အကြမ်းမဖက်တော်လှန်ရေး လှုပ်ရှားမှုဆိုင်ရာ "သိလိုရာမေး"

Freedom Fighter Myanmar အဖွဲ့သည် အကြမ်းမဖက်လမ်းစဉ်နှင့် အာဏာရှင်စနစ်ကိုတော်လှန်နေခြင်းဖြစ်သည့်အားလျှော်စွာ အာဏာရှင်စနစ်ဆိုးကိုဆန့်ကျင်လိုသူတိုင်း တော်လှန်သူများဖြစ်လာစေရန်အတွက် အကြမ်းမဖက်အယူအဆများ၊ နည်းနာနိဿယများစွာကို လူထုအကြားဖြန့်ဝေပေးလျှက်ရှိပါသည်။ ယခုလည်းအကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာအယူအဆများ အားကောင်းလာစေရန်အလို့ငှာ ယင်းနှင့်ပတ်သတ်၍ ဝိဝါဒကွဲပြားနေမှုများ၊ ချိတုံချတုံဖြစ်နေမှုများ၊ အဖြေရှာလိုသည်များကို ကောင်းစွာသိရှိနားလည်စေရန်အတွက် သိလိုရာမေးကဏ္ဍကို စတင်ခဲ့ပါသည်။

ကျောင်းတက်တာ အပြစ်ရှိသလား

နွေဦးတော်လှန်ရေး စတင်ချိန်မှစပြီး အားကောင်းလာတဲ့ CDM လှုပ်ရှားမှုမှာ ကျောင်းသားကျောင်းသူတွေလည်း အင်တိုက်အားတိုက်ပါဝင်ပြီး အဓမ္မအာဏာသိမ်းမှုကို ကန့်ကွက်ဆန့်ကျင်ခဲ့ကြပါတယ်။ လက်ရှိတော်လှန်ရေး တစ်နှစ်ကျော်လာတဲ့အချိန်မှာတော့ ကျောင်းတက်ခြင်း/မတက်ခြင်း ကိစ္စအပေါ်မှာ ကျောင်းသားကျောင်းသူတွေ၊ မိဘတွေ၊ ပြည်သူတွေအကြားမှာ အမြင်အမျိုးမျိုး ရှိလာကြပါတယ်။
တချို့သော ကျောင်းသားအဖွဲ့အစည်းတွေ၊ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ကျောင်းပြန်တက်သူတွေကို Non-CDM အဖြစ်သတ်မှတ်ကာ နာမည်ပျက် စာရင်းသွင်းခြင်း၊ လူမှုရေးပြစ်ဒါဏ်ပေးခြင်းများကို ပြုလုပ်လာတာ ရှိပါတယ်။ တစ်ဖက်မှာလည်း ကျောင်းသား၊ကျောင်းသူတွေရဲ့ ပညာသင်ကြားခွင့်က အခြေခံလူ့အခွင့်အရေးဖြစ်တယ်။ ဒါကို တားမြစ်ပိုင်ခွင့်၊ ရှုတ်ချပိုင်ခွင့်မရှိဘူးဆိုတဲ့ အမြင်တွေကို ထောက်ပြတာမျိုးလည်းရှိပါတယ်။
ဒါကြောင့် အခုအပါတ် လေးမျက်နှာစကားဝိုင်းမှာ “ကျောင်းတက်တာအပြစ်ရှိသလား” ဆိုတဲ့အကြောင်းအရာကို ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။

Read More »

CDM ID ထုတ်သင့်/မထုတ်သင့်

မအိသဉ္ဇာမောင်(07:06 to 08:32) ဟုတ်ကဲ့ မင်္ဂလာပါရှင့်။  ကျွန်မက ပညာရေးဌာနက မဟုတ်တော့ အရမ်းတော့ ကျွမ်းကျွမ်းကျင်ကျင် ပြောတက်မှာ မဟုတ်ဘူး။ ဒါပေမယ့် Student ID မထုတ်ခင်တုန်းကလည်း အခြေခံပညာကျောင်းသားရေးရာအဖွဲ့ချုပ်နဲ့ ကျွန်မတို့ တိုင်ပင်ဆွေးနွေး ဖြစ်တာလေး တွေရှိတယ်။ ကျွန်မကတော့ သဘောကျပါတယ်။  ပြီးတော့ ဒီအိုင်ဒီယာကို

Read More »

မေးခွန်းမေးရန်

Email Updates Subscription

Freedom Fighter ရဲ့ update တွေကို သိရှိနိုင်ဖို့ email subscribe လုပ်ထားပါ