Four-corner participant: NZ

CDMပေးဆပ်မှုထိုက်တန်မှုရှိသလား

နွေဦးတော်လှန်ရေးအစမှာ ပြည်သူတရပ်လုံးက အားပေးထောက်ခံခဲ့ကြတဲ့ CDM လှုပ်ရှားမှုက အခုချိန်မှာတော့ အရင်ကလောက် လူထုစိတ်ဝင်စားမှု၊ ထောက်ခံမှုတွေ မရှိတော့ပါဘူး။ တချို့သောပညာရှင်တွေအနေနဲ့လည်း CDM သမားတွေပေးဆပ်မှုနဲ့ ထိရောက်မှုကို နှိုင်းဆပြီး ပညာရေးနှင့် ကျန်းမာရေးလိုမျိုး အခန်းကဏ္ဍတွေမှာ ပြန်လည်သုံးသပ်မှုတွေ လုပ်သင့်တယ်ဆိုပြီး ထောက်ပြပါတယ်။ တစ်ဖက်မှာလည်း စစ်အာဏာရှင် အဆုံးတိုင် အမြစ်ဖြတ်ဖို့အတွက် CDM လှုပ်ရှားမှုက အဓိကထောက်တိုင်တခုဖြစ်ခဲ့သလို ဆက်လက်ပြီးတော့လည်း တော်လှန်ရေးပြီးဆုံးသည်အထိ အဆုံးတိုင် CDM လုပ်ဖို့လိုအပ်တယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ကြသူတွေ အစိုးရဝန်ထမ်းတွေ၊ ကျောင်းသားလူငယ်တွေ အများအပြားရှိကြပါတယ်။
ဒါကြောင့် ဒီအပါတ် လေးမျက်နှာစကားဝိုင်းမှာတော့ CDM သမားတွေရဲ့ ပေးဆပ်မှုနဲ့ ထိုက်တန်မှုဆန်းစစ်ချက် (Cost Benefit Analysis) ကို ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးကြမှာဖြစ်ပါတယ်။

Read More »

Email Updates Subscription

Freedom Fighter ရဲ့ update တွေကို သိရှိနိုင်ဖို့ email subscribe လုပ်ထားပါ