အကြမ်းမဖက်တော်လှန်ရေး လှုပ်ရှားမှုဆိုင်ရာ "သိလိုရာမေး"

Freedom Fighter Myanmar အဖွဲ့သည် အကြမ်းမဖက်လမ်းစဉ်နှင့် အာဏာရှင်စနစ်ကိုတော်လှန်နေခြင်းဖြစ်သည့်အားလျှော်စွာ အာဏာရှင်စနစ်ဆိုးကိုဆန့်ကျင်လိုသူတိုင်း တော်လှန်သူများဖြစ်လာစေရန်အတွက် အကြမ်းမဖက်အယူအဆများ၊ နည်းနာနိဿယများစွာကို လူထုအကြားဖြန့်ဝေပေးလျှက်ရှိပါသည်။ ယခုလည်းအကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာအယူအဆများ အားကောင်းလာစေရန်အလို့ငှာ ယင်းနှင့်ပတ်သတ်၍ ဝိဝါဒကွဲပြားနေမှုများ၊ ချိတုံချတုံဖြစ်နေမှုများ၊ အဖြေရှာလိုသည်များကို ကောင်းစွာသိရှိနားလည်စေရန်အတွက် သိလိုရာမေးကဏ္ဍကို စတင်ခဲ့ပါသည်။

စစ်ကိုင်းငလျင်ကြီးမှ အချက်ပေးခေါင်းလောင်းထိုးသံ

တော်လှန်ရေးအင်အားစုတွေအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးအောင်မြင်ဖို့က ပထမဦးစားပေးဖြစ်ပြီး သဘာဝဘေးအန္တရာယ်က နောက်တချိန်မှဖြေရှင်းရမယ့် ပြဿနာအဖြစ် ရှုမြင်နေတတ်ကြပါတယ်။ ဒါပေမယ့် အခုစစ်ကိုင်းငလျင်ကြီးကတော့ အဲဒီရှုမြင်မှုကို လှုပ်ခါချေဖျက်နေပါပြီ။ သဘာဝတရားကြီးက မြန်မာ့လူ့အဖွဲ့အစည်းတခုလုံးရဲ့ အနာဂတ်ရှင်သန်တည်ရှိမှုတစုံလုံးအပေါ် မေးခွန်းထုတ်နေပါပြီ။ ကျွန်တော်တို့အနေနဲ့ ဘယ်တော့မှ ပြီးမယ်ဆိုတာကို မမှန်းဆနိုင်တဲ့ ပြည်တွင်းစစ်ကို ရပ်တန့်ပြီး လူ့အဖွဲ့အစည်းရဲ့ နာကျင်မှုတွေကို ဖေးမကုစားဖို့၊ ပြန်လည်ထူထောင်ဖို့ ဒီငလျင်ကြီးက ခေါင်းလောင်းထိုးနေပါပြီ။

Read More »

‘အလင်းခေတ်’ လာပြီ (အလင်းခေတ်မဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၁ မှအယ်ဒီတာ့အာဘော်)

လူသားများသည် ပုံပြင်ဇာတ်လမ်းများကို နှစ်သက်ခုံမင်ကြသည်။ ပုံပြင်များသည် အတိတ်၏လွှမ်းမိုးမှုကို ဖော်ပြသည်။ ပစ္စုပ္ပန်တွင် မိမိတို့၏ တည်ရှိမှုသရုပ်လက္ခဏာကို ယုတ္တိတန်စေသည်။ တချိန်တည်းမှာပင် ရှေ့ဆက်အနာဂတ်အတွက် လှုပ်ရှားပြုကျင့်မှု၊ တွေးခေါ်စဉ်းစားမှုများကိုလည်း ကိုယ်စီလက်ခံထားသော ပုံပြင်များက ထိန်းကျောင်းပဲ့ကိုင်ထားကြသည်။  ၂၀၂၁ မှ အစပြုလာသည့် နွေဦးတော်လှန်ရေးတွင် အဖွဲ့အစည်းအမျိုးမျိုး၊ ရပ်တည်ချက်အထွေထွေရှိ ကြသော်လည်း အခြေခံအားဖြင့်

Read More »

Manels ဒီဘိတ်

ဒီရက်ပိုင်းမှာ အငြင်းပွားနေတဲ့ Manels အကြောင်းနဲ့ပတ်သက်ပြီး အမြင်တချို့ကို ဆွေးနွေးချင်ပါတယ်။ အမျိုးသားတွေ သီးသန့်ပါတဲ့ စကားဝိုင်းဟောပြောပွဲ – Manels တွေက မြန်မာ့လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ ဖိုဝါဒကြီးစိုးမှုရဲ့ ပြရုပ်တခုဖြစ်ပြီး ဒါတွေကို သတိပြုမိအောင် လှုပ်ရှားမှုတွေလုပ်လာတာက ကြိုဆိုအားပေးရမယ့်ကိစ္စပဲဖြစ်ပါတယ်။ ဒါကို လူအုပ်ကြီးအင်အားနဲ့ ဆဲဆိုတာ၊ တော်လှန်ရေးပြီးမှပဲ ဆွေးနွေးကြဖို့ပြောတာ၊

Read More »
Time to rethink CDM-Burmese

CDM လှုပ်ရှားမှုကို ပြန်လည်ပုံဖော်ဖို့ စဉ်းစားချိန်တန်ပြီ

မကြာသေးခင်က Frontier Myanmar မှာ “It’s time to re-think the CDM” ဆိုတဲ့ဆောင်းပါးကိုရေးဖြစ်ပါတယ်။ ထိုဆောင်းပါးကို မြန်မာလိုဖတ်ရှုရ ဆီလျော်အောင် ပြန်ဆိုရေးသားလိုက်ပါတယ်။

Read More »

မီးပိတ်ရုံနဲ့ အပြောင်းအလဲဖြစ်နိုင်မလား

ဒီကနေ့ (အောက်တိုဘာ ၂၈ရက်) ည ၈နာရီခွဲ မှာ တော်လှန်ရေးအင်အားစုအသီးသီးက လှုံ့ဆော်စည်းရုံးနေကြတဲ့ မီးပိတ်သပိတ်ရှိပါတယ်။ ကချင်ပြည်နယ်၊ အနန့်ပါဒေသကို စစ်တပ်က ဗုံးကျဲသတ်ဖြတ်မှုကို ကန့်ကွက်ရှုပ်ချပြီး ပြည်သူတွေအားလုံး သွေးစည်းညီညွတ်မှုကို ပြသတဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။ ဒီနေရာမှာ တချို့ကလည်း လက်နက်ကိုင်တော်လှန်ရေးအားကောင်းနေချိန်မှာ ဒါမျိုး အပြလုပ်ရပ်တွေက လိုရဲ့လား။ ဒါတွေက

Read More »

မေးခွန်းမေးရန်

Email Updates Subscription

Freedom Fighter ရဲ့ update တွေကို သိရှိနိုင်ဖို့ email subscribe လုပ်ထားပါ