ဒီမိုကရေစီကို လေ့လာခြင်း (Understanding Democracy)

မြန်မာ့လူ့အဖွဲ့အစည်းတွင် “ဒီမိုကရေစီ”ဟူသော စကားလုံးမှာ ပြည်သူအများနှင့် ရင်းနှီးပြီးသားဖြစ်သည်။ 88 အရေးတော်ပုံမှ စတင်၍ ယနေ့နွေဦးတော်လှန်ရေး ကာလအထိ ဒီမိုကရေစီရရှိရေးသည် မြန်မာပြည်သူလူထု၏ မျှော်မှန်းချက်ပန်းတိုင်ဖြစ်သည်။ သို့သော်လည်း ဒီမိုကရေစီအကြောင်းကို အပေါ်ယံမည်ကာမတ္တပြောရုံမျှသာရှိပြီး ၎င်း၏ အခြေခံသဘောတရားများကိုမူ အတွင်းကျကျ လေ့လာဆင်ခြင်မှုများ၊ ဆွေးနွေးပြောဆိုမှုများ အားနည်းနေဆဲဖြစ်သည်။ သို့ဖြစ်ရာ မြန်မာလူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီခရီးလမ်းကို မြဲမြံခိုင်ကြည်စွာ လျှောက်လှမ်းနိုင်ရန်အတွက် ဦးစွာ ဒီမိုကရေစီ၏ သဘောသဘာဝများကို နက်နက်ရှိုင်းရှိုင်း နားလည်သိရှိရန် လိုအပ်နေသည်။

ဒီမိုကရေစီဆိုတာ ဘာလဲ။ ဒီမိုကရေစီမှာ ဘယ်လိုအားသာချက်တွေ၊ ဘယ်လိုအားနည်းချက်တွေ ရှိသလဲ စသည့် မေးခွန်းများသည် စစ်အာဏာရှင်စနစ်ကို တော်လှန်နေသူတိုင်း မသိမဖြစ်သိရှိနေရမည်ဖြစ်သည်။ တဆက်တည်းတွင် ဒီမိုကရေစီစနစ် ဖြစ်ပေါ်အားကောင်းစေဖို့ လိုအပ်ချက်များ၊ ဒီမိုကရေစီအပေါ် မတူညီသည့် ချည်းကပ်မှုများကိုလည်း လေ့လာသွားရန် လိုအပ်သည်။ သို့မှသာ ကျန်းမာသန်စွမ်းသော ဒီမိုကရေစီစနစ်နှင့် ယဉ်ကျေးမှုများကို တည်ဆောက်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ဒီမိုကရေစီကို နိုင်ငံရေးသိပ္ပံလေ့လာချက်များဖြင့် နှိုင်းယှဉ်သုံးသပ်ကာ ပြည်သူလူထုအကြား နားလည်မှု မြှင့်တင်နိုင်ရန်အတွက် ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်သည်။

ဤသင်တန်းတွင် –

၁) ဒီမိုကရေစီအပေါ် မတူညီသော အဓိပ္ပာယ်ဖွင့်ဆိုချက်များ

၂) ဒီမိုကရေစီဖြစ်စေသည့် စနစ်တည်ရှိမှုများ (Structural Approach)

၃) ဒီမိုကရေစီဖြစ်စေသည့် ပြုလုပ်သူများ (Agency Approach)

၄) ဒီမိုကရေစီ သမိုင်းကြောင်း (ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းဖြစ်ပေါ်မှုများ)

၄) ဒီမိုကရေစီ လျော့ကျခြင်း၊ ဒီမိုကရေစီ ပျက်သုဉ်းခြင်း (Democracy Decline ၊ Breakdown)

၅) ဒီမိုကရေစီနှင့် ပေါ်ပြူလစ်ဇင်

၆) ရွေးကောက်ပွဲအလွန်ဒီမိုကရေစီ စသော အကြောင်းအရာများကို လေ့လာသွားမည်ဖြစ်သည်။

သင်တန်းတက်ရောက်သင့်သူများ –

ဒီမိုကရေစီကို အတွင်းကျကျလေ့လာလိုသူများ၊ နိုင်ငံရေးကို စိတ်ပါဝင်စားသူများ၊ တော်လှန်ရေးအစုအဖွဲ့များတွင် ပါဝင်လုပ်ဆောင်နေသူများ၊ နိုင်ငံရေးသုံးသပ်သူ၊​ သင်တန်းဆရာ၊ နိုင်ငံရေးသမား/နိုင်ငံရေးမှူးအဖြစ် လုပ်ဆောင်လိုသူများအတွက် အထူးသင့်တော်သည်။

လိုအပ်ချက်

သင်တန်းတက်ရောက်နိုင်ရန် အင်တာနက်ရရှိပြီး Telegram နဲ့ Zoom အသုံးပြုနိုင်ရန် လိုအပ်သည်။ နိုင်ငံရေးသိပ္ပံလေ့လာချက်ဆောင်းပါးများဖတ်ရှုနိုင်ရန် အင်္ဂလိပ်စာ အခြေခံဖတ်ရှုနားလည်နိုင်စွမ်း လိုအပ်သည်။ တစ်ပါတ်တွင် စာဖတ်ချိန် ၁၀ နာရီ ပေးနိုင်ရမည်။

စတင်မည့်နေ့ – ဖေဖော်ဝါရီလ ၁၂ ရက်နေ့

သင်တန်းအချိန် – အပါတ်စဉ် ကြာသာပတေး ညနေ ၇ နာရီ – ၉ နာရီ (မြန်မာချိန်)

သင်တန်းကာလ – နှစ်လ

သင်တန်းကြေး – အခမဲ့ (မိမိတို့ ဆန္ဒရှိသလောက် Freedom Fighter အဖွဲ့သို့ ရန်ပုံငွေထည့်ဝင်နိုင်ပါသည်)

လျှောက်ထားရန် (ဖောင်ပိတ်ရက် ဖေဖော်ဝါရီလ ၇) – https://forms.gle/9zhKZSLZoHNTu9rK6

သင်ကြားမည့်သူ – ကိုရဲထက်

ကိုရဲထက်သည် Freedom Fighter Myanmar အဖွဲ့၏ တည်ထောင်သူဖြစ်သည်။ အကြမ်းမဖက်လမ်းစဉ်ဆိုင်ရာ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ပြုလုပ်နေသလို နိုင်ငံရေးအယူအဆနှင့် ဝေဖန်ရေးဆိုင်ရာ ဆောင်းပါးများ၊ စာတမ်းများ၊ အကြံပြုချက်များကို‌ ရေးသားခဲ့သည်။ Australian National University (ANU) မှ နိုင်ငံရေးသိပ္ပံ မာစတာဘွဲ့ရရှိခဲ့သည်။

Email Updates Subscription

Freedom Fighter ရဲ့ update တွေကို သိရှိနိုင်ဖို့ email subscribe လုပ်ထားပါ