အကြမ်းမဖက်တော်လှန်ရေး လှုပ်ရှားမှုဆိုင်ရာ "သိလိုရာမေး"

Freedom Fighter Myanmar အဖွဲ့သည် အကြမ်းမဖက်လမ်းစဉ်နှင့် အာဏာရှင်စနစ်ကိုတော်လှန်နေခြင်းဖြစ်သည့်အားလျှော်စွာ အာဏာရှင်စနစ်ဆိုးကိုဆန့်ကျင်လိုသူတိုင်း တော်လှန်သူများဖြစ်လာစေရန်အတွက် အကြမ်းမဖက်အယူအဆများ၊ နည်းနာနိဿယများစွာကို လူထုအကြားဖြန့်ဝေပေးလျှက်ရှိပါသည်။ ယခုလည်းအကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာအယူအဆများ အားကောင်းလာစေရန်အလို့ငှာ ယင်းနှင့်ပတ်သတ်၍ ဝိဝါဒကွဲပြားနေမှုများ၊ ချိတုံချတုံဖြစ်နေမှုများ၊ အဖြေရှာလိုသည်များကို ကောင်းစွာသိရှိနားလည်စေရန်အတွက် သိလိုရာမေးကဏ္ဍကို စတင်ခဲ့ပါသည်။

“သမိုင်းဘယ်လိုသင်မလဲ” သင်တန်း − Batch 1

သမိုင်းထဲက ဒါဏ်ရာများကို ကုစားဖို့နှင့် သမိုင်းဆိုင်ရာ စဉ်းစားတွေးခေါ်မှုများ ထက်သန်အားကောင်းစေဖို့ သမိုင်းသင်ကြားမှုတစုံလုံးကို ပုံစံအသစ်ဖြင့် ချည်းကပ်ဖို့ လိုအပ်နေပြီဖြစ်သည်။ သို့ဖြစ်ရာ ယင်းကဲ့သို့ ပုံစံအသစ်ဖြင့်ချည်းကပ်လိုသော သမိုင်းသင်ကြားရေးစိတ်ဝင်စားသူများအတွက် “သမိုင်းဘယ်လိုသင်မလဲ”​ သင်တန်း အပတ်စဉ် ၁ ကို ဖွင့်လှစ်လိုက်ပါပြီ။ သမိုင်းဘာသာရပ်သည် အတိတ်မှ ဖြစ်ရပ်များကို လေ့လာကာ ပစ္စုပ္ပန်လူ့အဖွဲ့အစည်း၏

Read More »

ဒီမိုကရေစီကို လေ့လာခြင်း (နိုင်ငံရေးသင်တန်း) – Batch 2

မြန်မာ့လူ့အဖွဲ့အစည်းတွင် “ဒီမိုကရေစီ”ဟူသော စကားလုံးမှာ ပြည်သူအများနှင့် ရင်းနှီးပြီးသားဖြစ်သည်။ 88 အရေးတော်ပုံမှ စတင်၍ ယနေ့နွေဦးတော်လှန်ရေး ကာလအထိ ဒီမိုကရေစီရရှိရေးသည် မြန်မာပြည်သူလူထု၏ မျှော်မှန်းချက်ပန်းတိုင်ဖြစ်သည်။ သို့သော်လည်း ဒီမိုကရေစီအကြောင်းကို အပေါ်ယံမည်ကာမတ္တပြောရုံမျှသာရှိပြီး ၎င်း၏ အခြေခံသဘောတရားများကိုမူ အတွင်းကျကျ လေ့လာဆင်ခြင်မှုများ၊ ဆွေးနွေးပြောဆိုမှုများ အားနည်းနေဆဲဖြစ်သည်။ သို့ဖြစ်ရာ မြန်မာလူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီခရီးလမ်းကို

Read More »

မေးခွန်းမေးရန်

Email Updates Subscription

Freedom Fighter ရဲ့ update တွေကို သိရှိနိုင်ဖို့ email subscribe လုပ်ထားပါ