Four-corner participant: မင်းဟန်ထက်

ကျောင်းတက်တာ အပြစ်ရှိသလား

နွေဦးတော်လှန်ရေး စတင်ချိန်မှစပြီး အားကောင်းလာတဲ့ CDM လှုပ်ရှားမှုမှာ ကျောင်းသားကျောင်းသူတွေလည်း အင်တိုက်အားတိုက်ပါဝင်ပြီး အဓမ္မအာဏာသိမ်းမှုကို ကန့်ကွက်ဆန့်ကျင်ခဲ့ကြပါတယ်။ လက်ရှိတော်လှန်ရေး တစ်နှစ်ကျော်လာတဲ့အချိန်မှာတော့ ကျောင်းတက်ခြင်း/မတက်ခြင်း ကိစ္စအပေါ်မှာ ကျောင်းသားကျောင်းသူတွေ၊ မိဘတွေ၊ ပြည်သူတွေအကြားမှာ အမြင်အမျိုးမျိုး ရှိလာကြပါတယ်။
တချို့သော ကျောင်းသားအဖွဲ့အစည်းတွေ၊ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ကျောင်းပြန်တက်သူတွေကို Non-CDM အဖြစ်သတ်မှတ်ကာ နာမည်ပျက် စာရင်းသွင်းခြင်း၊ လူမှုရေးပြစ်ဒါဏ်ပေးခြင်းများကို ပြုလုပ်လာတာ ရှိပါတယ်။ တစ်ဖက်မှာလည်း ကျောင်းသား၊ကျောင်းသူတွေရဲ့ ပညာသင်ကြားခွင့်က အခြေခံလူ့အခွင့်အရေးဖြစ်တယ်။ ဒါကို တားမြစ်ပိုင်ခွင့်၊ ရှုတ်ချပိုင်ခွင့်မရှိဘူးဆိုတဲ့ အမြင်တွေကို ထောက်ပြတာမျိုးလည်းရှိပါတယ်။
ဒါကြောင့် အခုအပါတ် လေးမျက်နှာစကားဝိုင်းမှာ “ကျောင်းတက်တာအပြစ်ရှိသလား” ဆိုတဲ့အကြောင်းအရာကို ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။

Read More »