တော်လှန်တဲ့ပညာရေးဆိုတာ ဘာလဲ (၁)
ငြိမ်းချမ်း။ ။ သီဟရော၊ နှင်းရည်ရောမင်္ဂလာပါ။ ကျွန်တော်တို့မတွေ့ရတာလည်းကြာပြီ။ အခုတော့ပြန်စုံကြပြန်ပြီဆိုတော့ ဆွေးနွေးစရာအကြောင်းအရာတွေလည်း တော်တော်များများကိုယ်စီရှိကြလိမ့်မယ်ထင်ပါတယ်။ ဒီတော့ နှင်းရည်ကပဲ ဒီအပတ်ဘယ်အကြောင်းအရာ၊ ဘယ်မေးခွန်းကို ဆွေးနွေးအဖြေရှာကြမလဲဆိုတာ ပြောပါဦး။ နှင်းရည်။ ။ ဟုတ်ကဲ့။ အခုဆိုရင် စာသင်ကျောင်းတွေလည်း ပြန်ဖွင့်ပြီ။ အရင်က စစ်ကောင်စီရဲ့ပညာရေးကိုတော်လှန်မယ်ဆိုပြီးမတက်ဘဲနေခဲ့တဲ့ သူတွေတောင်ပြန်တက်နေကြတာတွေ တွေ့နေရပြီဖြစ်ပါတယ်။ ဒါကို