အကြမ်းမဖက်တော်လှန်ရေး လှုပ်ရှားမှုဆိုင်ရာ "သိလိုရာမေး"

Freedom Fighter Myanmar အဖွဲ့သည် အကြမ်းမဖက်လမ်းစဉ်နှင့် အာဏာရှင်စနစ်ကိုတော်လှန်နေခြင်းဖြစ်သည့်အားလျှော်စွာ အာဏာရှင်စနစ်ဆိုးကိုဆန့်ကျင်လိုသူတိုင်း တော်လှန်သူများဖြစ်လာစေရန်အတွက် အကြမ်းမဖက်အယူအဆများ၊ နည်းနာနိဿယများစွာကို လူထုအကြားဖြန့်ဝေပေးလျှက်ရှိပါသည်။ ယခုလည်းအကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာအယူအဆများ အားကောင်းလာစေရန်အလို့ငှာ ယင်းနှင့်ပတ်သတ်၍ ဝိဝါဒကွဲပြားနေမှုများ၊ ချိတုံချတုံဖြစ်နေမှုများ၊ အဖြေရှာလိုသည်များကို ကောင်းစွာသိရှိနားလည်စေရန်အတွက် သိလိုရာမေးကဏ္ဍကို စတင်ခဲ့ပါသည်။

စီးပွားပျက်ကပ် တော်လှန်ရေးပေါ်ကို ဘယ်လိုအကျိုးသက်ရောက်မလဲ

ကိုစိုင်းကြည်ဇင်စိုး (00:07:21-00:17:46) ကျွန်တော့်ကို ဖိတ်ပြီးတော့ ပြောခိုင်းမယ်ဆိုတာ မသိလိုက်ဘူး။ ဒါပေမယ့် ကျွန်တော်လည်း စိတ်ဝင်စားတဲ့ ခေါင်းစဉ်ဆို‌တော့ ကောင်းတော့ကောင်းပါတယ်။ ပထမတစ်ချက်က စီးပွားပျက်ကပ်ကြောင့် ဘာတွေဖြစ်လာနေလဲ ဆိုတာ အရှေ့အစောပိုင်းက ကျွန်တော် သုတေသန လုပ်ထားတာလေးတွေရှိတယ်။ အဲ့သုတေသန တွေ့ရှိချက်လေးတွေ အကြမ်းပြောပြလို့ရတယ်။  ဘာတွေ့ရလဲဆိုတော့ တော်လှန်ရေးတွန်းအား‌ကြောင့် လုပ်ငန်းတွေ

Read More »

မေးခွန်းမေးရန်