Four-corner participant: ဘရောင်း

CDMပေးဆပ်မှုထိုက်တန်မှုရှိသလား

နွေဦးတော်လှန်ရေးအစမှာ ပြည်သူတရပ်လုံးက အားပေးထောက်ခံခဲ့ကြတဲ့ CDM လှုပ်ရှားမှုက အခုချိန်မှာတော့ အရင်ကလောက် လူထုစိတ်ဝင်စားမှု၊ ထောက်ခံမှုတွေ မရှိတော့ပါဘူး။ တချို့သောပညာရှင်တွေအနေနဲ့လည်း CDM သမားတွေပေးဆပ်မှုနဲ့ ထိရောက်မှုကို နှိုင်းဆပြီး ပညာရေးနှင့် ကျန်းမာရေးလိုမျိုး အခန်းကဏ္ဍတွေမှာ ပြန်လည်သုံးသပ်မှုတွေ လုပ်သင့်တယ်ဆိုပြီး ထောက်ပြပါတယ်။ တစ်ဖက်မှာလည်း စစ်အာဏာရှင် အဆုံးတိုင် အမြစ်ဖြတ်ဖို့အတွက် CDM လှုပ်ရှားမှုက အဓိကထောက်တိုင်တခုဖြစ်ခဲ့သလို ဆက်လက်ပြီးတော့လည်း တော်လှန်ရေးပြီးဆုံးသည်အထိ အဆုံးတိုင် CDM လုပ်ဖို့လိုအပ်တယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ကြသူတွေ အစိုးရဝန်ထမ်းတွေ၊ ကျောင်းသားလူငယ်တွေ အများအပြားရှိကြပါတယ်။
ဒါကြောင့် ဒီအပါတ် လေးမျက်နှာစကားဝိုင်းမှာတော့ CDM သမားတွေရဲ့ ပေးဆပ်မှုနဲ့ ထိုက်တန်မှုဆန်းစစ်ချက် (Cost Benefit Analysis) ကို ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးကြမှာဖြစ်ပါတယ်။

Read More »

NUG – တော်လှန်ရေးတပ်ဦးလား၊ စင်ပြိုင်အစိုးရလား

ကိုမင်းသေ့ ( 0:05:50 to 0:20:07) ကျွန်တော်က ပထမဆုံးဆွေးနွေးရတယ်ဆိုပေမဲ့ ကိုရဲထက်ပြောသွားတဲ့ မေးခွန်းအဖြေကိစ္စထက် ဆွေးနွေးချက်ပဲဖြစ်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်က ခင်းပြီးအစဆွဲထုတ်တဲ့သဘောဖြစ်ပါတယ်။ ဒီမှာလည်း ဆွေးနွေးနိုင်တဲ့သူတွေ ပါဝင်တယ်လို့ ယုံကြည်တယ်လေ။ ကျွန်တော့်အမြင် ပထမပြောချင်တာက ဘာလဲဆိုတော့ NUG ရဲ့ တကယ်တမ်း Role

Read More »