Freedom Fighter မှ ဖွင့်လှစ်ရန် လျာထားသည့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ
February 2026
မြန်မာ့လူ့အဖွဲ့အစည်းတွင် “ဒီမိုကရေစီ”ဟူသော စကားလုံးမှာ ပြည်သူအများနှင့် ရင်းနှီးပြီးသားဖြစ်သည်။ 88 အရေးတော်ပုံမှ စတင်၍ ယနေ့နွေဦးတော်လှန်ရေး ကာလအထိ ဒီမိုကရေစီရရှိရေးသည် မြန်မာပြည်သူလူထု၏ မျှော်မှန်းချက်ပန်းတိုင်ဖြစ်သည်။ သို့သော်လည်း ဒီမိုကရေစီအကြောင်းကို အပေါ်ယံမည်ကာမတ္တပြောရုံမျှသာရှိပြီး ၎င်း၏ အခြေခံသဘောတရားများကိုမူ အတွင်းကျကျ လေ့လာဆင်ခြင်မှုများ၊ ဆွေးနွေးပြောဆိုမှုများ အားနည်းနေဆဲဖြစ်သည်။ သို့ဖြစ်ရာ မြန်မာလူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီခရီးလမ်းကို မြဲမြံခိုင်ကြည်စွာ လျှောက်လှမ်းနိုင်ရန်အတွက် ဦးစွာ ဒီမိုကရေစီ၏ သဘောသဘာဝများကို နက်နက်ရှိုင်းရှိုင်း နားလည်သိရှိရန် လိုအပ်နေသည်။ ဒီမိုကရေစီဆိုတာ ဘာလဲ။ ဒီမိုကရေစီမှာ ဘယ်လိုအားသာချက်တွေ၊ ဘယ်လိုအားနည်းချက်တွေ ရှိသလဲ စသည့် မေးခွန်းများသည် စစ်အာဏာရှင်စနစ်ကို တော်လှန်နေသူတိုင်း မသိမဖြစ်သိရှိနေရမည်ဖြစ်သည်။ တဆက်တည်းတွင် ဒီမိုကရေစီစနစ် ဖြစ်ပေါ်အားကောင်းစေဖို့ လိုအပ်ချက်များ၊ ဒီမိုကရေစီအပေါ် မတူညီသည့်
- (လျာထား)
- February 2026
April 2026
မိမိပါတ်ဝန်းကျင်ရှိ ပြဿနာများကို ကွန်မြူနတီ၏ ပူးပေါင်းပါဝင်မှုဖြင့် ပြောင်းလဲဖြေရှင်းမည့် ကွန်မြူနတီခေါင်းဆောင်များ ထွက်ပေါ်လာရန် ရည်ရွယ်ပါသည်။ ကွန်မြူနတီနှင့် ပူးပေါင်းလုပ်ဆောင်မှု စွမ်းအားကို နားလည်အသုံးပြုခြင်း ၊ စည်းရုံးဆက်သွယ်ခြင်း၊ စုဖွဲ့လှုပ်ရှားသည့် အရည်အချင်းများကို ပြုစုလေ့ကျင့်နိုင်ရန် ရည်ရွယ်ပါသည်။
- (လျာထား)
- April 2026
March 2026
အကြမ်းမဖက်လမ်းစဉ် အခြေခံမူများကို နားလည်ကျင့်သုံးနိုင်ရန်နှင့် မဟာဗျူဟာတကျ လူထုလှုပ်ရှားမှုများလုပ်ဆောင်နိုင်ရန် ရည်ရွယ်သည့် သင်တန်းဖြစ်ပါသည်။ အကြမ်းမဖက်လမ်းစဉ်ကို စတင်လေ့လာမည့်သူများ၊ Freedom Fighter အဖွဲ့၏ အယူအဆများကို စိတ်ဝင်စား ပူးပေါင်းလိုသူများ၊ ပြည်သူ့အာဏာ အရွေ့များတွင် ပါဝင်လုပ်လိုသူများ တက်ရောက်ရန် အထူးသင့်တော်ပါသည်။
- (လျာထား)
- March 2026