အကြမ်းမဖက်တော်လှန်ရေး လှုပ်ရှားမှုဆိုင်ရာ "သိလိုရာမေး"

Freedom Fighter Myanmar အဖွဲ့သည် အကြမ်းမဖက်လမ်းစဉ်နှင့် အာဏာရှင်စနစ်ကိုတော်လှန်နေခြင်းဖြစ်သည့်အားလျှော်စွာ အာဏာရှင်စနစ်ဆိုးကိုဆန့်ကျင်လိုသူတိုင်း တော်လှန်သူများဖြစ်လာစေရန်အတွက် အကြမ်းမဖက်အယူအဆများ၊ နည်းနာနိဿယများစွာကို လူထုအကြားဖြန့်ဝေပေးလျှက်ရှိပါသည်။ ယခုလည်းအကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာအယူအဆများ အားကောင်းလာစေရန်အလို့ငှာ ယင်းနှင့်ပတ်သတ်၍ ဝိဝါဒကွဲပြားနေမှုများ၊ ချိတုံချတုံဖြစ်နေမှုများ၊ အဖြေရှာလိုသည်များကို ကောင်းစွာသိရှိနားလည်စေရန်အတွက် သိလိုရာမေးကဏ္ဍကို စတင်ခဲ့ပါသည်။

ဆဲဗင်းဂျူလိုင်အတွေးစများ

ယနေ့၊ 7 July သို့ ရောက်ခဲ့ပြန်ချေပြီ။  တချို့အမှတ်တရများသည် တွေးမိရုံနှင့်ပင် ကြေကွဲဝမ်းနည်းရသည်။ စက်ဆုတ်နာကျည်းရသည်။ ငိုကြွေးပူဆွေးရသည်။ သို့သော် မတွေးဘဲနေလို့လည်းမရ၊ သတိမရဘဲနေလို့လည်းမဖြစ်သည့် အတိတ်ဆိုးမျိုးမို့ အကြောင်းတရားတိုက်ဆိုင်တိုင်း ပြန်ပြောင်းအောက်မေ့ရစမြဲဖြစ်သည်။ 7 July သည်လည်း မြန်မာပြည်အတွက်  ထိုအမင်္ဂလခံစားချက်များနှင့် ပြည့်နှက်နေသော အမှတ်တရနေ့ရက်တစ်ခုဖြစ်လေသည်။ မြန်မာနိုင်ငံသည် ၁၉၄၈

Read More »

မေးခွန်းမေးရန်