အကြမ်းမဖက်တော်လှန်ရေး လှုပ်ရှားမှုဆိုင်ရာ "သိလိုရာမေး"

Freedom Fighter Myanmar အဖွဲ့သည် အကြမ်းမဖက်လမ်းစဉ်နှင့် အာဏာရှင်စနစ်ကိုတော်လှန်နေခြင်းဖြစ်သည့်အားလျှော်စွာ အာဏာရှင်စနစ်ဆိုးကိုဆန့်ကျင်လိုသူတိုင်း တော်လှန်သူများဖြစ်လာစေရန်အတွက် အကြမ်းမဖက်အယူအဆများ၊ နည်းနာနိဿယများစွာကို လူထုအကြားဖြန့်ဝေပေးလျှက်ရှိပါသည်။ ယခုလည်းအကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာအယူအဆများ အားကောင်းလာစေရန်အလို့ငှာ ယင်းနှင့်ပတ်သတ်၍ ဝိဝါဒကွဲပြားနေမှုများ၊ ချိတုံချတုံဖြစ်နေမှုများ၊ အဖြေရှာလိုသည်များကို ကောင်းစွာသိရှိနားလည်စေရန်အတွက် သိလိုရာမေးကဏ္ဍကို စတင်ခဲ့ပါသည်။

လူများတိုင်းမှန်သလား

ဒီမိုကရေစီကို လူအများရဲ့ ဆန္ဒအတိုင်းလုပ်ဆောင်ရတဲ့ စနစ်လို့ပြောကြပါတယ်။ ဒါဆိုရင် လူ ၁၀၀ ရှိတဲ့ တိုင်းပြည်မှာ လူ ၈၀ က သဘောတူရင် ကျန်တဲ့ လူ ၂၀ ကို ဖိနှိပ်ခွင့် ၊ အနိုင်ကျင့်ခွင့် ရှိပါသလား။ တွေးခေါ်ပညာရှင်ဆိုကရေးတီးကို အေသင်မြို့ကလူအများရဲ့ မဲပေးမှုနဲ့ အဆိပ်ပေးသတ်ခဲ့ပါတယ်။

Read More »

မေးခွန်းမေးရန်