Contents

ကိုရဲထက်(00:00 to 05:53)

  ဟုတ်ကဲ့။အားလုံးပဲမဂ်လာပါ။လေးမျက်နှာစကားဝိုင်းကနေအားလုံးကိုကြိုဆိုပါတယ်။ဒီအပတ်ကတော့” CDMပေးဆပ်မှုထိုက်တန်မှုရှိသလား” ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဆွေးနွေးမှာဖြစ်ပါတယ်။အခုလိုမျိုးမီးကလည်းပျက်အင်တာနက်ကလည်းခက်ခဲတဲ့အချိန်မှာကြိုးစားပြီးတော့ပါ၀င်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။အရင်ဆုံးပေါ့နော် ကျနော်ဒီဆွေးနွေးပွဲမစခင်လေးမှာဒီစကားဝိုင်းလေးအကြောင်းကျနော်ရှင်းပြချင်ပါတယ်။လေးမျက်နှာစကားဝိုင်းလုပ်တာ အခုဆိုအပိုင်း(၈)ပေါ့နော်။၂လနီးပါးရှိပြီ။လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ပုံမှန်ဆိုရင်စကားဝိုင်းတွေကSpeakersတွေကပဲပြောတယ်ပေါ့နော်။ကျန်တဲ့သူတွေကနားထောင်မေးခွန်းလောက်ပဲမေးလိုရတယ်ပေါ့နော်။ဒါပေမယ့်ဒါကလူထုပဲဖြစ်ဖြစ်တက်နိုင်သမျှအကုန်လုံးပါ၀င်လိုရမယ့်စကားဝိုင်းမျိုးပေါ့နော်။တော်လှန်ရေးကလည်းသွားနေတာဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့အတိုင်းပဲတက်နိုင်သမျှတန်းတူရေးပေါ့နော်။ဒီspeakersတွေအပေါ်မှာပဲဗဟိုပြုတာမျိုးမဟုတ်ပဲနဲ့အကုန်လုံးပါ၀င်လိုရတဲ့ လွတ်လွတ်လပ်လပ်တိုင်ပင်ဆွေးနွေးလိုရတဲ့စကားဝိုင်းပုံစံမျိုးဖြစ်ဖိုရည်ရွယ်ပါတယ်ခင်ဗျာ။ဒီစကားဝိုင်းမှာတော့ဖိတ်ကြားထားတဲ့speakersတစ်ချိုရှိတယ်။ဒီspeakersတွေကိုပထမပိုင်းမှာဖိတ်ခေါ်ပြီးတော့အဖွင့်စကားပြောသွားဖိုဖြစ်တယ်။ပြောပြီးသွားရင်တော့အကုန်လုံးကအတူတူပဲပေါ့နော်။တပြေးညီထဲဖြစ်သွားပြီ။အဲ့တော့ပြောစရာရှိရင်လက်ထောင်ပြီးတော့ပြောလိုရတယ်။နောက်တစ်ခုကchat boxကနေလည်းပြောလိုရပါတယ်။ဒီစကားဝိုင်းမှာတော့စည်းမျဥ်းကတော့၃ခုပဲရှိပါတယ်။ပထမတစ်ခုကတော့ပြောစရာရှိရင်လက်ထောင်ပြီးပြောပေးပါပေါ့နော်။ကျနော်တိုအလှည့်အတိုင်းပဲသွားတယ်။အဲ့တော့ကိုယ်ပြောစရာရှိရင်လက်ထောင်ပြီးပြောလိုရတယ်။ကျနော်တိုစကားဝိုင်းကအချိန်သက် မှတ်ထားတာမရှိဘူး။လက်ထောင်တဲ့သူဆွေးနွေးတဲ့သူရှိသလောက်ဆက်သွားတယ်ပေါ့လေ။ဆိုတော့ကိုယ်ကအလုပ်ရှိတယ်ဆိုရင်လည်းထွက်သွားလိုရပါတယ်။ဆွေးနွေးစရာရှိရင်လည်းကိုယ်ဆက်ပြောသွားလိုရတယ်ပေါ့နော်။ဒါကပထမတစ်ခုပါ။ဒုတိယတစ်ခုကတော့ပြောတဲ့အခါမှာအတက်နိုင်ဆုံးထိထိမိမိလေးပြောပေးပါပေါ့နော်။ဒီမှာအကုန်လုံးကအရေးကြီးတဲ့အချိန်တွေကိုဖယ်ပြီးပါ၀င်ရတာဖြစ်တဲ့အတွက်တိုတိုနဲ့လိုရင်းပြောပေးပါ။ပြီးတော့အရှေ့ကပြောခဲ့တဲ့အကြောင်းအရာတွေကိုလည်းပြောပြီးရင်သိတ်မပြောပဲနဲ့တက်နိုင်သမျှအားလုံးအတွက်အကျိုးရှိမယ့်စဥ်းချက်အသစ်တွေဖြစ်စေတဲ့အကြောင်းအရာမျိုးကိုဦးစားပေးပြောပေးပါပေါ့နော်။တတိယကတော့အချိန်ကိုကန့်သက် မှုမရှိပါဘူး။ဒီမိုကရေစီဖြစ်တဲ့အတွက်အကုန်လုံးကကိုယ့်တာ၀န်ယူမှုနဲ့ကိုယ်ပြောလိုရတယ်။ဒါပေမယ့်တစ်ခုပဲပေါ့နော်။ဒီခေါင်းစဥ်နဲ့ပတ်သက်တဲ့အကြောင်းအရာကိုပြောဖိုပဲကျနော်မေတ္တာရပ်ခံချင်ပါတယ်။ဒီ၃ခုပါပဲ။အဲ့တာဆိုရင်ဒီနေ့စကားဝိုင်းကိုသွားပါမယ်။ဒီနေ့စကားဝိုင်းကတော့CDMအကြောင်းပေါ့နော်။CDMနဲ့ပက်သက်ပြီး ကျနော်တိုလေးမျက်နှာစကားဝိုင်းလုပ်တာမျိုးဆိုရင် အရှေ့မှာCDM IDနဲ့ပတ်သက်ပြီးလုပ်တာမျိုးရှိတယ်။ပြီးတော့CDMအောင်မြင်မှုအကြောင်းဆွေးနွေးတာမျိုးရှိတယ်ပေါ့နော်။ဒီတစ်ခေါက်ကတော့ CDMပေးဆပ်မှုတွေဟာဘယ်လောက်ထိရောက် မှုရှိသလဲ။ဘယ်လောက်ထိုက်တန်မှုရှိသလဲ ဒါကိုကျနော်တိုပြန်ပြီးအကျိုးအပြစ်သုံးသပ်ဖိုဖြစ်တယ်ပေါ့နော်။ဘာဖြစ်လိုလဲဆိုရင်နောက်ပိုင်းမှာဒီCDMကိုပညာအချိုကပြန်ပြီးတော့ထောက်ပြတာမျိုးတွေလည်းရှိတယ်။အထူးသဖြင့်ပညာရေးတိုကျန်းမာရေးတိုကဏ္ဏမျိုးကပေါ့နော်ဒီလိုမျိုးဆက်လုပ်ခြင်းကပြည်သူတွေမှာလည်းထိခိုက်ခံစားရတာတွေရှိတယ်။CDMကပေးဆပ်ခဲ့သူတွေအများကြီးပါ၀င်ခဲ့တာကျနော်တိုမျက် မြင်ကိုယ်တွေ့ပဲဖြစ်တယ်။အဲ့ပေးဆပ်မှုတွေမှာထိုက်တန်မှုတွေဘယ်လောက်ရှိသလဲ။အကျိုးအပြစ်တွေဘယ်လောက်ရှိသလဲ။ဒါတွေကိုပြန်သုံးသပ်ဖိုထောက်ပြပြောဆိုမှုတွေရှိတယ်။ဒီအပေါ်မှာလည်းတော်လှန်ရေးအင်အားစုတွေကြားမှာအမြင်အမျိုးမျိုးရှိကြတယ်ပေါ့နော်။အဲ့တော့ဒီမှာပါ၀င်နေကြတဲ့သူတွေကလည်းလွတ်လွတ်လပ်လပ်ကိုယ့်အမြင်ကိုဆွေးနွေးတင်ပြဖိုကျနော်ဖိတ်ခေါ်ချင်ပါတယ်။ဟုတ်အဲ့တာဆိုကျနော်တိုစကားဝိုင်းစပါမယ်ခင်ဗျ။ကျနော်စကားဝိုင်းမစခင်Pollလေးတစ်ခုအရင်ကောက်ချင်ပါတယ်။အခုတက်လာတဲ့သူတွေထဲမှာဘယ်လိုအမြင်ရှိကြလဲဆိုတာ။ဒါကကိုယ့်အမြင်ကို ကိုယ်ပြောလိုရပါတယ်။ဒီမှာကနာမည်မပေါ်ပါဘူး ကိုယ်ကြိုက်တာတစ်ခုရွေးလိုရတယ်ပေါ့နော်။ပထမမေးခွန်းကတော့ခေါင်းစဥ်ပါပဲ။CDMပေးဆပ်မှုထိုက်တန်မှုရှိသလားပေါ့နော်။အဲ့တော့ထိုက်တန်မှုရှိတယ်ပေးဆပ်မှုနဲ့ပြန်ရတာထိုက်တန်တယ်ဆိုရင်YESပေါ့နော်။မသေချာဘူးကိုယ်ကအလည်မှာနေမယ်ဆိုရင်တော့Not sure။ပေးဆပ်မှုကပိုများတယ် ထိုက်တန်မှုကနည်းတယ်ပေါ့နော် အဲ့တာဆိုရင်Noကိုရွေးလိုရပါတယ်။ ေနာက်တစ်ခုကCDMလှုပ်ရှားမှုကိုတစ်ချိုတွေကပုံစံတစ်မျိုးနဲ့ပြန်လှုပ်ရှားဖိုပြောတာမျိုးတွေရှိတယ်။အဲ့မှာလည်းကိုယ်ဘယ်လိုမြင်လဲပေါ့နော်။ပြန်စတင်သင့်တယ်။မသေချာဘူး။ဒါမှမဟုတ် ပြန်မစတင်သင့်ဘူးပေါ့လေ။အဲ့တော့ဒါကိုယ့်အမြင်လေးတွေကိုပြောလိုရပါတယ်။ဒါဆိုPollလေးတွေကိုရပ်လိုက်တော့မယ်။resultကတော့ထိုက်တန်မှုရှိတာက၂၄ရာခိုင်နှုန်းရှိတယ်။မသေချာတာက၄၁ရာခိုင်နှုန်း။ဆိုတော့ဒီမှာအလည်အလက်သမားတွေများတယ်။ပြီးတော့ထိုက်တန်မှုမရှိဘူးဆိုတာ၃၅ရာခိုင်နှုန်းပေါ့နော်။ဒါလက်ရှိအခုတက်ရောက်နေတဲ့သူတွေရဲ့အမြင်ပေါ့နော်။နောက်တစ်ခုကပြန်လည်စတင်သင့်တာ၇၀ရှိတယ်။မသေချာတာက၂၄ မစတင်သင့်တာကတော့၆ရာခိုင်နှုန်းရှိပါတယ်။ဟုတ်ကဲ့အဲ့တာဆိုရင်ကျနော်တိုစကားဝိုင်းစပါမယ်။ဆရာကို(    )ကို စပြီးတော့အဖွင့်စကားပြောပေးဖိုဖိတ်ခေါ်ချင်ပါတယ်။

ကိုခွန်လျှမ်း(05:54 to 20:38)

    အားလုံးပဲမဂ်လာပါခင်ဗျ။ဒီစကားဝိုင်းမှာစကားပြောခွင့်ပေးတဲ့အတွက်အများကြီးပဲကျေးဇူးတင်ပါတယ်။ပထမဦးစွာဒီနေ့အထိဒုက္ခအမျိုးမျိုးခံစားပြီးတော့ကြန့်ကြန့်ခံတော်လှန်နေကြတဲ့CDM heroတွေကိုကျနော့်အနေနဲ့လေးလေးနက်နက်အလေးပြုပါတယ်။အလေးပြုခွင့်ပြုပါ။အဲ့တော့ဒီနေ့စကားဝိုင်းမှာတက်ရောက်လာတဲ့ထဲမှာCDMလုပ်နေတဲ့သူတွေအများကြီးလည်းပါမယ်လိုယူဆပါတယ်။အဲ့တော့CDMပေးဆပ်မှုထိုက်တန်ပါရဲ့လားဆိုတဲ့မေးခွန်းကသူတိုCDMတွေကိုယ်တိုင်သူတိုရုန်းကန်ခဲ့တယ်။သူတိုကိုယ်တိုင်ပါ၀င်ခဲ့တယ်။သူတိုစွန့်လွှတ်အနစ်နာခံခဲ့တယ်။သူတိုကိုယ်တိုင်လက်တွေ့ဒါနဲ့ပတ်သက်ပြီးတော့ခံစားမှုရှိတယ်။အဲ့တော့သူတိုရဲ့ဆွေးနွေးမှုဟာပိုပြီးတော့သင့်လျှော်မယ်လိုယူဆပါတယ်။သူတိုရဲ့ဆွေးနွေးချက်တွေကလည်းရှုထောင့်မျိုးစုံကနေပီးတော့ဆွေးနွေးကြလိမ့်မယ်လိုယုံကြည်ပါတယ်။ဒါပေမယ့်အခုတော့ဒီမေးခွန်းနဲ့ပတ်သက်ပြီးကျနော်ဖြေရမယ်ဆိုရင်ကျနော်ကအထိရောက်ဆုံး အတိုဆုံး အရှင်းဆုံးတစ်ခုနဲ့ ကျနော်ပြောချင်ပါတယ်။အဲ့တာကတော့အရမ်းထိုက်တန်ပါတယ်။အရမ်းအရမ်းကိုထိုက်တန်ပါတယ်လို ကျနော်ကတော့ပြောချင်ပါတယ်။ဘာဖြစ်လိုကျနော်ဒီလိုပြောရလဲဆိုတော့ ကျနော့်မှာအကြောင်းပြချက်နှစ်ခုပဲကျနော်ထုတ်နှုတ်လာပါတယ်။အဲ့တော့နာပါတ် ၁ အချက်ကတော့ဒီCDMလှုပ်ရှားမှုမှာပါ၀င်နေတဲ့ကျနော်တိုHeroကြီးတွေတစ်သက်လုံးလှပသန့်ရှင်းတဲ့လိပ်ပြာနဲ့နေထိုင်ရှင်သန်သွားကြမယ့်သူတွေဖြစ်လိုထိုက်တန်တယ်လိုပထမတစ်ချက်အနေနဲ့ကျနော်ပြောလိုခြင်းဖြစ်ပါတယ်။CDMလှုပ်ရှားမှုကိုရွေးချယ်ခဲ့တဲ့ဓမ္မဘက်ကရပ်တည်ပြီးတော့အဓမ္မဝါဒီကိုတွန်းလှန်တဲ့လုပ်ရပ်ဖြစ်တယ်ဆိုတာအားလုံးအသိပါ။ဒီလုပ်ရပ်ဟာအမြင့်မြတ်ဆုံးနိုင်ငံသားတစ်ယောက်ရဲ့တန်ဖိုးကိုပြသနေပါတယ်။သူတိုဟာကမ္ဘာမှာဘယ်သောအခါမှမရှိခဲ့တဲ့နိုင်ငံရေးစွန့်ဦးတည်ထွင်သူတွေဖြစ်တယ်လိုကျနော့်အနေနဲ့ပြောချင်ပါတယ်။တော်လှန်ရေးကနေပေါက်ဖွားလာတဲ့heroလူတန်းစားလိုလည်းကျနော့်အနေနဲ့ကင်ပွန်းတပ်ချင်ပါတယ်။အဲ့တော့ဒီCDMတွေကိုကြည့်မယ်ဆိုရင်မတူညီတဲ့အခြေခံတန်ဖိုးနဲ့သူတိုရဲ့တန်ဖိုးထားမှုတွေရှိပါတယ်။မတူညီတဲ့ဘ၀နေထိုင်မှုတွေကနေCDMလှုပ်ရှားမှုကိုပါ၀င်နေကြတာတွေ့ရပါတယ်။မတူညီတဲ့အသက် မွေး၀မ်းကြောင်းနဲ့မတူညီတဲ့ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုတွေကိုစွန့်လွှတ်ထားခဲ့ကြတာကျနော်တိုမြင်နိုင်ပါတယ်။မတူညီတဲ့တော်လှန်ရေးအပေါ်မှာံယူချက်တွေလည်းအသီးသီးရှိနေကြတာတွေ့ရပါတယ်။အဲ့တော့ဒီတော်လှန်ရေးကြီးမှာ ဒီCDMကိုရွေးချယ်ခဲ့ကြတာထိုက်တန်ပါရဲ့လားလိုမေးတဲ့အခါမှာအဲ့ဒီ့မတူညီတဲ့အချက်တွေကြောင့်တစ်ဦးချင်းရဲ့အဖြေ ရလာဒ် ခံယူချက်ဟာတူညီနေနိုင်မှာတော့မဟုတ်ပါဘူး။ဒါပေမယ့်သူတိုထဲမှာတူညီနေတာကျနော်တိုထပ်တွေ့ရတယ်။အဲ့တာကဘာလဲဆိုတော့CDMအများစုဟာ ဘယ်သူမဆိုထိခိုက်နိုင်တယ် ဆုံးရှုးနိုင်တယ် အသက်ပေးရနိုင်တယ်ဆိုတဲ့တော်လှန်ရေးရဲ့သဘောသဘာ၀ကိုလက်ခံနှလုံးသွင်းထားပြီးသားဖြစ်တယ်။ဒီတစ်ချက်ကသူတိုတူညီတယ်။နောက်တစ်ချက်ကငါတိုကတရားမျှတမှုကိုလိုလားတယ်။ဓမ္မဘက်ကရပ်တည်မယ်။အဓမ္မတွေကိုတွန်းလှန်ကြမယ်။ဘယ်လိုပဲဒုက္ခရောက်ရောက်တောင့်ခံနိုင်အောင်ကြိုးစားမယ်။ငါတိုဟာအဆုံးထိCDMမယ်ဆိုပြီးဆုံးဖြတ်ထားတဲ့အတွေးဟာလည်းအားလုံးတူညီနေပါတယ်။အဲ့တော့အဲ့တာဟာCDMတိုင်းရဲ့တန်ဖိုးပါ။မြင့်မြတ်တဲ့လူသားဆန်ခြင်းဖြစ်ပါတယ်။အဲ့လိုဓမ္မဘက်ကရပ်တည်ခြင်း မတရားမှုကိုတွန်းလှန်ပြီးတော့အများကောင်းကျိုးအတွက် မိမိသာမကမိမိရဲ့မိသားစုကပါစွန့်လွှတ်အနစ်နာခံခြင်းဆိုတဲ့အာဇာနည်ခေါ်ထိုက်တဲ့လုပ်ရပ် လူသားဆန်တဲ့လုပ်ရပ်အပြုအမူတွေကြောင့်တစ်သက်လုံးCDMတွေဟာလိပ်ပြာသန့်သန့်နဲ့ရှင်သန်နေထိုင်သွားကြရမှာဖြစ်တဲ့အတွက်အဲ့ဒီ့CDMပေးဆပ်မှုဟာ တစ်ခဏတာမဟုတ်ပဲနဲ့တစ်ဘ၀စာထိုက်တန်တယ်လိုကျနော်ပြောလိုခြင်းဖြစ်ပါတယ်။ဒါကနာပါတ်တစ်အချက်။အဲ့တော့နာပါတ်နှစ်အချက်က ကျနော်တိုCDMတွေလုပ်ကြတယ်။CDMလှုပ်ရှားမှုကနေအနစ်နာခံကြတယ်။ကျနော်တိုတော်တော်လေးခက်ခက်ခဲခဲနဲ့ရုန်းကန်လာခဲ့ကြတာတစ်နှစ်တောင်ကျော်လာပီ။လှုပ်ရှားမှုမှာသာပါ၀င်နေတယ်။တော်လှန်ရေးဟာအရွေ့ရှိရဲ့လား။အဲ့ဟာနဲ့ကျနော်တိုင်းတာပါမယ်။အဲ့တော့ကြည့်လိုက် မယ်ဆိုရင်ဒီCDMလှုပ်ရှားမှုရဲ့အထောက်အပံ့ကြောင့်အောင်မြင်နေတဲ့တော်လှန်ရေးအရွေ့ရှိနေတာကျနော်တိုမြင်နိုင်ပါတယ်။အဲ့ဟာကိုကြည့်ပြီးတော့CDMပေးဆပ်မှုထိုက်တန်မှုရှိတယ်လိုကျနော်ပြောခြင်းဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့CDMလှုပ်ရှားမှုကိုကြည့်မယ်ဆိုရင်ဟိုးတော်လှန်ရေးအစကတည်းက တော်လှန်ရေးအထမြန်စခဲ့တယ်။အစအားကောင်းစေခဲ့တယ်။ပြီးရင်တော်လှန်ရေးခရီးအရှိန်မပြတ်အောင်ထိန်းသိမ်းနိုင်ခဲ့တယ်။ဒီတစ်နှစ်ကျော်ကာလအတွင်းမှာတော်လှန်ရေးဟာအတိုင်းတာတစ်ခုထိခရီးရောက်ရှိနေတယ်ဆိုတာအောင်မြင်မှုရနေတယ်ဆိုတာကျနော်တိုမြင်သာထင်သာရှိတယ်။ဥပမာ ကျနော်တိုပြောရမယ်ဆိုရင်စကစ ဟာတစ်နှစ်ကျော်သည်အထိအုပ်ချုပ်ရေးနဲ့စီမံခန့်ခွဲမှုတွေမှာအခိုင်အမာမတည်ဆောက်နိုင်သေးဘူး။ Non CDMအဖြစ်အလုပ်၀င်ကြဖိုအတွက်CDMတွေကိုဖိအားမျိုးပေးခဲ့ကြရတယ်။ဒါပေမယ့်ပြနိမ၀င်ခဲ့ကြဘူး။အာင်အောင်မြင်မြင်နဲ့တောင့်ခံထားနိုင်တယ်။အာခံထားနိုင်တယ်။အဲ့တော့ဒီCDMလှုပ်ရှားသူတွေရဲ့အားဖြည့်ထောက်ပံ့မှုကူညီမှုတွေကြောင့်အခြားသောတော်လှန်ရေးရဲ့မျက်နှာစာဖြစ်တဲ့လူထုသပိတ်တိုခုခံတော်လှန်စစ်နဲ့NUG NUCCလိုနိုင်ငံတည်ဆောက်ရေးတွေမှာကောင်းကောင်းလည်ပတ်နေနိုင်တာCDMလှုပ်ရှားမှုကြောင့်ရရှိလာတဲ့အောင်မြင်မှုတွေဖြစ်ပါတယ်။အဲ့အောင်မြင်မှုတွေဟာအလိုလိုရလာတာမဟုတ်ဘူး။CDMတွေဟာအရေးပါတဲ့စစ်မျက်နှာတစ်ခုကနေပါ၀င်တိုက်ပွဲ၀င်ခဲ့လိုရခဲ့တာဖြစ်တယ်။ဒီအောင်မြင်မှုကိုကြည့်ခြင်းအားဖြင့်ကျနော်တိုCDMတွေပေးဆပ်မှုဟာထိုက်တန်တယ်လိုကျနော့်အနေနဲ့ပြောခြင်းဖြစ်တယ်။ဒါပေမယ့်အဖြေတွေအမြင်တွေအမျိုးမျိုးရှိနိုင်ပါတယ်။ဒီဆွေးနွေးပွဲရဲ့ရည်ရွယ်ချက်ကလည်းထိုက်တန်မှုရှိမရှိအပေါ်အမြင်စုံရလိုခြင်းလိုယူဆပါတယ်။ဒီနေရာမှာလက်ရှိအခြေနေအရCDMတွေအပေါ်မှာလူထုစိတ်၀င်စားမှုတွေလျော့နေတာတွေ ခုခံတာ်လှန်စစ်အပေါ်မှာအာရုံပိုထားနေတာတွေရှိလာတဲ့အတွက်CDMတွေရဲ့ရပ်တည်မှုဟာတဖြေးဖြေးနဲ့အတော်ခက်ခဲလာပြီးတော့ CDMလှုပ်ရှားမှုနဲ့ပတ်သက်ပြီးသံသယ၀င်လာတာတွေMotivationတွေကျလာတာတွေတော်လှန်ရေးအပေါ်မှာယုံကြည်မှုနည်းပါးလာတာတွေရှိနိုင်ပါတယ်။ဒါပေမယ့်CDMများကိုကျနော့်အနေနဲ့အနူးအညွှန့်ပြောလိုပါတယ်။စိတ်ဓာတ်မကျကျပါနဲ့။အဲ့တော့ဒီစိတ်ဓာတ်ကျချင်လာတဲ့CDMတွေCDMလုပ်ရတာမထိုက်တန်ဘူးလိုလို ခုနတုန်းကလည်းအချက်အလက်တွေPollလုပ်တဲ့အခါမှာမရေရာတဲ့သူတွေပိုများတယ်။ထိုက်တန်တယ်ဆိုတဲ့သူက၂၄ရာခိုင်နှုန်းပဲရှိတယ်။ဒီresultကတကယ်တမ်းတော့စိုးရိမ်စရာresultတစ်ခုလိုကျနော့်အနေနဲ့မြင်ပါတယ်။အဲ့တော့CDMလုပ်ရတာမထိုက်တန်ဘူးလိုယုံကြည်မှုစပျောက်ချင်နေတဲ့CDMတွေကျနော်မျှဝေပေးချင်တာမျိုးရှိပါတယ်။CDMတွေဟာတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့မိမိကိုယ်ကိုစိတ်ဓာတ်မြှင့်တင်နိုင်ပြီးတော့ခရီးကိုအဆုံးထိဆက်နိုင်ဖိုအတွက်မျှော်လင့်ပြီးတော့ ဒီအချက်အလက်တွေကိုမျှဝေခြင်းဖြစ်ပါတယ်။အဲ့တော့ပထမတစ်ခုကတော့ ခုနကကျနော်ပြောတဲ့အတိုင်းပဲ CDMတွေအပေါ်လူထုရဲ့စိတ်ပါ၀င်စားမှုတွေနည်းလာပြီးတော့လက်နက်ကိုင်တော်လှန်ရေးအပေါ်လူထုရဲ့စိတ်၀င်စားမှုများပြီးတော့အထောက်အပံ့တွေများနေတယ်ပေါ့နော်။အဲ့အပေါ်မှာကျနော်ပြောလိုတာကဒီလက်နက်ကိုင်တော်လှန်ရေးဟာတော်လှန်ရေးရဲ့အဆုံးအဖြတ်ဖြစ်တယ်ဆိုရင်CDMလှုပ်ရှားမှုဟာတော်လှန်ရေးရဲ့သက်လုံဖြစ်တယ်လိုကျနော်CDM Heroတွေကိုပြောချင်ပါတယ်။ကျနော်တိုCDMတွေရဲ့လှုပ်ရှားမှုဟာတော်လှန်ရေးရဲ့သက်လုံ။ဒါလေးကိုကျနော့်အနေနဲ့ပြောချင်ပါတယ်။ဒါကြောင့်CDMလှုပ်ရှားမှုယိမ်းယိုင်လာတာနဲ့တော်လှန်ရေးရဲ့သက်လုံဟာကျဆင်းလာပြ္းတော့ ကျနော်တိုအဆိုးသံသရာထဲမှာထပ်ပြီးတော့နစ်မြှပ်သွားနိုင်တယ်ဆိုတာလည်းကျနော့်အနေနဲ့သတိပေးလိုပါတယ်။ဒါကြောင့်CDM Heroတွေဟာဘယ်လောက်ပဲအခက်ခဲကြုံကြုံရင်ဆိုင်ကျော်လွှားဖြတ်သန်းကြရမှာဖြစ်ပါတယ်။ဘာဖြစ်လိုလဲဆိုတော့ကျနော်တိုအားလုံးဟာဒီတော်လှန်ရေးကြီးရဲ့သက်လုံတွေဖြစ်လိုဖြစ်ပါတယ်။ဒါကတစ်ချက်ပါ။နောက်တစ်ချက်ကCDMတွေကိုကြည့်မယ်ဆိုရင်မနက်ဖြန်ဒါမှမဟုတ်အနာဂါတ်ပေါ့နော်။ပျော်ရွှင်ကျေနပ်မှုရဖိုအတွက်ဒီနေ့သူတိုရဲ့ပျော်ရွှင်မှုတွေကိုအရောင်းအ၀ယ်အလဲအထပ်လုပ်နေတာမဟုတ်ပါဘူး။မတရားမှုကိုစီးချင်းထိုးနေတာ။တရားမှုကိုတိုက်ယူနေတာလိုကျနော်ကတော့မြင်ပါတယ်။အဲ့အမြင်တွေကိုလည်းCDMတွေကိုကျနော်မြင်စေချင်ပါတယ်။ဒါကြောင့်CDMတွေဟာမနက်ဖြန်လူထုတစ်ရပ်လုံးပျော်ရွှင်ဖိုအတွက် ကိုယ့်ကိုယ်ကိုအနစ်နာခံနေရတာလိုမြင်စေချင်ခံယူစေချင်ပါတယ်။ငါတိုရဲ့ပျော်ရွှင်မှုတွေ၊မျှော်လင့်ချက်တွေ၊ငါတိုရဲ့အဆင်ပြေမှုတွေကိုပေးလိုက်ရတယ်ဆိုတာထက်ငါတိုဟာဒီဟာတွေကိုစွန့်လွှတ်အနစ်နာခံလိုက်တယ်ဆိုတဲ့စိတ်ကလေးနဲ့နေထိုင်ဖြတ်သန်းကြမယ်ဆိုရင်ပိုပြီးတော့ခံနိုင်ရည်တွေရှိလာမယ်။မိမိကိုယ်ကိုပိုပြီးတော့တန်ဖိုးထားလာမယ်။မိမိတိုလုပ်နေတာတွေဟာထိုက်တန်တယ်လိုပိုပြီးတော့မြင်လာစေမှာဖြစ်ပါတယ်။ဒါကြောင့်ငါတိုရဲ့စည်းစိမ်ဥစ္စာတွေငါတိုရဲ့ဘ၀တွေငါတိုရဲ့ရာထူးတွေကိုဆုံးရှုးသွားပီလိုမမြင်ကြပဲငါတိုဟာတော်လှန်ရေးအတွက်လူထုအတွက်နိုင်ငံ့အတွက်စွန့်လွှတ်အနစ်နာခံကြတယ်လိုတွေးစေချင်ပါတယ်။နောက်တစ်ချက်ကတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့CDMersတွေကိုမျှော်လင့်ချက်တွေဆန္ဒတွေကိုရောင့်ရဲတင်းတိမ်စေချင်ပါတယ်။တော်လှန်ရေးနဲ့ပတ်သက်ပြီးCDMအပါအ၀င်လူတိုင်းလူတိုင်းမှာမျှော်လင့်ချက်တွေဆန္ဒတွေအများကြီးရှိပါတယ်။အဲ့တော့ဒါနဲ့တစ်ဆက်ထဲကျနော့်အနေနဲ့CDMတွေကိုပြောချင်တာကအဲ့လိုမျှော်လင့်ချက်တွေအများကြီးထားပြီးတော့နေ့စဥ်ဘ၀ကိုမဖြတ်သန်းစေချင်လိုပါဘူး။ကျနော်တိုCDMတွေဟာစား၀တ်နေရေးခက်ခဲတယ်။အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတယ်။ထောက်ပံ့မှုတွေမရဘူးဆိုတော့နေ့စဥ်ဓူ၀စား၀တ်နေရေးနဲ့နပမ်းလုံးနေရတဲ့ကြားထဲမှာဒီမျှော်လင့်ချက်တွေအများကြီးထားတဲ့စိတ်တွေနဲ့ဖိစီးမှုတွေအများကြီးဖြစ်မှာစိုးလိုဖြစ်ပါတယ်။အဲ့တော့တော်လှန်ရေးကြီးမြန်မြန်အဆုံးသတ်ချင်တဲ့စိတ်တော်လှန်ရေးရဲ့အရွေ့ကိုနှေးလိုက်တာကွာလိုအားမရတဲ့စိတ် ေတာ်လှန်ရေးဦးဆောင်သူတွေကိုတွန်းအားပေးချင်တဲ့စိတ်

ဒါမှမဟုတ်ဦးဆောင်သူတွေရဲ့ခေါင်းဆောင်မှုတွေကိုသံသယ၀င်တဲ့စိတ်တွေအများကြီးဖြစ်လာရင်ကိုယ့်ကိုကိုယ်သတိထားပြီးလျော့စေလိုပါတယ်။ဒီလိုစိတ်တွေများနေရင်ငါတိုဟာအောင်မြင်ပါ့မလားဆိုပြီးမိမိရွေးချယ်တဲ့လမ်းနဲ့အတူတော်လှန်ရေးအပေါ်မှာသံသယတွေ၀င်လာနိုင်ပါတယ်။စိတ်တွေဖိစီးလာနိုင်ပါတယ်။ကျန်းမာရေးကိုထိခိုက်လာနိုင်ပြီးတော့မိမိကိုယ်မိမိMotivationတွေကျလာနိုင်ပါတယ်။ဒါကြောင့်ကျနော်တိုဟာဒီတော်လှန်ရေးနဲ့ပတ်သက်တဲ့မျှော်လင့်ချက် ဆန္ဒတွေကိုအများကြီး အများကြီးနဲ့နေ့စဥ်ဖြတ်သန်းခြင်းမပြုပဲနဲ့ရောင့်ရဲတင်းတိမ်ပြီးတော့မိမိကိုယ်ကိုMotivationပြန်ပြီးမြှင့်တင်ဖို ကျနော့်အနေနဲ့အကြံပြုချင်ပါတယ်။နောက်တစ်ခုကတော့တော်လှန်ရေးအောင်မြင်မှုနဲ့စွန့်လွှတ်အနစ်နာခံခြင်းဟာခေါင်းနဲ့ပန်းလိုတွဲလျက်ရှိတယ်ဆိုတာလက်ခံပေးကြပါ။စွန့်လွှတ်အနစ်နာမခံပဲနဲ့တော့တော်လှန်ရေးဟာမအောင်မြင်နိုင်ပါဘူး။တော်လှန်ရေးမအောင်မြင်မချင်း CDMအပါအ၀င်လူထုတစ်ရပ်လုံးဟာစွန့်လွှတ်အနစ်နာခံကြရဦးမှာဖြစ်ပါတယ်။ဒုက္ခအမျိုးမျိုးလည်းရင်ဆိုင်ကြုံတွေ့ကြရဦးမှာဖြစ်ပါတယ်။ဒါကြောင့်ဒီတော်လှန်ရေးကာလမှာဒုက္ခအမျိုးမျိုးနဲ့ကြုံနေရတာတွေစွန့်လွှတ်အနစ်နာခံနေရတာတွေဟာငါတိုCDMတွေကြီးပဲမဟုတ်ဘူး။မတရားမှုကိုတော်လှန်နေတဲ့ဓမ္မဘက် မှာရပ်တည်နေတဲ့ပြည်သူတစ်ရပ်လုံးပါ၀င်နေပါလားငါတိုလိုဘ၀တူတွေအများကြီးပါလားဆိုပြီးကိုယ့်ကိုကိုယ်ပြန်ပြီးတော့အားတင်းပေးထားကြပါ။မိမိကြုံတွေ့ခံစားနေရတာတွေပေါ့ပါးသွားပါလိမ့်မယ်။Motivationတွေပြန်တက်လာပါလိမ့်မယ်။နောက်ဆုံးတစ်ခုကတော့အရေးကြီးတယ်လိုကျနော်မြင်တဲ့အယူအဆပါ။ဒီအချက်ကိုMotivationအမြင်နဲ့ပဲကျနော်ပြောချင်ပါတယ်။အဲ့တာဘာလဲဆိုတော့ ဒီတော်လှန်ရေးကာလမှာဘယ်သူပဲဖြစ်ဖြစ်ဘယ်လောက်ပဲအနစ်နာခံခဲ့ခံခဲ့ဘယ်လောက်ပဲစွန့်လွှတ်စွန့်စားလုပ်ခဲ့လုပ်ခဲ့ဘယ်လောက်ပဲဘ၀တွေအသက်တွေစတေးခဲ့စတေးခဲ့တာ်လှန်ရေးကြီးမအောင်မြင်ခဲ့ရင်တော်လှန်ရေးကြီးကျရှုးခဲ့ရင်အဲ့ဒီ့စွန့်လွှတ်ခဲ့တာတွေအနစ်နာခံခဲ့တာတွေစတေးခဲ့တာတွေဟာအလကားဖြစ်သွားမယ်ဆိုတာသိစေချင်ပါတယ်။ဒါကြောင့်ကျနော်တိုတော်လှန်ရေးအောင်မြင်မှသာကျနော်တိုရဲ့လုပ်ရပ်CDMတွေရဲ့လုပ်ရပ်အမျိုးမျိုးဟာအဓိပ္ပါယ်ရှိပီး ငါတိုလုပ်ခဲ့တဲ့လုပ်ရပ်ဟာထိုက်တန်လိုက်တာဆိုပြီးတစ်ချိန်ချိန်မှာပြောခွင့်ရမှာဖြစ်ပါတယ်။ဒါကြောင့်ဘယ်လိုနည်းနဲ့မဆိုတော်လှန်ရေးအောင်မြင်ဖိုဟာအရမ်းကြီးအရေးကြီးတယ်လိုကျနော်အထူးပြောချင်ပါတယ်။ဒီတော်လှန်ရေးအောင်မြင်ဖိုအတွက်ကျနော်တိုCDMတွေရွေးချယ်ခဲ့တဲ့လမ်းကြောင်းကနေသွေဖယ်သွားလိုလုံး၀မရပါဘူး။ဘယ်လောက်ပဲအခက်ခဲကြုံပါစေ ကြန့်ကြန့်ခံတွန်းလှန်ကျော်ဖြတ်သွားရမယ်ဆိုတဲ့စိတ်သွင်းထားဖိုလိုပါတယ်။ာ်လှန်ရေးအောင်မြင်ဖိုအတွက်CDMersတွေဟာမရှိမဖြစ်Heroလူတန်းစားအနေနဲ့ရှိကိုရှိနေရမယ်။ငါတိုပါကိုပါရမယ်လိုဆုံးဖြတ်ထားဖိုလိုပါတယ်။အဲ့တော့ဒီမျှဝေထားတဲ့အချက်တွေကိုအတိုချုန်းရမယ်ဆိုရင်CDMလှုပ်ရှားမှုဟာတော်လှန်ရေးရဲ့သက်လုံဖြစ်တယ်။တော်လှန်ရေးအတွက်ငါတိုဟာစွန့်လွှတ်အနစ်နာခံရမယ်။တော်လှန်ရေးဆန္ဒမျှော်လင့်ချက်တွေရောင့်ရဲတင်းတိမ်မယ်။ဒုက္ခရောက်နေတာငါတိုပဲမဟုတ်ဘူးပြည်သူလူထုတစ်ရပ်လုံးဆိုတဲ့အမြင်ကိုမြင်ပေးရမယ်။တာ်လှန်ရေးကြီးဟာကျရှုးလိုမဖြစ်ဘူး။အောင်ကိုအောင်မြင်ရမယ်ဆိုတဲ့အဲ့အချက်တွေကိုကျနော့်အနေနဲ့မျှဝေလိုပါတယ်။ဟုတ်ကဲ့ ကျနော့်ရဲ့စကားဒီမှာတင်ပြီးဆုံးပါပြီခင်ဗျ။အဲ့တော့တော်လှန်ရေးကြီးသက်လုံကောင်းဖိုCDMတွေကိုထောက်ပံ့ကာကွယ်ပေးကြဖိုအားလုံးကိုတိုက်တွန်းရင်းကျနော့်ရဲ့စကားကိုအဆုံးသက်ခွင့်ပြုပါခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။

ဆရာမခွန်ကျာ(20:56 to 34:50)

မဂ်လာညနေခင်းပါရှင်။ပထမဦးဆုံးအနေနဲ့ကျွန်မကCDMနဲ့ပတ်သက်ပြီးတော့ပြောချင်တာကCDMရယ်မြိုပေါ်မှာသပိတ်မှောက်တာရယ် ဒီနှစ်ခုကတော့ကျွန်မတိုရဲ့တော်လှန်ရေးကိုပထမဦးဆုံးအစပြုခဲ့တာဖြစ်ပါတယ်။အဲ့ဒီ့အချိန်မှာလက်နက်ကိုင်တော်လှန်ရေးတောင်မစသေးပါဘူးပေါ့။အဲ့တော့CDMတွေလှုပ်ရှားမှုစလိုက်တာကြောင့်မိုလို တော်လှန်ရေးကိုအရှိန်အဟုန်နဲ့တာထွက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မိုဒီCDMတွေဟာအဲ့အချိန်တုန်းကအရမ်းကိုသင့်လျော်ခဲ့သလိုမရှိမဖြစ်လည်းဖြစ်ပါတယ်ဒါပေမယ့်နည်းနည်းကြာလာတဲ့အခါမှာ ကျွန်မစီမှာနောက်တစ်ခုရှိတာကဘာလဲဆိုရင်ဒီCDMတွေမှာNon CDMတွေကိုCDMလုပ်ဖိုDead lineပေးလိုက်တာဖြစ်ပါတယ်။dead lineပေးလိုက်ပြီးဘယ်နေ့မှအဆုံးသတ်လိုပြောလိုက်တဲ့အခါမှာလူတွေက၀န်ထမ်းတွေဆိုရင်အဖြူဒါမှမဟုတ်အမဲဆိုပြီးပဲဆုံးဖြတ်ရတော့တာဖြစ်ပါတယ်။ဒါပေမယ့်CDMတွေအပေါ်စကစရဲ့တုန့်ပြန်မှုဟာတစ်နေရာနဲ့တစ်နေရာမတူပါဘူး။လူနေထူထပ်တဲ့ဒီမြိုပေါ်တွေမှာတုန့်ပြန်မှုနဲ့နယ်စွန်နယ်ဖျားတွေမှာတုန့်ပြန့်မှုတွေဟာမတူပါဘူး။ဥပမာ ကျွန်မဆိုရင်ဗန်းမော်ကဖြစ်ပါတယ်။အဲ့တော့ဗန်းမော်လိုနေရာမျိုးမှာCDMတွေအပေါ်တုန့်ပြန်မှု ပြီးရင်အဲ့ဒီ့ထဲမှာမှရာထူးကြီးတဲ့သူတွေပါ၀င်တဲ့အခါမှာတုန့်ပြန်မှုတွေဟာမတူပါဘူး။အဲ့ဒီ့တော့မြိုပေါ်တွေမှာလူနေထူထပ်တဲ့နေရာတွေမှာရှောင်တိမ်းနိုင်တဲ့အခြေနေတွေရှိပေမယ့်လူနေပါးပီးတော့ ဘယ်အိမ်မှာဘာ၀န်ထမ်းရှိတယ်ဆိုတာကအစသိနေပြီးမြိုပေါ်ပတ်ပတ်လည်မှာရှိနေတဲ့တပ်အင်အားကမြိုနေလူထုနဲ့တန်းတူညီမျှမှုရှိနေတဲ့နေရာမျိုးတွေမှာဆိုရင်CDMတွေကNon CDMပြန်ဖြစ်သွားကြပါတယ်။ဘာဖြစ်လိုလဲဆိုရင်တော့ မိမိတိုရဲ့အသက်လုံခြုံရေး မိသားစုလုံခြုံရေး ဒီရာတွေဟာဘယ်သူမှအဲ့အချိန်မှာ အာမခံချက် မရှိပါဘူး။တစ်ချိုတော်တော်များများကCDMဆက်လုပ်ကြပြီးတော့တိုင်းရင်းသားလက်နက်ကိုင်အဖွဲတွေရှိတဲ့နေရာတွေကိုရှောင်တိမ်းသွားကြပါတယ်။ပြသာနာဟာဘာလဲဆိုရင်အဲ့ဒီ့CDMလုပ်တဲ့၀န်ထမ်းဟာ မိမိတိုရဲ့အိမ်ထောင်စုမှာ အိမ်ထောင်ဦးစီးဖြစ်တဲ့အခါမှာသားသမီးအများကြီးကိုတာ၀န်ယူရတဲ့အခါမှာဆက်ပြီးလုပ်ဆောင်ဖိုအတွက်အင်မတန်ခက်သွားပါတယ်။ဥပမာကျွန်မတိုဗန်းမော်ဆေးရုံဆိုရင်ဆရာ၀န်ကြီးတွေကအစအကုန်လုံးကCDMလုပ်ခဲ့ပါတယ်။ဒါပေမယ့် ဆေးရုံအုပ်ကိုကအစသူ့ရဲ့နေရာမဟုတ်တဲ့မြစ်ကြီးနားမြိုပေါ်မှာပြန်ရှာပြီးတော့ခြိမ်းခြောက်ခံရတဲ့အခါမှာပြန်ပြီးဆင်းလာရပါတယ်။သူ့မှာမိသားစုလည်းရှိတယ်။မိသားစုရှိတဲ့နေရာကိုပါလာပြီးတော့သူ့ကိုခြိမ်းခြောက်တဲ့အခါမှာသေနတ်နဲ့ကိုခြိမ်းခြောက်တဲ့အခါမျိုးမှာ ပြန်ဆင်းပြီးတော့ ေဆးရုံကိုပြန်ဖွင့်ပေးလိုက်ရပါတယ်။တခြားသောသူတွေလည်းပဲ ဒီလိုဖြစ်ခဲ့ပါတယ်။အဲ့ဒီ့တော့ ကျွန်မတိုရဲ့ဒီလိုနယ်စွန်နယ်ဖျားမြိုငယ်တွေမှာရှိနေတဲ့ကျောင်းအုပ်ဆရာမကြီးတိုဆရာဆရာမတွေတော်တော်များများဟာလည်းအစကCDMဖြစ်ခဲ့ပါတယ်။ဒါပေမယ့်ကယ်တမ်းလုံခြုံရေးအတွက်အရမ်းကိုတင်းကြပ်သွားတဲ့အခါမှာNon CDMပြန်ဖြစ်သွားပါတယ်။အဲ့ဒီ့အခြေနေမျိုးမှာ ဒီDead lineပေးလိုက်တဲါအခါမှာCDMတွေအတွက်ရောNon CDMတွေအတွက်ရောနှစ်ဖွဲလုံးအတွက်အရမ်းကိုအန္တရာယ်ရှိသွားပါတယ်။အခက်ခဲလည်းရှိတယ်။ဥပမာဆိုရင်လွယ်ကျယ်လိုနေရာမျိုးမှာဆိုရင်CDMမလုပ်တဲ့သူတွေကိုတော်လှန်ရေးရဲ့ဘက်တော်သားတွေကCDMမလုပ်ရကောင်းလားဆိုပြီးခြိမ်းခြောက်ခဲ့တာတွေရှိတယ်။အဲ့တော့CDMလုပ်လိုက်ပြန်ရင်လည်းစကစ ကနေပြန်ခြိမ်းခြောက်လာတယ်။နောက်ဆုံးကျတော့သူတိုတွေဟာနှစ်ဖက်လုံးကိုကြောက်ရလိုထွက်ပြေးသွားရတဲ့အခြေနေမျိုးတွေရောက်သွားကြရတာပေါ့။အဲ့တာကြောင့်မိုလို အခုလိုDead lineပေးလိုက်ပြီးအဖြူအမဲဆုံးဖြတ်လိုက်တဲ့လုပ်ရပ်မျိုးကိုကျွန်မအနေနဲ့အဲ့တုန်းကတော်တော်လေးလက်ခံလိုမရဘူး။အဲ့တာကတော့အဓိကပြသာနာဖြစ်တယ်ပေါ့။နောက်တစ်ခုကတော့Non CDMလုပ်ရင်းနဲ့လည်းအများကြီးကူညီပံ့ပိုးမှုရပါတယ်။ဘာဖြစ်လိုလဲဆိုရင်သူတိုအနေနဲ့Non CDMလုပ်တဲ့အခါမှာသူတိုရဲ့၀င်ငွေလစာထဲကရာခိုင်နှုန်းအချိုကိုCDMလုပ်ထားတဲ့သူတွေကိုကူညီပံ့ပိုးခဲ့ကြပါတယ်။သူတိုကိုယ်တိုင်တော့လုံခြုံရေးအရCDMမလုပ်နိုင်ပေမယ့် CDMလုပ်သွားတဲ့သူတွေရဲ့မိသားစုတွေကို ပံ့ပိုးပေးတာ စောက်ရှောက်ပေးတာ ကျန်းမာရေးကအစဂရုစိုက်ပေးတာမျိုးတွေအများကြီးရှိပါတယ်။အဲ့တော့Non CDMတွေကိုလိုက်ပြီးပြန်တိုက်ခိုက်တာမျိုးတွေရှိလာတဲ့အခါ အခုချိန်ထိဆိုရင် Non CDMတွေတစ်ချိုဟာအသက်သေဆုံးသွားတာတွေရှိတယ်။ထွက်ပြေးသွားရတာတွေရှိပါတယ်။အလုပ်အကိုင်တွေပျက်ပြီးဘ၀ပျက်သွားကြရတဲ့သူတွေလည်းရှိပါတယ်။ဒါတွေဟာကျွန်မတိုDead Lineပေးလိုက်တဲ့အပေါ်တုန့်ပြန်မှုတွေဖြစ်ပြီး ဒါတွေဖြစ်ပေါ်လာရတာဖြစ်တယ်။အကယ်၍Non CDMတွေကိုပါ လုံခြုံတဲ့ပုံစံနဲ့ထားပြီးတော့မှသူ့လူကိုယ့်ဘက်သားအနေနဲ့ထားမယ်ဆိုရင်တောင်မှအကယ်၍များNon CDMတစ်ယောက်ဟာ တစ်လကိုCDMတစ်ယောက်ကို၁သောင်းပဲပံ့ပိုးနိုင်တယ်ဆိုရင်တောင်မှ တော်တော်လေးပံ့ပိုးနိုင်မယ့်အခြေနေမှာတောင်ရှိတယ်။အဲ့တော့ကျွန်မအနေနဲ့ကတော့ ဒီNon CDMတွေအပေါ်တုန့်ပြန်မှုShamingလုပ်တဲ့အခါမျိုးမှာ Non CDMဖြစ်လိုshamingလုပ်တာမျိုးတိုက်ခိုက်တာမျိုးကိုလုံး၀လက် မခံနိုင်ခဲ့ဘူး။အခုလည်းလက် မခံသေးဘူး။အကယ်၍များNon CDMဟာသူကဒလန်ဖြစ်တယ်ဆိုတောင်မှတိကျတဲ့informatinနဲ့တိကျစွာပဲအရေးယူခြင်းမျိုးကိုစနစ်တကျနဲ့NUGကဦးဆောင်သွားရမယ်လိုယူဆတယ်။နောက်တစ်ခုကsectorရွေးချယ်တာဖြစ်တယ်။အခုဒီတော်လှန်ရေးမှာကျွန်မအနေနဲ့မြင်တာကတော့ CDMလုပ်တာကအစလူတန်းစားခွဲခြားမှုအမတန်များတယ်လိုယူဆတယ်ပေါ့။ဘာဖြစ်လိုလဲဆိုရင်ပညာရေးနဲ့ကျန်းမာရေးကိုပဲအရမ်းကိုဖိအားပေးပြီးတော့မှဒီCDMကိုလုပ်ဖိုအတွက်ဖိအားပေးခဲ့ကြတယ်။ပညာရေးကိုဆိုရင်လည်းတစ်သက်လုံးကဒီဆရာဆရာမတွေကိုဘုရားနဲ့တစ်ဂိုဏ်းထဲထားပါတယ်လိုပြောပြီး ဒီအခြေနေကျမှအကြောင်းအမျိုးမျိုးကြောင့်Non CDMလုပ်သွားရတဲ့သူတွေCDMမလုပ်နိုင်တဲ့သူတွေကိုအင်မတန်မှတိုက်ခိုက်တာတွေတွေ့ရပါတယ်။ဒါပေမယ့်ဒီအခြေနေမှာအုပ်ချုပ်ရေးရုံးတိုအခွန်နဲ့ဘဏ္ဏာတိုစီမံဘဏ္ဏာတိုဒီ၀န်ကြီးဋ္ဌာနအသီးသီးမှာရှိနေတဲ့Non CDMတွေကိုကျတော့ဘယ်သူမှလည်းတိုက်ခိုက်တာတွေမရှိဘူး။ပြီးရင်CDMလုပ်လာအောင်စွဲဆောင်စည်းရုံးတာရောခြိမ်းခြောက်တာရောPull sectorရောPush sectorရောနှစ်မျိုးစလုံးမလုပ်ကြဘူးပေါ့။အဲ့ဒီ့တော့ဖိပြီးနိုင်တာကအထူးသဖြင့်အမျိုးသမီးများတဲ့ကျန်းမာရေးဋ္ဌာနနဲ့ပညာရေးဋ္ဌာနကိုပဲအတင်းဖိအားပေးနေတာကိုတွေ့တဲ့အတွက်ကြောင့်မိုလိုဒါဟာGenderလည်းဖြစ်တယ်။နောက်တစ်ခုကတော့၀င်ငွေအနည်းဆုံးနဲ့လူထုနဲ့အနီးစပ်ဆုံးsectorနှစ်ခုကိုဖိပြီးတွန်းနေတာဖြစ်တဲ့အတွက်ကြောင့် ဒါဟာပြောရမယ်ဆိုရင် ၀န်ထမ်းအချင်းချင်းထဲမှာတောင် အီလစ်တွေကိုဒီတိုင်းလွှတ်ထားပေးပြီးတော့မှအီလစ်မဟုတ်တဲ့လူထုနဲ့အနီးစပ်ဆုံး၀န်ဆောင်မှုပေးနေတဲ့sectorတွေကိုဖိအားပေးနေတာကျွန်မအနေနဲ့လက်ခံဖိုအမတန်ခက်ပါတယ်ပေါ့။အဲ့တော့CDMတွေအနေနဲ့အခွင့်အလမ်းရှိလားလိုပြောတဲ့အခါမှာခုနတုန်းကပေါ့ ဒီCDMတွေသာမရှိဘူးဆိုရင်ဒီတော်လှန်ရေးကိုအလုံးရင်းနဲ့တာထွက်ကောင်းခဲ့မှာမဟုတ်ဘူးပေါ့။ဘာဖြစ်လိုလဲဆိုရင်မြိုပေါ်တော်လှန်ရေးတစ်ခုပဲဖြစ်ခဲ့တယ်။အဲ့အချိန်တုန်းကသပိတ်ပဲမှောက်သေးတယ်ပေါ့။CDMတွေဟာNon Violentလည်းဖြစ်တဲ့အတွက်ကြောင့်မိုလိုဒါလည်းလက်ခံလိုရတာဖြစ်တယ်။ပြီးရင်တော့တော်တော်လေးထိရောက်တာကိုတွေ့ရတယ်ပေါ့နော်။ဒါကြောင့်မိုကျွန်မအနေနဲ့ကတော့အခုချိန်ထိCDMကိုလုပ်သင့်တယ်ပေါ့။နောက်တစ်ခါလည်းပြန်ပြီးစည်းရုံးပြီးတော့လုပ်သင့်တယ်လိုယူဆတယ်။ဒါပေမယ့်ဒီအချိန်မှာတော့Non CDMတွေကိုShamingလုပ်တာမျိုးSPလုပ်တာမျိုးမဟုတ်ပဲနဲ့တော်လှန်ရေးမှာတစ်ဖက်တစ်လမ်းကနေပံ့ပိုးမှုတွေဖြစ်လာအောင်ဆွဲဆောင်ဖိုလိုသလို ပြီးရင်လည်းCDMလုပ်ကိုလုပ်ရမယ့်Sectorတွေကိုကျွန်မတိုအနေနဲ့နည်းလမ်းရှာပြီးစည်းရုံးတယ်ပဲပြောပြောတွန်းအားပေးတယ်ပဲပြောပြောတစ်ဖက်တစ်လမ်းကနေလုပ်ဆောင်ရတာတွေရှိကောင်းရှိပါလိမ့်မယ်။ဒါတွေကိုအထူးသဖြင့်SOEလိုပြောတဲ့Sate-Owned Enterpriseဖြစ်တဲ့ရေနံနဲ့သဘာ၀လိုမျိုးကျောက်စမ်းနဲ့ကျောက် မြတ်ရတနာလိုမျိုးsectorတွေဟာအခုချိန်ထိလည်းစကစ ကို၀င်ငွေအကြီးအကျယ်ရှာပေးနေတဲ့ကဏ္ဏတွေဖြစ်တယ်။ဒါကြောင့်အဲ့လိုsectorမျိုးတွေကိုtargetထားပြီးတော့လုပ်ဆောင်ရမယ်လိုယူဆတယ်ပေါ့။ဘာလိုပြောလဲဆိုရင်အခုချိန်ထိကိုကုမဏ္ဏီတွေဟာကောင်းကောင်းလည်ပတ်နေသေးတာတွေရှိတယ်ပေါ့နော်။နောက်တစ်ခုကတော့CDMလုပ်ခဲ့တဲ့၀န်ထမ်းတွေကိုကောင်းကောင်းမွန်မွန်အသုံးချနိုင်ခဲ့လားလိုပြောရင်တော့ဒီCDMလုပ်လိုက်တဲ့အတွက်ကြောင့်မိုလိုသူ့ရဲ့၀န်ကြီးဋ္ဌာနကနေအင်အားလျော့သွားတဲ့အတွက်ကြောင့် ပြီးရင်အစိုးရကိုကန့်ကွက်တဲ့အတွက်ကြောင့်မိုလိုအမြတ်တစ်ခုတော့ရခဲ့ပါတယ်။ဒါပေမယ့်သူတိုတွေဟာဒီတိုင်းငုတ်တုတ်ထိုင်နေရမယ့်ဟာမျိုးမဟုတ်ပဲနဲ့သူ့နည်းသူ့ဟန်နဲ့စွမ်းဆောင်နိုင်တဲ့ပညာအရည်အချင်းပြည့်၀တဲ့သူတွေဖြစ်တယ်။ဒါပေမယ့်ဒီလူထု၀န်ဆောင်ရေးမှာသူတိုတွေကိုကောင်းကောင်းမွန်မွန်အသုံးချနိုင်သလားလိုပြောရင်တော့အသုံးမချနိုင်ဘူးလိုပြောရမှာပဲဖြစ်တယ်။ဥပမာအခုအခြေနေမှာဆိုရင်CDMလုပ်ထားတဲ့၀န်ထမ်းတွေအထူးသဖြင့်ကျန်းမာရေးကဏ္ဏက၀န်ထမ်းတွေဆိုရင်မြိုပေါ်မှာအများကြီးရှိတယ်။ဒါပေမယ့်သူတိုဟာဆေးမကုနိုင်ဘူး။ဆေးကုလိုက်တာနဲ့သူတိုအနေနဲ့ပြန်ပြီးတော့အန္တရာယ်ရှိနိုင်တယ်။ဥပမာပြောရရင်CDM nurseလိုပြောရင်ဖမ်းဆီးခံရမယ့်အန္တရာယ်ရှိပြန်တယ်။ထောက်ပံ့မှုကိုမဆိုလိုဘူး။ကိုယ့်ဟာကိုယ်ရှာစားလိုရပါသေးတယ်။ဒါပေမယ့်သူတိုကိုအလုပ်ဘယ်သူခန့်မလဲ။သူတိုကိုအလုပ်ခန့်မယ့်သူမရှိဘူး။ပြီးရင်ဆေးရုံဆေးခန်းတွေမှာပြန်ပြီးသွားလုပ်တယ်ဆိုရင်တောင်မှ သူတိုမှာကျီးကြည့်ကြောင်ကြည့်နဲ့လုံခြုံရေးကိုကြောက်နေရတာဖြစ်တယ်။နောက်တစ်ခုကNGOလိုနေရာမျိုးတွေမှာအလုပ်လျှောက် မယ်ဆိုရင်တောင်မှလက်ရှိ ဆမ ပေါ့ ဒါမှမဟုတ်လိုင်စင်သက်တမ်းရှိလားဆိုတဲ့အရာက ထိပ်ဆုံးကဖြစ်ပါတယ်။လိုင်စင်သက်တမ်းမရှိဘူးCDMမှန်းသိတယ်ဆိုရင်NGOတွေကအစသူတိုအနေနဲ့ဒီ၀န်ထမ်းတွေကိုခန့်ထားတဲ့အခါမှာအကန့်သက်ကရှိနေတယ်ပေါ့။အထူးသဖြင့်မြိုပေါ်မှာခန့်မယ်ဆိုရင်အကန့်သက်ကရှိနေတယ်ပေါ့။ဒါကြောင့်မိုဒီနေရာမျိုးတွေမှာသူတိုတွေကိုအလုပ်ခန့်နိုင်ဖိုဆိုပြီးလော်ဘီလုပ်ပေးတာမျိုးတွေလည်းမရှိဘူး။ပြီးရင်welcomeလုပ်ဖိုအနည်းဆုံးကတော့မိမိတိုရဲ့လုပ်ငန်းကဏ္ဏတွေကိုယ်ပိုင်လုပ်ငန်းတွေမှာပါ အလုပ်ခန့်ပေးဖို ကျွန်မတိုအနေနဲ့ဘယ်သူ့ကိုမှမတိုက်တွန်းနိုင်မစည်းရုံးနိုင်တဲ့အခါမှာဒီCDMတွေဟာ ၁ ကတော့၀န်ကြီးဋ္ဌာနကနေထွက်ခါရတယ် ၂ ကတော့မိမိတိုရဲ့အလုပ်အကိုင်ပျက်ဆီးသွားတယ်။တတိယတစ်ခုကတော့မိမိတိုရဲ့လုံခြုံရေးအတွက်riskရှိတဲ့အပြင်ကိုနောက်ထပ်မိမိတိုရဲ့အနာဂါတ်မှာဘာလုပ်စားကြမလဲဆိုတာ အမတန်မှအခက်ခဲရှိတယ်ပေါ့။နောက်တစ်ခုကဒီsectorလိုပြောတဲ့အခါမှာဘဏ္ဏာငွေဖြုန်းပေးမယ့်၀န်ကြီးဋ္ဌာနတွေကိုတောါ ဘဏ္ဏာငွေဖြုန်းပေးစေချင်တယ်ပေါ့။ဥပမာအားဖြင့်ကျန်းမာရေး၀န်ကြီးဋ္ဌာနဆိုရင်ပြည်သူ့ဘဏ္ဏာကိုဖြုန်းပေးနိုင်တဲ့၀န်ကြီးဋ္ဌာနတစ်ခုဖြစ်တယ်ပေါ့။အဲ့မှာကျန်းမာရေး၀န်ကြီးဋ္ဌာနကနေCDMကိုအများကြီးလုပ်သွားတဲ့အခါမှာဘဏ္ဏာငွေကိုလစာနဲ့ဖြုန်းပေးမယ့်နေရာမှာတောင်တော်တော်လျော့သွားတယ်ပေါ့။အကယ်၍များအကုန်လုံးကမထွက်ပဲနဲ့CDMမလုပ်ပဲနဲ့အ၀င်ပြပြီးတော့လစာထုတ်ပြီးတစ်ဖက်ကနေတော်လှန်ရေးကိုပံ့ပိုးမယ်ဆိုရင်တောင်တော်တော်လေးကိုထိရောက် မယ်လိုယူဆမိတယ်ပေါ့။အကုန်လုံးကိုတော့မဆိုလိုဘူး။သိုသော်လည်းပဲအဲ့လိုမျိုးဖရဲသီးတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့။ဒါပေမယ့်ကျွန်မတိုအဲ့တာကိုလုပ်ငန်းစဥ်တစ်ခုအနေနဲ့မဖော်ထုတ်ထားတဲ့အခါကျတော့CDMလားNon CDMလားဆိုပြီးခွဲခြားနှစ်ခုလုပ်လိုက်တဲ့အခါမှာCDMနဲ့Non CDMကိုရန်တိုက်ပေးတဲ့သဘောမျိုးလည်းဖြစ်သွားသလိုပြည်သူလူထုကနေလည်းဒီနှစ်ဖွဲရဲ့ကြားထဲမှာပြန်ပြီးတုန့်ပြန်ကျတဲ့ပုံစံတွေကလည်းမတူကြတော့ဘူးပေါ့နော်။ဒါတွေကိုကျွန်မတိုမြင်ရတယ်ပေါ့။နောက်တစ်ခုကတော့ကျွန်မတိုလွတ်မြောက်နယ်မြေကိုရောက်လာတဲ့CDMတွေအများကြီးရှိပါတယ်။သူတိုတွေစီမှာလည်းလုပ်နိုင်စွမ်းတွေအများကြီးရှိတယ်။ဒါပေမယ့်ပြသာနာကသူတိုဒီလွတ်မြောက်နယ်မြေကိုရောက်တဲ့အခါမှာလည်းဘယ်မှာသွားနေရမလဲ ပြီးရင် ဘယ်လိုမျိုးရပ်တည်ရမလဲ ဘယ်လိုမျိုးနေရာမှာ၀န်ဆောင်မှုပေးရမလဲဆိုတာတွေကိုဘက်ဂျက်ကြောင့်လုပ်ဆောင်ဖိုအခက်ခဲတွေရှိတယ်လိုယူဆလိုရပေမယ့်လည်းအကယ်၍များNUGကနေမိမိတိုရဲ့မဟာမိတ်ဖြစ်တဲ့ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းတွေဒါမှမဟုတ်ဒေသအဖွဲအစည်းတွေနဲ့ကောင်းကောင်းမွန်မွန်ညှိနှိင်းဆောင်ရွတ်ပြီးတော့မှအသုံးချမယ်ဆိုရင်ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းတွေမှာအများကြီးအသုံးချလိုရနိုင်တာတွေရှိပါတယ်။အခုလောလောဆယ်ကတော့NUGကဟိုဘက်ပုတ်လိုက်ပြီးရင်ဒီဘက်ကိုပုတ်လိုက်လိုဆိုတဲ့အခါမှာ ဟိုဘက်သွားရမလိုဒီဘက်သွားရမလိုယောင်လည်လည်နဲ့လမ်းပျောက်နေကြတဲ့သူတွေအများကြီးရှိတယ်ပေါ့။လွတ်မြောက်နယ်မြေကိုရောက်ရင်တောင်မှာ ဘယ်နားမှာခိုလှုပြီးဘယ်လိုနေရမလဲဆိုတာအခက်ခဲရှိတယ်။အဲ့တော့ပံ့ပိုးမှုလိုပြောရင်လည်း ကျွန်မတိုကချင်ကိုရောက်လာတဲ့အခုကျွန်မနေတဲ့နေရာကိုရောက်လာတဲ့CDMတွေအတွက်ဆိုရင် တစ်လတစ်လအလျင်မှီအောင်ပံ့ပိုးပေးနိုင်ဖိုကအမတန်ကိုခက်တယ်ပေါ့။ဥပမာဆရာ၀န်ရှိပေမယ့် အဲ့ဆရာ၀န်ရဲ့နေထိုင်စားသောက် မှုကိုတာ၀န်ယူပေးနိုင်မယ့်သူကမရှိဘူး။အကယ်၍ရှိတယ်ဆိုရင်တောင်မှသူတိုတွေအသွုးပြုရမယ့်ဆေးဝါးတွေကိုတာ၀န်ယူပေးမယ့်သူမရှိတဲ့အခါမျိုးတွေမှာအင်မတန်အခက်ခဲရှိပါတယ်။ဒါကြောင့်မိုကျွန်မတိုမြန်မာပြည်သူလူထုတွေကလည်းCDMတွေကိုလေးစားပါတယ်တိုCDMတွေကိုအလေးပြုပါတယ်တိုပြီးရင်ဒီCDMတွေကိုဂုဏ်ယူပါတယ်လိုပြောမယ့်အစားလက်တွေ့ကျတဲ့CDMတွေကိုဂုဏ်သိက္ခာရှိရှိနဲ့ရပ်တည်နိုင်ဖိုနဲ့၉န်ဆောင်မှုလုပ်ငန်းတွေလုပ်ဆောင်နိုင်ဖိုNUGကနေဦးဆောင်ပြီးတော့ ယန္တရားတွေချမှတ်ပြီးလုပ်ဆောင်စေချင်တယ်ပေါ့။ဘာလိုလဲဆိုရင်NUGရဲ့၀န်ကြီးဋ္ဌာနတွေကနေ ဥပမာ ကျန်းမာရေး၀န်ထမ်းဆို ကျန်းမာရေး၀န်ကြီးဋ္ဌာန ပညာရေး၀န်ထမ်းဆိုပညာရေး၀န်ကြီးဋ္ဌာန အဲ့လိုမျိုးနဲ့တာ၀န်ယူပြီးလုပ်ဆောင်သွားမယ်ဆိုရင်CDMတွေဦးဆောင်တဲ့ကျောင်းတိုဆေးရုံတိုဆိုတာအများကြီးလုပ်ဆောင်နိုင်တာဖြစ်ပါတယ်။အဲ့တာကြောင့်မလိုCDM၀င်ကြဖိုတိုက်တွန်းခဲ့ကြတဲ့ ဒေါက်တာဇော်ဝေစိုးတိုစသဖြင့်လူကြီးတွေကိုကျွန်မအနေနဲ့တောင်းဆိုချင်တာပေါ့။ကိုယ့်ကြောင့်မို တစ်တက်တစ်အားပါ၀င်ခဲ့ကြတဲ့ဒီCDM၀န်ထမ်းတွေကိုစိတ်ဓာတ်မကျစေဖိုအတွက်ဆက်ပြီးထောက်ပံ့ပေးဖိုအမတန်မှအရေးကြီးတယ်လိုလည်းပြောချင်ပါတယ်။ကျေးဇူးတင်ပါတယ်။

ကိုဝေယံစိုး(35:04 to 42:59)

  ဟုတ်ကဲ့အားလုံးပဲမဂ်လာပါခင်ဗျာ။ကျနော်ကတော့ဝေယံစိုးပါ။လက်ရှိကတော့CDMလုပ်ထားတဲ့မူလတန်းပြကျောင်းဆရာတစ်ဦးဖြစ်ပါတယ်။ဆိုတော့ခုနတုန်းကကျနော်တိုရဲ့ရဲဘော်ရဲဘက်လိုပဲပြောပြောတော်လှန်နေတဲ့ပြည်သူလူထုလိုပဲပြောပြော ၀င်ရောက်ဆွေးနွေးသွားတာအမတန်အားရစရာကောင်းပါတယ်ခင်ဗျာ။တကယ်လည်းမြေပြင်မှာပကတိကျနော်တိုCDM၀န်ထမ်းတွေရင်ဆိုင်ကြုံတွေ့နေရတာတွေအခက်ခဲတွေစိန်ခေါ်မှုတွေကိုအကုန်ပြည့်ပြည့်စုံစုံနဲ့ဆွေးနွေးပေးသွားတာကျနော့်အနေနဲ့အများကြီးဂုဏ်ယူမိပါတယ်။ဆိုတော့ပထမအနေနဲ့ကျနော်ဆွေးနွေးချင်တာကလက်ရှိမြေပြင်မှာလည်းကြုံတွေ့နေရတာကdiscriminationပြသာနာပေါ့။Discriminationပြသာနာက အခုကျနော်တိုပြည်သူလူထုတွေကဘာပြောခဲ့ကြတာလဲဆိုရင်သပိတ်ကာလတွေမှာ သူတိုကိုယ်တိုင်တာ၀န်ခံပါမယ်။ကျွေးထားပါမယ်။မွေးထားပါမယ်ဆိုတဲ့ဆောင်ပုဒ်တွေနဲ့အများကြီးကြွေးကြော်ခဲ့ကြတယ်။ကြွေးကြော်ခဲ့ကြသလိုအခုချိန်မှာဘယ်လိုမျိုးစိန်ခေါ်မှုတွေဖြစ်လာသလဲဆိုရင်ကျနော်တို၀န်ထမ်းတွေCDM၀န်ထမ်းဖြစ်ပြီဆိုရင်မဆက်ဆံချင်သလိုလိုမခေါ်ချင်သလိုလိုမပြောချင်သလိုလို ပြီးတော့ သူတိုနဲ့အရောတ၀င်သွားလုပ်ရင်ကို ကိုယ်ကပဲရာဇ၀တ်ကောင်ကြီးဖြစ်သွားသလိုလိုဒီလိုမျိုးဟာတွေဟာသူတိုအနေနဲ့တကယ်ကိုမလုပ်သင့်ဘူးလိုကျနော့်အနေနဲ့ယူဆတယ်။ဘာကြောင့်ဒီလိုပြောလဲဆိုရင်ကျနော်တိုCDM၀န်ထမ်းတွေကဘယ်လိုမျိုးခံယူချက်ရှိလဲဆိုရင် ဟုတ်တယ် ကျနော်တိုခံယူထားတာကတော့ခံယူထားတယ်။ဒါပေမယ့်လက်ရှိမြေပြင်မှာကြုံတွေ့နေရတဲ့အခက်ခဲတွေစိန်ခေါ်မှုတွေကိုဘယ်သူတွေကကုစားပေးမှာလဲ။ဘယ်သူတွေကရင်ဆိုင်ဖြေရှင်းပေးမှာလဲဆိုတာ ကျနော်တိုတကယ်ကိုစဥ်းစားစရာဖြစ်တယ်ပေါ့လေ။ခုနတုန်းကပြောတဲ့ကျနော်တိုခံယူချက်တွေ CDM၀င်တယ်ဆိုတာ လိပ်ပြာသန့်တယ်ဆိုတာက ဒါကတစ်ပိုင်းပေါ့လေ။ဒါပေမယ့်ကျနော်တိုမြေပြင်မှာလက်ရှိကြုံတွေ့နေရတဲ့အခက်ခဲတွေစိန်ခေါ်မှုတွေကိုပြည်သူလူထုအားလုံးကဝိုင်းဝန်းပြီးပူးပေါင်းပါ၀င်ပေးမှရမယ်လိုဒီနေရာကနေအလေးအနက်ပြောကြားချင်ပါတယ်။ခုနတုန်းကအကိုတိုအဖွင့်စကားပြောသွားတာနားထောင်ပြီး ၃ပိုင်းခွဲပြီးမြင်မိတယ်။ဒါဟာဘာလဲဆိုရင်စစ်သားCDMနဲ့ကျနော်တိုဒီဘက် မှာရှိနေတဲ့ပညာရေး၀န်ထမ်း ကျန်းမာရေး၀န်ထမ်းအစရှိသဖြင့်ပေါ့လေပြန်ပြီးပြောမယ်ဆိုရင် အရပ်သားCDM၀န်ထမ်းတွေပေါ့လေ။အဲ့နှစ်ခုရဲ့ကွာခြားချက်ကိုလည်းဒီကာလမှာသွားပြီးတော့တွေ့ရတယ်။စစ်တပ်ထဲကCDM၀န်ထမ်းတွေဆိုရင်နည်းနည်းလေးအခွင့်အရေးပိုရနေသလိုဖြစ်နေတာမျိုးတွေကျနော်တိုအရပ်ဘက်ကCDM၀န်ထမ်းတွေကိုဘယ်လိုမှတန်ဖိုးမရှိတဲ့ပြောဆိုမှုတွေပြောဆိုနေတာတွေကပြည်သူလူထုအနေနဲ့ရောကျနော်တိုတော်လှန်ရေးအင်အားစုတွေအနေနဲ့ရောဘယ်လိုမှမပြောသင့်တဲ့စကားလုံးတွေလိုကျနော်ကတော့မှတ်ယူတယ်။ဘယ်လိုပဲဖြစ်ဖြစ်ကျနော်တိုCDMဖြစ်သည်နဲ့အညီတန်းတူအခွင့်အရေးရရမယ်။တူညီတဲ့အခွင့်အရေး အခွင့်အရေးလိုတော့ဒီနေရာမှာမသုံးချင်ပါဘူး။တူညီတဲ့ဆက်ဆံရေးတွေရသင့်တယ်လိုကျနော့်အနေနဲ့ယူဆတယ်။ပြီးတော့ခုနတုန်းကလည်းဆရာမတစ်ယောက်ပြောသွားတယ်ပေါ့လေ။ဒီနိုင်ငံရေးခေါင်းဆောင်တွေရဲ့ပြောကြားချက်တွေအပေါ်ပေါ့။နိုင်ငံရေးခေါင်းဆောင်တွေက CDMလုပ်ကြပါ CDMလုပ်ကြပါ။CDMလုပ်ကြလိုNUGကနေCRPHကနေဒီလိုဒီလိုတွေလုပ်ပေးပါ့မယ်ဆိုပြီးအာမခံချက်တွေပေးထားခဲ့တယ်ပေါ့လေ။အဲ့အာမခံချက်တွေကအခုဘယ်လိုမျိုးဖြစ်လာပြီလဲဆိုတာကိုဒီနေရာမှာစဥ္းစားစရာတွေမေးခွန်းထုတ်စရာတွေအများကြီးဖြစ်လာခဲ့တယ်။ပြီးတော့ခုနတုန်းကလည်းဆရာမလည်းဆွေးနွေးသွားတယ်ပေါ့လေ။CDMနဲ့Non CDMကိုခွဲလိုက်တယ်ပေါ့လေ။အဲ့လိုခွဲလိုက်တဲ့အခါဘယ်လိုမျိုးဖြစ်သွားလဲဆိုတော့CDMမလုပ်ရင်Non CDMပေါ့လေ။ဒါပေမယ့်ကျနော်မြင်တာကတော့ဒါဟာမလုပ်သင့်တဲ့အလုပ်လိုကျနော်ကတော့မြင်တယ်။ဘာဖြစ်လိုလဲဆိုရင်ပွင့်ပွင့်လင်းလင်းပြောရရင်ကျနော်တိုကNon CDMတွေကိုဆွဲခေါ်ရမယ်လိုကျနော့်အနေနဲ့မြင်မိတယ်။သူတိုကိုကျနော်တိုဘက်ပါအောင်ဘယ်လိုမျိုးဆွဲခေါ်သင့်တယ်စည်းရုံးသင့်တယ်ဆိုတာကိုစဥ်းစားဖိုလိုတယ်လိုကျနော်ကတော့မြင်တယ်။သူတိုကိုလက်နက်ပြပြီးခြိမ်းခြောက်CDMလုပ်ခိုင်းခြင်းဟာယာယီမျှသာဖြစ်တယ်။တကယ်စစ်မှန်တဲ့CDMဖြစ်လာလိမ့်မယ်လိုကျနော်ကတော့မမျှော်လင့်ဘူးပေါ့လေ။ဒါတစ်ခုပြောချင်တယ်။နောက်တစ်ခုကကျနော်လည်းအမြဲပြောဖြစ်ပါတယ်။institutionပြသာနာပေါ့လေ။ကျနော်တိုကအဲ့စနစ်ကိုမကြိုက်ဘူး။ပြီးတော့လက်ရှိလုပ်နေတဲ့စစ်ကောင်စီကိုလည်းကျနော်တိုကမကြိုက်ဘူး။မကြိုက်တဲ့အတွက်စစ်ကောင်စီနဲ့ယှဥ်ပြိုင်ပြီးinstitutionတွေကောင်းကောင်းတည်ဆောက်ရမယ်လိုကျနော်ကတော့မြင်တယ်။ဒါမှသာကျနော်တိုရဲ့institutionတွေကိုချပြနိုင်မှသာတစ်ဖက် မှာရှိတဲ့Non CDMတွေကိုဘယ်လိုစည်းရုံးရမယ် သိမ်းသွင်းရမယ် သူတိုရဲ့institutionထက်သာနေမှသာလျှင်ကျနော်တိုဘက်Autoပါလာလိမ့်မယ်လိုကျနော်ကတော့မျှော်လင့်မိတယ်ပေါ့လေ။ဒါကတော့Non CDMတွေနဲ့ပတ်သက်တဲ့ကိစ္စတစ်ခုဖြစ်တယ်ပေါ့။ကျနော်ကတော့လက်ရှိပညာရေး၀န်ထမ်းဖြစ်တယ်။ပညာရေး၀န်ထမ်းဖြစ်တဲ့အတွက်ကျနော်တိုတိုင်းမှာဖြစ်နေတဲ့ပြသာနာလေးတစ်ချိုကိုဒီနေရာမှာမျှဝေချင်တယ်။ဆိုတော့ကျနော်တိုတနသ် ာရီတိုင်းဘက် မှာဆိုရင်အထူးသဖြင့်ကျနော်ကပညာရေး၀န်ထမ်းဖြစ်တယ်ဆိုတော့ပညာရေးနဲ့ပတ်သက်ပြီးဘယ်လိုမျိုးစိန်ခေါ်မှုတွေအခက်ခဲတွေဖြစ်နေသလဲဆိုရင်အခုဆိုရင်ကျနော်တိုတိုင်းဘက် မှာရှိနေတဲ့ပညာရေး၀န်ထမ်းတွေကတစ်ဖက်ထိုင်းနိုင်ငံကိုသွားပြီးသွားရောက်အလုပ်လုပ်ကိုင်နေရတဲ့အနေအထားတွေရှိနေတာပေါ့လေ။ဆိုတော့အဲ့လိုမျိုးသွားရောက်လုပ်ကိုင်ကြတဲ့အခါမှာ အခက်အခဲတွေစိန်ခေါ်မှုတွေအများကြီးရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာသူတိုကိုကူညီပေးမယ့်သူလည်းမရှိဘူး။ဖေးမပေးမယ့်သူလည်းမရှိဘူး။အဲ့လိုမျိုးအခက်ခဲတွေကိုတွေ့ရတယ်။ဟိုရောက်ပီဆိုရင်အလုပ်အကိုင်အခွင့်အလမ်းရှာဖွေဖိုအတွက်ဘယ်သူ့အကူညီတောင်းရမလဲမသိတဲ့ပြသာနာတွေပြီးတော့လမ်းမှာဖမ်းမိပြီဆိုရင်လည်းဒီဘက်မြန်မာနိုင်ငံကိုပြန်ပိုတဲ့ပြသာနာတွေရှိတယ်။ပြီးတော့ထိုင်းကိုရောက်သွားပြီဆိုတာနဲ့အလုပ်သမားဖြစ်သွားပြီ။အလုပ်သမားဖြစ်သွားပြီဆိုတာနဲ့အဲ့မှာရှိတဲ့မြန်မာတွေကလည်းအလုပ်သမားနည်းတူဆက်ဆံမှာပဲ။အဲ့လိုဆက်ဆံခံရတဲ့အတွက်သူတိုဟာအလုပ်သမားဥပဒေချိုးဖောက်ခံရတာတွေလူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကြုံတွေ့နေရတာပေါ့လေ။အဲ့လိုဟာတွေကိုကျနော်တိုကဘယ်လိုမျိုးဖြေရှင်းကြမလဲဆိုတဲ့စဥ်းစားမှုတွေဟာမရှိသလောက် ကျနော်တိုကြုံတွေ့နေရတယ်။ပြီးတော့လုပ်ငန်းရှင်တွေအနေနဲ့CDM၀န်ထမ်းဖြစ်တယ်ဆိုရင်ဘယ်လိုမျိုးအလုပ်မခန့်ဘူး။သူတိုကိုကျနော်တိုအလုပ်မှာမခန့်နိုင်ဘူးစတာတွေအများကြီးကြုံတွေ့နေရပါတယ်။အဲ့တာတွေကိုကျနော်တိုပြည်သူလူထုတွေကရော ကျနော်တိုအစိုးရလိုသတ်မှတ်ထားတဲ့NUGအနေနဲ့ရောဘယ်လိုမျိုးဖြေရှင်းမလဲဆိုတာကိုစဥ်းစားစေချင်တယ်။ပြီးတော့အခုချိန်မှာဆိုရင်သင်ကြားရေးလုပ်ငန်းတွေလုပ်ကြတယ်။သင်ကြားရေးလုပ်ငန်းတွေလုပ်တဲ့အခါမှာဆိုရင်လည်း ဖမ်းဆီးခြိမ်းခြောက်အရေးယူမှုတွေနဲ့ကြုံတွေ့နေရတယ်။သေချာပါတယ် ဒါတွေဟာကျနော်တိုCDM၀န်ထမ်းတွေရော ပြည်သူလူထုတစ်ရပ်လုံးရောရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်ခဲဆိုတာနားလည်ပါတယ်။ဒါပေမယ့်ဒီပြသာနာကိုကျနော်တိုCDM၀န်ထမ်းတွေနဲ့ပြည်သူလူထုပေါင်းပြီးဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတာအဖြေထွက် မှရတော့မယ်လိုကျနော်ကတော့မြင်ပါတယ်။အနှစ်ချုပ်အနေနဲ့ပြောရရင်ကျနော်ပြောသွားတဲ့ဟာတွေကမြေပြင်မှာကြုံတွေ့နေရတဲ့အခက်ခဲတွေစိန်ခေါ်မှုတွေဖြစ်ပါတယ်။သိုသော်လည်းCDM၀န်ထမ်းတစ်ယောက်ဖြစ်တဲ့အတွက်လိပ်ပြာသန့်တယ် တော်လှန်ရေးသမားတစ်ယောက်အနေနဲ့ရောCDMသမားတစ်ယောက်အနေနဲ့ရောဒီလိုမျိုးခံယူပါတယ်ဆိုတာကတော့တစ်ပိုင်းပေါ့လေ။ခုနတုန်းကပြောသွားတဲ့အခက်ခဲတွေကိုဘယ်လိုမျိုးအားလုံးဝိုင်းပြီးအဖြေရှာစဥ်းစားကြမလဲဆိုတာကျနော့်အနေနဲ့အလေးထားပြီးတိုက်တွန်းချင်ပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။

ဂျေစင် (43:40 to51:20)

     ဟုတ်ကဲ့အားလုံးမဂ်လာပါ။ကျနော်ဂျေစင်ပါ။DYCကပါ။ကျနော်ဒီမှာရှေ့ကဆရာ ဆရာမ၃ဦးဆွေးနွေးသွားတာကိုသေသေချာချာထိုင်ပြီးစဥ်းစားဖြစ်ပါတယ်။ဒါပေမယ့်ဒီနေရာမှာပြတ်ပြတ်သားသားပြောချင်တာကတော့CDMရဲ့ပေးဆပ်မှုတွေကဘယ်လိုမျိုးထိုက်တန်မှုရှိလဲဆိုတာ ဒီဟာနဲ့ပတ်သက်ပြီးတော့ကျနော်သိတ်ပြီးတော့စိတ်မ၀င်စားပါဘူး။ကျနော်စိတ်၀င်စားတာကတော့ ထိုက်တန်မှုရှိအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ခေါင်းစဥ်မျိုးဖြစ်ပါတယ်။ကျနော်တိုတွေဟာCDMစလုပ်လာခဲ့တယ်။စလုပ်လာခဲ့တဲ့အချိန်ကနေစပြီးတော့ကျနော်တိုတွေCDMလုပ်တဲ့အခါမှာတော်လှန်ရေးစတဲ့ တော်လှန်ရေးအစပထမသည်CDMဖြစ်ပါတယ်။သိုပေမယ့်CDMစကြပါလိုပြောပြီးတဲ့သကာလCDMနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေနောက်ပြီးတော့ခေါင်းဆောင်မှုပေးနိုင်မယ့်ပုဂ္ဂိုလ်တွေကိုအကြမ်းဖက်အမည်ခံ အကြမ်းဖက်အဖွဲတွေကခေါင်းဆောင်တွေကိုဖမ်းချုပ်ခဲ့တယ်။နှိပ်ကွက်ခဲ့တယ်ပေါ့။ဒါကြောင့်မိုကျနော်တိုတွေကCDMနဲ့ပတ်သက်ပြီး CDMတစ်လုံးထဲပဲသိတယ်။CDMဆိုတာဘာလဲဆိုတာ သေသေချာချာကျနော်တိုမသိဘူး။နောက်ပြီးကျတော့CDMဆိုတာဘယ်လိုပုံစံမျိုးလဲဆိုတာ မသိလိုက်တာတွေအများကြီးရှိတယ်။ဒါကြောင့်မိုကျနော်တိုတွေCDMနဲ့ပတ်သက်ပြီးသေသေချာချာမသိတဲ့အခါကျတော့ဆောင်ရွတ်ချက်တွေဟာ အမတန်ကိုမှအားနည်းခဲ့တယ်။ဒီနေ့ဒီချိန်မှာCDMနဲ့ပတ်သက်ပြီးတော့ အတွေးအခေါ်အယူအဆအမျိုးမျိုးရှိတယ်။အခုလိုကျနော်တိုဖြစ်နေတာတွေဟာ တကယ်တော့ခက်ခဲလိုမလုပ်ရဲတာမဟုတ်ပဲနဲ့မလုပ်ရဲလိုခက်ခဲနေကြတာဖြစ်ပါတယ်။တင်ကတည်းက CDMနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့အယူအဆတွေ ကောင်းတဲ့မူဝါဒတွေနောက်ပြီးကျတော့တိတိကျကျဦးဆောင်မှုပေးမယ့်အဖွဲအစည်းတွေရှိခဲ့ကြတာ ကျနော်တိုအားနည်းခဲ့ပါတယ်။ဒါကြောင့်မိုကျနော်တိုဒီလိုမျိုးဖြစ်နေရခြင်းဖြစ်ပါတယ်။ဒါကြောင့်မိုဒီနေ့ဒီချိန်မှာCDMထက်ပိုကျယ်ပြန့်တဲ့နိုင်ငံရေးတွေးခေါ်မှုနိုင်ငံရေးအန်တုမှုတွေကိုဆက်လုပ်ဖိုလည်းကျနော်တိုအဖွဲအစည်းအနေနဲ့ကြိုးစားဆောင်ရွတ်နေပါတယ်။နောက်ပြီးတော့ ပိုပြီးတော့စုဖွဲမှုအားကောင်းကောင်းနဲ့အကြမ်းဖက်စစ်အုပ်စုလဲပြိုရေး ထိုးနှက်ရေးကိုနည်းစနစ်ကျကျနဲ့သွားနိုင်ဖိုပြင်ဆင်လျက်ရှိပါတယ်။ဒီနေရာမှာအဓိကပြောချင်တာဟာ ကျနော်တိုဒီမိုကရေစီအင်အားစုတွေအချင်းချင်းလက်တွဲညီညီနဲ့ချိတ်ဆက် မှုရှိရှိသွားနိုင်ဖိုကအရေးကြီးပါတယ်။အားလုံးသဘောတူတဲ့အားလုံးပါ၀င်နိုင်တဲ့တစ်စုတစ်ဖွဲတစ်ကွက်တစ်ကြားထဲမဟုတ်ပဲနဲ့အားလုံးပါ၀င်နိုင်တဲ့နိုင်ငံရေးအန်တုမှုတစ်ရပ်ဖော်ဆောင်နိုင်ဖိုကျနော်တိုလိုအပ်ပါတယ်။ကျနော်တိုတွေဟာအခုဆိုရင်CDMနဲ့စခဲ့တဲ့ဒီတော်လှန်ရေးမှာCDMနဲ့အလုပ်မဖြစ်တဲ့အယူအဆတွေအများကြီးပဲဖြစ်ပေါ်လာခဲ့တယ်။ဒီနေရာမှာဆိုရင်တော့ ခုနကတင်ပြသွားသလိုမျိုးပဲပေါ့နော်။CDMလုပ်တဲ့သူတွေဟာCDM တကယ်လိုCDMမလုပ်တဲ့သူတွေဟာNon CDMလောက်ကောင် ဒီလိုအယူအဆမျိုးတွေကျနော်တိုတွေ့ရမှာဖြစ်ပါတယ်။ဒီလိုမျိုးကွဲပြားနေတာတွေကိုကျနော်တိုပေါင်းစည်းပေးနိုင်တဲ့အဓိကမူဝါဒပိုင်းဆိုင်ရာလုပ်ငန်းစဥ် တွေကိုလည်းကျနော်တိုဖော်ထုတ်နိုင်မှုအားနည်းခဲ့တယ်။ဒါကြောင့်မိုလည်းCDM ဟာဒီနေ့ဒီချိန်ထိထိုက်တန်ရဲ့လားဆိုတဲ့အဖြေကိုကျနော်တိုရှာလိုမတွေ့သေးပါဘူး။ဘာကြောင့်လဲဆိုရင်ကျနော်တိုဟာအခုချိန်ထိတော်လှန်ရေးဟာမအောင်သေးသလိုCDMကိုထိရောက်အောင်ဆောင်ရွတ်ခဲ့ကြသော်လည်း အစကောင်းခဲ့ပြီးအနှောင်းမှာမသေချာသွားတဲ့ပုံစံမျိုးလည်းတွေ့ရပါတယ်။ဒါကြောင့်ယနေ့အချိန်မှာနိုင်ငံရေးက အာဏာဖီဆန်အန်တုရေးကိုပြန်ပြီးတော့အဆင့်မြှင့်တင်မယ်။အဆင့်မြှင့်တင်တဲ့အခါမှာတစ်စုတစ်ဖွဲထဲမဟုတ်တော့ပဲနဲ့လူငယ်အဖွဲအစည်းတွေအားလုံးညီညီညွှတ်ညွှတ်နဲ့သွားကြဖိုအရမ်းအရေးကြီးပါတယ်။ကျနော်တိုDYCကအရင်တုန်းကဖြစ်တဲ့အကြောင်းအရာတွေကိုကျနော်တိုနမူနာယူပါတယ်။နမူနာယူပြီးတော့သုတေသနပြုပါတယ်။သူတေသနပြုပြီးတော့ဘာဆက်လုပ်ရမလဲဆိုတဲ့အရာကိုကျနော်တိုစဥ်းစားပါတယ်။ကျနော်တိုခက်ခဲလိုမလုပ်ရဲတာလား။မဟုတ်ပါဘူး။ကျနော်တိုမလုပ်ရဲလိုသာခက်ခဲနေတာပါ။ဒါကြောင့်မိုလိုကျနော်တိုလုပ်ရဲအောင်လိုCDMနဲ့ပတ်သက်ပြီး ဒီCDMထက်ပိုကျယ်ပြန့်တဲ့အ၀န်းအဝိုင်းစကားလုံးဆို အာဏာဖီဆန်နိုင်ငံရေးအန်တုမှု programကိုကျနော်တိုစတင်ဖိုအတွက်ဆောင်ရွတ်နေတာတွေရှိပါတယ်။ဒီအဖွဲတွေနဲ့လည်းချိတ်ဆက်သွားပါမယ်။အဲ့တော့ကျနော်တိုဒီနေ့ဒီချိန်မှာCDMကိုထိုက်တန်လားမထိုက်တန်ဘူးလားငြင်းခုန်ဖိုအတွက်ကတော့အမတန်မှစောလွန်းပါသေးတယ်။အဲ့တော့ကျနော်တိုထိုက်တန်အောင်ဘယ်လိုလုပ်ကြမလဲ။ကျနော်တိုနည်းလမ်းရှာကြရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျနော်တိုတစ်နှစ်ကျော်ခဲ့ပြီ။ကျနော်တိုနောက်တစ်နှစ်ဆိုရင် ဒီထက်ပိုပြီးပြောင်းလဲမလား။ဒီထက်ပိုပြီးသွားကြမလား။နောက်ပြီးကြတော့ငါတစ်ကောမကောတဲ့CDMပုံစံမျိူး ငါတစ်ကောမကောတဲ့နိုင်ငံရေးအန်တုမှုမျိုးနောက်ပြီးကျတော့ခေါင်းဆောင်မှုကောင်းကောင်းပေးနိုင်မယ့် မူဝါဒခိုင်ခိုင်မာမာရှိမယ့်ပုံစံမျိုးသွားကြရင်CDMဟာပိုအားကောင်းလာမယ်လိုယူဆပါတယ်။ဒုတိယအနေနဲ့CDMနဲ့ပတ်သက်ပြီး ကျနော်တိုအဖွဲအစည်းအနေနဲ့CDMရဲ့ဝေါဟာရ CDMရဲ့အကြောင်းအရာ CDMရဲ့လုပ်ထုံးလုပ်နည်းတွေ အဲ့နေရာမှာ အစုအဖွဲတွေရှိပါတယ်။အစုအဖွဲတွေဆိုတာအစိုးရ၀န်ထမ်းအစုအဖွဲတွေအတွက်ကိုCDMနဲ့ပတ်သက်ပြီးဘယ်လိုလုပ်ကြမလဲ။နိုင်ငံရေးအန်တုမှုဘယ်လိုလုပ်ကြမလဲ။နောက်ပြီးကျတော့ကျနော်တိုလက်နက်ကိုင်အဖွဲအစည်းတွေဖြစ်တဲ့စစ်တပ်နဲ့ရဲပေါ့နော်။ဒီအဖွဲတွေမှာလည်း ကိုယ့်ရဲ့အလုပ်ကထွက်လိုက်မှCDMလိုသတ်မှတ်တာထက် ကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာပဲ ကျနော်တိုပြန်ပြီးတော့ နိုင်ငံရေးအရ ဘယ်လိုမျိုးအာခံလိုရလဲ ဖီဆန်လိုရလဲဆိုတဲ့နည်းလမ်းတွေ။နောက်ပြီးကြတော့အားလုံးလည်းလုပ်နိုင်တဲ့ ထိလွယ်လျှလွယ်လည်းနည်းတဲ့CDMပုံစံမျိုးတွေ နိုင်ငံရေးအန်တုမှုပုံစံမျိုးတွေ ဒါမျိုးတွေကိုကျနော်တိုအနေနဲ့စဥ်းစားနေပါတယ်။သုတေသနလည်းလုပ်နေပါတယ်။ဒုတိယတစ်ခုအနေနဲ့ကတော့CDMနဲ့ပတ်သက်လိုအကြမ်းဖက်စစ်ကောင်စီဟာCDMဆိုတဲ့ဝေါဟာရကိုအမတန်မှကြောက်ပါတယ်။ဒါကြောင့်မိုကျနော်တို စစ်ကောင်စီရဲ့အားနည်းချက်ဖြစ်တဲ့အာဏာဖီဆန်နိုင်ငံရေးအန်တုမှုကိုကျနော်တိုသေသေချာချာသုတေသနပြုပြီးတော့ နောက်ပြီး အားလုံးပါ၀င်ပြီးတော့နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအရအာဏာဖီဆန်အန်တုမှု အရှိန်မြှင့်တင်ရေးကိုလည်းအားလုံးစဥ်းစားကြရမှာဖြစ်ပါတယ်။ဒါကြောင့်မိုကျနော့်အနေနဲ့သိတ်များများစားစားတော့ပြောစရာမရှိပါဘူး။ကျနော့်အနေနဲ့ထိုက်တန်လားမထိုက်တန်ဘူးလားဆိုတာထက်ထိုက်တန်အောင်ဘယ်လိုလုပ်မယ်ဆိုတာကိုစဥ်းစားနေပါတယ်။နောက်ပြီးကျတော့ထိုက်ထိုက်တန်တန်ဖြစ်အောင်လည်းကျနော်တိုသေသေချာချာနည်းမှန်လမ်းမှန်သွားဖိုရှိပါတယ်။

ကိုဘရောင်း(51:33 to56:14)

    ဒီနေ့တက်ရောက်လာတဲ့တော်လှန်ရေးရဲဘော်တွေအားလုံးကိုလဲမင်္ဂလာပါလိုနှုတ်ခွန်းဆက်သပါတယ်။ကျနော်ကတော့စစ်တပ်ထဲကနေCDMလုပ်လာတဲ့စစ်သားဟောင်းတစ်ယောက်ပဲဖြစ်ပါတယ်။ဒီဆွေးနွေးပွဲမှာအရှေ့ကဆရာတွေဆွေးနွေးသွားတာကိုလည်းအတော်လေးသဘောကျပါတယ်။ကျနော်တိုCDMနဲ့ပတ်သက်ပြီးတစ်နှစ်ကျော်ကြာဖြစ်လာတဲ့အခါမှာတော့CDMတွေဟာမြေပြင်အခြေနေမှာတော့အမေ့လျော့ခံအနေအထားမျိုးဖြစ်လာတာတွေတွေ့ပါတယ်။တော်တော်ကြန့်ကြန့်ခိုင်ရပ်တည်ရတယ်ပေါ့ဗျာ။အလားတူပါပဲပြည်သူတွေကိုယ်တိုင်လည်းကြန့်ကြန့်ခိုင်ရပ်တည်ရတယ်။ဒါပေမယ့်ဒီနေရာမှာကျနော်တိုလုံး၀အသိအမှတ်ပြုရမှာကတော့နွေဦးတော်လှန်ရေးအားကောင်းခိုင်မာစေခဲ့တဲ့နွေဦးတော်လှန်ရေးရဲ့သက်လုံဖြစ်တဲ့CDM၀န်ထမ်းတွေရဲ့ညီညီညွှတ်ညွှတ်နဲ့ပါ၀င်ခဲ့တဲ့သူတိုရဲ့သတ္တိကိုတော့ကျနော်တိုလုံး၀အသိမှတ်ပြုရမှာဖြစ်ပါတယ်။သူတိုရဲ့အားကောင်းကောင်းနဲ့စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီးပါ၀င်ရပ်တည်ပေးခဲ့တာကြောင့် ဒီတစ်နှစ်ကျော်လာတဲ့တော်လှန်ရေးဟာရှေ့ဆက်နိုင်ခဲ့တယ်ဆိုတာကတော့ကျနော်တိုအသိအမှတ်ပြုရမှာပဲဖြစ်ပါတယ်။ဒါကတော့CDMတွေပေါ့နော်။သိုသော်ဆရာမခွန်ကျာခုနကဆွေးနွေးသွားသလိုပေါ့နော်။ဒီCDMဟာပညာရေးနယ်ပယ်တိုကျန်းမာရေးနယ်ပယ်တို မီးရထားနယ်ပယ်တိုမှာအဓိကအားကောင်းခဲ့ပီးတော့ စစ်ကောင်စီရဲ့မင်းအောင်လှိင်ရဲ့အကြမ်းဖက်တပ်တွေကိုထောက်ပံ့ပေးနေတဲ့အဓိကထောက်တိုင် ၀န်ထမ်းထောက်တိုင်တွေကတော့ပါ၀င်မှုအားနည်းခဲ့တယ်။တော်တော်လေးကိုအားနည်းတယ်လိုကျနော်တိုပြောရမှာပေါ့နော်။အဲ့နေရာမှာလည်းCDMကိုဦးဆောင်ခဲ့တဲ့အဖွဲတွေ အလားတူNUGတိုဘာတိုဘက်ကလည်းဒီအပေါ်မှာကျနော့်သဘောကိုပြောရင် ဥပဒေမှာလည်းမျက်နှာလိုက်တယ်ပြောသလို CDMမှာလည်းမျက်နှာလိုက်ဆက်ဆံခဲ့တယ်ပေါ့နော်။ထိတွေ့မှုများတဲ့ဋ္ဌာနတွေကိုပဲပိုအာရုံစိုက် မိပြီးတော့တကယ့်အရေးပါတဲ့ဋ္ဌာနတွေကြတော့SPအားနည်းခဲ့တယ်။ဖိအားပေးဖိုလည်းအားနည်းခဲ့တယ်။စွဲဆောင်စည်းရုံးဖိုလည်းအားနည်းခဲ့တယ်လိုကျနော်ကတော့မြင်ပါတယ်။တကယ်တော့ဒီဋ္ဌာနတွေကိုလည်းပြင်းပြင်ထန်ထန်ဖိအားပေးဖိုလိုပါတယ်။ကျနော်တိုCDMတွေကိုအသိမှတ်ပြုအလေးနက်ထားပြီးတက်နိုင်တဲ့ဘက်ကဝိုင်း၀န်းကူညီပေးကြဖိုလိုသလိုစစ်ကောင်စီရဲ့အဓိကထောက်တိုင်တွေဖြစ်တဲ့ဋ္ဌာနတွေကိုထိထိရောက်ရောက်BCလုပ်ဖိုလိုတယ်လိုကျနော့်အနေနဲ့ယူဆပါတယ်။ဘာကြောင့်လဲဆိုတော့ကျနော်တိုသူရဲကောင်းတွေရဲ့ပေးဆပ်မှုတွေအရာထင်မထင်ဆိုတာဒီအောင်ပွဲကိုအဆုံးသတ်နိုင်မှကိုဖြစ်ပါတယ်။မအောင်မြင်ဘူးလားဆိုတဲ့အတွေးကိုလုံး၀၀င်စရာမလိုပဲနဲ့အောင်ကိုအောင်ရမယ်ဆိုတဲ့အတွေးနဲ့ဒီကောင်မင်းအောင်လှိင်ကိုကြိုးစင်တက်ရသည်အထိညီညီညွှန့်ညွှန့်နဲ့ချီတက်ရမယ်။ဒါမှကျနော်တိုသူရဲကောင်းတွေပေးဆပ်ရတာနဲ့ထိုက်တန်ပါလိမ့်မယ်။ကျနော်ကတော့ဒီလိုပဲမြင်တယ်။ဒီနေ့တော်လှန်ရေးအားကောင်းနေခြင်းသက်လုံကောင်းနေခြင်းဟာကျနော်တိုသူရဲကောင်းတွေရဲ့ပေးဆပ်မှုကြောင့်ပါ။သိုသော်လည်းဒီတစ်နှစ်ကျော်ကြာရပ်တည်လာတဲ့အခါမှာလက်နက်ကိုင်တော်လှန်ရေးဘက်အားကောင်းလာတဲ့အခါမှာကျနော်တိုကအထိုက်အလျောက်အားဖြင့်သူတိုကိုအာရုံစိုက် မှုနွေလျော့နည်းလာခဲ့တယ်။သိုသော်သက်ဆိုင်ရာဋ္ဌာနအပေါ်ကဦးစီးခဲ့တဲ့အဖွဲတွေရောကျနော်တိုပြည်သူတွေရဲ့ကြားမှာရောဒီCDMရဲ့ပေးဆပ်မှုတွေကိုအသိမှတ်ပြုပြီးတက်နိုင်တဲ့ဘက်ကနေပီးတော့ပံ့ပိုးကူညီလက်တွဲပေးကြဖိုကျနော့်အနေနဲ့ပြောချင်ပါတယ်။ဒီသူရဲကောင်းတွေဟာအမေ့လျော့ခံမဟုတ်ပါဘူး။ဒီတော်လှန်ရေးကြီးရဲ့အဓိကထောက်တိုင်တွေတွန်းအားတွေဖြစ်ခဲ့တယ်ဆိုတာကိုအားလုံးအသိမှတ်ပြုဖိုလိုပါတယ်။ကျနော်တိုCDM၀န်ထမ်းတွေလည်းကျနော်တိုCDMသူရဲကောင်းတွေကိုပြောချင်တာကလည်းဒီပေးဆပ်မှုဟာထိုက်တန်ပါတယ်။တကယ့်ကိုတော်လှန်ရေးရဲ့အဓိကတွန်းအားနေရာမှာရှိခဲ့ပါတယ်။ဒီတော်လှန်ရေးကြီးမှာအားကောင်းကောင်းနဲ့ကြံ့ကြံ့ခံဆက်လက်ပါ၀င်မယ်ဆိုတာကျနော်ကတော့ယုံကြည်ပါတယ်။ကျနော်တိုCDMတွေရဲ့အခန်းကဏ္ဏကိုပြည်သူတွေကအသိမှတ်ပြုကြတယ်။ပြုနေဆဲပဲဖြစ်တယ်။အဲ့တာကြောင့်မို တော်လှန်ရေးအောင်မြင်ပြီးဆုံးတဲ့အထိ ဆက်လက်ပြီး ညီညီညွှန့်ညွှန့်နဲ့လက်တွဲတော်လှန်သွားကြဖိုကျနော်ကတော့တိုက်တွန်းပါတယ်။

ဆရာသက္ကမိုးညို(56:28 to 01:07:08)

   ဟုတ်ကဲ့အားလုံးပဲမဂ်လာပါ။ကျနော့်နာမည်သက္ကမိုးညိုပါ။CDM၀န်ထမ်းတစ်ဦးပါ။CDM၀န်ထမ်းတစ်ဦးဖြစ်တာကြောင့်CDMနဲ့ပတ်သက်ပြီးပြောစရာတွေလည်းအများကြီးရှိပါတယ်။ခံစားချက်တွေလည်းအများကြီးရှိပါတယ်။ အဲ့တော့ပြောမယ်ဆိုရင်ကျနော်တိုကဒီဆွေးနွေးပွဲခေါင်းစဥ်ကစပြောရမယ်။ဘာဖြစ်လိုလဲဆိုတော့CDMပေးဆပ်မှုကထိုက်တန်မှုရှိသလားဆိုတော့ကျနော်တိုကအဲ့တာနဲ့ပတ်သက်ပြီးစဥ်းစားနေစရာကိုမလိုဘူး။ဘာဖြစ်လိုလဲဆိုတော့ကျနော်တိုကအပေးအယူလုပ်ခဲ့တာမဟုတ်ဘူးဗျ။အပေးအယူအနေနဲ့ငါတိုCDMလုပ်မယ်ငါတိုကိုဘာပြန်ပေးရမယ်ဆိုပြီးလုပ်ခဲ့တာမဟုတ်တဲ့အတွက်ဒီကိစ္စနဲ့ပတ်သက်ပြီးထိုက်တန်လားမထိုက်တန်လားဆိုတာစဥ်းကိုမစဥ်းစားတာ။ဘာဖြစ်လိုလဲဆိုရင်ကျနော်တိုလုပ်စရာရှိတာကိုလုပ်ခဲ့တယ်။ဒီလုပ်စရာရှိတာကိုလုပ်ခဲ့တဲ့အတွက်ကြောင့်ကျနော်တိုဘာဖြစ်ဖြစ်ခံမယ်ဆိုပြီးဆုံးဖြတ်ချက်ချခဲ့ကြတယ်ပေါ့နော်။ဒါတစ်ပိုင်းပေါ့။ဒါပေမယ့်ကျနော်တိုကသာမစဥ်းစားတာပေါ့နော်။ကျနော်တိုကစဥ်းစားစရာမလိုဘူးဆိုတာက Point of viewခေါ်တာပေါ့။ကျနော်တိုCDM၀န်ထမ်းတွေဘက်ကစဥ်းစားတာကဒါသည်အပေးအယူမဟုတ်ဘူး။လိုအပ်လိုလုပ်ခဲ့ကြတာဖြစ်တယ်။ကျနော်တိုအတွက်တိုင်းပြည်အတွက်လိုအပ်တဲ့တာ၀န်ကိုထမ်းဆောင်ခဲ့ကြတယ်ဖြစ်တယ်လိုခံယူထားတယ်။ဒါကျနော်တိုရဲ့Point Of view။ဒါပေမယ့်ပြည်သူတွေရဲ့point of view အစိုးရလုပ်မယ့်သူတွေရဲ့point of viewတွေကဒီလိုကြည့်လိုမရဘူး။ဒါကျနော်နောက်ပိုင်းပြောပါမယ်။နောက်ပိုင်းပြောပါရစေ။အခုလောလောဆယ်ကျနော်ကဘယ်ကိုပြန်သွားမလဲဆိုတော့CDMဆိုတာဘာကြောင့်လုပ်လဲဆိုတာပြန်ပြီးတွေးကြည့်ချင်တယ်။CDMဟာဘာလဲဆိုတော့စစ်ကောင်စီရဲ့ယန္တရားကိုရပ်အောင်လုပ်တာ။ရိုးရိုးလုပ်တာမဟုတ်ဘူး။စစ်ကောင်စီရဲ့ယန္တရားကိုရပ်အောင်လုပ်တာ။ကျနော်တိုကမကျေနပ်ဘူးဆိုပြီးအာဏာဖီဆန်ပြီးဆန္ဒပြချင်ရုံသက်သက် မဟုတ်ဘူး။ဘာလိုဆိုဒီဟာကပြန်ရှင်းမှရမယ်။စောစောကဆရာတစ်ယောက်ပြောသွားတာအာဏာဖီဆန်မှုဆိုတာကိုပြောသွားတယ်။ကျနော်တိုကအာဏာဖီဆန်တာမဟုတ်ဘူး။ကျနော်တိုကယန္တရားရပ်သွားအောင်လိုသူတိုရဲ့လုပ်ငန်းတွေကို၀င်မလုပ်ဘူးကွာဆိုပြီးနေလိုက်တာ။အဲ့တော့၀င်မလုပ်ဘူးကွာဆိုပြီးနေလိုက်တဲ့နေရာမှာ အဲ့လို၀င်မလုပ်ခြင်းဖြင့်ကျနော်တိုCDMဟာအောင်မြင်မှုရတာဖြစ်တယ်။၀င်မလုပ်ခြင်းဖြင့်သာCDMရဲ့အဓိပ္ပါယ်သက်ရောက်တာဖြစ်တယ်။အဲ့အတွက်ကြောင့်Non CDMအကြောင်း ခုနကဆရာမကြီးတစ်ယောက်ပြောသွားသလိုပေါ့။Non CDMတွေသည်၀န်ထမ်းလုပ်နေရင်းတန်းလန်းနဲ့ပဲCDMတွေကိုထောက်ပံ့တယ်ဆိုတာ သူတိုထောက်ပံ့ပေးတိုင်းကျနော်တိုကဘာလိုယူရမှာလဲ။အဓိပ္ပါယ်ကိုမရှိတဲ့စကားတွေလိုအဲ့လိုကိုပြောချင်စိတ်ပေါက်တယ်။ကျနော်တိုလုပ်တာသည်Non CDMမလုပ်ချင်လိုကိုCDMလုပ်ခဲ့တာ။ယန္တရားရပ်သွားအောင်လုပ်ခဲ့တဲ့နေရာမှာကျနော်တိုသည်ကလေးတွေလည်းမဟုတ်ဘူး။ကျနော်တိုကအငတ်ခံမယ်။သူတိုကအထဲမှာနေပြီး တော်လှန်ရေးအောင်မြင်တဲ့အခါကျရင်ငါတိုသည်ဒီထဲမှာနေပြီးမင်းတိုကိုထောက်ပံ့နေတာဆိုတဲ့ကျေးဇူးရှင်နေရာလည်းလာမနေနဲ့။ကျနော်ပြတ်ပြတ်သားသားပြောတာ။တော်လှန်ရေးမအောင်သွားလဲဥမကွဲသိုက် မပျက်အသာလေးနေပြီးစစ်ကောင်စီကနိုင်သွားခဲ့ရင်လည်းငါတိုကလုပ်ငန်းခွင်ထဲကနေမပျက်ပဲနေရမယ်ဆိုတာမျိုးကဒါကလူလည်အပေါက်ချိုးတာလိုခေါ်တယ်ခင်ဗျ။အဲ့တော့Nonလုပ်ပြီးကာမှဖရဲသီးလုပ်မယ်။မရပါဘူး။ကျနော်မကြိုက်ဘူး။မကြိုက်ဘူးဆိုတာကဖရဲသီးဆိုတာကတပ်ထဲကလူတွေအတွက်ပြသာနာမရှိဘူး။သိုသော်အရပ်ထဲကအရပ်သားတွေပေးသောသတင်း ထူးခြားထိရောက်သောသတင်းဘာမှမရှိဘူး။ဒါကျနော်ပွင့်ပွင့်လင်းလင်းပြောတာ။ကျနော်သည်သတင်းတွေအများကြီးရဖူးတယ်။ဒီသတင်းတွေကဘာမှလည်းမဟုတ်ဘူး။သိတယ်မလား ဟာ ဟိုကောင်တွေကရီစရာတွေပြောနေပြီကွဆိုတာတွေထက် မပိုဘူး။ကိုယ့်အတွက်စစ်ရေးသတင်းလည်းမဟုတ်ဘူး။ထိရောက်တာလည်းမရှိဘူး။အဲ့တော့ကျနော်တိုကNon CDMလုပ်ပြီးကာမှCDMတွေကိုထောက်ပံ့မယ်ဆိုတဲ့စကားတွေကိုကျနော်တော်တော်လေးခါးပါတယ်။ဘာဖြစ်လိုလဲဆိုတော့ကျနော်တိုကဘ၀ပျက်အောင်နေထိုင်လာခဲ့ကြတာလေ။သူတိုကဘ၀မပျက်ပဲနဲ့အထက်စီးကကျေးဇူးရှင်နေရာမျိုးကနေရာယူတာမျိုးကိုကျနော်ကကြိုက်ကိုမကြိုက်တာ။ဒါထားပါတော့ ဒါဟာNonတွေနဲ့ပတ်သက်ပြီးကျနော့်ရဲ့သဘောထားပေါ့။ကျနော့်ရဲ့ပုဂ္ဂိုလ်သဘောထားလိုပဲထားလိုက်ပါတော့။ဟုတ်ပေတယ်မလား။အဲ့လိုသဘောထားပြီးတော့ပဲသွားမယ်။Social Punishmentလည်းကျနော်တိုကလုပ်ကိုလုပ်ရမယ်။ဘာဖြစ်လိုလဲဆိုတော့အဖြူအမဲကွဲရမယ့်ကိစ္စမျိုးဖြစ်တယ်။ဟိုဘက်ဒီဘက်ခွထိုင်ရမယ့်ကိစ္စမျိုးမဟုတ်ဘူး။ဘာဖြစ်လိုလဲဆိုတော့ဒီအချိန်မှာသူတိုကလူသတ်ပြီးကာမှစွဲဆောင်နေတာ။လူသတ်ပြီးကာမှခြိမ်းခြောက်ပြီးကာမှကျနော်တိုကိုပြန်ပြီးလုပ်ငန်းခွင်ပြန်၀င်အောင်လုပ်နေတာ။CDMလုပ်တဲ့အတွက်ကြောင့်သေနတ်နဲ့ပစ်ခံရတယ်။CDMလုပ်တဲ့အတွက်ကြောင့်ဖမ်းဆီးခံရတယ်။CDMလုပ်တဲ့အတွက်ကြောင့်၀ရမ်းထုတ်ခံရတယ်။CDMလုပ်တဲ့အတွက်ကြောင့်ချိတ်ပိတ်ခံရတယ်။ကျနော်ဆိုရင် Marchလ၂ရက်နေ့ကတည်းကချိတ်ပိတ်ခံထားရတာ။Marchလမတိုင်ခင်Februaryလ၅ရက်နေ့ကတည်းကကျနော်ထွက်ပြေးနေရတာ။ထွက်ပြေးနေရတာပြသာနာမရှိဘူး။သိုသော်ဘာလဲဆိုတော့ဒီဟာကသူတိုကလူသတ်ပြီးတော့လူကိုအကြမ်းဖက်ပြီးကာမှလုပ်ငန်းခွင်ပြန်မ၀င်၀င်အောင်ပြန်ခေါ်တဲ့နေရာမှာသားတိုသမီးတိုရေလာကြကွာဆိုပြီးNon CDMတွေကိုချော့ခေါ်လိုလာမယ်မထင်နဲ့မလာဘူး။အဲ့တော့ကျနော်တိုကချော့ခေါ်တဲ့ကိစ္စမရှိဘူး။မလိုဘူး။ကျနော်တိုချော့ခေါ်လည်းပြတ်ပြတ်သားသားပဲလုပ်ရမှာပဲ။ဘာလိုလဲဆိုတော့ဒီအရွယ်ကြီးရောက်လာပီ။လိုအပ်သောအတိုင်းအတာ လိုအပ်သောပညာတွေလည်းတက်ခဲ့ပြီ။ဒီပညာတွေတက်ပြီးကာမှချော့ထားတယ်ဆိုတဲ့မူဝါဒမျိုးကျနော်ကတော့ဘယ်တော့မှလက် မခံဘူး။ဘာဖြစ်လိုလဲဆိုတော့ဒီဟာကချော့ရမယ့်ကိစ္စမဟုတ်ဘူး။ကိုယ့်ဟာကိုယ်ဆုံးဖြတ်ရမှာ။ဓမ္မလားအဓမ္မလား။အဲ့တော့ဟိုဘက်မှာနေချင်လည်းနေဒီဘက် မှာနေချင်လည်းနေ။ဒါဟာအဖြူအမဲကွဲတဲ့ကိစ္စဖြစ်တယ်။ကြားနေတယ်ဆိုတာမျိုးကဒီတော်လှန်ရေးမှာမဖြစ်ဘူး။ဒီမိုကရေစီကာလမှာတော့ဟုတ်ပါလိမ့်မယ်။သူ့အယူအဆလည်းမှန်တယ်ကိုယ့်အယူအဆလည်းမှန်တယ်။ဒါဒီမိုကရေစီကာလကိုး။အခုကဒီမိုကရေစီကာလမဟုတ်ပဲနဲ့သေနတ်နဲ့ပစ်ခတ်သတ်ဖြက်နေတဲ့ဒီကာလမှာကျနော်တိုကဟိုဘက် မှာနေကြတာ နေကြပါကွာ သတင်းလေးပေးပိုပါဆိုတာလည်းကျနော်တိုကိုလက် မခံနိုင်ဘူး။ဒါတစ်ပိုင်းပေါ့လေ။အဲ့တော့ခုနကပြောတဲ့CDMနဲ့ပတ်သက်ပြီးပြန်ပြောရအောင်။CDMနဲ့ပတ်သက်ပြီးဘာပြန်ပြောမလဲဆိုတော့CDMတွေသည်ကျနော်ခုနကပြောခဲ့သလိုပဲဒီဟာသည်ကျနော်တိုကထိုက်တန်လိုမထိုက်တန်လိုလုပ်ခဲ့ကြတာမဟုတ်ဘူး။လုပ်စရာရှိတာကိုလုပ်ခဲ့တယ်။လုပ်ခဲ့တဲ့အတွက်ကြောင့်မိုလိုကျနော်တိုပြေးရတယ်။လွှားရတယ်။ပုန်းရတယ်။ကျနော်တိုကသာမတွေးတာလေ။အုပ်ချုပ်မယ့်သူတွေကျနော်တိုကိုထမင်းကျွေးထားပါမဟ်ဆိုတဲ့ပြည်သူတွေဘက်ကလည်းကျနော်တိုပြန်စဥ်းစားရတယ်။ကျနော်သာပြည်သူတစ်ယောက်ဆိုပြန်စဥ်းစားရမယ်။အဲ့တော့ပြည်သူတွေကတော့တာ၀န်ကျေခဲ့တယ်CDMမှန်သမျှကိုထောက်ပံ့မှုတွေပေးခဲ့ကြတယ်။ဒါပေမယ့်ဒီနေမှာ၀န်ထမ်းရဲ့သဘောသဘာ၀ကိုနားလည်ပါဆိုပြီးကျနော်အစည်းအဝေးတစ်ခုမှာပြောဖူးတယ်။၀န်ထမ်းရဲ့သဘောသဘာ၀က၀န်ထမ်းသည်သူတောင်းစားမဟုတ်ဘူး။ဒါကျနော်ပွင့်ပွင့်လင်းလင်းပြောရမယ်။အဲ့တာဆိုတော့ငါ့ကိုထောက်ပံ့ပါကွာဆိုပြီးပြောရမယ့်စကားကိုရှက်တယ်။ကျနော်လည်းရှက်တယ်။အဲ့လိုပြောရမှာရှက်တယ်။အဲ့ဒီ့စကားကိုနားလည်ရမယ်။ဒါပေမယ့်တစ်ခုရှိတယ်။တစ်ချိုသော၀န်ထမ်းတွေကြတော့ပြောရဲတယ်။ဒါ၂ပိုင်းရှိတာပေါ့နော်။အရင်တုန်းကတည်းကပြောနေကြသူတွေရှိတယ်။ဥပမာအငယ်တွေကြတော့တစ်ချိုအငယ်လေးတွေကြတော့လည်းပြောရဲတယ်။ဘာဖြစ်လိုလဲဆိုတော့ဒါဟာဋ္ဌာနတစ်ခုနဲ့တစ်ခုမတူဘူးပေါ့လေ။တစ်ချိုတွေကြတော့တောင်းတက်တဲ့ဋ္ဌာနကဆိုတော့ သူတိုတွေကပြောရဲတယ်။အဲ့တော့ပြောရဲတဲ့သူနဲ့မပြောရဲတဲ့သူနဲ့ကအစွန်းနှစ်ဖက် မှာကပ်နေကြတယ်။အဲ့မှာဘာဖြစ်ကြလဲဆိုတော့မပြောရဲတဲ့သူကကျတော့လုံး၀မရပဲနဲ့ပြောရဲတဲ့သူက၂နေရာ၃နေရာကနေရတာမျိုးဖြစ်သွားတယ်။ပြည်သူတွေထောက်ပံ့မှုတွေနာခဲ့တယ်။ဒီနေရာမှာကျနော်တိုဘာစဥ်းစားရမလဲဆိုတော့ကျနော်တိုCRPHကနေCDMတွေကိုထောက်ပံ့မှုလုပ်မယ်ဆိုပြီးအဖွဲတွေဖွဲပြီးကာမှpageတောင်ထောင်ထားသေးတယ်။အဲ့မှာCRPHကဘာလဲဆိုတော့CRPH CDMထောက်ပံ့ရေးအဖွဲဆိုပြီးထောက်ပံ့မှုပေးတဲ့နေရာမှာသူကဘာဖြစ်လဲဆိုတော့Publicအနေနဲ့သွားတာမျိုးမဟုတ်ပဲ အပြအနေနဲ့ပဲသွားတယ်။Marchလဘယ်နှစ်ရက်နေ့မှာCDM၀န်ထမ်း၃၅ဦးအတွက်သိန်းပေါင်း၁၀၅သိန်းကိုပေးပါတယ်လုပ်တယ်။တကယ်တမ်းကတစ်ယောက်ကို၁သိန်းပဲရလိုက်တာမျိုးဖြစ်သွားတယ်။သိုသော်သိန်းပေါင်း၁၀၅သိန်းဆိုတာအများကြီးဖြစ်သွားတယ်။ဒါပေမယ့်ကျနော်တိုCDMပြုလုပ်တဲ့၀န်ထမ်းဦးရေနဲ့ပြန်ယှဥ်ကြည့်တဲ့အခါမှာတော့ကျနော်တိုကဆိတ်ပါးစပ်နှမ်းပက်သလိုပဲ။ဆိတ်ပါးစပ်ထဲကိုတစ်လကိုနည်းနည်းနည်းနည်းပတ်သွားတာကတစ်နှစ်ကျော်ကြာတဲ့အထိ၀န်ထမ်းတွေကလုံးလုံးမရတဲ့သူကမရကြဘူး။ကျနော်တိုကရချင်လိုပြောတာမဟုတ်ဘူးနော်။ခုနကဆရာမကြီးပြောသွားတာကိုတစ်ခုထောက်ခံတယ်။ကျနော်တိုဟာCDMနဲ့ပတ်သက်ပြီးပြတ်သားသောမူဝါဒပြတ်သားသောလမ်းစဥ်ဆိုတာမရှိခဲ့ဘူးNUGနဲ့CRPHမှာ။ဘာလိုဆိုအပြပဲလုပ်လာခဲ့တာဖြစ်ပါတယ်။အဲ့တော့ဘာလဲဆိုတော့ ဒီမှာကCDMနဲ့ပတ်သက်ပြီးတော့ကျနော်တိုစဥ်းစားတဲ့အခါကျရင်အပြသဘောမျိုးသွားလိုမရဘူး။ကြာကြာတောင့်ခံသွားနိုင်ဖိုအတွက်ပိုက်ဆံမပေးနိုင်ရင်တောင်မှလုပ်ငန်းဖော်ဆောင်ပေးနိုင်ဖိုကျနော်တိုစဥ်းစားရမှာတွေရှိတယ်။နောက်တစ်ခုကကိုယ့်ရဲ့မူဝါဒကိုပြတ်သားအောင်လုပ်ရမယ်။ကိုယ့်ရဲ့မူဝါဒပြတ်အောင်လုပ်ရမယ်ဆိုတာကဒီကာလမျိုးမှာCDMနဲ့ပတ်သက်ပြီးတော့ ကျနော်တိုသည်ထောက်ပံ့ဖိုအတွက်အင်အားတွေနည်းပါးလာပီ ဒီဘက်ကိုလည်းဦးလှည့်နေရတာဖြစ်တာကြောင့်CDMနဲ့ပတ်သက်ပြီးဒီလိုPlatformလေးလုပ်ထားတယ်။ဒီPlatformမှာတော့ကျနော်တိုတွေစျေးရောင်းစျေး၀ယ်တာမျိုးတွေလုပ်နိုင်မယ် ဒါမှမဟုတ်အမတန်ခက်ခဲလာရင်အကူညီတောင်းတာမျိုးတွေလုပ်နိုင်တယ် ဥပမာထားပါတော့။ဒီလိုမျိုးလမ်းစဥ်တွေမလုပ်ပဲနဲ့CDMကိုမသိလိုက်မသိဖာသာပစ်ထားလိုက်တာကတော့ ကျနော်တိုကအဓိပ္ပါယ်မရှိဘူးလိုအောက် မေ့တယ်။ကျနော်တိုသည်ထိုက်တန်မှုအတွက်လုပ်ခဲ့တာမဟုတ်ဘူးဆိုပေမယ့်တစ်ဖက် မှာတော့ကျနော်တိုတိုင်းပြည်အတွက်ဘာပဲပြောပြောစွန့်လွှတ်ခဲ့ကြတယ်။ဒါပေမယ့်အခုကဘယ်လိုဖြစ်နေလဲဆိုတော့CDMတွေကိုယ်တိုင်ကိုကဘွန်း ပြန်၀ယ်နေရတယ်။လစာမရှိပဲနဲ့အလှူတွေပေးနေရတယ်။ဒါတွေကအများကြီးရှိတဟ်။အဲ့တော့ကျနော်တိုကCDMတွေသည်တာ၀န်ကျေတာထက်ပိုပြီးကျေခဲ့ပီ။သိုသော်လည်းတစ်ချိန်ချိန်မှာကျနော်ခုနကပြောသလိုမင်းတိုကပိုက်ဆံတောင်းနေတယ်ဆိုပြီးသူတောင်းစားလိုဆက်ဆံတာမျိုးကျအဆင်မပြေလှဘူး။အဆင်မပြေလှဘူးဆိုတာကတကယ်ကိုမပြေတာပါ။တကယ်မပြေဘူးဆိုတာက ကိုယ်က၀န်ထမ်းတွေသည် မရှိပါဘူးကွာဆိုပြီးပြောတာမျိုးဘယ်တော့မှမလုပ်ချင်ဘူး။အဲ့တာကြောင့်ဘာဖြစ်လာလဲဆိုတော့ကျနော်တိုကကျနော်တိုအလုပ်လုပ်မယ်ဆိုရင်ကျနော်တိုအတွက်platformရှာပေးကြပါ။အဲ့လိုမျိုးပေါ့။ဘာဖြစ်လိုလဲဆိုရင်ဥပမာဆရာ၀န်တွေဆိုရင်အခုလွတ်မြောက်နယ်မြေမှာပြေးပြီးအလုပ်လုပ်နေရတယ်။လွတ်မြောက်နယ်မြေမှာပြေးပြီးကာမှမလျော့သောဇွဲနဲ့အလုပ်လုပ်နေကြတဲ့သူတွေအများကြီးရှိတယ်။သေသွားတဲ့သူတွေလည်းအများကြီးရှိတယ်။ထောင်ထဲရောက်နေတဲ့သူတွေလည်းအများကြီးထောင်ထဲမှာသေသွားတဲ့သူတွေလည်းအများကြီးပဲ။သူနာပြုဆရာမတွေလည်းဒီတိုင်းပဲ။ကျနော်တိုကျန်းမာရေး၀န်ထမ်းတွေဆိုများကြီးရှိတယ်။နောက်အလုပ်မရှိလိုပန်းရံ၀င်လုပ်ပြီးတိုက်ပေါ်ကပြုတ်ကျပြီးသေဆုံးသွားရတဲ့ကျောင်းဆရာလေး ဒါမျိုးဆိုရင်ကျနော်တိုတွေအမတန်မှရင်နာစရာကောင်းတယ်။အဲ့တော့ကျနော်တိုကဒါနဲ့ပတ်သက်ပြီးလမ်းကြောင်းတစ်ခုဖော်ထုတ်ပေးဖိုဆိုတာမျိုးကကျနော်မိတ်ဆွေတစ်ယောက်ကပြောတယ်။NUGလူကြီးတွေကထုတ်သာမပြောတာ CDMနဲ့ပတ်သက်ပြီးမစဥ်းစားကြတော့ဘူးတဲ့။ဒါပွင့်ပွင့်လင်းလင်းပြောရရင်ဒါအမှန်ပဲ။ဘာလိုလဲဆိုတော့CDMသည်သမိုင်းတစ်ကွေ့မှာရပ်သွားကြပြီလိုပဲသူတိုကစဥ်းစားကြတော့တယ်။ဘယ်CDMတော့မျှော်လဲဆိုရင်စစ်တပ်ဘက်ကCDMတော့မျှော်ပါလိမ့်မယ်။ဒါလည်းဟုတ်ပါတယ်။ဒါလည်းအကျိုးကျေးဇူးရှိနိုင်တာကိုး။ဒါပေမယ့်ကျနော်တိုအရပ်သားCDMတွေကတော့ပုံမှန်အားဖြင့်ရပ်သွားပြီလိုသူတိုကအောက် မေ့တယ်။ဒါနဲ့ပတ်သက်ပြီးကာမှအသာလေးပဲမြှောလွှတ်ထားလိုက်တော့တယ်။ကျနော်ကတော့ဒီလိုပဲခံယူတယ်။အဲ့တော့ကျနော်ပြန်ချုပ်မယ်ဆိုရင် ပြောရရင်တော့CDMနဲ့ပတ်သက်ပြီးထိုက်တန်မှုမထိုက်တန်မှုကိုစဥ်းစားပြီးလုပ်ခဲ့တာမဟုတ်တဲ့အတွက်ကြောင့်ဒါကိုစဥ်းစားစရာမလိုဘူး။သိုသော်လည်းပဲCDM၀န်ထမ်းတွေနဲ့ပတ်သက်ပြီးစဥ်းစားပေးဖိုရာတော့လိုတယ်။နောက်တစ်ခုကဘာလဲဆိုတော့ ဒီCDMနဲ့ပတ်သက်ပြီးလမ်းကြောင်းတစ်ခုဖော်ထုတ်ဖို၊နောက်တစ်ခုကထားပါတော့။ခုနကပြောသလိုCDMနဲ့ပတ်သက်ပြီးပြန်ပြီးလုပ်မလား မလုပ်ဘူးလားဆိုတာစဥ်းစားပေးဖိုလည်းလိုတယ်ပေါ့နော်။ဒါလည်းကျနော်မသေချာဘူးလိုပဲဖြေခဲ့တာပါ။ဟုတ်ကျေးဇူးတင်ပါတယ်။

ကိုရဲထက်(01:07:25 to 01:19:19)

   အခုတော့ကျနော်ဆွေးနွေးဖိုပေါ့လေ။ကျနော်လက်ထောင်ထားတယ်။ဆိုတော့ကျနော်လည်း၀င်ဆွေးနွေးချင်တာလေးတွေရှိတယ်။ပြီးတော့အရင်ဆုံးပြောရရင်ကျနော့်အနေနဲ့ရောFreedom Fighterအနေနဲ့ရောကအကြမ်းမဖက်လူထုတော်လှန်ရေးကိုလေ့လာတာပေါ့နော်။လေ့လာတယ်။ဒါကိုကျနော်တိုမျှဝေတယ်။ဒီဟာကိုလုပ်တာကျနော်တိုတစ်နှစ်ကျော်လောက်ရှိပြီပေါ့နော်။တော်လှန်ရေးအစကနေစလေ့လာတယ်။ဆိုတော့ဒီCDMနဲ့ပတ်သက်ပြီးတော့အယူအဆပိုင်းကနေစပြီးချဥ်းကပ်ကြည့်မယ်ပေါ့နော်။ဒီအကြမ်းမဖက်လူထုတော်လှန်ရေး Civil Resitanceပေါ့နော်။အဲ့အပိုင်းကနေချဥ်းကပ်ကြည့်မယ်။အဲ့တော့ခေါင်းစဥ်မှာလည်းCDMသမားတွေပေးဆပ်မှုဆိုတဲ့အတိုင်းအတာကကျနော်တိုအားလုံးငြင်းစရာမရှိဘူးပေါ့နော်။CDMသမားတွေအများကြီးပေးဆပ်ခဲ့တယ်။CDMကစစခြင်းမှာအရေးအကြီးဆုံးထောက်တိုင်ဖြစ်တယ်။ဒီCDMကြောင့်ပဲတော်လှန်ရေးကဒီထိရောက်လာတာ။ဒါတွေအကုန်လုံးကငြင်းစရာမရှိဘူး။ပြီးတော့ထိရောက် မှုကလည်းအတိုင်းအတာတစ်ခုထိအစပိုင်းမှာရှိခဲ့တယ်။နောက်ပိုင်းမှာတော့ထိရောက် မှုဆိုတာထက် တစ်ဦးချင်းတစ်ယောက်ချင်းပေါ့နော် ဒီဟာကအပေးအယူသဘောမျိုးမဟုတ်ပဲနဲ့တော်လှန်ရေးတစ်ခုလုံးပေါ့နော်။တော်လှန်ရေးနိုင်ဖိုအရေးကြီးတယ်ဆိုရင်ဒီCDMကတော်လှန်ရေးအပေါ်ဘယ်လိုသက်ရောက်လဲ။ဘယ်လိုသက်ရောက်စေလဲ။ကျနော်တိုဒီအကြမ်းမဖက်အယူအဆကနေကျနော်ချိန်ကြည့်ကြည့်မယ်ပေါ့နော်။ကျနော်၃ပိုင်းခွဲပီးပြောချင်တယ်။ပထမဆုံးကတော့CDMကအခုချိန်မှာဆိုရင်ထိရောက် မှုအမတန်နည်းသွားပြီပေါ့နော်။ထိရောက် မှုနည်းသွားရခြင်းမှာ ပထမဘာကျရှုးသွားတာလဲဆိုရင်အတွေးအခေါ်နဲ့အယူအဆပေါ့နော်။အယူဆပိုင်းဆိုင်ရာCDMအယူအဆကျရှုးခြင်းကစတာပဲပေါ့နော်။CDMကိုတော်တော်များများနားမလည်ကြဘူးလိုမြင်တယ်။ဒီအသုံးအနှုန်းကနားမလည်ဘူးဆိုတာထက်တစ်ယောက်နဲ့တစ်ယောက် မရှင်းကြဘူးပေါ့နော်။ကိုယ့်ဟာကိုအဓိပ္ပါယ်ဖွင့်ဆိုထားတဲ့သူတွေကိုတော့မပြောတက်ဘူး။ဒါပေမယ့်CDMကိုCDMလုပ်နေတဲ့သူတွေရောတော်လှန်ရေးအင်အားစုအချင်းချင်းမှာရောနားလည်တဲ့ပုံချင်းတစ်ယောက်နဲ့တစ်ယောက် မှာမတူကြဘူး။ပုံမှန်အားဖြင့်CDMရဲ့အယူအဆပေါ့နော်။နိုင်ငံတကာမှာသုံးတဲ့Civil Disobedienceကတော့ကျနော်တိုမှာလုပ်တဲ့CDMနဲ့မတူဘူး။နိုင်ငံတကာမှာသုံးတဲ့civil disobedienceကအမိန့်တစ်ခုကိုမတရားတဲ့အမိန့်ဒါမှမဟုတ် မတရားတဲ့စနစ်တစ်ခုကိုကိုယ်ကဖီဆန်တယ်။ဖီဆန်တာကိုပေါ်ပေါ်ထင်ထင်ဖီဆန်တယ်။ဖီဆန်တဲ့အတွက်အပြစ်ပေးတာကိုလက်ခံတယ်ပေါ့နော်။အပြစ်ပေးမှုကိုယူတယ်ပေါ့နော်။အဲ့တော့ဒီဂန္နီဆိုရင်ဆားချက်တယ်။အခွန်မဆောင်ပဲဆားချက်တဲ့အတွက်သူထောင်ကျခံတယ်ပေါ့နော်။အမေရိကားမှာဆိုလည်းBusကားစီးတယ် စားသောက်ဆိုင်တွေမှာ၀င်ထိုင်တယ်။အဲ့အတွက်ထောင်တွေမှာအပြည့်ပေါ့နော်ထောင်ထဲ၀င်ခံပြီးတော့ကိုလုပ်တာပေါ့နော်။တခြားCDMကိုစပြောတဲ့သူအကုန်လုံးကစစ်မှုထမ်းတာကိုရှောင်တယ်ပေါ့နော်။ရှောင်တဲ့အတွက်ထောင်ကိုနှစ်နဲ့ချီပြီးအကျခံတယ်ပေါ့နော်။ဒါမျိုးကCDMပေါ့နော်။civil disobedienceဆိုတာပုံမှန်disobedienceမဟုတ်ဘူး။အရှေ့ကcivilဆိုတာပါတယ်ပေါ့နော်။civilဆိုတာcivil rightအနေနဲ့နိုင်ငံသားတစ်ယောက်ကကိုယ့်ရဲ့ရပိုင်ခွင့်နဲ့နိုင်ငံသားတစ်ယောက်ရဲ့ခံယူချက်နဲ့ကိုဖီဆန်တာ။ပြီးတော့civil disobedienceရဲ့အယူအဆကတစ်ဦးတစ်ယောက်ခြင်းစီအပေါ်မူတည်တယ်။တစ်ဦးတစ်ယောက်ခြင်းစီရဲ့လုပ်နိုင်စွမ်းပေါ်မူတည်တယ်။ဒါကတော့နိုင်ငံတကာမှာသုံးတဲ့ပုံစံပေါ့နော်။နိုင်ငံတကာမှာသုံးတဲ့CDMရဲ့အယူအဆကိုကျနော်ပြောကြည့်တာ။ဒီမြန်မာနိုင်ငံကCDMကကြတော့မကွဲဘူးပေါ့နော်။မကွဲဘူး။CDMဟာမြန်မာနိုင်ငံမှာဘာနဲ့သွားတူလဲဆိုတော့strikeနဲ့သွားတူတယ်။အလုပ်မဆင်းဘူး။ယန္တရားရပ်ဖိုဆိုတဲ့ဘက်ကိုဦးတည်တယ်ပေါ့နော်။ဟိုဘက်ဂန္နီကကျတော့အမှန်တရားအပေါ်ရပ်တည်ခြင်းဆိုတဲ့ကျင့်စဥ်နဲ့ရပ်တည်ချက်ကိုသွားတယ်ပေါ့။ဒီနှစ်ခုကတော်တော်ကွာတယ်။ကျနော်တိုကယန္တရားရပ်ဖိုကိုဦးတည်တယ်။ဘာနဲ့တူလဲဆိုတော့strikeနဲ့ပိုတူတယ်ပေါ့လေ။strikeလိုမျိုးရုံးတွေမတက်နဲ့ကျောင်းတွေမတက်နဲ့ဒီလိုမျိုးပုံစံနဲ့သွားတယ်။ဒါပေမယ့်strikeနဲ့မတူတာကကျတော့strikeဆိုတဲ့သဘောကဗျာ အစိုးရတစ်ရပ်ဒါမှမဟုတ်ဖီဆန်မယ့်အလုပ်သမားstrikeဆိုရင်အလုပ်ရှင်ကိုအကြပ်ကိုင်တာ။ဒါပေမယ့်အကြပ်ကိုင်တဲ့အတွက်အလုပ်သမားတွေမှာလည်းပြန်ခံရတယ်။လစာမရဘူးပေါ့ အလုပ်မဆင်းတဲ့အတွက် အဲ့လိုမျိုးပေါ့နော်။နှစ်ဖက်ကိုလည်မျိုနင်းပြီးတော့Hunger Strikeဆိုလည်းအဲ့လိုမျိုးပဲ။strikeလုပ်နေတဲ့အချိန်မှာကိုယ်ရချင်တာကိုတောင်းရတယ်။ကျနော်တိုပြီးခဲ့တဲ့လွှတ်လပ်ရေးကြိုးပမ်းမှုကာလမှာလည်းသခင်တွေကလုပ်တဲ့strikeတွေရှိတယ်ပေါ့နော်။လမ်းတွေကို ၀န်ကြီးများရုံးကိုပိတ်လိုက်တာပေါ့နော်။ဒါကသပိတ်တားသလိုမျိုးပေါ့နော်။သပိတ်တားပြီးတော့ပေးမ၀င်ဘူး။ဒါကstrikeတစ်မျိုးပဲ။နောက်တစ်ခုကHunger Strikeပေါ့နော်။လုပ်တယ် လုပ်တဲ့အခါမှာstrikeတွေကဘာရှိရသလဲဆိုတော့ဦးဆောင်ကော်မတီရှိရတယ်။သူကညှိရတာကိုး။strikeရဲ့သဘောကတစ်ဖက်ကိုPressureပေးပြီးကိုယ်လိုချင်တာကိုရအောင်တွန်းတင်ပြီးဆွဲယူသွားရတာပေါ့နော်။CDMကstrikeသဘောတရားကိုဦးတည်ပြီးအရမ်းသွားတယ်။ယန္တရားတွေရပ်တယ်ဆိုတဲ့သဘောထားကိုသွားတယ်။ဒါပေမယ့်ဦးဆောင်တဲ့ကော်မတီလိုမျိုးမရှိဘူး။ကိုယ်စားပြုမှုမရှိဘူး။CRPH၊NUGရှိကောင်းရှိတယ်လိုပြောလိုရပေမယ့်အဲ့တာကစင်ပြင်အစိုးရဘက်ထဲရောက်သွားတယ်ပေါ့နော်။တကယ့်CDMတွေကိုကိုယ်စားပြုတဲ့အစုအဖွဲမျိုး ကြားထဲမှာညှိပေးမှုလည်းမရှိဘူး။ပြီးတော့ဒီယန္တ ရားရပ်တယ်ဆိုတဲ့ရှုထောင့်ကကြည့်မယ်ဆိုရင်လည်းစစ်တပ်ကပြီးခဲ့တဲ့ဖေဖော်ဝါရီ မ က်လောက် မှာယန္တရားတွေတော်တော်များများရပ်ခဲ့တယ်ပေါ့နော်။ဒါပေမယ့်စစ်ကောင်စီရဲ့ယန္တရားတည်ဆောက် မှုကအရပ်ဘက်နဲ့ခွာထားတယ်။ပြီးတော့စစ်တပ်ဘက်ကလည်းCDMစပြီဆိုကတည်းကသူတိုအတွက်အရေးပါတဲ့နေရာတွေမှာ ဥပမာ ဝါစည်စက်ရုံလိုမျိုးတွေ ပြီးရင်လေတပ်လိုလေယာဥ်ကွင်းလိုဟာမျိုးတွေမှာလက် နက်ကိုစုစည်းပြီးတော့CDMမလုပ်အောင်လုပ်တယ်။အရေးမကြီးတဲ့ အရေးမကြီးတဲ့ဆိုတာ သူတိုကိုမထိခိုက်နိုင်တာပေါ့နော်။လူတွေကိုထိခိုက်ရင်ထိခိုက်ပါစေ။လူတွေထိခိုက်စေပေမယ့်ပညာရေးနဲ့ကျန်းမာရေးတိုကသူတိုကိုထိခိုက်မှုသိတ်မရှိဘူး။လူတွေအဲ့ဒီ့ဟာတွေမလည်ပတ်လည်းသူတိုကဆင်းမယ့်သူတွေမဟုတ်ဘူး။အဲ့တော့ဒီဟာကယန္တရားရပ်တာနဲ့ပဲထွက် မယ့်တွေမဟုတ်ဘူးပေါ့နော်။သူတိုရဲ့ဗျူဟာကအဲ့လိုမျိုးသွားတာပေါ့နော်။ကျနော်တိုကဒီCDMဗျူဟာကိုသွားတဲ့နေရာမှာ ကျနော်ကဗျူဟာနေရာကနေစဥ်းစားတာပေါ့နော် လူတစ်ယောက်ရဲ့ရပ်တည်ချက် အမှန်တရားဘက်ကရပ်တည်ချက်ဆိုတာ ဘယ်လောက်ပြန်ရတယ်ဆိုပြီးတိုင်းတာစရာမရှိဘူး။ဒါပေမယ့်တော်လှန်ရေးတစ်စုံလုံးနဲ့ပေါ့နော်။ပြည်သူလူထုရဲ့ပေးဆပ်မှု ဗျူဟာချမှတ်တဲ့မူ ဗျူဟာလေ့လာတဲ့သူတစ်ယောက်အနေနဲ့ကြည့်မယ်ဆိုရင်တော့ကျနော်တိုကမရှင်းဘူးပေါ့နော်။ဘာကိုသွားချင်တာလဲ။ဒီယန္တရားရပ်ဖိုဆိုရင်Strikeပုံစံမျိုးပိုဆောင်တယ်ပေါ့နော်။နာက်တစ်ခုကအခုနောက်ပိုင်းဘာတွေပါရောလာလဲဆိုတော့BCနဲ့သွားရောတယ်ပေါ့နော်။CDMဆိုတာဟာဘူးသပိတ်ပဲ အားလုံးကိုဘူးဆောင်ရမယ်ဆဆိုပြီးတခြားသောဟာတွေနဲ့သွားရောတယ်ပေါ့နော်။ဒါတွေကထားလိုက်ပါတော့။ပြန်ခြုံရရင်CDMဟာအယူအဆခိုင်မာမှုမရှိဘူး။နောက်တစ်ခုကNon CDM/CDMကိစ္စပေါ့နော်။ပုံမှန်CDMမှာခုနကပြောသလို ကျနော်မြန်မာနိုင်ငံကဟာကိုမပြောဘူးနော် တခြားနိုင်ငံတွေရဲ့အယူအဆဆိုရင် ဒါကNon Violent resistanceဖြစ်တယ်။Non Violentရဲ့သဘောကPullရောPushရောပေါ့နော်။စည်းရုံးရင်းတစ်ဖက်ကဟာကိုတိုက်ခိုက်ရတာ။ဘယ်လိုတိုက်ခိုက်ရလဲဆိုရင်စနစ်နဲ့အပြုအမူကိုတိုက်ခိုက်ရတယ်။ဒါပေမယ့်လူကိုကျတော့စည်းရုံးတယ်ပေါ့နော်။ကျနော်တိုကျတော့လူကိုသွားတိုက်ခိုက်တာပေါ့နော်။Non CDMဆိုတဲ့လူတွေကိုတိုက်ခိုက်တယ်။တိုက်ခိုက်တယ်ဆိုတာမှန်ခြင်းမှားခြင်းတွေလူသားဆန်မှုတွေကခဏထားလိုက်ဦးပေါ့နော်။တော်လှန်ရေးသဘောတရားအရဘောင်ခတ်လိုက်ခြင်းကတော်လှန်ရေးကိူရှေ့ဆက်သွားဖိုခက်သွားတယ်။အဖြူအမဲခွဲလိုက်တယ်။ခုနကDead lineတွေထားလိုက်တာကအစပေါ့နော်။တကယ့်CDMရဲ့အယူအဆကဘယ်သူ့ကိုမှဂရုမစိုက်တာ။ခေါင်းမာမာနဲ့အမှန်တရားရပ်တည်ချက်အပေါ်သွားတာပေါ့နော်။အခုကျတော့အမိန့်ပေးပြီးတော့တစ်စုံတစ်ယောက်ကCDMလုပ်ဖိုခိုင်းစေသလိုလိုCRPHကပြောမှCDMလုပ်လိုရသလိုလို ဒေါက်တာဇော်ဝေစိုးတိုကတံခါးပိတ်လိုက်ရင်လုပ်လိုမရသလိုလိုတွေပေါ့နော်။အဲ့လိုမျိုးCDMကိုCDMတကယ့်အနှစ်သာရကိုမသွားပဲနဲ့ကျနော်တိုကရောချသွားလိုက်တယ်။ဘာမှန်းလည်းမသိဘူး။မသိတာကိုလေ့လာတာမျိုးဆွေးနွေးတာမျိုးလည်းလိုမယ်လိုကျနော်ကတော့ထင်တယ်ပေါ့နော်။ဒါကတော့ပထမတစ်ပိုင်းပေါ့နော်။အယူအဆမပါခြင်းကCDMကဘာကိုလုပ်ချင်နေတာလဲပေါ့နော်။ယန္တရားရပ်ချင်တာလား၊အယူအဆကိုတိုက်ခိုက်ချင်တာလား ဘာလဲပေါ့နော်။ဒီဟာကိုကျနော်တု့မရှင်းဘူး။တကယ်လိုယန္တရားရပ်ချင်တာဆိုရင်strikeဆိုပြီးသုံးတာပိုပြီးကောင်းတာပေါ့နော် တကယ်တော့။ဒီဟာမရှင်းတော့အခုCDMကဘာဖြစ်လာလဲဆိုတော့CDMလုပ်တဲ့သူတွေပြည်သူတွေတင်မဟုတ်ဘူးCDMလုပ်တဲ့သူတွေကိုယ်တိုင်ကယုံကြည်မှုတွေပျောက်ဆုံးနေတာပေါ့။ငါတိုလုပ်တာထိရောက် မှုရှိရဲ့လား ငါတိုဟာတော်လှန်ရေးမှာဆက်ပါနေသေးရဲ့လား ငါတိုရဲ့အခန်းကဏ္ဏကိုမေးခွန်းထုတ်သလိုဖြစ်လာတယ်ပေါ့နော်။ဒုတိယကဘာလဲဆိုတော့စုဖွဲမှုပေါ့နော်။ခုနကလည်းဆွေးနွေးသွားတာရှိတယ်။တပ်CDMပေါ့နော်။တပ်CDMနဲ့အရပ်ဘက်CDMမှာ တပ်CDMကိုပိုပြီးအလေးပေးလာကြတယ်ပေါ့။ကျနော်လည်းဒီတော်လှန်ရေးလှုပ်ရှားမှုမှာတပ်ဘက်ကCDMတွေနဲ့လည်းနီးစပ်မှုရှိတော့ပြီးခဲ့တဲ့နှစ်ပေါ့နော်။မေ၊ဇွန် ကာလတွေမှာဆိုရင်သူတိုလည်းလူထုထောက်ခံမှုမရဘူး။တပ်CDMတွေဆိုလူတွေကမကြိုက်ဘူး။တပ်ဆိုရင်မုန်းတယ်။အကုန်လုံးကိုမယုံရဘူး။အခုချိန်မှာCDMလုပ်ရင်တောင်မယုံရဘူး ဒလန်လုပ်တာဆိုပြီးပြောတာတွေရှိတယ်။ဒါပေမယ့်ဘာကွာသွားလဲဆိုရင်စုဖွဲမှုကွာသွားတယ်ပေါ့နော်။တပ်CDMကဘာဖြစ်လဲဆိုတော့ကျနော့်အမြင်ပြောတာပေါ့နော်။လွဲရင်လည်းပြန်ပြောပေးလိုရတယ်။လုပ်ပြီးသွားရင်ပြီးသွားပြီပေါ့နော်။ရုံးမတက်ရင်ပြီးပြီ။အဲ့မှာဇာတ်လမ်းစတာပဲ။တကယ်တော့CDMကအဲ့မှာထပ်လုပ်စရာတွေရှိသေးတယ်။စုဖွဲမှုတွေပေါင်းစည်းမှုတွေကခိုင်ခိုင်မာမာမတွေ့ရဘူး။တပ်ဘက်ကCDMတွေဆိုရှင်းတယ်။ထွက်လာပြီးရင်တစ်ယောက်ကတစ်ယောက်အဖွဲထဲ၀င်ပြီးနောက်ရက် မှာစုလုပ်ကြတာပေါ့။စုစည်းမှုအပိုင်းမှာအရပ်ဘက်CDMတွေကအားနည်းတယ်လိုကျနော်ကတော့မြင်တယ်။အားနည်းတယ်ဆိုတာကမျှော်တာကြောင့်လည်းပါရင်ပါလိမ့်မယ်။NUGကများလုပ်မလား CRPHကများလုပ်မလားမျှော်ရင်းကနေစုဖွဲမှုတွေခိုင်ခိုင်မာမာမထွက်လာဘူးပေါ့နော်။စုဖွဲမှုထွက်မလာတော့စည်းရုံးရေးမှာအားနည်းသွားတယ်ပေါ့နော်။ခုနကအယူအဆအပိုင်းမှာအားနည်းချက်ရှိတယ်။နောက်ပြီးအစုအဖွဲပိုင်းမှာအားနည်းချက်ရှိတော့စည်းရုံးရေးအပိုင်းကိုဆက်သွားလိုမရတော့ဘူး။စည်းရုံးရေးဆိုတာက ရန်သူကိုတိုက်ခိုက်တဲ့နေရာမှာ ဥပမာစစ်ကောင်စီကCDMတွေကိုဖိနှိပ်တဲ့အခါမှာနည်းလမ်းအမျိုးမျိုးသုံးတယ်။ဥပဒေဘောင်အတွင်းကသုံးတာလည်းရှိတယ်။ဘောင်အပြင်ကသုံးတာလည်းရှိတယ်။ပုံစံအမျိုးမျိုးနဲ့ဒီCDMကိုတိုင်းပြည်ဖျက်ဆီးနေသူဆိုတဲ့ပုံစံလော်ဘီလုပ်ပြီးတော့ဒါကNUG ကအကြမ်းဖက်သမားတွေ CDMနဲ့PDFအတူတူပဲပေါ့နော်။ဒီလိုမျိုးသဘောတရားတွေအကုန်လုံးရောချပြီးCDMဆိုတာရန်သူပဲလိုတောက်လျှောက်ပုံသွင်းခဲ့တယ်။ဒါပေမယ့်ဒီဘက်ကလူတွေကပြန်ချေပတာမျိုးမတွေ့ရဘူးပေါ့နော်။ဖိနှိပ်တယ်ဆိုလည်းဖိနှိပ်တယ်ပဲ ဆဲတာရှိမယ်ဆိုတာရှိမယ်ဒါပေအယ့်အဲ့ထက်ပိုပြီးတာ့မလုပ်ဘူး။အခုနောက်ပိုင်းဖိနှိပ်မှုကဘယ်ထိရောက်လာလဲဆိုတော့စစ်ကောင်စီတင်မဟုတ်တော့ဘူး။စစ်ကောင်စီကတစ်ဆင့်အရပ်ဘက်ထဲမှာရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကအစCDMတွေကိုဖိနှိပ်မှုကကူးစက်လာတယ်။ဘာကြောင့်လဲဆိုတော့အရှေ့ကCDMတွေကိုဖိနှိပ်မှုမှာ စစကတည်းကမချေဖျက်နိုင်ဘူး။CDMအယူအဆအမှားကြီးကိုcounterမလုပ်နိုင်တော့ဒီအယူအဆအမှားကြီးကတဖြေးဖြေးဆိမ့်၀င်လာတယ်။လူတွေကိုလွှမ်းမိုးတဲ့အခါမှာလက်နက်တစ်ခုထဲကထိရောက်တာမဟုတ်ဘူး။အယူအဆလွှမ်းမိုးမှုပေါ့နော်။ဒါကဆက်ပါလာတယ်။ဒါကိုကျနော်တိုမပြင်နိုင်ဘူးပေါ့နော်။ဒါကCDMတွေကိုလာတိုက်ခိုက် မှုကိုမကာကွယ်နိုင်တာပေါ့နော်။ပြန်ပြီးစည်းရုံးမှုအပိုင်းတွေမှာလည်းလိုအပ်ချက်ရှိတယ်။တကယ်တော့CDMဆိုတာအင်အားအကြီးဆုံးပဲတော်လှန်ရေးမှာမြင်ရတာက။စစချင်းမှာပေါ့နော်။CRPHတိုသပိတ်တိုထက်စာရင်CDMကအမတန်အားကြီးတဲ့လှုပ်ရှားမှုဖြစ်ခဲ့တယ်။NUCCတိုမှာကြည့်မယ်ဆိုရင်တောင်CDMတွေရဲ့အခန်းကဏ္ဏတွေပါတယ်။CDMဆိုတာဟာနိုင်ငံတကာမှာလည်းroleရှိပြီးသား။ဒီnovelဆုရဖို ဇကာတင်ရှိတယ်။U.Sကပေးတယ်ဆိုတာမျိုးမှာလည်းCDMတွေအတွက်ဆိုပြီးနာမည်ထိုးနဲ့ပေးတာမျိုးတွေရှိတယ်ပေါ့နော်။ဆိုတော့CDMတွေကဘာလိုနေတာလဲဆိုရင် ဒီအယူအဆကိုပြန်တည်ဆောက်နိုင်မယ်အစုအဖွဲကိုပြန်တည်ဆောက်နိုင်မယ်ဆိုရင်ဒီဟာတွေကိုပြန်အသုံးချနိုင်မယ်။ဒါပေမယ့်ဒီအတိုင်းပေါ့နော် အယူအဆလည်းမပါဘူး စုဖွဲမှုလည်းမပါဘူး။CDMဆိုတာကလုပ်ပြီးရင်ဂုဏ်သိက္ခာကင်းမဲ့လာတာပေါ့နော်။ဂုဏ်သိက္ခာကင်းမဲ့လာတယ်ဆိုတာကCDMတွေကိုတိုက်ခိုက်ချင်တာမဟုတ်ဘူး။CDMတွေကဘာလုပ်လိုလုပ်ရမှန်းမသိပဲနဲ့လူတွေကပဲကူပေးရမှာလား လူတွေစီကကူစာကိုပဲစောင့်ရမှာလားဆိုတဲ့သူများစီကမှီခိုရတဲ့ဟာမျိုးမဟုတ်ပဲနဲ့CDMကတော်လှန်ရေးမှာဘယ်လိုအခန်းကဏ္ဏကနေဆက်ပါနိုင်လဲပေါ့နော်။CDMရဲ့အနှစ်သာရကဘာလဲ။တကယ်တော့CDMကအကြမ်းမဖက်လှုပ်ရှားမှုမှာအမတန်အမြင့်ဆုံးပေါ့နော်။စွမ်းအားအမြင့်ဆုံးလှုပ်ရှားမှုဖြစ်တယ်။ကျနော်တိုကအဲ့တာမျိုးကိုကျနော်တိုကအယူအဆအပိုင်းကိုပြန်မပြောပဲCDMကလုပ်ရမယ်ဆိုဘာကြောင့်လုပ်ရလဲဆိုတဲ့အယူအဆပိုင်းပြန်ဆွေးနွေးနိုင်ရင်CDMကပြန်ပုံပေါ်လာနိုင်တယ်လိုထင်တယ်။လုပ်လိုလည်းရတယ်။ဒီမှာတစ်ချိုတွေဆွေးနွေးတာNUGတိုCRPHတိုကိုတွန်းဖိုပြောတယ်ပေါ့နော်။ကျနော်ကအဲ့တာကိုတော့အရမ်းကြီးအားမပေးချင်ဘူး။အရင်ဆုံးတွန်းရမှာတာ၀န်ခံမှုကိုတွန်းရမှာပေါ့နော်။ဘာဖြစ်လိုလဲဆိုတော့အရင်တုန်းကဦးမင်းကိုနိုင်တိုဒေါက်တာဇော်ဝေစိုးတိုပြောခဲ့တဲ့အပိုင်းတွေပါ။ပြောခဲ့တာရှိတယ် မလုပ်နိုင်တာကျနော်တိုကလက်ခံလိုရတယ်။အကြောင်းပြချက်ပေး ပြန်လည်ရှငိးပြ တောင်းပန်တာပေါ့။အခုကလုံး၀မေ့ချင်ယောင်ဆောင်လိုက်တာ။ဒါကိုမပြောတော့ဘူး။ဒါကြီးကိုမရှင်းပဲနဲ့ ဒီတိုင်းမျှောပြီးအီလည်လည်နဲ့ထိုင်စောင့်နေလိုကတော့ဘယ်တော့မှပြီးမှာမဟုတ်ဘူး။ကျနော်တိုတော်လှန်ရေးမှာပြောနေကြစကားရှိတယ်။ကယ်တင်ရှင်ဘယ်သောအခါမှမရှိဆိုတာ။ကျနော်ထင်တာCDMတွေအတွက်လည်းတူတူပဲ။ပြည်သူတွေကလည်းကယ်နိုင်မှာမဟုတ်ဘူး။NUG CRPHကလည်းကယ်နိုင်မှာမဟုတ်ဘူး။CDMအချင်းချင်းကစပြီးစောင့်ရှောက် မှCDMတွေအချင်းချင်းကပြန်ပြီးအသံတွေထွက် မှCDMရဲ့နေရာတစ်ခုပြန်ရလိမ့်မယ်။တကယ်တော့CDMကCRPHထက်တောင်ရှေးကျတယ်။နိုင်ငံရေးရဲ့ဦးဆောင်မှုမှာပါရမှာ။တော်လှန်ရေးရဲ့ဦးဆောင်မှုအခန်းကဏ္ဏမှာရှိပြီးသား။အဲ့နေရာကိုCDMတွေကအသုံးမချနိုင်ဘူး။အသုံးချနိုင်မယ်ဆိုရင်ခုနပြောတဲ့အရပ်ထဲကNGOတွေကခွဲခြားဆက်ဆံတယ်ဆိုတာလောက်ကိုမှုစရာမလိုတော့ဘူးပေါ့လေ။တကယ်သာCDMသမားတွေစည်းရုံးကြမယ်။အယူအဆပြန်တည်ဆောက်ကြမယ်လုပ်နိုင်မယ်ဆိုရင်ပေါ့။ကျနော်ကအများကြီးမျှော်လင့်ချက်တွေရှိတယ်။CDMကsupportingသက်သက်ပေးဆပ်ပြီးတော့လူတွေကိုmotivationပေးရုံသာမဟုတ်ဘူးပေါ့လေ။ကျနော်ကတော့အဲ့လိုပဲမြင်တယ်။CDMကိုလက်နက်ကိုင်တော်လှန်ရေးအတွက်စိတ်ခွန်အားဖြစ်စေတယ်ဆိုတဲ့စဥ်းစားချက်ကတော့မဟုတ်ဘူး။CDMကိုယ်တိုင်ကအမတန်ကိုမှအားကြီးတဲ့လှုပ်ရှားမှုဖြစ်တယ်။ဒါကိုပြန်ပြီးတော့တည်ဆောက်နိုင်မယ်လိုကျနော်ကတော့မျှော်လင့်ပါတယ်။ဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျ။

ကိုNZ(1:19:25 to01:24:28)

   ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ကိုရဲထက်။ကျနော်ကတော့ခုနကဆရာသက္ကမိုးညိုဆွေးနွေးသွားတဲ့ဟာလေးအပေါ်ကျနော်နည်းနည်းလေးထပ်ပြီးတော့ဆွေးနွေးချင်ပါတယ်။ကျနော်ကတော့ဒီCDMလှုပ်ရှားမှုကစိတ်၀င်စားတယ်ပေါ့နော်။ကျနော်ကိုယ်တိုင်လည်းထောက်ခံခဲ့တယ်။ဆိုတော့ကျနော့်မိတ်ဆွေအပေါင်းအသင်းတွေထဲမှာလည်းCDMလုပ်တဲ့၀န်ထမ်းတွေရှိတယ်ပေါ့နော်။ဆိုတော့ဒီခေါင်းစဥ်မှာCDMပေးဆပ်မှုထိုက်တန်မှုရှိသလားဆိုတဲ့ခေါင်းစဥ်မှာကျနော်လည်းလက်ခံတာတစ်ခုကတော့CDMဟာတော်လှန်ရေးရဲ့ အင်အားအကြီးမားဆုံးတော်လှန်ရေးရဲ့စမှတ်လိုလည်းပြောလိုရတာပေါ့လေ။အားကောင်းတဲ့ကျောရိုးတစ်ခုပေါ့။ဆိုတော့စောစောကဆရာပြောသွားတဲ့ထဲမှာCDMတွေဟာကိုယ့်ရဲ့စိတ်သဘောဆန္ဒနဲ့ကိုယ်တိုင်ရွေးချယ်ပြီးလုပ်တာဖြစ်တယ်ပေါ့လေ။ဒီပေါ်မှာကျနော်တိုကပေးဆပ်ရတယ်ပေါ့လေ။ဒါမျိုးကျနော်တိုမရှိဘူး။ဒါလည်းကျနော်လည်းမှန်တယ်ပေါ့လေ။CDMလှုပ်ရှားမှုစတဲ့ဟာသည်ဘယ်သူကမှတိုက်တွန်းတာမဟုတ်ပဲနဲ့၀န်ထမ်းတွေကိုယ်၌ကဒီresistanceကိုပြည်သူ့၀န်ထမ်းအနေနဲ့လုပ်ကြတဲ့ကိစ္စပေါ့လေ။ဒါတော်တော်လေးအင်အားကောင်းတယ်။နောက်တစ်ခုရှိတာကတော့CDMကြောင့်မိုဒီပေးဆပ်ရမှုသည်CDMအားလုံးတင်မကပဲပြည်သူမှာပါရှိတယ်လိုကျနော်ကတော့မြင်တယ်ပေါ့လေ။အဲ့တော့CDM၀န်ထမ်းတွေပဲဒုက္ခရောက်တဲ့ဟာတွေရှိသော်လည်းဒီပြည်သူတစ်ရပ်လုံးအနေနဲ့CDMကိုထောက်ခံတဲ့အတွက်ကြောင့်မိုလိုCDMရဲ့ပေးဆပ်မှုထိုက်တန်မှုရှိလားလိုစဥ်းစားတဲ့အခါမှာလည်း လူထုရှုထောင့်ကပြန်ကြည့်ဖိုလိုမယ်ပေါ့လေ။အထူးသဖြင့်တော့လူထုနဲ့တိုက်ရိုက်ထိတွေ့တဲ့ကဏ္ဏတွေပေါ့။ကျနော်ကတော့အဓိကပြောချင်တာပညာရေးနဲ့ကျန်းမာရေးပေါ့လေ။အထူးသဖြင့်ပညာရေးဆိုရင်ကလေးတွေကျောင်းမတက်ရတာတော်တော်လေးကိုကြာသွားတာပေါ့နော်။onlineဆိုတာကလည်းတကယ့်လက်တွေ့မှာဖြစ်ဖိုသိတ်မလွယ်ဘူးပေါ့လေ။CDMလှုပ်ရှားမှုကိုပြန်ကြည့်ရင်တော့စစခြင်းမှာအားလုံးလည်းဝိုင်းစဥ်းစားခဲ့ကြတာကို စောစောကလည်းဆရာသက္ကမိုးညိုပြောခဲ့သလိုပဲ။ဒီအစိုးရယန္တရားကြီးတစ်ခုလုံးပြိုလဲသွားပြီစကစ ပြုတ်ကျသွားဖိုကျနော်လည်းအဲ့လိုစိတ်ကူးခဲ့တာပေါ့။အားလုံးလည်းတော်တော်များများဒီလိုပဲစိတ်ကူးပြီးတော့CDMလုပ်ဖိုကိုဝိုင်းတွန်းခဲ့ကြတာပေါ့လေ။ဒါပေမယ့်လက်တွေ့အနေထားကတော့အစိုးရယန္တရားကြီးတစ်ခုလုံးရပ်တန့်သွားပြီးတော့စစ်ကောင်စီပြိုကျသွားတာမျိုးမဟုတ်ဘူး။ဒါလည်းကျနော်တိုပွင့်ပွင့်လင်းလင်း၀န်ခံရမယ်ပေါ့။ကျနော်တိုပိုပြီးတော့ဗျူဟာအသစ်တွေပြန်ဖော်ဆောင်ဖိုဆိုရင်ပွင့်ပွင့်လင်းလင်း၀န်ခံရမှာကတော့ကျနော်တိုသည်CDMစတုန်းကတော့CDMကြောင့်ဖြစ်လာမယ့်ဆိုးကျိုးတွေကိုထည့်မတွက်ခဲ့ကြဘူး။တစ်နည်းပြောရရင်ဒါရေတိုပေါ့လေ။ရေတိုအတွင်းမှာပြုတ်ကျနိုင်မယ်လိုစဥ်းစားမှုလည်းရှိတာပေါ့နော်။အဲ့တော့အခုတစ်နှစ်ကျော်ကြာလာတဲ့အချိန်မှာဒီဟာတွေကိုပြန်သုံးသပ်ဖိုတော့လိုလာတယ်ပေါ့လေ။အထူးသဖြင့်ပြည်သူကပေးဆပ်ရမှုကအရမ်းကြီးမားတယ်ပေါ့လေ။ကြီးမာလာတဲ့ကိစ္စပေါ့နော်။နောက်ကျနော်တိုဒီယန္တရားပြုတ်ကျတဲ့ကိစ္စပေါ့။ကျနော်လည်းဒီဟာကိုသိတ်မရှင်းဘူး။အဲ့တော့ကျန်းမာရေးစနစ် ပညာရေးစနစ်ပြိုလဲကျသွားရင်စစ်ကောင်စီပြုတ်ကျသွားမလားပေါ့ကျနော်အဲ့လိုစဥ်းစားတဲ့အခါဆက်စပ်ကြည့်တော့လည်းသိတ်မရဘူးပေါ့နော်။အဲ့ဒီ့ဟာလဲ။ ေနာက်တစ်ခုကCDMလှုပ်ရှားမှုရဲ့directionပေါ့နော်။လားရာဟာလည်းအမျိုးမျိုးဖြစ်သွားတယ်ပေါ့နော်။အမျိုးမျိုးဖြစ်သွားတယ်ဆိုတာCDMလှုပ်ရှားမှုကလူထုအတွင်းက၀န်ထမ်းတွေအတွင်းကလာတဲ့လှုပ်ရှားမှုဖြစ်တယ်။ဒါပေမယ့်ကျနော်တိုpointတစ်ခုရောက်တဲ့အချိန်မှာNUG CRPHကနေပြီးCDMလှုပ်ရှားမှုကို ကျနော့်ခံစားချက်ကတော့ သူတိုရဲ့ပုံစံမျိုးနဲ့လုပ်လိုက်တာပေါ့လေ။ဥပမာCDM၀န်ထမ်းကကိုယ့်ဟာကိုယ်resistanceလုပ်တဲ့လူတွေဖြစ်တယ်။၀န်ထမ်းတွေဖြစ်တဟ်။ဒါပေမယ့်နောက်ပိုင်းမှာဘယ်လိုတွေဖြစ်သွားလဲဆိုတော့CDM၀န်ထမ်းသည်NUG၀န်ထမ်းNon CDMသည်စစ်ကောင်စီ၀န်ထမ်း အဲ့လိုမျိုးပုံစံမျိုးလုပ်လိုက်တယ်ပေါ့။black listလုပ်တာတိုဘယ်သူတွေကိုအလုပ်ကထုတ်လိုက်ပီတိုဒါမျိုးတွေပါလာတယ်။ဒီအပေါ်မှာCDMလုပ်တဲ့သူတွေကလည်းNUGလှုပ်ရှားမှုအောက်ကဆက်သွားမလား။ဒါမှမဟုတ်သီးခြားသွားမလားဆိုတာ ကျနော်တိုကသိတ်မရှင်းဘူးပေါ့လေ။ဒါပေမယ့်အများအမြင်မှာတော့NUG၀န်ကြီးဋ္ဌာနက၀န်ထမ်းမျိုးဖြစ်သွားသလိုပေါ့လေ။အဲ့လိုမျိုးဖြစ်သွားတယ်။ဒါကလည်းCDMလှုပ်ရှားမှုကိုအားနည်းသွားစေတဲ့ကိစ္စဖြစ်မလားလိုကျနော်တိုစဥ်းစားရမယ်။အဲ့ဒီ့တော့ကျနော်မှတ်မိတာပေါ့လေ။အဲ့တုန်းကတက္ကသိုလ်တွေပေါ့လေ။တက္ကသိုလ်တွေကကြားကာလအုပ်ချုပ်ရေးကောင်စီလိုဟာမျိုး ကြေ ငြာတယ်ပေါ့လေ။အဲ့တုန်းကတော့တော်တော်သဘောကျတယ်။ဒီဟာကိုကျနော်တိုကတက္ကသိုလ်တွေကကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုမျိုးindependenceဖြစ်တဲ့ဟာမျိုးကောက်ကြေ ငြာတာပေါ့နော်။ဆရာတွေကျောင်းသားတွေနဲ့ပေါင်းပြီးတော့ကြေ ငြာတယ်။ဒါကိုတော်တော်လေးကောင်းတယ်လိုကျနော်ထင်ခဲ့တယ်။ဒါပေမယ့်နောက်နေ့မှာပဲNUGကနေအဲ့ဒီ့ဟာကိုအသိမှတ်ပြုကြောင်းပြန်လုပ်တယ်။ပြောချင်တာကNUGရဲ့ပညာရေး၀န်ကြီးဋ္ဌာနအောက်ကိုဆွဲသွင်းလိုက်တဲ့သဘောမျိုးပေါ့။ကျနော်အဲ့တာကိုတွေ့တဲ့အခါမှာဒီဟာကသီးခြားမဟာဗျူဟာမျိုးနဲ့ပေါင်းပြီးလုပ်တာကပိုကောင်းတဲ့ဟာဖြစ်မလားပေါ့။ပြောချင်တာကတော့NUGကလည်းသူ့ရဲ့နိုင်ငံရေးဗျူဟာတစ်ခုအရCDMကိုstrikeလိုသုံးတာပေါ့နော်။ဒါလည်းကျနော်ထင်တယ် လိုအပ်တယ်လို။သိုသော်လည်း နိုင်ငံရေးဗျူဟာနဲ့ဆွဲသုံးတာနဲ့CDMရဲ့ပင်မသဘောအနှစ်သာရနဲ့ကရောသွားတယ်လိုကျနော်ကတော့ထင်တယ်။ဆိုတော့ခုနကဆရာပြောတဲ့ဟာမှာလည်းကျနော်တိုပြန်ဖော်ထုတ်ရမယ်။ပြန်သုံးသပ်ရမယ်။ဖော်ထုတ်တဲ့နေရာမှာလည်းNUGထက်CDM၀န်ထမ်းတွေကိုယ်တိုင်ကဟုတ်ပီအရင်တုန်းကတော့ယန္တရားပြိုကျအောင်လုပ်တယ်။ဟုတ်တယ်မှန်တယ်။ဒါပေမယ့်အခုချိန်မှာအဲ့တာကမှန်လား။ဒီလိုပဲဆက်သွားမလား။မသွားဘူးလား။နောက်ဘယ်လိုမျိုးပုံစံနဲ့စုဖွဲပြီးလုပ်မယ်ဆိုတာ ကိုယ်တိုင်ကလုပ်ရင်ကျနော်ထင်တယ် ဒါကပိုကောင်းတယ်လိုမြင်ပါတယ်။စောစောကကိုရဲထက်ဆွေးနွေးသွားတဲ့ထဲမှာလည်းတစ်ချိုအရာတွေပါသွားပါတယ်။ကျနော်ထင်တယ် တော်လှန်ရေးတစ်ခုလုံးရဲ့ဗျူဟာနဲ့လည်းဆိုင်လိမ့်မယ်လိုထင်တယ်။ကျနော်တိုCDMမှမဟုတ်ဘူး။ကျန်တဲ့စဥ်းစားချက်တွေမှာလည်းစစချင်းလုပ်တဲ့အခါမှာပြုတ်ကျမယ်ဆိုတဲ့စိတ်ကူးနဲ့လုပ်ခဲ့ကြတယ်။ဒါပေမယ့်ကြာလာတဲ့အခါမှာကျနော်တိုကအဲ့တာတွေကိုမစွန့်လွှတ်ဘူး။အဲ့အတိုင်းပဲဆက်သွားနေတာကတော်လှန်ရေးရဲ့conceptနဲ့ဗျူဟာတစ်ခုလုံးမှာတော့ပြန်တော့စဥ်းစားရမယ့်ကိစ္စလိုမြင်ပါတယ်။ဒါကျနော့်ရဲ့အမြင်တွေပါ။ဒီမှာလည်းသဘောမတူတာတွေကိုပြန်ဆွေးနွေးလိုရပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။

ကိုရန်(01:26:54 to 01:32:46)

   ဟုတ်ကဲ့။အားလုံးပဲမဂ်လာပါ။အခုtopicကCDMပေးဆပ်မှုနဲ့ထိုက်တန်သလားဆိုတာပေါ့လေ။အဲ့တာကိုဖြေမယ့်အစားကျနော့်အနေနဲ့ပြောဖိုကCDMဘာကြောင့်လုပ်ကြလဲဆိုတာပေါ့လေ။ကျနော်တိုကအခုတော်လှန်ရေးကတစ်နှစ်ကျော်ကြာလာပြီပေါ့။ကျနော့်အနေနဲ့သုံးသပ်ရမယ်ဆိုရင်ဒီတော်လှန်ရေးကာလမှာပေါ့တော်လှန်ရေးကာလဆိုတာကအတက်အကျတွေရှိတယ်။တစ်လနဲ့တစ်လတောင်မတူဘူး။တစ်ချိုကာလတွေမှာဆိုတော်လှန်ရေးက တော်လှန်ရေးရေချိန်မြင့်တယ်ဆိုတဲ့သဘောပေါ့။တစ်ချိုလတွေမှာတော့လူတွေကစိတ်ဓာတ်ကျပြီးတော့တော်လှန်ရေးရေချိန်ကျတာတွေရှိတယ်ပေါ့။ကျနော့်အနေနဲ့သုံးသပ်ရမယ်ဆိုရင်တော်လှန်ရေးရေချိန်အမြင့်ဆုံးအချိန်ကCDMအားအကောင်းဆုံးအချိန်ပေါ့လေ။ရဲနဲ့စစ်သားလည်းပါ၀င်လာတယ်။စစခြင်းကတော့ကျန်းမာရေး၀န်ထမ်းတွေကစတယ်ပေါ့။နောက်ကျတော့တခြားsectorတွေလည်းပါလာတယ်ပေါ့။ကျနော့်ကိုယ်ပိုင်အမြင်ကတော့အမြင့်ဆုံးအချိန်ဟာမီးရထား၀န်ထမ်းတွေပါ၀င်လာတဲ့အချိန်။အဲ့အချိန်ကတော်လှန်ရေးကာလရဲ့ရေချိန်အမြင့်ဆုံးအချိန်လိုသုံးသပ်လိုရတယ်။ခုနောက်ပိုင်းလက်နက်ကိုင်တော်လှန်ရေးဘက်သွားတာတဲ့အခြေနေမှာတောင်မှလည်း အတက်သဘောမျိုးတော့ရှိပေမယ့်တကယ့်တကယ်အထိရောက်ဆုံး ရေချိန်အတက်ဆုံးအချိန်ကတော့ကျနော့်အနေနဲ့CDMအမြင့်ဆုံးအချိန်ဟာတော်လှန်ရေးကာလရေချိန်အမြင့်ဆုံးလိုပြောလိုရတယ်။ကျနော်ကတော့အဲ့လိုပဲမြင်တယ်ပေါ့လေ။နောက်တစ်ခုကျနော်သုံးသပ်ချင်တာကရှေ့မှာကိုရဲထက်ပြောသွားတာလည်းပါပါတယ်။CDMရဲ့အတွေးအခေါ်သိတ်ပြီးတော့ခိုင်မာမှုမရှိတာတွေဒီဟာတွေကြောင့်ပဲတဖြေးဖြေးလျော့ကျသွားတယ်လိုကျနော်လည်းမြင်ပါတယ်။ကျနော်လည်းအကြမ်းမဖက်တော်လှန်ရေးအကြောင်းဖတ်ရမှတ်ရလေ့လာတာတွေလုပ်ခဲ့ပါတယ်။။အဲ့တာတွေဖတ်ရတဲ့အထဲကကျနော်နားလည်တာကိုပြောပြရမယ်ဆိုရင်တခြားနိုင်ငံတွေမှာလည်းဒီလိုမျိုးလုပ်တာတွေရှိတယ်။strikeလုပ်တာတို။ဘာသာပြန်ရမယ်ဆိုရင်တော့သပိတ်လုပ်တာပေါ့။ဒီအာဏာရှင်စနစ်ကိုမတရားတာကိုလက် မခံနိုင်ဘူးဆိုတဲ့သဘောနဲ့သူတိုလုပ်စေချင်တာကိုမလုပ်ဘူးဆိုတဲ့သဘောပေါ့။ဒါဟာstrikeရဲ့သဘောပေါ့။ဒီဟာကသူတိုပြောတာကCDM strikeတွေကလုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာထက်တာ၀န်အရကိုလုပ်ရမယ်ဆိုတာမျိုးကိုပြောတာပေါ့လေ။ဒီမိုကရေစီကာလမှာကတော့ဟုတ်ပါတယ်။ဒီလူ့အဖွဲအစည်းကချောချောမွေ့မွေ့နဲ့လုပ်စရာရှိတာလုပ်ကြတယ်။ဒီဘောင်တွေအတွင်းကနေအကုန်လုံးအားတက်သရောအလုပ်တွေလုပ်ကြတယ်။ဒီမိုကရေစီကာလမှာတော့ဒီလိုမျိုးသွားကြတယ်။လူ့အဖွဲအစည်းတစ်ခုလုံးကနေဆုံးဖြတ်ပြီးဟုတ်တယ်ဒီလိုမျိုးလုပ်တာမှန်တယ်ဆိုပြီးသွားကြတယ်ပေါ့လေ။ဒါပေမယ့်အခုလိုတရားမျှတမှုမရှိတဲ့ကာလမှာတော့ဒီလိုဟာမျိုးကိုမလုပ်ဘူးပေါ့လေ။မဟုတ်ဘူးဆိုတဲ့ဆုံးဖြတ်ချက်ပေါ့လေ။ဒီဟာကိုဆန့်ကျင်တယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့သွားတယ်။ဒါကCDMရဲ့သဘော။Strikeရဲ့သဘောပေါ့။ကျနော်ကတော့ဘူးသပိတ်ကိုလည်းဒီလိုပဲထင်တယ်။တစ်ယောက်ချင်းစီရဲ့ဖီဆန်တာပေါ့လေ။စစ်ကောင်စီကလုပ်စေချင်တာကိုမလုပ်ဘူးဆိုတဲ့ဆုံးဖြတ်ချက်လည်းသွားတယ်ပေါ့။ဒါတွေကထိရောက် မှုရှိလားမရှိလားဆိုရင်တော့ ကျနော်ကတော့ထိရောက် မှုရှိတယ်လိုထင်တယ်ပေါ့။ကျနော်ဖတ်ရတဲ့အကြောင်းတွေတခြားနိုင်ငံတွေမှာဖြစ်တဲ့အကြောင်းတွေလေ့လာတာတွေထဲက ဒါတွေကယန္တရားကိုဖြုတ်ဖို အထူးသဖြင့်စစ်ကောင်စီရဲ့ထောက်တိုင်တွေဖြစ်တဲ့ရဲနဲ့စစ်သားတိုဥပဒေရေးရာ၀န်ထမ်းတွေတိုဒီထောက်တိုင်တွေကထောက်ပံ့ပေးနေကြတာမိုလိုသူတိုကအာဏာဆိုတာရှိနေတာပေါ့လေ။ဒီထောက်တိုင်တွေပြိုလဲသွားရင်ဒီယန္တရားတွေပျက်ဆီးသွားရင်သူ့မှာအာဏာကရှိသင့်သလောက် မရှိတော့ပဲ အုပ်ချုပ်လိုမရဖြစ်ပြီးပြိုလဲသွားတာမျိုးတွေရှိတာပေါ့လေ။ဥပမာဖိလစ်ပိုင်မှာဆိုရင် မာကိုဆိုတဲ့အာဏာရှင်ဆိုရင် သူလည်းအဲ့လိုမျိုးပေါ့လေ။သူတိုနိုင်ငံမှာဆိုလည်းအာဏာဖီဆန်တာတွေလုပ်ပြီးတော့ဒီအမိန့်မနာခံပဲstrikeတွေလုပ်တယ်ပေါ့။နောက်ဆုံးပိတ်ဘယ်ချိန်ထိဖြစ်သွားလဲဆိုရင်ရဲနဲ့စစ်သားတွေကိုအာဏာပြပြီးဆန္ဒပြနေတဲ့သူတွေကိုသေနတ်နဲ့သွားပစ်ဆိုရင်မပစ်ဘူးဆိုတဲ့ဟာတွေဖြစ်သွားတယ်။သူကအာဏာပေးချင်သလိုပေးနေပေမယ့်အောက်ကလူတွေကမလုပ်ဘူးဆိုပြီးဖီဆန်တာကြောင့်သူခိုင်းတာတွေဘာမှလုပ်မရဘူးဖြစ်သွားတယ်။ဖြစ်သွားပြီးတော့ဘယ်လိုဖြစ်သွားလဲဆိုရင်သူကိုယ်တိုင်ကမလုံခြုံတော့ဘူးဖြစ်သွားပြီးတော့တခြားနိုင်ငံကိုထွက်ပြေးသွားရတဲ့အခြေနေမျိုးရောက်သွားတယ်ပေါ့။အဲ့လောက်ထိ ထိရောက်နိုင်တယ်ပေါ့လေ။တကယ့်တကယ်အကုန်လုံးကစည်းစည်းလုံးလုံးနဲ့လုပ်မယ်ဆိုရင်ဒီအာဏာရှင်ကိုဖြုတ်ချနိုင်တဲ့အထိရောက်နိုင်တယ်ပေါ့လေ။အဲ့လောက်ပါပဲဗျ။ကျနော်လည်းပြောတာများနေပြီဆိုတော့ ကျေးဇူးပါ။

ဆရာသက္ကမိုးညို(01:33:00 to 01:36:17)

  ခုနကပြောတဲ့ထိရောက် မှုလေးကိုကျနော်နည်းနည်းပြန်ပြောချင်လိုပါ။ကျနော်တိုCDMလုပ်တာထိရောက်လားမထိရောက်ဘူးလား ပြန်အားပျော့သွားလားမပျော့သွားဘူးလားဆိုတော့လေ။ပုံမှန်ပြောရရင်တော့တကယ်တမ်းပြည်သူအလေးထားသောအစိုးရတစ်ရပ်ဆိုရင်တော့ဒါသည်အင်မတန်မှကြောက်စရာကောင်းတဲ့အခြေနေဖြစ်သွားခဲ့တာပေါ့လေCDMလုပ်ခဲ့တာသည်။ဘာဖြစ်လိုလဲဆိုတော့ကျနော်တိုCDMလုပ်ကြတဲ့၀န်ထမ်းတွေသည်human resourcesခေါ်ပါတယ်။human resourcesကတစ်နေ့တစ်ရက်ထဲနဲ့ရလာခဲ့တဲ့လူသားအရင်းမြစ်မဟုတ်ဘူးပေါ့နော်။ကျနော်တိုဥပမာဆရာ၀န်တွေဆိုရင်လည်းအနည်းဆုံး၇နှစ်လောက်အချိန်ပေးပြီးလေ့ကျင့်မှုပေးခဲ့ရတယ်။အရင်းအမြစ်တွေအပေါ်အသုံးချခဲ့ရတယ်။ငွေရေးကြေးရေးတွေအကုန်ကျခံပြီးလေ့ကျင့်မွေးမြူခဲ့ရတယ်။အဲ့လိုမွေးမြူခဲ့ရတဲ့၀န်ထမ်းတွေကအစိုးရယန္တရားထဲမှာမရှိတော့ဘူးဆိုတာဟာအင်မတန်ကိုကြောက်စရာကောင်းတဲ့အခြေနေဖြစ်သွားတာ။တကယ်လိုသာပုံမှန်အစိုးရတစ်ရပ် ပြည်သူကိုအလေးမူတဲ့အစိုးရတစ်ရပ်သာဆိုရင်သူတိုကပြန်မွေးလိုရတဲ့သူတွေမဟုတ်ဘူး ပြန်ပြီးပြန်လည်မွေးထုတ်ဖိုအတွက် ၁၀နှစ်လောက်အချိန်ပေးလည်းရတော့မယ့်သူတွေမဟုတ်တော့ဘူး။ဘာဖြစ်လိုလဲဆိုတော့ကျနော်တိုကတစ်ချိုဆရာ၀န်ကြီးတွေပါတယ်။ထားပါတော့ ပါမောက္ခတွေပါတယ် ပရော်ဖက်ဆာကြီးတွေပါတယ်။နောက်ဆုံးစစ်တက္ကသိုလ်ပါမောက္ခတွေထိပါတယ်။ဒီလိုမျိုးတွေ ဒီလူသားအရင်းအမြစ်တွေဆိုတာပြန်မွေးလိုရတာမဟုတ်ဘူး။တကယ်လိုသာပြည်သူကိုသာအလေးထားသောအစိုးရပ်တစ်ရပ်သာဆိုရင်သူတိုကဆင်းကိုဆင်းပေးရတော့မယ့်အခြေနေမျိုးဖြစ်သွားတာ။နောက်တစ်ခုကမြန်မာနိုင်ငံသည်နောက်၁၀နှစ်အတွင်းမှာ ပြန်ခေါင်းထောင်နိုင်ဖိုတော်တော်ခက်သွားတဲ့အနေထားရောက်သွားတာ။CDMသည်ထိရောက် မှု မထိရောက် မှုကိုကျနော်ပြောပြတာပါ။တကယ်လိုသူတိုသာဒီactionတွေreactionတွေပြန်စဥ်းစားမယ်ဆိုရင်အာဏာကိုသိမ်းကိုမသိမ်းခဲ့သင့်တာပေါ့လေ။အဲ့တော့ဘာဖြစ်လာလဲဆိုတော့သူတိုသိမ်းသွားခဲ့တာသည်ရိုးရိုးသိမ်းသွားခဲ့တာမဟုတ်ပဲ ပြည်သူကိုဘာပဲဖြစ်ဖြစ်ကွာဆိုပြီးလုပ်ခဲ့တဲ့အတွက်ကြောင့်ကျနော်တိုCDMလှုပ်ရှားမှုဟာအားပျော့သွားတယ်လိုယူဆလိုရပါတယ်။တခြားလူတွေသာဆိုရင်တော့အမတန်ကြောက်သွားပြီပေါ့။ခုကျတော့သူတိုကိုယ်တိုင်ကဖြတ်၄ဖြတ်နဲ့ ဖြတ်နေတာကိုး။အခုလောလောဆယ်မီးဖြတ်ထားတယ်။ကျနော်တိုcovidတတိယလှိင်းကာလတုန်းကလည်း အောက်ဆီဂျင်အိုးတွေဖြတ်ပြီးသူကသူတိုဘက်ကိုမြှားဦးလှည့်မလာလေကြိုက်လေဆိုပြီး ဖြစ်သွားတယ်။ကျနော်တိုကCDMနဲ့ပတ်သက်ပြီးCDM၀န်ထမ်းတွေသည်ပြည်သူကို၀န်ဆောင်မှုပေးတာလျော့သွားမလားဆိုတာပြန်စဥ်းစားရရင်တကယ်လိုသာသူတိုအနေနဲ့အနိုင်ကျင့်သတ်ဖြတ်တာတွေမလုပ်ပဲဒီတိုင်းထွက်ကွာဆိုပြီးလုပ်လိုက်ရင်ဒါသည်ကျနော်တိုကတိုင်းပြည်ရဲ့အ၀န်းအဝိုင်းထဲကထွက်သွားတာမဟုတ်ဘူး။ဥပမာ ကျနော်တို မြန်မာနိုင်ငံမှာဆရာ၀န်ပေါင်းထားပါတောါ၂သောင်းရှိတယ်။အဲ့၂သောင်းသည်အစိုးရ၀န်ထမ်းမလုပ်ဘူးဆိုရင်တောင်မှပြင်ပလုပ်ငန်းခွင်တွေမှာရှိနေမယ်ဆိုရင်ကျန်းမာရေးစောင့်ရှောက် မှုသည် သည်၂သောင်းပမာဏပဲရှိနေမှာပဲ။အစိုးရ၀န်ထမ်းလုပ်မှဒီ၂သောင်းက ပြည်သူ့စောင့်ရှောက်ရေးလုပ်ငန်းလုပ်နိုင်မှာမဟုတ်ဘူး။ပြင်ပလုပ်ငန်းတွေပြင်ပဆေးရုံတွေကနေအလုပ်လုပ်ပြီးစောင့်ရှောက် မယ်ဆိုရတာကြီးပဲ။သိုသော်လည်းသူတိုကအငြိုးတရားကြီးမားစွာနဲ့ပဲမင်းတိုအထဲမှာမလုပ်ရင်အပြင်မှာလည်းမလုပ်နဲ့ကွာဆိုပြီး လိုက်လံဖမ်းဆီးနေတဲ့အတွက်ကြောင့်သာ ကျနော်တိုကပြည်သူလူထုကိုစောင့်ရှောက် မှုမပေးနိုင်ဘူးလိုယူဆစရာဖြစ်သွားတာ။ကျနော်ပြောချင်တာက ကျနော်တိုသည်ပြည်သူလူထုကိုကိုယ်ကျင့်တရားကင်းမဲ့စွာပစ်ခွာသွားတာမဟုတ်ဘူး။ဒီအစိုးရလက်အောက် မှာမလုပ်ခြင်းပဲလိုကျန်တဲ့သူတွေဒီတစ်ခုကိုသိအောင်၀င်ပြောပြတာပါ။ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်။

ဆရာသက္ကမိုးညို(01:33:00 to 01:36:17)

  ခုနကပြောတဲ့ထိရောက် မှုလေးကိုကျနော်နည်းနည်းပြန်ပြောချင်လိုပါ။ကျနော်တိုCDMလုပ်တာထိရောက်လားမထိရောက်ဘူးလား ပြန်အားပျော့သွားလားမပျော့သွားဘူးလားဆိုတော့လေ။ပုံမှန်ပြောရရင်တော့တကယ်တမ်းပြည်သူအလေးထားသောအစိုးရတစ်ရပ်ဆိုရင်တော့ဒါသည်အင်မတန်မှကြောက်စရာကောင်းတဲ့အခြေနေဖြစ်သွားခဲ့တာပေါ့လေCDMလုပ်ခဲ့တာသည်။ဘာဖြစ်လိုလဲဆိုတော့ကျနော်တိုCDMလုပ်ကြတဲ့၀န်ထမ်းတွေသည်human resourcesခေါ်ပါတယ်။human resourcesကတစ်နေ့တစ်ရက်ထဲနဲ့ရလာခဲ့တဲ့လူသားအရင်းမြစ်မဟုတ်ဘူးပေါ့နော်။ကျနော်တိုဥပမာဆရာ၀န်တွေဆိုရင်လည်းအနည်းဆုံး၇နှစ်လောက်အချိန်ပေးပြီးလေ့ကျင့်မှုပေးခဲ့ရတယ်။အရင်းအမြစ်တွေအပေါ်အသုံးချခဲ့ရတယ်။ငွေရေးကြေးရေးတွေအကုန်ကျခံပြီးလေ့ကျင့်မွေးမြူခဲ့ရတယ်။အဲ့လိုမွေးမြူခဲ့ရတဲ့၀န်ထမ်းတွေကအစိုးရယန္တရားထဲမှာမရှိတော့ဘူးဆိုတာဟာအင်မတန်ကိုကြောက်စရာကောင်းတဲ့အခြေနေဖြစ်သွားတာ။တကယ်လိုသာပုံမှန်အစိုးရတစ်ရပ် ပြည်သူကိုအလေးမူတဲ့အစိုးရတစ်ရပ်သာဆိုရင်သူတိုကပြန်မွေးလိုရတဲ့သူတွေမဟုတ်ဘူး ပြန်ပြီးပြန်လည်မွေးထုတ်ဖိုအတွက် ၁၀နှစ်လောက်အချိန်ပေးလည်းရတော့မယ့်သူတွေမဟုတ်တော့ဘူး။ဘာဖြစ်လိုလဲဆိုတော့ကျနော်တိုကတစ်ချိုဆရာ၀န်ကြီးတွေပါတယ်။ထားပါတော့ ပါမောက္ခတွေပါတယ် ပရော်ဖက်ဆာကြီးတွေပါတယ်။နောက်ဆုံးစစ်တက္ကသိုလ်ပါမောက္ခတွေထိပါတယ်။ဒီလိုမျိုးတွေ ဒီလူသားအရင်းအမြစ်တွေဆိုတာပြန်မွေးလိုရတာမဟုတ်ဘူး။တကယ်လိုသာပြည်သူကိုသာအလေးထားသောအစိုးရပ်တစ်ရပ်သာဆိုရင်သူတိုကဆင်းကိုဆင်းပေးရတော့မယ့်အခြေနေမျိုးဖြစ်သွားတာ။နောက်တစ်ခုကမြန်မာနိုင်ငံသည်နောက်၁၀နှစ်အတွင်းမှာ ပြန်ခေါင်းထောင်နိုင်ဖိုတော်တော်ခက်သွားတဲ့အနေထားရောက်သွားတာ။CDMသည်ထိရောက် မှု မထိရောက် မှုကိုကျနော်ပြောပြတာပါ။တကယ်လိုသူတိုသာဒီactionတွေreactionတွေပြန်စဥ်းစားမယ်ဆိုရင်အာဏာကိုသိမ်းကိုမသိမ်းခဲ့သင့်တာပေါ့လေ။အဲ့တော့ဘာဖြစ်လာလဲဆိုတော့သူတိုသိမ်းသွားခဲ့တာသည်ရိုးရိုးသိမ်းသွားခဲ့တာမဟုတ်ပဲ ပြည်သူကိုဘာပဲဖြစ်ဖြစ်ကွာဆိုပြီးလုပ်ခဲ့တဲ့အတွက်ကြောင့်ကျနော်တိုCDMလှုပ်ရှားမှုဟာအားပျော့သွားတယ်လိုယူဆလိုရပါတယ်။တခြားလူတွေသာဆိုရင်တော့အမတန်ကြောက်သွားပြီပေါ့။ခုကျတော့သူတိုကိုယ်တိုင်ကဖြတ်၄ဖြတ်နဲ့ ဖြတ်နေတာကိုး။အခုလောလောဆယ်မီးဖြတ်ထားတယ်။ကျနော်တိုcovidတတိယလှိင်းကာလတုန်းကလည်း အောက်ဆီဂျင်အိုးတွေဖြတ်ပြီးသူကသူတိုဘက်ကိုမြှားဦးလှည့်မလာလေကြိုက်လေဆိုပြီး ဖြစ်သွားတယ်။ကျနော်တိုကCDMနဲ့ပတ်သက်ပြီးCDM၀န်ထမ်းတွေသည်ပြည်သူကို၀န်ဆောင်မှုပေးတာလျော့သွားမလားဆိုတာပြန်စဥ်းစားရရင်တကယ်လိုသာသူတိုအနေနဲ့အနိုင်ကျင့်သတ်ဖြတ်တာတွေမလုပ်ပဲဒီတိုင်းထွက်ကွာဆိုပြီးလုပ်လိုက်ရင်ဒါသည်ကျနော်တိုကတိုင်းပြည်ရဲ့အ၀န်းအဝိုင်းထဲကထွက်သွားတာမဟုတ်ဘူး။ဥပမာ ကျနော်တို မြန်မာနိုင်ငံမှာဆရာ၀န်ပေါင်းထားပါတောါ၂သောင်းရှိတယ်။အဲ့၂သောင်းသည်အစိုးရ၀န်ထမ်းမလုပ်ဘူးဆိုရင်တောင်မှပြင်ပလုပ်ငန်းခွင်တွေမှာရှိနေမယ်ဆိုရင်ကျန်းမာရေးစောင့်ရှောက် မှုသည် သည်၂သောင်းပမာဏပဲရှိနေမှာပဲ။အစိုးရ၀န်ထမ်းလုပ်မှဒီ၂သောင်းက ပြည်သူ့စောင့်ရှောက်ရေးလုပ်ငန်းလုပ်နိုင်မှာမဟုတ်ဘူး။ပြင်ပလုပ်ငန်းတွေပြင်ပဆေးရုံတွေကနေအလုပ်လုပ်ပြီးစောင့်ရှောက် မယ်ဆိုရတာကြီးပဲ။သိုသော်လည်းသူတိုကအငြိုးတရားကြီးမားစွာနဲ့ပဲမင်းတိုအထဲမှာမလုပ်ရင်အပြင်မှာလည်းမလုပ်နဲ့ကွာဆိုပြီး လိုက်လံဖမ်းဆီးနေတဲ့အတွက်ကြောင့်သာ ကျနော်တိုကပြည်သူလူထုကိုစောင့်ရှောက် မှုမပေးနိုင်ဘူးလိုယူဆစရာဖြစ်သွားတာ။ကျနော်ပြောချင်တာက ကျနော်တိုသည်ပြည်သူလူထုကိုကိုယ်ကျင့်တရားကင်းမဲ့စွာပစ်ခွာသွားတာမဟုတ်ဘူး။ဒီအစိုးရလက်အောက် မှာမလုပ်ခြင်းပဲလိုကျန်တဲ့သူတွေဒီတစ်ခုကိုသိအောင်၀င်ပြောပြတာပါ။ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်။

ဇော်(DYC) (01:36:38 to 01:40:42)

  ဟုတ်ကဲ့။ခုနကပြောသွားကြတဲ့CDMနဲ့ပတ်သက်ပြီးထိုက်တန်မှုရှိရဲ့လားဆိုရင် ထိုက်တန်မှုရှိပါတယ်။အားလုံးကိုယ်ကျိုးတွေစွန့်ပြီးလုပ်ခဲ့တာဆိုတော့သူ့နေရာနဲ့သူထိုက်တန်မှုရှိတယ်။CDMမတိုင်ခင်တုန်းကCDMနဲ့ပတ်သက်ပြီးအသုံးအနှုန်းတွေကိုကျနော်တိုမသိဘူး။ဒါပေမယ့်ကျနော်တိုဘက် မှာလည်းအရင်တုန်းကအင်းချောင်းတွေပုံစံရှိတယ်။လေလံတွေဘာတွေဆွဲရတယ်။ဆွဲရတယ်ဆိုတဲ့နေရာမှာလည်းဒီဘက် မှာသူတိုကဘာမှလာမလုပ်ပေးဘူး။လမ်းတွေဘာတွေဆိုလည်းဘာမှမလုပ်ပေးဘူး။မလုပ်ပေးပဲနဲ့အလကားသက်သက်အခွန်တွေလိုချင်တယ်။အဲ့လိုအခါမျိုးမှာကျနော်တိုဘက် မှာ ဒီလေလံတွေနဲ့ပတ်သက်ပြီးဘယ်သူမှမဆွဲကြဘူး။လေလံနဲ့ပတ်သက်ပြီးသွားလည်းမဆွဲဘူး ပေးလည်းမပေးဘူးအဲ့လိုပုံစံလုပ်တယ်ပေါ့နော်။အဲ့လိုလုပ်တဲ့အတွက်သူတိုအတွက်ဘာအခွန်မှမရဘူး။တခြားနယ်ကလူတွေလာလုပ်လိုရတယ်။ရလုပ်တဲအခါမှာလည်း ဒေသခံတွေနဲ့အမြင်မတူတော့ဘယ်သူမှလာမလုပ်ချင်ကြဘူး။အဲ့ခေတ်အနေအထားတုန်းကတော့ သူတိုအပြစ်တင်တဲ့အနေထားကြိုက်တဲ့ပုဒ်မနဲ့စွဲဖြစ်မှာဆိုတော့ဘာမှတော့အရမ်းကြီးမလုပ်ဘူး။ဒါပေမယ့်သူတိုဟာကိုတော့လုံး၀မပူးပေါင်းဘူး။လုံး၀မပူးပေါင်းဘူးဆိုတော့သူတိုကလည်းဘာမှထောက်ပံ့ခဲ့တာမရှိဘူးလေ။အဲ့ခေတ်အခါကတည်းကအဲ့လိုအရာမျိုးကိုသုံးစွဲခဲ့တယ်ပေါ့လေ။ခုနကပြောသလိုCDMလုပ်တဲ့အတွက်ကျန်းမာရေးစောင့်ရှောက် မှုတွေလျော့သွားနိုင်တယ်ပေ့ါ။ဒါပေမယ့်သူတိုအောက် မှာဥပမာစစ်ဆေးရုံတက်တာတွေသွားတက်ကြည့်ပါဦး။ဘယ်လိုမျိုးစိတ်ဓာတ်ရေးရာတွေတိုက်ခိုက်ခံရလဲဆိုတာ အဲ့လိုမျိုးတွေပေါ့။အဲ့လိုမျိုးဖြစ်တဲ့အတွက်CDMလုပ်တာကတော့ထိုက်တန်မှုရှိတယ်ပေါ့နော်။နောက်တစ်ခုကတော့ဒီCDMကိုပြန်စသင့်တာပေါ့နော်။ကျနော်တိုအမြင်နဲ့ဆိုရင်တော့စသင့်တယ်ပေါ့နော်။ဒါပေမယ့်အရင်လိုမျိုးချော့ခြောက်ပြီးတော့ပြန်မစစေချင်ဘူး။ဒါပေမယ့်ခုနကပြောသလိုဘာလိုပြန်မစသင့်လဲဆိုရင်တော့Non CDMတွေကငါ့ဘာသာရုံးလေးတက်နေတာလိုတွေးကောင်းတွေးနိုင်တာပေါ့။အမှန်ကအဲ့လိုလုပ်လိုမရဘူး။ဒီNon CDMကကျနော်တိုရဲ့ယုံကြည်မှုတွေလူသားဆန်မှုတွေအကုန်လုံးကိုရိုက်ချိုးနေတာ။ဒီဟာတွေအကုန်လုံးကမှားနေပါတယ်ဆိုတဲ့ဟာမျိုးကိုသူတိုကသွတ်သွင်းနေတာ။သူတိုကိုလက်ပိုက်ကြည့်နေလိုမရဘူး။သူတိုစနစ်ကိုပျက်ဆီးသွားအောင်အရှေ့ကCDMတွေကလုပ်ခဲ့ကြတယ်။သူတိုစနစ်ကိုကျနော်တိုစနစ်ကိုပြန်အစားထိုးနိုင်အောင် ကျနော်တိုလိုချင်တဲ့လူသားဆန်မှုလွတ်လပ်မျှတမှုအဲ့လိုမျိုးပေါ့နော်။အကုန်လုံးအစားထိုးနိုင်အောင်ကြိုးစားရမယ်။ဒီNon CDMတွေကိုလည်းCDMမှာပါ၀င်ဖိုတောင်းဆိုကောင်းလည်းတောင်းဆိုရမယ်။တောင်းဆိုလိုမရရင်ဖာပွန်ကစသလိုမျိုး ထွက်သွားဖိုထုတ်တယ်။သူတိုရဲ့အသက်အန္တရာယ်ကိုလည်းတာ၀န်မယူနိုင်ဘူးပေါ့။ဒီဟာတွေအကုန်လုံးကကျနော်တိုဖန်တီးတာမဟုတ်ဘူး။သူတိုကိုယ်တိုင်ကကျနော်တိုရဲ့ယုံကြည်မှုတွေအခြားလွှတ်လွတ်လပ်လပ်အေးအေးဆေးဆေးနေလိုမရအောင်သူတိုကိုယ်တိုင်ကလုပ်နေတာ။အဲ့လိုဆိုတော့ဒီဟာတွေအကုန်လုံးကသူတိုကိုယ်တိုင်လူမသတ်ပေမယ့်လူသတ်အောင်အားပေးနေတာပဲ။ဒဏ်ရာရလိုဆေးရုံသွားပြရင်တောင်မဟုတ်တဲ့အရာတွေဆွဲထည့်ပီးအမုန်းတရားမဖြစ်ဖြစ်အောင်ရိုက်သွင်းနေတာဗျာ။အဲ့လိုဆိုတော့ဒီလိုဟာမျိုးကိုတော့ငြိမ်ခံပေးနေလိုတော့မရဘူးပေါ့နော်။တစ်ဆက်ထဲခုနကပြောသလိုCDMတွေအနေနဲ့လည်းအလုပ်မလုပ်ချင်လိုထွက်လိုက်တာ။ဒါပေမယ့်ပြည်သူ့၀န်ထမ်းကပြည်သူ့၀န်ထမ်းပဲ။သူတိုက၀န်ထမ်းအနေနဲ့ဆက်ရှိနေတာ။ကျနော်တိုကတော့အခုလက်ရှိအလုပ်လုပ်နေတဲ့Non CDMတွေကို၀န်ထမ်းလိုလုံး၀မသတ်မှတ်ပေးနိုင်ဘူး။CDMတွေကလည်း ၀န်ထမ်းအဖြစ်ကနေအလုပ်ထွက်သွားတာမဟုတ်ဘူး။ကျနော်တိုရင်ထဲမှာတော့အမြဲတမ်းဝန်ထမ်းပဲ။တကယ်လိုတစ်ချိန်မှာတော်လှန်ရေးအောင်သွားပြီးလိုပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေဖော်ဆောင်တဲ့အခါမှာလည်းဒီလိုCDM၀န်ထမ်းတွေက ကျနော်တိုအတွက်၀န်ထမ်းတွေပဲဖြစ်နေရမယ်။ဒီလောက်ပါပဲ။

ဆရာမခွန်ကျာ(01:40:51 to 01:44:19)

   ခုနတုန်းကလည်းပြောပြီးပြီပေါ့။ဒါပေမယ့်ကျွန်မအနေနဲ့ကတော့CDMရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုနားလည်တာကတော့CDMလိုပြောရင်Civil Disobedienceပဲ။အာဏာကိုဖီဆန်တဲ့ဘယ်လုပ်ငန်းမဆိုCDMလိုသတ်မှတ်ရင်ပိုအဆင်ပြေတယ်ပေါ့။ဒါပေမယ့်CDMလိုပြောရင်အလုပ်ထွက် မှပဲCDMလိုပြောရင်တော်တော်အဆင်မပြေဘူးပေါ့။ဘာဖြစ်လိုလဲဆိုတော့ကျွန်မကိုယ်တိုင်ကတော့ဒီထဲကထွက်လာတယ်။တစ်ချိုကကျတော့ထွက် မလာနိုင်ဘူး။အရပ်သားတွေထွက်လာပေမယ့်၀န်ထမ်းတွေကတော့ထွက်မလာဘူးပေါ့။ထွက် မလာပေမယ့်လည်းသူတိုရဲ့အခန်းကဏ္ဏကအင်မတန်ကိုအရေးကြီးတယ်လိုယူဆတယ်ပေါ့။ဘာဖြစ်လိုလဲဆိုရင်ကျွန်မတိုလိုအပ်တဲ့သတင်းအချက်လက်တွေကိုသူတိုစီကနေရရှိတာဖြစ်တယ်။အဲ့တာကြောင့်မိုလိုအထဲကNon CDMတွေကနေရသလောက်ပံ့ပိုးကူညီမှုလို ့ပြောတဲ့အခါမှာအလုပ်ထွက်တယ်မထွက်ဘူးဆိုတာတစ်ခုထဲကိုမူတည်ပြီးတော့မှဆုံးဖြတ်လိုမရဘူး။ပံ့ပိုးကူညီမှုလိုပြောရင်လည်းငွေကြေးတစ်ခုထဲနဲ့ဆုံးဖြတ်လိုမရဘူးပေါ့။ဥပမာဆိုရင်ကျွန်မတိုသီလဝါက၀န်ထမ်းတစ်ယောက်ဆိုရင်ဆီလှောင်ကန်ထဲမှာဆားသွားခပ်ခဲ့တယ်။အဲ့တာကြောင့်မိုလိုမနှစ်ကAprilလောက်တုန်းကလေယာဥ်တွေမပျံနိုင်ပဲအကုန်ရပ်သွားတဲ့တစ်ရက်ရှိခဲ့တယ်။နောက်ဆုံးသူဆိုတာပေါ်သွားတဲ့အတွက်ကြောင့်ထွက်ပြေးလိုက်ရတဲ့အတွက်ကြောင့်နောက်တစ်ခါအဲ့လိုမျိုးလည်းလုပ်လိုမရတော့ဘူးဆိုတဲ့အရာမျိုးလည်းဖြစ်တယ်ပေါ့။အဲ့တာကြောင့်မိုလိုအထဲမှာနေပြီးအာဏာဖီဆန်နေရင်လည်းCDMလိုသတ်မှတ်ပေးဖိုလိုအပ်တယ်။အခွန်ဘဏ္ဏာ၀န်ထမ်းတွေဆိုရင်အထဲမှာနေတယ်အခွန်မကောက်ပေးဘူး။ဒါတွေဆိုရင်လည်းNon CDMပဲဖြစ်တယ်။အဲ့တော့ကျွန်မတိုတော်လှန်ရေးဘက် မှာလူများလေ ကျွန်မတိုတော်လှန်ရေးအောင်မြင်ဖိုနီးစပ်လေလိုယူဆတယ်။တက်နိုင်သမျှhuman resourcesတွေကိုလည်းထိန်းသိမ်းရမယ်။အဲ့တာကြောင့်မိုလိုCDM/Non CDMလိုပြောတဲ့အခါမှာလူကိုလိုက်ပီးတိုက်ခိုက်နေမယ့်အစားရှိသမျှလူတွေအကုန်လုံးတော်လှန်ရေးထဲမှာတစ်နည်းတစ်ဖုံမဟုတ်ရင်တောင်အနည်းဆုံးကတော့နည်းအမျိုးမျိုးနဲ့ပါ၀င်အောင်လုပ်ငန်းစဥ်တွေကိုပေးထားမှပဲဖြစ်မယ်။ဒါမှမဟုတ်ဘူးဆိုရင်CDMတွေကတဖြေးဖြေးနဲ့ပြန်ပြီးတော့ခြေကုန်လက်ပန်းကျသွားပြီးတော့မှattentionကလည်းပြန်ပြီးကျဆင်းသွားတာတွေရှိမယ်ပေါ့။ဒါတွေကကျွန်မတိုရဲ့လက်တွေ့ပဲ။ဥပမာဆိုရင်ဗန်းမော်ကဆရာ၀န်တွေအများကြီး တော်လှန်ရးအစပိုင်းမှာဆိုဗန်းမော်ဆေးရုံကCDMမလုပ်တဲ့ဆရာ၀န်တစ်ယောက်ပဲရှိခဲ့တယ်။ဒါပေမယ့်အကြောင်းအမျိုးမျိုးကြောင့်အကုန်လုံးပြန်၀င်သွားခဲ့ကြတာပဲဖြစ်တယ်ပေါ့။အဲ့တာကြောင့်မိုလိုအထဲမှာရှိတဲ့သူတွေအတွက်လည်းကျွန်မတိုoptionဖွင့်ထားမှရမယ်။အပြင်ကနေလုပ်ကြတဲ့သူတွေလည်းကိုယ့်နည်းကိုယ့်ဟန်နဲ့လုပ်ရမှာပဲဖြစ်တယ်။အဲ့တာကြောင့်မိုလိုလူတစ်ယောက်နဲ့တစ်ယောက်ရဲ့လုပ်နိုင်တဲ့အရာဟာဘယ်နေရာမှာအပြည့်အ၀လုပ်နိုင်လဲဆိုတာကြည့်ရမှာဖြစ်တယ်။ပြီးရင်CDMကနေNon CDMဖြစ်သွားတဲ့သူတွေကိုလည်းCase By Caseပဲကြည့်ရမှာဖြစ်တယ်။ကချင်မှာဆိုရင်CDMလုပ်နေတဲ့တစ်ယောက်ကိုNon CDM၂ယောက်ကပေါင်းပြီးသူစားသောက်နေထိုင်နိုင်အောင်ပံ့ပိုးပေးထားတာလည်းရှိတယ်။အဲ့တာကြောင့်မိုလိုဒီလိုနေရာမျိုးမှာဆိုရင်တော့ကျေးဇူးရှိတယ်မရှိဘူးဆိုတာထက်သူ့နည်းသူ့ဟန်နဲ့တော်လှန်ရေးမှာပါ၀င်ခွင့်ရတယ်။ဒါကလောလောဆယ်ဖြစ်နေတဲ့ကျွန်မတိုအသိုင်းအဝိုင်းမှာရှိတယ်ပေါ့။အဲ့တော့သဘောတူရင်လည်းရတယ်။မတူရင်လည်းရတယ်။ဒါပေမယ့်လူနည်းလေတော်လှန်ရေးကကြန့်ကြာလေပဲဖြစ်တယ်။အဓွန့်လည်းရှည်မယ်။အတွန့်လည်းရှိမယ်။ကျေးဇူးပါ။

ဆရာခေါင်ဝှမ်း(01:44:29 to 01:50:59)

   ဟုတ်ကဲ့။ဆွေးနွေးခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျနော်ဆွေးနွေးချင်တာကတစ်ခုကတော့ခေါင်းစဥ်ပေါ့။ဆရာသက္ကပြောသလိုပဲမေးစရာမလိုတဲ့မေးခွန်းပေါ့။ကျနော်ဒီခေါင်းစဥ်လေးဖတ်ပြီးတော့ဒါလေးကတော့strong CDMတွေအတွက်တော်တော်sensitiveဖြစ်မယ်လိုတွေးမိခဲ့တယ်ဗျ။ကျနော်ကအဲ့တာလေးကိုခင်ဗျားတိုCDMလုပ်တာထိုက်တန်ရဲ့လားလိုစိတ်ကူးနဲ့မေးကြည့်တယ်ပေါ့။ရှင်းရှင်းပြောရရင်ပါးပြန်မရိုက်တာကံကောင်းလိုပြောရမယ်။တော်တော်လေးကျနော့်အပေါ်အစာကြေမဟုတ်ဘူး။ဘာလိုဆိုယုံကြည်ချက်တစ်ခုနဲ့အလုပ်လုပ်တဲ့အခါမှာသူတိုပြန်လည်ပြီးတော့ရယူလိုစိတ်ရှိတာမဟုတ်ဘူးပေါ့လေ။အားလုံးက။အဲ့တာကိုကျနော်မြင်တယ်ပေါ့လေ။ဒီကောင်ကငါတိုလုပ်နေတဲ့တော်လှန်ရေးရပ်တည်ချက်ကိုသရော်တာလား။ငါတိုCDMလှုပ်ရှားမှုကိုရီစရာလိုသတ်မှတ်တာလား။ဒီကောင်ကစစ်ခွေးရဲ့ဒလန်လားဆိုတာမျိုးတွေ မေးလိုက်ရင်မေးလိုက်သူအပေါ်တွေးသွားနိုင်တဲ့ခေါင်းစဥ်မျိုးလိုကျနော်သွားတွေးလိုက်တယ်ဗျ။ဒါပေမယ့်လည်းအခုလက်ရှိအခြေနေမှာအခုပါ၀င်ဆွေးနွေးတဲ့သူတွေဆွေးနွေးတာကိုနားထောင်ရတဲ့အခါ အရမ်းကိုအားရှိတယ်ပေါ့နော်။ဆိုလိုတာကဒီCDMလှုပ်ရှားမှုမှာသူတိုရဲ့Conceptတွေပြန်ပြီးတော့တည်ဆောက်ဖိုလိုတယ်။ပြန်ပြီးတော့စုဖွဲမှုတစ်ခုခုအောက် မှာလုပ်ဖိုလိုတယ်။အဲ့တာတွေကျနော်လက်ခံပါတယ်။နောက်ပြီးတော့သုတေသနလုပ်နေတယ်ဆိုတဲ့အဖွဲတွေလည်းတွေ့ရတော့ကျနော့်အနေနဲ့အများကြီးပဲအားတက်မိတယ်။အားပေးတယ်။လိုအပ်တဲ့အကူညီရှိရင်လည်းကျနော်တိုပေးဖိုအသင့်ပါ။ဒါကတော့တစ်ပိုင်းပေါ့နော်။လက်တလောပေါ့။ဆရာသက္ကပြောသွားတာ ကျနော်တိုCDMတွေကသူတောင်းစားတွေမဟုတ်ဘူးပေါ့။သူကတော့အဲ့လိုထင်သာမြင်သာရှိအောင်တင်စားပြီးပြောသွားတာပေါ့နော်။အဲ့တော့တကယ်တမ်းပြောရရင်ကျနော်တိုCDMထောက်ပံ့တာနဲ့ပတ်သက်ပြီးတော့febလ၅ရက်နေ့လောက်ကတည်းကကျနော်တိုအဖွဲတစ်ခုဖွဲလိုက်တယ်ဗျ။ဒီနေ့ထိကျနော်တိုပေးနေတယ်။လူဦးရေအရေအတွက်၂သောင်း၂ထောင်နဲ့ရှစ်ဦးဒီဇင်ဘာလ၃၁ရက်နေ့ထိကျနော်တိုပေးခဲ့တယ်ဗျ။ဘဏ္ဏာငွေရှာတာလည်းတော်တော်ခက်ခဲတယ်ပေါ့ဗျာ။ပြီးတဲ့အခါမှာကျနော်တိုမှာအခက်ခဲရှိတယ်ဗျ။နာပါတ်၁ကCDMတွေကတကယ်CDMဟုတ်ရဲ့လားပေါ့လေ။နောက်တစ်ခုကCDMတွေကိုထောက်ပံ့တဲ့အခါမှာငွေကြေးပိုဆောင်ပေးမယ့်လမ်းကြောင်းကလုံခြုံမှုရှိပါ့မလား အဲ့လုံခြုံမှုကထောက်ပံ့တဲ့အဖွဲတွေရောCDMerကိုယ်တိုင်ရောကြားထဲမှာလုံခြုံမှုလိုတယ်ဗျ။အဲ့တော့အဲ့တာတွေပြန်စဥ်းစားတဲ့အခါမှာကျနော်တိုကြားထဲမှာ ကျနော်တိုCDMတွေကိုထောက်ပံ့နေတဲ့အဖွဲတွေရဲ့အနေအထားအရဘယ်သူကတော့CDMဘယ်သူကတော့လိုအပ်ချက်တွေရှိတယ်။ဘယ်သူကတော့ဘာတွေလိုတယ်။ဘယ်သူကတော့နေစရာလိုတာမျိုးတွေကျနော်တိုကမသိနိုင်ဘူးဗျ။မသိနိုင်တဲ့အခါCDMတွေကိုယ်တိုင်ကိုကကျနော်တိုရဲ့Pageကျနော်တိုရဲ့မျက်နှာစာမှာအသိပေးမှအဲ့တာတွေထောက်ပံ့နိုင်တဲ့အခြေနေမျိုးရှိတယ်။အဲ့တော့အဲ့လိုမျိုးသူတိုကိုသူတောင်းစားလိုတစ်သက်လုံးမမြင်ဘူးဗျ။ဆိုတော့ဒါကြီးကအချက်လက်တွေပေးတော့မှသာဒါကြီးကအဆင်ပြေတယ်။နောက်တစ်ခုကဆရာသက္ကပြောလိုတာကCDMမှာလူတန်းစားအမျိုးမျိုးရှိတယ်ဗျ။အခြေခံ၀န်ထမ်းကနေစပြီးညွှန်ချုပ်levelလောက်ထိကျနော်တိုဆက်ဆံဖူးပါတယ်။မတူဘူးဗျ။ဒီထောက်ပံ့မှုကိုဆက်ဆံတဲ့အခါမှာ။ဘယ်လိုပုံစံမျိုးနဲ့ပဲဆက်ဆံဆက်ဆံဘယ်လိုပုံစံမျိုးနဲ့ပဲအကူညီတောင်းတောင်းဘယ်လိုပုံစံမျိုးနဲ့ပဲကျနော်တိုကိုဆဲဆဲပေါ့နော်ကျနော်တိုသူတိုကိုသူတောင်းစားလိုမမြင်ပါဘူး။ကျနော်တိုကတော်လှန်ရေးအတွက်အလုပ်လုပ်နေတာ။သူတိုကိုကျနော်တိုကကူညီနေတာ။သူတိုအတွက်ဘယ်လိုအခြေနေမျိုးမှာဖြစ်ဖြစ်ကျနော်တိုအသင့်ရှိရမယ်လိုတွေးတာဗျ။အဲ့တော့CDMတွေကတစ်ခုခုလိုအပ်ချက်တွေရှိလိုတောင်းဆိုတာဆိုရင်သူတောင်းစားတွေမှမဟုတ်ပဲငါတိုတောင်းတာမျိုးကပေါ့နော်။ဒါပေမယ့်လူတော်တော်များများအတွက်ကသူတိုအသိပေးမှကျနော်တိုထောက်ပံ့နိုင်တာမျိုးရှိတယ်ဗျ။နောက်တစ်ခုကဒီCDMနဲ့ပတ်သက်ပြီးတော့ဒီကနေ့ဆွေးနွေးတာစိတ်၀င်စားတဲ့လူတွေအများကြီးပါ။အဲ့တော့လက်တွေ့ကျနော်တိုကြုံနေရတာတစ်ခုရှိတယ်။လူမှုစီးပွားအခက်ခဲတွေကြောင့်CDMersတွေတော်တော်များများကစိတ်ဓာတ်ကျနေတယ်ဆိုတာမှန်တယ်။အဲ့တာကြောင့်ဒီနေ့ကျနော်ပြောတဲ့ခေါင်းစဥ်ကျနော်ပြောနေတာတွေကသူတိုအတွက်အဓိကmotivateဖြစ်နိုင်မယ့် အကြောင်းရာလေးတွေတက်နိုင်သလောက်ကြိုးစားပြီးတော့ကျနော်တိုသူတိုနဲ့မြေပြင်မှာတကယ်ဆက်ဆံပြီးတော့ထိတွေ့ပြီးတော့စကားပြောမယ့်ဟာတွေအပေါ်မူတည်ပြီးတော့Motivationဖြစ်မယ့်ဟာလေးတွေကိုရွေးပြီးတော့တင်ပြထားခြင်းဖြစ်တယ်ဗျ။အဲ့တော့လက်တွေ့ ကျနော်တိုအားလုံးကြားမှာပါ။သူနာပြုဆရာမလေးကိုယ့်ကိုကိုယ်suicideလုပ်သွားတဲ့CDM၀န်ထမ်းတစ်ယောက်။အဲ့ကတည်းကကျနော်တိုshockရပါတယ်။အဲ့တော့ပြည်သူတစ်ယောက်အနေနဲ့လည်းဒီပေါ်မှာတာ၀န်ရှိတယ်လိုခံစားရပါတယ်။ဒီတော်လှန်ရေးခရီးသွားနေတာခြင်းအတူတူဘာဖြစ်လိုသူsuicideလုပ်သွားတာလဲ။ဒါသူsuicideလုပ်သွားတာကိုသူတစ်ယောက်တော့ကျနော်တိုသိတယ်။မသိပဲနဲ့suicideလုပ်သွားတာတွေလည်းမရှိဘူးလိုမပြောနိုင်ဘူး။ရှိနိုင်တယ်ပေါ့။ဒါမှမဟုတ်suicideလုပ်ခါနီးအခြေနေလောက်ထိစိတ်ဓာတ်ကျနေတဲ့CDMတွေလည်းရှိနိုင်တယ်။အဲ့တော့ကျနော်တိုဘာလုပ်ကြမလဲပေါ့။ဒါနဲ့ပတ်သက်ပြီးတော့ကျနော်တိုစဥ်းစားသင့်တယ်လိုယူဆတယ်။အဲ့တော့တစ်ဖက်ကCDMအောင်မြင်မှုCDMစုစည်းမှုCDMရဲ့ပေါ်လစီတွေကိုကောင်းကောင်းသုတေသနလုပ်ပြီးတော့အကောင်အထည်ဖော်ဖိုကြိုးစားရင်းနဲ့CDMတွေရဲ့လူမှုစီးပွားဒုက္ခတွေကိုဖြေရှင်းဖိုဘယ်လိုကြိုးစားရမလဲဆိုတဲ့အပိုင်းကလည်းအရေးကြီးတယ်ဗျ။နောက်ပြီးတော့သူတိုရဲ့psychological problemပေါ့နော်။သူတိုရဲ့အဲ့တာကိုဘယ်လိုမျိုးမြှင့်တင်ရမလဲဆိုတဲ့အပိုင်းကလည်းအရေးကြီးလာတယ်ဗျ။ဒါကလက်တလောဖြစ်ပေါ်လာတဲ့အကြောင်းအရာ။အဲ့တော့ဘာဖြစ်ဖြစ်CDMကိုစိတ်၀င်စားကြတဲ့လူတွေကြားထဲမှာအဲ့တာလေးတစ်ခုတော့တင်ပြလိုပါတယ်။သူတိုရဲ့Psycho social problemတွေကိုဘယ်လိုမျိုးအထောက်အပံ့ဖြစ်အောင်ကူညီရမလဲရယ်ဒီလိုproblemတွေကိုဘယ်လိုမျိုးကောင်းအောင်မြှင့်တင်မလဲဆိုတာလေးတွေကိုကျနော်တင်ပြလိုပါတယ်ဗျ။ကျေးဇူးတင်ပါတယ်။

ကိုဝေယံစိုး(01:51:07 to 01:56:48)

  အကိုတိုဆွေးနွေးနေတဲ့ထဲမှာကျနော်ဘာသွားတွေ့ရလဲဆိုတော့ပြန်ပြီးတော့ခြုံကြည့်ရမယ်ဆိုရင်CDMလူတန်းစားပြသာနာပေါ့လေ။CDMလူတန်းစားပြသာနာဆိုတာCDMတွေကတစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။သူ့ရဲ့စား၀တ်နေရေးအရရောမိသားစုအခြေနေအရရောပေါ့။တစ်ချိုတွေဆိုရင်၀န်ထမ်းဘ၀ကတည်းက၀န်ထမ်းလစာမလုံလောက်တဲ့ကြားထဲကမိသားစုကိုတစ်ယောက်ထဲထောက်ပံ့နေရတဲ့အနေထားမျိုးတွေရှိတယ်။တစ်ချိုတွေဆိုရင်လည်း၀န်ထမ်းဖြစ်နေပေမယ့်ချမ်းသာနေတဲ့လူတန်းစားတွေလည်းအများကြီးရှိတယ်။ဆိုတော့ကျနော်တိုကချမ်းသာနေတဲ့လူတန်းစားကိုသိတ်ပြီးတော့စိုးရိမ်စရာမလိုပဲဆင်းရဲနေတဲ့ပွင့်ပွင့်လင်းလင်းပြောရရင်၀န်ထမ်းလစာကိုမှီခိုနေရတဲ့သူတွေကိုဒီတိုင်းပစ်ထားမှာလားပေါ့။အဲ့တာကိုကျနော်တိုစဥ်းစားဖိုအချိန်တန်ပြီ။ပြီးတော့နောက်တစ်ခုကအကိုတိုထပ်ပြီးပြောသွားသလိုပဲCDMနဲ့ပတ်သက်ပြီးကြားမှာကျစ်လစ်ခိုင်မာတဲ့စုဖွဲမှုတစ်ခုတည်ဆောက်သင့်နေပြီလိုကျနော်ကတော့ထပ်ပြီးတော့တောင်းဆိုချင်တယ်ပေါ့လေ။ပြီးတော့နောက်တစ်ခုကCDM/Non CDM။ကျနော်တိုကတော့ဘယ်လိုပဲပြောပြောလူ့အခွင့်ရေးရှုထောင့်ကနေပဲကြည့်တယ်ပေါ့လေ။ပြီးတော့ကျနော်တိုကလူသားတစ်ယောက်ရဲ့ရသင့်ရထိုက်တဲ့အခွင့်အရေးအပေါ်လည်းကြည့်တယ်။ခုနတုန်းကပြောတဲ့CDMကလည်းCDMအခွင့်အရေးနဲ့CDMလုပ်သလိုNon CDMတွေကလည်းဒါသူ့အခွင့်အရေးပါပဲ။ဒါပေမယ့်အဲ့မှာတော့အမျိုးအစားခွဲခြားလိုရတယ်။စစ်ကောင်စီကိုတကယ်ထောက်ခံတဲ့သူတွေလည်းရှိသလိုအခြေနေအကြောင်းအမျိုးမျိုးကြောင့်CDMမလုပ်နိုင်တဲ့သူတွေအများကြီးရှိတယ်။ပြီးတော့ဒီထဲကနေပြီးသတင်းပေးနေတဲ့Non CDM၀န်ထမ်းတွေရှိတယ်ပေါ့။ဆိုတော့အဲ့လိုCDMမလုပ်လာတဲ့၀န်ထမ်းတွေကိုအကုန်လုံးရောကြိတ်ပြီးNon CDMလိုသတ်မှတ်ကြမလားပေါ့လေ။ပြီးတော့ ဒီကြားက တရားမျှတမှုကိုရှာတဲ့အခါမှာလည်း ဘယ်လိုမျိုးနဲ့တရားမျှတမှုကိုရှာမလဲဆိုတာကိုဒီနေရာမှာအကျယ်တ၀င့်နဲ့ဆွေးနွေးရမယ့်အချိန်ကိုရောက်ပါပြီပေါ့လေ။တကယ်လည်းစဥ်းစားသင့်ပီပေါ့လေ။ဥပမာဆိုရင်ဟိုတစ်နေ့ကဆိုရင်စီးပွားကူးသန်း၀န်ကြီးဋ္ဌာနကနေအလုပ်ထုတ်စာထွက်တယ်ပေါ့။ဒါပေမယ့်အဲ့မှာဘာသွားတွေ့ရလဲဆိုရင်အထဲကနေသတင်းပေးနေတဲ့သူတွေမပါဘူးပေါ့။ဒါကျနော်မြင်တာထည့်စရာမလိုဘူးပေါ့။ဒါလုပ်ကိုလုပ်ရမယ့်ကိစ္စလိုမြင်တယ်။မပါလည်းရတဲ့ဟာလိုမြင်တယ်။အဲ့လိုမျိုးဟာတွေတော့မလုပ်သင့်ဘူးလိုကျနော်ထင်တယ်ပေါ့လေ။ဘာဖြစ်လိုလဲဆိုရင်အထဲမှာသတင်းပေးနေတဲ့သူတွေအတွက်လည်းအများကြီးအန္တရာယ်ရှိနိုင်မယ်လိုမြင်တယ်။နောက်တစ်ခုကကြားကာလတက္ကသိုလ်ကောင်စီတွေပေါ့လေ။တက္ကသိုလ်ကောင်စီတွေအသီးသီးဖွဲကြတယ်။အဲ့ချိန်မှာကျနော်တိုဘာသွားတွေ့ရလဲဆိုတော့CDM၀န်ထမ်းတွေကိုရာထူးတိုးပေးတာတွေသွားပြီးတွေ့ရတယ်။အဲ့ဒီ့ဟာကိုပြန်ပြီးတော့မေးခွန်းထုတ်ချင်တာကဘယ်ဥပဒေကိုအခြေခံပြီးတော့ရာထူးတိုးပေးလဲပေါ့လေ။ဒါဥပဒေအကြောင်းရလုပ်ရမယ့်ကိစ္စတွေလိုကျနော်ကတော့အဲ့လိုမြင်တယ်။ဒါမလုပ်သင့်တဲ့ကိစ္စလိုကျနော့်အနေနဲ့ယူဆတာပေါ့။လက်ရှိအချိန်မှာတစ်ချိုတွေကCDM၀န်ထမ်းမိုအခွင့်အရေးတွေပိုပေးသင့်တယ်CDM၀န်ထမ်းမိုအခွင့်အရေးတွေရသင့်တယ်ဆိုတာကတော့ကျနော့်အနေနဲ့လက် မခံဘူး။အကုန်လုံးကကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ့်ရည်မှန်းချက်နဲ့CDMလုပ်လာတဲ့သူတွေပဲဖြစ်တယ်။ဒါပေမယ့်လက်ရှိမှာကျနော်တိူCDM၀န်ထမ်းတွေရင်ဆိုင်နေရတဲ့အခက်ခဲတွေစိန်ခေါ်မှုတွေကိုဘယ်လိုမျိုးပူးပေါင်းပြီးအဖြေရှာသင့်သလဲဆိုတာကိုတော့ကျနော်တိုစဥ်းစားသင့်တယ်လိုကျနော်ကထပ်လောင်းပြီးပြောကြားချင်ပါတယ်။နောက်ပိုင်းဘာတွေထပ်ပြီးကြုံတွေ့လာရလဲဆိုရင်CDM၀န်ထမ်းမှန်းသိရင်စစ်တပ်ကနေငွေညှစ်ပြီးတော့ငွေကြေးတောင်းခံတာမျိုးတွေထပ်ပြီးတော့CDM၀န်ထမ်းတွေကြားထဲမှာကြုံတွေ့လာရတယ်။ပြီးတော့ဆက်စပ်ပြီးတော့ ကျနော်တိုတိုင်းနဲ့ပြန်ပြီးပြောရမယ်ဆိုရင်၀န်ထမ်းတွေတော်တော်များများကHome page learningကိုလုပ်နေကြတယ်။ဒါပေမယ့်၀န်ထမ်းတွေတော်တော်များများကဘယ်လိုဖြစ်လာလဲဆိုရင်ရေရှည်ရပ်တည်ဖိုအဆင်မပြေတော့ဘူး။အဲ့အတွက်ကျနော်တိုထိုင်းကိုသွားပြီးအလုပ်လုပ်ရတယ်။ဒီလိုမျိုးဖြစ်ပြီဆို ဘယ်လိုဖြစ်လာလဲဆိုတော့သိတဲ့အတိုင်းထိုင်းကိုသွားပြီဆိုရင်ကျနော်မြင်တာကတော့တော်လှန်ရေးမြေပြင်မှာရှိနေတဲ့အနေအထားနဲ့တစ်ဖက်နိုင်ငံကိုရောက်သွားတဲ့အနေအထားconceptကပျက်သွားတယ်ပေါ့။ဆိုတော့လုပ်ငန်းအကောင်အထည်ဖော်မှုတွေကိုလည်းသိတ်ပြီးစိတ်ပါ၀င်စားမှုမရှိတော့ဘူး။လုပ်ငန်းလည်ပတ်ဖိုလည်းသိတ်ပြီးအဆင်ပြေမနေဘူး။အဲ့လိုပြသာနာတွေစိန်ခေါ်မှုတွေအများကြီးကြုံတွေ့နေရတယ်။ပြီးတော့ဒီကြားထဲမှာပြသာနာတွေဖြစ်ကြတယ်ပေါ့လေ။CDM၀န်ထမ်းအချင်းချင်းကြားမှာတောင်ဘယ်လိုဖြစ်ကြလဲဆိုတော့ တစ်ချိုကCDMလုပ်ထားတယ်သာပြောတာကျနော်တိုကဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကိုသွားမယ်သာပြောတာတကယ်တမ်းပြောင်းလဲဖိုအဆင်သင့်ဖစ်ပြီလားဆိုမဖြစ်ကြသေးဘူးလိုကျနော်ထင်တယ်။ဘာလိုအဆင်သင့်မဖြစ်သေးဘူးလဲလို ပြောလဲဆိုရင်ဒီဘက်ကလူငယ်တွေတော်တော်များများကဒါကိုအကျယ်တ၀င့်နားလည်သော်ငြားလည်းအရင်ခေတ်ကဖြစ်တည်လာတဲ့ဆိုးမွေတွေကိုခံစားလာရတဲ့သူတွေအတွက်ကတော့ချက်ခြင်းကြီးပြောင်းလဲဖိုဆိုတာမဖြစ်နိုင်သေးဘူးလိုကျနော်ထင်တယ်။ဒါကိုဖြေးဖြေးချင်းပြုပြင်ပြောင်းလဲသွားရမယ်။ဒီလိုပြုပြင်ပြောင်းလဲဖိုဘယ်လိုမျိုးစဥ်းစားချက်တွေလိုလဲဆိုတာကိုအားလုံးဝိုင်းပြီးစဥ်းစားဖိုအချိန်ရောက်ပါပြီလိုထပ်လောင်းပြီးတော့ပြောကြားချင်ပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ။

ကိုNZ(01:57:01 to 02:00:21)

  ကျနော်ကစောစောက ဆရာမခွန်ကျာပြောတဲ့ဟာလေးပေါ့လေ။CDMမှာCDM Non CDMပေါ့နော်။ကျနော်တိုစဥ်းစားတဲ့ပုံကိုပြောင်းပြီးတော့လုပ်ဖိုဆိုတာလေး။အဲ့တာလေးကိုထောက်ခံပြီးတော့ဆွေးနွေးချင်တာပေါ့လေ။အဲ့တော့ကျနော်တိုကအခုလက်ရှိတော်လှန်ရေးမှာကရန်ငါပြတ်တယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့လုပ်တဲ့ဟာတွေအရမ်းများတယ်ပေါ့။ကျနော့်ရဲ့ပုဂ္ဂလ္လိကယုံကြည်ချက်ကတော့ရန်သူများတဲ့ဟာကတော့ဘယ်လိုနည်းနဲ့မှမကောင်းဘူးပေါ့။အဲ့တော့ကျနော်တိုကကိုယ့်ဖက်ကိုပါလာအောင်ပိုပြီးတော့စည်းရုံးနိုင်တဲ့ဟာကအထူးသဖြင့်CDMဆိုရင်Non violent movementဖြစ်တဲ့အတွက်ကြောင့်ကျနော်တိုကပိုပြီးသင့်လျော်တယ်။ကျနော်တိုကစစ်တပ်တောင်မှတပ်တစ်ခုလုံးကိုတိုက်ခိုက်ချင်တာမဟုတ်ပဲနဲ့တပ်မတော်ခေါင်းဆောင်တွေနဲ့ဒီအကြမ်းဖက်ကိုလုပ်တဲ့ခေါင်းဆောင်တွေတပ်မတော်သားတွေကိုတိုက်ခိုက်ချင်တာ။ဒီတော်လှန်ရေးဟာတပ်မတော်သားတွေအားလုံးအတွက်လည်းပါတယ်။တူတူပဲCDMမှာလည်းCDMမလုပ်တဲ့၀န်ထမ်းတွေအတွက်လည်းဖြစ်တယ်ဆိုတာမျိုးအယူအဆပေါ့နော်။ဒီလိုပုံစံမျိုးနဲ့သွားမှပဲကျနော်တိုအဆင်ပြေလိမ့်မယ်လိုထင်တယ်ပေါ့လေ။ဆိုတော့သိုသော်လည်းကျနော်တိုကပြသာနာကဒီဟာကိုပြန်နောက်လှည့်ဖိုဆိုရင်အချိုအရာတွေကျွံသွားတဲ့အရာတွေရှိတဲ့အတွက်ကြောင့်မိုလိုတော်တော်လေးခက်ခဲမယ်လိုကျနော်မြင်တယ်ပေါ့လေ။ဘာလိုလဲဆိုတော့black listလုပ်တယ်ပေါ့လေ။NUGကနေပြီးနာမည်တွေနဲ့ဘယ်သူ့ဘယ်သူရာထူးတွေနဲ့ ဆိုတော့အဲ့တာတွေအကုန်လုံးကသိတ်ပြီးတော့အကြောင်းကြောင်းကြောင့်CDMမလုပ်နိုင်တဲ့သူတွေရှိတာပေါ့လေ။အဲ့တော့မိသားစုကြောင့်အမျိုးမျိုးပေါ့။သူတိုတွေအကုန်လုံးကိုပါဒီဘက်ကိုတွန်းပိုသလိုဖြစ်တယ်လိုကျနော်ကတော့ယူဆပါတယ်။အဲ့တော့ကျနော်တိုကစစခြင်းမှာလည်းကိုရဲထက်လည်းဆွေးနွေးထားခဲ့တယ်ပေါ့။ကျနော်တိုကstrike conceptနဲ့သွားခဲ့တယ်။သပိတ်မှောက်တယ်။စစ်ကောင်စီရဲ့လက်အောက် မှာမလုပ်ဘူး။ဒါအားလုံးညီရင်ပြုတ်ကျမှာ။ဒါကျနော်လည်းအရိုးသားဆုံး၀န်ခံရရင်ဒီပုံစံကိုယုံကြည်ခဲ့တယ်။ကျနော်တိုကဒါကြီးကတစ်ခါမှမကြုံဖူးပဲဖြစ်လာခဲ့တာဆိုတော့အဲ့လိုပုံစံပဲလုပ်ခဲ့ကြတယ်။အဲ့ဒီ့ဟာတွေလုပ်ရပ်ကလည်းကျနော်ကတော့လေးစားတယ်။အသိမှတ်ပြုတယ်။ဒီလုပ်ရပ်မှာလည်းပါ၀င်ခဲ့တဲ့ဟာသည်ပါ၀င်ခဲ့တဲ့သူအကုန်လုံးကလည်းတာ၀န်ကြေသွားတယ်။အဲ့တော့ပြောချင်တာကဒီstrikeနဲ့သွားခဲ့တဲ့အခန်းကဏ္ဏကပြီးသွားပြီ။အဲ့တာကိုမှကျနော်တိုကပြောင်းလဲလာတဲ့အခြေနေပေါ်မှာပြောင်းလဲစဥ်းစားနိုင်ဖိုလိုတာပေါ့နော်။အဲ့တော့အဲ့လိုမဟုတ်ပဲနဲ့ငါတိုကဘယ်လိုပါခဲ့ရတာမိုလိုမင်းတိုနဲ့ငါတိုကဘယ်လိုနည်းနဲ့မှမတူဘူး။ဒါကြီးက ဒီလိုမျိုးစဥ်းစားမယ်ဆိုရင်ရှေ့မရောက်ဘူးလိုကျနော်ထင်တယ်။အရင်ဟာကိုပဲစွဲကိုင်နေရင်ကျနော်တိုကရှေ့မရောက်နိုင်ဘူး။အဲ့တော့ပြောချင်တာကကျနော်တိုကလိုအပ်ရင်ပြောင်းလဲနိုင်ရမယ်ပေါ့။ပြည်သူနဲ့တော်လှန်ရေးအတွက်ကောင်းမယ်ဆိုရင်ဥပမာ ဒီအဖွဲအစည်းတစ်ခု ဒီယန္တရားတစ်ခု ဒီဗျူဟာတစ်ခုဟာအသုံးမ၀င်တော့ဘူးဆိုရင်ကျနော်တိုကိုယ်တိုင်ကဒါကိုဖျက်ပစ်နိုင်ရမယ်။ဒီလိုကျနော်တိုသွားမှပဲအဆင်ပြေမယ်လိုကျနော်ကတော့ယူဆပါတယ်။အဲ့တာလေးကိုကျနော်ဖြည့်စွပ်ဆွေးနွေးချင်ပါတယ်။ဟုတ်ကဲ့။

ကိုရဲထက်(02:00:25 to 02:08:43)

  တခြားသူတွေလည်းမရှိတော့ကျနော်နည်းနည်းလေးဖြည့်စွတ်ဆွေးနွေးကြည့်မယ်။ခုနကလည်းမေးခွန်းထုတ်ထားတာတစ်ချိုရှိတယ်ပေါ့နော်။ပထမဆုံးကတော့အယူအဆအပိုင်းကိုပြန်လုပ်ဖိုကတော့ပထမဆုံးလိုတယ်လိုထင်တယ်ပေါ့နော်။ကျနော်တိုကstrikeပုံစံသွားမဟ်ဆိုရင်strikeရဲ့သဘောတရားကိုနားလည်ရမယ်ပေါ့နော်။ဒီနည်းလမ်းရဲ့အကျိုးအပြစ်အားသာချက်အားနည်းချက်ကို။ပုံမှန်strikeရဲ့သဘောကတော့ရေတိုဖြစ်တယ်ပေါ့နော်။ရေတိုဖိအားပေးတယ်။နှစ်ဖက်လုံးကကိုယ်လည်းဖိခံရတယ်။တစ်ဖက်ကိုလည်းဖိအားပေးတယ်။အဲ့အပေါ်မှာကျနော်တိုညှိနှိင်းတယ်ဆိုတဲ့သဘောလည်းပါတယ်ပေါ့နော်။ကိုယ်ကဒီယန္တရားတွေရပ်တန့်တဲ့အခါမှာdirectlyတော့ထိခိုက်တာမဟုတ်ဘူး။ဒါပေမယ့်စစ်ကောင်စီကသူ့ရဲ့ဂုဏ်သိက္ခာနဲ့တိုင်းပြည်ကိုတကယ်ချစ်တယ်ဆိုရင်ဖယ်ပေးရမှာပေါ့။ဒါပေမယ့်အခုလက်ရှိကတော့အဲ့လိုမဟုတ်ဘူး။ဆိုတော့CDMပုံစံကို အထူးသဖြင့်ပေးဆပ်မှုကအင်မတန်များတယ်။ပါ၀င်ထားတဲ့သူတွေပေးဆပ်မှုတွေဆက်လည်းပေးဆပ်ကြဦးမှာပဲ။ဒါပေမယ့်အဲ့တာကိုဘယ်လိုမျိုးထိရောက်အောင်လုပ်မလဲပေါ့။ထိရောက်တယ်ဆိုတာကဘာကိုထိရောက်တယ်လိုပြောလဲပေါ့နော်။ပြီးရင်ဘယ်လိုမျိုးတော်လှန်ရေးကိုအကျိုးပြုမှာလဲပေါ့။အဲ့တာတွေကိုပြန်ပြီးဆွေးနွေးရမယ်လိုကျနော်ကတော့ထင်တယ်။နောက်တစ်ခုကတော့စား၀တ်နေရေးနဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်ဒီနှစ်ခုလုံးပေါ့။ကျနော်လည်းလက်ရှိမှာCDMတွေကိုတက်နိုင်သမျှကူညီနေတဲ့အထဲပါတာတွေရှိတယ်ပေါ့။ဒါပေမယ့်ငွေအားကတော်တော်မလုပ်နိုင်တော့ဘူး။ပြီးတော့CDMလုပ်နေတဲ့သူတွေကိုယ်တိုင်စိတ်ဓာတ်ကျလာတာမျိုးတွေစိတ်ဒဏ်ရာမျိုးတွေရလာတယ်ပေါ့နော်။ဘယ်ကိုပြောလိုပြောရမှန်းမသိဘူး။အဲ့နေရာမှာ ပုံမှန်ပေါ့နော် ကျနော်လည်းတော်လှန်ရေးမတိုင်ခင်ကလည်းEmotional supportအပိုင်းတွေမှာကျနော်၀င်လုပ်ဖူးတယ်ပေါ့နော်။၀င်လုပ်ဖူးတော့အကောင်းဆုံးကတော့အတူတကွတည်ရှိတာပေါ့နော်။တော်လှန်ရေးမှာလည်းအားလုံးကဒဏ်ရာဒဏ်ချက်တွေနဲ့ပဲဆိုတော့။ပြောရရင်အကောင်းဆုံးကတော့စုဖွဲမှုပေါ့နော်။CDMသမားတွေအချင်းချင်းစုဖွဲနိုင်တဲ့ပတ်၀န်းကျင်လေးဖန်တီးနိုင်ရင်ကောင်းမယ်။နောက်တစ်ခုကတော့စား၀တ်နေရေးပြသာနာလူထုထောက်ခံမှုပြသာနာပေါ့နော်။လူထုကမထောက်ခံတော့ဘူးဆိုတာအရင်ကလောက်မထောက်ခံတော့ဘူးပေါ့လေ။အဲ့လိုအခြေနေဟာဘာကြောင့်လဲဆိုပြီးအရင်းခံကိုသုံးသပ်ရရင်တော့CDMလုပ်ရင်ဘာဖြစ်မှာလဲဆိုတဲ့မေးခွန်းကိုခေါင်းဆောင်တွေကလည်းမဖြေတော့ဘူး ပြည်သူတွေကလည်းမသိတော့ဘူး CDMလုပ်နေတဲ့သူတွေကိုယ်တိုင်ကလည်းမဖြေနိုင်တော့ဘူး။ဘာဆက်လုပ်လိုဘာထူးမှာလဲ တကယ်ကလက်နက်ကိုင်တော်လှန်ရေးကသာအဖြေ ပိုက်ဆံစုပြီးလက်နက်ကိုင်တော်လှန်ရေးကိုပဲထည့် ခေါင်မိုးပြင်မှာတခြားဟာတွေရမယ်အဲ့လိုမျိုးအယူအဆတွေကအားကောင်းတဲ့အချိန်မှာCDMတွေကဘာလုပ်ရင်ဘာဖြစ်မှာလဲဆိုတာCDMတွေကိုယ်တိုင်မပြောနိုင်ဘူး။မပြောနိုင်တော့အမေ့လျော့ခံဖြစ်လာတာပေါ့နော်။CDMကတကယ့်ကိုအမေ့လျော့ခံဖြစ်နေတယ်။အဲ့တာကိုကျနော်တိုကCDMသမားတွေကိုလူထုကပြန်စိတ်၀င်စားအောင်ဆိုတာအရင်ဆုံးCDMရဲ့အရင်းခံကတော့ဒီအယူအဆကိုပြန်သွားရမှာပဲ။CDMရဲ့အယူအဆကဘာလဲ CDMကဘာကိုဖြစ်အောင်လုပ်မှာလဲ CDMကတကယ်တော့အရေးပါမှုတွေအများကြီးရှိတယ်။အရေးပါမှုဆိုတာသမိုင်းကိုပြောတာမဟုတ်ဘူး။ပြီးခဲ့တဲ့အရင်နှစ်ဖေဖော်ဝါရီ မ က် မှာအားကောင်းခဲ့တာပုံစံတစ်ခု။ဒါပေမယ့်အခုလက်ရှိမှာလည်းအရေးပါမှုတွေရှိတယ်။ဆက်ပြီးတော့လည်းစစ်ကောင်စီရဲ့ယန္တရားတွေကိုပြိုကျအောင်လုပ်လိုရတယ်။စစ်ကောင်စီကိုအထောက်အပံ့ဖြစ်စေတဲ့အရာတွေကိုဖြိုချလိုရတယ်။CDMကိုအသုံးချလိုရတဲ့ပုံစံတွေအများကြီးရှိတယ်ပေါ့နော်။ဒါတွေကိုကျနော်တိုလုပ်လိုရတယ်ပေါ့နော်။နောက်တစ်ခုကCDM/Non CDMကိစ္စကတော့ကျနော်တိုCDMမှာကိုယ်တိုင်ပါ၀င်လုပ်နေတဲ့သူတွေပေါ့နော်နားလည်တယ်။ဒီအခြေနေမှာဒီလိုခံစားရမယ်ဆိုတာ။ဒါပေမယ့်ကျနော့်အနေနဲ့အယူအဆလေ့လာသူတစ်ယောက်အနေနဲ့ပဲပြောမယ်ပေါ့နော်။ပြောရရင်ကျနော့်အယူအဆအရတော့Non CDMဆိုတာမရှိဘူးပေါ့လေ။Non CDMလိုသက် မှတ်တယ်ဆိုရင်ဘယ်လိုသက် မှတ်မှာလဲပေါ့။အလုပ်ဆက်လုပ်နေတဲ့သူတွေကိုNon CDMလား။အဲ့တာဆိုရင်တခြားဥပမာဆိုကြပါစို။ဧည့်စာရင်းတိုင်နေတဲ့သူတွေရော မီတာခဆောင်တဲ့သူတွေရော ကျောင်းတက်နေတဲ့သူတွေရော အစိုးရယန္တရားမှာတနည်းနည်းနဲ့ပါ၀င်လုပ်နေတဲ့သူတွေအများကြီးပဲNGOတိုဘာတိုပါတယ်။စီးပွားရေးလုပ်ငန်းရှင်တွေရှိတယ်။အဲ့စီးပွားရေးလုပ်ငန်းတွေလည်းအခွန်ဆောင်ရတာပဲ။အဲ့စီးပွားရေးလုပ်ငန်းတွေမှာ၀င်လုပ်နေတဲ့သူတွေရော အမျိုးမျိုးပြောလိုရတယ်။အမိန့်ဖီဆန်တယ်ဆိုတဲ့သဘောတရားကပေါ့နော်လူတစ်ဦးတစ်ယောက်ကိုလုပ်နိုင်တဲ့ဘက်ကကြည့်တာပေါ့နော်။မလုပ်နိုင်တဲ့ဘက်ကသွားကြည့်ရင်တော့အကုန်လုံးကတော့မဖီဆန်နိုင်တဲ့သူတနည်းနည်းနဲ့တော့သွားထိမှာပဲ။တနည်းနည်းနဲ့Non CDMဖြစ်မှာပဲ။အဲ့လိုသာကြည့်မယ်ဆိုရင်ပေါ့လေ။Non CDMဆိုတဲ့အဓိပ္ပါယ်လည်းကျနော်တိုဖွင့်ရမှာပေါ့နော်။ဒါကတော့အယူအဆကိုပြောတာပေါ့နော်။တကယ့်လက်တွေ့မှာလည်းစည်းရုံးရေးအယူအဆအရကြည့်မယ်ပေါ့နော်။စည်းရုံးရေးဆိုတာတော်လှန်ရေးမှာအရေးကြီးဆုံးပဲ။ဘာကြောင့်အရေးကြီးဆုံးလဲဆိုရင်တော်လှန်ရေးမှာနာကျည်းချက်တွေရှိတယ်။နာကျည်းမှုပေါ့နော်။ဒီနာကျည်းမှုကကျနော်တိုတွေရဲ့အင်အားပဲ။ဒီအင်အားကိုအသုံးချတက် မှရမှာ။အသုံးမချ တက်

ရင်အဲ့တာကမီးလိုပဲပေါ့နော်။လောင်ချင်ရာလောင်ပြီး ကိုယ့်အချင်းချင်းဖြစ်ချင်ဖြစ်မယ်။ဒါမှမဟုတ် အောက်ခြေမှာပဲစစ်ကောင်စီရဲ့ယန္တရားပေါ့နော် အာဏာရှင်ကိုမထိပဲအောက်ခြေကဖိနှိပ်ခံအချင်းချင်းပဲထိပြီးတော့အ ရှေ့မရောက်ဘူးပေါ့လေ။အဲ့တော့စည်းရုံးရေးဆိုတာပြည်သူတွေရဲ့နာကျည်းချက်ရှိတယ်။အဲ့နာကျည်းချက်ကဘယ်အရာတွေကိုဖိချင်တာလဲ။အဲ့တာတွေကိုသိရမှာပေါ့လေ။အခုအောက်ခြေမှာခြိမ်းခြောက်ခံရလိုပြန်၀င်သွားတဲ့Non CDMတွေကိုဖိချင်တာလားပေါ့နော်။သူတိုကိုဖိရရင်ကျေနပ်မလား။သူတိုသေတော့ရောကိုယ်တွေပျော်မယ်။အဲ့လိုမျိုးတနေ့တနေ့နဲ့အဲ့အပေါ်မှာပဲကျေနပ်မှာလား။ဒါမှမဟုတ်စနစ်ကြီးတစ်ခုလုံးကိုပြောင်းတဲ့ရလာဒ်ကိုလိုချင်တာလား။ဒါတွေလည်းကျနော်တိုပြန်ပြီးသုံးသပ်ရမှာပေါ့နော်။ဒါကတော့ပြောရတာတော့မကောင်းဘူး။ဒီအခြေနေမှာပေါ့နော်။အကုန်လုံးကကျဥ်းထဲကြပ်ထဲမှာစိတ်ခံစားချက်တွေနဲ့ဒီလိုမျိုးနာကျည်းချက်တွေရှိတယ်ဆိုတာနားလည်တယ်။ဒါပေမယ့်ကျနော်တိုရေရှည်ကိုကြည့်ရမှာပေါ့နော်။တော်လှန်ရေးလုပ်တယ်ဆိုတာကိုယ့်အတွက်တင်မဟုတ်ဘူးနောက် မျိုးဆက်တွေအထိပါဒီတိုင်းပြည်ရဲ့အနာဂါတ်တွေထိပါလုပ်တာဖြစ်တယ်ပေါ့နော်။Non CDMတွေကိုတိုက်ခိုက် မယ်ဆို ကျနော်ကမတိုက်ခိုက်ဘူးလိုမပြောဘူးနော်။အကြမ်းမဖက်လိုပြောလိုအကုန်လုံးမေတ္တာထားရမယ်တိုလူသားဆန်မယ်။ဒါတွေကြီးပဲပြောတာမဟုတ်ပါဘူး။တိုက်ခိုက်ရမယ်။ဘယ်အပေါ်မှာတိုက်ခိုက်ရမလဲပြောတာပေါ့နော်။Non CDMဆိုပြီးရှိသမျှလူအကုန်လုံးကိုကျောင်းတက်တဲ့သူလည်းရန်သူပဲကျောင်းအပ်တဲ့မိဘတွေကလည်းရန်သူပဲအကုန်လုံးကရန်သူရန်သူလိုပြောလိုက်ရင်ဘောင်ကကျဥ်းသထက်ကျဥ်းကျဥ်းလာမှာပေါ့လေ။အဲ့တော့ဘယ်အပေါ်မှာတိုက်ခိုက် မှာလဲ။ဘယ်ရှုထောင့်လဲပေါ့လေ။ဥပမာဒီလူကစစ်အာဏာရှင်ကိုကြောက်လိုတင်မဟုတ်ဘူးလိုလိုလားလားသစ္စာခံနေတယ်ပေါ့လေ။ဒါကသစ္စခံအာဏာရှင်လက်ပါးစေလိုပြောရမှာပေါ့။တစ်ချိုလူတွေကဒီလိုအခြေနေမျိုးမှာဝိသမလောဘနဲ့လာဘ်စားတာတွေလူထုကိုဖိနှိပ်တာတွေလုပ်နေတဲ့သူတွေရှိတယ်။ဒါလည်းဒီလိုလူတွေရှိတယ်။နောက်တစ်ခုကမိုးကျရွှေကိုယ်တွေရှိတယ်။အရည်အချင်းမရှိပဲတက်လာတဲ့သူတွေရှိတယ်။အမျိုးမျိုးပေါ့နော်။ကျနော်တိုတိုက်ခိုက်တဲ့ပုံစံကဘယ်အပေါ်မှာတိုက်ခိုက် မလဲ။တိုက်ခိုက်တယ်ဆိုတာအပြုအမူနဲ့စနစ်အပေါ်တိုက်ခိုက်ရတာပေါ့လေ။လူတွေရှိသမျှလူအကုန်လုံးကိုဒီလူကရန်သူပါဒီလူကလူဆိုးပါဆိုပြီးဘောင်ခတ်လိုက်တဲ့အခါမှာတော်လှန်ရေးကရေသေကြီးဖြစ်သွားတာပေါ့နော်။အဲ့တော့CDMမှာနောက်ဆုံးစာလုံးကိုမပြောကြဘူး။နောက်ဆုံးစာလုံးကmovementပေါ့နော်။movementဆိုတာဆက်ရွေ့ရမှာ။တစ်ထစ်ထက်တစ်ထက်ပေါ့နော်။ကျနော်တိုဒီအယူအဆပေါ်ပိုပြီးခိုင်မာလာကြလားပေါ့နော်CDMလုပ်ထားတဲ့သူတွေက။နောက်တစ်ခုကCDMလုပ်ထားတဲ့သူအရေအတွက်တွေတိုးလာလားပေါ့နော်။ဒီအပေါ်မှာဆက်ရွေ့သွားရမှာ။ခေတ်စနစ်အသစ်ကြီးတစ်ခုကိုဖန်တီးရတာပေါ့လေ။အခုကကျနော်တိုကဆည်လိုမျိုးပေါ့နော်။ဒီလိုမျိုးအပိတ်ကြီးနဲ့။ဒီထဲမှာရှိတဲ့သူတွေကငါတိုလူဟိုဘက်ထဲမှာရှိတဲ့သူကရန်သူပေါ့နော်။အဲ့လိုမျိုးစဥ်းစားပြီးတော့တဖြေး ဖြေးဟိုဘက်လည်းခမ်းဒီဘက်လည်းခမ်းနောက်ဆုံးကျအာဏာရှင်ကကြိုက်တာပေါ့။အာဏာရှင်ဆိုတာအောက်ကလူဘယ်လောက်ပဲသေသေသူတိုကဘာမှမဖြစ်ဘူး။ထမင်းစားရေသောက် မပျက်ဘူး။သူတိုကNon CDMပဲဖြစ်ဖြစ်စစ်သားပဲဖြစ်ဖြစ်အောက်ကသေကြေပါစေ။သူတိုကိုမထိခိုက်ရင်ဘာမှမဖြစ်ဘူး။သူတိုမှာပြန်ပြီးတည်ဆောက်လိုရတယ်။ပြောရရင်အာဏာရှင်စနစ်တည်တန့်မှုရဲ့အခြေခံအယူအဆကဖိနှိပ်ခံအချင်းချင်းချရတာပေါ့နော်။ဒီလိုမျိုးသွေးခွဲထားမှပဲသူတိုကရပ်တည်လိုရမှာ။သူတိူကိုအပြစ်မမြင်မှာပေါ့နော်။အချင်းချင်းချကြဘေးကြပ်နံကြပ်ထဲမှာခွပ်နေကြမှပဲသူတိုစီကိုပြည်သူတွေရဲ့မီးပွားကစုပြီးမရောက်လာမှာ။အဲ့တာဆိုသူတိုအာဏာရှင်စနစ်ကြီးရေရှည်တည်တန့်တယ်ပေါ့လေ။အယူအဆကတော့အယူအဆပဲပြောနိုင်တယ်။လက်ရှိမြေပြင်မှာအင်မတန်ပေးဆပ်ထားရတဲ့CDMတွေကိုဒီလိုမျိုးပြောရတာခက်တယ်။CDMတွေမှာလုပ်တဲ့သူကလုပ်ပေါ့နော်။ဒါပေမယ့်တစ်ချိန်ထဲမှာဦးဆောင်မယ့်သူကလိုတယ်ဒီအယူအဆကိုပြန်ပြီးချပြမယ့်သူတွေအသင်းအဖွဲတွေလိုတယ်။တစ်ထစ်ထက်တစ်ထက်ပေါ့နော်။ကျနော်တိုဒီအယူအဆပေါ်ပိုပြီးခိုင်မာလာကြလားပေါ့နော်CDMလုပ်ထားတဲ့သူတွေက။နောက်တစ်ခုကCDMလုပ်ထားတဲ့သူအရေအတွက်တွေတိုးလာလားပေါ့နော်။ခံစားချက်နဲ့ပေးဆပ်မှု တစ်ခုပေါ့နော်။ကျနော်တိုမြန်မာတွေကပေးဆပ်တာကိုအရမ်းကြိုက်တယ်။နည်းနည်းလေးဇာတ်နာမှကြိုက်ကြတယ်။အဲ့လိုပုံစံမျိုးနဲ့သွားကြတာပေါ့နော်။ဒါပေမယ့်တော်လှန်ရေးမှာကြတော့ခုနကလည်းပြောသွားတာပေါ့နော်။အာဇာနည်ကြီးပဲလိုချင်တာမဟုတ်ဘူးအာဇာနည်များပြီးတော်လှန်ရေးကမထိရောက်ဘူးဆိုရင်တော်လှန်ရေးခရီးမရောက်ဘူး တကယ်မနိုင်ဘူးဆိုရင်အာဇာနည်ဇာတ်လမ်းကြီးပဲဖြစ်မှာပေါ့နော်။ကျနော်တိုကအာဇာနည်ဖြစ်ဖိုထက်ပေးဆပ်တာကိုတန်ပြီးတော့ထိုက်တန်တဲ့ပြောင်းလဲမှုရဖိုဒီပေါ်မှာတော့ကျနော်မျှော်လင့်တယ်။ဒါကိုဖစ်စေချင်တယ်ပေါ့နော်။ကျနော့်ရဲ့သဘောထားပါပဲ။ဟုတ်ကျေးဇူးတင်ပါတယ်။

ဆရာသက္ကမိုးညို(02:08:45 to 02:13:35)

    ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။အမြင်အမျိုးမျိုးရှိကြတာပေါ့နော်။ဒါပေမယ့်ကျနော်စဥ်းစားမိတာကခုနကပြောသလိုဆရာရဲထက်ပြောတာလည်းကောင်းပါတယ်။ဘာလိုဆိုကျနော်တိုတော်လှန်ရေးအောင်ဖိုကိုစဥ်းစားမယ်ပေါ့နော်။တော်လှန်ရေးအောင်ဖိုစဥ်းစားမယ်ဆိုရင်များသောအားဖြင့်ရန်သူရယ်မိတ်ဆွေရယ်ကြားလူရယ်ဆိုပြီးသုံးမျိုးရှိတာပေါ့။များသောအားဖြင့်ပြောကြတာကကြားလူကိုမိတ်ဆွေဖြစ်အောင်လုပ်ပေါ့လေ။ကြားလူကိုမိတ်ဆွေလုပ်တော့မှကျနော်တိုအတွက်အပေါင်းအသင်းမိတ်ဆွေများလာပြီးရန်သူကတဖြေးဖြေးအင်အားနည်းသွားမယ်ပေါ့နော်။အဲ့လိုမျိုးစဥ်းစားတာ။အဲ့လိုမျိုးစဥ်းစားတဲ့နေရာမှာကျနော်တိုကခုစဥ်းစားနေပုံကဘာလဲဆိုတော့Non CDMတွေသည်ရန်သူဖက်လိုကျနော်တိုကတွေးတာ။ဘာလိုဆိုရန်သူကိုအထောက်အကူကိုပေးတာ။အဲ့တော့ပြသာနာကစောစောကဆရာတွေပြောကြသလိုပဲအဓိပ္ပါယ်ဖွင့်ဆိုချက်ကအစလိုတယ်။Non CDMဆိုရင်များသောအားဖြင့်၀န်ထမ်းယန္တရားကိုပဲစဥ်းစားကြသလိုပဲဖြစ်နေတာကိုး။၀န်ထမ်းယန္တရားအနေနဲ့ပဲမစဥ်းစားပဲတစ်ပြည်လုံးအတိုင်းအတာအနေနဲ့စဥ်းစားမယ်ဆိုရင်Non CDMတွေကစောစောကပြောတဲ့ကျောင်းထားတဲ့သူတွေလည်းNon CDMပဲဒါမှမဟုတ်ရင်အပျော်အပါးသွားတဲ့သူတွေလည်းNon CDMပဲအဲ့လိုနဲ့တဖြေးဖြေးဘောင်ကျဥ်းသွားတာမျိုးကလည်းဖြစ်လာသေးတယ်။ဒါပေမယ့်ရှင်းရှင်းလင်းလင်းခွဲခြားဖိုကတော့၀န်ထမ်းကိုပဲNon CDMလိုသတ်မှတ်ဖိုရဖိုကများတယ်ပေါ့။ဘာဖြစ်လိုလဲဆိုရင်ပြည်သူဆိုတာမျိုးကသူတိုရဲ့ရွေးချယ်မှုကိုး။အဲ့တော့ဒီNon CDMတွေကိုခုနကပြောသလိုချော့ပြီးတော့စည်းရုံးမယ်ဆိုတဲ့အိုင်ဒီယာကဘာပဲပြောပြောတော်လှန်ရေးအတွက်လူများမယ်ဆိုရင်ခံစားချက်ကိုဘေးဖယ်ပြီးတွေးလိုရတယ်။သိုသော်ကျနော်သည်သာအဲ့လိုတွေးလိုရနိုင်တယ်။ဒါတောင်မှကျနော့်မှာတော်တော်ကြီးကိုမှပဲပေးဆပ်တာမဟုတ်ပေမယ့်ဘာပဲပြောပြော စိတ်ဒဏ်ရာတွေကရနေတာပဲလေ။စိတ်ဒဏ်ရာရတယ်ဆိုတာအများကြီးပဲ။ဥပမာတစ်ခုပြောရရင်ကျနော့်သမီးဆိုအပြင်မထွက်ရတာ၂နှစ်ရှိပြီ။မူကြိုလည်းမထားရဘူး။ပထမနှစ်ကcovidဒုတိယနှစ်ကတော်လှန်ရေး။အခန်းထဲကအခန်းပြင်မထွက်ရတာ၂နှစ်ရှိပီဗျာ။အဲ့တော့သူကစကားလည်းမပြောတက်တော့ဘူး။ဒါဘာလဲဆိုတော့ ဒီCDMလုပ်လာခဲ့တဲ့အကျိုးဆက်အနေနဲ့ကျနော်ခံရတာအပြင်ကျနော့်သမီးပါသွားပြီး တစ်နှစ်လုံးလုံးပိတ်လှောင်ခံရပြီးsocialဘာမှမရှိတော့ပဲစကားပြောဖိုရာအတွက်delayဖြစ်နေတဲ့အခြေနေမျိုးဖြစ်နေတာမျိုးပေါ့။အဲ့တော့ကျနော်စိတ်ဒဏ်ရာရတယ်။ဒီလိုကျနော်ကိုယ်တိုင်ကအော်ဘာပဲပြောပြောတော်လှန်ရေးအတွက်လူလိုပါတယ်ဆိုပြီးNon CDMတွေကိုစဥ်းစားပေးနိုင်တယ်။ကျနော်တောင်မှဒီလိုစိတ်ခံစားချက်ကိုဖယ်ပြီးလုပ်ရမယ်ဆိုရင်ကျနော့်လိုပဲဘ၀တွေပျက်နေတဲ့၀န်ထမ်းတွေအများကြီးရှိတယ်။CDMဇာတ်လမ်းတွေအများကြီးရှိတယ်။အဲ့ဒီ့ကိုယ့်ဘက် မှာရောက်နေသောCDMတွေကလည်းဒီNonတွေကိုချစ်ပါသကွဆိုပြီးလှမ်းခေါ်လိုက်ရင်သူတိုကရန်သူကနေကြားလူမဖြစ်လာပဲ ကိုယ့်စီမှာရှိနေတဲ့မိတ်ဆွေCDMတွေကတောင်မှရန်သူဖြစ်သွားနိုင်ချေတွေရှိလိမ့်မယ်။ဒါကျနော်ကခံစားချက်ကိုခွာပြီးကြည့်ကြည့်တာပေါ့။ဥပမာCDM၀န်ထမ်းတွေအများကြီးရှိတယ်။အဲ့အများကြီးခုနကပြောသလိုငါတိုလုပ်ခဲ့တာငါတိုပေးဆပ်ခဲ့တာခုနကတစ်ယောက်ပြောလိုက်သလိုပဲပေးဆပ်လိုက်တာဆိုရင်ကိုကြောက်နေပြီဆိုတော့ကျနော်တိုကကြောက်နေရအောင်ပေးဆပ်ခဲ့တာတော့မဟုတ်ဘူး။ဒါပေမယ့်ဒါပေါ်မှာသိတ်ပြီးမကွာပါဘူးကွာဆိုရင်တော့ကျနော့်စိတ်ခံစားချက်ဖယ်ထားလိုရတယ်ထား။ကျန်တဲ့သူတွေကရောစိတ်ထဲမှာစိတ်ဒဏ်ရာအများကြီးရနေတဲ့သူတွေကရောစောစောကပြောသလိုတော်လှန်ရေးကြီးမှာတန်ရဲ့လားဆိုတဲ့မေးခွန်းကြီးကိုမတန်ပါဘူးကွာဆိုတာမျိုးဖြစ်လာလိမ့်မယ်။ကျနော်တောင်မှမတန်ပါဘူးကွာဆိုပြီးထပြီးအော်ဖိုစိတ်ထဲမှာ၀င်သွားသေးတယ်။ဘာဖြစ်လိုလဲဆိုတော့တန်သည်မတန်သည်မစဥ်းစားဘူးဆိုတဲ့သူတောင်မှNon CDMသည်လည်းတော်လှန်လိုရတယ်ဆိုရင်Non CDMလုပ်ပြီးကာမှတော်လှန်လိုရရင်ကျနော်တိုCDMကိုမလုပ်ခဲ့တော့ဘူး။ဒါပွင့်ပွင့်လင်းလင်းပြောတာလေ။အဲ့တော့အဲ့လိုတော်လှန်လိုရကြေးဆိုတာရှိမယ်လိုတော့မထင်ဘူးပေါ့။ဒါပေမယ့်သိမ်းသွင်းပြီးခေါ်ချင်သပါ့ဆိုလည်းခေါ်ကြည့်ကြပါ။ဒါပေမယ့်ကျနော်ကတော့ဒီအသက်အရွယ်ပညာအရည်အချင်းလည်းထိုက်သင့်သလောက်ရှိသွားပီ။လုပ်ငန်းခွင်ထဲလည်းရောက်သွားပြီကြောက်တက်လိုပါဆိုတဲ့အရေခွံကိုခြုံပြီးကာမှဟိုဘက် မှာနေပြီးကာမှဒီဘက်ကိုလာဖိုရာအတွက်ကိုစဥ်းစားဖိုရာအတွက်ကတော်တော်ခဲယဥ်းတယ်။ဆရာတိုပြောသွားတဲ့ideaတွေကိုတော့ကျနော်သဘောတော်တော်ကျပါတယ်။ဘာလိုလဲဆိုတော့ဒီCDMနဲ့ပတ်သက်ပြီးတော့ideaအသစ်ထုတ်ဖိုပြန်ပြီးကာမှစုဖွဲဖိုဆိုတဲ့ဆရာရဲထက်ပြောသွားတာလေးကျနော်တော်တော်သဘောကျပါတယ်။ခုနကကျနော်ပြောချင်တာကရန်သူကြားလူမိတ်ဆွေဆိုတဲ့ကိစ္စမှာတကယ်လိုများရန်သူဘက်ကလူတွေNon CDMတွေကိုကြားလူဖြစ်အောင်မခေါ်နိုင်သေးချိန်ကိုယ့်ဘက် မှာရှိတဲ့မိတ်ဆွေCDMတွေကတောင်မှရန်သူပြန်ဖြစ်သွားတယ်ဆိုရင်တော်လှန်ရေးနဲ့ပတ်သက်ပြီးလွဲသွားပြီလိုယူဆနိုင်စရာအကြောင်းရှိတယ်။ဟုတ်ကျေးဇူးပါ။

ဟပ်စကီး(02:13:46 to 02:16:08)

  ဟုတ် အရှေ့မှာဆွေးနွေးသွားတာတွေအရမ်းကိုစိတ်၀င်စားစရာကောင်းပါတယ်။ကျေးဇူးလည်းအရမ်းတင်ပါတယ်။တကယ်စဥ်းစားလိုကောင်းတဲ့အရေးကြီးတဲ့အကြောင်းအရာတွေလိုလည်းမြင်တယ်။နောက်တစ်ဖက်ပေါ့နော်ဒီဖက် မှာနားထောင်နေတဲ့အချိန်မှာခုနကဆရာသက္ကပြောသွားတဲ့ထဲမှာလည်းပါသွားတယ်။Non CDMတွေရဲ့အခန်းကဏ္ဏပေါ့။ဆိုတော့အခုအစအပိုင်းမှာNon CDMဖြစ်နေတဲ့လူတွေအပေါ်ဖြစ်နေတဲ့သဘောထားအမြင်တွေကိုရန်စည်းခြားပြီးတော့ဟိုဘက်ကလူရန်သူလိုမြင်နေတဲ့ဟာကမှန်တယ်လိုယူဆချင်လည်းယူဆလိုရတာပေါ့နော်။ဆရာမခွန်ကျာပြောသလိုတစ်ခြားကဏ္ဏတွေရောတခြားရှုထောင့်တွေရောရှိနေသေးတယ်။နောက်တစ်ခုထပ်ပြီးတော့သတိထားဖိုလိုတဲ့ဟာကတော်လှန်ရေးအချိန်ကြာလာတာနဲ့အမျှNon CDM၀န်ထမ်းတွေကြောင့်မိုလိုကျေးလက် ဒေသေမှာရှိတဲ့မိသားစုတစ်စုစုအသက်ရှင်ခွင့်ရသွားတာ။ဒါမှမဟုတ်Non CDMလုပ်နေတာပေါ့နော်CDM movementထဲမှာမပါပဲနဲ့ဒါမှမဟုတ်CDMထဲမှာပါပြီးတော့ပြန်၀င်သွားတဲ့အတွက်ကြောင့်ဒေသအတွင်းမှာပတ်၀န်းကျင်အကျိုးထွန်းကားသွားတာမျိုးတစ်ခုခုရှိလာတာမျိုးမှာကျနော်တိုတော်လှန်ရေးလူတန်းစားနဲ့မြေပြင်မှာရှိတဲ့လူထုအမြင်နဲ့ကွာသွားတဲ့အချိန်ကျရင်ကျနော်တိုတော်လှန်ရေးပေါ်မှာအကျိုးသက်ရောက် မှုရှိနိုင်တယ်ဆိုတာလေးကိုကျနော်သတိပေးပြောကြားချင်တာပေါ့နော်။အခုဆိုမြင်တော့မြင်နေရပီ။ကျေးလက်ဒေသတွေမှာခုနကဆရာသက္ကသမီးဖြစ်သလိုမျိုးဖြစ်တဲ့ဟာမျိုးတွေဒေသတွေမှာအများကြီးတွေ့ရတယ်။ကာကွယ်ဆေးမထိုးရသေးတဲ့ကလေးတွေအများကြီးရှိလာတယ်။အဲ့ကာကွယ်ဆေးဆိုတဲ့ဟာမှာလည်းပိုလီယိုတိုဘာတိုဆိုတာကမြန်မာနိုင်ငံမှာငြိမ်သေးတာမဟုတ်ဘူး။အဲ့တော့တစ်ချိန်ချိန်မှာအဲ့အကျိုးဆက်တွေခံစားရနိုင်ချေရှိတယ်။အဲ့လိုအနေထားမျိုးမှာသူတိုကလေးအတွက်ဒီလိုမျိုးထွက်ပေါက်တစ်ခုရသွားမယ်ဆိုရင်တခြားကူညီစောင့်ရှောက် မှုတစ်ခုခုကိုအဲ့Non CDMအားဖြင့်ရသွားတဲ့အတွေ့အကြုံများသွားတဲ့အခါမှာကျနော်တိုဒီဘက်တော်လှန်ရေးကNon CDMကိုအပြစ်ပြောလေလေNon CDMကြောင့်မိုအကျိုးခံစားဖူးတဲ့မိသားစုတွေနဲ့ကျနော်တိုတော်လှန်ရေးအင်အားစုတွေအပေါ်အမြင်တွေကတဖြေးဖြေးအလှမ်းကွာသလိုဖြစ်သွားနိုင်ချေရှိတယ်ဆိုတာလေးကိုသတိထားစေချင်ပါတယ်။အဲ့တာလေးပြောချင်တာပါ။ကျေးဇူးပါ။

ကိုရဲထက်(02:16:18)

  ကျနော်နည်းနည်းလေးဖြည့်စွပ်ဆွေးနွေးချင်တာလေးရှိတယ်ပေါ့နော်။ခုနကဆရာသက္ကမိုးညိုဆွေးနွေးသွားတာနဲ့ပတ်သက်ပြီးနည်းနည်းစဥ်းစားမိတာလေးရှိလိုပါ။တော်လှန်ရေးမှာကျနော်ကအကြမ်းမဖက်ပေါ်မှာရပ်တည်တာပေါ့နော်။အကြမ်းမဖက်နွေဦးတော်လှန်ရေးရှုထောင့်ကနေပဲကျနော်ပြောကြည့်ရင်တော့လူတိုင်းမှာဒီချိန်မှာနာကျည်းချက်တွေရှိတယ်ပေါ့နော်။နာကျည်းချက်တွေဒဏ်ရာတွေရှိကြတယ်။ဒီဒဏ်ရာတွေကိုသုံးပြီးကျနော်တိုကစုစည်းမှုတည်ဆောက်ရတာပေါ့လေ။စုစည်းပြီးမျှော်လင့်ချက်ဆိုတဲ့အနာဂါတ်လမ်းကြောင်းပေါ်လျှောက်ရတာပေါ့နော်။ပိုကောင်းတဲ့အနာဂါတ်ကိုသွားမယ်ဆိုတဲ့ဟာ။ဒါတော်လှန်ရေးရဲ့အနှစ်သာရပဲပေါ့နော်။နာကျည်းချက်ကနေအမုန်းတရားပေါ်ပါသွားရင်တော်လှန်ရေးကအရှေ့ကိုရောက်ဖိုထက်စာရင်အချင်းချင်းမပြေလည်ပဲပေါက်ကွဲသွားမယ့်သံသရာထဲမှာပဲလည်နေမယ့်သဘောတရားရှိတယ်ပေါ့နော်။ကျနော်တိုသမိုင်းတွေကိုလည်းပြန်ကြည့်လိုရတယ်ပေါ့နော်။ဥပမာလူဖြူလူမဲအခွင့်ရေးလှုပ်ရှားမှုလိုဟာမျိုးပေါ့နော်။လူဖြူတွေကအမြဲတမ်းလူမဲတွေကိုဖိနှိပ်ခဲ့တာ။သတ်ဖြတ်ခဲ့တာတွေလည်းရှိတယ်။အမျိုးမျိုးအနိုင်ကျင့်ခဲ့တယ်။ဒါပေမယ့်လူမဲတွေအခွင့်အရေးတောင်းဆိုတဲ့အခါမှာလူဖြူတွေကိုလက်စားချေဖိုထက်စာရင်အရင်ဆုံးကတန်းတူရေးပဲပေါ့နော်။ဒါပြီးခဲ့တဲ့လှုပ်ရှားမှုကြီးပေါ့နော်။မြန်မာနိုင်ငံမှာပြန်ကြည့်ရင်လည်းစစ်အာဏာရှင်ကိုတော်လှန်ရေးဆိုတာကျနော်တိုတစ်နှစ်ကျော်ပဲရှိသေးတာပေါ့နော်။ဒါပေမယ့်တိုင်းရင်းသားတွေရိုဟင်ဂျာတွေဖိနှိပ်ခံရတာအများကြီးပဲပေါ့။အဲ့ဒီ့အချိန်တွေမှာNon CDMတွေဆိုတာပြောရရင်ပြည်သူတွေမှာအများကြီးပဲလေ။ကျနော်တိုNLDကိုယ်တိုင်စစ်တပ်ကိုထောက်ခံခဲ့တာရှိတယ်။ကျနော်တိုပြည်သူတွေလည်းထောက်ခံခဲ့တာရှိတယ်။အဲ့တော့သူတိုရဲ့အမုန်းတရားတွေကနှစ်၆၀ရှိတယ်ပေါ့နော်။ဒီအမုန်းတရားကခုချိန်မှာတိုင်းရင်းသားစည်းလုံးညီညွှတ်ရေးတိုဖက်ဒရယ်တိုဘာတိုပြောတယ်ပေါ့နော်။အဲ့တော့ဒီTraumaတွေကိုကျနော်တိုhealingလုပ်ရမှာပေါ့လေ။အခုဒီတစ်နှစ်CDMတွေပေးဆပ်ထားတယ်။ဟုတ်တယ်။ဒီလိုမျိုးပဲ။ဒီတိုင်းရင်းသားကဏ္ဏတွေဒီလူမျိုးခြား ဘာသာခြားရိုဟင်ဂျာအမျိုးမျိုးဒီမြန်မာနိုင်ငံမှာဖိနှိပ်ခဲ့တာအများကြီးပေါ့နော်။ဒီဖိနှိပ်ခဲ့တဲ့ယန္တရားကြားထဲမှာသိရက်နဲ့ဖြစ်စေမသိရက်နဲ့ဖြစ်စေပုံစံအမျိုးမျိုးနဲ့ပါ၀င်ခဲ့ကြသူတွေအများကြီးပဲ။အခုမှသာတော်လှန်ရေးဆိုပြီးအကုန်လုံးတူတူပေါင်းစည်းကြမယ်ဆိုပီးဒီစကားလုံးတွေထွက်လာတာပေါ့နော်။တိုင်းပြည်သစ်ကိုပြန်တည်ဆောက် မယ့်အချိန်မှာလည်းဒါတွေထည့်စဥ်းစားရမှာပေါ့နော်။ဒါကျနော်တိုကိုယ်ချင်းစာလိုရတယ်ပေါ့နော်။သူတိုဘက်ကဆိုလည်းအဲ့Traumaကိုဘယ်လိုhealingလုပ်မလဲပစ်သတ်ခဲ့တာတွေကိုပြည်သူတွေကလက်ခံခဲ့တယ်။ခုနကရခိုင်လိုကိစ္စမျိုးတွေမှာရခိုင်ကကျောင်းသားတွေကိုဆန္ဒပြလိုဖမ်းတာမျိုးကိုပြည်သူတွေကထောက်ခံခဲ့တာရှိတယ်။၀မ်းသာခဲ့တာတွေရှိတယ်။အမျိုးမျိုးပေါ့နော်။ဒီလိုမျိုးလုပ်ခဲ့တာတွေရှိတယ်။ဒီဒဏ်ရာဒဏ်ချက်တွေကပြန်စဥ်းစားဖိုလိုတာပေါ့နော်။ဆရာခံစားနေရတဲ့ခံစားချက်အတိုင်းပဲလူမျိုးတိုင်းရင်းသားအသီးသီးမှာရှိလိမ့်မယ်။ဒါတွေကိုကျနော်တိုဘယ်လိုhealingလုပ်မလဲပေါ့နော်။healingမလုပ်နိုင်သေးသ၍ဒီတိုင်းပြည်ကြီးကပြီးဆုံးမှာမဟုတ်ဘူး။ပြည်တွင်းစစ်တွေကဆက်ရှိမှာပဲ။ဒါကျနော်မြင်ကြည့်လိုရတယ်ပေါ့နော်။ဗေဒင်ဟောစရာမလိုဘူး။အခုလည်းတိုင်းရင်းသားစည်းလုံးညီညွှတ်မှုတိုNUCCတိုဘာတိုဆိုတာထင်သလောက်ခရီးမပေါက်ဘူး။အပေါ်ယံပဲရှိတာ။အပေါ်ယံပဲပေါင်းစည်းတာ။အကုန်လုံးကအခြေနေစောင့်ကြည့်နေတာပဲ။ဘုံရန်သူရှိတာတော့မှန်တယ်။အတွင်းထဲမှာညီညွှတ်မှုမရတာပေါ့နော်။ဒါတွေကအခြေခံကဘာလဲဆိုရင်ကျနော်တိုတွေကတစ်ယောက်နဲ့တစ်ယောက်ရဲ့ဒဏ်ရာဒဏ်ချက်တွေကိုဘယ်လောက်ထိတကယ်နားလည်လဲပေါ့။ပြီးတော့ကျနော်တိုသွားချင်တဲ့အနာဂါတ်ကဘယ်လောက်ထိရှင်းရှင်းလင်းလင်းဖြစ်လဲပေါ့နော်။ဒီမိုကရေစီသွားချင်တယ်ဖက်ဒရယ်သွားချင်တယ်လိုပြောနေပေမယ့်ဘယ်လောက်ထိကျနော်တိုရဲ့တာ၀န်ယူမှုတာ၀န်ခံမှုသတ္တိရှိလဲပေါ့နော်။ပြန်တော့ပြန်စဥ်းစားရမယ်။ပြန်တွေးကြည့်ရင်ကျနော်တိုကသမိုင်းဆိုတာကိုအဝေးကြီးတွေကိုတောင်ပြန်ကြည့်စရာမလိုဘူး။ပြီးခဲ့တဲ့ကာလတွေကကိစ္စတွေကိုပြန်ဆက်စပ်ကြည့်နိုင်တယ်။CDMနဲ့ကပြန်ချိတ်ကြည့်လိုရတယ်ပေါ့နော်။ဒီချိန်မှာCDMတွေမှာအမုန်းတရားနာကျည်းချက်ရှိတယ်ပေါ့နော်။အဲ့နာကျည်းချက်ကိုမုန်းတယ်ဆိုတာကလည်းဖြစ်ရမယ်။ဒါဖြစ်သင့်တဲ့အခြေနေပဲ။ဒါပေမယ့်ဒီအပေါ်မှာပဲတော်လှန်ရေးကလုပ်လိုမရဘူး။ဒါကိုလက်စားချေရုံနဲ့ပဲဒီလူတွေကိုဖိနှိပ်ရုံနဲ့ပဲတော်လှန်ရေးကခရီးရောက်မှာမဟုတ်ဘူး။အဲ့တော့ကျနော်ကတော့မြင်စေချင်တာကတော့ဒီဟာကိုဘယ်လိုကျော်မလဲ။တော်လှန်ရေးကာလမှာဦးဆောင်မှုဆိုတာအင်မတန်ခက်ခဲတယ်။လူထုရဲ့စိတ်အဟုန်ကိုထိန်းကြောင်းပြီးတော့ရန်သူရဲ့ထိချက်ကိုတကယ်ထိအောင်ပစ်ပြီးတော့ကိုယ်လိုချင်တဲ့ကိုယ်သွားချင်တဲ့လမ်းကြောင်းပေါ်တူတူလျှောက်ဖိုစည်းရုံးနိုင်မယ့်လူတွေလိုတယ်။ဒီစည်းရုံးမှုကအင်မတန်အရေးကြီးတယ်။ရှေ့ကခေါင်းဆောင်တွေရောလော်ဘီတွေရောကလူထုရဲ့အကြိုက်ကိုအသားပေးတာပေါ့နော်။ခံစားချက်ကိုမြှောက်ပေးလိုက်တဲ့အခါမှာဒီဟာကိုဘယ်လိုမှပြောလိုမရတော့ဘူး။အခုလက်ရှိအခြေနေမှာဒီခံစားချက်နဲ့ပဲသွားတယ်။အကုန်လုံးကဒီရေစီးကြောင်းပေါ်မှာပဲမြောနေတဲ့အခြေနေမှာပြောရတာလည်းအင်မတန်ခက်တယ်။ဒီခံစားချက်ကိုထိန်းချုပ်ရတာခက်တယ်။ဒါကိုကျနော်တိုခုနကပြောသလိုတော်လှန်ရေးဖြစ်တဲ့အတွက်ပေါ့နော်ကျနော်တိုကအနာဂါတ်သစ်ကိုဖန်တီးတာဖြစ်တဲ့အတွက်ဒါကိုဘယ်လိုစဥ်းစားမလဲပေါ့နော်။ကျနော်တိုဘယ်လောက်ပေးဆပ်တယ်ဆိုတာထက်အနာဂါတ်သစ်ကိုဘယ်လိုဖန်တီးမလဲဆိုတဲ့စဥ်းစားချက်လည်းလိုတာပေါ့နော်။ဒါကိုကျနော်ကချက်ခြင်းကြီးဖြစ်မယ်လိုတော့မထင်ဘူး။ဒီလိုပဲပြောရင်းနဲ့ဒီလိုပဲတစ်ယောက်နဲ့တစ်ယောက်ဆွေးနွေးရင်းနဲ့အဓိကကနားလည်မှုကပိုအရေးကြီးတာပေါ့နော်။အယူအဆဆိုတာထက်စာရင်တစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်ထိနားလည်မှုတည်ဆောက်နိုင်မလဲ။အဲ့ကနေအတူတကွရပ်တည်မှုပေါ့နော်။ဒီယုံကြည်ချက်ရပြီဆိုရင်ဒီတော်လှန်ရေးကနိုင်ကိုနိုင်မယ်။ကျနော့်ရဲ့ယုံကြည်ချက်ကတော်လှန်ရေးမှာအတူတကွတည်ရှိမှုပဲပေါ့နော်။တစ်ယောက်နဲ့တစ်ယောက်ကဘယ်လောက်နားလည်လဲ။အဲ့နားလည်မှုကိုတည်ဆောက်နိုင်ရင်တော်လှန်ရေးကဘယ်တော့မှမပြိုလဲဘူးပေါ့နော်။ဒါကိုကျနော်ဖြစ်စေချင်တာကျနော့်အမြင်ကိုပြောကြည့်တာပါပဲ။

Share on facebook
Share on twitter
Share on telegram