြားဘူးဗျာ အလုပ်လုပ်မယ် ဆိုရင်လည်း အခုအနေအထားမှာ ကုမ္ပဏီတွေကအစ CDM တွေကို ပစ်ပယ်နေတဲ့ အနေထားတွေရှိတယ်။ ကျွန်တော်ဆိုလိုချင်တာက လူမှုအသိုင်းဝိုင်းတစ်ခုလုံးကို ပြန်ပြီးတော့နှိုးဆော်တဲ့ အခင်းအကျင်းမျိုး၊ CDM ကျောင်းသားဆို လက်ခံရမယ်၊ ဘယ်သူတွေကို လက်ခံရမယ်ဆိုတဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးတာက ပိုကောင်းတယ်။ ဆိုလိုတာက လက်ရှိ တော်လှန်ရေး၊ နိုင်ငံရေးအခင်းအကျင်းမှာတင် CDM ကျောင်းသားတွေ အတွက် အင်မတန်ကိုမှ ပညာဆက်သင်ကြားမှုဆိုင်ရာ အခွင့်အလမ်း၊ အလုပ်အကိုင်ဆိုင်ရာ အခွင့်အလမ်းတွေ နှိုးဆော်တာကမှ ပိုပြီးလက်တွေ့ကျတယ်လို့ ကျွန်တော်ထင်တယ်။ အကယ်၍ ဒီဟာက လူထုရဲ့ ပေးဆပ်စွန့်လွှတ်မှုကို ဂုဏ်ပြုဖို့ အဓိကဦးတည်တယ်ဆိုရင် ဒါဟာ ကျောင်းသားတွေမှမဟုတ်ဘူး၊ တော်လှန်ရေးမှာ ပါ၀င်သူတိုင်းကို တစ်ချိန်ကျရင်ပြည်သူကိုယ်တိုင်ဂုဏ်ပြုမှာ ဖြစ်တဲ့အတွက် ဒီအတွက်ဆိုရင် တခြားနည်းလမ်း ပုံစံတစ်ခုနဲ့ စဥ်းစားတာ ပိုသင့်တော်မလားလို့ ဆွေးနွေးချင်ပါတယ်။ 

ပြန်ချုပ်ရရင် နံပါတ်တစ် ဒီ CDM ကဒ်ထုတ်တဲ့ကိစ္စဟာ သေချာ ကျယ်ကျယ်ပြန့်ပြန့် ပိုပြီးစဥ်းစားသင့်တယ်။ နံပါတ်နှစ် အဲ့ CDM card ထုတ်ပေးခြင်းက ကျွန်တော်တို့ပညာရေးပလပ်ဖောင်း အခင်းအကျင်း ပိုပြီးခိုင်မာအောင် ကြားကာလပညာသင်ကြားရေးနဲ့ နောင်တစ်ချိန်ပညာရေးစနစ်နဲ့ ဘယ်လိုချိတ်ဆက်မလဲဆိုတဲ့ အခွင့်အလမ်းတွေ ကို အားလုံးပါ၀င်နိုင်အောင် ဖန်တီးပေးဖို့ ခင်ဗျားတို့ရော၊ ကျွန်တော်ရော၊ NUG မှာပါ တာ၀န်ရှိနေတယ်။ ဒါဟာ ပိုပြီး ဦးစားပေး ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်။ နံပါတ်သုံး အလုပ်အကိုင်အခွင့်အလမ်းလို ကိစ္စမျိုးတွေ ဒီကာလမှာ ဖော်ဆောင်ပေးသင့်တယ်။ ဘာကြောင့်လဲဆိုရင် လူထုဟာ တစ်နှစ်ထပ်တစ်နှစ် ပိုပြီးခက် ခဲကြပ်တည်းလာတဲ့ အခြေနေတွေ ရင်ဆိုင်လာရတယ်။ အဲ့ဒီ့အတွက်အခွင့်အလမ်းတွေကို ဘယ်လိုမျိုး ကုမ္ပဏီစက်ရုံတွေကို သတင်းစကားပေးမလဲ။ သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကို ဘယ်လိုလုပ်မလဲဆိုတာပါ။ တော်လှန်ရေးဟာ အားလုံးပါ၀င်မှ နိုင်လိမ့်မယ်လို့ ကျွန်တော်ကတော့ထင်ပါတယ်။ အားလုံးပါတဲ့ အခင်းအကျင်း၊ အားလုံးဆောင်ရွက်နိုင်မယ့် အခင်းအကျင်းမျိုးကို ကျယ်ကျယ်ပြန့်ပြန့်စဥ်းစားဖို့လိုမလားလို့ ဒီကရဲဘော်များကို လေးလေးစားစားနဲ့ အကြံပြုချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ 

Prise (54:32 to 1:05:47)

ကျွန်တော်က မြန်မာ့လူငယ် နိုင်ငံရေးအင်အားစု Myanmar Youth Political Unit-MYPU ရဲ့ လက်ရှိတာ၀န်ထမ်းဆောင်နေဆဲ ဥက္ကဌဖြစ်ပါတယ်။ ရှေ့မှာပြောသွားတဲ့ ရဲဘော်တွေ၊ ဒီနေ့ဆွေးနွေးပွဲမှာ ပါ၀င်ခဲ့ကြတဲ့ ဆွေးနွေးချက်တွေကို ကျွန်တော်သေချာလေး နားထောင်ခဲ့ပါတယ်။ ဒီအပေါ်မှာကျွန်တော့်အမြင်နဲ့ ရှင်းလင်းချက်လိုပဲ ဆိုမလားပေါ့နော်။ ဒါမျိုးကို တင်ပြချင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ တော်လှန်ရေးတစ်လျှောက် ကို ပြန်ကြည့်လိုက်မယ်ဆိုရင် ပြည်သူလူထုက တော်လှန်ရေးအစပိုင်းမှာ တော်တော်လေး ပါ၀င်မှု အားမြင့်ပါတယ်။ ဘယ်လိုလူတွေပါ ပါလဲဆိုရင် အခုဆိုတော်လှန်ရေးနဲ့ တအား ကင်းကွာသွားပြီ ဖြစ်တဲ့အဖွဲ့တွေ အဲ့တုန်းကဆို သူတို့မျိုးစုံပြောခဲ့ကြတယ်။ စစ်မှုထမ်းမယ် ဆိုတာကအစ ပြောခဲ့ကြတယ်။ ဆိုတော့ အဲ့တုန်းက ပါ၀င်ခဲ့ကြတဲ့ တော်လှန်ရေးအင်အားက တအားမြင့်တယ်။ ကျောင်းပထမဆုံးပြန်ဖွင့်တဲ့ ဇွန်လမှာတုန်းကလည်း ကျောင်းသားတွေ CDM တွေ အများကြီးရှိခဲ့တယ်။ အလုပ်သမားတွေဘာတွေကတော့ ဒီဆွေးနွေးပွဲနဲ့ မဆိုင်လို့ ဖယ်ထားလိုက်မယ်။ ကျောင်းသားတွေ CDM ပါ၀င်မှုများတယ်။ 

ဒါပေမယ့်ကျွန်တော်တို့ အခုလက်ရှိအခြေနေမှာဆိုရင် နို၀င်ဘာလ ၁ ရက်နေ့ ဒုတိယအကျော့ COVID ပြီးသွားတဲ့ နောက်ပိုင်းမှာဆိုရင် သူတို့ ကျောင်းပြန်ဖွင့်တယ်။ ဟို ဇွန်လထက်စာရင် CDM အရေအတွက်က တော်တော်လေး ပြောင်းလဲသွားတယ်။ ဒါပေမယ့် CDM အောင်မြင်နေတုန်းလို့ ကျွန်တော်တို့ဆိုလိုရတယ်။ အခု နို၀င်ဘာလအချိန်နဲ့ ပြန်ပြီးတော့ ယှဥ်မယ်ဆိုရင် CDM ပမာဏ တော်တော်လေးလျော့ကျသွားတယ်။ စောစောက ရဲဘော်တွေ ပြောသွားကြတဲ့ အိမ်ကမိဘဖိအားဆိုတဲ့ စကားလုံးကို တော်တော်များများသုံးပြီး ကျောင်းပြန်တက်ကြ တာကို ကျွန်တော်တို့တွေ့ရတယ်။ 

ဆိုတော့ခုချိန်မှာ CDM အင်အားမရှိဘူး။ ဒါ ကျွန်တော်ပြောချင်တဲ့ ပထမဆုံးလိုရင်း ဖြစ်ပါတယ်။ ဆိုတော့ ဒီ CDM အင်အားကို ပြန်ပြီးတော့ များလာအောင် ဘယ်လိုလုပ်မလဲ။ ထားပါဦး။ ကျွန်တော်တို့ တော်လှန်ရေး တစ်လျှောက်လုံး CDM ဟာ အမြဲတမ်းအောင်မြင်ခဲ့တယ်။ အမြဲတမ်းအောင်မြင်ခဲ့ခြင်းဟာ ဘာကိုပြလဲဆိုတော့ ကျောင်းသားထုရဲ့ အများစု ဘယ်လောက်ဖြစ်မလဲ။ ရာခိုင်နှုန်းတွေကတော့ ကျွန်တော့်မှာ စာရင်းလည်းမရှိတော့ ကောင်းကောင်းမသိဘူး။ တော်တော်လေးများတဲ့ရာခိုင်နှုန်းက CDM ဘက်မှာရှိခဲ့တယ်။ Non-CDM ပမာဏ ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် ကိုယ့်ခံယူချက်နဲ့ပဲဖြစ်ဖြစ် အိမ်ကဖိအားကြောင့်ပဲဖြစ်ဖြစ် Non-CDM လုပ်တဲ့အင်အားက တော်တော်လေးနည်းတယ်။ ဆိုတော့ ပြည်သူနဲ့အချိုးအဆကို ချိန်ဆကြည့်ဖို ပထမဆုံးတစ်ချက်အနေနဲ့ ပြောချင်တယ်။ 

နောက်တစ်ချက်က ဘာလဲဆိုရင် CDM ID ထုတ်ခြင်းက ကျွန်တော့်အမြင်မှာတော့ ဒါကကျောင်းသားထုကို ခွဲခြားလိုက်တယ်လို့ မမြင်ဘူး။ ဘာလို့ဆို အစောကတည်းက အဖွဲ့နှစ်ဖွဲ့ရှိတယ်။ CDM လုပ်တဲ့ အဖွဲ့ရယ်၊ CDM မလုပ်တဲ့အဖွဲ့ရယ်။ ဒီအဖွဲ့နှစ်ဖွဲ့ဟာ သူတို့ရဲ့ မတူညီတဲ့ခံစားချက်တွေ၊ ခံယူချက်တွေ၊ အတွေးအခေါ်တွေ ဖြစ်တည်လာပြီးတော့ မတူညီတဲ့လုပ်ရပ်တွေ လုပ်လိုက်တဲ့အခါမှာ ထွက်လာတဲ့ အကျိုးရလဒ်ကလည်း မတူညီတဲ့ အကျိုးရလဒ်ပဲထွက်မှာ၊ ဒါဟာဓမ္မတာပါပဲ။ ဆိုတော့ ကျွန်တော်တို့ကြည့်ရမှာက အစောကြီးကတည်းက ကွဲပြားပြီးသားအရာကို ကျွန်တော်တို့ တန်းတူညီမျှအောင် ညှိဖို့ ဖြစ်နိုင်ပါ့မလား။ ဒီမေးခွန်းရှိတယ်။ သူတို့လုပ်ရပ်ကြောင့် ကွဲပြားလာတဲ့အရာတစ်ခုကို ဘယ်လိုနည်းနဲ့မှ တူညီအောင်လုပ်လို့ မရဘူး။ ကျွန်တော် ပထမတစ်ချက်မှာလည်း ပြောခဲ့တယ်။ CDM ပမာဏနဲ့ Non-CDM ပမာဏ ဘယ်ဟာပိုများသလဲ။ Non-CDM ပမာဏဆိုတာ မဖြစ်စလောက်လေးပဲ ရှိတာနော်။ CDM ပမာဏကအများကြီးရှိတယ်။ ဆိုတော့ ဒီနေရာမှာ တန်းတူညီမျှရေး ဒါမျိုးတစ်ခုထဲနဲ့ ဒီအချိုးအစားတစ်ခုကို ကျွန်တော်တို့ပေးဆပ်တဲ့သူတွေ အများကြီးပဲ။ ဒီအချိုးအစားကြီးကို မဖြစ်စလောက်အချိုးအစားလေးနဲ့ သွားပြီးတန်းတူညှိမှာလား မေးစရာရှိတယ်။ 

အဲ့တော့ တော်လှန်ရေးမှာ ပါ၀င်ခဲ့တယ်။ ဟုတ်တယ်ဘယ်လောက်ရာခိုင်နှုန်း ပါ၀င်ခဲ့မှာလဲ။ အခုမြန်မာနိုင်ငံရဲ့ နာမည်ကြီး Game အဖွဲ့တစ်ခုရှိတယ်။ ကျွန်တော် နာမည်တော့တက်မပြောတော့ဘူး။ အစပိုင်းမှာ သူတို့ တော်လှန်ရေး ပါ၀င်ခဲ့ကြတာပဲ။ ဒါပေမယ့် ဇွန်၊ ဇူလိုင်လောက်ကစပြီးတော့ အခုဘယ်အခြေနေ ရောက်နေပြီလဲ။ ဒါမျိုးလူတွေ အများကြီးရှိတယ်ဗျ။ တော်လှန်ရေးမှာ ဘယ်လောက်ထိပါ၀င်ခဲ့တာလဲ ကျွန်တော်တို့က မေးခွန်းထုတ်စရာရှိတယ်။ ကျွန်တော်တို့ ဥပမာပေးရရင် ကျောင်းသားနှစ်ယောက် တစ်ယောက်က စာကြိုးစားတယ်၊ နောက်တစ်ယောက်က နည်းနည်းပဲကြိုးစားတယ်ဆိုရင် ထွက်လာတဲ့ရလဒ်က တူပါ့မလား။ စာလုပ်တာလည်း လုပ်တာပဲ။ တူမလား။ online မှာ ပါ၀င်ခဲ့တဲ့သူတွေ တော်လှန်ရေးမှာ အများကြီး ပါ၀င်ခဲ့တယ်။ ကျွန်တော်တို့ လက်နက်ကိုင်တိုက်ခဲ့တဲ့သူနဲ့ clickers နဲ့ click တာက တော်လှန်ရေးမှာ အရေးပါတယ်။ ဒါပေမယ့် လက်နက်ကိုင်တိုက်တဲ့သူနဲ့ clicker နဲ့ ကျွန်တော်တို့ ပြန်ပြီးယှဥ်ကြည့်မယ်။ ဘယ်သူ့ရဲ့ ပါ၀င်နှုန်းကပိုများလဲ။ ဘယ်သူရင်းထားတဲ့ အရင်းအနှီးက ပိုများမလဲ။ ဒါတွေကို ကျွန်တော်တို့ ပြန်ပြီးတွေးရမယ်။ တော်လှန်ရေးမှာ ဘယ်လောက်ရာခိုင်နှုန်း ပါ၀င်ခဲ့တာလဲ။ Non-CDM တွေကပေါ့။ ကျွန်တော်တို့ ဒီမေးခွန်းတွေက တော်တော်လေးကို အရေးကြီးတဲ့ မေးခွန်းတွေလို့ ကျွန်တော်ထင်တယ်။ 

ဆိုတော့ ဒီဟာအပေါ်မှာတန်းတူညီမျှရေး ဘယ်လိုပြန်ပြီး ဖော်ဆောင်မှာလဲ။ နောက်တစ်ချက် ပြန်ပြီးစဥ်းစားရမယ့် အချက်တစ်ချက်ပါ။ ကျွန်တော် အခုတင်ပြနေတာ၊ တင်ပြချက်ဆိုတာထက် စဥ်းစားရမယ့်အချက်တွေလို့ ကျွန်တော်ပြောချင်ပါတယ်။ ပထမတစ်ချက်က ဒါဟာခွဲခြားတာမဟုတ်ဘူး။ သူတို့ရဲ့ မတူညီတဲ့လုပ်ရပ်တွေကြောင့် ကွဲပြားလာတာကို ကျွန်တော်တို့က တန်းတူညီမျှရေးဆိုတာ လုပ်လိုရပါ့မလား။ ပေးဆပ်ခဲ့ပုံတွေ မတူဘူး။ ရာခိုင်နှုန်းတွေ အများကြီးကွဲတာကို တူညီအောင်လုပ်လို့ ရပါ့မလား။ ဒုတိယတစ်ချက်က ဘာလဲဆိုတော့ ခုနကပြောတဲ့ Wifi တို့ Internet တို့ ရှိတဲ့သူတွေက self development လုပ်နေကြတယ်။ ဆိုတော့ ဒီအခြေနေမှာ စောစောကရဲဘော်ပြောသွားခဲ့သလိုမျိုးပဲ ဟုတ်တယ်၊ ကျွန်တော်တို့ပညာရေးအခင်းအကျင်းကောင်းတစ်ခုကို ပြည်သူကို ချပြနိုင်ဖို့ လိုတယ်။ ဒါဟာ အခုချိန်ထိ အားနည်းနေဆဲပါပဲ။ ကျောင်းသားထုအနေနဲ့ရော တာ၀န်ယူထားတဲ့သူတွေအနေနဲ့ရော ကျွန်တော်လည်း ကျောင်းသားတာ၀န်ခံတော့ မဟုတ်ပေမယ့် ကျွန်တော်လည်း တာ၀န်ရှိတယ် လို့ခံစားရတယ်။ NUG အနေနဲ့လည်းအားလုံးမှာ တာ၀န်ရှိပါတယ်။ ကျွန်တော်တို့ ဒီဟာကို မဖော်ဆောင်နိုင်သေးဘူး၊ ဒါကျွန်တော်တို့တွေ လက်ခံရမှာပါ။ ဆိုတော့ ကျွန်တော်တို့ တော်လှန်ရေးအောင်ဖို့ဆိုရင် နည်းလမ်းတစ်ခုထဲ သုံးတာထက် နည်းလမ်းမျိုးစုံသုံးတာကို ပိုပြီးတော့သွားရမယ်။ အခုဆိုလည်း တော်လှန်ရေးမှာဆိုရင် NUG အပြင် NUG လက်အောက်ကမဟုတ်တဲ့ အဖွဲ့အစည်းမျိုးစုံကလည်း လမ်းပေါင်းစုံကနေ တော်လှန်နေကြတယ်။ ဒီသဘောမျိုးပဲ မျိုးစုံလုပ်ရမယ်။ ပထမတစ်ချက် CDM များအောင် လုပ်ရမှာလည်း ဖြစ်သလို ပညာရေးအခင်းအကျင်းတစ်ခု ချပြပြီးတော့လည်း စည်းရုံးယူရမယ်။ 

ကျွန်တော်တို့ CDM တွေအပေါ်  ခွဲခြားလိုက်ခြင်းလို့ပဲ ကျွန်တော်သုံးတယ်နော်။ အစကတည်းက ကွဲပြားပြီးသားကို ပိုပြီးတော့ သိသာထင်ရှားအောင် လုပ်လိုက်ခြင်းမျိုးပဲ ဖြစ်တယ်။ CDM သမားတွေက အခွင့်အရေးပိုရသွားမယ်။ CDM မဟုတ်တဲ့သူတွေက တခြား CDM သမားတွေနဲ့ ယှဥ်ရင် အခွင့်အရေးမရတော့ဘူး။ သူတို့က ဒီနေရာမှာ ဖိအားတစ်ခုကို ဖြစ်စေတယ်။ ကျွန်တော်တို့ ပထမက SP တွေလုပ်ခဲ့ကြတယ်။ အောင်မြင်လား။ မအောင်မြင်ဘူး။ ဘာလိုမအောင်မြင်လဲ။ SP ဟာ အကျိုးအမြတ်မပါပဲ အကြောက်တရားအပေါ် အခြေခံတယ်။ CDM ID ကမတူဘူး။ အကျိုးအမြတ်ရှိတယ်။ အကြောက်တရား ရှိတယ်။ ဒီ CDM လုပ်တဲ့သူတွေ ဒီ card ကိုင်ဆောင်ထားတဲ့ သူတွေက ပိုမိုသာလွန်တဲ့ အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေ ရသွားမှာ ဖြစ်တယ်။ ဒီ CDM card ရဲ့ရည်ရွယ်ချက်ကတော့ အပြုသဘောဆောင်တဲ့ ရည်ရွယ်ချက်ဖြစ်တယ်။ 

ဒါပေမယ့် CDM card ရဲ့ အဖျက်စွမ်းအားဟာလည်း အများကြီးအသုံး၀င်တယ်။ အဖျက်စွမ်းအားဆိုတာ အနုတ်သဘော ဆောင်တဲ့သဘောနဲ့ ပြောတာမဟုတ်ပါဘူး။ အဖျက်စွမ်းအားဆိုတာ Non-CDM တွေကို ဖိအားပေးနိုင်တယ်။ သူတို့အရင် SP တုန်းက မတွေးခဲ့ပေမယ့် အခုအခွင့်အလမ်းတွေနဲ့ တကယ်ဖော်ဆောင်နေပြီ။ SP က လေလှိုင်းပေါ်မှာပဲ ရှိခဲ့တယ်။ ကျွန်တော်တို့ ပြောရရင် ဘာမှမလုပ်နိုင်ခဲ့ဘူး။ အခု Card တွေနဲ့ လုပ်နေပြီ။ နောက်ပိုင်းကျရင်လည်း တော်လှန်ရေးအခြေအနေက ပြောင်းလဲတော့မယ်။ ဆိုတော့ သူတို့တွေးမိတော့မယ်။ ဘယ်လိုတွေးမိမလဲ။ ငါတို့ တော်လှန်ရေးအလွန်မှာ တခြားသူတွေနဲ့ ယှဥ်လိုက်ရင် အခွင့်အရေး၊ အခွင့်အလမ်း တန်းတူမရတော့ဘူး။ ဆိုတော့ မိဘကလည်း တွေးမိတော့မယ်။ စောစောက ကျွန်တော်ပြောခဲ့တယ်။ မိဘကခိုင်းလို့ တက်ရတယ်ဆိုတဲ့ဟာကို ချေဖျက်ပြလိုက်တာ။ အကြောက်တရားဆိုတာက ဒီအခြေနေမှာ သုံးလို့ကောင်းတဲ့လက်နက်တစ်ခုလို့ ကျွန်တော်ထင်တယ်။ ဆိုတော့ ကျွန်တော့်အနေနဲ့ CDM ပမာဏကို ပထမပြောတဲ့ အကြောက်တရားနည်းနဲ့ပဲ ပြန်ပြီးတော့စုစည်းနိုင်မှာ ဖြစ်သလို ဒီပညာရေးအခင်းအကျင်းကို ပြင်လိုက်မယ်ဆိုရင်လည်း ထပ်ပြီးတော့ စည်းရုံးတဲ့နည်းရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် CDM ID ကိစ္စက တော်တော်လေးကောင်းတယ်လို့ ပြောလို့ရမယ်။ ဒီနေရာမှာ တန်းတူညီမျှရေးအပိုင်းပေါ့နော်။ တန်းတူညီမျှရေးအပိုင်းမှာဆိုရင်လည်း အခု CDM ID ကိစ္စက ဘယ်တော့နောက်ဆုံးဆိုပြီး သတ်မှတ်ထားတာလည်း မရှိဘူး။ ဒီဟာက အချိန်အကန့် အသတ်မရှိ တော်လှန်ရေးပြီးဆုံးသွားတဲ့ နောက်ပိုင်းမှာတောင် ဆက်လက်ပြီးလုပ်သွားမယ့် ပုံစံလို့ ကျွန်တော်လည်းမြင်တယ်။ 

ဆိုတော့ တစ်ဖြည်းဖြည်းနဲ့တော့ ရလာကြမှာပဲ။ အခုချိန်မှာ CDM ပြုလုပ်မယ်ဆို မှီသေးတယ်။ အခု CDM ID အတွက် တာ၀န်ရှိသူအားလုံးက ဒါကိုလက်ခံမှာပါ။ CDM card ဟာ အခုမှ CDM လုပ်လာတဲ့သူတွေအတွက်လည်း ရမှာဖြစ်တယ်။ အဲ့တော့ တန်းတူညီမျှရေးဆိုတာကို ပူစရာမရှိဘူး။ နောက်ဆုံး ကျွန်တော်ပြောရရင်တော့ ဒီလူဦးရေအချိုးအစားရယ်၊ စောစောက Non-CDM တွေပေါ် ဖြစ်လာမယ့် SP ပုံစံမျိုးရယ်ဆိုတော့ ဥပမာပေးရရင် လူတွေက လုပ်ငန်းခွင်တစ်ခုမှာသူဌေးက CDM သမားကို အင်တာဗျူးမှာ ပိုပြီးတော့အခွင့်အရေးပေးတာဖြစ်ဖြစ် ဆိုရင် အဲ့ဒါ ဘယ်လိုဥပဒေ၊ ဘယ်လိုလူ့အခွင့်အရေး ဘာနဲ့မှမငြိဘူး။ ဘာလိုမငြိလဲ ဒါဟာသူဌေးရဲ့ လုပ်ပိုင်ခွင့်ဖြစ်တယ်။ အလုပ်ရှင်ရဲ့ လွတ်လပ်ခွင့်ဖြစ်တယ်။ ဒါဟာ ဒီမိုကရေစီနည်းကျတယ်။ ဘာလို့ ဒီမိုကရေစီနည်းကျလဲဆိုရင် ဒီမိုကရေစီနည်းမှာဆိုရင် လူတစ်ယောက်ရဲ့ လွတ်လပ်ပိုင်ခွင့်ဟာ တခြားသူ တစ်ယောက်ရဲ့ အခြေခံအခွင့်အရေးကို မထိခိုက်ရဘူး။ ဒါဟာလည်း တစ်ခြားသူတစ်ယောက်ရဲ့ အခွင့်အရေးကို မထိခိုက်ဘူး။ ကျွန်တော်တို့စဥ်းစားကြည့်ရင် ရှင်းရှင်းလေး ပေါ်လာလိမ့်မယ်။ တစ်ယောက်ကို အခွင့်အရေး ပိုပေးလိုက်ခြင်းက တစ်ခြားသူတစ်ယောက်ရဲ့အခွင့်အရေးကို ထိခိုက်စရာအကြောင်းမရှိဘူး။ 

အခုကျွန်တော်ပြောနေတဲ့ အကြောင်းက အရှေ့နဲ့အနောက်မှာ နည်းနည်းရှုပ်ထွေးမှုဖြစ်လိမ့်မယ်။ ဒီဟာကို ခင်ဗျားတို့အနေနဲ့ လိုက်ပြီးတော့ စဥ်းစားနိုင်ရင်တော့ ရှင်းရှင်းလင်းလင်း မြင်ပါလိမ့်မယ်။ အခု ဒီ CDM ID ပေါ်ဖြစ်လာမယ့် အကျိုးရလဒ်တွေဟာ ကျွန်တော့်အနေနဲ့ပြောရရင် ပြည်သူတစ်ယောက်ချင်းစီလုပ်လိုက်တဲ့ SP တွေဆိုလည်း မမှားပါဘူး။ ဆိုတော့ ဒီဟာက တရား၀င်မှုလည်း ရှိတယ်။ ကျွန်တော်ချပြခဲ့တဲ့ အကျိုးအမြတ်တွေ လည်းရှိတယ်။ ဆိုတော့ CDM ID ဟာ အများကြီး အကျိုးဖြစ်ထွန်းစေမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် အခုပထမပိုင်းမှာ ပြောလိုတာကတော့ ဒီလောက်ပါပဲ။ မေးချင်တဲ့ မေးခွန်းများရှိရင် ကျွန်တော့်ကို တိုက်ရိုက်မေးနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ 

ကိုဟောက်စ် (1:05:36   to 1:14:44)

ဟယ်လို ဟုတ်ကဲ့ အားလုံးမင်္ဂလာပါ။ ကျွန်တော်ကတော့ ကိုဟောက်စ်ပါ။ ကျွန်တော်ကတော့ ဘယ်လိုကျောင်းသားအဖွဲ့အစည်း တစ်ခုနဲ့မှ မသက်ဆိုင်ပါဘူး။ ကျွန်တော်ကတော့ သာမန်တက္ကသိုလ်ဝင်တန်း စနစ်ဟောင်း ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။ 

ကျွန်တော်တို့ ဖေဖော်ဝါရီလ တစ်ရက်နေ့ ၂၀၂၁ မှာ အာဏာသိမ်းသွားတယ်။ အာဏာသိမ်းသွားတဲ့အချိန်မှာ ပြည်သူတွေကတော့ မခံနိုင်ဘူး။ သူတို့ရဲ့ အနာဂတ်တွေ ပျက်တယ်၊ ပျောက်တယ်ဆိုပြီး စိတ်ထဲမှာ ယူကြုံးမရဖြစ်ကြတယ်။ အခုဆိုဖေဖော်ဝါရီနှစ်ရက် ရောက်ပါပြီ။ တစ်နှစ်တိတိ ပြည့်ပါပြီ။ အခုချိန်မှာ လူတွေရဲ့ memory တွေ facebook က memory တွေ ပြန်ကြည့်မယ်ဆိုရင် CDM ကို ထောက်ခံပါတယ်ဆိုပြီးတော့ အကုန်လုံး စာရေးခဲ့ကြတယ်။ ကျွန်တော်ကတော့ ဘယ်လိုမျိုးလဲဆိုတော့ တိုင်းနဲ့ပြည်နယ် တစ်ဆယ့်လေးခု ထဲမှာမှ တော်လှန်ရေးလှုပ်ရှားမှု အနည်းဆုံးလို့ ပြောလိုရမယ့် ဧရာဝတီတိုင်းက ကျောင်းသားတစ်ယောက်ပါ။ မြေပြင်အခြေအနေမှာ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဖေဖော်ဝါရီ တစ်ရက်နေ့ အာဏာသိမ်းပြီးတော့ ဖေဖော်ဝါရီ ငါးရက်နေ့မှာ အုပ်စုလိုက်လူစုပြီး ကျောင်းကိုယ်စားပြုအနေနဲ့ စာတွေကြိုးစားထုတ်ပြီး CDM ကိုထောက်ခံကြောင်း၊ အာဏာရှင်ကို ဆန့်ကျင်ကြောင်းတွေ လုပ်ခဲ့ကြတယ်။ ကျွန်တော်တို့တွေ အဲ့လိုလုပ်ခဲ့ကြတယ်။ ပြီးတော့ ဆန္ဒပြမှုတွေ လုပ်ခဲ့ကြတယ်။ 

တစ်ဖြည်းဖြည်းနဲ့ အချိန်တွေက ကုန်လွန်လာတယ်။ အဲ့လိုကုန်လွန်လာတဲ့အခါမှာ ဧရာဝတီတိုင်းဆိုတာလည်း သိတဲ့အတိုင်း လှုပ်ရှားမှုနည်းတယ်ဆိုတာ အခွင့်အရေးသမားတွေ၊ မြေပြင်မှာ ကိုယ်ကျိုးအတွက်ကိုပဲ ကြည့်တဲ့သူတွေနဲ့ နောက်ပြီးတော့ ဒလန်လို့ပြောလို့ရမယ့် လူမျိုးတွေ များတယ်။ အဲ့ဒါကြောင့်မို့လို့ ဇွန်လတစ်ရက်နေ့မှာ ဖွင့်တဲ့အချိန်မှာ CDM ဟာ လူတွေအများကြီး သွေးအေးတဲ့အထဲမှာ ပါသလို အဲ့လောက်ထိလည်း စစ်အာဏာရှင်ကို ကြောက်ရွံရကောင်းမှန်းလည်း မသိတာကြောင့် CDM လုပ်တဲ့သူဟာ ၄၀ ရာခိုင်နှုန်းလောက်ရှိပြီး Non-CDM က ၆၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ 

အဲ့အချိန်မှာ ကျွန်တော်တို့တော်တော်များများ ဟာ ကျောင်းမတက်ကြပဲနဲ့ CDM မှာ ပါဝင်ခဲ့ကြတယ်။ အဲ့လို ပါဝင်လာကြပြီး တစ်လလောက်ကြာလာတဲ့အချိန်မှာ COVID-19 အခြေအနေတွေနဲ့ ကျောင်းတွေက ပြန်ပိတ်သွားကြတယ်။ အဲ့လိုပြန်ပိတ်သွားတဲ့ အချိန်မှာကျတော့ ကျွန်တော်တို့ ကျောင်းသားတွေအကုန်လုံးလည်း ကျောင်းတွေပြန်တက်စရာ မလိုတော့ဘူး။ နောက် ခုနိုဝင်ဘာလမှာ ပြန်ဖွင့်တဲ့အချိန်မှာတော့ CDM မှာ ပါဝင်နှုန်းကို ကြည့်မယ်ဆိုရင် ၂၀ ရာခိုင်နှုန်းနဲ့ ၈၀ ရာခိုင်နှုန်းထိကို ဖြစ်သွားပါတယ်။ ၈၀ ရာခိုင်နှုန်းကတော့ Non-CDM ကျောင်းသား ဖြစ်ပြီး ၂၀ရာခိုင်နှုန်းကတော့ CDM ကျောင်းသား ဖြစ်သွားကြပါတယ်။ 

အခုဆိုရင် စစ်ကောင်စီက ဘယ်လိုလုပ်လဲဆိုတော့ သုံးလနဲ့ အပြီးသင်မယ်။ တစ်လတစ်တန်း တင်ပေးမယ်။ အဲ့လိုတွေ ဖြစ်လာကြတဲ့အချိန်မှာ CDM လုပ်နေတဲ့သူတွေစိတ်ထဲမှာ အနည်းနဲ့အများဆိုသလို ခံစားလာရတယ်။ ငါတို့ အတန်းတူရှိတဲ့သူငယ်ချင်းက ငါတို့ကို ကျော်တက်သွားမလား။ သူတို့ထက် အောက်မှာကျန်ခဲ့မလား။ အဲ့လိုအတွေးတွေ ဝင်လာကြတယ်။ နောက်ပြီးတော့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ CDM ကျောင်းသားတွေက ၈၀ ရာခိုင်နှုန်း Non-CDM ကျောင်းသားတွေ ကျောင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျောင်းစိမ်းလေးတွေဝတ်ပြီး ကျောင်းကိုသွားနေတဲ့ အခုလိုအချိန်မှာဆိုရင် ဘယ်လိုခံစားရမလဲဆိုတော့ စိတ်တော့မကောင်းကြဘူးပေါ့ဗျာ။ CDM လုပ်တဲ့ ကျောင်းသားတွေရဲ့ ဆန္ဒတစ်ခုကို ပြောမယ်ဆိုရင်တော့ ကျောင်းတွေပြန်တက်ချင်တဲ့ ဆန္ဒတစ်ခုရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ခံယူချက်ရပ်တည်ချက်ကြောင့်သာ စိတ်ကိုပိုင်းဖြတ်ပြီးတော့ CDM မှာ ပါဝင်နေကြတာပါ။ 

ဒါပေမယ့် အခုဆိုရင် ကျွန်တော်ဟာ ၁၀ တန်းစနစ်ဟောင်း ကျောင်းသားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့ ဘာသာရပ်တွေကို ကြည့်မယ်ဆိုရင် အခုလာမယ့် မတ်လ ၂၇ ရက်နေ့မှာ သူတို့ စာမေးပွဲစစ်မယ်ခင်ဗျ။ စာမေးပွဲစစ်တဲ့အထဲမှာ ဘာတွေပါမလဲဆိုတော့ ကျွန်တော့်အနေနဲ့ သင်ရိုးစွဲရှိတဲ့သင်ရိုးထက် ၁၀ ပုံပုံ တစ်ပုံလောက်သာ ကျန်ပါတော့တယ်။ ကျန်တဲ့ဟာတွေ အကုန်လုံးကို လျှော့ချပစ်လိုက်တယ်။ ၁၀ ပုံပုံ တစ်ပုံစာကျက်လိုက်ရင်တောင်မှ ၂၀၊ ၃၀ လောက် ရရင်တောင် အအောင်ပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတယ်။ ဂုဏ်ထူးတွေ ဘာတွေ သူတို့ဖြစ်နိုင်တာတွေပေါ့။

 ပြီးတော့ အာဏာသိမ်းခေါင်းဆောင် တွေပြောခဲ့တဲ့ စကားတွေလည်းရှိပါတယ်။ သုံးဘာသာပါရင် ဆေးတက္ကသိုလ်တက်ခွင့်ရှိမယ် စသဖြင့် မက်လုံးပေးမြှူဆွယ်မှုတွေ ရှိပါတယ်။ အဲ့ကို ကျောင်းသားတွေက လိုက်သွားလားဆိုတော့ လိုက်သွားကြပါတယ်။ နိုဝင်ဘာလမှာ ကျောင်းပြန်ဖွင့်တော့ CDM သမားလို့ ပြောခဲ့တဲ့တော်တော်များများတောင် ကျောင်းတွေပြန်တက်ခဲ့ကြပါတယ်။ အဲ့လို မက်လုံးပေးမြှူဆွယ်မှုတွေကြောင့် သူတို့ရဲ့အနာဂတ်ကို ပိုပြီးတွေးလိုက်တဲ့အခါ ခံယူချက်ကို ကျော်လွန်သွားတယ် ထင်ပါတယ်။ 

တစ်လလောက် ကြာသွားတဲ့အခါမှာ သူတို့စဥ်းစားမိသွားတယ်။ ဘယ်လိုတွေးမိလည်းဆိုတော့ စာပေနဲ့ဝေးကွာမှုက အာဏာမသိမ်းခင်ကာလမတိုင်ခင် တစ်နှစ်လောက်ကတည်းကဆိုတော့ စာတွေနဲ့ တအားဝေးကွာမှု ဖြစ်သွားတယ်။ ဒီစာတွေနဲ့ဝေးကွာမှုက သူတို့လိုချင်တဲ့ ဘဝရည်မှန်းချက်ကို ရောက်ပါ့မလားဆိုတာမျိုးတွေ ဖြစ်သွားကြတယ်။ အဲ့လိုဖြစ်သွားလည်း သူတို့ရဲ့ခံယူချက်က အာဏာရှင်စနစ်ကို မကြိုက်တာမှန်ပါတယ်။ ဒါပေမယ့် ၁၀ တန်းဆိုတဲ့ဟာ တစ်ခုကို မအောင်ဘဲနဲ့ ဘဝတစ်ခုလုံး ဘယ်လိုဖြစ်လာမလဲ။ ပတ်ဝန်းကျင်တွေ၊ မိဘတွေရဲ့ ဖိအားပေးမှုတွေကြောင့် ဖြေရတာမျိုးတွေလည်း ရှိပါတယ်။ အဲ့ဒီ့အချိန်မှာ တစ်ချို့ကျောင်းသားတွေက သူတို့ရဲ့ စိတ်ခံစားမှုမှာ လိပ်ပြာမလုံ ခံစားနေရတဲ့ကျောင်းသားတွေလည်း ရှိသလို ကျောင်းကနေ တစ်ပတ်လောက်တက် တစ်လလောက်တက်ပြီး ပြန်ထွက်သွားကြတဲ့ ကျောင်းသားတွေလည်း ရှိပါတယ်။ ဒါပေမယ့် အခုဖြေမယ့် ကျောင်းသားတွေအရေအတွက် ဘယ်လောက်ကျန်ဦးမလဲ။ ရာခိုင်နှုန်းအရ ကြည့်မယ်ဆိုလည်း ၈၀ လောက်က ဖြေမယ့်သူတွေဖြစ်ပြီး ၂၀ လောက်ကတော့ မဖြေမယ့်သူတွေပါပဲ။ 

ပြောရမယ်ဆိုရင်လည်း အဲ့ ၈၀ ထဲမှာ ဖြေမယ်လို့ လုပ်နေကြတဲ့သူတွေထဲမှာလည်း တော်လှန်ရေးအစကနေ အဆုံးအထိ ထဲထဲဝင်ဝင် ပါဝင်နေကြတဲ့သူတွေလည်း ရှိပါတယ်။ ဘယ်လိုပါဝင်မှုလဲဆိုတော့ click to donate တွေလည်း လုပ်ခဲ့တယ်။ twitter မှာtweet တာတွေ အကုန်လုံးလည်း လုပ်ခဲ့ကြတယ်။ ထောင်သောင်းကျော်အောင် tweet ခဲ့ကြသူတွေလည်း ရှိပါတယ်။ သူတို့ရဲ့စိတ်ထဲမှာ over-thinking တွေကနေ ငါတိုနဲ့တန်းတူ သူငယ်ချင်းတွေ က ဒီဟာကြီးကို ကျော်ဖြတ်သွားရင် ငါတို့က ကျန်ခဲ့မယ်။ အဲ့လိုဟာမျိုးတွေ။ စိတ်ထဲမှာတော့ ခံယူချက်ကတော့ နိုင်မယ်လို့ ယုံကြည်ချက်ရှိပေမယ့် အနည်းနဲ့အများကတော့ သူတို့သူငယ်ချင်းတွေနဲ့ တန်းတူယှဥ်လိုက်တဲ့အခါမှာ အဖိနှိပ်ခံလို ဘောမတွေပေးမယ့် သူတို့သူငယ်ချင်းထက် တစ်ဆင့်နိမ့်သွားပြီလို့ တွေးကြတယ်။ အဲ့လိုတွေကြောင့် ဝင်ဖြေဖို့တွေးကြတဲ့ သူတွေလည်းရှိမယ် ထင်ပါတယ်။ 

နောက်ပြီးတော့ ကျွန်တော်ပြောချင်တာ တစ်ချို့ကျတော့လည်း ကျောင်းကနေ ပြန်ထွက်ပြီး မတ်လမှာ စာမေးပွဲစစ်ပြီးရင် အနည်းဆုံး အာဏာသိမ်းအစိုးရက ဇွန်လလောက်မှာ ပြန်ဖွင့်မယ်လို့ထင်ပါတယ်။ ဒီတစ်နှစ်ကို နားပြီးတော့ နောက်တစ်နှစ်မှာ ပြန်တက်မယ်လို့ ပြောနေကြတဲ့သူတွေလည်း ရှိပါတယ်။ သူတို့က ပြောချင်တဲ့ သဘောက CDM မှာ ပါဝင်တယ်ဆိုတာထက် သူတို့ရဲ့  ဒီနှစ်မှာဝင်ဖြေရင် သူတို့ရမယ့် ရလဒ်တွေ၊ ရည်မှန်းချက်တွေ မရနိုင်လို့ နောက်တစ်နှစ်ကို ပြန်ရွေးချယ်တယ်ဆိုတဲ့ လူမျိုးတွေလည်း ရှိပါတယ်။ 

အဲ့လိုမျိုးတွေ ပြောတဲ့အခါမှာတော့ အခု CDM ID ထုတ်ပေးမယ့် ကိစ္စအပေါ် ကျွန်တော်ကတော့ လက်ခံပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ အခု ကျွန်တော်တို့ ဒီ ၂၀-၈၀ လောက်မှာဆိုရင် ၂၀ ရာခိုင်နှုန်း သူတို့အတွက်ကတော့ သူတို့ရဲ့ ကောက်ရိုးတစ်မျှင်စာလောက်တော့ သူတို့ရဲ့စိတ်ထဲမှာ over-thinking တွေ ပြည့်နေတဲ့ သူတွေအတွက်တော့ ကောက်ရိုးလေးတစ်မျှင်စာလောက် ဖြစ်သွားပါလိမ့်မယ်။ အဲ့ဒါကြောင့် ကျွန်တော့်အနေနဲ့ ထောက်ခံပါတယ်။ အခက်အခဲများစွာတော့ ရှိနိုင်ပါလိမ့်မယ်။ 

ဒါပေမယ့် ဒီ ၈၀ ရာခိုင်နှုန်းထဲမှာလည်း တစ်ကယ် ထဲထဲဝင်ဝင်ကို လုပ်နေကြတဲ့သူတွေလည်း ရှိပါတယ်။ သူတို့အတွက်ကိုလည်း သူတို့လုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ထိုက်တန်မှုတစ်ခုရဖို့ကိုလည်း ကျွန်တော်အနေနဲ့ မျှော်မှန်းမိပါတယ်။ 

အခုလို ၈၀ ရာခိုင်နှုန်းလို့ ပြောနေလို့ ကျွန်တော့်ကို ဒီ ၈၀ ရာခိုင်နှုန်းမှာ တက်နေတဲ့ ကျောင်းသားတစ်ယောက် လို့တော့ မထင်ပါနဲ့။ အာဏာသိမ်းအစိုးရစဖွင့်တဲ့ ဇွန်လကတည်းကနေ ယနေ့အချိန်ထိ ကျောင်းမတက်သေးတဲ့ ကျောင်းသားတစ်ယောက်ပါ။ 

နောက်ပြီး CDM ကျောင်းသားနဲ့ Non-CDM ကျောင်းသားလို့ ပြောတဲ့နေရာမှာ အချို့ကကျတော့ ပညာရေးမှာကျ အစိုးရပညာရေးကနေပြီးတော့ ကျော်ပြီး ကိုယ်ပိုင်ကျောင်းတွေမှာပေါ့။ ပစ္စည်းရှိလူတန်းစားတစ်ရပ်က နိုင်ငံခြားပညာရေးစနစ်ကို သင်ယူပြီး သွားဖို့ပြင်နေကြချိန်မှာ ကျွန်တော်တို့ ပစ္စည်းမဲ့လူတန်းစား CDM လုပ်ပါတယ်ဆိုတဲ့ ကျောင်းသားတွေက ပိုက်ဆံမရှိ၊ မိဘတွေရဲ့ ထောက်ပံ့မှုမရှိဘဲ ကျန်ခဲ့မယ်ဆိုရင်ရော သူတို့အတွက် ဘယ်လိုဖြစ်နိုင်မလဲ၊ တော်လှန်ရေးကာလ ကျွန်တော်တို့အနေနဲ့ ခန့်မှန်းလို့ မရပါဘူး။ လူတွေကတော့ ခန့်မှန်းနေကြတာ ခန့်မှန်းမှုအမျိုးမျိုးရှိပါတယ်။ တစ်နှစ်နှစ်နှစ်ဆိုပြီး ခန့်မှန်းနေကြတာတွေ ရှိပါတယ်။ ကျွန်တော်ကတော့ ရေတိုမဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ရေရှည်တော်လှန်ရေးတစ်ခုလို့ မြင်မိပါတယ်။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ ဒီ နှစ်နှစ်လုံးလုံးမှာ ကြားကာလပညာရေးမှာ ပါဝင်မယ်ဆိုတာကတော့ လူလတ်တန်းစားနဲ့ ပစ္စည်းရှိလူတန်းစားလောက်ပဲ ပါဝင်နိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုရင် အခုဆို အာဏာသိမ်းစစ်အစိုးရကနေ ကျွန်တော်တို့မြို့တွေမှာဆိုရင် VPN တွေ စစ်တာ၊ ဖုန်းတွေစစ်တယ်။ wifi လစဥ်စျေးနှုန်းတွေ တိုးချဲ့တာတွေ ရှိတယ်။ နောက်ပြီးတော့ data စျေးတွေ မြှင့်ပစ်တယ်။ 

အဲ့လိုမျိုးနဲ့ လူငယ်တွေနဲ့ အင်တာနက်စနစ်ကို ကင်းကွာအောင် အများကြီးလုပ်လာကြတယ်။ ကြားကာလ ပညာရေးစနစ်တို့၊ ဘာသာရပ်သင်ကြားလေ့လာမှုတို့ဆိုတဲ့ ဟာတွေကို ကျွန်တော့်အမြင်မှာတော့ ပစ္စည်းရှိလူတန်းစားနဲ့ လူလတ်တန်းစားလောကအဆင့်ထဲပဲ တက်နိုင်ပြီး အောက်ခြေက ပစ္စည်းမဲ့လူတန်းစား တွေအတွက်ကတော့ တော်တော်လေးအခက်အခဲဖြစ်မယ်လို့ မြင်မိပါတယ်။ အဲ့ကျရင် သူတို့အနေနဲ့ ပညာရေးနဲ့ ပိုပြီးဝေးကွာတာတွေ ဖြစ်သွားမှာပါ။ ရေသန့်ပို့တာ၊ အလုပ်ကြမ်းလုပ်တာ၊ အခြေခံအလုပ်တွေမှာ ဝင်လုပ်နေရလိမ့်မယ်။ နောက်ထပ် တော်လှန်ရေးက နှစ်နှစ်၊ သုံးနှစ်လောက်ကြာ ပြီးမှဆိုရင် သူတို့ရဲ့ ပညာရေးကလည်း အရပ်သားစိတ် ကူးသွားတဲ့အခါ ပညာရေးဖက် ပြန်စိတ်ဝင်စားပါဦးမလားဆိုတဲ့ အချက်လေးတစ်ခုကို စဥ်းစားရမယ်လို့ ကျွန်တော်ထင်ပါတယ်။ 

ဟုတ်ကဲ့ ကျွန်တော်ပြောချင်တာကတော့ အဲ့ဒါပါပဲခင်ဗျာ။ CDM  ID ထုတ်တာကိုတော့ ကျွန်တော့်အနေနဲ့ လက်ခံပါတယ်။ ဘာလို့လဲဆိုတော့ ၂၀ ရာခိုင်နှုန်းလောက် လုပ်နေတဲ့ ကျောင်းသားတွေအတွက်ကတော့ ကောက်ရိုးတစ်မျှင်ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့် ၈၀ ရာခိုင်နှုန်းလောက်ဖြစ်တဲ့ Non-CDM ကျောင်းသားတွေထဲမှာလည်း ထဲထဲဝင်ဝင်လုပ်တဲ့သူတွေ ရှိသလိုမျိုး၊ ရှိတယ်ဆိုပေမယ့် သူတို့အတွက်တော့ ဖိနှိပ်မှုတစ်ခုမဟုတ်ပဲ သူတို့လုပ်ဆောင်ခဲ့တဲ့အရာတွေအတွက် အခွင့်အရေးတစ်ရပ် မဟုတ်ရင်တောင် တန်းတူညီမျှခြင်းတစ်ခုတော့ ရသင့်တယ်လို့ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ 

Justin (1:15:24  to 1:16:32)

ကျွန်တော်တစ်ခုလောက်ပြောချင်ပါတယ်။ ကျွန်တော်မေးချင်တာက အ.က.ရ ဥက္ကဌကို တစ်ခုလောက် မေးချင်တာက ကျွန်တော်ကကိုယ်ပိုင်ကျောင်းကဆိုတော့ ကိုယ်ပိုင်ကျောင်းမှာလည်း ၁၀ တန်းတွေကို ပိတ်ထားတယ်။ လုံးဝကိုပိတ်ထားတာပါ။ ကိုယ်ပိုင်ကျောင်းကျတော့ရော ဘယ်လိုလုပ်သင့်သလဲပေါ့။ ကျွန်တော်တို့ တစ်ကျောင်းထဲတင်လုပ်တာလား။ တစ်ခြားကျောင်းတွေလည်း ရှိမှာပါ။ မြန်မာပြည်မှာ အများကြီးရှိမှာဘဲ။ သူတို့လည်း CDM လုပ်တဲ့ဟာတွေရှိမယ်ဆိုတော့ ကျွန်တော်က အဲ့ကျောင်းသားတွေအတွက် ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဆိုတဲ့ ဟာလေးကို မေးချင်တယ်။ အဲ့လိုမျိုးပေါ့ အစိုးရနဲ့ ကိုယ်ပိုင်ကျောင်းဆိုတာ တစ်လမ်းစီသွားနေကြတာတော့ မှန်တယ်။ ဒါပေမယ့် ဒီ card ကတော့ အကုန်လုံကို လုပ်ပေးတာဖြစ်တဲ့အတွက် ကိုယ်ပိုင်ကျောင်းကကျောင်းသားတွေကိုရော ဘယ်လိုလုပ်ပေးမလဲ။ ဘယ်လိုအခွင့်အရေးတွေ ပေးမလဲဆိုတာကို သိချင်လို့ အ.က.ရ ဥက္ကဌကို ဒီမေးခွန်းလေး မေးချင်တယ်။ 

ကိုမင်းရတု(1:16:49  to 1:20: 00)

ဟုတ်ကဲ့ မင်္ဂလာပါ။ ဒါကတော့ နောက်တစ်ခေါက် ထပ်ပြောရမှာပေါ့နော်။ ကျွန်တော်တို့ ခုနက ရဲဘော်ကိုနန်းလင်း အကြံပေးသွားသလိုပေါ့နော်။ ကျွန်တော်တို့ ဒီ CDMer တွေကိစ္စက ပြန်စဥ်းစားသင့်တယ်။ ဒါ ပထမတစ်ချက်ပေါ့။ ဒုတိယတစ်ချက်က ပညာရေး platform ကို ကောင်းကောင်းလုပ်သင့်တယ်။ အဲ့ ဒုတိယတတစ်ချက်မှာ ကျွန်တော်တစ်ခုပြောချင်တာကပညာရေး platform လုပ်တဲ့နေရာမှာ NUG ဖက်ကရော သိပ်ပြီး မဖြစ်ထွန်းဘူးပေါ့နော်။ ဒီမှာ အဲ့လိုမျိုးပြောသွားတယ်။ 

ဒီမှာ NUG သည် ပညာရေးဌာန MOE ကနေပြီးတော့ Home  Learning တွေ ချပေးတဲ့ဟာကိုလည်း အကုန်လုံး သိလိုက်ကြမယ်ထင်ပါတယ်။ အဲ့မှာဆိုရင်လည်း သူတို့ချပေးတဲ့အချိန် ကျွန်တော်တို့ ဝင်ကြည့်လိုက်တဲ့အခါမှာ Grade-1 ကနေ Grade-11 ထိ သင်ရိုးတွေ ပြည့်ပြည့်စုံစုံ ပါတယ်ပေါ့နော်။ video လေးတွေနဲ့ လုပ်ထားတာလည်း တော်တော်လေးကို ပြည့်စုံတယ်။ ကျွန်တော်ကတော့ အတန်းအကုန် မကြည့်လိုက်ရပေမယ့် Grade-10 တို့ Grade-11 တို့ပဲ သေချာဝင်ကြည့်ဖြစ်တယ်။ တော်တော်လေး ကောင်းပါတယ်။ အဲ့ဒီအတွက်ကြောင့် ပညာရေး platform တစ်ကယ်လို့ ပညာစဥ်ဆက်မပြတ် သင်ကြားဖိုအတွက်ဆိုရင် ဒီ video တွေကို ဆရာတွေနဲ့ အတူတိုင်ပင်ပြီးတော့ ကျွန်တော်တို့ဟာကျွန်တော်တို့ class လေးတစ်ခု ဖွင့်လိုက်လည်းရတယ်။ အဲ့ဒါကို ကျွန်တော်ပြောချင်တာ တစ်ခုက အဲ့ဒါတွေထွက်ခဲ့တုန်းကရော ဒီအကြံကမရှိခဲ့ဘူးလားပေါ့နော်၊ အဲ့ပညာရေး platform တည်ဆောက်ဖို့ကိုပေါ့။ MOE ဘက်ကတော့ ကျွန်တော်တို့ကို လမ်းစဥ်တွေ ချပေးထားပါတယ်။ 

ဒါပေမယ့် ကျွန်တော်တို့ လျှောက်မှရမှာပါ။ သူတို့နဲ့ပဲ ကျောင်းသားတွေ ပညာသင်ကြားရေးက ဆိုင်တာမဟုတ်ဘူး။ ကျွန်တော်တို့ ကျောင်းသားအဖွဲ့အစည်းတွေ အားလုံးနဲ့ သက်ဆိုင်တာကြောင့် သူတို့က လမ်းချပေးထားရင် ကျွန်တော်တို့ကတော့ လျှောက်ရမှာပါ။ ကျွန်တော်တို့အနေနဲ့ အဲ့တုန်းက အဲ့အစီအစဥ်ကို ပြုလုပ်ဖို့ရှိပေမယ့် ဒါကကျတော့ အရမ်းကျယ်ပြန့်သွားတဲ့သဘောရှိတာမို့လို့ ပြန်စဥ်းစားနေရတာပေါ့နော်။ ဒါပေမယ့် ရဲဘော် အကြံပေးသွားသလို ဒီလိုမျိုး platform တစ်ခုလုပ်သင့်တယ်ဆိုတော့ ဟုတ်ကဲ့ပါ ကျွန်တော်တို့ ဒီအကြံကိုယူပြီးတော့ အဲ့ဒါကို အကောင်အထည်ပေါ်လာအောင် ကြိုးစားကြည့်ပါမယ်။ အကြံပေးတဲ့အတွက် ကျေးဇူးပါ။ 

နောက်တစ်ချက်အနေနဲ့က ဒီ CDM ID ကိစ္စကို ပြန်စဥ်းစားသင့်တယ်။ ပြီးတော့ ဒီတော်လှန်ရေးမှာ ပေးဆပ်တာမတူပေမယ့် ပေးဆပ်မှုတိုင်းက အသိအမှတ်ပြုခဲ့သင့်တယ်လို့ ယုံကြည်ပါတယ်ပေါ့။ အဲ့ဒါက ကျွန်တော်ဆိုလိုချင်တဲ့သဘောက ကျွန်တော့်တစ်ဦးထဲအမြင်နဲ့ မှတ်ယူတာပေါ့နော်။ ဆိုလိုချင်တာက ကိုယ်က ကျောင်းသွားတက်တယ် Non-CDM၊ ဒါပေမယ့် ဒီတော်လှန်ရေးမှာလည်း သပိတ်တွေဘာတွေ ထွက်ပြနေတယ် ပေါ့နော်။ အဲ့လိုမျိုးပြောချင်တာလား မသိဘူး အဲ့ဒါကတော့ရှိတယ်ပေါ့နော် တစ်ချို့အဖွဲ့အစည်းတွေမှာဆိုရင် ကျောင်းသားတွေက ကျောင်းလည်းသွားတက်တယ်။ ဒါပေမယ့်ဆန္ဒတွေလည်း ထွက်ပြတယ် အဲ့လိုလူမျိုးတွေကို များ ဆိုလိုချင်တာလားမသိဘူး။ 

အဲ့ဒီအတွက်ကတော့ ဒါကတော့ မေးသင့်တဲ့မေးခွန်းတစ်ခုပါပဲ။ အဲ့လူတွေအတွက်ဆိုရင်တော့ မစိုးရိမ်ပါနဲ့။ အဲ့လူတွေကလည်း သူတို့အဖွဲ့အစည်းနဲ့သူတို့ ဒီတော်လှန်ရေးမှာ ဒီလိုမျိုးတွေလုပ်ခဲ့တာဆိုရင်တော့ အခွင့်အရေး တွေကတော့ ရှိမှာပါ။ ဒါပေမယ့် ကျွန်တော်တို့က ကျောင်းသားရေးရာအဖွဲ့ဖြစ်တယ်။ ကျောင်းသားအရေးက မပါဘူးလားဖြစ်တဲ့အတွက်ကြောင့် ကျောင်းသားတွေ အခွင့်အရေးရရှိအောင် လမ်းဖော်ပေးခြင်းဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ အခွင့်အရေးပေးလို့မရဘူး။ ဒါကတော့ ပြည်သူတွေနဲ့ပဲ ဆိုင်တာပဲလေ။ ဒါကတော့ ပြည်သူတွေပါ ပါဝင်မှရမှာ။ 

အဲ့ဒီအတွက်ကြောင့် တစ်ခြားသော ဒီတော်လှန်ရေးမှာပါဝင်ခဲ့တဲ့ တစ်ခြားသူတွေကိုပါ အသိအမှတ်ပြုသင့်တယ်လို့ ပြောရင်တော့ အဲ့ဒါကတော့ ပြည်သူတွေနဲ့ပဲဆိုင်သွားပြီ။ ကျွန်တော်တို့က ကျောင်းသားအဖွဲ့အစည်း ဖြစ်တဲ့အတွက် ကြောင့် ကျောင်းသားတွေကို အသိအမှတ်ပြုပေးဖို့ ဦးစားပေးဖေါ်ပြခြင်းပဲ ဖြစ်ပါတယ်။ ကျန်တဲ့သူတွေ ကတော့ ကျန်တဲ့အဖွဲ့တွေနဲ့ သက်ဆိုင်တယ်လို့ပဲ ထင်ပါတယ်။

ဟုတ်ကဲ့ပါ။ အဲ့ဒါပါပဲ။ ကျေးဇူးတင်ပါတယ်။ 

ကိုကောင်းစည်သူ (1:20:08 to 1:23:25)

ဟုတ်ကဲ့။ ကျွန်တော်ရှေ့မှာလည်း ရဲဘော်တွေ ဆွေးနွေးသွားတာ သေချာလေး နားထောင်ပေးလိုက်ပါတယ်။ ဆွေးနွေးချက်တွေ၊ စဥ်းစားချက်တွေလည်း ကောင်းပါတယ်။ 

ကျွန်တော်တို့ ဒီရှေ့ကာလတစ်လျှောက်မှာ CDM တွေကို စည်းရုံးခဲ့တဲ့ နည်းနာကတော့ ဒီစစ်ကျွန်ပညာရေးဆိုတဲ့ အယူအဆအပေါ် အခြေခံပြီး စည်းရုံးခဲ့တာပေါ့။ ဒီနောက်ပိုင်းမှာ စစ်ကောင်စီဖက်က ကျောင်းတွေပြန်ဖွင့်လာတာ နဲ့အတူ CDM အင်အားဟာလည်း ကျလာတာကိုတွေ့ရပါတယ်။ ဒီပြဿနာပေါ်အရင်းခံပြီး စည်းရုံးရေး ID ပြောင်းဖို့ CDM card ထုတ်ဖို့ဆိုတာလည်း ဒီအခြေခံကလာတယ်လို့ပဲ ကျွန်တော်နားလည်လိုက်ပါတယ်။ ဆိုတော့  ဟုတ်ပြီ စည်းရုံးရေးနည်းနာကို ပြောင်းကြပြီပေါ့။ အယူအဆအပေါ်  အခြေခံတာကတော့ ဒီအချိန်မှာ လုံလောက်လောက်ပြီ။ ဒီထက်ပိုပြီးတော့ ဒီအယူအဆအပေါ်အခြေခံပြီး ပြောင်းလာမယ့်သူတွေလည်း မရှိလောက်တော့ဘူး ဆိုတော့ အကျိုးစီးပွားအပေါ် အခြေခံတဲ့ စည်းရုံးမှုနည်းနာကို ပြောင်းဖို့လိုနေပြီလို့ ကျွန်တော့်အနေနဲ့ယူဆပါတယ်။ 

ဆိုတော့ CDM  ID မှာလည်း စည်းရုံးရေးနည်းနာအနေနဲ့ အကျိုးစီးပွားပေါ်အခြေခံတဲ့ စည်းရုံးရေးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ ဒီမှာပြန်ပြီးစဥ်းစားဖို့လိုတာက CDM ရဲ့ လိုရင်း သဘောသဘာဝပေါ့လေ ကျွန်တော်တို့ မူရင်း CDM ရဲ့ ဆိုလိုရင်း၊ သူ့ရဲ့အဓိပ္ပာယ်က ဘာလဲဆိုတာကို ကျွန်တော်တို့ တစ်ချက်ပြန်ပြီးတော့ စဥ်းစားကြည့်ဖို့လိုပါတယ်။ ကျွန်တော်နားလည်တဲ့ CDM ဆိုတာကတော့ မတရားတဲ့အမိန့် ဟူသမျှကို မလိုက်နာတာပေါ့လေ။ ဆိုတော့ကာ ဒါက ကျောင်းမတက်တာတစ်ခုတည်း၊ ရုံးမတက်တာ တစ်ခုတည်းက CDM မဟုတ်ဘူး။ ကျောင်းတက်ပေမယ့် ကျောင်းမှာရှိတဲ့ အရေးကြီးတဲ့ သတင်းအချက်အလက် တွေကို ဒီဖက်ပြန်ပေးတာမျိုးတို့ နောက်ပိုင်း ပိုပြီးတော့ CDM အင်အားလျော့နည်း လာရင်လည်း CDM အင်အားကိုအယောင်ဆောင်ပြီး ကိုယ့်ဖက်ကလူတွေ ထည့်ရတာမျိုးလည်း လုပ်ကောင်း လုပ်ရနိုင်တာတွေ ရှိတယ်။ 

ကျွန်တော်ဆိုလိုချင်တာကတော့ CDM ဆိုတာ သူ့ရဲ့သဘောသဘာဝကိုက အဖြူအမည်းဆိုပြီး ခွဲခြားလိုရတဲ့ process မဟုတ်ဘူး။ ဒါကို ကျွန်တော်တို့ မြင်သာအောင်ပြရမယ်ဆိုရင် တော်လှန်ရေးအပိုင်း ဖေဖော်ဝါရီ၊ မတ်လတွေမှာ ဆန္ဒပြပွဲတွေ အများကြီးလုပ်ခဲ့တယ်။ အဲ့ဒီမှာဆို အလံကိုင်တဲ့သူရှိမယ်။ ကြွေးကြော်သံအော်တဲ့သူ ရှိမယ်။ အဲ့လိုပဲ ရေသန့်ဗူးလိုက်ဝေတဲ့သူတို့၊ လက်ခုပ်တီးတဲ့ သူတွေကလည်း သပိတ်အင်အားစုထဲမှာ ထည့်ပြီးတော့ သတ်မှတ်ရမှာပါ။ ဆိုတော့ ကျွန်တော်ဆိုလိုချင်တာကဗျာ ဒီထဲက အင်အားစု၊ တော်လှန်ရေးအင်အားစုဆိုတာက အဖြူအမဲထားပြီးတော့ဘယ်ဟာကမှ CDM ဘယ်ဟာကမှ တော်လှန်ရေးဆိုပြီး တရားသေသတ်မှတ်လိုရတဲ့ဟာ မဟုတ်ဘူးပေါ့လေ။ 

ဒါကြောင့် CDM card တွေ ထုတ်ပေးလိုက်မယ်ဆိုရင် ကိုယ့်ဖက်ကလူတွေကို ထောက်ပံ့ပေးတဲ့ သဘောမျိုးပါနေပေမယ့်လည်း ဒီ CDM သတ်မှတ်ချက်ထဲမှာ မပါတဲ့အတွက်ကြောင့်မို့လို့ ဂုဏ်ပြုရမယ့်သူတွေက ပြန်ပြီးတော့ နစ်နာတာမျိုးလည်း ဖြစ်လာနိုင်တယ်ပေါ့။ ဒီအစား ကျွန်တော်အကြံပြုချင်တာကတော့ အကျိုးစီးပွားအခြေခံကနေ ရှေ့မှာလည်း ကိုနန်းလင်းဆွေးနွေးသွားချက်နဲ့ ကျွန်တော့်စဥ်းစားချက်နဲ့ သဘောချင်းတူပါတယ်။ ဒီစည်းရုံးတဲ့အခါ အကျိုးစီးပွားပေါ် အခြေခံတဲ့အခါ ပညာရေးဆိုင်ရာ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဥ်တွေ၊သူတို့ကို ပညာဘယ်လိုပေးမလဲဆိုတဲ့ လုပ်ငန်းစဥ်တွေအကုန်လုံးကို အခြေခံပြီးတော့ လုပ်ငန်းစဥ်တစ်ခုအနေနဲ့ သွားရမယ်ပေါ့။ 

နောက်တစ်ခုကတော့ ပညာရေးလုပ်ငန်းခွင်တွေကနေ ရလာမယ့် စီးပွားရေးလုပ်ငန်းခွင်ဆိုင်ရာတွေမှာ စစ်ကောင်စီ ပေးလိုက်တဲ့ ဘွဲ့လက်မှတ်တွေ လုံးဝသုံးမဝင်လောက်တဲ့အထိ စည်းရုံးရေးအနေနဲ့ လုပ်ငန်းရှင်တွေကို သွားပြီးဖိအားပေးတာမျိုးတွေ၊ပြီးတော့ ကျွန်တော်တို့ဖက်ကဆောက်မယ့် ပညာရေးအဆောက်အအုံရဲ့ ရလာတဲ့ အသိအမှတ်ပြုချက်တွေကိုပဲ ဒီစီးပွားရေးမှာ ပြန်ပြီးတော့ အသုံးဝင်အောင်လုပ်တာမျိုးတွေ၊ ဒီနှစ်ခုနဲ့သွားရမယ်။ အကျိုးစီးပွားအခြေခံနဲ့ သွားရမယ်လို့ မြင်ပါတယ်။ 

CDM student- ID ဆိုတဲ့ကိစ္စကတော့ သူ့ရဲ့သဘောသဘာဝအရ အဖြူအမည်းခွဲလို့မရတာကြောင့်မို့လို့ သွားလုပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ဂုဏ်ပြုသင့်တဲ့သူတွေကို ပိုပြီးထိခိုက်နိုင်တဲ့ အခြေအနေတွေကိုမြင်လို့ နည်းနည်းတော့ ဒါကိုစိုးရိမ်မိပါတယ်။ ဟုတ်ကဲ့။ ကျေးဇူးပါ။ 

ကိုကျော်သန်း (1:23:34 to 1:25:32)

ခုနက အစ်ကိုနန်းလင်းပြောသလိုပဲ ဒီတော်လှန်ရေးမှာ ပါ၀င်ခဲ့ကြသူတိုင်းက အရေးပါတယ်။ ရှုထောင့်အမျိုးမျိုး၊ နေရာပေါင်းစုံကပါ၀င်ခဲ့တဲ့ သူတိုင်းက ဂုဏ်ပြုထိုက်တယ်ဆိုတာ မှန်ပါတယ်။ ကျွန်တော်က ကျောင်းသားတွေ အရေးတွက်ပဲ ပြောရတာမို့လို့ နားလည်မှုလေး နည်းနည်းလွဲသွားပုံရတယ်။ 

နောက်တစ်ခုပေါ့ တော်လှန်ရေးမှာပါ၀င်ခဲ့ကြတဲ့ အလုပ်သမားတွေ၊ ပြည်သူတွေ၊ ကျောင်းသားတွေ စတဲ့ လူတန်းစားပေါင်းစုံက ဒီဟာပြီးတဲ့အချိန်မှာ သူ့ဟာသူချီးကျူးတာတွေ ဖြစ်လာမယ်ဆိုတာလည်း ကျွန်တော် လက်ခံပါတယ်။ ကျွန်တော်တို့လုပ်နေတာလည်း အဲ့အတွက် ကျောင်းသားကျောင်းသူတွေအတွက်ပဲ ဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူတွေက ဒီလိုနိုင်ငံမျိုးမှာ ဒီလိုအရွယ်မှာ ပညာသင်တစ်ဖက်၊ အလုပ်ရှာဖို့ဆိုတာလည်း ခက်ပါတယ်။ ဘယ်အလုပ်မှာမဆို လျှောက်လွှာကြည့်လိုက်ရင် ဆယ်တန်းအောင် ဘွဲ့လက်မှတ်ရှိမှဆိုတာ ပါစမြဲဖြစ်တယ်။ အဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ဒီဟာလုပ်တယ်ဆိုတာကလည်း ကျောင်းသားကျောင်းသူ တွေ ဒီကာလပြီးတဲ့အခါမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ များများရဖို့ သူတို့နဲ့ထိုက်တန်တာတွေ များများရဖို့ လုပ်နေတာဖြစ်တယ်။ ဘာဖြစ်လိုလဲဆိုတော့ ကျွန်တော်က ဒီကျောင်းသားဘက်ကိုပဲ ပြောတာနော်။ သူတို့က ဒီကာလမှာ ပေးဆပ်ခဲ့ကြတာကိုး။ သူတို့လည်း ဒီမှာအခွင့်အရေးတွေ လက်လွှတ်ခံခဲ့ရတယ်။ ဒါပေမယ့် တစ်ကိုယ်ထဲကောင်းစားဖို့ ကြည့်တဲ့သူတွေအတွက်ကတော့ ကျွန်တော်တို့ သတ်မှတ်လို့မရပါဘူး။ သူတို့ရဲ့ အခွင့်အရေးပိုင်းတော့ နောက်ပိုင်းမှာ သူ့ဟာနဲ့သူ ဖြစ်သွားမှာပါပဲ။ 

ကျွန်တော်တို့ ဒီ ID လုပ်တဲ့ကိစ္စက ရေရှည်လုပ်တဲ့ကိစ္စလည်း ဖြစ်တယ်။ ကျွန်တော်တို့ အဖွဲ့အစည်းတစ်ခုထဲရဲ့ လူအင်အားနဲ့လည်း လုပ်လို့ခက်ခဲမယ်ဆိုတာ နားလည်ပါတယ်။ အဲ့ဒီ့အတွက်ကြောင့် အဖက်ဖက်က ကျောင်းသားအဖွဲ့အစည်းတွေက ညီအကိုတွေ၊ ဆရာတွေ၊ ကိုယ့်လူတွေအားလုံးကနေပြီးတော့ ပူးပေါင်းပြီး ကျွန်တော်တို့ အတူတူလက်တွဲသွားရင်တော့ ဒီကိစ္စက ပိုပိုမြန်မြန်နဲ့ အကောင်အထည်ပေါ်ဖို့ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ အဲ့အတွက်ကြောင့်မို့လို့ တစ်ချို့ထောက်ပြတဲ့သူတွေကိုလည်း ကျွန်တော်က ကျေးဇူးတင်ပါတယ်။

ကျွန်တော်ပြောချင်တာကတော့ စည်းလုံးရင်တော့ မြန်မြန်ပြီးမှာပေါ့ဗျာ။ ဒါကြီးကတော့ အကောင်အထည် ဖော်နိုင်မှာပါ။ အပြုသဘော ထောက်ပြတဲ့သူတွေလည်း ရှိသလို အဖျက်သဘော ထောက်ပြတဲ့သူတွေလည်း ရှိတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ကျေးဇူးပါ။ 

ကိုရဲထက် (1:25:37 to 1:33:19)

အခုတော့ ကျွန်တော်လက်ထောင်ထားတာ ကျွန်တော်ဆွေးနွေးချင်လို့ ပေါ့လေ။ 

အဲ့တော့ ဆွေးနွေးတဲ့နေရာမှာ ပွဲစီစဥ်သူတစ်ယောက်အနေနဲ့မဟုတ်ပဲ ကျွန်တော် ဒီလူထုတော်လှန်ရေး Civil resistance၊ Non-Violent Resistance အကြမ်းမဖက်တော်လှန်ရေး အဲ့ဒီ့အပိုင်းကို လေ့လာနေတဲ့သူ တစ်ယောက်အနေနဲ့ ကျွန်တော်ဆွေးနွေးချင်တယ်ပေါ့။ ဒီအပေါ်မှာ ကျွန်တော်လည်း ပြီးခဲ့တဲ့တစ်နှစ်လုံးက ဒီအပေါ်မှာ အဓိကလေ့လာခဲ့တော့။ ပြီးတော့ ဒီ CDM ဆိုတဲ့ အယူအဆက ပြောရရင် အကြမ်းမဖက်တဲ့ အယူအဆတစ်ခုပဲပေါ့နော်။ တော်လှန်ရေးမှာ Non-Violent နဲ့ Armed Struggle ရှိတဲ့အထဲမှာ ဒါက Non-Violent ပဲလေ။

ဆိုတော့ ဒီမှာ နှစ်ပိုင်းခွဲပြီး ဆွေးနွေးကြည့်ချင်တယ်။ တစ်ခုက အရှေ့က ဆွေးနွေးသွားတာတွေကို သဘောကျတယ်။ လူငယ်တွေရဲ့ အင်အားကို ခံစားရတယ်ပေါ့။ တော်လှန်လိုတဲ့ အင်အားပေါ့နော်။ ပြင်းပြတဲ့ စိတ်ဆန္ဒပေါ့။ ဒါတွေကို ကျွန်တော်ခံစားရတယ်။ 

အဲ့ဒီ့တော့ ဒီဟာတွေကို ကျွန်တော်အားရတယ်ပေါ့နော်။ အခုကတော့ အယူအဆကို ပြောကြည့်မယ်ပေါ့။ အယူအဆကို စဥ်းစားတဲ့အခါမှာ ခုနတုံးက ကိုကောင်းစည်သူ ဆွေးနွေးခဲ့တာလည်း ရှိတယ်ပေါ့နော်။ ဒီ CDM အယူအဆကို နည်းနည်းလေး ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တယ်။ CDM ဆိုတာ Civil Disobedience Movement ပေါ့နော်။ Civil ဆိုတဲ့နေရာမှာ civiliality ပေါ့နော်။ ယဥ်ကျေးတဲ့ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်နဲ့ တာ၀န်ယူမှုပေါ့နော်။ ဒါမျိုးကို အခြေခံတယ်။ ဆိုလိုချင်တာက လူတစ်ယောက်ချင်းစီရဲ့ အသိစိတ်ဓာတ်ကို အခြေခံတယ်ပေါ့။ ဒါက ကျွန်တော်တို့ တခြားနိုင်ငံတွေမှာ ကြည့်ရင်လည်း မြင်ရလိမ့်မယ်။ ဂန္ဓီကြည့်မလား၊ တခြားနိုင်ငံမှာ လှုပ်ရှားခဲ့တဲ့ လှုပ်ရှားမှုတွေပေါ့။ ကျွန်တော်တို့ မတရားတဲ့ စနစ်တွေ၊ မတရားတဲ့ အမိန့်တွေဆိုရင် ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် မနာခံဘူးပေါ့။ တခြားသူတစ်ယောက်က incentive တွေ၊ motivation တွေ ပေးစရာမလိုဘူး။ ဘာလိုဆို အတွင်းကလာတာ ပိုအခိုင်မာဆုံး ဖြစ်လိုပေါ့။ ဒီဟာကို အဓိကအခြေခံမယ်။ ဆိုတော့ ဒီအနှစ်သာရကို သေချာအလေးအနက်ထည့်ပြီးတော့ စဥ်းစားစေချင်တယ်။ 

ပြီးခဲ့တဲ့ အခုဆို ဒီ့နေ့က တိုက်တိုက်ဆိုင်ဆိုင် နှစ်ငါးလုံးနေ့ပေါ့နော်။ ပြီးခဲ့တဲ့ နှစ်ကဆိုရင်လည်း ဒီရက်ပိုင်း ဒီ နှစ်ရက် သုံးရက်လောက်ကစပြီး CDM ကို အကုန်လုံး အပြည့်အ၀ ထောက်ခံခဲ့တာပဲပေါ့လေ။ ပြောရရင် ဒီလှုပ်ရှားမှုဟာ မြန်မာ့သမိုင်းမှာ အားအကြီးဆုံးပဲ။ Non-Violent ပဲပြောပြော၊ လူထုပါ၀င်မှု ထောက်ခံမှု အားအကြီးဆုံး လှုပ်ရှားမှုတစ်ခုပဲ။ ဒါ ကျွန်တော် ကျောင်းသား CDM တစ်ခုထဲကို ပြောတာမဟုတ်ဘူး၊ CDM တစ်ခုလုံးကို ပြောတာ။ ကမ္ဘာနဲ့ယှဥ်ရင်လည်း ပါ၀င်တဲ့ အရေအတွက်အားဖြင့်ကလည်း ပါ၀င်တဲ့အင်အားပေးဆပ်မှုမှာလည်း မယုတ်လျော့ဘူး။ အင်မတန်အားကြီးတဲ့ လှုပ်ရှားမှုတစ်ခုပါ။ 

ဒီ အခုတစ်နှစ်ကြာတဲ့အခါမှာ ဘာကြောင့်များ ဒီ CDM က နေရာအဲ့လောက် မရောက်တာလဲ။ လူတွေက အခုဆိုရင် မေ့သလိုလိုတွေ ရှိနေကြပီပေါ့လေ။ ဘာကြောင့်လဲဆိုရင် ဒီအယူအဆကလည်း အရေးကြီးတယ်လို့ ကျွန်တော်ပြောချင်တယ်။ ပြီးခဲ့တဲ့ကာလမှာ CDM ကို ကိုယ့်ရဲ့ကိုယ်ပိုင်ခံယူချက်နဲ့ လုပ်တဲ့နေရာကနေ တစ်ချို့အယူအဆတွေမှာ အသိမှတ်ပြုဖို့လိုတယ်။ CRPH အသိမှတ်ပြုမှ CDMလုပ်လို့ရတယ်၊ CRPH က အသိမှတ်မပြုရင် လုပ်လို့မရတော့ဘူးလားပေါ့။ ဒီလိုမျိုးတွေဖြစ်လာတယ်။ နောက်ဆုံး တံခါးကြီးတွေ အပိတ်အဖွင့်လုပ်တာမျိုးတွေ ရှိတယ်။ 

အဲ့တော့စဥ်းစားရမှာက အပြင်ကနေ သတိပေးနေတာတွေ အမြဲပေးနေရမယ်ပေါ့။ ဖိအားပဲဖြစ်ဖြစ်၊ အကြောက်တရားပဲဖြစ်ဖြစ်၊ မက်လုံး ပေးတာဖြစ်ဖြစ် တစ်ခုခုကို အမြဲပေးနေမှဆို မခိုင်မာဘူးပေါ့နော်။ ဒါ အတွင်းကလာတာ မဟုတ်ဘူး။ အဲ့တော့ အဲ့ဒါက အရေအတွက်ကို ဦးစားပေးတဲ့ စဥ်းစားချက်ပေါ့လေ။ အရေအတွက်ကို ရခဲ့ပြီးပြီပဲ ပြီးခဲ့တဲ့လှုပ်ရှားမှုတွေမှာ။ နှစ်ငါးလုံးဆိုလည်း လူတွေအများကြီးပါ၀င်ခဲ့တာပဲ။ CDM ဆိုလည်း အများကြီးပါ၀င်ခဲ့တာပဲ။ တခြားနိုင်ငံထက် ပါ၀င်တဲ့အချိုးအစားက မယုတ်လျော့ဘူးပေါ့။ 

ဒါပေမယ့် အရည်အချင်းပေါ့။ စဥ်းစားတဲ့ အပိုင်းမှာ ဘာကြောင့်လုပ်တာလဲဆိုတာကိုလည်း စဥ်းစားစေချင်တယ်။ ဥပမာ ကျောင်းမတက်ဘူးဆိုတာ ဘာကိုလိုချင်လို့ လုပ်တာလဲပေါ့လေ။ ကျွန်တော်တို့က ဘာကိုလိုချင်တာလဲ။ ဒီကျောင်းမတက်လို့ စစ်အာဏာရှင်ပြုတ်ကျသွားတယ်ဆိုတာကို သပိတ်မှောက်တဲ့အနေနဲ့ symbolic action တစ်ခုအနေနဲ့ ပြတာပေါ့လေ။ ဒါကို ပိုပြီးတော့ ကျွန်တော်က သတင်းစကားပါးတာပေါ့။ ဒါကို အဓိကရည်ညွှန်းတာလား။ ဒါမှမဟုတ် စစ်ကျွန်ပညာရေးစနစ်ကို ပြောင်းလဲပစ်ချင်တာလားပေါ့။ အသစ်တစ်ခု တည်ဆောက်ချင်တာလား။ 

ဒါကိုလည်း ကိုယ်ကိုယ်တိုင် ရှင်းရှင်းလင်းလင်း ဖြစ်တယ်ဆိုရင် ကျွန်တော်တို့မှာ စည်းရုံးရတာ ပိုလွယ်လိမ့်မယ်။ အခုက ကျွန်တော်ခံစားကြည့်တာတခုက ကျွန်တော်တို့က ပြောတယ် ဒီစစ်ကျွန်ပညာရေးက မကောင်းဘူး၊ အသုံးမကျဘူ၊။ ဒါလက်မှတ်ပဲရမှာပေါ့ဆိုပြီး ကျွန်တော်တို့က ဟားတိုက်တယ်။ ကျွန်တော်တို့က ပြောရမယ်ဆိုရင် စည်းရုံးတာမဟုတ်ဘူး တိုက်ခိုက်တယ်ပေါ့။ ကျွန်တော်ဆိုလိုတာ စည်းရုံးလေးနည်းလမ်းတစ်ခုအရ တစ်ဖက်ကို တိုက်ခိုက်တယ်။ ဒါပေမယ့် တစ်ဖက်မှာ ကိုယ်ကိုယ်တိုင်က ပြန်ကြောက်နေသလိုဖြစ်နေတယ်။ ငါတို့ လက်မှတ်မရတော့ဘူး။ ငါတို့ တစ်နှစ်အောက်သွားပြီပေါ့လေ။ ဆိုတော့ controverisal  ပဲပေါ့လေ။ ပြန်သုံးသပ်ကြည့်တော့ ပညာရေးစနစ်အသစ်ကို သွားဖို့ တကယ်ယုံကြည်မှုရှိရဲ့လားပေါ့။ စစ်ကျွန်ပညာရေးစနစ်က လုံး၀မကောင်းဘူး၊ အစုတ်ပလုတ်ကြီးလို့ ကိုယ်ကမြင်ပြီးပြီဆိုရင် ဘာလို့သွားပြီး လူတွေပူးပေါင်းသွားတဲ့အပေါ် ကိုယ့်ရဲ့အခွင့်အရေးတွေ ဆုံးရှုံးသွားပြီဆိုပြီး ကြောက်နေရသေးလဲပေါ့နော်။ 

စစ်တပ်ကလည်း လူတွေပါလာအောင် နှစ်လလောက် သုံးလလောက်နဲ့ စာမေးပွဲအတုတွေ စစ်ပြီးတော့ လက်မှတ်ထုတ်ပေးမယ်ပေါ့လေ။ ဒါပေမယ့် ကိုယ်ကလည်း CDM ID ဆိုပြီး ထုတ်ပေးမယ့် အစီစဥ်ကိုလုပ်တယ်။ အဲ့တော့ စဥ်းစားချက်က အသစ်တော့ ထွက်စေချင်တယ်။ စစ်တပ်ထက်သာတဲ့ စဥ်းစားချက်ပေါ့။ ဒါ ကျွန်တော်တိုက်တွန်းတယ်။ လူငယ်တွေလည်း လုပ်နိုင်မယ်လို့ ယူဆပါတယ်။ များများဆွေးနွေးဖို့တော့ လိုတာပေါ့။

နောက်တစ်ခု ဆွေးနွေးချက်က ပိုပြီးသာအောင်လုပ်မယ်ဆိုတဲ့ စဥ်းစားချက်။ အဲ့ဒါကိုကျွန်တော် သိပ်တော့ နားမလည်ဘူး။ ကျွန်တော်တို့ ပြီးခဲ့တဲ့ကာလတွေ ပြန်သုံးသပ်ကြည့်ပေါ့။ မြန်မာနိုင်ငံမှာ လူများပြီးတော့ ဖိနှိပ်ခံခဲ့ရတာတွေ အများကြီးပဲ။ ရိုဟင်ဂျာအရေး ကြည့်မလား၊ တိုင်းရင်းသားအရေး ကြည့်မလား၊ မူစလင်အရေး ကြည့်မလား၊ လူအများစုက ဖိနှိပ်ခဲ့တာပဲ။ လိုလိုလားလားကြီး ဖိနှိပ်ခဲ့တာပေါ့။ အဲ့တော့ ဖိနှိပ်ခံခဲ့ရတဲ့ လူအနည်းစုကငါတို့ပိုပြီးသာအောင် တစ်ချိန်ချိန်မှာ ငါတို့အင်အားကြီးတဲ့အခါမှာ ပြန်ပြီးတော့ပိုသာအောင်၊ ပိုပြီးအခွင့်အရေးရအောင်ဆိုတဲ့ ပုံစံမျိုးနဲ့ လှုပ်ရှားတာမျိုးတော့ မဟုတ်ဘူး။ ဒီမြန်မာနိုင်ငံပဲ ကြည့်ကြည့်၊ တခြားနိုင်ငံပဲကြည့်ကြည့် လှုပ်ရှားတဲ့အခါမှာ အကုန်ပါ၀င်နိုင်တဲ့ တန်းတူအရေးပေါ့။ တိုင်းရင်းသားတွေလည်း သွားမေးကြည့်ပေါ့။ ဗမာတွေထက် ပိုသာချင်တာမျိုး မဟုတ်ဘူး။ တန်းတူအရေးပဲ။ တူညီတဲ့ အခွင့်အရေးရဖို့ လုပ်တာပေါ့နော်။ 

ခု ကျောင်းသားအရေး လှုပ်ရှားတဲ့အခါမှာလည်း ကျွန်တော်တို့က သေချာစဥ်းစားရမှာက အခုက အုပ်စုနှစ်စု ခွဲလိုက်မယ်။ ဒီ CDM ID ကို အဓိကပြောတာ မဟုတ်ဘူးပေါ့လေ။ ဒီ ID နောက်က အယူအဆကို ပြောချင်တာပေါ့။ CDM လုပ်တဲ့သူတွေ တစ်ချိန်ချိန်မှာ ပိုပြီးသာရမယ်ပေါ့။ ဒီလိုမျိုး စဥ်းစားချက်တွေလည်း ကြားတယ်ပေါ့။ ကျွန်တော်တို့က ပညာရေးစနစ်အသစ်ကို ဖန်တီးမှာပေါ့။ အဲ့စနစ်ကြီးကလည်း အကုန်ပါ၀င်လို့ရမယ်။ အကုန်လုံးအတွက်လည်း ကောင်းမယ်။ အဲ့ဒါကိုလည်း ပြည့်ပြည့်၀၀ ယုံကြည်တယ်။ ဒါကြောင့်မို့ ကြောက်စရာ မရှိဘူး။ ဒီလိုမျိုး အချစ်တရားနဲ့ မျှော်လင့်ချက်ပေါ့နော်။ ဒါကို ဦးတည်စည်းရုံးမှပဲ ဒီအယူအဆ အားကောင်းမှပဲ အနိုင်ရလိမ့်မယ်။ မဟုတ်လို့ကတော့ အရေအတွက်ကို ဦးစားပေးမယ်။ နောက်က စဥ်းစားချက်တွေထဲမှာ ကိုယ်ကိုတိုင်မရှင်းဘူးပေါ့နော်။ 

ပြောရရင် စစ်တပ်ကလည်း ဒီလိုပဲစဥ်းစားခဲ့တာပဲလေ။ အင်အားသုံးမယ်၊ ဖိနှိပ်မယ်၊ အကျိုးစီးပွားပေးမယ် ဆိုတာမျိုး၊ ပြီးရင် ငါတို့အုပ်စုက ပိုပြီးသာရမယ်ဆိုတာမျိုး။ ဒီဟာတွေက ပြန်ပြီး ကူးစက်သွားမှာကို ကျွန်တော်စိုးရိမ်တယ်။ ပြောရရင် စစ်တပ်ရဲ့ ဖြစ်ပေါ်လာပုံကို ကြည့်စေချင်တယ်။ စစ်တပ်ကလည်း အဲ့လိုပဲစဥ်းစားခဲ့တာပဲ။ ငါတို့ကပေးဆပ်ခဲ့ရတယ်။ ငါတို့ကလုပ်ခဲ့တဲ့သူတွေ။ ငါတို့ကပိုပြီးတော့ ခံစားခွင့် ရှိတယ်ပေါ့လေ။ ဒီစဥ်းစားချက်ကနေပြီး စစ်တပ်စစချင်း ဗမာ့လွတ်မြောက်ရေးတပ်မတော်ကနေ ကယ်တင်ရှင်ဖြစ်လာတယ်။ ကယ်တယ်ရှင်ကနေ အာဏာရှင်ဖြစ်သွားတယ်ပေါ့လေ။ အဲ့တော့ ကျွန်တော်တို့က ဘာပုံစံနဲ့ ပိုသာအောင် လုပ်ချင်တာလဲပေါ့၊ ဒီတော်လှန်ရေးကပေါ့လေ။ ဘယ်လိုပုံစံအသစ်တစ်ခုကို ဖန်တီးချင်တာလဲ။ အဲ့ဒီ့တော်လှန်ရေးဆန္ဒ ဒီဟာကြီးကို ထည့်မစဥ်းစားပဲ အုပ်စုနှစ်စုပဲ ငါတို့ဘက်ကလူတွေ လျော့သွားပြီဆိုပြီးတော့ စိုးရိမ်နေတာလား၊ ကြောက်နေတာလားပေါ့။ ဒါကို ပြန်သုံးသပ်စေချင်တယ်။ တော်လှန်ရေးက ကိုယ်တိုင်ကကြောက်နေရင်တော့ သူများကိုဦးဆောင်ဖို့လည်း ခက်တာပေါ့လေ။ 

ကျွန်တော်ပြောချင်တာ ခင်ဗျားတို့ကို challenge လုပ်တာလည်း မဟုတ်ဘူး။ အပြစ်တင်တာလည်း မဟုတ်ဘူး။ ဒါပေမယ့် တော်လှန်ရေးလုပ်တာ ရိုးသားဖိုလိုတာပေါ့နော်။ ကိုယ်ကိုယ်တိုင်ရိုးသားမှ သူများကိုလည်း စည်းရုံးလို့ရမယ်။ ပြီးတော့ အနာဂါတ်အသစ်ကိုလည်း ဖန်တီးနိုင်မှာပေါ့လေ။ ဒါကိုလည်း ကျွန်တော် ဖြစ်စေချင်တယ်။ ဒါကြောင့်လည်း ကျွန်တော်တိုက်တွန်းတယ်။ ထပ်လည်း ဆွေးနွေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ 

ကိုမင်းရတု (1:33:27 to 1:35:52)

ဟုတ်ကဲ့ပါ။ ကျွန်တော်လည်း ပြောရတာ သုံးခေါက်တောင် ရှိပြီဆိုတော့ တောင်းပန်ပါတယ်။ ကျွန်တော်မေးချင်တာလေး ရှိလို့ပါ။ 

အရှေ့က ရဲဘော်ကောင်းစည်သူနဲ့ ရဲဘော်နန်းလင်းပြောသွားတဲ့ထဲမှာ ဒီကာလက တော်လှန်ရေးကာလ ဖြစ်တယ်။ Non-CDM နဲ့ CDM ကို အခုလို ID ကြီးတွေထုတ်ပြီး မခွဲခြားသင့်ဘူး။ အဖြူအမဲ မခွဲခြားသင့်ဘူး။ တစ်တန်းထဲ ထားသင့်တယ်။ တော်လှန်ရေးမှာ ပါ၀င်ခဲ့တာအတူတူ ပေးဆပ်ခဲ့တာအတူတူ။ အဲ့လိုဆိုတော့ ဒါတော့ ကျွန်တော် အဲ့ဒီ့ဟာကိုပဲလိုက်ပြီး ပြောမယ်ပေါ့နော်။ တကယ်လို့သာ တော်လှန်ရေးမှာလည်း ပါတယ်။ Click to donate တွေမှာလည်း click မယ်။ အကုန်လုံး ဆန္ဒတွေဘာတွေလည်း ထွက်ပြမယ်။ အကုန်လုံး ကျောင်းတွေလည်း ပြန်တက်ကြမယ်ဆိုရင် ဘယ်လိုလုပ်မလဲပေါ့နော် ဒီ CDM ကို။ ဥပမာအနေနဲ့ ဒီ ID မထုတ်တော့ဘူး ဟုတ်ပြီ ရဲဘော်တို့ ပြောတာကို လက်ခံပြီး ဒီ ID ထုတ်ဖို့ကိစ္စကိုပြန်စဥ်းစားပြီး မထုတ်တော့ဘူး။ အဲ့လိုမှတ်ယူလိုက်ပါ။ ဒါ ဥပမာပေးတာပေါ့။ အဲ့အချိန်ကျရင် ဒီကျောင်းသားတွေအကုန်လုံးက CDM ထဲက တစ်ချို့က ကျောင်းတွေပြန်တက်၊ တစ်ချို့ကလည်း တော်လှန်ရေးမှာ သူတို့တက်နိုင်သလောက် ပါတယ်။ ကျောင်းကို ငါတို့သွားတက်မယ် ဘာဖြစ်လဲ၊ အဲ့လိုလူတွေများလာမယ်ဆိုရင် ရဲဘော်တို့အနေနဲ့ ဘယ်လိုကိုင်တွယ်ဖို့ စဥ်းစားထားလဲပေါ့။ 

နောက်တစ်ခုက ဒီ Non-CDM ကျောင်းသားတွေက အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသွားတက်တယ်။ CDM လုပ်နေတဲ့ ကျောင်းသားတွေကျတော့ အိမ်မှာ Bill တွေဘာတွေ၊ Wifi တွေနဲ့ home learning တွေနဲ့ သင်ကြားနေတယ်။ မေးချင်တာက ကျောင်းသွားတက်တဲ့ ကျောင်းသားတွေကရော ပညာရလို့လားပေါ့။ ရတဲ့ပညာမရှိဘူး။ ဒါကတော့ ဆရာမတွေကို စော်ကားတာတော့ မဟုတ်ဘူး။ စာမေးပွဲဖြေရင်တောင် ၁၃ မှတ်၊ အမှတ် ၂၀ တွေတောင် အအောင်ပေးမယ်ဆိုတော့ ဘာပညာများရလိုတုံး။ ဟုတ်တယ် ဘာပညာမှမရဘူးဆိုတာ လူတိုင်းသိတယ်။ သူတို့ရချင်တာ အတန်းတက်ချင်တာလေ။ COVID ကြောင့်လည်း တစ်နှစ်နားခဲ့ရတယ်။ တစ်တန်းက ဘာလို့တက်ချင်တာလဲဆိုရင် တစ်ကိုယ်ကောင်းဆန်တာ ဒါကတော့ မ၀န်ခံချင်ပေမယ့် ၀န်ခံရမယ့်အချက်ပေါ့။ ပညာလိုချင်တယ် ဆိုတာကတော့ မဟုတ်ဘူး။ မရနိုင်ဘူးဆိုတာ လူတိုင်းသိတယ်။ တစ်တန်းတက်ချင်လို့ပဲ အဲ့ဒါက တစ်ခု။ 

ခုနတုန်းက မေးခွန်းတစ်ခုပေါ့နော်။ ဒီတော်လှန်ရေးမှာလည်း တက်နိုင်တဲ့ဘက်က ပါ၀င်နေတယ် ကျောင်းလည်းသွားတက်မယ်။ အဲ့လိုလူမျိုးတွေများလာလေလေ ကျွန်တော်တို့အနေနဲ့ ဘယ်လိုမျိုး ကိုင်တွယ်မလဲ ဆိုတာ စဥ်းစားထားလဲ မေးချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ အဲ့ဒါကတော့ မေးခွန်းကဏ္ဌမှ ဆက်ပြောကြတာပေါ့ ။ ကျေးဇူးပါ။ 

ကိုဝေယံစိုး (1:36:25 to 1:46:40)

ကျွန်တော် ခုနတုန်းက ပြောသွားတဲ့အပိုင်းကတော့ သုံးပိုင်းရှိတာပေါ့။ ပထမအပိုင်းက Institution ပြဿနာပေါ့။ Institution ပြဿနာဆိုတာ ခုနတုန်းက ကိုနန်းလင်းတို့၊ ကိုရဲထက်တို့ ပြောသွားသလိုပဲ ဒီဘက်မှာ စစ်ကျွန်ပညာရေးလို့ ပြောတယ်။ တစ်ဖက်မှာ ဒီပညာရေးကို ဘယ်လိုတည်ဆောက်ကြမလဲပေါ့။ နောက်တစ်ခုက ဘာလဲဆိုရင် ဥပဒေအကြောင်းကိစ္စ တစ်ခုပေါ့လေ။ နောက်တစ်ခုက CDM ID ကိစ္စနဲ့ ပတ်သက်ပြီး တန်းတူရေးဆိုတာနဲ့ ပတ်သက်ပြီး ပြောသွားတာလည်း ရှိတယ်။ ဒါက ပထမပိုင်းမှာ ပြောသွားတာပေါ့။ 

ဒီ Second round အနေနဲ့ ကျွန်တော်ပြောချင်တာက– အကုန်လုံးကိုလေးစားပါတယ်။ တက်ရောက်လာကြတဲ့ ကျောင်းသားရဲဘော်တွေကိုလည်း ကျွန်တော်ဒီကနေပြီး ဦးညွှန့်လျက်ရှိပြီး ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအနေထားတခုကို ခုချိန်မှာ ဒီလိုမျိုးအယူအဆတွေ ဖလှယ်ရတဲ့အတွက်လည်း အများကြီး၀မ်းသာပါတယ်။ 

ပထမဆုံးအနေနဲ့ ကျွန်တော်ပြောချင်တာက တစ်ခါတလေကျရင် ကျွန်တော်တို့က Laws နဲ့ Rights ကို ခွဲပြီးတော့ မြင်ဖိုလိုတာပေါ့လေ။ ဘယ်လိုမျိုးက ဥပဒေ၊ ဘယ်လိုမျိုးက အခွင့်အရေးဆိုတာကို ခွဲပြီးတော့ မြင်လိုက်မယ် ဆိုရင်တော့ ဒီကိစ္စတွေဟာ ရှင်းရှင်းလင်းလင်းဖြစ်သွားလိမ့်မယ်လို့ မြင်မိတယ်။ 

ပထမတစ်ပိုင်းက ဘာလဲဆိုရင် ခုနကပြောသွားသလိုပဲ ပိတ်ပြီးတော့ ပြောလိုက်မိတယ်ပေါ့။ ပိတ်ပြီးတော့ ပြောလိုက်မိတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတော့ ID card မထုတ်သင့်ဘူးပေါ့လေ။ မထုတ်သင့်ဘူးဆိုတာက တကယ်တမ်း၀န်ခံရမယ်ဆိုရင် ကျွန်တော်စကားအပြောမတက်ပဲနဲ့ မထုတ်သင့်ဘူးဆိုတာ ဒီလိုမျိုး ပြန်ပြီးစဥ်းစားမိတယ်ဆိုတာမျိုးကို မထုတ်နဲ့ဆိုတဲ့ ပုံစံမျိုးပိတ်ပြီး ပြောခဲ့မိတဲ့အတွက် ဒီကနေပြီး ထပ်ဆင့်တောင်းပန်ပါတယ်။ 

ခုနတုန်းက ကျွန်တော်ဆွေးနွေးသွားတဲ့ အချက်သုံးချက်ကို ပြန်ပြီးဆွေးနွေးစေချင်တဲ့ အပိုင်းကို ပြောချင်ပါတယ်။ နောက်တစ်ခုက ခုနကပြောသွားတဲ့ Lawsနဲ့ Rights ကို ခွဲခြားမြင်ဖို့ လိုတယ်။ တစ်ခါတစ်လေကျရင် ကျွန်တော်တို့က ပြည်သူသာအမိ၊ ပြည်သူသာအဖလို့ ပြောဆိုနေသော်ငြားလည်း ကျွန်တော်တို့ရဲ့ ပြည်သူလူထုကြားထဲမှာကိုက ပြည်သူလူထုလိုက်နာနိုင်အောင် ဥပဒေတွေ၊ နည်းဥပဒေတွေ ထုတ်နေရတာကိုက တစ်ခါတစ်လေကျ ဘာလို့ထုတ်နေလဲဆိုတာ ပြန်ပြီးတော့စဥ်းစားဖို့လိုတယ်။ ကျွန်တော်တို့က ပြည်သူလူထု အကုန်လုံးလက်ခံတိုင်း ဒါက အမှန်တရား ဖြစ်ပြီလားပေါ့လေ။ ဒါ အခွင့်အရေးဖြစ်ပြီလားပေါ့။ လက်ခံလိုက်လို့ ဒါကအမှန်တရား ဖြစ်သွားပြီလား၊ ဥပဒေဖြစ်သွားပြီလားဆိုတာကို ပြန်ပြီးစဥ်းစားစေချင်တယ်။

နောက်တစ်ခုကကျတော့ ပညာရေးပလပ်ဖောင်းကို ဖော်ဆောင်ပေးရမယ်ပေါ့လေ။ ခုနကတုံးက ကိုနန်းလင်းတို့၊ ကိုရဲထက်တို့ဆွေးနွေးသွားတယ်။ ကျွန်တော်တို့က စစ်ကျွန်ပညာရေးကို မလိုဘူးလို့ ပြောနေကြပေမယ့် တစ်ဖက်မှာလည်း ဒီပညာရေးကို ဘယ်လိုဖော်ဆောင်ကြမလဲ။ ခုနတုံးကပြောသွားသလိုပဲ ပထမကျောင်းသား သပိတ်တုန်းကဆိုရင်လည်း သခင်ပညာရေးတွေ စခဲ့တာပဲ။ ဒီဘက်မှာ ကိုလိုနီနယ်ချဲ့တွေ ဖွင့်ပေးတဲ့ကျောင်းတွေ ကို မတက်ပဲအမျိုးသားကျောင်းတွေ ပေါ်ပေါက်လာပြီးတော့ လုပ်ခဲ့ကြတာပဲ။          

အဲ့လိုမျိုး ဘယ်လိုဖော်ဆောင်ကြမလဲ။ အဲ့ဒါကို စဥ်းစားမယ်ဆိုရင် ကျောင်းသားတွေအနေနဲ့ အဲ့ဒါကိုစဥ်းစားပြီး ပညာရေးဌာနကို တိုက်တွန်းမယ်ဆိုရင်တော့ ပိုပြီးကောင်းမယ်လို့ ယူဆတယ်။ နောက်တစ်ခုကဘာလဲဆိုရင် ဒီကျောင်းသားရေးရာအဖွဲ့ချုပ်အနေနဲ့ ကိုယ့်ဟာကိုယ် သေချာကောက်ယူထားတဲ့ ပုံစံမျိုးကို လုပ်သင့်တယ် ပေါ့လေ။ တစ်ခါတစ်လေကျရင်လည်း ကျွန်တော်တို့ဘာသာကျွန်တော်တို့ လုပ်နိုင်တဲ့အလုပ်တွေ အများကြီးရှိသလို တစ်ခါတစ်လေကျရင်လည်း သက်ဆိုင်ရာ၀န်ကြီးဋ္ဌာနတွေနဲ့ ပူးပေါင်းပြီးမှ လုပ်လိုရတဲ့ အလုပ်တွေလည်း ရှိတယ်။ ဆိုတော့ ဒီ case မှာကျတော့ ကျောင်းသားရေးရာအဖွဲ့ချုပ်က ဘယ်လိုမျိုး စီစဥ်ထားလဲတော့ မသိဘူး။ ဒါပေမယ့် ပညာရေး၀န်ကြီးဋ္ဌာနတွေနဲ့ တွေ့တာမျိုးရှိတယ်။ မအိသဉ္ဇာမောင်တို့နဲ့ တွေ့တာမျိုးရှိတယ်လို့ သူတို့ပြောသွားတာတွေ ရှိတယ်ပေါ့လေ။ 

ကျွန်တော်ကတော့ မြင်တာကတော့ ပညာရေး၀န်ကြီးဋ္ဌာနအနေနဲ့တော့ မအောက်မေ့ဘူး။ သီးခြားစစ်တမ်း ကောက်တဲ့ဟာမျိုး လုပ်တာကိုတော့ ကျွန်တော်ကတော့ လုပ်သင့်တယ်လို့ ယူဆတယ်။ ဒါကတစ်ပိုင်းပေါ့လေ။ နောက်တစ်ခုက ဘာလဲဆိုရင် ဒီပညာရေး၀န်ကြီးဋ္ဌာနအနေနဲ့ဆိုရင် အရင်တုန်းက CDM code တွေ ထုတ်ပေးမယ်တို့၊ CDM သီးခြား Code တွေ ထုတ်ပေးမယ်လို့ ပြောကြတယ်။ နောက်ပိုင်းကျတော့ ဘယ်လိုမျိုးဖြစ်လာလဲဆိုရင် ပညာရေး၀န်ကြီးဋ္ဌာနအနေနဲ့ ဒေါက်တာဇော်ဝေစိုးတို့ကအစ CDM တံခါးကြီး ပိတ်ပါတော့မယ်တို့ ဘာတို့ ညာတို့ ပြောတဲ့ဟာမျိုးတွေ ရှိတာပေါ့။ 

ဒီလိုမျိုးဟာတွေက ပွင့်ပွင့်လင်းလင်းပြောရရင် ဒီတော်လှန်ရေးမှာ ခုနက ကိုနန်းလင်းပြောသွားသလိုပဲ ကျွန်တော်တို့က စည်းရုံးရေးဆန်ဖို့တော့ လိုတယ်။ စည်းရုံးရေးနည်းနာကောင်းမှသာလျှင် ကျွန်တော်တို့က အောင်မြင်နိုင်မှာ ဖြစ်တယ်။ ခုနကပြောသွားသလိုပဲ အားလုံးပါ၀င်နိုင်မယ့် အခင်းအကျင်းကို ကျွန်တော်တို့ ဖန်တီးနိုင်ဖို့လိုတယ်။ နောက်တစ်ခုကဘာလဲဆိုရင် တစ်ဖက်မှာ ရန်သူရဲ့အခွင့်အရေး၊ ရန်သူ၀င်လာမယ့်လမ်းကို လမ်းဖွင့်ပေးထားဖို့ လိုအပ်သလို တစ်ဖက်မှာရှိတဲ့ ကျွန်တော်တို့အင်အားစုတွေကို ဘယ်လိုထိန်းသွားမလဲ ဆိုတာမျိုးကိုလည်း ထည့်ပြီးစဥ်းစားဖို့လိုတယ်။ ကျွန်တော်တို့ ဆရာတွေဘက်က ဘယ်လိုမြင်လဲဆိုရင် CDM နဲ့ပတ်သက်ပြီး ကျွန်တော်တို့တိုက်တွန်းနေတာမျိုးတွေရှိတယ်။ CDM နဲ့ပတ်သက်ပြီး ကြားကာလဥပဒေ ထုတ်ပြန်ဖို့ လုပ်ရမယ်ပေါ့လေ။ 

တစ်ချို့ဟာတွေဆိုရင် တက္ကသိုလ်တွေမှာ မြင်ရတယ်။ ဘယ်လိုမျိုးလဲဆိုတော့ CDM ဆရာ၊ ဆရာမတွေကို ရာထူးတိုးပေးတဲ့ဟာတွေ အဲ့လိုမျိုး အခွင့်အရေးတွေပေးလိုက်လို့ ဒီကြားကာလမှာ ဘယ်လိုမျိုး conflict တွေ ဖြစ်မလာနိုင်ဘူးလားပေါ့လေ။ ဒါကို ဥပဒေအကြောင်းအရ စဥ်းစားရမယ့်ကိစ္စလို့ မြင်တယ်။ ဒီ CDM ကျောင်းသားမို့ အခွင့်အရေး ပိုရသင့်တယ်၊ CDM ဆရာမမို့လို့ အခွင့်အရေးတွေ ပိုရသင့်တယ် ဆိုတဲ့ဟာကို ကျွန်တော်တို့က စဥ်းစားနေမယ်ဆိုရင် အဲ့လိုမျိုးဆိုရင် ကျွန်တော်တို့က ဘယ်လိုပဲဖြစ်ဖြစ် တန်းတူနေထိုင်တဲ့ လူ့အဖွဲ့အစည်းကိုတည်ဆောက်ဖို့လို့ ပြောနေတဲ့ဟာတွေက ရေရှည်ပြည်ထောင်စုအသစ် တည်ဆောက်တဲ့ အခါမျိုးမှာ conflict တွေ အများကြီးဖြစ်နိုင်မယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ အဲလိုမျိုးသာ ခွဲခြားခွဲခြား လုပ်နေမယ် ဆိုရင်တော့ သည်တော်လှန်ရေးကြီး အောင်မြင်သွားပြီ ဆိုလို့ရှိရင် ကျွန်တော်တို့ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းကြီး ဘယ်တော့မှ ရနိုင်မှာတော့ မဟုတ်ဘူး။ ဒါတွေကိုတော့ ကျွန်တော်ပြောချင်တယ်။

နောက်တစ်ခုက ဘာလဲဆိုရင် ကျောင်းသား CDM၊ အဲလိုမျိုးပဲ ဆရာ CDM တွေနဲ့ ပတ်သက်ပြီး ကြားကာလဥပဒေတွေ ထုတ်တဲ့ဟာလိုမျိုးပေါ့။ ကျောင်းသား CDM တွေနဲ့ ပတ်သက်ပြီးတော့ ကြားကာလ ဥပဒေထုတ်တာမျိုးတွေကို လုပ်ခိုင်းစေချင်တယ်။ တိုက်တွန်းခိုင်းစေချင်တာပေါ့လေ။

နောက်တစ်ခုကဘာလဲဆိုရင် ပွင့်ပွင့်လင်းလင်းပြောရရင် သည်တစ်ယောက်က ပိုပြီးတော့ အလုပ်လုပ်လို့ အခွင့်အရေးတွေ ပိုရရမယ်ဆိုတဲ့ စကားတွေကိုလည်း ကြားရတယ်။ အဲဒါဘာလဲဆိုရင် အားလုံးကတော့ သိတဲ့အတိုင်းပဲ ကျွန်တော်တို့ click to donate လုပ်တာတွေရော၊ ခုနက — ကိုနန်းလင်း ဆွေးနွေးသလိုပဲ — လက်ခုပ်တီးတဲ့ဟာတွေရော အကုန်လုံးက တော်လှန်ရေးနည်းနာတွေထဲမှာ ပါဝင်ခဲ့၊ ပါဝင်နေကြတာဖြစ်တယ်။ ဆိုတော့ အားလုံးက ယုံကြည်ချက်နဲ့ တော်လှန်ရေးလုပ်နေကြတာ ဖြစ်တယ်။ အားလုံးက ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေ– ကျွန်တော်တို့က စစ်ကျွန်ပညာရေးကို လက်မခံနိုင်လို့ တော်လှန်ရေးကို လုပ်နေကြတာ ဖြစ်တယ်။ အဲအတွက် ကျွန်တော်တို့က သည်အပေါ်မှာ အခွင့်အရေးတွေ ဘာတွေ မမျှော်လင့်ခိုင်းစေချင်ဘူး။ အဲလိုမျိုးတွေးကြေးဆို သေသွားတဲ့သူတွေ၊ ဒဏ်ရာရသွားတဲ့သူတွေ၊ တိုက်ပွဲမှာ ကျသွားတဲ့သူတွေလည်း သူတို့ရဲ့အခွင့်အရေးတွေကို ကျွန်တော်တို့က ဘယ်လိုမျိုး ကုစားမလဲပေါ့လေ။ ကျွန်တော်က ထည့်ပြီး စဥ်းစားမိတယ်။ ပြီးရင် ကျွန်တော်က ကျောင်းသားတစ်ယောက်က စာတော်လို့ ဆုရတဲ့ဟာတွေနဲ့ နှိုင်းတဲ့ အယူအဆမျိုးတွေကိုတော့ သိပ်ပြီး သဘောမကျဘူး။ ခုနတုံးက ဟာကို ကောက်ပြီး ပြန်ပြောမယ်ဆိုရင် ကျွန်တော်က ဂုဏ်မပြုသင့်ဘူးမဟုတ်ဘူး၊ ဂုဏ်ပြုသင့်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်အချိန်မှာမှ ဂုဏ်ပြုသင့်တယ်ဆိုတာကို ထည့်ပြီး စဥ်းစားစေချင်တယ်။ နောက်ဆုံးမှ သည်တော်လှန်ရေးပြီးတဲ့ အချိန်ကျမှ ကာလတွေကို ဘယ်လိုကုစားကြမလဲဆိုတာကို ထည့်ပြီး စဥ်းစားစေချင်တာပေါ့လေ။

နောက်တစ်ခုကဘာလဲဆိုရင် အဲဒီ့အစားပေါ့လေ အခုဆိုသိတဲ့အတိုင်း CDM ကျောင်းသားတွေထက် စာရင် CDM ဆရာဆရာမတွေက လုံခြုံရေးအရရော၊ တခြားအစစအရာရာ အန္တရာယ်ရှိနေတယ်လို့ ကျွန်တော်ကတော့ ယူဆတယ်။ ဒါ ကျွန်တော်ဆရာတစ်ယောက်ဖြစ်နေလို့ ပြောတဲ့စကားတော့ မဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံးမှာ သူတို့က ဘယ်လိုမှလုံခြုံတဲ့ အနေအထားမှာရှိမနေဘူး။ သို့ပေသော်ငြားလည်း ပြန်ပြီးတော့ယှဥ်ကြည့်မယ်ဆိုရင် CDM ဆရာမနဲ့ CDM ကျောင်းသားတွေကတော့ ဘယ်သူက ပိုလုံခြုံမှုရှိမလဲပေါ့လေ။ သေချာတာတစ်ခုကတော့ CDM ကျောင်းသားတွေကတော့ နည်းနည်းလုံခြုံမှုရှိနေတယ်။ လုံခြုံမှုရှိတယ်ဆိုတာက ဒီမှာကသိတဲ့အတိုင်း ဘယ်သူကမှတော့ မလုံခြုံဘူး။ ဒီလိုမျိုးအခင်းအကျင်းကြီးမှာ ဒီလိုမျိုး CDM code တွေထုတ်ပြီး လုပ်ပြီဆိုရင် CDM ကျောင်းသားတွေအတွက် ပိုပြီးတော့ အန္တရာယ်များမလားပေါ့၊ ဒါကိုကျွန်တော်စိတ်ပူတယ်။ 

နောက်တစ်ခုကဘာလဲဆိုရင် ကျွန်တော်တို့က တိုက်တုန်းကတော့အတူတူပဲ ရလာတဲ့အခွင့်အရေးကျမှ ခွဲခြားခွဲခြားဆိုတဲ့ဟာမျိုးကို ကျွန်တော်ကတော့ မလုပ်သင့်ဘူးလို့ မြင်တယ်။ ပြီးတော့ အခွင့်အလမ်းတွေ ပိုရရမယ်ဆိုတော့ Non-CDM တွေက နောင်လာမယ့် အနာဂါတ်တွေမှာ သူတို့က ကြိုးစားပေမယ့် အခွင့်အလမ်းတွေ မရနိုင်တော့ဘူးလားပေါ့လေ။ အဲ့အခွင့်အလမ်းတွေ ကျွန်တော်တို့က တော်လှန်ရေးမှာ မပါလို့ တစ်သက်လုံး ဒဏ်ခတ်သွားတော့မှာလားပေါ့လေ။ အဲ့ဒါ တစ်ချက်ကို ပြန်ဖြေပေးစေချင်တယ်။ ခုနတုန်းက အစပိုင်း First round မှာ ဆွေးနွေးသွားသလိုပဲ ကျောင်းသားတွေကို ပွင့်ပွင့်လင်းလင်းပြောရရင် ဘာမှမသိတဲ့ ကျောင်းသားတွေကို နိုင်ငံရေးခုတုံးလုပ်ပြီး ဖိနှိပ်တာမျိုး လုပ်သွားမှာလား။ ဒီလိုမျိုးဆိုရင် ကျွန်တော်တို့လိုချင်တဲ့ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း၊ တရားမျှတတဲ့လူ့အဖွဲ့အစည်းဆိုတာ ရေရှည်မှာရနိုင်ပါ့မလားပေါ့၊ ဒါကိုထည့်သွင်းပြီး စဥ်းစားစေချင်တယ်။ 

နောက်ဆုံးအနေနဲ့ပြောချင် အကြံပြုချင်တာကတော့ အခု matriculation exam တွေ ဖြေဖို့အတွက်  ပညာရေး၀န်ကြီးဋ္ဌာန MOE ကစီစဥ်နေတာတွေရှိတယ်။ အဲ့စီစဥ်နေတဲ့ဟာအပေါ်  ကျောင်းသားရေးရာ အဖွဲ့ချုပ်အနေနဲ့ ကျန်တဲ့ကျောင်းသားအဖွဲ့တွေရော၊ ကျွန်တော်တို့ အကုန်လုံးပေါင်းပြီးတော့ ဘယ်လိုမျိုး ကူညီပေးသင့်တယ်ဆိုတာမျိုးကို စဥ်းစားသင့်တယ်။ ရှင်းရှင်းလင်းလင်း ပြန်ပြီးတော့ နောက်ဆုံးအနေနဲ့ပြောရရင် လက်ရှိရှိနေတဲ့ အနေအထား၊ လက်ရှိရှိနေတဲ့ CDM ကျောင်းသားတွေကို ဘယ်လိုထိန်းထားသင့်လဲ။ ကျွန်တော်တို့ရဲ့ အသိုက်အ၀န်းကို ဘယ်လိုမျိုးတည်ဆောက်သင့်လဲ ဆိုတာမျိုးကို စဥ်းစားစေချင်တယ်။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ။ 

မနန်းခမ်း [Summary] (1:46:57 to 1:54:07)

ခုနတုံးက အကုန်လုံးဆွေးနွေးသွားတဲ့အထဲမှာ အမြင်မတူတာတွေလည်း အများကြီးပေါ့နော်။ ဒီမှာ CDM ID ကို support တဲ့ လူတွေပြောသွားတာ သူတို့ ID card လုပ်တာက CDM/Non-CDM ကွဲပြားရေးအတွက်လည်း ရည်ရွယ်ချက်ထဲမှာ ပါတယ်ပေါ့။ ပြီးတဲ့အခါကျတော့ ဒါကိုလုပ်ရတာက CDM တွေအတွက်ဆိုရင် ဒီကိစ္စက ကောက်ရိုးတစ်မျှင်လည်း ဖြစ်တယ်။ အားလည်းဖြစ်တယ်။ ပြီးတဲ့အခါကျတော့ သူတို့ကိုလည်း ကာကွယ်မှု ပေးနိုင်တယ်ပေါ့နော်။ Student ID card လုပ်တာက ကျောင်းသားအခွင့်အရေးအတွက်လည်း ဖြစ်တာကြောင့် လုပ်ရတယ်လို့ ပြောသွားပါတယ်။ သူတို့အနေနဲ့ ဝေဖန်ထောက်ပြကြတဲ့အခါမှာ စည်းရုံးမှုတွေလည်း လုပ်ခဲ့တယ်။ ဒါပေမယ့် တစ်ချို့တစ်ချို့ အနေအထားအရဆိုရင် အကြောင်းပြချက်ပေးပြီး ပျက်လို့ရပေမယ့် မလုပ်ခဲ့တာတွေ ရှိတယ်ပေါ့။ ဒီလိုနဲ့ နောက်ပိုင်းမှာဆိုရင် Non-CDM rate တွေက များလာတာကြောင့်မို့လို့ လုပ်သွားတယ်လို့ ဆွေးနွေးခဲ့ကြတယ်။ အဲ့အခါမှာ ထောက်ပြတဲ့သူတွေဘက်ကလည်း ဒီ CDM ID card လုပ်တာကို ပြန်ပြီးတော့ စဥ်းစားသငိ့တယ်လို့ ထောက်ပြတာတွေရှိတယ်။ ပြီးတော့ ဒီ CDM ID လုပ်တာထက်စာရင် ကြားကာလနဲ့ နောက်တစ်ချိန် ပညာရေးပလပ်ဖောင်းကို ဘယ်လိုမျိုးလုပ်မလဲဆိုတာကို ပိုပြီးတော့ စဥ်းစားသင့်တယ်ဆိုပြီး ထောက်ပြသွားတာတွေရှိ ပါတယ်။ အဲ့ဒါအပြင် အလုပ်အကိုင်အခွင့်အလမ်းကို ဘယ်လိုမျိုး ဖန်တီးပေးရမလဲပေါ့နော်။ ပြီးတဲ့အခါကျတော့ တစ်ယောက်ပြန်ပြီး ထောက်ပြသွားတာဆိုရင် ဒီ ID card လုပ်တာက အကျိုးစီးပွားအပေါ် ဦးတည်ပြီးတော့ စည်းရုံးတဲ့အနေထားလို့လည်း ပြောသွားတယ်။ ဒါပေမယ့် တစ်ခုက CDM ဆိုပြီး အဖြူအမဲခွဲတာမျိုးကို သဘောမကျဘူးပေါ့နော်။ ပြီးတဲ့အခါကျတော့ ကိုဝေယံစိုးထောက်ပြသွားတာကလည်း ဒီ ID card လုပ်တာ Process အရမှန်ပေမယ့် ကျောင်းသား ခွဲသွားတဲ့အချိန်မှာ ပြဿနာမရှိနိုင်ဘူးလားလို့ မေးခွန်းတွေလည်းရှိတယ်။ နောက် Laws နဲ့ Rights ကို ခွဲမြင်ဖို့ ထောက်ပြသွားတာလည်း ရှိတယ်။ ပြီးတော့ ဒါအမြင်အရဆိုရင်လည်း ဒီလိုမျိုးခွဲခြားပြီးတော့ အခွင့်အရေးက ပိုရသင့်တယ်လို့ ပြောတာကတော့ အဆင်မပြေဘူးလို့ သုံးသပ်ထားပါတယ်။ အဲ့ဒါကို ပြန်ပြီးတော့ ထောက်ပြထားတာလေးကတော့ အခုချိန်မှာ CDM ID card ကို ဝေဖန်ဖို့စောသေးတယ်။ အဲ့လိုမျိုး ဝေဖန်တာထက် ဒါလုပ်တဲ့အပေါ်ကို ဘယ်လိုကူနိုင်မလဲ၊ အဲ့ဒါကိုပိုပြီးတော့ စဥ်းစားစေချင်တယ်ပေါ့။ နောက်ပြီးတဲ့အခါလည်း ဒီမိုကရေစီမှာ ပြည်သူသာလျှင် အမိအဖမို့လို့ ပြည်သူကပဲဆုံးဖြတ်သွားမယ်လို့ ထောက်ပြထားတာလည်းရှိပါတယ်။ 

ဟုတ် ဒါကတော့ ပထမ round ကဟာကို summary လေး လုပ်ထားတာပါ။ ကျွန်မလည်း ဒီဆွေးနွေးတဲ့ဟာကို ပြန်ပြီးဆွေးနွေးချင်တာလေးတွေ ရှိပါတယ်။ အရှေ့က ကိုနန်းလင်းတို့၊ ကိုရဲထက်တို့၊ ကိုဝေယံစိုးတို့ ဆွေးနွေးသွားတာနဲ့ ကျွန်မအတွေးနဲ့ တူနေတာတွေရှိပါတယ်။ ကျွန်မလည်း ဒီ card နဲ့ ပတ်သက်ပြီး စဥ်းစားတဲ့အခါမှာဒီပညာရေးစနစ်ကိုပဲ ပထမဆုံး စဥ်းစားဖြစ်တာပေါ့နော်။ 

ပြီးတော့ ဒီကဒ်လုပ်တဲ့အခါမှာ ဘယ်လောက်ထိ action ရှိမလဲဆိုတာ စဥ်းစားမိပါတယ်။ အခု ကျွန်မတို့ ပြောလိုက်တဲ့အခါ ကျွန်မအမြင်အရတော့ စစ်ကျွန်ပညာရေးလို့ ကျွန်မတို့ပြောတယ်။ ပြောတာကြောင့်မို့ ကျွန်မအနေနဲ့ သူတို့လုပ်နေတဲ့ ပညာရေးစနစ်ကိုဆိုရင် ခေါင်းထဲလုံး၀မထည့်ဘူး။ စိတ်ထဲလည်း မထည့်ဘူး။ ဘာမှတမ်းတစရာလည်း မရှိဘူးပေါ့နော်။ ပြီးတဲ့အခါကျတော့ စဥ်းစားရမှာက တစ်ခုက CDM လုပ်နေတဲ့ ကလေးတွေကရော ဒီအခြေနေမှာ ဘယ်လောက်ထိ သင်ယူနေနိုင်လဲ။ ကျွန်မတို့ ပညာရေးလို့ ပြောပြီရင် ဒါကအခွင့်ထူးခံမဟုတ်ဘူး။ လူတစ်စုအတွက် မဟုတ်ရဘူး။ ကျွန်မတို့ ဒါ all inclusive ကို စဥ်းစားမယ်။ ဒီကာလမှာ all inclusive ကို ပြောတာက ကပ်သီးကပ်ဖဲ့ပြောတာတော့ မဟုတ်ဘူးပေါ့။ ဒါ လူတိုင်းရသင့်တဲ့ အခြေခံအခွင့်အရေး မို့လို့ all inclusive လို့ ပြောတာပေါ့နော်။ 

ပြီးတဲ့အခါကျတော့ ကျွန်မတို့အနေနဲ့ အခုတော်လှန်ရေးကာလမှာ ပညာရေးစနစ်က ဖက်ဒရယ်ပညာရေးစနစ်လို့ ပြောလာတယ်ပေါ့နော်။ ဒါပေမယ့် ဒီလိုမျိုး CDM ကျောင်းသားတွေဘက်ကို သွားပြီးကြည့်လိုက်တဲ့အခါမှာ ကျွန်မတို့ စစ်ကျွန်ပညာရေးကို မစွန့်ချင်သလိုဖြစ်နေတယ်။ ကျွန်မမြင်နေရတဲ့ ပုံစံမှာတော့ လူကိုတော်လှန်နေရင်း နဲ့ပဲ ကျောင်းတက်မတက်ကို သွားပြီးတော်လှန်နေတယ်လို့ပဲ ကျွန်မကတော့မြင်တယ်။ 

ပြီးတဲ့အခါကျတော့ ဒီကိစ္စအပြင် သင်ရိုးကိစ္စတွေဆိုလည်း စိတ်၀င်စားတယ်။ ဘာလိုလဲဆိုတော့ သင်ရိုးထဲမှာ တစ်ချိုသင်ရိုးတွေဆို ဝါဒဖြန့်ထားတဲ့ သင်ရိုးတွေ အခုထိမဖျက်သေးတာတွေ ရှိသေးတယ်။ 

နောက်တစ်ခု ID လုပ်တဲ့အပေါ် ကျွန်မစဥ်းစားမိတာက ဒါဖိနှိပ်မှုပေါ့နော်။ တစ်ချို့တွေဆို မိဘဖိနှိပ်မှုကြောင့် တက်နေရတာတွေ ပါတယ်။ တကယ်တမ်းကျတော့ ကျောင်းသားတွေဆိုတာ အဖိနှိပ်ခံတွေပဲ။ ဒီအခါမှာ မိဘအမျိုးအစားလည်း ကွဲသွားတယ်။ ကျွန်မတို့ ပညာရေးကိုစဥ်းစားတဲ့အခါမှာ ကျောင်းသားတစ်ခု၊ ဆရာတစ်ခုပဲ စဥ်းစားလိုမရဘူး၊ မိဘတွေပါရမယ်။ 

ကျွန်မ အရင်တုံးကတော့ Child Psychology တို့၊ Children Rights တွေဘာတွေ လုပ်တယ်ပေါ့။ ကျေးရွာတွေ၊ မြို့ပေါ်တွေ အဲ့ဒီကကလေးတွေကို ကြည့်တဲ့အခါမှာ သင်တဲ့အခါမှာ သူတို့က မိဘတွေအပေါ် လုံး၀မူတည်တယ်။ ဒီ ဖြတ်သန်းလာတဲ့ ကာလတစ်လျှောက်လုံးမှာလည်း မိဘက ဘာလုပ်ရမယ် အဲ့လို pressure တွေ အရမ်းပေးတယ်။ တစ်ချို့မိဘတွေက သူတို့ရဲ့ freedom လွတ်လပ်ခွင့်ကို အပြည့်အ၀ပေးထားတယ်။ တစ်ချိုကျတော့ အရမ်းတင်းတင်းကြပ်ကြပ် ထားတယ်။ တစ်ချိုကျတော့ ကလေးပညာရေးကို စိတ်မ၀င်စားတာတွေ ရှိတယ်။ အခုဆိုလည်း တစ်ချို့ CDM ခွင့်ပြုထားတဲ့ မိဘတွေအနေနဲ့ တကယ်ပဲ စစ်ကျွန်ပညာရေးဆိုတာ ဘာလဲ။ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်ဆိုတာ ဘာလဲဆိုတာကို သူတို့ကိုယ်တိုင် စဥ်းစားစေချင်တယ်ပေါ့နော်။ ဒါမှပဲ ကျွန်မတို့ဖော်ဆောင်ချင်တဲ့ ပညာရေးစနစ်ကိုရမှာပေါ့နော်။ ဒါကြောင့်မို့ ပွဲမှာလည်း မိဘတွေကို ဖိတ်တာပေါ့နော်။ 

ပြီးတဲ့အခါကျတော့ ဒီတော်လှန်ရေးလုပ်တဲ့အခါမှာ စည်းရုံးရေးလုပ်ရမယ်ဆိုတာက လုံး၀ကိုပိတ်ချလိုက်တာထက် ကမ်းလှမ်းစေချင်တယ်။ ပြီးတော့ ကျွန်မတို့အခုတော်လှန်ရေးလုပ်တယ်ဆိုတာက ဒါအုပ်စုတစ်ခုထဲက လူတစ်စုထဲကို တော်လှန်တာမျိုးမဟုတ်ပဲနဲ့ အာဏာရှင်စနစ်ကို အထောက်အကူပြုထားတဲ့ ထောက်တိုင်တွေ၊ အဲ့ဒါတွေကိုတော်လှန်မယ်။ ပြီးတဲ့အခါကျ အယူအဆတွေ မတရားမှုဖိနှိပ်မှုမှန်သမျှကို ဒီတော်လှန်ရေးတင်မကဘူး တကယ်လို့ရှေ့ဆက်ပြီးတော့မှ မတရားမှုမှန်သမျှ ဖိနှိပ်မှုမှန်သမျှကိုပါ တော်လှန်သွားရမယ်လို့ ကျွန်မကတော့ ခံယူထားတယ်။ ဟုတ် ဒါ ကျွန်မဆွေးနွေးချင်တဲ့ အပိုင်းလေးပါ။ 

Prise (1:54:30 to 2:01:16)

အခုကျွန်တော်တွေ့ရတာက ကျွန်တော် ပထမတစ်ခေါက် ဆွေးနွေးပြီးတဲ့ နောက်ပိုင်းမှာ ဆွေးနွေးတဲ့အပိုင်းက ဘယ်ကိုဦးတည်လာလဲဆိုတော့ တန်းတူညီမျှရေးနဲ့ ပညာရေးစနစ်ဆီကို ဦးတည်လာတာ သတိထားမိတယ်။ ဆိုတော့ ကျွန်တော်မေးချင်တဲ့ မေးခွန်းက ခင်ဗျားတို့အနေနဲ့ တန်းတူညီမျှရေးနဲ့ပတ်သက်ပြီး ဘယ်လိုအဓိပ္ပါယ်ထွက်မလဲပေါ့နော်။ ကျွန်တော့်အမြင်နဲ့ဆိုရင် တန်းတူညီမျှရေးမှာ အကန့်သတ်မရှိပဲ မတည်ရှိနိုင်ပါဘူး။ တန်းတူညီမျှမှုဟာ အကန့်သတ်တစ်ခုရဲ့ အတွင်းမှာပဲရှိပါတယ်။ အရာအားလုံးဟာ တန်းတူညီမျှဖို့ဆိုတာ တကယ်ကြီးမဖြစ်နိုင်ဘူး။ 

နောက်တစ်ချက်က ဘာလဲဆိုတော့ ပညာရေးစနစ်။ ပညာရေးစနစ်မှာ ကျွန်တော်တို့က တန်းတူညီမျှမှုကို ခွဲလိုက်မှာမဟုတ်ဘူးဗျ။ ကျွန်တော်တို့ အ.က.ရ က ရှေ့ပိုင်းမှာပြောသွားတဲ့ ဒီအချက်ကလည်း အတော်လေးရှင်းရှင်းလင်းလင်း ပါတယ်။ ကျွန်တော်တို့မြင်တဲ့ အမြင်မှာလည်း ဒီအတိုင်းပဲ။ ဘာလဲဆိုတော့ ကျွန်တော်တို့ ပညာရေးစနစ်မှာဗျာ ဥပမာပြောရရင် Non-CDM တွေက ပညာရေးကို CDM တွေလောက် မရတော့ဘူး အဲ့လိုသဘောမျိုး မဟုတ်ဘူးနော်။ ကျွန်တော်တို့က လူတွေလက်ခံခြင်း၊ လက်မခံခြင်းဆိုတဲ့ အပိုင်းမှာပဲသွားပြီးတော့ ကြည့်မှာဖြစ်တယ်။ ဒါကပညာရေးစနစ်ထဲမှာ မရှိတော့ဘူး။ ပညာရေးစနစ်အပြင် ဖြစ်သွားပြီ။ ဒါဟာ လူတွေကြိုက်ခြင်း၊ မကြိုက်ခြင်း၊ တခြားအခွင့်အလမ်းတွေ ကျွန်တော်ပြောခဲ့သလိုပဲ အလုပ်အကိုင် အခွင့်အလမ်းတွေဘက် ရောက်သွားပြီ။ 

ဒီထဲမှာပေါ့နော် ဒီ CDM ဟုတ်ခြင်း၊ မဟုတ်ခြင်းကို ခဏထားလိုက်ဦး။ သူဌေးက သူကြိုက်တဲ့သူ ခန့်မှာ ဒီသဘောရှိတယ်။ ပြီးတော့ နောက်တစ်ချက်ကဘာလဲဆိုတော့ Scholar လျှောက်တယ်။ scholar လျှောက်တယ်ဆိုရင် အမြဲတမ်း မေးလေ့မေးထရှိတဲ့ မေးခွန်းရှိတယ်။ အဲ့ဒါကဘာလဲဆိုတော့ မင်းက ဒီပညာကို ငါတိုနိုင်ငံမှာ လာသင်တယ်၊ ပြီးရင် မင်းဒါကို ဘာ့အတွက် အသုံးချမှာလဲဆိုတဲ့ အဲ့လိုသဘောဆန်ဆန် မေးခွန်းအမြဲမေးတယ်။ scholar တွေတိုင်းမှာ။ ဆိုတော့ အဲ့ဒီနေရာမှာ ကျွန်တော်တို့သွားရေးလိုက်မယ်- ဥပမာ ကျွန်တော်တို့ အမေရိကားမှာ ပညာသွားသင်တယ်ပေါ့။ အဲ့scholar ကို သွားရေးလိုက်မယ်။ ကျွန်တော် အမေရိကားမှာ အခြေချပါမယ်။ အလုပ်အကိုင်အခွင့်အလမ်း ကောင်းကောင်းရချင်ပါတယ်။ အဲ့လိုတွေ သွားရေးလိုက်ရင် ခင်ဗျား အဲ့ scholar မရတော့ဘူး။ scholar ရဲ့အဓိပ္ပါယ်အဓိကရည်ရွယ်ချက်က ကိုယ့်နိုင်ငံကို ဘယ်လောက် အကျိုးပြုနိုင်လဲ။ နိုင်ငံအပေါ် ဘယ်လောက် သစ္စာရှိလဲ။ ဒီဟာကို ဆုံးဖြတ်တာ ဖြစ်တယ်။ 

ဒီ တော်လှန်ရေးလုပ်နေတဲ့ အချိန်တွေမှာတောင် ကျောင်းတက်နေတဲ့သူတစ်ယောက်ဟာ အဲ့ scholar အခွင့်အရေးတွေမှာ ရသင့်ရဲ့လား။ ရသင့်ရဲ့လားဆိုတာ ပိတ်ပင်ဖို့ ပြောတာမဟုတ်ဘူးနော်။ ထောက်ခံဖို့။ အကယ်၍ CDM သမားဆိုရင် CDM ID card အဲ့လိုမျိုးပေါ့နော်။ CDM အဖွဲ့အစည်းတစ်ခုခုက ထောက်ခံပေးမယ် ဆိုရင် ဒီ scholar က ရဖိုအများကြီးလွယ်တယ်။ ကျန်တဲ့သူ CDM ID မရထားတဲ့သူတွေကို ကျွန်တော်တို့ မထောက်ခံဘူး။ ဒါဟာ ဖိနှိပ်ခြင်းလို့ ပြောလိုမရဘူး။ scholar ရဲ့ ရည်ရွယ်ချက်နဲ့ သွားပြီးတော့ တူညီနေတယ်။ ပြီးတော့ Local မှာ ပညာသင်ကြတယ်။ Local မှာ ကျွန်တော်တို့ ဘာမှကွာဟမှုရှိမှာ မဟုတ်ဘူး။ ပညာရေးက ဒီသင်ရိုးကိုပဲ အကုန်သင်ရမယ်။ ဒီအခွင့်အလမ်း အကုန်ရမယ်။ Non-CDM ဟာ local မှာ လုံး၀ကွာမခြားသွားဘူး။ scholar မှာသွားကွာရင်ကွာမယ် စောစောက ကျွန်တော်ပြောတဲ့ အချက်ကြောင့်။ ပြီးတော့ local မှာ ဘယ်နေရာသွားကွာမလဲ ကျွန်တော်တို့ အလုပ်အကိုင်အခွင့်အလမ်းမှာ သွားကွာမယ်။ 

အလုပ်အကိုင်အခွင့်အလမ်းဆိုတာ ဘာလဲပေါ့နော်။ ပြည်သူက- ဥပမာ CDM ကျောင်းသားတွေကိုမှ လိုချင်ပါတယ်၊ အလုပ်ရှင်က CDM ကျောင်းသားကိုမှ လိုချင်ပါတယ်ဆို ခွဲခြားမှုက ရှိကို ရှိဦးမှာပဲ။ ကျွန်တော်တို့ အလုပ်ရှင်က လူတစ်ထောင်ခေါ်မယ်။ ကုမ္ပဏီတစ်ခု၊ စက်ရုံတစ်ခုပဲ ထားပါတော့။ အလုပ်ရှင်က CDM သမားတွေကို ကောက်ရွေးသွားရင် ဘာတတ်နိုင်မှာလဲ။ ကျွန်တော်တို့ ကျန်တဲ့ သူတွေက ဘာဖိအားမပေးဘူး။ ကျွန်တော်တို့ ကျောင်းသားအဖွဲ့အစည်းတွေကလည်း မပေးဘူး။ အစိုးရကလည်း မပေးဘူး။ ပြည်သူက ကောက်ရွေးသွားတယ်။ အဲဒါကို ဖိနှိပ်ခြင်းလို့ ကျွန်တော်တို့က ပြောမှာလား။ မရဘူး၊ ဒါက စက်ရုံပိုင်ရှင်ရဲ့ လွတ်လပ်ခွင့်၊ သူ့ရဲ့ Liberty နယ်ပယ်ထဲမှာ ရှိပြီးသားကြီး ဒါကြီးက။ ဥပဒေနဲ့ မဆိုင်ဘူး။ ပြည်သူက သူ့ရဲ့လွတ်လပ်ပိုင်ခွင့်၊ စက်ရုံပိုင်ရှင်ရဲ့ လုပ်ပိုင်ခွင့် အတွင်းကနေပဲ လုပ်သွားတာ။ ဒါဟာ အများနဲ့တစ်ယောက်။ ဒါကို ဖိနှိပ်ခြင်းလို့ သတ်မှတ်လို့မရဘူး။ 

နောက်တစ်ခု ပညာရေးစနစ်ကို စစ်ကျွန်ပညာရေးလို့ သတ်မှတ်တယ်။ ဘာကြောင့်သတ်မှတ်တာလဲဆိုတာကို ကျွန်တော်တို့ သိရမယ်။ ဒါစစ်ကျွန်ပညာရေးမဟုတ်ဘူးလို့ ငြင်းတာမဟုတ်ဘူးနော်။ ကျွန်တော်တို့ စာပေတွေမှာ တိုင်းရင်းသားစာပေတွေကို ဘယ်လောက်ထိဖိနှိပ်လဲ ဒါမျိုးတွေကို အဓိက ကန့်သတ်ထားတယ်။ ကျွန်တော်တို့ အခွင့်အရေးပိုင်းကို အဲ့လောက်ကြီး ကန့်သတ်တာမဟုတ်ဘူး၊ အဲ့လောက်ကြီး အကျိုးသတ်ရောက်တာ မဟုတ်သေးဘူးနော်။ အခွင့်အရေးအပိုင်းမှာ– ဥပမာ အကောင်သားသမီးတွေပေါ့ ရှင်းရှင်းပြောရရင် အကောင်သားသမီးတွေက ပညာရေးမှာ အခွင့်အလမ်းတွေအများကြီး ပိုသာတယ်။ အစိုးရပညာရေးလုပ်ရင်လည်း သာတယ်၊ ပြီးတော့ သူတို့ နိုင်ငံခြားသွားတယ်၊ ဒီနေရာတွေမှာ သာတယ်။ ဒါပေမယ့် ပြည်တွင်းမှာကျတော့ စစ်ဖြစ်နေတဲ့နယ်ပယ်တွေ ဒါကကျတော့ ထည့်ပြောလိုမရဘူးပေါ့နော်။ ပညာရေးအခွင့်အလမ်း သာမှု၊ မသာမှုက အဲ့လောက်ကြီး ကွာဟမှုမရှိဘူး။ အဓိက ဘယ်နေရာမှာ ကွာနေလဲ။ ဘာလို့ စစ်ကျွန်ပညာရေးလို့ ခေါ်လဲဆိုရင် အဓိကက ပြဿနာဘာလဲဆိုရင် စာပေအပိုင်းတွေမှာဆိုရင် တိုင်းရင်းသားစာပေတွေက အများကြီးနေရာမရဘူး။ ပြည်မက ဗမာတိုင်းရင်းသားတွေရဲ့ စာပေတွေပဲ အဓိကလွှမ်းတယ်။ 

ပြီးရင် တစ်ခြားအချက်တွေ ဘာတွေကြောင့် စစ်ကျွန်ပညာရေးစနစ်လို့ ခေါ်လဲဆိုရင် အတွေးအခေါ်တွေကို ချိုးနှိမ်တယ်။ အထက်နဲ့အောက် ပုံစံသွားတယ်။ ဆရာမနဲ့ ကျောင်းသားတွေကြားမှာဆိုလည်း– ဒါတွေက အကျယ်ချဲ့ပြီးပြောစရာ မလိုပါဘူး။ ခင်ဗျားတို့လည်း သိပြီးသားတွေပါ။ ဒါတွေကြောင့် စစ်ကျွန်ပညာရေးလို့ ခေါ်တာဖြစ်တယ်။ အခွင့်အလမ်းတန်းတူညီမှုက အများကြီးမကွာဘူး။ ကွာတော့ကွာတယ်။ အများကြီးကွာတာမျိုး မဟုတ်ဘူး။ အဓိကက စစ်ကျွန်ပညာရေးလို့ ခေါ်ရတာက အခွင့်အလမ်း တန်းတူညီမျှမှုမရှိလို့ လို့တော့ကျွန်တော်မထင်ဘူး။ အခွင့်အလမ်း တန်းတူညီမျှမှုဆိုတာ လူအပေါ်မှာအခြေခံတာကို ကျွန်တော်ပြောတာ ဖြစ်တယ်။ စာတွေ၊ သင်ရိုးတွေပေါ်မှာရှိတဲ့ ကွာခြားမှုကတော့ ရှိပါတယ်။ ဒါကိုတော့ ကျွန်တော် အပြည့်အ၀လက်ခံပါတယ်။ 

ဆိုတော့ စောစောက ကျွန်တော်ပြောတဲ့စကားကို ပြန်ကောက်ရရင် ခင်ဗျားတို့အနေနဲ့ တန်းတူညီမျှမှုကို ဘယ်လိုအဓိပ္ပါယ်ဖွင့်မှာပါလဲ။ ကျွန်တော်ရှင်းပြခဲ့သလိုပဲ အကန့်သတ်အတွင်းမှာ အစိုးရရဲ့ပညာရေးစနစ်ဆိုတဲ့ အကန့်သတ်အတွင်းမှာ တန်းတူညီမျှမှုဆိုတာ ရှိကိုရှိပါတယ်။ အစိုးရဟာ Non-CDM ကိုရော၊ CDM ကိုရော ဘာမှ ထိန်းချုပ်မှုရှိမှာ မဟုတ်ပါဘူး။ အစိုးရကတော့ အကုန်လုံးကို လက်ခံမှာပါ။ ဒါပေမယ့် scholar မှာ ဘယ်သူက ထောက်ခံမှာလဲ ကျွန်တော်တို့ CDM card သမားဆိုရင် ရဖို့ ပိုလွယ်သွားမယ်။ CDM card က ထောက်ခံတယ်။ CDM card ကို လုပ်ခဲ့တဲ့ အဖွဲအစည်းက ထောက်ခံတယ်။ ပြည်သူက ထောက်ခံတယ်။ ဒီလို အခွင့်အရေးတွေ ရမယ်။ ပြီးရင် ဟိုးအရှေ့ပိုင်း အ.က.ရ ကဆွေးနွေးခဲ့သလိုပဲ မုန့်ဆိုင်သွားတယ်။ အဲ့မှာ Promotion ရမလား ဒီအပေါ်မှာ ကွာခြားမှုရှိသွားမယ်။ 

နောက်ထပ် စောစောက ကျွန်တော်ပြောခဲ့သလို ကျွန်တော်သာ စက်ရုံပိုင်ရှင်ဖြစ်မယ်ဆိုရင် CDM အယောက် ၁၀၀၀ ကောက်ခေါ်သွားမယ်။ Non-CDM သမားဘယ်လောက်တော်တော် ခေါ်ချင်မှခေါ်မယ်။ ဒါ ကျွန်တော့်ရဲ့ လုပ်ပိုင်ခွင့် ဖြစ်သွားပြီ။ ဆိုတော့ ဒီနယ်ပယ်တွေကို စဥ်းစားရမယ်။ ဒါကို ဖိနှိပ်ခြင်းလို့ ကျွန်တော်ကတော့ လုံးဝ လက်မခံနိုင်ဘူး။ ဒါဟာ ဖိနှိပ်ခြင်း လုံးဝမဟုတ်ဘူး။ ဒါဟာ အရေအတွက်ပေါ်မှာမူတည်ပြီး ဖိနှိပ်ခြင်းလို့ ကျွန်တော်ကတော့ မမြင်ဘူး။

ဆိုတော့ ကျွန်တော့်ရဲ့ မေးခွန်းလေးက ရှင်းရှင်းလေးပါ၊ တန်းတူညီမျှရေးကို ခင်ဗျားတို့ ဘယ်လို အဓိပ္ပါယ်ဖွင့်မလဲ။ ဒါလေးပဲ ကျွန်တော်မေးချင်တာပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ 

ကိုမင်းရတု (2:01:32 to 2:03:54)

ကျွန်တော်ကတော့ ဒီမေးခွန်းကတော့ ဖြေချင်တဲ့သူ၀င်ဖြေလို့ ရပါတယ်။ ဦးတည်ပြီး မေးထားတာတော့ မဟုတ်ပါဘူး။ ပထမဆုံးအနေနဲ့ ပြောချင်တာကတော့ အခုဆွေးနွေးပွဲတက်လာတဲ့သူတွေထဲမှာ Non-CDM တွေကို ထိထိရောက်ရောက် အရေးလည်းမယူစေချင်ဘူး။ ဘယ်လိုပြောရမလဲ၊ အခွင့်အရေးနဲ့လည်း သူတို့ကို မဖိနှိပ်စေချင်ဘူးပေါ့။ အဲ့လိုဆိုတော့ မေးခွန်းနံပါတ်တစ်က CDM တွေ Non-CDM တွေကို ဘာမှမလုပ်ဘူး။ ဒီတိုင်းပဲ ထားလိုက်မယ်ဆိုရင် ဒီတော်လှန်ရေးဟာ အခုဆို တစ်နှစ်ကျော်လာပြီပေါ့နော်။ ကြာလာတာနဲ့အမျှ တစ်ကယ်လို့ Non-CDM ဦးရေ များလာရင် ဘယ်လိုမျိုး ကိုင်တွယ်မလဲ။ အဲ့ဒါကတော့ ခုနမေးခဲ့သလိုပဲ။ နောက်တစ်ခုအနေနဲ့က မေးခွန်းနံပါတ်နှစ်က Non-CDM တွေကို စည်းရုံးပါ၊ တိုက်တွန်းပါဆိုတာက ကျွန်တော်တို့သည် တော်လှန်ရေးအစထဲက March လလောက်ကတည်းက စည်းရုံးလာခဲ့တယ်။ အခုချိန်ထိ သူတို့ကို လက်ကမ်းပေးမှာပါ။ အဲ့လိုလုပ်နေတာတောင် သူတို့မလာဘူး။ အဲ့ဒါက ဘာနဲ့သွားတူနေလဲဆိုတော့ ဒါကနှိုင်းပြောတာနော်။ NUGက စစ်ကောင်စီရေ ဆင်းပေးပါတော့လို့ ပြောနေသလိုမျိုး ကျွန်တော်တို့တွေဒီ Non တွေကို လက်အုပ်ချီပြီး CDM လုပ်ပါတော့လို့ ပြောရမယ်။ အဲ့ဒီ့တော့ မေးခွန်းနံပါတ်နှစ်ကတော့ Non-CDM တွေကို လက်ကမ်းပေးဖို့ စည်းရုံးဖို့ အကြံကောင်းလေးများ ရှိမယ်ဆိုရင် အကြံပေးနိုင်ပါတယ်။ မေးခွန်းနံပါတ်သုံးကတော့ ကြားကာလပညာရေး ပလပ်ဖောင်းအစီစဥ်၊ ပညာရေးပလပ်ဖောင်း ဘယ်လိုဆောက်ရမလဲ။ အဲ့မှာ တစ်ချို့သော အဖွဲ့အစည်းတွေ အမြဲတမ်းပြောသလို အခြေခံလူတန်းစားတွေ၊ အင်တာနက်မရတဲ့သူတွေ၊ နောက်တစ်ခုက စစ်ဘေးရှောင်ကလေးတွေ၊ နောက်တစ်ခုက ဖမ်းဆီးခံကျောင်းသားတွေနဲ့ တောခိုသွားကြတဲ့ ကျောင်းသားတွေ ရှိပါတယ်။ ဒါကြောင့် ကြားကာလပညာရေးကို ဘယ်လိုလုပ်မှာလဲ။ အဲ့ဒါကတော့ မေးခွန်းနံပါတ်သုံးပါ။ ဘယ်လိုများ တည်ဆောက်ကြမလဲပေါ့နော်။ တကယ်လို့ အခု ကျွန်တော်ပြောသွားတဲ့ မေးခွန်းတွေထဲ အကုန်လုံးကတော့ လုပ်ဖို့ ခက်ခဲတဲ့ဟာတွေကြီးပဲ။ ဒါပေမယ့် စည်းစည်းလုံးလုံးဆို ဖြစ်နိုင်တယ်။ အဲ့ဒါတွေလုပ်ဖို့ဆိုရင်တော့ အချိန်ကတော့ တော်တော်ယူရဦးမယ်။ အဲ့အတွက်ကြောင့် အကြံကောင်းလေးတွေရှိရင် အဲ့မေးခွန်းသုံးခုထဲက ကြိုက်တဲ့သူ ဖြေလိုရပါတယ်။ ဒါကတော့ ကျွန်တော်မေးတာပါ။ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ 

ကိုရာဇာ (2:04:40 to 2:10:36)

စောစောက ကို Justin မေးထားတာပေါ့နော် ကျွန်တော်တို့ ကိုယ်ပိုင်ကျောင်းတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုစီစဥ်ထားလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ဒါကို ကျွန်တော်တို့ လက်ရှိမှာဆိုရင် ကိုယ်ပိုင်ကျောင်းတွေမှာ တစ်ချို့က အစိုးရသင်ရိုးနဲ့သွားတာရှိသလို တစ်ချို့ကလည်း ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းနဲ့ သွားတယ်၊ ကျန်တဲ့အတန်းတွေပေါ့။ ဒါပေမယ့် ၁၀ တန်းရောက်လာရင်တော့ ကိုယ်ပိုင်ကျောင်းတွေကလည်း ၁၀ တန်း စာမေးပွဲ၀င်ဖြေရတယ်။ စစ်ကောင်စီက စစ်တဲ့စာမေးပွဲကို ၁၀ တန်းတွေက ၀င်ဖြေရတယ်၊ form တင်ရတယ်၊ ဒီလိုမျိုးကိစ္စတွေကို နိုင်ငံတော်ကလုပ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ ကိုယ်ပိုင်ကျောင်းတွေအတွက် စဥ်းစားရမယ်ဆိုရင်တော့ ၁၀ တန်း၀င်မဖြေတဲ့ ကျောင်းသားတွေ အဓိကထားပြီး စဥ်းစားပါတယ်။ အခုစာမေးပွဲ စစ်ကောင်စီကို သပိတ်မှောက်ထားတဲ့ ကိုယ်ပိုင်ကျောင်းက ကျောင်းသားတွေဆိုလည်း ဒီဘက်(CDM ID ကိစ္စ)ကိုထည့်ပြီးတော့ စဥ်းစားထားပါတယ်။ 

လက်ရှိ CDM ID ကိစ္စနဲ့ ပတ်သက်ရင်လည်း နည်းနည်းချုပ်ပြီးတော့ ပြောချင်ပါတယ်။ အခု CDM IDကို ကျွန်တော်တို့ ထုတ်လိုက်တဲ့အချိန်မှာ အခုသဘောထားမျိုးစုံကွဲတာရှိတယ်။

ဆွေးနွေးပွဲကတော့ ဆုံးဖြတ်ချက်ချမယ့် ဆွေးနွေးပွဲမဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က ဒါကို ကျွန်တော်တို့ ဘက်မှာလည်း policy team တွေရှိတယ်။ ပြီးရင် NUG ရဲ့  MOE ကိုယ်တိုင်လည်း ရှိတယ်။ ဒီ CDM ID နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ကအရင်ဆုံးပြည်သူ့ အခြေနေကိုကြည့်တယ်။ ပြည်သူက စစချင်းကတည်းက အများစုက ကန့်ကွက်မယ်ဆိုရင်တော့ ဒီအစီစဥ်ကိုဖျက်သိမ်းမှာဖြစ်တယ်။ 

ကျွန်တော်တို့ လက်ရှိမှာ ပြည်သူ့ထောက်ခံမှုကိုကြည့်ရင်လည်း media attention အပိုင်းရော၊ ပြည်သူလူထုရဲ့ ထောက်ခံမှုကိုရော ဒီဟာအပေါ်မှာအင်မတန်မှ မြင့်တက်နေတာကို တွေ့ရတယ်။ ဒုတိယ၀န်ကြီး မအိသဉ္ဇာမောင်နဲ့လည်း အကျေအလည် ဆွေးနွေးခဲ့တယ်။ ပြီးတော့ MOE နဲ့လည်း အကျေအလည် ဆွေးနွေးခဲ့တယ်။ 

ဆွေးနွေးခဲ့သလိုပဲ MOE ရဲ့ စောစောကပြောခဲ့သလိုပဲ စာမေးပွဲမှာ ၀င်ကူပါလား– ဒါအတွက်တော့ မစိုးရိမ်ပါနဲ့ ကျွန်တော်တို့ အခြေခံပညာ ကျောင်းသားရေးရာအဖွဲ့ချုပ်က ပညာရေးဌာနနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတာတွေ များစွာရှိပါတယ်။ စာမေးပွဲအတွက်လည်း ကျွန်တော်တို့ အဆင်သင့်ဖြစ်နေတာကို ပညာရေး၀န်ကြီးဌာနနဲ့ ဆွေးနွေးပြီးသားပါ။ ကြားကာလ ပညာရေးမူဝါဒ ဒီအပိုင်းမှာလဲ အ.က.ရ က MOE နဲ့ အမြဲတမ်း အချိတ်အဆက်ရှိရှိ ဆောင်ရွက်နေတဲ့ အဖွဲ့တစ်ခုဖြစ်တယ်။ CDM ID ကိစ္စကိုလည်း ကျွန်တော်တို့က အစိုးရ၊ ပြည်သူ နှစ်ရပ်လုံးရဲ့ သဘောထားကိုတောင်းပါတယ်။ ပထမ နံပါတ်တစ်အချက်က ပြည်သူရဲ့ သဘောထားကို ကျွန်တော်တို့တောင်းတယ်။ နံပါတ်နှစ်အချက် ကျွန်တော်တို့ရဲ့ တရား၀င်အစိုးရရဲ့ သဘောထားကိုကြည့်တယ်။ အကယ်၍ ပညာရေးဌာန ၀န်ကြီးဘက်က တစ်ခုခုသာပြောလာတယ်၊ တစ်ခုခုကိုထောက်ပြလာတယ်ဆိုရင် ကျွန်တော်တို့ကပြန်တွေးရမယ်ပေါ့။ ဘာလို့ဆို သူတို့သည်အစိုးရ၊ ပြည်သူကလည်း ထောက်ခံတယ် ဒါပေမယ့် အစိုးရက ဘယ်လိုနေမလဲဆိုတာလည်း ကျွန်တော်တို့ ချိန်ညှိရမယ်။ ဒီအပေါ်မှာလည်း လက်ရှိအခြေအနေမှာ ပညာရေး၀န်ကြီးဌာနက ပြည်ထောင်စု၀န်ကြီးတွေရော၊ ဒုတိယပညာရေး၀န်ကြီးတွေရော၊ ရုံးအဖွဲ့တွေနဲ့လည်း ကျွန်တော်တို့ အကြေအလည် ဆွေးနွေးခဲ့တဲ့အချိန်မှာလည်း ဒါကိုလှိက်လှိက်လှဲလှဲကို ၀န်ကြီးဌာနဘက်ကကြိုဆိုခဲ့တယ်။ သူတို့လည်း နောက်ဘက်က support ပေးနိုင်တာအားလုံးကို ပေးမယ်ဆိုပြီး ပြောထားပြီးသား။ 

နောက်တစ်ခု ကျွန်တော်တို့ verify ယူတဲ့အခါမှာ FOEIM က လူတွေ online မှာ ပညာသင်ကြားပေးနေတဲ့ ကြားကာလပညာရေး ဖော်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတွေ၊ CDM ကျောင်းသား သောင်းနဲ့ချီရှိတဲ့ ဒီလိုအဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်ပြီး ဒါနဲ့ပတ်သက်ပြီး စာရင်းတွေယူ၊ verify ပြန်လုပ်ဖိုရှိတယ်။ နောက်တစ်ခု စစ်ကိုင်းတို့လို တော်လှန်ရေးအရှိန်ကောင်းတဲ့ နေရာမျိုးတွေမှာ မြို့နယ်ပညာရေး ဘုတ်အဖွဲ့တွေ နယ်မြေစိုးမိုးမှုရှိတဲ့ အဖွဲ့တွေနဲ့ အကောင်းဆုံး ကျွန်တော်တို့ ချိတ်ဆက်နေတာတွေ ရှိတယ်။ ဒါနဲ့ပတ်သက် ပြီးတော့လည်း ဒီလူတွေဆီမှာ verify ယူဖို့ရှိတယ်။ ပြီးပြီဆိုရင် ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂများအဖွဲ့ချုပ် အစရှိတဲ့ ပုဂ္ဂိုလ်များနဲ့လည်း ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး အပြုသဘောဆောင် ပူးပေါင်းချင်တဲ့ အဖွဲ့မှန်သမျှနဲ့ ပူးပေါင်းမှာဖြစ်တယ်။ 

ဒီတော့ ကျွန်တော်တို့က အစိုးရ၊ ပြည်သူ၊ အဖွဲ့အစည်း ဒါအားလုံးနဲ့ ကျွန်တော်တို့က ပေါင်းပြီး လက်ရှိမှာ အကောင်အထည်ဖော်ဖို့ ရှိတယ်။ လက်ရှိမှာလည်း ဆွေးနွေးသမျှထဲမှာ တော်တော်လေးကို အပြုသဘောဆောင်ပြီး ဆွေးနွေးမှုတွေ ရရှိထားတာဖြစ်တယ်။ ဒီအတွက် ကျွန်တော်တို့ planကတော့ စောစောက ကျွန်တော်တို့ဘက်ကပြောသွားသလိုပဲ တစ်ချိန်မှာ တော်လှန်ရေးပြီးတဲ့အထိ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရယန္တရားနဲ့ ချိတ်ဆက်ပြီး လုပ်မယ်ဆိုရင် တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်မယ့် အရည်အသွေးရှိပါတယ်။ 

နံပါတ်တစ်အချက် ပြောချင်တာကတော့ Non-CDM နဲ့ CDM ကျောင်းသားအခွင့်အရေးကို မခွဲခြားပါနဲ့လို့ ပြောနေမယ့်အစား တော်လှန်ရေးမှာပါ၀င်နေတဲ့သူတွေကို — UN လိုပဲပေါ့ဗျာ လူ့အခွင့်ရေးကို အသံကောင်းဟစ်ပြီး အသံကုန်အော်နေမယ့်အစား — ကျွန်တော်တို့က ကျွန်တော်တို့နိုင်ငံမှာ ဒီလောက်ထိပေးဆပ်နေရ တဲ့သူတွေကို ပိုပြီးစဥ်းစားပေးဖို့ လိုတယ်။ UNလိုမျိုးပဲ လူ့အခွင့်ရေးဆိုတာတွေ၊ ငြိမ်းချမ်းရေးဆိုတာတွေ၊ တန်းတူညီမျှရေး ဆိုတာတွေ ပြောပြောနေတာနဲ့တော့ ကျွန်တော်တို့နိုင်ငံက အဆင်ပြေမှာမဟုတ်ဘူး။ ကျွန်တော်တို့ လက်ရှိမှာ ပေးဆပ်ခဲ့တာကိုတော့– ကျွန်တော်တို့ အလှူငွေလှူရင်တောင် certificate ရပါတယ်။ ဒါ ကျွန်တော်တို့ ခွဲထွက်ဖိုပြောနေတာမဟုတ်ဘူး။ certificate သဘောမျိုးပဲ အလှူငွေ ကာကွယ်ရေး၀န်ကြီးဌာနကိုပဲ လှူလှူ၊ ပညာရေး၀န်ကြီးဌာနကိုပဲ လှူလှူ၊ certificate တစ်ခုတော့ ရပါတယ်။ 

ဒါကဘာလဲ၊ သက်သေအထားအထား မှတ်တမ်းတစ်ခုပဲ။ ဒါ တော်လှန်ရေးမှာ ကာကွယ်ရေး၀န်ကြီးဌာနကို ဘယ်လောက်လှူတယ်ဆိုတာ ဒါလဲဒီလိုပါပဲ။ ကျွန်တော်တို့က သူတို့တွေကို မင်းတို့ကျောင်းလဲမလာရ၊ သူတို့မင်းတို့တွေကို စာလဲသင်ပေးမှာ မဟုတ်ဘူးလို့ ကျွန်တော်တို့အစိုးရက လုပ်မှာမဟုတ်ဘူး။ ကျွန်တော်တို့နဲ့ အစိုးရ ဒီကိစ္စကို အကြေအလည် ဆွေးနွေးပြီးသွားပြီ။ အစိုးရဘက်တော့ သူတို့ကပြောတယ်၊ international laws တွေ၊ စောစောကပြောသွားတဲ့ laws တွေ ထိန်းရတယ်။ ချိုးဖောက်လို့မရဘူး။ ဒီ့အတွက် အစိုးရက ကျွန်တော်တို့ကိုပြောတယ်၊ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေနဲ့ ဒါလုပ်လိုမရဘူး။ ဒါပေမယ့် ကျောင်းသားအဖွဲ့အစည်းအနေနဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိတယ်။ ပြည်သူ့ထောက်ခံမှုရှိရင် အဖွဲ့အစည်းတွေ အားလုံးမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဆိုတာ ရှိတယ်။

ကျွန်တော်တို့ ဖက်ဒရယ်တစ်ခုမှာ ဒီအတွက် ဒီလိုမျိုးတစ်ခုကို စောစောကပြောသွားသလိုပဲ ကိစ္စတစ်ခုကစပြီးတော့ ကိစ္စတစ်ခုက ဆောင်ရွက်တော့မယ့်အချိန်မှာ မအောင်မြင်ဘူးဆိုတာကို ကြိုပြီး မှတ်ချက်ပြုနေမယ့်အစား ဒီဟာကိုအဖက်ဖက်ကနေ အကောင်းဆုံးပုံစံနဲ့ ဘယ်လိုအောင်မြင်အောင် လုပ်မလဲ၊ ပြီးရင် အင်အားစုဘယ်လောက်ကို ချိတ်ဆက်နိုင်မလဲ၊ ကွန်ရက်ဘယ်လောက် လွှမ်းခြံနိုင်မလဲဆိုတာ အရေးကြီးပြီးတော့ လိုတယ်။ ကျွန်တော်တို့ ဒီ form ကို လုပ်နေချိန်မှာလည်း PDF နဲ့ ထောင်ကျနေတဲ့ ရဲဘော်တွေအတွက်ပါ စဥ်းစားထားပြီးသား။ ဒီ plan ကတော့ ကြိုပြီး ထုတ်ပြောလိုမရတဲ့အတွက် မပြောတော့ပါဘူး။ ဒါပေမယ့် သူတို့အတွက်ကိုလည်း တတ်နိုင်သလောက် အစွမ်းကုန် ကြိုးစားထားပါတယ်။ 

ဒီအချိန်မှာ တစ်ချို့အော်နေတဲ့ သူတွေလည်း တွေ့ရတယ်။ ကိုယ်တိုင်ကလည်း ကျောင်းခိုးတက်နေတယ်။ တော်လှန်ရေးမှာလဲ ပါတယ်။ အဲ့လိုလူတွေအတွက်ကတော့ ဒီအစီအစဥ်ကို ကြိုက်မှာမဟုတ်ဘူး။ သူတို့က ဘူးပေါ်သလိုပေါ်မှာ ဖြစ်တယ်။ ကိုယ်တိုင်ကျတော့ ကျောင်းခိုးတက်တယ်။ အစီစဥ်မှာကျ အသံကောင်းဟစ်ပြီး တော်လှန်ရေး စကားလုံး အကြီးကြီးတွေ ပြောပြီး ဒါကို ပုတ်ခတ်တိုက်ခိုက်တာလည်း ရှိတယ်။ 

ကျွန်တော်တို့က အမြင်အားလုံးကို လက်ခံတယ်။ ထောက်ပြမှုအားလုံးကို လက်ခံတယ်။ ကျွန်တော်တို့ဘက်က ဒီအစည်းအဝေးကို သဘောလဲကျတယ်။ ဆွေးနွေးချက်တွေအကုန်လုံးလည်း ကောင်းတယ်။ ဒီဘက်က အကြံပြုချက်တွေကို ထည့်သွင်းစဥ်းစားသင့်သလောက် စဥ်းစားပြီး သက်ဆိုင်ရာ၀န်ကြီးဌာန၊ ပြည်သူ့အဖွဲ့အစည်း၊ နယ်မြေစိုးမိုးနိုင်တဲ့ အဖွဲ့အစည်း အားလုံးနဲ့ ပေါင်းပြီးတော့ ဆက်လက်ဆောင်ရွက်သွားပါမယ်လို့ ပြောရင်း နိဂုံးချုပ်အပ်ပါတယ်။ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။

ဦးကျော်လွင် (2:10:43 to 2:11:35)

ကျနော်ကဦးကျော်လွင်ပါ။လက်ရှိမှာတော့စစ်ဆင်ရေးဆိုင်ရာလုပ်နေတာပေါ့။ကျနော်တိုရဲ့တပ်ကတော့စစ်ကိုင်းမှာရှိတဲ့D.R.P.Aပါ။လက်ရှိကျနော်တိုတပ်နယ်မြေစိုးမိုးထားတဲ့နေရာတွေမှာစာသင်ကျောင်းတွေပြန်ဖွင့်ပြီးတော့ကျနော်တိုလက်တလောသင်ကြားပေးနေတာလေးတွေတော့ရှိတယ်။လုံခြုံရေးကတော့ကျနော်တိုတပ်ကပဲတာ၀န်ယူပေးထားတယ်ပေါ့။ကျနော်တိုတပ်ကတော့D.R.P.Aအတိုကောက်ပေါ့။အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်ပေါ့။ဆိုတော့လက်ရှိကျောင်းတွေအဲ့လိုဖွင့်ထားတဲ့နေရာမှာကျနော်တိုကပဲစာသင်ကြားရေးနဲ့ပတ်သက်တာတွေလုပ်ပေးနေရတယ်ပေါ့နော်။စာအုပ်၊ခဲတံစသဖြင့်ပေါ့။ဒီဘက်ခုနကရဲဘော်တိုဆွေးနွေးသွားတဲ့NUGပညာရေး၀န်ကြီးဋ္ဌာနနဲ့တိုက်ရိုက်အချိတ်အဆက်ရှိတယ်ဆိုရင်ကျနော်တိုကိုပြောပါ။ကူညီမယ်ဟေ့ဆိုလည်းမြေပြင်မှာထိထိရောက်ရောက်လုပ်နိုင်တဲ့နေရာမှန်သမျှကိုကူညီပေးမယ်။အဲ့တာတစ်ချက်ပေါ့နော်။ဒီလောက်ပဲကျနော်ပြောချင်တာပါ။ဒီနေ့ကတော့လေ့လာတဲ့အနေနဲ့တက်ရောက်ခြင်းဖြစ်ပါတယ်။

Unknown (2:11:41 to 2:12:51)

ဟုတ်ကဲ့ပါ။ကျနော်လေ အဲ့ဒီ့ဟာလေး ဦးကျော်လွင်ကို နည်းနည်းလောက်ပြောချင်လိုပါ။ ကျနော်တိုကလည်း လက်ရှိမှာNUGရဲ့ပညာရေး၀န်ကြီးဌာနနဲ့ ချိတ်ဆက်ပြီးဆွေးနွေးတဲ့အခါမှာ လက်ရှိမှာဆိုရင် စစ်ကိုင်းဘက်မှာ ဆိုရင်လည်း ဗိုလ်နဂါးတိုဘာတို့  အစရှိတဲ့လူတွေက တော်လှန်ရေးအင်အား ကောင်းတယ်လို့ လည်း  ကျနော်တိုကို NUGကrecommendပေးတယ်။ ဒါကြောင့်မိုကျနော်တိုက ဒီဟာကိုစိတ်ချပါ။ ဒီဟာကိုverify စယူပြီး စာရင်းစတင်ပြီးတော့ လုပ်ပြီဆိုရင် သေချာပေါက် နယ်မြေစိုးမိုးတဲ့ အဖွဲအစည်းတွေနဲ့ ချိတ်ဆက်မှာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို ကိုယ်တိုင်လည်းသိတယ်။ အဲ့ဘက်မှာကျောင်းတွေပြန်ဖွင့်နေတယ်။ ကျောင်းတွေပြန်ဖွင့်ပြီးတော့ CDMလုပ်တဲ့ကျောင်းသားတွေကိုလည်း အတိအကျသိတယ်။ ဆရာတွေ ကိုယ်တိုင်ကလည်း ရှိတယ်။ ဒါကတော့နယ်မြေစိုးမိုးနိုင်တဲ့ ဒီလိုနေရာတွေမှာပေါ့။ ဒီလိုအပိုင်းတွေကိုလည်း ထည့်သွင်းစဥ်းစားပြီးသားပါ။ ဒါကြောင့်မိုကျနော်တို အတက်နိုင်ဆုံးတော့ ဒီလိုမျိုး နယ်မြေစိုးမိုးတဲ့တပ်ဖွဲတွေကို ဆက်သွယ်ဖို့ ရှိပါတယ်။

ကိုကျော်သန်း (2:12:59 to 2:14:15)

ဟုတ်ကဲ့ပါ။ကျနော်နည်းနည်းလေးဆွေးနွေးချင်လိုပါ။ဒီဟာကတော့ကျနော့်အမြင်သက်သက်ပဲပေါ့နော်။ခုနကကျနော်နားထောင်လိုက်ရတာကဒီလိုလုပ်လိုက်တာတွေကNon CDMသမားတွေကို ဖိနှိပ်တယ်။ဒီလိုကာလမှာ သူတိုကိုကမ်းလက်လှမ်းပြီးတော့ ဆက်သွားသင့်တယ်ပေါ့။ သူတိုကိုဒီဘက်ပါအောင် စည်းရုံးသင့်တယ်ဆိုပြီးတော့ လူအများစုကပြောကြပါတယ်။ ကျနော်လည်း ကိုမင်းရတုလိုပဲဗျာ။ ကျနော်လည်း ဒါကိုမေးချင်ပါတယ်။ ဒီလိုမျိုးစည်းရုံးသင့်တယ် ဆိုပြီးတော့ လူအများစုပြောတာ မှန်တယ်။ဒါပေမယ့်ဒီစည်းရုံးတယ်ဆိုတဲ့အကြံက ဘယ်သူ့ဆီကမှထွက်မလာဘူး။ အဲ့တာလည်းကိစ္စတစ်ခုရှိတယ်။ နောက်တစ်ခုက ဒီလိုလူတွေကို ပြန်ပြီး ကမ်းလက်လှမ်းမယ်ဆိုရင် ကျနော်ဥပမာတစ်ခုနဲ့ပြောချင်ပါတယ်။ ကျနော်တိုဘက်ကို ရက်စက်ထားတဲ့ ဒီကောင်တွေစ.က.စနဲ့ ကျနော်တိုဒီဘက်NUGနဲ့ ရင်ကြားစေ့လိုက်ရင် အောက်က ပြည်သူတွေကရော ကျေနပ်မှာလား။ အဲ့တော့ဒီလိုမျိုးပဲဒီလိုကာလမှာ လူအများကြီးသေကြေ ပျက်စီးနေကြပြီး တော့ ဒုက္ခရောက်နေတဲ့အချိန် ကိုယ့်အခွင့်အရေးတွေကို ရသလိုအချောင်ယူနေကြတဲ့လူတွေကို ကျနော်တိုဘက် ကနေပြီးတော့ ဘာမှမဖြစ်ခဲ့သလိုသင်ပုန်းချေပြီးတော့ အုတ်ရောရောကျောက်ရောရော ဒီအတိုင်းဆက်ခွဲ ခေါ်လိုက်ရင် ဒီဘက်ကပေးဆပ်ခဲ့သူတွေကရော ကျေနပ်မယ်လိုထင်ပါသလား။ ကျနော် ဒါလေး သိချင်ပါတယ်။ မေးခွန်း၂ခုပေါ့နော်။ ကိုမင်းရတုမေးသွားတဲ့ပုံစံအတိုင်းပဲ စည်းရုံးမယ်ဆိုရင် ဘယ်လို စည်းရုံးကြမလဲ ဆိုတဲ့အကြံလေးတော့ပေးစေချင်တယ်။ နောက်တစ်ခုက ခုနကပြောသွားတဲ့ ကျေနပ်နိုင်ပါ့မလား အဲ့တာလေးသိချင်ပါတယ်။

ကိုရဲထက် (2:14:25 to 2:21:59)

ကျနော်ဖြေကြည့်မယ်။ ကျနော်ကတော့ဘယ်ကိုမှကိုယ်စားပြုတာမဟုတ်ဘူး။ ကျနော့်အမြင်ကိုပဲ ပြောကြည့်မယ်။ ပထမဆုံးကျနော့်အနေနဲ့ဒီCDM ID ကိုမလုပ်ရဘူးဆိုပြီး ကန့်ကွက်တာမျိုးတော့ မဟုတ်ဘူးပေါ့လေ။ ကျနော်ခုနက ဆွေးနွေးခဲ့တာ နည်းနည်းပြင်းထန်မလားတော့မသိဘူး။ ဒါပေမယ့်ကျနော် အယူအဆကိုပဲ ပြောတာပေါ့လေ။ အဓိကကကျနော်ပြောချင်တာကတော့ ကိုယ်ကိုတိုင်က ကိုယ့်အသိစိတ်ဓာတ်နဲ့ လုပ်တယ်ဆိုတာ အရေးကြီးဆုံးပေါ့နော်။ ကျနော်အမြဲတမ်းဥပမာပေးတယ်။ အတွင်းရဲ့အင်အားက အကြီးဆုံးပဲဒီတော်လှန်ရေးမှာ။ အပြင်ကလှုံ့ဆော်တယ်ဆိုတာအားပေးလို့ရတယ်။ အဲ့တာကိုအဓိကအဖြစ် သွားထားလိုက်လိုမရဘူး။ အဲ့တာကြီးနဲ့အဓိကသွားမယ်ဆိုရင် ဒါကအရေအတွက်ပဲ ရလိမ့်မယ်ပေါ့နော်။ ပြီးတော့အဲ့တာကတနည်းအားဖြင့် အပြင်ကအင်အားကိုအသုံးပြုတာ စစ်ကောင်စီက ပိုပြီးတော့ကျွမ်းတယ်။ ဒါသူလုပ်နေတဲ့ကိစ္စပဲ။ ကျနော်တိုကအတွင်းကအင်အားကို အသုံးပြုတာ အတွင်းရဲ့ရပ်တည်ချက်၊ အမှန်တရားအပေါ် ဆောက်တည်ချက်၊ကိုယ့်ရဲ့မျှော်လင့်ချက်၊တော်လှန်ရေးသစ္စာ၊ တော်လှန်ရေးဆန္ဒအပေါ်မှာ အခြေပြုတာကို ပိုပြီးသွားစေချင်တယ်။ အဲ့အယူအဆကို ထည့်ပြီးတော့စဥ်းစားဖို့ အဓိကတိုက်တွန်းတာဖြစ်တယ်။ အဲ့တော့ခုနက တန်းတူညီမျှမှုကို ပြောတယ်။တန်းတူညီမျှမှုဆိုတာ ဒီပေးဆပ်ခဲ့တဲ့သူတွေကို နောက်ပိုင်းမှာ ပိုပြီးတော့ နေရာပေးတာတွေ၊ လူထုရဲ့ချစ်ခင်မှုတွေကတော့ရမှာပဲပေါ့နော်။ ဒါကတားဆီးလိုမှမရတာ။ဒါက voluntary actions ပဲ။ လူတွေကကိုယ့်ဟာကိုယ်ဖြစ်လာတာ။ ကျနော်တို့ စနစ်ကြီးတစ်ခုနဲ့ သွားလုပ်စရာ မလိုဘူး။ သူ့ဟာသူဖြစ်လာတာပေါ့။ဒီတိုင်းပဲဒီလူကိုချစ်ခင်တယ်။ ဒီလူကိုလေးစားတယ်။ ဒီလူကိုတန်ဖိုးထားတယ်။ ဒီလူရဲ့ပေးဆပ်မှုကိုတန်ဖိုးထားတယ် ဒါဟာသူ့ဟာသူ ဖြစ်လာမှာပဲ။ ဒါကို အတင်းကြီးလုပ်စရာမလိုဘူး။ လူထုကလည်း ဒါကိုနားလည်ထားပြီးသားပေါ့နော်။ ဒါကိုကျနော်လက်ခံတယ်။ ပြောချင်တာက စနစ်ကြီးတစ်ခုနဲ့ ဒီလူကပိုသာရမယ် ဒီလူတွေက ဘာဖြစ်ရမယ်ဆိုပြီး ဥပဒေတွေ ဘာတွေလုပ်လိုမရဘူးပေါ့နော်။ လူတိုင်းရဲ့ရွေးချယ်မှုက ဒါလုပ်လိုရတာပဲပေါ့နော်။ ဒါကျနော့်အနေနဲ့ ငြင်းစရာမရှိဘူး။ တစ်ချိုတွေ ကျနော်တွေ့ရတယ်။ အခုချိန်မှာ ဒီတိုက်ခိုက်ရမယ်ဆိုတာ ကျနော့်အနေနဲ့မတိုက်ခိုက်နဲ့လိုတော့မပြောဘူး။Non Violentဆိုပြီးတော့ အမြဲတမ်းငြိမ်းချမ်းရေးပဲလုပ်နေရမယ် လို့မပြောဘူး။တိုက်ခိုက်လို့ရပါတယ်။ ဥပမာ ကျောင်းတက်တဲ့သူတွေကို တိုက်ခိုက်ချင် တိုက်ခိုက်လိုရတယ်။ ဒါပေမယ့်ဘယ်ပုံစံနဲ့ တိုက်ခိုက်မလဲပေါ့နော်။ အကုန်လုံးကိုတိုက်ခိုက်မယ်။ ဆိုကြပါစို CDMမလုပ်တဲ့သူတိုင်းကို တိုက်ခိုက်မှာလားပေါ့။အဲ့တာဆို ကျောငိးတက်တဲ့သူမှတော့မဟုတ်ဘူး။ မီတာဆောင်တဲ့သူတွေလည်း Disobedienceကို မလုပ်နိုင်တဲ့သူတွေ သူတို့လည်း Non CDMပဲပေါ့လေ။ အိမ်မှာစစ်ကောင်စီက သံပုံးမတီးနဲ့လို့ပြောတယ်။ လိုက်မတီးကြတော့ဘူး။ မတီးတဲ့သူတွေအများကြီးပဲ။ ဒါတွေလည်းNon CDMပဲပေါ့နော်။ အဲ့တော့ဘယ်ရှုထောင့်ကနေ ကျနော်တို့ အရေးယူမလဲပေါ့။ Punishmentအပိုင်းမှာ ရှင်းလင်းဖိုတော့လိုတယ်။ အယူအဆကခိုင်မှာမှပဲ ကျနော်တို့ကရှေ့ရောက်မှာပေါ့။ ဖောင်ဒေးရှင်းကောင်းမှပဲ တောင့်တင်းတာပေါ့လေ။ ဒီဟာကိုစဥ်းစားစေချင်တယ်။ Non CDM ဆိုတာ ကျောင်းတက်တဲ့သူ အကုန်လုံးကရန်သူလား။ အဲ့တာဆိုရင်တော့ စစ်ကောင်စီက ပိုပျော်တာပေါ့လေ။ ရှင်းရှင်းပြောရရင် အာဏာရှင်ဆိုတာ လက်တစ်စုပဲရှိတယ်။ အာဏာရှင်နဲ့နောက်ပါ ဆိုတာအနည်းအကျဥ်းပဲရှိတယ်။ သူတိုရပ်တည်နိုင်ဖို့ဆိုရင် အောက်ကလူတွေ အချင်းချင်းချလေ ကောင်းလေပေါ့နော်။ ရုံးတွေမှာဆိုရင်လည်း Non-CDMနဲ့CDMချကြ၊ အဲ့တာဆိုရင်မိုးကျရွှေကိုယ်တွေ လာဘ်စားတဲ့သူတွေက သူ့ဟာသူအေးဆေးနေလိုရတယ်။ သဘောတရားက တူတူလေးပဲ။ အချင်းချင်းချကြရင် အာဏာရှင်စနစ်က ရေရှည်တည်တန့်တယ်ပေါ့နော်။ အဲ့တော့ ဒီလိုမျိုးစဥ်းစားချက်တွေကို ထည့်ပြီး စဥ်းစားစေချင်တာပေါ့နော်။ နောက်တစ်ခါ စည်းရုံးရေးကို ဘယ်လိုလုပ်ကြမလဲဆိုတာပေါ့နော်။ ကျနော်ကတော့စည်းရုံးရေးကို တအားကြီး မလောစေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်ဆုံး ကိုယ့်ကိုကိုယ်ရှင်းလင်းဖိုက ပိုပြီးအရေးကြီးတာပေါ့နော်။ ကိုယ်က ဥပမာပညာရေးစနစ်ကို ဒီပညာရေးစနစ်က တန်ဖိုးမရှိဘူးဆိုတာ ကိုယ်ကသိပြီးသားဆိုရင် တုန်လှုပ်စရာ မရှိဘူးပေါ့နော်။ သူများတွေကျောင်းတက်နေလည်း တုန်လှုပ်စရာမရှိဘူး။ ဒါပထမအဆင့်ဖြစ်တယ်။ ကိုယ့်ရဲ့ရပ်တည်ချက် တည်ဆောက်မှုကပေါ့။ ကိုယ်ကိုတိုင်ရှင်းလင်းပြီး ကိုယ်သွားချင်တဲ့အနာဂါတ်ကလည်း ရှင်းလင်းပြီ ဘာကြောင့်လုပ်တယ်။ ဒီဟာကိုပေးဆပ်လိုက်ရလိုလည်း ဘာကြီးကိုပေးဆပ်လိုက်ရလိုလည်း ဘာပြန်ရမယ်ဆိုတာမျိုးမဟုတ်ဘူး။ အဓိကကအကုန်လုံးပါ၀င်တဲ့ အနာဂါတ်သစ်တစ်ခုကို ချစ်ခင်တယ်။ စိတ်လှုပ်ရှားတယ်။ အဲဒီ့ခံစားချက်ရမှ တော်လှန်ရေးလိုပြောလိုရမယ်။ မဟုတ်လိုကတော့ ကျနော်ကတော့ တော်လှန်ရေးအပေါ်ယံအဆင့် လိုပဲပြောရမှာပေါ့နော်။ အဲ့ဒီ့အဆင့်ရောက်ဖိုသွားဖို ကျနော်ကတော့ တိုက်တွန်းတယ်။ အဲ့အဆင့်ရောက်သွားရင် ကိုယ်သွားချင်တဲ့ အနာဂါတ်က ရှင်းလင်းသွားပြီ။ ပြီးတော့ဒါကြီးက ကိုယ့်မှာကြောက်စရာလည်း မရှိတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်သွားချင်တဲ့အနာဂါတ်က ကိုယ်ဖော်ဆောင်ချင်တဲ့ ပညာရေးစနစ်အသစ် ဖော်ဆောင်ချင်တဲ့ လူ့အဖွဲအစည်းအသစ်က လူတိုင်းအတွက် အကျိုးရှိမယ့်အရာ။ အဲ့တော့လူတိုင်းကို ဒီဟာကိုပဲ နားလည်အောင် ပြောဖို့ပဲလိုတော့တယ်။ အခုက မရှင်းလင်းသေးဘူး။ တစ်ဖက်ကပညာရေးဆိုရင် မကြိုက်ဘူးပြောပေမယ့် ကိုယ့်ဘက်က ပညာရေးစနစ်မရှိဘူး။ ဒါပေမယ့်တစ်ဖက်က ပညာရေးစနစ်ကို လွတ်သွားမှာလည်း စိုးရိမ်မိနေတယ်ပေါ့။ ဒါတွေက ပိုပြီးစဥ်းစားသင့်တယ်။ ပိုပြီးတော့လည်းပြောသင့်တယ်။ ကိုယ့်ရင်ထဲမှာ တကယ်ကြောက်တာကအပြစ်မရှိဘူး။ လူတိုင်းကြောက်တာပဲ။ ကိုယ်လည်း တစ်နှစ်နောက်ကျသွားမှာ ကြောက်တာပဲ။ဒါပေမယ့်အဲ့ဟာကိုကျော်မှပဲ တော်လှန်ရေးသမား ဖြစ်မယ်လိုတော့ ကျနော်ကတော့မြင်တယ်။စည်းရုံးရေးနဲ့ပတ်သက်ရင်ကျနော်က သူများကို စည်းရုံးတာထက်စာရင် ကိုယ့်ကိုကိုယ် အရင်ရှင်းလင်းဖို့ လိုတယ်လို့ ကျနော်ကတော့ မြင်တယ်။ ရှင်းလင်းသွားရင်စည်းရုံးရေးက သူ့ဟာသူ ရှင်းရှင်းလင်းလင်းကို ဖြစ်လာလိမ့်မယ်။ ကျနော်ကတော့ အဲ့လိုပဲယုံကြည်တယ်။ နောက်တစ်ခုက ကြားကာလပညာရေးကို ဘယ်လိုဖော်ဆောင်ကြမလဲပေါ့။ ဒီမြန်မာနိုင်ငံမှာ အင်တာနက်မရတဲ့သူတွေရှိတယ်။ စစ်ဘေးရှောင်တွေရှိတယ်။ ဘယ်လိုဖော်ဆောင်မလဲဆိုတော့ ကျနော်တို့ ပညာရေးစနစ်ဆိုတာ စာသင်ခန်းထဲမှာပဲ ရှိတာတော့မဟုတ်ဘူး။ တော်လှန်ရေးရောက်နေပြီဆိုတော့ တော်လှန်ရေးအမြင်နဲ့ ကြည့်ကြည့်တာပေါ့လေ။ ဒီမှာရှိနေတဲ့သူတွေက တော်လှန်ရေးခေါင်းဆောင်တွေပေါ့။ ပုံမှန်ဆိုစာသင်ခန်းထဲမှာ ပညာသင်ကြားနေနေရတဲ့ လူငယ်လေးတွေပေါ့နော်။ အခုကခေတ်ကြီးကို ပြောင်းမယ့်သူတွေ ဖြစ်နေပြီ။ ဒါတကယ့် ဒီကြားကာလပညာရေးစနစ် ဘယ်လိုအကောင်အထည်ဖော်မလဲဆိုပြီး စဥ်းစားချက်တွေလုပ်ဆောင်ချက်တွေကို ကိုယ်တိုင်ကိုကပဲပါ၀င်နေပြီ။ ဒါတန်ဖိုးဖြတ်လို့ မရတဲ့ ကြားကာလပညာရေးပဲ။ ကျနော်တို့စာသင်တယ်ဆိုတာ တကယ်တော့ လက်တွေ့လူမှုဘ၀မှာ ဖြစ်နေတဲ့ပြသာနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာစဥ်းစားတာပဲလေ။ ဘွဲရဖို့လက်မှတ်ရဖို့မဟုတ်ဘူး။ ဒါစစ်ကျွန်ပညာရေးရဲ့အဓိကသွားနေတဲ့လမ်းကြောင်း၊ ကျနော်တို့က အဲ့တာကို တော်လှန်နေတာပဲလေ။ ဒီတန်ဖိုးနှုန်းထားတွေ၊ ဒီပြသာနာတွေဖြေရှင်းနိုင်စွမ်းတွေကို လေ့ကျင့်သင်ယူနေတာ။ ဒီအချိန်က အကောင်းဆုံးအချိန်ပဲ။ ဒါကိုစဥ်းစားဖိုလိုတာပေါ့နော်။ ပြသာနာကတော့ မြန်မာနိုင်ငံမှမဟုတ်ဘူး။ ဘယ်နိုင်ငံမှပြီးသွားတယ်ဆိုတာမျိုးမရှိဘူး။ အကုန်လုံးကြီးအေးချမ်းသွားပါတယ်။ သာယာသွားပါတယ်။ ပြီးပြည့်စုံသွားတယ် ဆိုတာရှိမှာမဟုတ်ဘူး။ ကိုယ်ကအဓိကအဲ့တာတွေကို ဘယ်လိုလုပ်နေကြမလဲပေါ့နော်။ ဒီဟာကိုဘယ်လိုဖြေရှင်းဖို့ အဖွဲ့အသီးသီးက ဘယ်လောက်ပါ၀င်နေကြလဲ။ အဲ့ပါ၀င်မှုကလည်းပညာရေးစနစ်ပဲ။ ပြောရရင်ပညာရေးစနစ်မှာ သာမာန်ပညာရေးစနစ်မဟုတ်ဘဲ အင်မတန်ကိုပြောင်မြောက်တဲ့ပညာရေးစနစ်လို့ ကျနော်ကတော့မြင်တယ်။ ပုံမှန်စာသင်ကျောင်းမှာ သင်တာလောက်မဟုတ်ဘူး။ ကျနော်တို့ကခေတ်ကိုပါ ဖန်တီးနေတဲ့ပညာရေးစနစ်ပေါ့နော်။ အဲ့လောက်ကို ကျနော်က တော်လှန်ရေးခေါင်းဆောင်တွေအနေနဲ့၊ ကြည့်စေချင်ပါတယ်။ ဟိုလိုမျိုးကျောင်းတက်တာမတက်တာ ငါတိုနိုင်မလားရှုံးမလား အဲ့လောက်တင်မဟုတ်ဘဲနဲ့ အိမ်မက်ကြီးနဲ့သွားတာမျိုးပေါ့နော်။ အဲ့ဟာမျိုးကိုတော့ ပိုပြီးတိုက်တွန်းတယ်။ အဲ့ဟာထွက်လာပြီဆိုရင် စည်းရုံးရေးပဲဖြစ်ဖြစ် တခြားဟာတွေကသူ့ဟာသူဖြစ်လာမယ်။ ဒါကျနော်ယုံကြည်တဲ့ တော်လှန်ရေးပေါ့နော်။ ကျနော့်အမြင်ကိုပြောကြည့်တာပါ။ အဲ့တော့ဆက်ဆွေးနွေးကြပါခင်ဗျာ။

ကိုနန်းလင်း (2:29:57 to 2:31:21)

ကျနော်ကတော့ တောက်လျှောက်ပထမတစ်ခေါက် ဒီအရှေ့မှာsilent strikeအတွက်လည်း ဆွေးနွေးကြပြီးပြီနော်။ အခုဆိုလည်းအင်အားစုအသီးသီးက ရဲဘော်တွေ အ.က.ရ ကခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးစကားပြောရတာ ကောင်းပါတယ်။ကျနော်ထင်ပါတယ်။ တော်လှန်ရေးမှာဒီလိုမျိုးမတူညီမှုတွေကို onlineပေါ်မှာ တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးပြောဆိုငြင်းခုန်ကြတာဟာ ကျနောိတိုယုံကြည်တဲ့ဖက်ဒရယ်တို့ ဒီမိုကရေစီတိုရဲ့ အခြေခံအနှစ်သာရလို့ ထင်ပါတယ်။တစ်ချို့ငြင်းခုန်မှုတွေဆွေးနွေးမှုတွေကတော့အဖြေရချင်မှရမယ်။ကိုယ်သဘောကျတဲ့အဖြေရှိချင်မှလည်းရှိမယ်။ရှေ့silent strikeတုန်းက ဆိုရင်လည်း တော်တော်လေးငြင်းခုန်ကြပါတယ်။ ဆိုတော့ဒါပေမယ့် ကျနော်ကတော့ လေးစားတာကတော့ အားလုံးရဲ့ဒီမှာဆွေးနွေးကြတဲ့ ယုံကြည်ချက်တွေ အမြင်တွေ၊ ရပ်တည်ချက်တွေ၊ ခံစားမှုတွေ စဥ်းစားချက်တွေ၊ အင်မတန်သဘောကျပါတယ်။ လေးစားပါတယ်။ ရှေ့ဆက်ပြီးတော့ လည်း နိုင်ငံရေးအရ သဘောထားခြင်းသည်းခံနိုင်မှုတွေ ဒါတွေလည်း ဒီမှာအများကြီး learningလုပ်ရပါတယ်။ ရဲဘော်တွေအားလုံးရဲ့စဥ်းစားမှု၊ ဆွေးနွေးမှုတွေက ဘယ်လိုပဲဖြစ်ဖြစ် ဒီတော်လှန်ရေးမှာ အများကြီးသက်ရောက်မှု ရှိတာကြောင့်လည်း ဒီလိုငြင်းခုန်ဆွေးနွေးရင်းနဲ့ပဲ အခင်းအကျင်းအသစ် တစ်ခုပေါ့လေ။ အိမ်မက်မက်ထားကြတဲ့ ကျနော်တိုအားလုံး မျှော်လင့်ထားတဲ့ အခင်းအကျင်းကို ပုံဖော်သွားနိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ စကားဝိုင်းဆွေးနွေးမှုတွေ၊ ဒီလိုဆွေးနွေးငြင်းခုန်တဲ့ ဆွေးနွေးပွဲယဥ်ကျေးမှုတွေ၊ စီစဥ်ပေးတာအတွက်လည်း ကိုရဲထက်တို့ရဲ့ Freedom Fightersကို ကျေးဇူးတင်ပါတယ်။ တက်ရောက်ခွင့်ရတဲ့ အတွက်လည်း အများကြီးဂုဏ်ယူပါတယ်ခင်ဗျ။ကျေးဇူးပါ။

Justin (2:31:23 to 2:35:55)

သုံးသပ်ချင်တာတော့ မဟုတ်ဘူး။ ကျနော်ခုနက လက်ထောင်တာ နည်းနည်းနောက်ကျသွားတယ်။ ကျနော်ပြောချင်တာလေးပေါ့။ အားတော့နာပါတယ်။ ကျနော်တို့ ဘယ်လိုစည်းရုံးမလဲဆိုတဲ့ဟာမှာ အ.က.ရဘက်ကနေကျောင်းသားတွေရဲ့CDMလုပ်တဲ့ကျောင်းသားတွေကိုID cardလုပ်ပေးမယ်လို့ ကြေငြာလိုက်တဲ့အခါမှာ Non CDMတွေလည်း ဒီpostကိုတွေ့မယ်ထင်ပါတယ်။ ဒီpostကsocialပေါ်မှာ တော်တော်လေးပြန့်သွားလိမ့်မယ်လို့ ကျနော်ကတော့ထင်တယ်။ mediaတွေကလည်းတင်တော့လေ။ အဲ့တော့ဘယ်လိုလုပ်မလဲဆိုတော့ မိဘကနေတဆင့် အခုကကျောင်းသားတစ်ယောက် ကျောင်းတက်ဖိုဆိုတာ မိဘရဲ့supportက အရမ်းအရေးကြီးတယ်လေ။ ဆိုတော့မိဘကို သေချာကျနော်တိုကတော့ ဒီcardက ဘယ်လိုအသုံး၀င်တယ်။ ဘာဘာညာညာ။ လူတော်တော်များများရဲ့ Fbမှာလည်းရေးတာတွေရှိတယ်။ မိဘကတော့ ကိုယ့်သားသမီးကို ချောက်ထဲပိုတဲ့မိဘကတော့ ဘယ်မိဘကမှတော့မရှိပါဘူး။ ဆိုတော့ကျနော်တို့ကမိဘတွေကို တဆင့်ပြောရမယ်။Non CDMကနေ CDM ပြောင်းလာဖို့ ပြောရမယ်။ စာတွေရေးတင်ရမယ်။ ဒါပေမယ့်ဖတ်တဲ့အပေါ်လည်း မူတည်သေးတယ်။ စာရှည်ရင်မဖတ်ဘူး ဆိုတဲ့လူတွေလည်း ရှိတယ်။ ဒါပေမယ့်စာရှည်ရင် အဓိပ္ပါယ်တွေ အများကြီးပါတယ်။ အဲ့စာအရှည်အကုန်လုံးကို ဖတ်စေချင်တယ်။ နားလည်သဘောပေါက်ပြီဆိုမှ ကိုယ့်မိဘကိုနားလည်အောင်ပြန်ပြောပြီး CDMပြောင်းနိုင်တဲ့ အဲ့လိုဟာမျိုးလည်း ရှိတယ် ။ပြီးတော့ နောက်ထပ်တစ်ခုကကျတော့ဒါ ကြီးကိုနောက်ဆုတ်လိုက်မလား။ နောက်ဆုတ်လိုက်မလား ဆိုတဲ့နေရာမှာ အ.က.ရ ကဒါကြီးကိုမလုပ်ခင် သူတိုအများကြီးကြိုစဥ်းစားလိမ့်မယ်လို့ မျှော်လင့်တယ်။ဥပမာ-အိမ်တစ်လုံးမဆောက်ခင် အိမ်ပုံစံစဥ်းစားသလိုပေါ့ဗျာ။ ဆိုတော့ဒါကြီးကို နောက်ဆုတ်မယ်ဆိုရင် ဒီCardလုပ်မယ်မလုပ်ဘူးဆိုတာ မိတ်ဆက်ပွဲလုပ်တဲ့ ဇန်နဝါရီလ၂၄ရက်နေ့မှာတင် တော်တော်များများက သဘောကျလက်ခံကြတယ်။ အဲ့တော့သူတို့ကလည်း နောက်တစ်ဆင့်တက်ဖို့ NUGက၀န်ကြီးတွေ ITနည်းပညာရှင်တွေ တော်တော်များများနဲ့ ချိတ်ဆက်လုပ်နေတယ်လို့လည်းကျနော်သိရတယ်။ ဆိုတော့ဒါကြီးကို နောက်ဆုတ်လိုက်တယ်ထားဦး။ ပြည်သူထောက်ခံမှုတွေ၊ မိဘတွေကထောက်ခံမှုတွေ အကုန်ရိုက်ချိုးသလို ဖြစ်သွားမှာပေါ့။ ဒါကျောင်းသားတွေရဲ့မျှော်လင့်ချက်ကြီးလေ။ ဥပမာကလေးတွေကို မုန့်၀ယ်ကျွေးမယ် ပြောထားပြီး မ၀ယ်ပေးရင်ကလေးတွေက ၀မ်းနည်းမှာပေါ့။ အဲ့လိုမျိုးပဲကျောင်းသားတွေ တော်တော်များများ ကတော့ သဘောကျတယ်။ ငါကတော့ CDMလုပ်ထားတယ်။ ဘာမှမဖြစ်လာဘူးဆိုတာ မဖြစ်ရအောင် ဒီအ.က.ရဘက်က IDလုပ်ပေးတာ တော်တော်ကိုပဲ ကောင်းတယ် CDMကျောင်းသားတွေ အတွက်ပေါ့။ ဆိုတော့ဒါကြီးကို နောက်ဆုတ်လိုက်မလားဆိုတဲ့ဟာကြီးကတော့ မဖြစ်နိုင်လောက်ဘူးလိုထင်တယ်။ ဒါကိုနောက်ဆုတ်လိုက်မလား မပြောပဲနဲ့ အောင်မြင်အောင်ဘယ်လိုတွေ ပူးပေါင်းဆောင်ရွတ်ကြမလဲ ဒါမျိုးလေးတွေးစေချင်တယ်။ အဖွဲအစည်းအသီးသီးကမတိုက်ခိုက်ကြပဲ အကုန် ပူးပေါင်းဆောင်ရွတ်ရင် ဒါကြီးကအောင်မြင်မှာပေါ့ဗျာ။ ဆိုတော့ဒါကြီးကို နောက်ဆုတ်လိုက်မလား ဆိုတာတွေ မမေးနေပဲနဲ့ ကျနော်တိုတွေဘယ်လိုအောင်မြင်အောင် ပေါင်းပြီးတော့လုပ်မလဲဆိုတဲ့ မေးခွန်းကိုပဲ မေးစေချင်တယ်။ နောက်ထပ်တစ်ခုကလုံခြုံရေးပေါ့။ လုံခြုံရေးဆိုတာက ဒီcardကြီးကို ကိုင်ပြီး လျှောက်သွားနေမှာမဟုတ်ဘူး။ အဓိကကcodeတွေနဲ့ပဲသိထားရမှာ။ဒါကတော့ကိုယ့်အပေါ်ပဲမူတည်တယ်။ငါကတော့ID card ကြီးရပီ codeကဘယ်လောက်ဘယ်လောက်ဆိုပြီး ထုတ်မပြောရဘူးလေ။ ဒါကတော့ ကိုယ်ထုတ်မကြွားပဲနဲ့ ကိုယ့်ဟာကိုယ်သိုသိုသိပ်သိပ်လေးနေ ကိုယ့်အချိန်ရောက်မှ ထုတ်ကြွားမယ်ဆိုရင်တော့ အဆင်ပြေတယ်ပေါ့နော်။ ဒီလောက်ပဲပြောချင်ပါတယ်။ ကျေးဇူးပါ။

ကိုရဲထက် (2:35:56 to 2:39:27)

ဟုတ်ကဲ့။ဒီနေ့လာပြီးဆွေးနွေးပေးတာရောအခြေနေတွေအကုန်လုံးကိုရှင်းရှင်းလင်းလင်းပြောပေးသွားတယ်ပေါ့။အများကြီးကျေးဇူးတင်ပါတယ်။ ကျနော်ကတော့ အမြဲတမ်းမတိုက်ခိုက်ပါဘူး။ မတိုက်ခိုက်ဘူးဆိုတာ အဖွဲအစည်းတွေ၊ လူပုဂ္ဂိုလ်တွေအပေါ်တိုက်ခိုက်ဖို့ ဘယ်တော့မှစိတ်ကူးမရှိဘူး။ အယူအဆကိုပဲပြောတာပေါ့။ အဲ့တော့ဒီလုပ်ရပ်ကိုလည်း ကျနော်ကကန့်ကွက်တယ်ဆိုတာမဟုတ်ဘူး။ လက်ရှိထုတ်တဲ့ကိစ္စမှာပေါ့။ ဒါပေမယ့်အဲ့ကနေ ဘယ်လိုအကျိုးကျေးဇူးရမယ်၊ ဘယ်အယူအဆအပေါ် အခြေခံမယ်အဲ့တာကတော့ သေချာစဥ်းစားဖိုပြောတာပေါ့။ ကျနော်တိုကတော်လှန်ရေးမှာ လူငယ်တွေကိုအများကြီးမျှော်လင့်ပါတယ်။ မျှော်လင့်တယ်ဆိုတာထက်ပိုတယ်။ လူငယ်တွေကပဲအဖြေလိုမြင်တယ်။ တော်လှန်ရေးဆိုတာ အဟောင်းကြီးကို ပစ်ချပြီး အသစ်ကိုသွားပြီးစဥ်းစားတာပေါ့‌နော်။ အဲ့လိုစဥ်းစားဖိုဆိုရင် လူကြီးတွေက အများကြီးခက်တယ်။ နေရာအရသော်လည်းကောင်း၊ ကိုယ်သိထားတဲ့သိမှုကြောင့်သော်၄င်း၊ ဒီစနစ်ကြီးရဲ့ ပိတ်မိသူအဖြင့်နဲ့ သော်လည်းကောင်း။ လူငယ်တွေကကြတော့ အသစ်အမြဲတမ်းဖောက်ထွက်ဖို့ စဥ်းစားလို့ရတယ်။ အဲ့တာကြောင့် အဲ့တာကိုကျနော်ပိုပြီးတော့ထပ်စဥ်းစားစေချင်တာပေါ့လေ။ ဒီလိုမျိုး listထုတ်တယ်တို့ ဘာတို့ကလည်း အရင်CRPHတို့ ဘာတို့လုပ်ခဲ့တာပဲ။ ဒီလုပ်ရပ်တွေကအတူတူပဲ။ ဆိုတော့ဒီဟာကြီးကို အရမ်းကြီး အမွှန်းတင်လိုက်တယ် ဆိုတာကြီးကိုတော့ ကျနော်စိုးရိမ်မိတယ်။ အဲ့တော့ဒီဟာကို သတိထားစေချင်တယ်။ ဒီဟာကိုSupportingလုပ်ရပ်တစ်ခုပေါ့။ လူတွေအသိအမှတ်ပြုမှု ပေးတယ် အားပေးတယ် ဆိုတာလောက်က ကောင်းတယ်။ ဒါပေမယ့် ဒါကြီးကပဲ လက်မှတ်ရရင်ပဲ ဘာတွေဖြစ်တော့မယ်။ ဘာတွေကောင်းတယ်။အဲ့လိုအတင်းကြီး hopeပဲပြောပြော false hopeပဲပြောပြော အဲ့လိုမျိုးပေးတာမျိုးတော့ သတိထားစေချင်တယ်။ဒါကြီးကို ကျနော် cancelလုပ်ဖို့ ရပ်လိုက်ဖို့လည်းပြောပိုင်ခွင့်လည်း မရှိဘူးကျနော့်မှာ။ အဲ့တော့ ကန့်ကွက်တာလည်းမဟုတ်ဘူး။ ဒီအယူအဆနဲ့ကျောင်းသားတွေ ဘယ်လိုဖြစ်မလဲ။ အဓိကက ခင်ဗျားတို့အနေနဲ့ ကိုယ်တိုင်ကလည်း ကျောင်းသားဖြစ်တာကြောင့် ကျောင်းသားထုကိုနားလည်ဖို့လိုတယ်။ အဲ့နားလည်စိတ်သည် ချစ်ခင်စိတ်ပေါ့။ အဲ့ချစ်ခြင်းကတော့ ပြောရင်တော့စာဖွဲ့ပြောသလိုဖြစ်မယ်။ ဒါပေမယ့်အရမ်းအရေးကြီးတယ် လိုမြင်တယ်။ အဲ့ဟာရှိမှပဲကျောင်းသားထုကိုဦးဆောင်နိုင်လမ့်မယ်။ CRPHတို့ မှာလည်း ခုနက လူထုထောက်ခံမှု ရတယ်တို့ဆိုတဲ့နေရာမှာလည်း လူထုထောက်ခံမှုဆိုတာ အသေရှိတာ မဟုတ်ဘူး။ CDMဆိုလည်း လူထုက ဖေဖော်ဝါရီ၊ မတ်လလောက်မှာ အများကြီးထောက်ခံတယ်။ ပြီးတော့ကျသွားတာပဲပေါ့နော်။ လူထုမှာပဲ အဖြေရှိတယ်ဆိုတဲ့ စဥ်းစားချက်ကတော့ ကျနော့်အနေနဲ့ သေချာကြည့်ဖိုလိုတယ်။ လူထုလား၊ လူအုပ်လားဆိုတာ။ လူအုပ်ဆိုတာဒီအတိုင်း လူတွေအများကြီး ပြန့်ကျဲနေတာပေါ့နော်။ လူထုဆိုတာ အစုအဖွဲအလိုက် ဖြစ်လာတဲ့စုဖွဲမှုတွေပေါ့နော်။ ကျောင်းသားဆိုလည်း ကျောင်းသား၊ အလုပ်သမားဆိုလည်း အလုပ်သမားအမျိုးမျိုး အထွေထွေပေါ့နော်။ ပြီးရင်ဒီလိုမျိုး အထဲမှာ လွတ်လပ်စွာဆွေးနွေးမှုတွေ ဘယ်လောက်အားကောင်းလဲ ဆိုတာအပေါ်မူတည်ပြီး ဒီမိုကရေစီရဲ့ အရည်အသွေးက သွားတာပေါ့နော်။ လူများများထောက်ခံတိုင်းမှန်တယ် ဆိုတဲ့အယူအဆကတော့ ကျနော်မထောက်ခံဘူး။ အဲ့ဟာကအများကြီး ကြည့်လိုရတယ် သာဓကအနေနဲ့။ ကျနော်တို့ မြန်မာနိုင်ငံမှာဆိုရင်လည်း လူအများထောက်ခံပြီးမှားတဲ့အရာတွေ အများကြီးပေါ့လေ။ ဒါတွေအကုန်လုံး ကျနော်လျှောက်ပြောလိုက်တော့ ရောထွေးကုန်မယ်လိုတော့ထင်တယ်။ ဒါပေမယ့်အဓိကကတော့ သေချာစဥ်းစားစေချင်တယ်။ ပြီးတော့တော်လှန်ရေးသမားပီပီ တော်လှန်ရေးအမြင် ရှိစေချင်တယ်။ ဒီအချိန်မှာ အကုန်ပြောင်းလို့ရတယ်။ ခင်ဗျားတို့စဥ်းစားထားတဲ့ ခင်ဗျားတို့အနာဂါတ် နောက်နှစ်၂၀ နှစ်၃၀ ခင်ဗျားတို့ဖြတ်သန်းရမယ့်အနာဂါတ်ပဲ။ ကမ္ဘာကြီးက လုံး၀ပြောင်းလဲနေမယ့်အချိန်ပဲ။ အဲ့တော့ခင်ဗျားတို့က အသိဆုံးဖြစ်ရမှာ။ ဘယ်လိုအနာဂါတ်မျိုးကို ဖန်တီးချင်လဲဆိုတာ။ ဒါလှုပ်ရှားမှုတစ်ခုလို့ပဲ ကျနော်မြင်တယ်။ ဒါထက်အရေးကြီးတာကတော့ ခင်ဗျားတို့ ဘယ်လိုပုံစံနဲ့ခင်ဗျားတိုသွားချင်တဲ့ အနာဂါတ်ကို ရောက်အောင် သွားကြမလဲ။ အဲ့စဥ်းစားချက်တွေပေါ့နော်။ အဲ့ဟာတွေကိုကျနော်ကစိတ်၀င်စားတယ်။ နောက်လည်းဆွေးနွေးဖို့ မျှော်လင့်တယ်။ တစ်ခုခုပူးပေါင်းနိုင်တာ ဖြစ်ဖြစ်ဖလှယ်နိုင်တာပဲ ဖြစ်ဖြစ်ဆိုလည်း ကြိုဆိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ကိုဝေယံစိုး (2:39:31 to 2:40:30)

ဒီကနေ့ဒီလိုဆွေးနွေးခွင့်ရတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ ကျောင်းသားခေါင်းဆောင်တွေနဲ့လည်း မတူညီတဲ့အမြင်တွေမတူညီတဲ့ စဥ်းစားတွေးခေါ်မှုတွေ ဖလှယ်ခွင့်ရတဲ့အတွက် ၀မ်းသာမိပါတယ်။ ဒီလိုအလေ့အထလေး ကတော့ ကျနော်တို့လိုချင်တဲ့နိုင်ငံကို သွားဖို့ အခင်းအကျင်းအတွက် တကယ်ကို အဆင်သင့်ဖြစ်နေပြီ ဆိုတာကိုမြင်တွေ့နေရတာပေါ့လေ။ ဒါတစ်ချက်ပြောချင်တယ်။ နောက်တစ်ခုက ကိုရဲထက်ပြောသွားတယ်။ ကျနော်တို့စဥ်းစားတယ်ဆိုတာ ကျနော်တိုကတော်လှန်ရေးမှာ ရေရှည်အတွက်ပဲ စဥ်းစားစေချင်တယ်ပေါ့လေ။ တစ်ခါတစ်လေကျရင် ရေရှည်မှာဘယ်လိုမျိုးဆိုးကျိုးတွေ ဖြစ်လာနိုင်မလဲ ဆိုတာထည့်သွင်းစဥ်းစားစေချင်တယ်။ ကျေးဇူးတင်ပါတယ်။ ဒီနေ့တက်ရောက်လာသမျှ ရဲဘော်တွေအကုန်လုံးကို ဒီကနေပဲဦးညွှတ်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ

Share on facebook
Share on twitter
Share on telegram

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်