အကြမ်းမဖက်တော်လှန်ရေး လှုပ်ရှားမှုဆိုင်ရာ "သိလိုရာမေး"

Freedom Fighter Myanmar အဖွဲ့သည် အကြမ်းမဖက်လမ်းစဉ်နှင့် အာဏာရှင်စနစ်ကိုတော်လှန်နေခြင်းဖြစ်သည့်အားလျှော်စွာ အာဏာရှင်စနစ်ဆိုးကိုဆန့်ကျင်လိုသူတိုင်း တော်လှန်သူများဖြစ်လာစေရန်အတွက် အကြမ်းမဖက်အယူအဆများ၊ နည်းနာနိဿယများစွာကို လူထုအကြားဖြန့်ဝေပေးလျှက်ရှိပါသည်။ ယခုလည်းအကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာအယူအဆများ အားကောင်းလာစေရန်အလို့ငှာ ယင်းနှင့်ပတ်သတ်၍ ဝိဝါဒကွဲပြားနေမှုများ၊ ချိတုံချတုံဖြစ်နေမှုများ၊ အဖြေရှာလိုသည်များကို ကောင်းစွာသိရှိနားလည်စေရန်အတွက် သိလိုရာမေးကဏ္ဍကို စတင်ခဲ့ပါသည်။

ဒလန်ရှင်းလင်းရေး ဘာတွေဆင်ခြင်သင့်သလဲ

ဦးမင်းနောင်ခိုင် ( 0:04:23 to 0:08:00 ) ကျွန်တော်တို့က ဒလန်ရှင်းတဲ့အခါမှာ ဒီလူဟာ ဒလန်ဖြစ်တယ်လို့ ဘယ်လိုမျိုးအတည်ပြုမလဲ။ မှတ်တမ်းမှတ်ရာနှင့် တကွ စနစ်တကျ အတည်ပြုထားဖို့လိုတယ်။ ဒီလူက ဘယ်အကြောင်းအရာတွေလုပ်လို့ ပြည်သူတွေကို ထိခိုက်နစ်နာစေခဲ့သလဲ၊ ပြီးတော့ တော်လှန်ရေးလုပ်နေတဲ့ တော်လှန်ရေးပုဂ္ဂိုလ်တွေကို ဘယ်လိုထိခိုက်စေခဲ့သလဲ၊ ဒီလိုအကြောင်းအရာတွေကို တိတိပပ

Read More »

မေးခွန်းမေးရန်