Freedom Fighter Myanmar သည် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်အမျိုးမျိုးကို အမြစ်ဖြတ်ရန် ပွင့်လင်းတက်ကြွသော လူငယ်များဦးဆောင်သည့် အကြမ်းမဖက်လှုပ်ရှားမှု အဖွဲ့အစည်းတစ်ခုဖြစ်သည်။ 

ကျွန်ုပ်တို့ Freedom Fighter များက အာဏာရှင်စနစ်သည် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာသော အကြောက်တရား၊ ထရော်မာများ၊ အတွေးအခေါ်လွဲမှားမှုများမှ ပေါက်ဖွားလာသည်ဟုယုံကြည်ပြီး ထိုသမိုင်းသံသရာကိုချေဖျက်ရန် လက်နက်များဖြင့်မဟုတ်ပဲ အမှန်တရား၊ ပွင့်လင်းမှု၊ ဖေးမမှုများဖြင့် ဖော်ဆောင်ရန်ရည်ရွယ်သည်။

Recent Updates

  • အလင်းခေတ်မဂ္ဂဇင်းအား တော်လှန်ရေးမဂ္ဂဇင်း ဖြစ်သည်နှင့်အညီ အာဏာရှင်အားဆန့်ကျင်တော်လှန်ရေးအပြင် မြန်မာ့လူ့အဖွဲ့အစည်းတွင် ကျပ်ခိုးစွဲသလို စွဲကပ်နေသော အယူအဆဆိုးများနှင့် စနစ်ဆိုးများကိုလည်း တော်လှန်ချေဖျက်ပစ်ရန်အတွက်ရည်ရွယ်ကာ ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ ဤမဂ္ဂဇင်းတွင် (၁) လူ့အဖွဲ့အစည်းသစ်အတွက်စဉ်းစားချက်များ (၂) ပြည်သူများ၏ အခန်းကဏ္ဍ (၃) အလယ်အလတ်လမ်းစဉ်ဟူသော အဓိကအာဘော်သုံးရပ်အား မဏ္ဍိုင်ထားကာ လွတ်လပ်မျှတသောအနာဂတ်သစ်ကို ပုံဖော်ထုဆစ်ထားသည်။

  • Resources

    အကြမ်းမဖက်တိုက်ပွဲလက်စွဲ

    “လူထုတော်လှန်ရေးသမိုင်းဖြစ်ရပ်များ” စာအုပ်ဟာ ကမ္ဘာတစ်ဝှမ်းမှ အကြမ်းမဖက် လူထု တော်လှန်ရေး ဖြစ်ရပ်များထဲမှ မြန်မာ့နွေဦးတော်လှန်ရေးအတွက် သင်ခန်းစာယူ လေ့လာသင့်တဲ့ ဖြစ်ရပ်များကို သက်ဆိုင်ရာစာအုပ်၊ စာတမ်း၊ ဆောင်းပါးများမှ စုစည်း ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ 

  • CDM လှုပ်ရှားမှုဟာ လက်ရှိမှာ အရင်းအနှီးများစွာနဲ့ ပေးဆပ်ခဲ့၊ ပေးဆပ်ဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ပေးဆပ်မှုနဲ့ ရရှိတဲ့အကျိုးအမြတ်မကာမိဘဲ မှန်းသလောက်ခရီးမပေါက်ဖြစ်နေပါတယ်။ ဒါကြောင့် ဒီလှုပ်ရှားမှုကို အဟောသိကံမဖြစ်စေဘဲပိုပြီးထိရောက်မှုရှိဖို့ ပြန်လည်စဉ်းစားရမှာတွေရှိနေပါတယ်။ အထူးသဖြင့် CDM  ၊ Non-CDM ဆိုပြီး လူ့အဖွဲ့အစည်းအကြားအကွဲအပြဲကိုဖြစ်စေတဲ့ အမှတ်သရုပ်တိုက်ပွဲပုံစံ လုပ်ဆောင်နေတာတွေကို ရပ်တန့်ကာ သီးခြားလွတ်လပ်တဲ့ အကြမ်းမဖက်လူထုလှုပ်ရှားမှုအဖြစ် အားသစ်လောင်းဖို့ လိုအပ်နေပါတယ်။

  • သိလိုရာမေး

    လူထုလှုပ်ရှားမှုမှာ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကဘာလဲ

    အကြမ်းမဖက်တော်လှန်ရေးဖြစ်ဖြစ်၊ လက်နက်ကိုင်တော်လှန်ရေးဖြစ်ဖြစ် ဘယ်တော်လှန်ရေးမှာမဆို ဦးဆောင်သူခေါင်းဆောင်ဆိုတာကတော့လိုအပ်ပါတယ်။ တွဲတိုင်းမှာစက်ခေါင်းပါတယ်ဆိုပြီး တော်လှန်ရေးကိုပေါ့ပေါ့တွေးလို့မရပါဘူး။ စက်ခေါင်းတော့ပါပါရဲ့၊ ဦးတည်ချက်မရှိ၊နည်းလမ်းမရှိ၊စုစည်းညီညွတ်မှုမရှိဘဲ ကိုယ်ထင်ရာကိုရှောက်မောင်းနေမယ်ဆိုရင် ပန်းတိုင်ကိုရောက်မှာမဟုတ်ပါဘူး

    What we do

    • အာဏာရှင်စနစ်တော်လှန်ရေးအတွက် အရင်းအမြစ်များ၊ ဆောင်းပါးများ၊ စာအုပ်များ ရေးသား၊ ဘာသာပြန်ခြင်း
    • ရက်တို၊ ရက်ရှည် သင်တန်းနှင့် workshop များ ဖွင့်လှစ်သင်ကြားခြင်း
    • လွတ်လပ်သော လူထုဆွေးနွေးပွဲများဖန်တီးခြင်း (လေးမျက်နှာစကားဝိုင်း)
    • အလင်းခေတ်မဂ္ဂဇင်း စီစဉ်ထုတ်လုပ်ဖြန့်ဖြူးခြင်း
    • လေးမျက်နှာစကားဝိုင်း

    How to involve

    Join our Email Newsletter

    FFM ၏ အပတ်စဉ် update များနှင့် သိကောင်းစရာများကိုရယူရန် email သတင်းစဉ်အား subscribe လုပ်ထားပါ

    လေးမျက်နှာ စကားဝိုင်းနှင့် ဒီဘိတ်

    အပတ်စဉ်ဗုဒ္ဓဟူးနေ့ညတိုင်း ကျင်းပလေ့ရှိသော လေးမျက်နှာစကားဝိုင်းတွင် ပါဝင်တက်ရောက် ဆွေးနွေးပါ

    အကြမ်းမဖက်လမ်းစဉ် သိလိုရာမေး

    အကြမ်းမဖက်တော်လှန်ရေးဆိုင်ရာ မေးခွန်းများ ပေးပို့နိုင်ပြီး Q&A ကဏ္ဍတွင် ပြန်လည်ဖော်ပြပေးသွားမည်ဖြစ်သည်